တခါမှ မကြားဖူးဘူး
Vol. 16 Ch. 230
လင်းဖန်၏ သဘောထားမှာ သူ့အလုပ်ကို နှစ်သက်သောကြောင့်အလုပ်ကိုစိတ်နှစ်ပြီးပြုလုပ်သည်။
အခု ဒီဒီအမှာကို လက်ခံလိုက်တာကြောင့်သူမပြောတာကို လိုက်နာရမည်ဖြစ်သည်။
ရှင်းရှင်းသည် ၉၂ မှတ်ရှိသောကြောင့်ရုပ်ရည်မှာကောင်းမွန်ပါသည်။
ဒီအကြောင်းပြချက်ဖြင့်လင်းဖန် သည် ရှင်းရှင်း ၏ ချစ်သူဟန်ဆောင်ခြင်းကို စိတ်မ၀င်စားခဲ့ပေ။သူသည်မစ်ရှင်၏အထူးအမှာစာတစ်ခုပြီးမလားလို့လုပ်ကြည့်ခြင်းဖြစ်သည်။
ရှင်းရှင်း သည် ဒီဒီ ၏ ယာဉ်မောင်းအား သူမ၏ ချစ်သူဟန်ဆောင်ရန် တောင်းဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရှင်းရှင်းသည် ဒီဒီ ကားမောင်းသမားသည် မည်သို့သောရုပ်ရည်ဖြစ်မည်ကို သူမ မသိခဲ့ပေ။
အကယ်၍ တော်တော် ရုပ်ဆိုးသောအဘိုးကြီးဖြစ်ရင်ငါဘာလုပ်သင့်သလဲ?
ထိုအချိန်တွင် ရှင်းရှင်းသည် လင်းဖန်၏ချောမောသောအသွင်အပြင်ကိုမြင်ပြီးနောက်မှာတော့ သက်ပြင်းချနိုင်ခဲ့လေသည်။
လင်းဖန်ကိုကြည့်ပြီးသူမက ပြုံးပြီးပြောလိုက်သည်။ “မကြာသေးပါဘူး ၊ငါအခုမှရောက်တာ”
ဤအခိုက်အတန့်တွင် ရှင်းရှင်း၏ဘေးတွင်ရပ်နေသောလူ၏မျက်လုံးများအေးစက်သွားကာ “ရှင်းရှင်း၊ သူက ဘယ်သူလဲ” ဟု လေးနက်စွာမေးလိုက်သည်။
ရှင်းရှင်းက သူမရဲ့ ချယ်ရီပါးစပ်လေးကိုဖွင့်ကာ “သူ.....သူက......”
လင်းဖန်သည် သမူခေါ်ထားသော ဒီဒီ ကားမောင်းသမားသာဖြစ်သည်။
သူ့ရည်းစားလို့ ပြောရတာက အလွန်ရှက်စရာကောင်းသည်။
လင်းဖန် က “ကျွန်တော်က ရှင်းရှင်း ရဲ့ ချစ်သူ လင်းဖန်ပါ၊ မင်းက ဘယ်သူလဲ။”
ချစ်သူ!
ထိုလူ၏မျက်နှာသည် ရုပ်ဆိုးသွားခဲ့သည်။
ရှင်းရှင်းက သူ့မမှာ ရည်းစားရှိတယ် လို့ ပြောတာကို သူကြားဖူးသည်။
သို့သော် သူသည် ရှင်းရှင်းကသူ့ကို အကြောင်းပြချက်သာပေးနေသည်ဟုထင်လိုက်သည်။သို့သော်ယခုကအမှန်ဖြစ်ပုံရသည်။
ထိုလူသည် သူ့ဘေးနားရှိ Santana(ကား) ကို ကြည့်ပြီး ရှုတ်ချသောအမူအရာသည်သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
အခုအချိန်မှာ ရှင်းရှင်းရဲ့ ချစ်သူဖြစ်နေရင်တောင် Santana(ကား)ကိုပဲမောင်းနိုင်တဲ့ အမျိုးသားတစ်ယောက်သာဖြစ်သည်။
ဒါပေမယ့် မကြာခင်မှာ မင်းနဲ့မထိုက်တန်ဘူးဆိုတာ ငါပြောပြမယ်။
ဒါကိုစဉ်းစားရင်း၊ အဲဒီလူက “ငါက ဇူကျောက်၊ တုံ ကုမ္ပဏီဆိုတာ မင်းကြားဖူးလား။ အဲဒါ ငါတို့ကုမ္ပဏီပဲ”
လင်းဖန် က အနည်းငယ် အံ့အားသင့်သည့်လေသံဖြင့် “ဒါဆိုတုံကုမ္ပဏီက မင်းမိသားစုပိုင်တာလား”
“ဟုတ်တယ်!” ဇူကျောက်က ဂုဏ်ယူစွာပြောလိုက်သည်။
ဒါကိုကြားတော့လင်းဖန်သည် ခေါင်းညိတ်ပြလိုက်သည်။
သူ့ဘေးနားရှိ ရှင်းရှင်း၏မျက်နှာပေါ်တွင် ကြောက်ရွံ့နေသောအကြည့်တစ်ခုပေါ်လာခဲ့သည်။
လင်းဖန်သည် တုံကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးရှိခဲ့ခြင်း ဖြစ်နိုင်လား။
ဒါမှမဟုတ် တုံကုမ္ပဏီရဲ့ ဝန်ထမ်းများလား?(အြာယာခတ်ပြီးအတွေးချောခြင်း)
သူ့မရည်းစားမဟုတ်ဘူးလို့ ပြောရင်၊ ငါဘာလုပ်ရမလဲ။
ထိုအချိန်တွင် လင်းဖန်က ခေါင်းခါကာ “စိတ်မကောင်းစရာကငါ အဲဒါကို မကြားဖူးဘူး” လို့ ပြောလိုက်သည်။
ဒါကိုကြားတော့ရှင်းရှင်းကရယ်လိုက်လေသည်။
ဇူကျောက်ကသူ့မျက်ခုံးများ ပင့်ပြီးပြုံးကာ “မင်းနေကောင်းလား”
လင်းဖန် က အေးအေးဆေးဆေးပြောလိုက်သည်။ “ငါအမြဲနေကောင်းပါတယ်”
နေရာရှိလေထုများသည် လျှပ်စစ်များဖြင့် ပြည့်နှက်နေသော လေထုကို သူမခံစားခဲ့ရပြီးနောက်ထိတ်လန့်စွာဖြင့်သူမက”လင်းဖန်၊ အရင်ပြန်ကြရအောင်။”
သူမဒီလိုပြောတယ်ဆိုတာကလဲဇူကျောက်၏မိသားစုသည် မည်မျှအားကောင်းကြောင်းကို သူမသိသောကြောင့်ဖြစ်သည်။
လင်းဖန် သည် ဒီဒီ ကားမောင်းသမားသာဖြစ်သည်။
ဇူကျောက်သည်လင်းဖန်ကိုမကျေနပ်ခဲ့ရင်လင်းဖန်ကသာခံရမည်ဖြစ်သည်။
လင်းဖန်သည် ရှင်းရှင်း ၏ အတွေးများကို မြင်သောကြောင့်ခေါင်းညိတ်ပြလိုက်သည်။
ဇူကျောက်က “မထွက်သွားပါနဲ့အုံး။ ငါတို့အရက်သောက်တဲ့ဂိမ်းကစားကြရအောင်။”
“တောင်းပန်ပါတယ်သူကအရက်သောက်တာ မကြိုက်ဘူး” ရှင်းရှင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး Santana(ကား) ဘက်သို့ လှည့်လိုက်သည်။
ထိုအချိန်တွင် သူ့နောက်မှ ခြေသံများထွက်ပေါ်လာခဲ့သည်။
ထို့နောက် အဖြူရောင်ရှပ်အင်္ကျီဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြတ်လျှောက်လာခဲ့သည်။
ဇူကျောက်ကိုမြင်ပြီးနောက် သူသည်စိတ်လှုပ်ရှားသွားကာ “မစ္စတာဇူ မင်းက ငါတို့ကုမ္ပဏီအောက်ကို ဘာလို့ရောက်နေတာလဲ၊ ငါတို့ကော်ဖီတစ်ခွက်သောက်ဖို့ တစ်ခြားနေရာကိုဘာလို့ မသွားတာလဲ။”
ဇူကျောက် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်သူက “ငါ ကော်ဖီမသောက်ဘူး။ မူလက ဖူဂျေကုမ္ပဏီနဲ့ ဖန်ရီကုမ္ပဏီရဲ့ သူဌေးငယ်တွေနဲ့ ညစာအတူတူစားဖို့ ချိန်းထားတာ။”
“ဒါကြောင့် မင်းကုမ္ပဏီကရှင်းရှင်းနဲ့အတူသွားမလို့၊ဒါပေမဲ့သူမ က အဲဒီကို မသွားချင်ဘူးဆိုတော့ အဲဒါကို မေ့လိုက်ပါ ၊ငါထွက်သွားတော့မယ်။”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ် စိုးရိမ်ပူပန်မှု ကိုခံစားလိုက်ရသည်။
သိရန်ဖူဂျေကုမ္ပဏီ၊ ဖန်ရီ ကုမ္ပဏီနှင့် ဇူကျောက်၏ တုံကုမ္ပဏီတို့သည် ၎င်းတို့ကုမ္ပဏီ ၏အဓိက ဖောက်သည်များဖြစ်သည်။
ဒါပေမယ့် အခုအချိန်ထိသူသည်ဇူကျောက်လိုအကောင်ကြီးကြီးနဲ့တစ်ခါမှသူမတွေ့ဖူးပေ။
ယခုအချိန်တွင် ဇူကျောက်သည် ဖူဂျေကုမ္ပဏီနှင့် ဖန်ရီ ကုမ္ပဏီ၏ သခင်လေများနှင့် ညစာစားဖို့လုပ်ထားသည်။ ဒီလိုအခွင့်အရေးကဘယ်လောက်တောင်ကောင်းလိုက်သလဲ။
ဒီအခွင့်အရေးကိုသူလက်လွတ်မခံသင့်ပေ။
ဒါကိုတွေးပြီး လူလတ်ပိုင်းအရွယ်က လှည့်ပြီး “ရှင်းရှင်း၊ အခု မင်းကို မစ္စတာဇူ နဲ့ ညစာသွားစားဖို့ ငါလုပ်တစ်ခု ပေးလိုက်ပြီ!”
ရှင်းရှင်းက “ဒါပေမယ့် မန်နေဂျာ၊ ငါက ငါ့ရည်းစားနဲ့အတူညစာသွားစားမယ်လို့ ကတိပေးထားတယ်”
မန်နေဂျာ လီက “ရည်းစားထက်ဒီအလုပ်က အရမ်းအရေးကြီးပြီး ငါတို့ကုမ္မဏီတစ်ခုရဲ့ စာချုပ်တစ်ခုတောင်ပါ၀င်တယ်။ ဒီကိစ္စသည် မင်းရဲ့လစာနဲ့ နှစ်ကုန်ဘောနပ်စ်နဲ့ ဆက်စပ်နေပါသည်”
ရှင်းရှင်းသည်ဒါကိုကြားပြီးနောက်ခဏတာရပ်တန့်သွားခဲ့သည်။
သူမသည် လစဉ်လစာကိုအိမ်သို့ပြန်ပို့ရမည့်အပြင် သူမ၏ကိုယ်ပိုင်အသုံးစရိတ်များသည်အပိုဆုနှင့်ဆက်စပ်နေသောကြောင်သူမအတွက် အလွန်အရေးကြီးသည်။
ထို့ကြောင့်သူမသည်သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး “ကောင်းပြီ ငါ ညစာ သွားစားမယ်” လို့ တိုးတိုးလေး ပြောလိုက်သည်။
သူ့ဘေးက လင်းဖန်က “စိတ်မပူပါနဲ့ ငါ မင်းနဲ့အတူလိုက်ခဲ့ပေးမယ်” လို့ ပြောလိုက်သည်။
ထို့နောက် သူ့ဘေးက မန်နေဂျာ လီ နှင့် ဇူကျောက် ကို စိုက်ကြည့်ကာ “ငါ့ရည်းစားရဲ့ လုံခြုံရေးအတွက် ငါ စိတ်ပူလို့ငါ သူမနဲ့လိုက်ခဲ့မယ်။ ပြဿနာ မရှိဘူးမလား။”
“ဒါကို သဘောမတူရင် မင်းငါ့ရည်းစားကိုမကောင်း ကြံစည်နေတာလို့ပဲ ငါ သံသယရှိတယ်။ဒါကြောင့်ငါက မနက်ဖြန် သူ့မကို အလုပ်ကနေထွက်ခိုင်းလိုက်မယ်။”
ဒါကိုကြားတော့မန်နေဂျာလီ သည် ဇူကျောက်ကိုကြည့်လိုက်သည်။
ဇူကျောက်က “မင်း လိုက်ချင်ရင် လိုက်ခဲ့”
တကယ်တော့ သူက ဒီနေ့ရှင်းရှင်း ကို အခွင့်ရေးယူဖို့ လုံးဝမရည်ရွယ်ပေ။
ဒီနေ့ခေတ်မှာ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။ထို့ကြောင့်သူသည်သူမကိုသာမကောင်းကြံခဲ့ဏင်သူသည်သာ ဆုံးရှုံးရမည်ဖြစ်သည်။
အမြတ်က အရှုံးနဲ့မတန်ပေ။
ဇူကျောက် ၏ ရည်ရွယ်ချက်မှာ ရှင်းရှင်းကိုသူ သည် မည်မျှ ကြီးမြတ်သည်ကို ပြသရန်သာဖြစ်သည်။
တစ်ချိန်တည်းမှာပင်သူသည်လင်းဖန်ကို သူနဲ့လင်းဖန်ကြားဘယ်လောက်ဝေးကွာသည်ကို နားလည်စေလိုခဲ့သည်။
မန်နေဂျာလီသည် ထိုစကားကိုကြားတော့ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်သူက “ဒါဆို...အတူတူသွားကြတော့မလား”
တကယ်တော့ ဒီနေ့ အစားအသောက်ပွဲက ကုမ္ပဏီအတွက် အရမ်းအရေးကြီးသည်။
အမျိုးသမီးဝန်ထမ်းရှင်းရှင်း သည် အခြေအနေတစ်ခုလုံးကို ထိခိုက်မည်ကို သူစိုးရိမ်နေမိသည်။
ဇူကျောက်က “ကောင်းတာပေါ့”
လက်းဖန်သည်လဲရှိသောကြောင့်အတူသွားမဲ့ထဲတစ်ယောက်ထည့်တာကဘာမှမဖြစ်ပေ။
ထို့အပြင် ဤမန်နေဂျာ လီ သည်လည်းရှင်းရှင်း ကို တားဆီးနိုင်သည်။
မန်နေဂျာ လီက “ကျေးဇူးတင်ပါတယ် မစ္စတာဇူ”
ခေတ္တနားပြီးနောက်သူ က ထပ်မေးလိုက်ပြန်သည် “မစ္စတာဇူ၊ ဒီနေ့ ညစာကိုဘယ်နေရာမှာစားမီာလဲ”
“အင်ပါယာဟိုတယ်။” ဇူကျောက်ကချက်ချင်းပြန်ဖြေလိုက်သည်။
မန်နေဂျာ လီ က ချက်ချင်း လက်မထောင်ပြကာ “ အင်ပါယာဟိုတယ် သည် ငါတို့ကျန်ပေ့၏ မျက်နှာစာဖြစ်ပြီး အမြင့်မားဆုံးသော စားသောက်ဆိုင်လည်း ဖြစ်ပါသည်။ဒါပေမဲ့စျေးကြီးလွန်းတာကြောင့်ငါတစ်ခါမှထမင်းမစားဖူးပေ။ဒါပေမဲ့မစ္စတာဇူကတော့မျှော်လင့်ထားသည့်အတိုင်းပါပဲ!”
ဇူကျောက်သည် ထိုစကားကိုကြားသောအခါတွင် သူသည်ပြုံးလိုက်သည်။
ထို့နောက်သူသည်လင်းဖန်အား ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရန် မမေ့ပေ။
အကြည့်ထဲတွင်’’ကောင်လေး၊ ဒီနေ့ငါတို့ကြားကကွာဟချက်ဘယ်လောက်ကြီးလဲဆိုတာကိုမင်းကိုပြောပြမယ်။’’ဟူ၍ပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး