ဇိမ်ခံအခန်း
Vol. 16 Ch. 232
အသံကိုကြားပြီးနောက် ဇူကျောက်၊ လင်းဖန်နှင့် အခြားသူများက လှည့်ကြည့်လိုက်ကြသည်။
သူတို့ဘေးသို့လှည့်လိုက်တာနဲ့သူ့တို့ဘေးရှိ ဝန်ထမ်းမိားက “မင်္ဂလာပါ အထွေထွေမန်နေဂျာ!”
ဇူကျောက်၊ မစ္စတာပန်၊ မစ္စတာဒူ နှင့် အခြားသူများကဒါကိုကြားသောအခါ ချက်ခြင်း ထိတ်လန့်သွားကြသည်။
အထွေထွေမန်နေဂျာ!
အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ။
သိရန်အင်ပါယာဟိုတယ် သည် ကျန်ပေ့ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး၎င်း၏(အင်ပါယာဟိုတယ်၏)ဆောက်လုပ်ရေးစျေးနှုန်းသည် ဘီလီယံဆယ်ဂဏန်းကျော်ရှိသည်။
ဒီလိုဟိုတယ်ကြီးရဲ့ အထွေထွေမန်နေဂျာက အကောင်ကြီးကြီးတစ်ကောင်ဖြစ်မှာသေချာသည်။
ဇူကျောက်ရဲ့ မိဘတွေတောင် အထွေထွေမန်နေဂျာနဲ့ မနှိုင်းယှဉ်နိုင်ပေ။
ဒီလိုလူကသူ့ရှေ့မှာ ပေါ်လာသည်။
လူတိုင်းရဲ့ အံ့အားသင့်သောအမူအရာတွေနဲ့ ယှဉ်ရင် လင်းဖန်ကတော့ပုံမှန်အတိုင်းသာဖြစ်သည်။
လင်းဖန်ကပါးစပ်ကိုဖွင့်လိုက်ပြီး ပြောလိုက်သည်။”ဝန်ထမ်းက အခန်းတွေ မရှိဘူးတဲ့၊ အင်ပါယာဟိုတယ် မှာ ဇိမ်ခံအခန်းကြီးတွေ ရှိတယ်လို့ ငါကြားတယ်...”
“ဒီနေ့ မစ္စတာဇူကငါတို့ကိုဝယ်ကြွေးလိမ့်မယ်။ သူက တုံ ကုမ္ပဏီဥက္ကဌရဲ့သားလေ။ဒါကြောင့် ပိုက်ဆံအတွက် မဆိုးရိမ်ပါနဲ့။”
ဝမ်ဖန်ရီ က ဘယ်လိုလူမျိုးလဲ။
လင်းဖန်က ဒီလိုပြောနေတာကို မြင်တော့ သူသည် စက္ကန့်ပိုင်းလောက် စဉ်းစားပြီးမှဘာကိုဆိုလိုလဲဆိုတာကိုသဘောပေါက်လိုက်သည်။
ထို့ကြောင့် ဝမ်ဖန်ရီ က “မစ္စတာဇူ၊ ငါတို့ အင်ပါယာဟိုတယ် ရဲ့ 66 လွှာမှာ ဇိမ်ခံအခန်းတစ်ခု ရှိတယ်။ အဲ့ဒါနဲ့ဆိုမင်းကနေဝင်ချိန်ကို ကြည့်လို့ရတယ်၊ ဒါကြောင့်ငါမင်းကိုခေါ်သွားမေးမယ်။ကျေးဇူးပြုပြီးလိုက်ခဲ့ပါ ?”ဟုပြောလိုက်သည်။
“ကောင်းပြီလေ”ဇူကျောက်သည် ခဏတာ အံ့အားသင့်ပြီးနောက်ပြန်ဖြေလိုက်သည်။ ဝမ်ဖန်ရီ လို အကောင်ကြီးကြီးတစ်ယောက်ကသူ့ကိုယ်ဒီလောက် ယဉ်ကျေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
လင်းဖန်၊ဇူကျောက်နဲ့တစ်ခြားလူများသည်ဝမ်ဖန်ရီနောက်ကိုလိုက်ပြီးဓာတ်လှေကားကိုစီးသွားခဲ့လေသည်။
မကြာခင်ဓာတ်လှေကားတံခါးပွင့်လာသောအခါ 66ဟူသော စကားလုံးသည် လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။
VIP8 အခန်းထဲသို့ လှမ်းဝင်လိုက်တာနဲ့လူတိုင်းသည် ကျယ်ဝန်းသော အခန်း၊ တောက်ပသော မီးလုံးများ၊ ဇိမ်ခံ စားပွဲများနှင့် ကုလားထိုင်များကို တွေ့လိုက်ရသည်။ဤသို့တွေ့ရှိမှုကြောင့်လင်းဖန် မှလွဲ၍ လူတိုင်း၏ မျက်နှာများပေါ်တွင်ထိတ်လန့်သောအမူအရာနှင့်ပြည့်နှက်နေလေသည်။
ဝမ်ဖန်ရီက “မစ္စတာဇူ၊ ဒီအခန်းကို မင်းကျေနပ်ရဲ့လား”
သူက ဇူကျောက်ကို မေးနေပေမယ့်လဲသူ့မျက်လုံးတွေက လင်းဖန်ကို ကြည့်နေလိုက်လေသည်။
လင်းဖန်သည် ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် ဝမ်ဖန်ရီ၏ မျက်နှာသည် ပျော်ရွှင်မှုနှင့်ပြည့်သွားလေသည်။
“ကျေနပ်တယ် အရမ်းအရမ်းကိုကျေနပ်ပါတယ်!” ဇူကျောက်ကပြောလိုက်သည်။
ဝမ်ဖန်ရီ က “ကောင်းပြီ ငါ ဒါဆိုမီနူးကို ယူလာပေးမယ်”
ထို့နောက် သူသည် လှည့်၍ အခန်းထဲမှ ထွက်သွားတော့မလို့အလုပ်တွင်သူသည် တစ်ခုခုကို ပြန်သတိရလိုက်ပြီ၊ “စကားမစပ်၊ ဒီ VIP အခန်းရဲ့ အနိမ့်ဆုံး သုံးစွဲမှုက 88888 ယွမ်ပါ အဆင်ပြေလားမသိဘူး?”
88888 ယွမ်?
ဒါကိုကြားပြီးနောက်ဇူကျောက်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားခဲ့သည်။
သိရန်သူ၏ တုံကုမ္ပဏီသည် စျေးကွက်တန်ဖိုး သန်း 100 ကျော်သာရှိသည်။
ဒါက ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးသာဖြစ်သည်။ သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းက သန်းဆယ်ဂဏန်းပဲရှိသည်။
အဲဒီ Porsche 911(ကား)ကို သူ့မိဘတွေ ဝယ်ပေးအောင် အချိန်အတော်ကြာ တောင်းဆိုခဲ့ရသည်။
Porsche 911(ကား) ကို ပြုပြင်ရန် မည်မျှကုန်ကျမည်ကိုတောင်သူမသိပေ။
အခု88888 ယွမ် အနည်းဆုံးရှိသည့်ညစာကိုစားရမှာလား။
အနည်းဆုံး88888 ယွမ်။
သူ့ရဲ့ လစဉ် မုန့်ဖိုးက 100,000 ပဲရှိသည်။
ဒီထမင်းစားပြီးရင် တစ်လသုံးဘာနဲ့သုံးရတော့မလဲ။(ပိုက်ဆံတော့ကျန်သေးပေမဲ့လိုသလိုမသုံးနိုင်တော့ဘူးလို့ဆိုလိုတာပါ)
ဒါပေမယ့် သူခုနကဒီအခန်းကို အရမ်းကျေနပ်တယ်လို့ ပြောခဲ့တယ်။
သူအခုလှည့်ပြီး ထွက်သွားရင်ပန်ရှန်နဲ့ ဒူရှန် က သူ့ကိုယ်ဘယ်လိုတွေးမလဲ။
ရှင်းရှင်းကရောသူ့ကိုယ်မည်သို့တွေးမလဲ။
ဒီလို စဉ်းစားမိပြီးနောက်ဆုံးတော့ ဇူကျောက် က အံကြိတ်လိုက်ပြီး “ကိစ္စမရှိပါဘူး!”လို့ပြန်ဖြေလိုက်သည်။
ဒါကိုကြားတော့ဝမ်ဖန်ရီ က ခေါင်းညိတ်ပြပြီး အခန်းထဲကနေ ထွက်သွားလေသည်။
ထိုအချိန်တွင် စကားမပြောသော မန်နေဂျာလီ က ချက်ချင်း လက်မထောင်လိုက်ပြီး “88888 ယွမ်အနည်းဆုံးရှိတဲ့ အခန်းကို စားဖို့နေနေသာသာ၊ ငါ တစ်ခါမှတောင်မကြားဖူးဘူး၊ ဒီနေ့တော့ လုံးဝကို မျက်စိပွင့်၊နားပွင့်သွားပြီ၊ မစ္စတာဇူမင်းက အရမ်းအံ့သြစရာ ကောင်းတာပဲ!”
ဇူကျောက်သည်မာနကြီးသောအမူအရာဖြင့်သူက’’88888 ယွမ်လောက်သုံးစွဲတာက ဘာမှမဟုတ်ဘူး အချို့လူတွေအတွက်ကတော့ထိုကဲ့သို့မဖြစ်နိုင်ပေ။ ဤအစားအစာကိုစားချင်ရင်သူတို့တစ်နှစ်လောက်မစားမသောက်ပဲစုမှစားလို့ရနိုင်မယ်။ “
စကားပြောနေစဉ်တွင် သူသည် လင်းဖန်ကို ကြည့်နေလိုက်သည်။
ဘေးက ဒူရှန် က “ဇူကျောက် ၊ မင်းအဖေရဲ့ တုံ ကုမ္ပဏီက မကြာသေးခင်ကကြီးကြီးမားမားအကျိုးမြတ်ကိုရရှိထားသလား၊ ဒါမှမဟုတ် ပေါင်လုံးကြီးတစ်ခုကို ကိုင်ထားတာလား?”
ဇူကျောက် က သူ့ကုမ္ပဏီရဲ့ အခြေအနေကို ဘာမှမသိပေ။သို့သော်သူသည်ရှီရှောင်လုပ်ပြီးပြောလိုက်သည်။”ငါလဲမသိဘူးလေ....ရှိရင်လဲရှိမှာပေါ့။”
“မဟုတ်ဘူး! ရှိလို့ပဲဖြစ်ရမယ်! မဟုတ်ရင်အင်ပါယာဟိုတယ် ရဲ့ အထွေထွေမန်နေဂျာက တုံကုမ္ပဏီအကြောင်း ကြားပြီးနောက်သူကငါတို့ကိုဒီလိုအခန်းထဲကို ခေါ်ဆောင်လာမှာ မဟုတ်ဘူး။ ဇူကျောက်မဟုတ်ဘူး၊ အစ်ကို ဇူ၊ မင်းမှာအခွင့်အရေးကောင်းတွေရှိရင်ငါ့ကိုလဲမမေ့ထားနဲ့အုံး၊ ငါတို့ ညီအစ်ကိုတွေလေ” ပန်ရှန်က ပြောလိုက်သည်။
ဒူရှန်က “ဟုတ်တယ်၊ ငါကိုလဲမမေ့နဲ့အုံး”
ထို့နောက် သူသည်စားပွဲပေါ်ရှိ လက်ဖက်ရည်ကို ကောက်ကိုင်လိုက်ပြီး “အစ်ကို ကျောက် ဝိုင်တော့မဟုတ်ပေမဲ့ ဒီ လက်ဖက်ရည်တစ်ခွက်ပဲ ရှိလို့ ငါ မင်းကို ကြိုပြီးဂုဏ်ပြုပါတယ်”
“ဟုတ်တယ် အစ်ကို ဇူ!” ပန်ရှန် လည်း လက်ဖက်ရည်ခွက်ကို ကောက်ယူပြီးပြောလိုက်သည်။
ဇူကျောက်သည်သူတို့၏ညီအစ်ကိုရင်းများသဖွယ်ကိုကြည့်ပြီးသူကပျော်ရွှင်စွာရယ်လိုက်လေသည်။
သူ့ရင်ထဲမှာတော့ပြောလိုက်သည်။ဒါတွေက88888 ယွမ်သုံးစွဲခြင်းရဲ့တန်ဖိုးဟူ၍ပင်ဖြစ်သည်။
ထို့နောက် သူကလဲလက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး “မင်းတို့အရမ်းယဉ်ကျေးနေတာပဲ၊ စိတ်မပူပါနဲ့၊ ငါမင်းတို့ကို မေ့မှာမဟုတ်ဘူး” လို့ ပြောလိုက်သည်။
ထိုအချိန်တွင်ဝမ်ဖန်ရီသည် ထူသော မီနူးကိုယူကာ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
အရင်တုန်းကတော့ပန်ရှန်နဲ့ ဒူရှန် တို့ဟာ မီနူးကို ကြည့်ပြီး မိမိတို့စိတ်ကြိုက် ဟင်းလျာများကို တိုက်ရိုက်မှာယူကြမည်ဖြစ်သည်။
ဒါပေမယ့် ဒီနေ့မှာတော့ သူတို့ဟာ မီနူးကို ယူပြီးဇူကျောက် အရင်မှာခိုင်းလေသည်။
ဇူကျောက်သည် ဤအပြုအမူကို အလွန်နှစ်သက်သည်။ သူကြိုက်တဲ့ ဟင်းအနည်းငယ်ကို မှာကြားပြီး မီနူးကိုရှင်းရှင်း ကို ပေးကာ “ရှင်းရှင်း မင်း ဘာစားချင်လဲ ၊ မင်း စားချင်တာကိုအကုန် မှာလို့ ရတယ်၊ပိုက်ဆံအတွက်စိတ်မပူနဲ့!”
ဇူကျောက်၏ လေသံမှာ လုံးဝတည်ငြိမ်အေးဆေးနေသည်။
သူ့မျက်လုံးထဲတွငတော့88888 ယွမ်ကပိုက်ဆံအနည်းငယ်သာဟုပြောနေသယောင်ဖြစ်သည်။
ရှင်းရှင်းကိုသူက မည်မျှချမ်းသာပြီး သူ့ရည်းစားသာဖြစ်ရင်သူမဘဝပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းကိုသိစေချင်သည်။
သို့သော်ရှင်းရှင်း သည် ငွေကိုမြတ်နိုးသူမဟုတ်ကြောင်း ဇူကျောက်က မသိခဲ့ပေ။
သူမက ပြောလိုက်သည် “ငါဘာမှာရမယ်မှန်းမသိဘူး။”
လင်ဖန်းသည် မီနူးကို ယူလိုက်ပြီးနောက်သူက “ ဒါဆို ငါမင်းအတွက် ငါမှာပေးပါရစေ!”
လင်းဖန်က မီနူးထဲရှိအစားအစာကို လက်ညှိုးထိုးပြပြီး “ဒါကို မှာမယ်။ပြီးတော့ဒါ..... ပြီးတော့ဒါ.....”
“ဝိုင်နီကောင်းကောင်းကိုသောက်တာက မင်းမျက်နှာကို လှပစေတယ်...ဒါပေမဲ့ဝိုင်တွေကအရမ်း စျေးကြီးတယ်...”
ဒါကိုကြားတော့ဇူကျောက်က ချက်ချင်း လက်ကိုဝှေ့ယမ်းလိုက်ပြီး “အကောင်းဆုံးဝိုင်နီပုလင်းကိုသာမှာလိုက်!”
Lafite(ဝိုင်နာမည်) လိုမျိုး အကောင်းဆုံးဝိုင်နီတွေတောင် စျေးနှုန်းက ယွမ်သောင်းဂဏန်းလောက် ကျသည်။
ဤအခန်း၏အနည်းဆုံးသုံးစွဲမှုပမာဏသည် ၈၈၈၈၈ ယွမ်ဖြစ်သည်။
သို့သော်လည်း ရှင်းရှင်း ရှေ့မှာ သူမကို ချစ်ကြောင်းပြသချင်သောကြောင့်သူသည်ဒီလိုသုံးစွဲမှုကိုလုံးဝမတွန့်ဆုတ်ပေ။
ဇူကျောက်သည်ရှင်းရှင်းကိုမြင်မြင်ချင်းကတည်းကစွဲလန်းနေတာဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး