← Chapters

မစ္စတာလင်း

Vol. 16 Ch. 233

မစ္စတာလင်း

Vol. 16 Ch. 233

ထို့နောက် ပန်ရှန်၊ ဒူရှန်နှင့် မန်နေဂျာလီ တို့ကလည်း ဟင်းအနည်းငယ်နှင့် ဝိုင်ပုလင်းအနည်းငယ်ကို မှာယူလိုက်သည်။

ဝမ်ဖန်ရီသည်လူတိုင်း မှာယူထားသော ဟင်းပွဲများနှင့် ဝိုင်အားလုံးကို ချရေးပြီးနောက် သူသည် အခန်းထဲမှ ထွက်လာခဲ့သည်။

အင်ပါယာဟိုတယ် သည် ကျန်ပေ့ ရှိ အထင်ကရဟိုတယ်တစ်ခုအဖြစ် ထိုက်တန်သည်ဟု ပြောရမည်ဖြစ်သည်။

အချိန်တိုအတွင်းမှာပင် သူတို့မှာထားသော ဟင်းပွဲများ တစ်ခုပြီးတစ်ခု ကိုလာချပေးတော့သည်။

အားလုံးက စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ လေထဲတွင် မွှေးရနံ့များ ကိုရှုရင်းအရမ်းကိုစားချင်နေတော့သည်။

သို့သော်လည်း ပန်ရှန်နှင့် ဒူရှန်တို့သည် စားချင်သည့်စိတ်ကို မျိုသိပ်ထားဆဲဖြစ်သည်။သူတို့သည်ပထမဦးစွာ ဖြင့်ဟင်းပွဲများကိုဇူကျောက်ခွက်ထဲသို့ထည့်ကာ “အစ်ကိုကြီး ဇူ မင်းအရင်စားပါ” လို့ပြောလိုက်သည်။

သူ့ဘေးက မန်နေဂျာ လီကလည်း ဝိုင်ပုလင်းကိုယူပြီးဇူကျောက်ဖန်ခွက်ထဲကိုထည့်ကာ “မစ္စတာဇူ၊ မင်း အတွက်တစ်ခွက် “ လို့ပြောလိုက်သည်။

သူတို့၏ဒီလိုဖြစ်နေသောပုံစံကိုမြင်တော့ဇူကျောက်က ပျော်ရွှင်တဲ့ ပုံစံဖြင့် “ဟားဟား။ ယဉ်ကျေးလွန်းတယ်၊ မင်းတို့က ယဉ်ကျေးလွန်းနေပြီ”

စကားပြောနေတုန်း သူက ဝိုင်ခီက်ကိုကိုင်ကာ”ငါတို့အားလုံး သောက်ကြရအောင်”

လူလေးယောက်သည်လဲဝိုင်ခွက်ကိုကိုင်လိုက်ပြီး တစ်ချက်တည်း သောက်လိုက်ကြသည်။

ထို့နောက် ဇူကျောက်သည် စားပွဲပေါ်ရှိ လှပသောသြစတြေးလျပုဇွန်ကြော်ကို ကြည့်ကာ “ရှင်းရှင်း၊ ဒီဟင်းက အရမ်းကောင်းတယ်၊ မင်းစားကြည့်လေ”

သူ့ဘေးက မန်နေဂျာလီ က “ရှင်းရှင်း၊မစ္စတာဇူက မင်းကို အရမ်းဂရုစိုက်နေတာကိုဘာလို့ ကျေးဇူးမတင်သေးတာလဲ။”

မူလက ရှင်းရှင်း သည် ဇူကျောက်ငိုဘာမှမပြောချင်ပေ။

သို့သော်လည်း မန်နေဂျာ လီ၏ စကားကိုကြားပြီးနောက်တွင် “ကျေးဇူးတင်ပါတယ် မစ္စတာဇူ” လို့ပြောရုံမှလွဲ၍ တစ့်ခြားရွေးချယ်စရာမရှိတော့ပေ။

ထို့နောက် သူမသည် တူချောင်းများဖြင့်ပုစွန်ကို ကောက်ယူပြီးသူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“ဟားဟား။ ရပါတယ်မင်းအဲ့လိုပြောစရာမလိုပါဘူး ‘’ ဇူကျောက်က ရယ်ပြီးပြောလိုက်သည်။

ထိုအချိန်တွင် ဝမ်ဖန်ရီ နှင့် ဝန်ထမ်းတစ်ယောက် တို့ဝင်လာကြသည်။

ဝမ်ဖန်ရီ က ပုလင်းတစ်လုံးကို ကိုင်ထားပြီး စားပွဲထိုးက ဖောက်တံကိုကိုင်ထားလေသည်။

“ဇူကျောက် ဒါ မင်းလိုချင်တဲ့ ဝိုင်နီ၊ အခုဖွင့်တော့မှာလား” ဝမ်ဖန်ရီ က မေးလိုက်သည်။

ဇူကျောက်က “ဟုတ်တယ် ၊အခုအချိန်ကအကောင်းဆုံးအချိန်ပဲ?”

ဇူကျောက်သည် လင်းဖန်အား ဂုဏ်ယူသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုစကားကိုကြားပြီးနောက် စားပွဲထိုးသည် ဖောက်တံဖြင့်ဝိုင်ကိုဂရုတစိုက်ဖောက်လိုက်သည်။

“ဗွမ်း!”

အသံတိုးတိုးလေးဖြင့် နောက်ဆုံးတွင် ပုလင်းအဖုံးပွင့်သွားခဲ့သည်။

ထို့နောက် စားပွဲထိုးသည် ဝိုင်နီကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ဝိုင်ခွက်ကိုယူပြီးနောက်ဇူကျောက်က: “ဒါက အင်ပါယာဟိုတယ် ရဲ့ အကောင်းဆုံးဝိုင်ပါ။ ဒါကိုသောက်လိုက်ရင် မင်းကို လှပစေမှာပါ ရှင်းရှင်း ၊ ဒါကြောင့်မင်းသောက်ကြည့်လေ”

“ဘယ်လိုသောက်ရမှန်းမသိဘူး” ရှင်းရှင်း က ပြောသည်။(ပါးစပ်ဖွင့်ပြီးသောက်ပေါ့)

မန်နေဂျာ လီက “ရှင်းရှင်း၊ ညစာစားချိန်မှာ ဘာလို့ ဝိုင်မသောက်တာလဲ”

“ပြီးတော့ဒါက မင်းအတွက် မစ္စတာဇူအထူးမှာယူထားတဲ့ ဝိုင်နီပဲ။ ဒါကြောင့်မင်းနည်းနည်းပါးစပ်ဖွင့်ပြီးသောက်ရမယ်!”

စကားပြောနေစဉ် သူက သူ့ခွက်ထဲသို့ဝိုင်ကို လောင်းထည့်လိုက်ပြီး “ကြည့်... ငါလည်း သောက်မယ်၊လူတိုင်းလဲ သောက်ရမယ်!”

တကယ်တော့ သူက ရှင်းရှင်းကို ဝိုင်သောက်ခိုင်းဖို့ကြီးပဲမဟုတ်ပေ။

ဝမ်ဖန်ရီက ဒီဝိုင်နီဟာ အင်ပါယာဟိုတယ် မှာ အကောင်းဆုံးဝိုင်လို့ပဲ ပြောခဲ့ပြီး ဈေးနှုန်းမှာတစ်ပုလင်းကို ယွမ်ထောင်သောင်းနဲ့ချီပြီး ကုန်ကျနိုင်သည်။

သူ့ရှေ့မှာ ဒီလောက် အဖိုးတန်တဲ့ ဝိုင်နီကိုမသောက်ဖို့ အကြောင်းပြချက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။

ထို့နောက် ဇူကျောက်၊ ပန်ရှန်၊ ဒူရှန်နှင့် လင်းဖန်တို့အတွက်ကိုလဲဝိုင်ကိုထည့်ပေးလိုက်သည်။

ဒီအကွက်က သူပြောတဲ့အတိုင်း လူတိုင်းသောက်ရမည်ဆိုတာပင်ဖြစ်သည်။

ပန်ရှန်၊ ဒူရှန်နှင့် အခြားသူများသည် အင်ပါယာဟိုတယ်ရှိ အကောင်းဆုံးဝိုင်နီအကြောင်း သိချင်စိတ်အပြည့်ရှိကြသည်။

ဝိုင်ခွက်ကို တစ်ခုလုံးကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်ကြသည်။

ထို့နောက် ချက်ချင်းသူတို့ချီးကျူးလိုက်ကြသည်။ “ကောင်းလိုက်တဲ့ဝိုင်ပဲ”

“အရသာသာရှိတယ်”

ဇူကျောက်က ပြုံးပြီး “အရသာရှိရင် ပိုသောက်လေ”

စကားပြောပြီးနောက် သူလဲတစ်ငုံသောက်လိုက်သည်။

ဇူကျောက် ၊ ပန်ရှန် ၊ ဒူရှန်၊ မန်နေဂျာလီ နှင့် အခြားသူများ အချင်းချင်း စကားစမြည်ပြောဆိုနေကြပြီး အခန်းတစ်ခုလုံး၏ လေထုသည် အလွန်သက့်​သောင့်သက်သာရှိနေသည်။

လင်းဖန်တစ်ယောက်တည်းသာ ဟင်းသီး ဟင်းရွက်စားရင်း ထောင့်မှာ တိတ်တိတ်လေး ထိုင်နေသည်။

ရှင်းရှင်းသည် လင်းဖန်တစ်ယောက် အထီးကျန်လွန်းသည်ဟု ခံစားလိုက်​ရသောကြောင့်သူမသည် က ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး “ကျေးဇူးတင်ပါတယ်၊ ငါ တစ်ခွက်သောက်ပေးပါရစေ” လို့ တိုးတိုးလေးပြောပြီးလိုက်သည်။

တကယ်တော့လင်းဖန် တစ်ယောက်တည်း အထကျန်ပြီးနေနေတာမဟုတ်ပေ။ လင်ဖန်၏အမြင်တွင် အစာစားနေချိန်စိတ်အနှောင့်အယှက်မဖြစ်ခြင်းသည် ကောင်းသောအရာဖြစ်သည်။

ဇူကျောက် ကို စိတ်ဆိုးနေတာလား။

လင်းဖန်က ဒါကိုလုံးဝ ဂရုမစိုက်ပေ။

သို့သော်လည်း ရှင်းရှင်း၏ မျက်နှာကိုကြည့်ပြီးနောက်သာသည်’’ရပါတယ်’’လို့ပြောပြီးဒေါက်မြင့်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနည်းငယ်လှုပ်လိုက်သည်။

ထို့နောက် အနီရောင်တောက်တောက် ဝိုင်ကို ပါးစပ်ထဲသို့ ညင်သာစွာ လောင်းထည့်လိုက်သည်။

လင်းဖန်၏ လှုပ်ရှားမှုအားလုံးကို ရှင်းရှင်း ၏ မျက်လုံးများထဲတွင် ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်။

သူမ၏မျက်လုံးများတွင် လင်းဖန်သည် ပေါ့ပေါ့ပါးပါးအ၀တ်အစားများကို ဝတ်ဆင်ထားပုံမပေါ်ပေ။

ယင်းအစား၊ သူသည် ဇိမ်ခံအနက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်ပြီး ဆယ်မီတာရှည်သော ထမင်းစားပွဲ၌ ထိုင်ကာ အေးအေးလူလူနှင့် ဝိုင်ကောင်းများကို သောက်နေသလို့ဖြစ်သည်။

လင်းဖန်၏ လှုပ်ရှားမှုများသည် အလွန်ပြေပြစ်သောကြောင့်ရှင်းရှင်းအင်လျှင်မိန်းမောသွားလေသည်။

ဝိုင်သောက်ပြီးနောက်လင်းဖန် က ခေါင်းညိတ်ကာ “ဒီဝိုင်ပါးစပ်ထဲထည့်တာနဲ့သူ့ရဲ့အရသာကိုပေါ်လွင်စေပြီး၊သောက်ရတာအရမ်းမိုက်တယ်။ဒါကြောင့်ဒီဝိုင်က Chateau Margaux(ဝိုင်းအမည်)ပုလင်းပဲဖြစ်မယ်”

ဘယ်လောက်သောက်သောက်မမူးအစွမ်းရှိသောကြောင့်တစ်ငုံသောက်လိုက်ပြီး ဤဝိုင်ပုလင်း၏ မူလအစကို ချက်ချင်းဖော်ထုတ်ခဲ့သည်။(ဘယ်လောက်သောက်သောက်မမူးအစွမ်းကသောက်တာတင်မဟုတ်ပါဘူး၊သောက်လိုက်တဲ့ဝိုင်ရဲ့အမည်ကိုပါပြောနိုင်ပါတယ်)

လင်းဖန်သည် ဝိုင်သောက်လိုက်၊ဟင်းချိုသောက်လိုက်လုပ်နေသောကြောင့်သူ၏ဝမ်းဗိုက်အောက်ပိုင်းသည် တဖြည်းဖြည်း ဖောင်းလာခဲ့သည်။

ဒါနဲ့ ထပြီး ရေချိုးခန်းကို ထွက်သွားလေသည်။

လင်းဖန်သည် ရေချိုးခန်းထဲမှ ထွက်လာသောအခါတွင် အလွန်အံ့သြစရာသော အသံတစ်ခု သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မစ္စတာလင်း!”

လင်းဖန်သည် ထိုအသံကိုကြားပြီးနောက်တွင် သူသည်အနည်းငယ်မှတ်မိသော​လဲ၊ဘယ်မှာတွေ့ဖူးလဲဆိုတာကိုယ်သိရန်လှည့်ကြည့်လိုက်သည်။

ပန်ကူဥက္ကဌနှင့်အဲဥက္ကဌတို့၏ ဖိတ်ကြားချက်အရ လင်းဖန် သည် အင်တာနက်ကွန်ဖရင့်သို့ သွားရောက်သောအခါ ပန်ကူဥက္ကဌနှင့်အဲဥက္ကဌတို့က သူ့ကိုလက်ဆွဲနှုတ်ဆက်ကြသည်။

ထိုအချိန်တွင်လင်းဖန်သည် သူ့ဘေးတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ်ကို မှတ်မိလိုက်သည်။

အခြားလူကိုသူကမှတ်မိသော်လည်း သူသည်တစ်​ခြားလူ၏အမည်ကိုတော့မသိပေ။

ဒီတော့သူက “မင်းကဘယ်သူလဲ?”ဟုမေးလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက “မစ္စတာလင်း၊ ကျွန်တော် ကျန်ပေ့အင်တာနက်ကွန်ဖရင့်မှာ ပါဝင်ခဲ့တယ်။ ညီလာခံမှာလဲ မင်းနဲ့တွေ့ခဲ့တယ်လေ။ ငါ့နာမည်က ဂျေချမ်ပါ”

သူအရမ်းစိတ်လှုပ်ရှားနေတာ မဆန်းပေ

ထိုအချိန်တွင် ပန်ကူဥက္ကဌနှင့် အဲဥက္ကဌတို့သည် လင်ဖန်းနှင့် လက်ဆွဲနှုတ်ဆက်ကြသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင်ဂျေချမ်သည် အလွန်ထိတ်လန့်သွားသည်။

နောက်ဆုံးတော့ဒါကပန်ကူဥက္ကဌနှင့် အဲဥက္ကဌတို့သည် တရုတ်အင်တာနက်လုပ်ငန်း၏ ထိပ်တန်းသူဌေးကြီးများဟု ဆိုနိုင်သည်။ဒီ ထိပ်တန်း သူဌေးကြီးနှစ်ဦးပင်လျှင် လင်ဖန်အား နှုတ်ဆက်ရန် အစပြုရခဲ့သည်။

ထိုအချိန်ကစပြီးလင်းဖန်၏ အသွင်အပြင်သည် ဂျေချမ်၏ နှလုံးသားထဲတွင်နက်နက်နဲနဲ တိုက်ရိုက်ထွင်းထုထားသည်ဟုဆိုနိုင်သည်။

လင်းဖန်နှင့် တစ်ချိန်လုံးတွေ့ချင်ခဲ့သည်။

လင်းဖန်နှင့် အနည်းငယ် ဆက်ဆံရေး ကောင်းထူထောင်နိုင်ခဲ့လျှင် သူဟာ သေချာပေါက် ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။

မမျှော်လင့်ထားဘူးဒီနေ့တွေ့ရလိမ့်မယ်လို့။

လင်းဖန်သည် အံ့အားသင့်သွားကာ “မစ္စတာဂျေဟယ်လို” ဟု ပြောလိုက်သည်။

ဒါကိုကြားပြီးနေညက်ဂျေချမ်သည် သူ့မျက်နှာသည်စိတ်လှုပ်ရှားနေသောကြောင့်နီမြန်းလာခဲ့သည်။

မစ္စတာလင်း၊ တကယ်ပဲ သူ့ကိုယ် နှုတ်ဆက်တယ်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters