← Chapters

ပေါင်လုံးကြီး

Vol. 16 Ch. 234

ပေါင်လုံးကြီး

Vol. 16 Ch. 234

ဂျေချမ်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ယှဉ်ရင် လင်းဖန်ကတော့ပုံမှန်အတိုင်းသာရှိသည်။

လင်းဖန်သည် စကားအနည်းငယ်ပြောပြီးနောက် သူလှည့်ထွက်သွားလေသည်။

ဂျေချမ် သည် ထိုနေရာတွင်ပင်ရပ်ကာ လင်းဖန်အား လေးစားစွာ ကြည့်နေလိုက်သည်။ လင်းဖန်သည် အခန်းထဲသို့ လျှောက်သွားသည်အထိကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ထိုအချိန်တွင် ဂျေချမ်သည် လင်းဖန် ကို သူ့လုပ်ငန်းကတ်ပြားကိုပေးရန် မေ့သွားသည်ကို ရုတ်တရက် သတိရသွားပြီးနောက် ဝမ်းနည်းသလိုခံစားလိုက်ရသည်။

ထို့ကြောင့် ဂျေချမ် သည် သူ့အခန်းဆီသို့ သွားပြီး ဝိုင်ဖန်ခွက်ကို ယူကာ လင်းဖန်အခန်းသို့ဝင်ဖို့ကိုစဉ်းစားလိုက်လေသည်။

......

ဤအချိန်တွင် အခန်းထဲတွင်၊

အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ကိုစီးထားသော အမျိုးသားအများအပြားသည် ဂျေချမ်ပြန်လာသည်ကိုမြင်ပြီး သူတို့စိုးရိမ်သောလေသံဖြင့် “မစ္စတာဂျေ၊ မင်းအဆင်ပြေရဲ့လား”

သူတို့ဘာလို့အဲ့လိုမေးတာလဲဆိုရင်ဂျေချမ်သည် အရက်အများကြီးသောက်ပြီးနောက်ရေချိုးခန်း(အိမ်သာ)ထဲဝင်သွားသောကြောင့်ဖြစ်သည်။

ဂျေချမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ငါအဆင်ပါတယ်၊ ငါသူငယ်ချင်းတစ်ယောက်နဲ့သွားတွေ့လိုက်အုံးမယ်၊ မင်းတို့စားထားနှင့်!”

စကားပြောနေစဉ်တွင် သူ့ကိုယ်ပိုင်ဝိုင်ဖန်ခွက်နှင့် Moutaiဝိုင် ပုလင်းကို ကောက်ကိုင်လိုက်ပြီး အပြင်သို့သွားလိုက်သည်။

အခန်းထဲရှိတစ်ယောက်က ချက်ချင်း နောက်ကလိုက်လာပြီး မတ်တပ်ရပ်လိုက်သည်။ထို့နောက်သူက”မစ္စတာဂျေ ရဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းပါပေါ့၊ ငါလည်းမင်းနဲ့အတူသွားမယ်!”လို့ပြောလိုက်သည်။

“ငါလည်းလိုက်မယ်!”

“ အတူတူသွားရအောင်!”

လူတစ်ယောက်က အရင်ပြောပြီးနောက် မကြာခင်မှာ လူတိုင်း မတ်တပ်ရပ်လိုက်ကြပြီးပြောလိုက်သည်။

ဂျေချမ်က ခဏတာတုံ့ဆိုင်းပြီးနောက် “ရပါတယ် မကြာခင် ငါပြန်လာမှာပါ.....”

လူများစွာက လင်းဖန်ကို အတူတူသွားတွေ့တစ်ဖက်သားကို အနှောက်အယှက်ဖြစ်စေမလားဆိုတာကိုသူမသိတာကြောင့်ပြောရခြင်းဖြစ်သည်။

ပုံမှန်အချိန်တွေမှာဆိုရင် ဂျေချမ် က သူ့နောက်ကို မလိုက်နဲ့လို့လူတိုင်းကြားလိမ့်မည်ဖြစ်သည်။

သို့သော် ယခုအခါ လူတိုင်းသည် အလွန်အမင်း မူးနေပြီဖြစ်၍ သူပြောသောစကားကိုမကြားပေ။

ထိုထဲကတစ်ယောက်က ပြုံးပြီး “ဂျေချမ်ဘာကိစ္စရှိလို့လဲ၊ အတူတူတွေ့ပြီးသောက်ရအောင်”

ဒါကိုကြားတော့ ဂျေချမ်က သူတို့ကိုကို မဆွဲဆောင်နိုင်ဘူးဆိုတာ သိလိုက်ရသည်။

ထို့အပြင်၊ လူတိုင်းနဲ့အတူတူ သြားတာက ရွေးချယ်မှုကောင်းတစ်ခုဟု သူခံစားရသည်။ဒါကြောင့်သူကခုနကအတွေးတွေကိုပြန်ပြီးမေ့လိုက်လေသည်။(လူများနဲ့သွားတာလင်းဖန်ကိုအနှောင်အယှက်ဖြစ်တယ်ဆိုတဲ့ဟာပါ)

ဂျေချမ် က “အိုကေ၊ ဒါဆိုလဲအတူတူသွားကြရအောင်။ ဒါပေမယ့် မင်းတို့ဟိုကိုရောက်ရင်ဆူဆူညံညံ မလုပ်ပါနဲ့၊ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ၊သေးငယ်တဲ့ဟာတောင်မပေါ့ဆပါနဲ့!”

လူတိုင်းကသောက်ထားကြသည်။သို့သော်၊ ဂျင်ချမ် ၏ ရှင်းလင်းပြတ်သားပြီး လေးနက်သောသတိပေးချက်ကိုကြားပြီးနောက်၊ ယခုအချိန်တွင်၊သူပြောသည့်လူက သေးငယ်သည်မဟုတ်ကြောင်း လူတိုင်းနားလည်လာကြသည်။

ထို့ကြောင့် လူတိုင်းသည် အပျော်သဘောဆောင်သော စိတ်ကိုချက်ချင်းဖယ်ထုတ်လိုက်ပြီး အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ကြသည်။

ခဏကြာတော့ VIP8 အခန်းတံခါးကို ရောက်လာကြသည်။ ဂျေချမ်က သူ့အဝတ်အစားကို သန့်ရပ်အောင်လုပ်ပြီးနောက်တံခါးကို ဖြည်းညှင်းစွာခေါက်လိုက်သည်။

ဤအချိန်တွင် VIP8 အခန်းထဲတွင်။

ဇူကျောက်၊ ပန်ရှန် ၊ ဒူရှန် ၊မန်နေဂျာလီတို့သည် အရက်သောက်ပြီး စကားစမြည်ပြောနေကြသည်။

“ဒေါက် ဒေါက် ဒေါက်!”

ထိုအချိန်တွင် အခန်းအပြင်ဘက်ကနေတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ဇူကျောက်ကတံခါး ခေါက်သံကိုကြားတော့သူကဘာမှမတွေးဘဲ”လော့မချထားဘူး။ ဝင်လာခဲ့ပါ”ဟုပြောလိုက်သည်။

ဇူကျောက်၏စကားကိုကြားပြီးနောက်

ဂျေချမ်နှင့် လူအုပ်စုကြီးသည် ဝိုင်ခွက်များနှင့်အတူ ပြုံးလျက် ဝင်လာကြသည်။

ဂျေချမ်သည် ခန်းကို ဦးစွာ ကြည့်လိုက်ပြီးလင်းဖန်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးထဲတွင်ရိုသေလေးစားသောအကြည့်ကို ပြသလိုက်လေသည်။

“မစ္စတာမင်းဒီမှာရှိမှန်းသိလို့ ငါတို့လာတာပါ မင်းကိုစိတ်အနှောက့်ယှက်မပေးဘူးလို့ ငါမျှော်လင့်တယ်” ဂျေချမ်က သတိထားပြီး ပြောလိုက်သည်။

လင်းဖန် က “ရပါတယ်”ဟုပြန်ဖြေလိုက်သည်။

ဒါကိုကြားမှသူကစိတ်သက်သာရာရသွားခဲ့သည်။

ဒီအချိန်မှာ သူဘေးနားကဇူကျောက်က “မင်းတို့ကဘယ်သူတွေလဲ”

မူလက ဂျေချမ်သည် လင်းဖန်းအား စီးပွားရေးကတ်ကို မည်သို့ပေးရမည်ကို စဉ်းစားနေသေးသည်။

ဒီအချိန်မှာ ဇူကျောက် ရဲ့ စကားကိုကြားတော့ သူက အနည်းငယ် ဝမ်းသာသွားပြီး “ကျွန်တော်က အင်တာနက်ကုမ္ပဏီက ဂျေချမ် ပါ” လို့ ပြောလိုက်သည်။

စကားပြောပြီးနောက် သူပြင်ဆင်ထားသည့် ကတ်ပြားများကို ထုတ်ကာ ဇူကျောက်၊

ပန်ရှန်၊ ဒူရှန်၊လင်းဖန်၊ မန်နေဂျာလီ၊ ရှင်းရှင်းတို့ကိုပေးလိုက်သည်။

ဂျေချမ်ကလင်းဖန်နဲ့အတူညစာစားနိုင်တဲ့လူက သာမန်မဟုတ်ဘူးလိုထင်သောကြောင့်သူပေးသော​အခါလေးစားစွာပေးလိုက်သည်။

ဂျေချမ် ရဲ့နောက်မှာ ရပ်နေတဲ့လူတိုင်းက ဒါကိုမြင်လိုက်တဲ့အခါ သူတို့ရဲ့ လုပ်ငန်းကတ်ပြားတွေကို အသီးသီးထုတ်ပေးပြီး မိတ်ဆက်လိုက်ကြသည်။

“ငါက ချူကျောက် သတင်း၊မီဒီယာက ကျောက်ဝမ်ရှောင်ပါ”

“ကျွန်တော်က အေရှန်းဂျေကုမ္ပဏီရဲ့လီကောင်းပါ”

“ကျွန်တော် K. Wah ဆော့ဝဲကုမ္ပဏီကဟန်ဒေါင်ဝမ် ပါ”

…………

လင်းဖန်က သူ့စီးပွားရေးကတ်ကို လက်ခံလိုက်သည်နှင့် ဂျေချမ်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ထို့ကြောင့်ဝိုင်ထည့်ထားသောဖန်ခွက်ကိုယူ၍ “ဒီဝိုင်တစ်ခွက်က လူတိုင်းအတွက်” ဟုဆိုကာဝိုင်တစ်ဖန်ခွက်အပြည့်ကိုသောက်လိုက်သည်။

ကျောက်ဝမ်ရှောင်နှင့် အခြားလူများကလည်းဝိုင်ထည့်ထားသောဖန်ခွက်ကိုယူပြီး တစ်ယောက်ပြီး တယောက်“လူတိုင်းအတွက်” လို့ ပြောပြီးသောက်လိုက်ကြသည်။

ဂျေချမ်သည် လင်းဖန်နှင့်အတူ ညစာစားချင်ခဲ့သည်။ဒီအတွက်ကြောင့်လင်းဖန်ကို စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင်တကယ့်ကို နောင်တရလိမ့်မည်​ဖြစ်သည်။

ဒါကြောင့်သူက “ဒါဆို ငါတို့မနှောက်ယှက်တော့ပါဘူး...”

စကားပြောပြီးနောက် သူနှင့်တစ်ခြားလူများအားလုံးသည် ဖြည်းညှင်းစွာ ထွက်သွားကြသည်။

ထိုအချိန်တွင် ပန်ရှန်၊ ဒူရှန် နှင့် မန်နေဂျာလီတို့သည်သံသယများရှိနေကြသည်။

ထို့ကြောင့်သူတို့ကသူတို့ကိုပေးသော စီးပွားရေးကတ်ကိုကြည့်လိုက်သည်။

မကြည့်ရင် ဘာမှမဖြစ်ပေမဲ့၊ ဖတ်ပြီးနောက်သူတို့ရဲ့မျက်လုံးတွေဟာဝိုင်းစက်လို့သွားတော့သည်။

သာမန်အချိန်များတွင် အင်တာနက်ကုမ္ပဏီဥက္ကဋ္ဌ ဂျေချမ်။

ချူကျောက်သတင်း၊မီဒီယာ ၏ ဥက္ကဌ ကျောက်ဝမ်ရှောင်။

အေရှန်းဂျေကုမ္ပဏီ၏ ဥက္ကဌ လီကောင်း။

K. Wah ဆော့ဝဲကုမ္ပဏီဥက္ကဌ ဟန်ဒေါင်ဝမ်။

…………

ဒီလူအုပ်စုသည် ကုမ္ပဏီတစ်ခုစီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

ဒူရှန် က စီးပွားရေးကတ်ကို လက်ညှိုးထိုးပြပြီး “ဟေ့ကောင်၊ ဒီ အေရှန်းဂျေကုမ္ပဏီကို ငါသိတယ်။ သူတို့ကုမ္ပဏီက အေရှယ် စျေးကွက်မှာ စာရင်းဝင်တော့မယ်လို့ ကြားတယ်။”

အေရှယ် စာရင်းဆိုသည့်ဤစာကြောင်းလေးသည် အေရှန်းဂျေကုမ္ပဏီ၏ အင်အားကို အလွယ်တကူပြသလေသည်။

ပန်ရှန်က “ဒီချူကျောက် သတင်း၊၎င်းမီဒီယာကုမ္ပဏီမှာ ဝန်ထမ်းထောင်ပေါင်းများစွာလဲရှိတယ်!”

“ဒါ့အပြင်... ယမန်နှစ်က လူကြိုက်များခဲ့သောဘုရင်ဂိမ်း နှင့် ပြေး၊ခုန်ဂိမ်း များသည် အင်တာနက်ကုမ္ပဏီမှာထုတ်လုပ်သည်!”

နှစ်ယောက်သားသည်အထပ်ထပ် အော်ဟစ်ပြောနေကြသည်။

ဒီကုမ္ပဏီကြီးတွေအားလုံးက ပေါင်လုံးအကြီးကြီးဖြစ်ပြီး ဒီလိုသူတွေကသူ့​တို့ကိုလာရောက်ဂုဏ်ပြုဖို့ရောက်လာတာလား။

ဒါ……

ဒါက...သူတို့ရဲ့ စိတ်ကူးကို လုံးဝကျော်လွန်သွားပြီဖြစ်သည်။

သိရန်သူတို့အဖေတောင်မှ ဒီအရည်အချင်း လုံးဝမရှိပေ။

အခုဘာတွေဖြစ်နေတာလဲ?

ထို့နောက်ပန်ရှန် နှင့် ဒူရှန်တို့ သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီးနောက် ဇူကျောက်ကြည့်လိုက်ကြသည်။

“အစ်ကို ဇူ မင်းတို့ရဲ့တုံ ကုမ္ပဏီက အဲကုမ္ပဏီဒါမှမဟုတ် ပန်ကူကုမ္ပဏီတို့ နဲ့ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကိုလုပ်နေတာလား ။” ပန်ရှန် က မတတ်နိုင်စွာ မေးလိုက်သည်။

“တကယ်လားအစ်ကိုဇူ” ဒူရှန် က မေးလိုက်သည်။

သူတို့သံသယဖြစ်နေကြတာ မဆန်းပေ။

အများအားဖြင့် အင်တာနက်ကုမ္ပဏီ၊ ချူကျောက်သတင်း၊မီဒီယာကုမ္ပဏီ၊ အေရှန်းဂျေကုမ္ပဏီ၊ K. Wah ဆော့ဝဲကုမ္ပဏီ ဒါတွေဟာ အင်တာနက် ကုမ္ပဏီတွေပင်ဖြစ်သည်။

ထိုအင်တာနက်ကုမ္ပဏီများ၏ဥက္ကဋ္ဌ ကိုယ်တိုင်ကိုယ်ကျလာရောက်ဂုဏ်ပြုခြင်းသည်၎င်းတို့နှင့်ပတ်သက်သောအင်တာနက်ကုမ္ပဏီကြီးကိုမျက်နှာသာလုပ်ချင်၍ပင်ဖြစ်မှာသေချာသည်။

ဒူရှန်နှင့်ပန်ရှန်တို့သည် သူတို့၏အိမ်၏အခြေအနေကို သိသောကြောင့် ဇူကျောက်ကိုသာသံသယဝင်ခဲ့ကြသည်။

နောက်ဆုံးတွင်၊ ဇူကျောက်၏မိသားစုသည် ယခင်က ကြီးမားသောအခွင့်အရေးရှိနေသည်ဟု သံသယရှိခဲ့ကြသည်။မဟုတ်ရင်အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာက ၎င်းတို့အား ပုဂ္ဂိုလ်ရေးအရဒီလိုအခန်းမျိုးကို ဆောင်ရွက်ပေးမည်မဟုတ်ပေ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters