ဥက္ကဌတို့တုန်လှုပ်ချောက်ချားခြင်း
Vol. 16 Ch. 235
ဇူကျောက် သည် ဒူရှန်နှင့် ပန်ရှန်တို့၏ စိတ်လှုပ်ရှားမှုနှင့် သဘောကျမှုကို ကြည့်ပြီးနောက်သူချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
မှန်တယ်!
ငါတို့ကုမ္ပဏီကအဲကုမ္ပဏီ၊ပန်ကူကုမ္ပဏီတို့နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်မယ်။
ထို့ကြောင့်၊ အင်တာနက်ကုမ္ပဏီ ဥက္ကဌ သည်အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာထံမှ သူမည်သည့်အခန်းထဲတွင်စားသောက်နေသည်ကို သိရှိပြီးနောက် ၎င်းတို့ကိုယ်တိုင် လာရောက် ဂုဏ်ပြုတာဖြစ်မယ်ဟုဇူကျောက်ကတွေးလိုက်သည်။
ဒါကြောင့်သူက ပြုံးပြီးပြောလိုက်သည်။”အရင်တုန်းက ငါ့အဖေက ကုမ္ပဏီကြီးတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပေမဲ့ ငါကဘယ်ကုမ္ပဏီလဲဆိုတာတော့ မမေးခဲ့ဘူး”
ဒါကိုကြားပြီးနောက်ဒူရှန် နှင့်ပန်ရှန် တို့၏ မျက်နှာများသည် ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။
“အစ်ကိုဇူ၊ငါမင်းညီလေးဖြစ်နိုင်မလား!” ဒူရှန် က ပြောလိုက်သည်။
“ဟုတ်တယ် အစ်ကိုဇူကျနော်ရောပဲ!” ပန်ရှန် က ပြောလိုက်သည်။
ဒါကိုကြားတော့ဇူကျောက်ရယ်ပြီး “ကိစ္စမရှိပါဘူး!”ဟုပြောလိုက်သည်။
ဒါကိုကြားပြီးနောက်ဒူရှန် နှင့် ပန်ရှန် တို့သည် အလွန်ပျော်သွားကြသည်။
ထို့နောက် သူတို့သည် ဝိုင်ခွက်ကိုမြှောက်ကာ “အစ်ကို ကျောက်၊ ငါမင်းကို ဒီတစ်ခွက်နဲ့ဂုဏ်ပြုပါတယ်!”
ဒူပန် နှင့် ပန်ရှန် တို့၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် မန်နေဂျာ လီ၏ မျက်နှာတွင်တော့ ရှုပ်ထွေးမှုများဖြင့်ပြည့်နေလေသည်။
ဇူကျောက်၏ တုံကုမ္ပဏီသည် သရေစာ အစားအစာကုမ္ပဏီတစ်ခုဖြစ်ပြီး၎င်း၏စျေးကွက်တန်ဖိုးသည် သန်း 100 ကျော်တန်ဖိုးသာရှိသည်။
အခု လူအုပ်စုက ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ အားလုံးဟာ အတိုင်းအတာတစ်ခုအထိ ကြီးမားနေပြီး စျေးကွက်တန်ဖိုးက သန်းရာချီ၊ ဒါမှမဟုတ် ဘီလီယံပေါင်းများစွာတောင် ရှိနိုင်သည်။
ဒီလိုမျိုး သူဌေးကြီးအုပ်စုက ဇူကျောက် ဆီကို ကိုယ်တိုင်ကိုယ်ကျ လာပြီးဂုဏ်ပြုတာလား။ဒါကမဖြစ်နိုင်ပေ။
ပြိးတော့ဇူကျောက်၏ တုံကုမ္ပဏီသည် အဲကုမ္ပဏီ၊ပန်ကူကုမ္ပဏီ နှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကလုံးဝလုံးဝမဖြစ်နိုင်ပေ။
ဆင်နှင့်ပုရွက်ဆိတ်များသည်သူငယ်ချင်းကောင်းများ မဖြစ်ပေဆိုသည့်စကားသည်အလကားမဟုတ်ပေ။သူငယ်ချင်းဖြစ်ချင်ရင်အရွယ်အစားတော့တူညီရမည်ဖြစ်သည်။ဇူကျောက်တို့ကုမ္ပဏီသည်ပုရွတ်ဆိတ်ဖြစ်ပြီးပန်ကူ၊အဲတို့သည်ဆင်များဖြစ်သောကြောင့်ပူပေါင်းဆောင်ရွက်မည်မဟုတ်ပေ။
ထို့နောက် မန်နေဂျာ လီသည် ဥက္ကဌအဖွဲ့ ဝင်လာသည့် မြင်ကွင်းကို ဖြည်းညင်းစွာ ပြန်စဉ်းစားလိုက်သည်။ ရှေ့တွင်ရပ်နေသော ဥက္ကဌ ဂျေချမိသည် ဘယ်ဘက်ကိုလှည့်ကာစကားပြောနေပုံရသည်။
ဇူကျောက်ရဲ့ဘယ်ဘက်ကလူက...
ဒါကိုစဉ်းစားမိပြီးနောက်မန်နေဂျာလီသည် လင်းဖန်ကို စိုက်ကြည့်ပြီးနောက်သူ့အမူအရာ ပြောင်းသွားလေသည်။
မန်နေဂျာ လီသည် လုပ်ငန်းခွင်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူတစ်ဦးဖြစ်ပြီး သူ၏ စူးစမ်းလေ့လာမှုနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းသည် သာမန်လူများထက် များစွာပိုသာသည်ဟုဆိုရမည်ဖြစ်သည်။
ခဏအကြာတွင် မန်နေဂျာ လီ က တုံ့ဆိုင်းသွားပြီး “အဟမ်း၊ ငါမင်းကိုမေးဖို့ မေ့သွားလို့ မင်းက...”
လင်းဖန်က သူစားနေသောတူနှစ်ချောင်းကို ချလိုက်ပြီး “ငါက ရှင်းရှင်းရဲ့ ချစ်သူ လင်းဖန်ပါ” လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ဒါဆိုဒါကမစ္စတာ လင်း ပေါ့၊မင်းကအခု မစ္စတာလင်း ဘာလုပ်နေလဲ မသိဘူး” မန်နေဂျာလီက မေးလိုက်သည်။
လင်းဖန်က “ဒီဒီမောင်းတယ်”ဟုအမှန်တိုင်းပြန်ဖြေလိုက်သည်။
ဇူကျောက်၊ ဒူရှောင်၊ ပန်ရှောင် တို့သည်လဲဒီစကားသံများကိုကြားလိုက်ရသည်။
ရုတ်တရက်ဆိုသလို ဇူကျောက် သည် လင်းဖန်ကို အထင်အမြင်သေးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
လင်းဖန်၏အဖြေကြောင့် မန်နေဂျာလီ အံ့အားသင့်သွားခဲ့သည်။
ဒီဒီ ကိုမောင်းတာလား။
ချမ်းသာသော ဒုတိယမျိုးဆက်သည် နိမ့်ကျဟန်ဆောင်နေတာမျိုးလား။
လီဂျင်က အဲဒါကို တွေးပြီး “ ရှင်းရှင်း ရဲ့ ချစ်သူ ဆိုတော့မင်းမိဘတွေကဘာလုပ်တာလဲ”
ဒါက်ုကြားတော့သူဘေးနားရှိရှင်းရှင်းသည်လဲအာရုံစိုက်နားထိုင်လိုက်သည်။
သူမသည်လဲဤမေးခွန်းကိုသိချင်ပုံရသည်။
“ချင်ရှီမှာ အထည်ဆိုင်သေးသေးလေးဖွင့်ထားပညတယ်။” လင်းဖန်က ပြောသည်။
မန်နေဂျာလီသည် လင်းဖန်၏ အဖြေကို ကြည့်ကာ မအံသြပဲမနေနိုင်ပေ။
လင်းဖန်၏အမူအရာသည် လိမ်ညာနေပုံမပေါ်ပေ။
တစ်နည်းဆိုရသော် သူသည် တကယ့် သာမန် ဒီဒီကားမောင်းသမားဖြစ်ပြီး သူ့တွင် ဘာနောက်ခံမရှိပေ။
ထို့ကြောင့် ထိုဥက္ကဌများသည် ဇူကျောက် ကြောင့် အမှန်တကယ် လာခြင်းဖြစ်နိုင်သည်။
တုံ ကုမ္ပဏီသည် အမှန်တကယ်ပင် မယုံကြည်နိုင်လောက်သော အခွင့်အလမ်းများ ရှိကောင်းရှိနိုင်သည်။
မန်နေဂျာ လီသည် လင်းဖန်နှင့် စကားစမြည်ပြောနေသည် ကိုမြင်တော့ဇူကျောက် က မျက်မှောင်ကြုတ်လိုက်ကာ “မန်နေဂျာ လီသူ့ကိုဘာတွေပြောနေတာလဲ”
မန်နေဂျာ လီသည် ဇူကျောက် ၏ မကျေမနပ်ဖြစ်အသံကို အလွယ်တကူကြားလိုက်ရပြီးနောက်သူသည်ချော့မော့သောလေသံ
ဖြင့်”ဘာမှမဟုတ်ပါဘူး လင်းဖန်က အရပ်ရှည်တယ်ဆိုတော့ လုံခြုံရေးအစောင့်အနေနဲ့ ငါတို့ကုမ္ပဏီကို လာဖို့ အရမ်းသင့်တော်တယ်လို့ပြောနေတာပါ..”
အခုတော့ မန်နေဂျာ လီက လင်းဖန် ရဲ့ အထောက်အထားကို အတည်ပြုပြီးနောက်ဇူကျောက်ဘက်သို့ တုံ့ဆိုင်းမနေဘဲဘက်ပြောင်းလိုက်သည်။
“လုံခြုံရေးအစောင့်တစ်ယောက်လား? ဟားဟားဒီအလုပ်က သူ့အတွက် အရမ်းသင့်တော်တယ်ထင်တယ်။ ဒါဆို မင်း(မန်နေဂျာလီ)တို့ကုမ္ပဏီက သူဌေးကို မင်းကို လစာ ယွမ် 5,000 ပေးခိုင်းလိုက်မယ်၊အဲ့ဒါကိုဘယ်လိုထင်လဲလင်းဖန်” ဇူကျောက်ကရယ်လျက်ပြောလိုက်သည်။
လင်းဖန်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့ “မင်းတို့ကလုံခြုံရေးအစောင့်လုပ်တာက ပိုသင့်တော်မယ်ထင်တယ်”
“ဟားဟား! တကယ်လား ဒါပေမယ့် ငါ့ဘဝမှာ ဒီလိုလုပ်ဖို့အခွင့်အရေး မရမှာကို ငါကြောက်တယ်” ဇူကျောက်သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးဟာသကို ကြားလိုက်ရသလိုမျိုး ရယ်မောလိုက်ကြသည်။
...
တစ်ဖက်တွင်၊ ဂျေချမ်ဥက္ကဌသည် VIP8 အခန်းမှ ထွက်ပြီးနောက်၊ သူသည် သူ၏အခန်းဆီသို့ တိုက်ရိုက်ပြန်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ခပ်ထွားထားကျောက်ဝမ်ရှောင် က “မစ္စတာ ဂျေ ခုနက ငါတို့ဂုဏ်ပြုခဲ့တဲ့လူက…” လို့ မေးလိုက်သည်။
အခန်းထဲက ဥက္ကဋ္ဌတွေ အားလုံးအဖြေကိုသေချာစွာနားထောင်ရန်အာရုံစိုက်လိုက်သည်။
သိသာပါတယ်၊ သူတို့လည်း ဒါကို အရမ်းသိချင်နေကြတယ်ဆိုတာ။
ကျောက်ဝမ်ရှောင် ၏မေးခွန်းကိုကြားပြီးနောက် ဂျေချမ်သည် အင်တာနက်ကွန်ဖရင့်ပွဲတွင် ဖြစ်သောအဲဥက္ကဌနှင့်ပန်ကူဥက္ကဌတို့သည်သူတို့မိန့်ခွန်းပြောနေရာမှဆင်းကာ လင်းဖန်နှင့် လက်ဆွဲနှုတ်ဆက်ကြသည်ကိုစဉ်းစားမိလိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန် သည် သူ၏စီးပွားရေးကတ်ပြားကို လက်ခံလိုက်သည့်မြင်ကွင်းကို ပြန်အမှတ်ရလိုက်ရာ သူ၏နှလုံးသံက အနည်းငယ် အရှိန်မြန်လာခဲ့သည်။
လင်းဖန်သည် သူ့ကိုယ် စိတ်ဝင်စားလာပါက(သူ့ကိုယ်-သူ့အလုပ်အကိုင်)၊ ၎င်းသည် သူ့အတွက်သေချာပေါက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။
ဂျေချမ်က စိတ်လှုပ်ရှားတဲ့လေသံနဲ့ “ကျန်ပေ့မှာကျင်းပတဲ့ အင်တာနက်ကွန်ဖရင့်မှာ အားလုံးပါဝင်တယ်မဟုတ်လား?”
“ပါဝင်တယ်လေ။” ဥက္ကဌများက တယောက်ပြီး တယောက် ပြန်ဖြေလိုက်သည်။
ထိုစကားကိုပြောပြီးနောက် သူတို့မျက်နှာပေါ်က သံသယတွေက ပိုလို့တောင် ပြင်းထန်လာခဲ့သည်။ အဲဒီလူငယ်တွေနဲ့ အင်တာနက်ကွန်ဖရင့်ကဘယ်လိုဆက်စပ်လို့လဲ။
ဂျေချမ် က “ဒါဆို ပန်ကူဥက္ကဌနဲ့ အဲဥက္ကဌတို့ စင်ပေါ်မှာ စကားပြောနေတဲ့အချိန်မှာရုတ်တရက် ဆင်းပြီးလူငယ်တစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ခဲ့တာကို မှတ်မိလား။”
ဥက္ကဌမျက တစ်ခုခုကို တွေးနေပုံရပြီး၊ သူတို့ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးသွားပြီး “မင်းဆိုလိုတာက...”
ဂျေချမ်က ခေါင်းညိတ်ပြီး “အရင်က အဖြူရောင်အင်္ကျီဝတ်ထားတဲ့လူငယ်ကမစ္စတာလင်းပဲ!”
ဥက္ကဋ္ဌ များအားလုံးက ဒါကိုကြားတော့ အသက်ရှူ ကြပ်သွားကြသည်။
ပန်ကူဥက္ကဌနှင့် အဲဥက္ကဌ ကဲ့သို့သော ထိပ်တန်း ပုဂ္ဂိုလ်ကြီးများက ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်နေကြသည်ကို သူတို့ ကောင်းစွာ သဘောပေါက်ကြသည်။သူတို့သည်လင်းဖန်ကိုမမှတ်မိခြင်းမှာအပြစ်မဆိုနိုင်ပေ။
ဘာလို့ဆို သူတို့သည် အဝေးတွင်ထိုင်နေသောကြောင့် လင်းဖန်၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သို့သော် လင်းဖန်အား ဂရုမစိုက်ဟုတော့မဆိုလိုပေ။
မတူတာကတော့…
အင်တာနက်ကွန်ဖရင့်အပြီးတွင် လင်းဖန် အကြောင်းကို မေးမြန်းခဲ့ကြသော်လည်းသိတဲ့သူတစ်ယောက်မှမရှိပေ။
ထို့အပြင် လင်းဖန်ကြောင့်၊နာမည်ကြီးအင်တာနက်ကုမ္ပဏီကြီးများစွာ၏ဥက္ကဌတို့နှင့်ညစာစားသည်ကိုတစ်ချို့လူတွေကနေသိရသည်။ တချို့လူတွေကထိုညစာကိုထရီလီယံ ညစာလို့တောင် ခေါ်ကြသည်
ဒါတွေအားလုံးကလင်းဖန် ရဲ့ ပြောင်မြောက်တဲ့ အဆင့်အတန်းကို လုံးဝ ပြသလိုက်သည်။
ပြီးတော့ ငါတို့ကဒီကောင်ကြီးကိုဂုဏ်ပြုပြီး. သူတို့ရဲ့စီးပွားရေးကတ်ကို ထုတ်ပေးခဲ့တာလား။
တွေးကြည့်လိုက်ရုံဖြင့် ဥက္ကဌများက အရမ်းဝမ်းသာသွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး