← Chapters

နောက်ထပ်ဝိုင်ပုလင်းတစ်လုံး

Vol. 16 Ch. 236

နောက်ထပ်ဝိုင်ပုလင်းတစ်လုံး

Vol. 16 Ch. 236

VIP8 အခန်း။

ဇူကျောက်၊ ဒူရှန်၊ ပန်ရှန်နဲ့ မန်နေဂျာလီတို့လို လူတွေက ထမင်းစားရင်းစကားစမြည်ပြောကာရယ်မောနေကြသည်။

ပန်ရှန်သည် နောက်ဆုံးဝိုင်နီကို သောက်ပြီးသည့်နောက်တွင် ပါးစပ်က တခစ်ခစ်ရယ်ကာ “ဒါကအင်ပါယာဟိုတယ်ရဲ့ အကောင်းဆုံး ဝိုင်နီဖြစ်ထိုက်တယ်” လို့ပြောလိုက်သည်။

ဇူကျောက် က ပြုံးလိုက်ပြီး “ ပန်ရှန်မင်းက သောက်ရတာ ကြိုက်တယ်ဆိုရငိနောက်တပုလင်း မှာရအောင် !”

စကားပြောပြီးနောက် ဝန်ဆောင်မှုခလုတ်ကို နှိပ်လိုက်သည်။

ခဏအကြာတွင် အထွေထွေမန်နေဂျာဝမ်ဖန်ရီဝင်လာလေသည်။

“မင်းတို့လိုအပ်တာတစ်ခုခုရှိလား?” ဝမ်ဖန်ရီ ပြုံးလိုက်ပြီး လင်းဖန်ကိုကြည့်လိုက်သည်။

ဇူကျောက်က “ဒီလိုဝိုင်နီထဲကအကောင်းဆုံးတစ်ပုလင်းယူလာပေးပါ!”

သူ့ရဲ့စိတ်ကူးက အရမ်းရိုးရှင်းသည်။ဝိုင်နီတစ်ပုလင်းသည်ယွမ် ၄၀,၀၀၀ မှ ၅၀,၀၀၀ ထိရှိသည်။

စားပွဲပေါ်ရှိ ဟင်းလျာများမှာ တစ်သောင်းမှ နှစ်သောင်းခန့်သာ ရှိသေးသည်။

အနည်းဆုံးသုံးစွဲမှုပမာဏဖြစ်သော88888 ယွမ်ကို ရောက်ရှိရန် ဝေးကွာနေသေးသည်။

ထို့ကြောင့်သူသည်အကောင်းဆုံးဝိုင်နီတစ်ပုလင်းသည် အနည်းဆုံး 100,000လောက်ရှိသည်။

ထို့အပြင်၊ သူ၏မိသားစုသည် ပန်ကူ၊ အဲကဲ့သို့သော ကုမ္ပဏီကြီးများနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုရှိနေပြီဖြစ်သည်။ အကောင်းစား ဝိုင်တစ်ပုလင်း အပိုသုံးတာကဘာမှမဖြစ်ပေ။

ဒါကို ဝမ်ဖန်ရိကြားတော့ သူ့မျက်နှာမှာ ထူးဆန်းတဲ့အမူအရာနဲ့”ဒီဝိုင်နီလိုမျိုးကိုမှအကောင်းစားဝိုင်တစ်ပုလင်း နောက်ထပ်တစ်ပုလင်းလား?”

“ဟုတ်တယ်!” ဇူကျောက်ကချက်ချင်းပြန် ပြောလိုက်သည်။

အတည်ပြုချက်ရရှိပြီးနောက် ဝမ်ဖန်ရီက နောက်ဆုံးတွင် ခေါင်းညိတ်ကာ “ကောင်းပြီ” ဟု ပြောကြားလိုက်သည်။

ခဏအကြာတွင် စားပွဲထိုး(ဝန်ထမ်း)သည်တူညီသော ဝိုင်နီပုလင်းကိုမှအကောင်းစားကိုယူလာခဲ့သည်။

ထို့နောက် သူတို့သည်ဝိုင်နီကိုရောက်ပြီးနောက်ကုန်သည်အထိသောက်လိုက်သည်။

ဝိုင်ကုန်ပြီးနောက်ဇူကျောက်၊ ပန်ရှန် ၊ ဒူရှန် ၊ မန်နေဂျာလီနှင့် အခြားသူများသည်အပြင်သို့ ထွက်လာခဲ့ကြသည်။

ဇူကျောက်သည် ဓာတ်လှေကားစီးနေရင်းလှောင်ပြောင်သည့်အကြည့်ဖြင့်လင်းဖန်ကို ကြည့်ကာ သူ့မျက်လုံးထဲတွင်ကောင်လေး၊ အခု မင်းနဲ့ ငါကြားက ကွာဟချက်ကို သိလားဟူ၍ပင်ဖြစ်သည်။

“ဒင်!”

ဓာတ်လှေကားသည် လျင်မြန်စွာဆင်းသွားပြီးနောက် အသံတိုးတိုးလေးဖြင့် ဖြည်းညှင်းစွာပွင့်လာခဲ့သည်။

ထို့နောက် ဇူကျောက်က ဦး ဆောင်ကာ ခန်းမအတွင်းရှိ ငွေရှင်းကောင်တာဆီသို့ လျှောက်သွားလိုက်သည်။

နောက်အခိုက်အတန့်တွင် ခန်းမတွင်းရှိ အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကိုသူတွေ့လိုက်သည်။

“ဖေဖေ!” ဇူကျောက် က အံ့အားသင့်စွာ အော်ခေါ်လိုက်သည်။

အခု သူလုပ်ချင်ဆုံးအရာက အိမ်ပြန်ပြီး သူ့ တုံ ကုမ္ပဏီမှာဘာပေါင်ကိုကိုင်ထားလဲဆိုတာသူ့အဖေကို မေးဖို့လုပ်ထားပေမဲ့အိမ်မပြန်ခင် မှာသူ့အဖေနဲ့တွေ့ဖို့ မမျှော်လင့်ထားပေ။

ဇူဒန်ကျူသည် သူ့သား ဤနေရာတွင် ပေါ်လာသည်ကို မြင်သောအခါတွင် သူ့မျက်နှာတွင် မထင်မှတ်ထားသော အမူအရာတစ်ခုပေါ်လာခဲ့သည်။

သိရန်၎င်းသည် အင်ပါယာ ဟိုတယ်ဖြစ်ပြီး ငွေသုံးစွဲမှုများမှာအလွန်မြင့်မားသည်။(vip8အခန်းကိုပြောတာပါ)

ဇူဒန်ချင်သူ ပင်လျှင် အရေးကြီးသော စီးပွားရေး ကိစ္စများရှိသောအခါမှသာအင်ပါယာဟိုတယ်ကို ရွေးချယ်သည်။

“မင်းဘာလို့ဒီကိုရောက်နေတာလဲ?” ဇူဒန်ချင် က မေးလိုက်သည်။

ဇူကျောက် “သူငယ်ချင်းတချို့ကို ညစာစားဖို့ ဖိတ်ခေါ်ထားတာပါ။ အဖေ၊ ကျွန်တော်မေးစရာရှိတယ်၊ ကျနော်တို့မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ကုမ္ပဏီကြီးတစ်ခုခုရှိသလား”

ဇူဒန်​ချင်သည် ယနေ့ညစာအတွက် ဖိတ်ကြားသူကို တွေးပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ “ဖြစ်နိုင်သည်” ဟု ပြောကြားလိုက်သည်။

“ဟားဟား! တကယ်လား?!” ဇူကျောက် က စိတ်လှုပ်ရှားစွာနဲ့ “အဲဒါမှမဟုတ် ပန်ကူမ္ပဏီလား”

ဇူကျောက်ပြောသောစကားကိုကြားပြီးနောက်ဒူရှန်၊ပန်ရှန်၊​မန်နေဂျာလီတို့ကဇူဒန်ချင်ပြောသည့်အဖြေကိုအာရုံစိုက်နေလိုက်သည်။

ဒါကိုကြားတော့ဇူဒန်ချင်က မျက်မှောင်ကြုတ်လိုက်ပြီး “အဲ၊ ပန်ကူတို့မဟုတ်ဘူးလေ!”

သူ့စိတ်ထဲမှာတော့စကားတစ်ခွန်းတော့ပြောလိုက်သည်။’’ ဒီကုမ္ပဏီကြီးတွေက ငါတို့ရဲ့ ကုမ္ပဏီငယ်လေးနဲ့ ဘယ်လို့ပူးပေါင်းရမှာလဲ။’’ဟူ၍ပင်ဖြစ်သည်။

ဇူကျောက် သည် ထိုစကားကိုကြားသောအခါ သူ အံ့အားသင့်သွားခဲ့သည်။

မဟုတ်ဘူးလား?

ဒါဆိုဘာလိုအင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာကသူ့ကိုကိုယ်တိုင်ကိုယ်ကျ ဝန်ဆောင်မှုတွေလုပ်နေရတာလဲ။(မှာထားတဲ့ဟင်းကိုကိုယ်တိုင်လာပို့တာ၊အခန်းကိုကိုယ်တိုင်လိုက်ပို့တာဒါတွေကိုပြောတာပါ)

ပြီးတော့ထိုကုမ္ပဏီကြီးများ၏ ဥက္ကဌက ဘာကြောင့် သူကိုဂုဏ်လာပြုတာလဲ။

“အစ်ကို လင်း”

ထိုအချိန်တွင် အဝေးမှ အံ့ဩဖွယ်ရာလေသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ထို့နောက် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်များ စီးထားသော အမျိုးသား အမျိုးသမီး တစ်စုသည် အဝေးမှ လျင်မြန်စွာ လာကြသည်။

သူတို့ကတော့လီယွင်ဟိုင်၊ ရှောင်ဝူ လက်ကားမြို့ဥက္ကဋ္ဌ ဇောင် ၊ မန်နေဂျာ လီနှင့် ရှင်းရှင်းတို့ ကုမ္ပဏီ၏ဥက္ကဌ စုပန်ချမ်...တို့ပင်ဖြစ်သည်။

“ မစ္စတာလီ ၊ မစ္စတာဇောင်၊မစ္စတာစု ...မင်္ဂလာပါ “ ဇူဒန်​ချင်က ကပျာကယာဖြင့်လေးစားစွာပြောလိုက်သည်။

“ဥက္ကဌစုမင်္ဂလာပါ” မန်နေဂျာ လီနှင့် ရှင်းရှင်းတို့ကလဲ ကပျာကယာ နှုတ်ဆက်လိုက်ကြသည်။

စုပန်ချမ်သည် သူတို့နှစ်ဦးကိုတွေ့ပြီးနောက်တွင် သူ မမျှော်လင့်ထားသော အမူအရာကိုပြသလိုက်သည်။

သို့သော် ၎င်းတို့နှစ်ဦးကို သူကလျစ်လျူရှုလိုက်သည်။

ဘာလို့လဲဆိုတော့ သူ့မှာ ပိုအရေးကြီးတဲ့ အရာရှိနေလို့ပင်ဖြစ်သည်။

လီယွင်ဟိုင် ကဇူဒန်ချင် ကိုကြည့်တောင်မကြည့်ပေ။သူသည် လင်းဖန်ထံသို့ သွားကာ ရွှင်မြူးသောလေသံဖြင့်” ငါတို့တွေကကြိုတင်ချိန်ထားသလားအောင်းမေ့ရတယ်”

“အရင်က ချင်ရှီမှာတွေ့တယ်၊အခုလဲကျန်ပေ့ မှာထပ်တွေ့ပြန်တယ်!”

စကားပြောနေစဉ် လီယွင်ဟိုင် က သူ့လက်ကို လင်းဖန်၏ပခုံးပေါ် တိုက်ရိုက်တင်လိုက်သည်။

သူ့ဘေးနားရှိ ရှောင်ဝူလက်ကားစီးတီး(မြို့)၏ ဥက္ကဌ ဇာင် က “မင်္ဂလာပါ မစ္စတာလင်း။”

ရုတ်တရက် လူတိုင်းက လင်းဖန်ကို အာရုံစိုက်လာကြသည်။

ဇူကျောက် ၊ ပန်ရှန်၊ ဒူရှန် ၊ မန်နေဂျာလီနှင့် အခြားသူများ သည် သူတို့၏ နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာလေသည်။

“မင်းက...ဘယ်သူလဲ?” ဇူကျောက် က မေးလိုက်သည်။

လင်းဖန် က “မစ္စတာဇူ ၊ မင်းက အရမ်းကိုကြီးမြတ်တဲ့လူတစ်ယောက်ပါ။ ငါကဒီဒီ ကားသမားပဲလေ၊ဒါကြောင့်သူ့နာမည်ကို မေ့လိုက်ပါ၊ မင်းနဲ့မန်နေဂျာလီကငါ့ကို လုံခြုံရေးအတွက် အသင့်တော်ဆုံးလူလို့ပြောထားတယ်မလား”

ဒါကိုကြားတော့ ရုတ်တရက်ဆိုသလိုပဲ ဇူဒန်ချင်၊ လီယွင်ဟိုင်၊ ဇောင်၊ စုပန်ချမ်နဲ့ တခြားသူတွေက ဇူကျောက် နဲ့မန်နေဂျာလီကို မျက်လုံးပြူးစွာဖြင့်ကြည့်လိုက်သည်။

နေရာရှိ လေထုသည် ရုတ်ချည်း အေးခဲလို့သွားသည်။

လီယွင်ဟိုင်က အေးစက်စွာပြောလိုက်သည်။” အစ်ကိုလင်းရဲ့ ဟိုတယ်မှာ အစ်ကို လင်း က အသင့်တော်ဆုံး လုံခြုံရေး အစောင့်လို့ ပြောရဲတာလား။အစ်ကိုလင်းကိုဘယ်သူ့မှအဲ့လိုမပြောရဲဘူး။”

ဤစကားထွက်လာသည်နှင့်တပြိုင်နက် ဇူဒန်ချင်၊ စုပန်ချမ်၊ ဇူကျောက်၊ ပန်ရှန်၊ ဒူရှန် နှင့်အခြားသူများသည်ရုတ်တရက်ရုတ်တရက်နှလုံးခုန်မြန်သွားခဲ့သည်။

လင်းဖန် ရဲ့ ဟိုတယ်လား။

တစ်နည်းအားဖြင့်ပြောရရင်တော့အင်ပါယာဟိုတယ်က လင်းဖန်အပိုင်လား။

လူတိုင်း၏ ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီသည် အဝေးမှ လမ်းလျှောက်လာပြီး “မင်္ဂလာပါ မစ္စတာလင်း”

“ဒင်!”

ထိုအချိန်တွင် ဓာတ်လှေကားတံခါးများ ပွင့်လာသည်။

အင်တာနက်ကုမ္ပဏီဥက္ကဌ ဂျေချမ်၊ချူကျောက်သတင်း၊မီဒီယာကုမ္ပဏီ ဥက္ကဌ ကျောက်ဝမ်ရှောင် နှင့် VIP 8 အခန်းထဲတွင် ယခင်က ဂုဏ်ပြုခဲ့သောအခြားသူများလဲ ထွက်လာခဲ့ကြသည်။

လင်းဖန်ကို တွေ့လိုက်သောအခါ သူတို့ကချက်ချင်းအရှိန်မြင့်ပြီးလျှောက်လာကြသည်။

ထို့နောက် “မင်္ဂလာပါ မစ္စတာလင်း” ဟု လေးလေးစားစား ပြောလိုက်ကြသည်။

ဒါကိုမြင်ပြီးနောက်ဇူကျောက်၊ မန်နေဂျာလီ၊ ပန်ရှန်၊ ဒူရှန် နှင့် အခြားသူများ အားလုံးကိုနားလည်သွားကြသည်။

လင်းဖန်သည် အင်ပါယာဟိုတယ် ၏ပိုင်ရှင်ဖြစ်သောကြောင့် အင်ပါယာဟိုတယ် ၏ အထွေထွေမန်နေဂျာသည် လူတိုင်းကို ပုဂ္ဂိုလ်ရေးအရ ဘာကြောင့်ဝန်ဆောင်မှုပေးတယ်ဆိုတာကို နားလည်လိုက်ကြသည်။

လင်းဖန်သည် ထူးခြားသောလက္ခဏာရှိသောကြောင့် ဥက္ကဋ္ဌများကဂုဏ်ပြုရန်အခန်းသို့လာရခြင်းအကြောင်းကိုလည်း နားလည်လိုက်သည်။

သူ့သားက ဒီလောက်ကြောက်စရာကောင်းတဲ့လူကို နှိုးဆော်နေတာမြင်တော့ ဇူဒန်ချင်တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ လက်ကို မြှောက်ပြီးဇူကျောက် ရဲ့ မျက်နှာကို ရိုက်လိုက်ပြီး “မြန်မြန်မစ္စတာလင်းကို တောင်းပန်လိုက်လေ!”ဟုပြောလိုက်လေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters