တောင်းပန်ခြင်း
Vol. 16 Ch. 237
“ပါ့!”
ဤပါးရိုက်သံသည် အလွန်ကျယ်လောင်သောကြောင့် အင်ပါယာဟိုတယ် ရှိလူတိုင်းကကြားလိုက်ကြသည်။
ဇူကျောက်၏ ဘယ်ဘက်ပါးသည် လျင်မြန်စွာ နီရဲလာခဲ့လေသည်။
ဒီလို ပါးရိုက်ခံလိုက်ရခြင်းကြောင့်သူသည်မစော်ကားသင့်သောသူကိုစော်ကားလိုက်ပြီဆိုတာကိုနားလည်လိုက်သည်။
ဒါကြောင့် သူ ထိတ်လန့်တကြားနဲ့ “ တောင်းပန်ပါတယ်... လင်း... မစ္စတာလင်း”
သူ့ဘေးမှာရပ်နေတဲ့ စုပန်ချမ် ကလဲ “လီဂျန်! မစ္စတာလင်းကို မြန်မြန်တောင်းပန်လိုက်လေ”
ထိုအချိန်တွင်၊ စုပန်ချမ်ကလီဂျန်ကသူ့သားဖြစ်ဖို့ကိုမျှော်လင့်ထားသည်။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ သူ့ဒေါသကို ဖြေဖျောက်ဖို့ အတွက်လီဂျန်ရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်လို့ပင်ဖြစ်သည်။
စုပန်ချမ်၏စကားကြောင့်မန်နေဂျာလီသည် ထိတ်လန့်တုန်လှုပ်သွားပြီးကမှန်းကတန်းဖြင့်သူက “လင်း...မစ္စလင်း၊ တောင်းပန်ပါတယ်... တစ်ကယ်တောင်းပန်ပါတယ်”
ဤအခိုက်အတန့်တွင် မန်နေဂျာလီသည်ထိတ်လန့်ခြင်းအပြင် အဆုံးမဲ့နောင်တရမှုလဲရှိနေလေသည်။
ဂျေချမ် က လင်းဖန်ဘက်ကိုလှည့်ပြီးစကားပြောတာကိုသူသတိထားမိသည်။ဒါတောင်သူကလင်းဖန်ကိုလှောင်ပြောင်ခဲ့သည်။
လင်းဖန်သည် သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။
“မင်းတို့စားနေတုန်းမလား၊ ငါက စားပြီးပြီဆိုတော့အရင်သွားပြီ”
ထို့နောက် သူ့ဘေးနားတွင် လုံးဝအံ့အားသင့်နေသော ရှင်းရှင်းအား “သွားရအောင်” ဟုပြောလိုက်သည်။
“အ...အင်...” ရှင်းရှင်းက အထစ်ထစ်ဖြင့်ပြန်တုံ့ပြန်ပြီးနောက် လင်းဖန်နောက်ကိုလိုက်သွားလေသည်။
လင်းဖန် ထွက်သွားပြီးနောက် အင်ပါယာဟိုတယ်၏ ဧည့်ခန်းရှိ လေထုသည် ပို၍ပင် အေးခဲလာခဲ့သည်။
ဇူဒန်ချင်က သူ့လည်ချောင်းကနေပြောမည့်စကားလုံးများကိုအတင်းညှစ်ထုတ်လိုက်ပြီး “ငါ... ငါတို့ စားဖို့ကျန်သေးလို့အခန်းကိုသွားပြီ?”
“စားမလို့ဟား...ဟား....” လီယွင်ဟိင်က ရယ်မောလိုက်ပြီးနောက်လှည့်ထွက်သွားလိုက်သည်။
ရှောင်ဝူ လက်ကားမြို့ ဥက္ကဌ ဇောင် နှင့် လူအုပ်ကြီးသည် သူ့နောက်ကနေလိုက်သွားခဲ့သည်။
စုပန်ချမ် သည် ထွက်ခွာသွားသူတိုင်း၏ နောက်ကျောကို ကြည့်ပြီးနောက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
သူ့ကုမ္ပဏီဟာ အခုအချိန်မှာ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီဖြစ်သည်။ ဒီနေ့ထမင်းစားဖိတ်ဖို့ ကိုသူဘယ်လောက်ကြိုးစားခဲ့ရလဲ။သူတို့သာလက်ခံရင် ကုမ္ပဏီကအကျိုးအမြတ်တွေရမည်ဖြစ်သည်။
အခုတော့အားလုံး ပြီးသွားပြီ။
“လီဂျန် အခုကစပြီးမင်းကိုအလုပ်ထုတ်လိုက်ပြီ၊ဒါကြောင့်အခုကစပြီးမင်းကငါတို့ ကုမ္ပဏီရဲ့ မန်နေဂျာ မဟုတ်တော့ဘူး!”
ဒါကိုကြားတော့လီဂျန်၏ မျက်နှာသည် ချက်ချင်းပင်ဖြူဖျော့သွားတော့သည်။
လက်ရှိရာထူးရအောင်သူသည်ကုမ္ပဏီတွင်နှစ်ပေါင်းများစွာ ပင်ပန်းအောင်အလုပ်လုပ်ခဲ့ပြီးမှရခြင်းဖြစ်သည်။
အခုတော့အားလုံးပြီးပြီ။
လီဂျန်က စိုးရိမ်တကြီးနဲ့ “ ဥက္ကဌ၊ ကျေးဇူးပြုပြီး ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ”
ဒါပေမယ့် စုပန်ချမ်ကတော့ သူ့ကို လုံးဝ လျစ်လျူရှုပြီး အပြင်ကို ထွက်သွားလိုက်သည်။
ဇူဒန်ချင်သည် မျက်လုံးမှေးစင်းကာဇူကျောက်ကို အေးစက်စွာ ကြည့်လိုက်သည်။
သူသာတတ်နိုင်ရင်စုပန်ချမ်လိုလုပ်ပစ်လိုက်ချင်သည်။
သို့သော်သူ့သည်အဲ့လိုလုပ်၍မရပေ။ဘာလို့ဆိုဇူကျောက်ကသူ၏တစ်ဦးသောသားဖြစ်သောကြောင့်ဖြစ်သည်။
ဇူဒန်ချင် က အသက်ပြင်းပြင်းရှူပြီး “မင်းကိုငါ့ကိုဒုက္ခပေးနေတာပဲ၊သွားကြရအောင်”
ဇူကျောက် က “ကောင်းပြီ အဖေ။”
ထို့နောက် သူတို့သားအဖတို့သည် အင်ပါယာ မှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
ဒီအချိန်မှာ ဝမ်ဖန်ရီ က “တောင်းပန်ပါတယ် မင်းတို့အခုထွက်သွားလို့မရသေးဘူး”
“အိုး?” ဇူဒန်ချင်ကအံသြ သွားသည်။
ဝမ်ဖန်ရီက “မင်းရဲ့သားက ငွေမရှင်းရသေးဘူး”
ဇူကျောက်က “ဘယ်လောက်လဲ?”
စကားပြောနေရင်းနဲ့ သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
ဝမ်ဖန်ရီက “စုစုပေါင်း 2,352,168 ယွမ်”(23သန်းကျော်)
“ပါ .....ဘယ်လောက်လဲ?” ဇူကျောက်က အနည်းငယ်တုန်လှုပ်သောလေသံဖြင့် မေးလိုက်သည်။
ဝမ်ဖန်ရီက က “သြစတြေးလျ ပုစွန်ပုစွန်တစ်ကောင်က ၃၈၈၈ ယွမ်၊ ရေခဲငှက်သိုက်က ၄၄၈၈ ယွမ်..... ဝိုင်က၂၂၁၆၈၈၀ ယွမ်” ဟု ဝမ်ဖန်ရီက ပြောလိုက်သည်။
“ဘာလို့ဝိုင်က ဒီလောက်ဈေးကြီးရတာလဲ၊ ငါ Moutaiပုလင်းအနည်းငယ်နဲ့ အဲ့ထက်ကောင်းတဲ့ဝိုင်နီနှစ်ပုလင်းပဲသောက်ခဲ့တာလေ” ဇူကျောက်ကအော်ပြီးပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းက ငါတို့အင်ပါယာဟိုတယ်ရဲ့အကောင်းဆုံးဖြစ်တဲ့1945 Margaux ဝိုင်နီနှစ်ပုလင်းကို မှာထားလို့ပင်ဖြစ်သည်။” ဝမ်ဖန်ရီကရှင်းပြသည်။
“မိုက်ရိုင်းလိုက်တဲ့ကောင်” ဇူဒန်ချင်က ကျယ်လောင်စွာအော်ပြောလိုက်ပြီး သူက သူ့လက်ကို မြှောက်လိုက်ပြီး ဇူကျောက်ရဲ့ ပါးကိုဖြတ်ရိုက်လိုက်သည်။
“ပါ့”
ရုတ်တရက်ဆိုသလိုပဲ ဇူကျောက်ရဲ့ ညာဘက်မျက်နှာတစ်ခြမ်းဟာ နီရဲလို့လာလေသည်။
…………
လင်းဖန်သည် အင်ပါယာဟိုတယ်တွင် ဘာတွေဆက်ဖြစ်မှန်းသူမသိပေ။
အင်ပါယာဟ်ုတယ်ငနေထွက်ပြီးနောက်သူသည် ပပုံမှန်သာရှိသောရပ်ကွက်သို့ကားမောင်းသွားလိုက်သည်။
လင်းဖန်သည် ဒီနေရာကိုရောက်တော့သူ့မျက်နှာတွင် ထူးဆန်းသောအကြည့်ဖြင့်ရပ်ကွက်အတွင်းရှိ ရင်းနှီးပြီးသား အဆောက်အအုံများကို ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် ၎င်းနေရာတွင်စနစ်မရမီနေထိုင်ခဲ့သောကြောင့်ဖြစ်သည်။
အိမ်ရှင်ဝမ်စီကျူသည် မည်မျှ စိတ်အနှောက်အယှက် ဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ရှင်းရှင်းသည် ယခုအချိန်တွင်အင်ပါယာဟိုတယ် ၏အရေးကိစ္စများမှ ပြန်လည်သက်သာလာပြီး “ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်...” လို့ တိုးတိုးလေးပြောလိုက်သည်။
လင်းဖန်က ပေါ့ပေါ့ပါးပါးဖြင့်ပြန်ပြောလိုက်သည်။” ရပါတယ်၊ ဒါက ကိစ္စသေးသေးလေးပဲ “
ရှင်းရှင်းသည် တစ်စုံတစ်ခုကို ပြောချင်သလိုပင် သူမ၏ ချယ်ရီပန်းနှင့်တူသော ပါးစပ်လေးကို ထပ်မံဖွင့်လိုက်သည်။
ဒါပေမယ့် အဆုံးမှာတော့ စကားမပြောဘဲ သူမနေသောအဆောက်အဦးဆီ လျှောက်သွားခဲ့သည်။
လင်းဖန်သည် ကားထဲတွင် နေရာတာအနည်းငယ်မွန်းကြပ်နေသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ကားပေါ်မှ ဆင်းကာ အသက်ပြင်းပြင်းရှုလိုက်လေသည်။
ထို့နောက်လင်းဖန်သည်စနစ်၏မစ်ရှင်သို့အာရုံစိုက်လိုက်သည်။
မစ်ရှင် အထူး ဒီဒီအမှာစာ ၅ ခုကို ဖြည့်ပြီးရင် ရွှေရောင်စာအိတ် ၅ စောင်ကို ဆုချမည်ဖြစ်သည်။ တိုးတက်မှု: 2/5 ။
ဒါကိုကြည့်ပြီးလင်းဖန်အနည်းငယ်ပျော်သွားလေသည်။
“ဟင်! ဒါက လင်းဖန် မဟုတ်ဘူးလား?” ထိုအချိန်တွင် သူ့နောက်ကနေအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းဖန်က လှည့်မကြည့်ရင်တောင် ဒီအသံပိုင်ရှင်က သူ့အရင်အိမ်ရှင် ဝမ်စီကျူဆိုတာကို သူသိလေသည်။
ဝမ်စီကျူ က လှောင်ပြောင်တဲ့လေသံဖြင့်- “အရင်တုန်းက မင်းကသန်းဆယ်နဲ့ချီတန်တဲ့မမောင်းခဲ့ဘူးလား၊ အခုဘာလို့ Santana(ကား) ကို ပြောင်းလိုက်ရတာလဲ”
“စကားမစပ်၊ မင်းဘာလို့ ငါတို့ရပ်ကွက်ကို လာတာလဲ။ ဘာလဲအိမ်ထပ်ငှားချင်လို့လား။ငါတို့မိသားစုမှာ အိမ်အလွတ်တစ်လုံးတော့ရှိသေးတယ်၊ ဒါပေမယ့် စျေးက အရင်ထက် တစ်လကို 100 ပိုများမယ်”
ထိုအချိန်တွင် ဝမ်စီကျူသည် အလွန်ပျော်နေလေသည်။
ဝမ်စီကျး သည် သန်းပေါင်းများစွာတန်သော ပြိုင်ကား နှင့် အိမ်ခြံမြေ လက်မှတ်များ အများအပြား ကိုင်ထားသောလင်းဖန်ကို မြင်သောအခါတွင် သူသည် အိပ်မပျော်နိုင်လောက်အောင် မနာလိုဖြစ်နေလေသည်။
ဒီနေ့မှာတော့ လင်းဖန် က Santana(ကား)ကို ရပ်ကွက်ထဲသို့မောင်းပြီးပြန်လာသည်။ဒါက်ုတွေ့ပြီးနောက်သူမ၏ ယခင် မနာလိုမှုတို့သည် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
“ငါ....”
လင်းဖန်၏ စကားမဆုံးမီတွင် အဝေးမှကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် BMW 530li(ကား)တစ်စီးသည် သူ့ဘေးတွင် ရပ်တန့်သွားခဲ့သည်။
ဟေးတီသည် သွယ်လျသော ခြေသလုံးဖြူဖြူများ နှင့် ကားထဲကနေထွက်လာရင်း “လင်းဖန်ငါမင်းလူမှားပြိးမြင်နေတယ်ထင်တာနင်အမှန်တကယ်ဖြစ်ဖို့မမျှော်လင့်ထားဘူး “
လင်းဖန်အမည်ကို ခေါ်လိုက်သောအခါတွင် သူမ၏အသံသည် ချက်ချင်ချိုမြိန်သွားပြီးသူမက “မူလက မနက်ဖြန်မှာ မင်းကို ရှာဖို့ စီစဉ်နေတာ၊ မထင်မှတ်ထားပဲ ဒီနေ့တိုက်တိုက်ဆိုင်ဆိုင်ကိုတွေ့တာ။”
“ငါ့ကို ရှာမလို့လား?” လင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဟေးတီ က “ဟုတ်ကဲ့၊ ဝမ်ကျင်းဟန်ဖူ ရှိ အိမ် 132 လုံးနဲ့ ဇူဟန်ရီတန် မှာရှိတဲ့ 1058 အိမ်အတွက် ငှားရမ်းခကို အားလုံးလက်ခံရရှိပြီးပါပြီ... ကျန်တဲ့ဟာတွေကို အတိအကျအသေးစိတ်ပြောပြပါ့မယ်။ ပြဿနာမရှိပါဘူးဆိုရင် မင်းဆီကို ငါငွေလွှဲပေးလိုက်ပါ့မယ်”
ဒီစကားထွက်လာတာနဲ့သူ့ဘေးမှာရပ်နေတဲ့ ဝမ်စီကျူ က ချက်ချင်းဆိုသလို သူ့ပါးစပ်ကိုဖွင့်လိုက်ပြီးကြောင်တက်တက်အမူအရာဖြင့်ရှိနေလေသည်။
အခုကတစ်ပိုင်စတည်းပါ။မနက်ကျရင်နောက်တစ််ပိုင်းတင်ပေးပါ့မယ်။ဆေးခန်းထပ်သွားလို့ပါ။မျက်စိကကောင်းနေပါပြီသေချာအောင်လို့ပါ။😁😁😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး