← Chapters

ငါ့နာမည်ပြောလိုက်

Vol. 16 Ch. 238

ငါ့နာမည်ပြောလိုက်

Vol. 16 Ch. 238

ဝမ်ကျင်းဟန်ဖူရှိ အိမ် 132 လုံး။

ဝမ်ကျင်းဟန်ဖူသည် ကျန်ပေ့၏အကောင်းဆုံးကျောင်းခရိုင်အခန်းဖြစ်သည်။ အိမ်ဈေးကတော့ တစ်စတုရန်းမီတာကို ၅၀၀၀၀ ဖြစ်သည်။ပြီးတော့အိမ်၁၃၂ လုံးလဲရှိသည်ဒါဆို အားလုံးက်လောက်တောင်ရှိမလဲ?

ဒီအိမ်ငှားခ တစ်ခုတည်း ကပင်ငွေအများကြီးကိုရမည်ဖြစ်သည်။

ဇူဟန်ရီတန် သည် ကျန်ပေ့တွင်ကျော်ကြားသောအိမ်ရာကြီးဖြစ်ပြီးတစ်ခုချင်းစီသည်အနည်းဆုံး 5 သိန်းရှိသည်။ဒီလိုမျိုး1058 ကျော်ရှိသည်။ ဒါဆိုအိမ်ငှားကဘယ်လောက်တောင်မှရလိုက်မလဲ။

ဒါကိုစဉ်းစားမိပြီးဝမ်စီကျူကခေါင်းတစ်ခုလုံးကို ငုံ့ထားမိလိုက်သည်။

ထိုအချိန်တွင်ဟေးတီ က “ဝမ်ကျင်းဟန်ဖူမှာ သုံးလငှားရမ်းခ စုစုပေါင်း ယွမ် 1,298,800”

“ဇူဟန်ရီတန်မှာ သုံးလငှားရမ်းခက စုစုပေါင်း ယွမ် 10,212,880 ပါ’’

စကားပြောနေစဉ် ဟေးတီ သည် ကားထဲက စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည် ။

ဒါကိုကြားတော့ ဝမ်စီကျူက အသက်ရှုကျပ်လာသလို ခံစားလိုက်ရသည်။

1.29 သန်း၊ 10.21 သန်း။

သူ့မတစ်သက်မှာ ဒီလိုပိုက်ဆံအများကြီးကိုတစ်ခါမမြင်၊မကြားဖူးပေ။ ဒါက လင်းဖန်ရဲ့ သုံးလစာအိမ်ငှားခပဲရှိသေးတယ်။

လင်ဖန်းသည် စာရွက်ကို မကြည့်ဘဲ “ငါတို့ကြားက ဘာလို့ ဒါတွေကိုကြည့်စရာလိုလို့လဲ။ အချိန်နည်းနည်းစောနေသေးတယ်။ငါတို့တစ်ခုခုသွားစားမလား”

လင်းဖန်က ဒီပိုက်ဆံတွေကို ဂရုမစိုက်ပေ။

လင်းဖန်သည် သူ့မကိုအလွန်ယုံကြည်သည်ကို မြင်တော့ ဟေးတီက ပြုံးပြီး “ကောင်းပြီ”ဟုပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည်ဘေးနားတွင်ရပ်နေသောဝမ်စီကျူကိုအနှောက်အယှက် မပြုဘဲ သူတို့ကားထဲသို့ ဝင်ကာ အရှိန်မြှင့်ပြီးမောင်းနှင်သွားတော့သည်။

နှစ်ယောက်သားသည် ညစာအတွက် အဆင့်မြင့်စားသောက်ဆိုင်ကို မသွားခဲ့ကြဘဲဟေးတီ၏ ဖိတ်ကြားချက်အရ သူမအိမ်သို့ ရောက်သွားလိုက်ကြသည်။

ဟေးတီ ၏အိမ်သည် အလွန်သန့်ရှင်းသပ်ရပ်လျသည်။ အဖြူရောင်အစေးခြယ်ထားသော နံရံများနှင့် အနက်ရောင်ဆေးခြယ်ထားသော တံခါးဘောင်များသည် အိမ်တစ်ခုလုံးကို ခေတ်မီပြီး ရိုးရှင်းသောပုံစံကိုအပြည့်အဂပြသနေသည်။

သူ့မအိမ်သို့ရောက်ပြီးနောက် လင်းဖန်အား သူမကိုယ်တိုင်ကိုယ်ကျ ချက်ပြီးကြွေးလေသည်။

ထမင်းစားပြီးသောအခါသူမသည်လတ်ဆတ်သော အသီးအနှံ ပန်းကန်ပြားတစ်ချပ်ကို ယူလာလိုက်လေသည်။

လင်းဖန်က ရေစိုနေတဲ့ စပျစ်သီးကိူလိုက်ပြီး “တင်သွင်းတဲ့ အသီးအနှံကိုစားဖူးလား” လို့ မေးလိုက်သည်။

“အသီးအနှံကိုတင်သွင်းစားတာလား?” ဟေးတီသည် လင်းဖန်က ဘာကြောင့် ဒီလိုမေးတာလဲ သူမနားမလည်ပေ။

လင်းဖန်က ပြုံးလိုက်ပြီး “မင်းမစားဖူးဘူးမလား၊ဒီနေ့ ငါမင်းကိုအဲ့ဒါကိုကြွေးဖို့အခွင့်အရေးရပြီ” လို့ပြောလိုက်သည်။

စကားပြောပြီးနောက်၊ သူသည် စပျစ်သီးကို ပါးစပ်ထဲသို့ထည့်ပြီးနောက် ဟေးတီဆီသို့ သွားကာနှုတ်ခမ်းကိုနမ်းလိုက်လေသည်။

( ̄ε ̄)

?(ˉ﹃ˉ)(နှုတ်ခမ်းခွာတဲ့ပုံပါ)

​နမ်းပြီးနောက်လင်းဖန်သည်သူမကိုမချီကာကုတင်ပေါ်သို့ခေါ်သွားလေသည်။ပြီးနောက်လင်းဖန်နှငိ့ဟေးတီတို့သည်အချစ်အရသာကိုစတင်ခံစားတော့သည်။

.......

နောက်တစ်နေ့။

လင်းဖန်သည် နံနက်စာကို ဖြည်းညှင်းစွာစားပြီးနောက် အောက်ထပ်သို့ဆင်းကာဒီဒီအလုပ်ကိုပြန်လည်စတင်တော့သည်။

အော်ဒါလက်ခံဖို့ခဏသာ မောင်းရလေသည်။

၎င်းသည် သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ကားပေါ်တက်ပြီးနောက် သွားလိုသည့်တည်နေရာကိုပြောကာမိုဘိုင်းလ်ဖုန်းဖြင့် ကစားနေလိုက်သည်။

လင်းဖန်သည်ဒီရုံးဝန်ထမ်းကိုပို့ပြီးနောက်စနစ်မစ်ရှင်ကိုစစ်ဆေးလိုက်သော်လည်းဒီရုံးဝန်ထမ်းကိုပို့ရသည့်အလုပ်မှာ​အထူးအော်ဒါမဟုတ်ခဲ့ပေ။

ထို့နောက် လင်းဖန်သည် ကျယ်ဝန်းသော လမ်းမကြီးပေါ်တွင် အေးအေးဆေးဆေး မောင်းနှင်နေလေသည်။

“ဒင်!”

ထိုအချိန်တွင် သူ၏ လက်ကိုင်ဖုန်း အနည်းငယ် တုန်ခါသွားပြီး နောက်ထပ်ဒီဒီ အော်ဒါတစ်ခု ပေါ်လာခဲ့သည်။

လင်းဖန်သည် စတီယာရင်ကို လှည့်ကာ ဒောာဒါမှာသူ၏နေရာကို အမြန်ရောက်လာခဲ့သည်။

လင်းဖန်သည်အော်ဒါမှာသည့်နေရာတွင်လူနှစ်ယောက် ကိုမြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူတို့တွေကလင်းဖန်ရဲ့အသိအကျွမ်းဖြစ်ပြီး၊ သူနဲ့မတွေ့တာကြာပြီဖြစ်တဲ့ အထက်တန်းကျောင်းကအတန်းဖော်လီဂိုယောင်ပင်ဖြစ်သည်။

“လီဂိုယောင်” လင်းဖန်က အော်လိုက်သည်။

လီဂိုယောင်သည် လင်းဖန် ကို လုံးဝသတိမထားမိပေ။

ထိုအချိန်တွင် အသံကြားပြီးနောက် လှည့်ကြည့်လိုက်​ကာ “လင်းဖန် ဟားဟား။ ငါတို့ မတွေ့တာတောငတော်တော််ကြာပြီ!”

လင်းဖန် က “ဟုတ်တယ်၊ ငါတို့ အထက်တန်းကျောင်းပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ”

“စကားမစပ်၊ မင်း က ကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေတယ်ဆိုတာ ငါကြားပါတယ်?ဒါပေမဲ့အခု မင်းဘာလို့ ဒီဒီမောင်းနေတာလဲ။” လီဂိုယောင်က မေးလိုက်သည်။(လင်းဖန်ဒီဒီမောင်းတာဘယ်လိုသိလဲဆိုလင်းဖန်မောင်းတဲ့ကားနံပါတ်ကိုဒီဒီမှာစရင်းသွင်းတော့ကားနာပါတ်...စတယ်ဆိုတာကိုသွင်းရတယ်လေ။မှာလိုက်တာနဲ့ဒီဒီမောင်းတဲ့ကားနံပါတ်ကိုမှာတဲ့သူစီပို့ပေးတာပါ😁😁😁ရှုပ်သွားလားမသိဘူး)

လင်းဖန်က “ခဏတာမောင်းတာပါ”

လင်းဖန်က ဒီအကြောင်းကို လိမ်ညာပြီးပြောခဲ့တာမဟုတ်ပေ။

သူဘာလို့မောင်းရတာလဲဆိုရင်တာဝန်ကိုလဲပီးမြောက်ချင်သည်။ပြီးတော့လဲသူကအေးအေးဆေးဆေးကားမောင်းရင်းပျော်ချင်သေးသည်။

လင်းဖန်သည် မနေ့က ချစ်သူဟန်ဆောင်တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် မှာသူသည်ဒီဒီမောင်းတာက စိတ်ဝင်စားဖို့ကောင်းတယ်လို့တွေးလိုက်သည်။

သို့သော် လင်းဖန်ပြောလိုက်သောစကားသည်လီဂိုယောင်၏နားထဲတွင် အဓိပ္ပါယ်တစ်မျိုးဖြစ်သွားသည်။

မကြာသေးမီက လီဂိုယောင် သည် အတန်းထဲတွင် လင်းဖန် သည် အချမ်းသာဆုံး ဒုတိယမျိုးဆက်ဟု ပြောသော အတန်းဖော်တစ်ဦးကို တွေ့ခဲ့လေသည်။အဲ့ပြောတဲ့လူကပဲလင်းဖန်သည်ကျန်ပေ့ တက္ကသိုလ်တွင် ပညာသင်နေတယ်ဆိုတာကိုလဲကားလိုက်ရသည်။

အခု ဒီကိစ္စက မမှန်ဘူးလို့ ငါထင်တယ်။

လီဂိုယောင်ဒီလိုတွေးမိသည်မှာ အံ့သြစရာမဟုတ်ပေ။

ဘယ်ကောလိပ်ကျောင်းသားကများဒီဒီဖွင့်ဖို့အချိန်ရှိမှာလဲ။သူတို့ကနေ့တိုင်းအတန်းတက်ရသောကြောင့်ဖြစ်သည်။

ချမ်းသာသော ဒုတိယမျိုးဆက်ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ပေ။

ချမ်းသာသော ဒုတိယမျိုးဆက်အချို့မှာ ၎င်းတို့သည် ဘဝတွေ့ကြုံအတွက်ဒီဒီမောင်းသည်ဟုဆိုနိုင်သည်။

သူတို့သည်ဒီဒီမောင်းသောအခါPorsches (ကား)နှင့် Bentleys(ကား) ကဲ့သို့သော ဇိမ်ခံကားများကို များသောအားဖြင့် မောင်းနှင်ကြသည်။

ချမ်းသာသော ဒုတိယမျိုးဆက်သည် Santana(ကား) ကို မည်သို့မောင်းနှင်မည်သနည်း။

သို့သော်လည်း လီဂိုယောင် သည် ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်းစိတ်မ၀င်စားဘဲ “ ကျောင်းအုပ်ဆရာကို ဆေးရုံတင်ထားရတယ်လို့ ဝိုက်ချမ်မှာပြောတာကို တွေ့ခဲ့ရတယ်။ကံမကောင်းတာက ငါတခြားနေရာမှာ အလုပ်လုပ်နေရလို့မလာလိုက်ရဘူး ဆရာမရော ဘယ်လိုနေလဲ။”

“စိတ်မပူပါနဲ့ ကျောင်းအုပ်ဆရာမ အဆင်ပြေပါတယ်၊ ဆေးရုံက ဆင်းတာ မကြာသေးဘူး” လင်းဖန်က ပြောလိုက်သည်။

ဒါကိုကြားမှလီဂို​ယောင်က သက်ပြင်းတစ်ချက်ချပြီး “ဒါက အရမ်းကောင်းတာပဲ” လို့ ပြောလိုက်သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားက မျက်မှောင်ကြုတ်ကာ “ကောင်းပြီ၊ မင်းတို့ပြောစရာရှိတာ နောက်မှပြောကြမယ်။ အခုတော့သွားကြရအောင်”

ခေါင်းဆောင်က သူ့ဘေးမှာထိုင်နေတာကို သတိရတဲ့အခါ လီဂိုယောင်ရဲ့ပုံစံက လန့်သွားပြီး “ဟုတ်တယ် မန်နေဂျာ ကျောက်”

ပြောပြီးတာနဲ့သူတို့က ကားပေါ်သို့တက်လိုက်ကြသည်။

လင်းဖန်သည်လဲဘာစကားမှမပြောတော့ဘဲ အရှိန်မြှင့်စက်ကို နင်းကာ ရှေ့ကို မောင်းသွားလိုက်သည် ။

များမကြာမီမှာပင် ကြီးမားသော အဆောက်အဦးတစ်ခုသည်လင်းဖန်တို့ရှေ့သို့ပေါ်လာလေသည်။

လင်းဖန်သည် ဤအဆောက်အအုံနှင့် အလွန်ရင်းနှီးသည်။

ဘာကြောင့်လဲဆိုတော့ ဟန်စီဒီ တည်ရှိရာ ဖေးရီအဆောက်အဦး​ဖြစ်သောကြောင့်ဖြစ်သည်။

ဖေးရီအဆောက်အဦကိုမြင်ပြီးနောက် မန်နေဂျာ ကျောက် နှင့် လီဂိုယောင် တို့သည် ၎င်းတို့၏အဝတ်အစားများကို သန့်သန့်ရပ်ရပ်လုပ်လိုက်လေသည်။

သူတို့နှစ်ယောက် ကားပေါ်က ဆင်းခါနီးမှာ လင်းဖန် က “လီဂိုယောင်၊ မင်း ဖေးရီ အဆောက်အဦးကို ဘာလို့ လာတာလဲ”

“ဟန်စီဒီ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လာတာလေ.” လီဂိုယောင်က ပြောကြားလိုက်သည်။

လင်းဖန် သည် ဟန်စီဒီ ကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်မှုအတွက်ဆိုတဲ့စကားကိုကြားသောအခါတွင်သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခုပေါ်လာခဲ့သည်။

သိရန်ယနေ့တွင် လင်းဖန် သည်ဟန်စီဒီ ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

ဒါက သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းတာမဟုတ်ဘူးလား။

ဒီတော့ လင်းဖန်က “မင်းပူပေါင်းတာအဆင်မ​ပြေဘူးဆိုရင် မင်းငါ့ကိုသိတယ်လို့ပဲပြောလိုက်”

လီဂိုယောင်သည် ယခင်က သူ၏အတန်းဖော်တစ်ဦးဖြစ်သည်။

အခုသူတို့စကားပြောကြည့်တော့လီဂို​ယောင်ကအရင်လိုသာပြောကြောင်းသူတွေ့လိုက်ရသည်။

ဒီတော့ သူကနညးနည်းကူညီတာက ဘာမှမဖြစ်ပေ။

လင်းဖန်စကားကိုကြားပြီးနောက်လီဂိုယောင် ခဏလောက် အေးခဲသွားသည်။

ဟန်စီးဒီ ၏ ပူးပေါင်းဆောင်ရွက်မှုမအောင်မြင်ပါက သူ့နာမည်ပြောရမှာလား။

ဘာကြောင့် ဒီလိုပြောခိုင်းတာတာလဲ။

ဒီအချိန်မှာ ရှေ့ကလျှောက်လာတဲ့ မန်နေဂျာ ကျောက် က ဒေါသတကြီးနဲ့ “လီဂိုယောင် မင်းဘာလုပ်ရပ်နေသေးတာလဲ၊ ချိန်းထားတဲ့အချိန်နီးနေပြီ။ မြန်မြန်လာလေ။”

ဒါကိုကြားတော့လီဂိုယောင် ၏နှလုံးသားတင်းကျပ်လာပြီး လင်းဖန်ကိုခေါင်းညိတ်ပြကာ မန်နေဂျာ ကျောက်နောက်ကို အမြန်လိုက်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters