လင်းဖန်ကို သိတာလား။
Vol. 16 Ch. 239
လီဂိုယောင် နှင့် မန်နေဂျာ ကျောက်တို့သည်ဖေးရီ အဆောက်အဦးထဲသို့ ရောက်အောင်အမြန်သွားလိုက်သည်။
အဆောက်အဦးထဲရောက်သည်နှင့်သူတို့သည် ဓာတ်လှေကားပေါ် တက်လိုက်လေသည်မကြာမီပင် ဟန်စီဒီကုမ္ပဏီရှေ့ သို့သူတို့ရောက်သွားလေသည်။
အိမ်ရှေ့ စားပွဲမှာ(ကောင်တာမှာ) ထိုင်နေတဲ့ အလှလေးက ပြုံးလိုက်ပြီး “ဘာအလိုရှိလို့ပါလဲ”
မန်နေဂျာကျောက်က “မင်္ဂလာပါ၊ ကျွန်တော်တို့ ချင်ကောင်းကုမ္ပဏီရဲ့ ကျောက်ဟီဘို ပါ။ ဒီနေ့ ဟန်စီဒီကနေတစ်ချို့အကြောင်းတွေဆွေးနွေးဖို့ မင်းတို့ကုမ္ပဏီရဲ့ ဒါရိုက်တာ ကျူ နဲ့ ချိန်းထားပါတယ်”
အိမ်ရှေ့ စားပွဲမှ(ကောင်တာမှ)အလှလေးသည် ကွန်ပြူတာမှ မှတ်တမ်းများကို တစ်ချက်ကြည့်လိုက်ပြီး “မစ္စတာ ကျောက် ၊ ဒါရိုက်တာ ကျူ က မင်းကို နံပါတ် 2အခန်းမှာစီစဉ်ပေးထားတယ်၊ ကျွန်မနောက်ကိုကျေးဇူးပြုပြီးလိုက်ခဲ့ပေးပါ”
စကားပြောပြီးနောက် သူမသည် မန်နေဂျာကျောက် နှင့် လီဂိုယောင် တို့ကို ရှေ့မှ လှမ်း၍ ဦးဆောင်ကာအတွင်းဘက်သို့ ဦးတည်သွားလိုက်သည်။
နေရာကိုရောက်တာနဲ့ကျောက်ဟီဘိုက “ကျေးဇူးတင်ပါတယ်မစ္စ”
အစည်းအဝေးခန်းတံခါးကိုဖွင့်လိုက်တော့ အထဲမှာ လူတစ်ယောက်ထိုင်နေပြီဖြစ်သည်။
ကောင်တာမှအလှလေးက “မစ္စတာကျောက်၊ ခဏစောင့်နော်၊ ဒါရိုက်တာကျူကဒီကိုမကြာခင် ရောက်လာမှာပါ”
“ကောင်းပြီ။” ကျောက်ဟီဘို က ပြောသည်။
အရှေ့ကောင်တာမှအလှလေးထွက်သွသောအခါ အခန်းထဲတွင် ထိုင်နေသော သက်လတ်ပိုင်း လူကြီးက “အိုး၊ချင်ကောင်းက မန်နေဂျာ ကျောက်မဟုတ်ဘူးလား။မင်းလာတာတော့ကောင်းပါတယ်။စိတ်မကောင်းစွာနဲ့ပဲငါက ဒါရိုက်တာ ကျူနဲ့ စကားပြောပြီးပြီ။”
ဒါကိုကြားတာနဲ့ ကျောက်ဟီဘိုရဲ့မျက်နှာက အနည်းငယ်ရုပ်ဆိုးသွပြီး “ဒါရိုက်တာ ကျူ နဲ့ စကားပြောပြီးသွားတညလား?”
လူလတ်ပိုင်း၏အမည်မှာ ချမ်မင်းဖြစ်ပြီး လူဖန်ကုမ္ပဏီ၏ ဌာနခွဲမန်နေဂျာဖြစ်သည်။
လူဖန်ကုမ္ပဏီနှင့် ချင်ကောင်းကုမ္ပဏီတို့သည် အမြဲတမ်း အပြိုင်အဆိုင် ဆက်ဆံရေးရှိသည်။
ယနေ့ဟန်စီဒီကုမ္ပဏီသို့ ချမ်မင်း ၏ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားသည်။
ချမ်မင်းက အောင်ပွဲခံတဲ့အပြုံးနဲ့သူက”ဟုတ်တယ်၊ ဒါရိုက်တာ ကျူ က ငါတို့ လူဖန် ကုမ္ပဏီကို အရမ်းကျေနပ်တယ်တဲ့”
ဒါကိုကြားတော့ကျောက်ဟီဘို၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးလာခဲ့သည်။
ထိုအချိန်တွင် အခန်းအမှတ် (၂) တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီး လူလတ်ပိုင်းတစ်ဦး ဝင်လာလေသည်။
ကျောက်ဟီဘို၊ ချမ်မင်းနှင့် လီရိုတို့ကသက်လတ်ပိုင်းလူကြီးကိုတွေ့ပြီးနောက် ကမန်းကတန်းထရပ်ကာ”ဒါရိုက်တာ ကျူ မင်္ဂလာပါ” ဟု တညီတညွတ်တည်း ပြောလိုက်ကြသည်။
လွန်ခဲ့တဲ့တစ်နှစ်က မဟုတ်ဘူးမှာလို့၊ လွန်ခဲ့တဲ့ သုံးလကဆိုရင် ဒီလိုအပြုအမူမျိုးကိုသူတို့ပြုလုပ်စရာမလိုပေ။
လွန်ခဲ့တဲ့သုံးလကဆိုရင်ဒါရိုက်တာ ကျူ က သူတို့ကိုစိတ်ကျေနပ်အောင် ပြုလုပ်ပေးရသည့်သူဖြစ်သည်။
ဘာလို့ဆိုလူဖန်ကုမ္ပဏီ နှင့် ချင်ကောင်းကုမ္ပဏီတို့သည် ဟန်စီဒီထက် အနည်းငယ်ပိုကြီးသောကြောင့်ဖြစ်သည်။
ထို့အပြင်၊ လူဖန်ကုမ္ပဏီနှင့် ချင်ကောင်း ကုမ္ပဏီတို့သည် ချန်နယ်နှင့် ပရိုမိုးရှင်းအတွက် ဒါရိုက်တာ ကျူ သည် ကျောက်ဟီဘို၊ ချမ်မင်းနှင့် အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။
သို့သော်သုံးလအတွင်းမှာပင် ဟန်စီဒီ ကုမ္ပဏီ၏ အနေအထားသည် ကမ္ဘာမြေကြီး တုန်ခါသွားသကဲ့သို့ပြောင်းလဲသွားလေသည်။
ဟန်စီဒီ၏ ရေမွှေးများသည် ၎င်းတို့ကို မရောင်းရရန် မှာစိတ်ပူစရာ မလိုပေ။ရေမွှေးတွေကစျေးကွက်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်း ရောင်းကုန်သွားမည်ဖြစ်သည်။
ရလဒ်အနေဖြင့် ဟန်စီဒီ သည်လျင်မြန်စွာ ကြိးထွားလာသောကြောင့်ချန်နယ်များသည် ဟန်စီဒီနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာကြသည်။
ဒါရိုက်တာ ကျူက ခေါင်းညိတ်ပြီး “မင်္ဂလာပါ။”ဟုပြန်လည်နှုတ်ဆက်လိုက်သည်။
ထို့နောက် ဒါရိုက်တာ ကျူ က သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ကျွန်တော် ၁၀ မိနစ်လောက်မှာ အစည်းအဝေးရှိသေးတယ်။ ဖြစ်နိုင်ရင် မန်နေဂျာ ကျောက်က မင်းကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို ၁၀ မိနစ်အတွင်း ပြောပြပေးပါ”
ကျောက်ဟီဘိုက ကမန်းကတန်းဖြင့်ပြန်ပြောလိုက်သည်။ “ကောင်းပြီ”
ထို့နောက်ကျောက်ဟီဘိုသည် ပစ္စည်းတစ်ပုံကို ထုတ်ယူကာ အမြန်ရှင်းပြလိုက်သည်။
၁၀ မိနစ်လောက်ကြာတော့ဒါရိုက်တာ ကျူ က “မန်နေဂျာ ကျောက် မင်းမလာခင်မှာ လူဖန်ကုမ္ပဏီနဲ့ ကနဦး နှုတ်အားဖြင့်(စကားဖြင့်)ပူးပေါင်းဆောင်ရွက်ဖို့ ရည်မှန်းထားခဲ့တာ။”
“မင်းရဲ့ကုမ္ပဏီအခြေအနေက မဆိုးပါဘူး။ ဒါပေမယ့် ငါ့ရဲ့ကနဦးပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်ကို ရောက်နိုင်တဲ့အဆင့်ကိုေတာ့မရောက်သေးဘူး၊ ဒါကြောင့် ငါတောင်းပန်ပါတယ်”
ဒါရိုက်တာကျူ ပြောပြီးတာနဲ့ သူသည်ထပြီး အပြင်ကို ထွက်သွားလေသည်။
ကျောက်ဟီဘိုသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာ သည်အနည်းငယ် နီရဲသွားလေသည်။
ဟန်စီဒီသည်သူ့ကုမ္ပဏီ၏ပြိုင်ဘက် လူဖန်ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။
ဒါကသူတို့ရဲ့ ချင်ကောင်းကုမ္ပဏီအတွက် အဆိုးဆုံးသတင်းဖြစ်မည်မှာသေချာသည်။
သူ့ဘေးက ချမ်မင်းက ရယ်မောလိုက်ပြီး “ဟား...ဟား...ဟား... ငါတို့ လူဖန် ကုမ္ပဏီက ကံကောင်းနေပုံရတယ်။”
ထို့နောက် သူသည်အပြင်သို့ ထွက်လာခဲ့သည်။
ကျောက်ဟီဘိုက လွယ်လွယ်နဲ့ အရှုံးမပေးချင်သောကြောင့် အလျင်အမြန် သူတို့နောက်ကလိုက်လာပြီး “ဒါရိုက်တာ ကျူ ဒါရိုက်တာ ကျူ....”ဟုအော်ခေါ်လိုက်သည်။
သို့သော်လည်း ဒါရိုက်တာ ကျူက သူ့ကို လုံးဝ ဂရုမစိုက်ပေ။
လီဂိုယောင် က “ကျောက်..မန်နေဂျာကျောက်.. အခု ငါတို့ဘာလုပ်သင့်သလဲ?”
“ဘာလုပ်ရမလဲ၊ မင်းကိုငါပြောပါတယ်၊ ဒီနေ့ အစည်းအဝေးက အရမ်းအရေးကြီးတယ်လို့ မင်းကို ငါပြောခဲ့တယ်” ကျောက်ဟီဘို က “ဒါပေမယ့် မင်းက....?! မင်းကကားထဲကသူငယ်ချင်းနဲ့ စကားစမြည်ပြောနေသေးတယ်!”
လီဂိုယောင်သည် မန်နေဂျာကျောက် ဒေါသထွက်နေပြီဆိုတာ သိသောကြောင့်သူ့အပြစ်မဟုတ်ကြောင်းမပြောဘဲခေါင်းကိုငုံ့ကာ စကားလုံးဝမပြောရဲပေ။အခုချိန်မှာစကားတစ်ခွန်းပြောတာကမိုက်မဲတယ်ဆိုတာကိုသူသိလေသည်။
ထိုအချိန်တွင်ချမ်မင်းသည် သူ့မျက်နှာပေါ်တွင်အပြုံးဖြင့်စာရွက်စာတမ်းများကိုကိုင်ကာရုံးခန်းထဲမှ ထွက်လာလေသည်။
“မန်နေဂျာ ကျောက် ငါဒီတစ်နှစ်စာချုပ်ကိုရထားပြီးပြီ၊ အခု ကုမ္ပဏီကိုပြန်ပြီးတံဆိပ်တုံးထုပြီး လက်မှတ်ထိုးတာနဲ့ငါတို့ လူဖန်က ပန်းအနှစ်သာရတွေ အများကြီးကိုရနိုင်တော့မယ်။” ချမ်မင်းက အောင်မြင်သောအပြုံးဖြင့်”မန်နေဂျာ ကျောက်မင်းရဲ့ လုပ်ငန်း စွမ်းရည်က အရမ်းကောင်းပါတယ်၊ငါတို့ လူဖန် နဲ့ အလုပ်တွဲလုပ်ဖို့ စဉ်းစားမလား”
ကျောက်ဟီဘို က “ငါတို့ ဒီနှစ် ဟန်စီဒီ နဲ့ မပူးပေါင်းနိုင်ဘူးဆိုပေမဲ့၊ နောက်နှစ်မှာတော့ အဲလိုမျိုးဖြစ်မှာမဟုတ်ဘူး!”
“နောက်နှစ်လား? ဟားဟားဟား။ မန်နေဂျာ ကျောက် အဲအချိန်ကျရင် စာချုပ်ချုပ်နိုင်မယ် လို့ထင်နေတာလား? !” ချမ်မင်းက ရယ်မောပြီးပြောလိုက်သည်။
တကယ်တော့ ကျောက်ဟီဘိုကိုယ်တိုင်ကလဲသူပြောသောစကားကိုသူ မယုံပေ။
တစ်နည်းဆိုရသော် သူကဒေါသဝါကျ(ဒေါသဖြစ်၍ပြောသောစကား)အဖြစ်သာ မှတ်ယူနိုင်သည်။
သို့သော် ကျောက်ဟီဘို၏စကားများသည် လီဂိုယောင်ကို တစ်ခုသတိရသွားစေသည်။
လင်းဖန်ပြောသောစကားများသည် လီဂိုယောင် ၏စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။’’ မင်းမပူးပေါင်းနိုင်ရင် မင်းငါ့ကိုသိတယ်လို့ပဲ ပြောလိုက်ဆိုတဲ့စကားပင်ဖြစ်သည်။’’
တစ်ချိန်တည်းမှာပင်၊ လီဂိုယောင်ကလင်းဖန်သည် နက်နဲစွာ လျှို့ဝှက်ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သည်ကို သူ့အတန်းဖော်များထံမှ ကြားသိခဲ့ရလေသည်။
ဒါကြောင့်လီဂိုယောင်သည် ၎င်းအား စမ်းကြည့်ချင်သောကြောင့် “ငါ လင်းဖန်ကို သိတယ်!”
ကျောက်ဟီဘိုသည် လီဂိုယောင်၏စကားကိုကြားသောအခါ၊ မကြာသေးမီက ဒီဒီကိုမောင်းသောလူငယ်နှင့် နှစ်ယောက်ကြားစကားပြောဆိုမှုကို အမြန်စဉ်းစားလိုက်သည်။
ဒါကိုစဉ်းစားမိပြီးသူ့နှလုံးသားက ချက်ချင်းဆိုသလို ရပ်တန့်သွားသလိုခံစားလိုက်ရသည်။- အရင်တုန်းက လီဂိုယောင် က ထက်မြက်ပြီး အရည်အချင်းရှိတယ်လို့သူထင်ခဲ့သည်။
အခုတော့သူခန့်မှန်းလုံးဝများနေပုံရသည်။ လင်းဖန်ကိုသိတယ်လို့ပြောခြင်းဖြင့် ဟန်စီဒီသည် ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်နိုင်မည်ဟု အမှန်တကယ်ထင်ခဲ့ပါသလား။ ဒါကဟာသပဲ!
၎င်းကြောင့်ဆူညံသံများ ထွက်ပေါ်လာစေသည်ဟု ဟန်စီဒီကလူတွေခံစားရသောကြောင့်သူတို့ကိုမောင်းထုတ်ရင် ဘလိုလုပ်မလဲ။
ဒါကိုတွေးပြီး ကျောက်ဟီဘို က လီဂိုယောင်ကို ဆူပူကြိမ်းမောင်းဖို့ ပါးစပ်ဖွင့်လိုက်သည်။
သို့သော် သူ စကားမပြောမီ အဝေးမှ ခြေသံများ ထွက်ပေါ်လာပြီး မွှေးပျံ့သော ရနံ့တစ်ခု လဲထွက်ပေါ်လာသည်။
ထို့နောက်သာယာသော အသံတစ်ခုက”လင်းဖန်ကို မင်းသိတာလား”
ဒါကိုကြားတော့ကျောက်ဟီဘို၊ လီဂိုယောင် နှင့် ချမ်မင်းတို့လှည့်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင်သူတို့သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။
ဒီလိုပြောတဲ့သူဟာ တခြားသူမဟုတ်ဘဲ ဟန်စီဒီဥက္ကဌ ချမ်ရီရီပဲ ဖြစ်လို့ပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး