ကိုယ်စားလှယ်ဖြစ်ခြင်း
Vol. 16 Ch. 240
ဟန်စီဒီယခုလောက် နာမည်မကြီးသေးတာတောင်မှ ကျောက်ဟီဘို၊ ချမ်မင်း၊ လီဂိုယောင်တို့သည်ချမ်ရီရီကိုအပြင်မှာတစ်ခါမှမတွေ့ဖူးပေ။
အဘယ်ကြောင့်ဆိုသော်ချမ်ရီရီ သည် အလှကုန်လုပ်ငန်းတွင် လူသိများသော အလှအပရေးရာဥက္ကဋ္ဌတစ်ဦးဖြစ်သောကြောင့်ပင်ဖြစ်သည်။(ပြောချင်တာကသူမကအဆင့်အတန်းနဲ့သူတို့အဆင့်အတန်းနဲ့မတူတာကြောင့်မတွေ့တာကိုပြောတာပါ)
ဟန်စီဒီကုမ္ပဏီသည် ကျန်ပေ့နှင့် တစ်နိုင်ငံလုံးတွင်ရေပန်းပန်းစားလာပြီးနောက်တွင် ကျောက်ဟီဘိုနှင့် အခြားသူများသည်ချမ်ရီရီနှင့် ဆက်သွယ်ရန်မှာမဖြစ်နိုင်လုနီးပါးဖြစ်သည်။
မထင်မှတ်ဘဲ၊ သူမကိုယနေ့ တွင်တွေ့ရသည်။
ချမ်ရီရီသည် လီဂိုယောင်ကို စိုက်ကြည့်ကာ “လင်းဖန် ကို သိတာလား?”
ထိုအချိန်တွင် လီဂိုယောင်သည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး “ဟုတ်...ဟုတ်ပါတယ်၊ သူကငါ့ရဲ့အတန်းဖော်ပါ”
ဒါကိုကြားတော့ချမ်ရီရီ က ခေါင်းညိတ်လိုက်ပြီး လီဂ်ုယောင်အပေါ် ထားသောသူမ၏ မျက်လုံးများသည်အနည်းငယ်ပျော့ပြောင်းသွားပြီးနောက်သူမက “ဒီနေ့ ငါတို့ ကုမ္ပဏီကို လာတာမင်းဘာကိစ္စရှိလို့လဲ”
လီဂိုယောင်က ခဏတာတုံ့ဆိုင်းသွားပြီးနောက်”ငါ... ငါ ကချင်ကောင်းကုမ္ပဏီကလီဂိုဆယာင်ပါ။ ငါတို့ ချန်နယ်ကိုဟန်စီဒီ နဲ့ ပူးပေါင်းချင်လို့လာတာပါ”
“ဒါဆိုလဲကောင်းပြီလေ” ချမ်ရီရီ က သူမရဲ့ ချယ်ရီပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည်။
ဒါကိုကြားတော့လီဂိုယောင်သည်ခဏတာ ကြောင်သွားပြီးနောက်သူက “ချမ်...မစ္စချမ်..မင်းဆိုလိုတာက...”
“ချင်ကောင်း က ငါတို့ ဟန်စီဒီနဲ့ ပူးပေါင်းချင်တယ်လို့ မင်းပြောတယ်မဟုတ်ဘူးလား။အဲ့ဒါကို ငါသဘောတူတယ်! ကျန်ပေ့ အပြင် မင်းရဲ့ ချင်ကောင်းကုမ္ပဏီက ရှောင်နမ်ဧရိယာမှာချန်နယ်တွေကို အဓိကထားပြီး လုပ်နေတာ ဟုတ်တယ်မဟုတ်လား? ဒါဆိုရင် မင်းတို့ကိုရှောင်နမ်ရှိဟန်စီဒီရဲ့အထွေထွေအေးဂျင့်အဖြစ် လက်မှတ်ရေးထိုးမင်းမယ်။အဲ့ဒါကိုဘယ်လိုထင်လဲ”
အထွေထွေကိုယ်စားလှယ်လား။
တစ်နည်းပြောရရင်ရှောင်နမ်ဧရိယာတစ်ခုလုံးတွင်ချင်ကောင်း ကုမ္ပဏီကသာလျှင် ဟန်စီဒီ၏ ရေမွှေး၊ ပန်းအနှစ်သာရနှင့် ချန်နယ်ရောင်းချမှုအတွက် အခြားထုတ်ကုန်များကို ရရှိနိုင်သည်။
အခြားကုမ္ပဏီများသည် ဟန်စီဒီ ၏ထုတ်ကုန်များကိုရောင်းချလိုပါက ချင်ကောင်းမှဝယ်ယူပြီးမှရောင်းချရမည်ဖြစ်သည်။ !
လီဂိုယောင်တိတ်ဆိတ်နေသည်ကို မြင်လိုက်သဖြင့် သူမကမျက်မှောင်ကြုတ်ကာ “မလုပ်ချင်ဘူးလား?”
လီဂိုယောင်မပြောခင်မှာ သူ့ဘေးက ကျောက်ဟီဘိုက “ဟုတ်တယ်၊ ငါတို့ ချင်ကောင်းကုမ္ပဏီ ကကျေကျေနပ်နပ်ကြီး ဆန္ဒရှိပါတယ်!”
ဒါက ရိုးရိုးရှင်းရှင်း ကောင်းကင်ပေါ်ကကျလာတဲ့ကိတ်မုန့်ပင်ဖြစ်သည်။
ကျောက်ဟီဘိုသည်သာမာန်အရောင်းလိုင်းတစ်ခုကိုသာရယူချင်လို့ဒီနေ့ဒီကိုရောက်လာခဲ့ခြင်းဖြစ်သည်။
နယ်ပယ်တစ်ခုရဲ့ အထွေထွေကိုယ်စားလှယ်နဲ့ ပတ်သက်ရင် သူစဉ်းတောင်မစဉ်းစားမိပေ။
ယခု သူတို့သည် ရှောင်နမ်ဧရိယာ၏ အထွေထွေကိုယ်စားလှယ်ကို တိုက်ရိုက်ရရှိခဲ့သည်။
ကျယ်ပြန့်သော နယ်မြေနှင့် အကန့်အသတ်မဲ့ စျေးကွက်အလားအလာရှိသောချင်ကောင်းကုမ္ပဏီ၏ အခြေစိုက်စခန်းဖြစ်သော ရှောင်နမ်ဧရိယာ။(ပြောချင်တာကအဲ့လိုလုပ်တာကြောင့်ရှောင်နမ်ရှိချင်ကောင်းကတိုးတက်တော့မယ်ဆိုတဲ့ဟာပါ)
ယခုအချိန်တွင် ကြောင်တောင်တောင်ဖြစ်နေသောချမ်မင်းက “ဒါ... ဒါဆိုမစ္စချမ် ဒါရိုက်တာ ကျူ နဲ့ ကျွန်တော်တို့က ရှောင်နမ် မှာရှိတဲ့ လူဖန်ကုမ္ပဏီနဲ့ ဟန်စီဒီတို့ကြား ရုပ်သံလိုင်းကနေရောင်းချမှု ကိုသဘောတူညီချက်ကို ရရှိပြီးပြီ” လို့ ပြောလိုက်သည်။
ချမ်မင်းကိုပြောပြီး စာချုပ်ကို ပြလိုက်သည်။
ဒါကိုကြားတော့ချမ်ရီရီ က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “နှစ်ဘက်စလုံး တံဆိပ်တုံးထုပြီး လက်မှတ် ထိုးပြီးပြီလား”
“မထိုးရသေးဘူးဆိုပေမဲ့စာချုပ်ကို ယူပြီး တံဆိပ်တုံးထု၊လက်မှတ်ထိုးလို့ရပါတယ်။” ချမ်မင်း က ပြောလိုက်သည်။
ချမ်ရီရီက “မင်း ငါတို့နဲ့ စာချုပ်ချုပ်ဖို့ မလိုတော့ဘူး။ အနာဂတ်မှာ ရုပ်သံလိုင်းတွေ ရောင်းချချင်တယ်ဆိုရင် ချင်ကောင်းနဲ့ စာချုပ်ချုပ်မှလုပ်နိုင်မယ်”
ချင်ကောင်း နဲ့ စာချုပ်ချုပ်ရမှာလား။
ဒါကိုကြားတော့ချမ်မင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့မျက်နှာပေါ်တွင်မယုံနိုင်သောအမူအရာဖြင့်”ဘာဖြစ်လို့လဲ...?”
ချမ်ရီရီ သည် ဘာမှမဖြေဘဲ ရုံးခန်းမှ ထွက်လာသော ဒါရိုက်တာ ကျူကို “ဒါရိုက်တာ ကျူ၊ စာချုပ် သဘောတူညီချက်ကိုသေချာလုပ်ပေးလိုက်ပါ”
ဒါရိုက်တာ ကျူကဘာမှမပြောဘဲ “ဟုတ်ကဲ့ဥက္ကဌချမ်’’ဟုပြန်လည်ဖြေကြားလိုက်သည်။
ကျောက်ဟီဘိုသည် ဖေးရီ အဆောက်အဦးမှ ထွက်လာပြီးနောက် သူ့မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
ကျောက်ဟီဘို က လီဂိုယောင်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး “မင်းဟာ ထက်မြက်ပြီး အရည်အချင်းရှိတဲ့လူတစ်ယောက်လို့ အမြဲထင်ခဲ့တာ။ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ!”
လီဂိုယောင်ကိုသူယခင်ကကြိမ်းမောင်းခဲ့ဖူးသည့် အရာကို လုံးဝမေ့သွားသကဲ့လို့ဖော်ရွေစွာပြောလိုက်လေသည်။
လီဂိုယောင်သည် ဤကဲ့သို့ ချီးမွမ်းခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့်ရှက်ရွံ့စွာ ဖြင့်ခေါင်းကိုကုတ်လိုက်လေသည်။
ကျောက်ဟီ က ထပ်ပြောပြန်သည်။”လင်းဖန်က ဘယ်သူလဲ။”
စကားပြောပြီးနောက် သူက လီဂိုယောင် ကို အလွန်မျှော်လင့်ထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းဖန်ဆိုတဲ့ နာမည်ကို ဖော်ပြရုံနဲ့ ကောင်းမွန်တဲ့ စာချုပ်တစ်ခု ချုပ်နိုင်သည်
ဒါက... မထင်မှတ်စရာကိစ္စပင်ဖြစ်သည်။
“လင်းဖန်က ကျွန်တော့်အတန်းဖော်တစ်ယောက်ပါသူဘယ်လိုအခြေအနေရှိလဲဆိုတာတော့ကျွန်တော်မသိဘူး” လီဂိုယောင်က ပြောလိုက်သည်။
ကျောက်ဟီက ခဏလောက်စဉ်းစားပြီး “ဘာပဲဖြစ်ဖြစ် လင်းဖန်က ချင်ကောင်းကုမ္ပဏီကို အများကြီးကူညီပေးခဲ့တယ်။ ဒါကြောင့်ကျေးဇူးတင်တဲ့အနေနဲ့သူကို့ဖုန်းဆက်ပြီးနေ့လယ်စာစားဖို့ဖိတ်လိုက်ပါ “
လီဂိုယောင်သည် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။
......
လင်းဖန်သည် Santana ကားသို့ ပြန်လာပြီးနောက် သူသည် အမှာများကို ဆက်လက်မယူဘဲ မစ်ရှင်စနစ်ကို အာရုံစိုက်လိုက်သည်။
[မစ်ရှင်- အထူး ဒီဒီ အမှာစာ ၅ ခု ပြီးမြောက်ပြီး ရွှေရောင်စာအိတ် ၅ စောင်ကို ဆုချမည်ဖြစ်သည်။ တိုးတက်မှု- ၃/၅။ 】
ဒီကိုကြည့်ပြီးလင်းဖန်ကအနည်းငယ်ပြုံးကာ
“မမျှော်လင့်ထားဘူး အတန်းဖော်တစ်ယောက်ကို ကူညီပေးလိုက်တာနဲ့အထူးအမှာစာတစ်ခု ပြီးသွားခဲ့တယ်။နောက်ထပ် နှစ်ခုသာပြီးရင်ရွှေရောင်စာအိတ်ကို ရနိုင်တော့မယ်”
“ကလင်...ကလင်..ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။
“လင်းဖန်မင်းအားလား။အားရင် ငါတို့နဲ့နေ့လည်စာအတူတူစားလို့ရမလား”
ဖုန်းကိုင်လိုက်သည်နှင့် လီဂိုယောင်၏အသံသည်စတင်ထွက်ပေါ်လာခဲ့သည်။
လင်းဖန်က “ကောင်းပြီ!”
အားလုံးက အတန်းဖော်တွေဖြစ်တာကြောင့်အတူတူထမင်းစားတာ ဘာမှမဖြစ်ပေ။
“ဒါဆို ငါတို့ အင်ပါယာဟိုတယ်မှာ စောင့်နေမယ်လေ၊အဲ့ဒါကိုမင်းဘယ်လိုထင်လဲ” လီဂိုယောင်က ပြောလိုက်သည်။
လင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်ကို ပြသလိုက်သည်။
မနေ့က ညစာစားဖို့ အင်ပါယာဟိုတယ်ကို သွားခဲ့သည်။
ဒီနေ့ လဲနောက်တစ်ကြိမ်ထပ်သွားရမလား။
ဒါပေမယ့် အင်ပါယာဟိုတယ် ရဲ့ အစားအသောက်အကြောင်း စဉ်းစားမိရင်း လင်းဖန်က “ကောင်းပြီလေဒါဆိုအင်ပါယာဟိုတယ်မှာတွေ့မယ်”
ဖုန်းချပြီးနောက် လင်းဖန်သည် ကားထဲဝင်ပြီးမောင်းကာရှေ့သို့သွားလိုက်လေသည်။
လင်းဖန်သည် အင်ပါယာဟိုတယ်သို့ ရောက်သောအခါ၊ လီဂိုယောင်နှင့် ကျောက်ဟီဘို တို့သည် ဧည့်ခန်းတွင် စောင့်နေပြီဖြစ်သည်။
“မစ္စတာလင်း၊ ဒီမှာ ငါတို့ နေရာကို ကြိုတင်မှာထားပြီးသားပါ။” ကျောက်ဟီဘို က ပြောပြီး ပြတင်းပေါက်နားက ပထမထပ်ရှိ ဧည့်ခန်းသို့ လင်းဖန်ကို ခေါ်သွားခဲ့သည်။
ဤနေရာသည် ယမန်နေ့က VIP8 အခန်းနှင့် နှိုင်းယှဉ်၍မရပေ။
သို့သော် လင်းဖန်သည် မည်သည့်နေရာတွင် စားရမည်ကို ဂရုမစိုက်ပေ။
ထို့ကြောင့် သူသည် တိုက်ရိုက် လိုက်၍ ထိုင်လိုက်လေသည်။
မနက်ကျတစ်ပိုင်းလာပါမယ်။