← Chapters

နဂါးသွဲ့ရေကန် ပြန်ပေါ်လာခြင်း

Vol. 107 Ch. 1400

နဂါးသွဲ့ရေကန် ပြန်ပေါ်လာခြင်း

Vol. 107 Ch. 1400

'လန်ရွှန်ရဲ့ ပါရမီအရည်အချင်းက အတော်လေးမြင့်မားတယ်... ငါ့အောက် မနိမ့်ကျဘူး…. သူက ငါ့ရဲ့ တာအိုမိတ်ဆွေမဟုတ်တာတော့ နှမြောစရာပဲ… အနှေးနဲ့အမြန် ငါတို့နှစ်ယောက် ထိပ်တိုက်တွေ့ရမှာ”

ချင်မူက နဂါးသွဲ့ရေကန်အထက်တွင် ရပ်လျက် ပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ဝန်းသော ရေပြင်အား ငေးကြည့်ရင်း စိတ်ထဲမှ တွေးနေ၏။ ‘ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ဉာဏ်ပညာအမျှော်အမြင်က မဆိုးဘူး… သူတို့ရဲ့ လက်ရှိအဆင့်တွေက ဟန်ပြတွေမဟုတ်ဘူး… အဲဒီလူတွေရဲ့ ဉာဏ်ပညာကိုသာ မှန်ကန်တဲ့လမ်းကြောင်းမှာ သုံးလို့ရရင် သိပ်ကောင်းမှာပဲ…’

လန်ရွှမ်ဖြစ်စေ၊ ကောင်းကင်နတ်အရှင်ဟောင်ဖြစ်စေ သူတို့နှစ်ယောက်လုံးသည် အတိတ်တွင် အကျိုးသယ်ပိုးကာ ကောင်းမှုတည်‌ဆောက်ခဲ့ကြဖူး၏။ နဂါးဟန်ခေတ် တော်လှန်ရေးအား ဦးဆောင်ခဲ့သူများလည်း ဖြစ်ကာ ရှေးဟောင်းနတ်ဘုရားများ၏ အာဏာ‌စက်ကို ချုပ်ငြိမ်းစေခဲ့သော ပုဂ္ဂိုလ်များဆိုလည်း မမှားပေ။

သို့သော် သူတို့မှာ ရှေးဟောင်းနတ်ဘုရားများကို တွန်းလှန်ပြီးနောက် ရှေးဟောင်းနတ်ဘုရားများသာ တဖန်ဖြစ်လာကြသည်။

သူတို့သည် အရာအားလုံး၏ အထက်တွင် နေကာ အာဏာကို အတတ်နိုင်ဆုံး ချုပ်ကိုင်ထားလေသည်။ ပြောင်းလဲရန် မျှော်လင့်ချက်ဟူသမျှသည် သူတို့ကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရ၏။

အာဏာအတွက် ကလေးသူငယ်များကို သတ်ရခြင်းဖြစ်စေ၊ မိဘများကို သတ်ရခြင်းဖြစ်စေ၊ အချင်းချင်း ပြန်လည်သတ်ဖြတ်ရခြင်းဖြစ်စေ မကောင်းမှုမှန်သမျှကို လက်မရွံ့ဘဲ လုပ်ရဲကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မဖျက်ဆီးရသေးသည့်အကြောင်းအရင်းမှာ သနား၍မဟုတ်ဘဲ သူတို့၏အာဏာစက်ကြောင့် ဖြစ်သည်။

သူတို့နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားတွင် ဖြေရှင်းမရနိုင်သော ပဋိပက္ခများရှိနေ၏။ ထိုသို့ပဋိပက္ခမျိုးသည် အနာဂတ်တွင် သေချာပေါက် ပေါက်ကွဲထွက်လာလိမ့်မည်။

ချင်မူမှာ အာရုံထွေပြားစေသည့် အတွေးများကို ဖယ်ထုတ်လိုက်ရင်း နဂါးသွဲ့ရေကန်ကို အကဲခတ်နေသည်။

ဤရှေးဟောင်းနဂါးသွဲ့ရေကန်နှင့် ကောင်းကင်နတ်ဘုံရှိ နဂါးသွဲ့ရေကန်တို့၏ အနေအထားမှာ တူညီလုနီးပါးဖြစ်သော်လည်း အသေးစိတ်ကွာခြားချက်အချို့တော့ ရှိနေသေး၏။ ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့ရေကန်သည် ကောင်းကင်နတ်ဧကရီ စံမြန်းခဲ့သောနေရာ ဖြစ်သည့်အလျောက် အနေအထားမှာ အနည်းငယ်ပြောင်းလဲခံခဲ့ရသည်။

ယခုတွင် နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် နဂါးသွဲ့ရေကန်ပတ်ပတ်လည်တွင် အမျိုးမျိုးသော ၀င်္ကပါအစီအရင်များ ခင်းကျင်းထားသည်။ သူသည် ဤအဖိုးတန်နယ်မြေကို သုံး၍ ကမ္ဘာဦးရေကြည်ကို ညှစ်ထုတ်ရန် ကြိုးစားနေ၏။

နဂါးသွဲ့ရေကန်ထဲတွင် ကမ္ဘာဦးရေကြည်များ ရှိနေသည်။ ၎င်းက ပေတစ်ရာကျော် ကျယ်ကွင်းသည့် ရေကန်ငယ်တစ်ခုတည်းတွင် နေရာယူထား၏။

ထိုပမာဏမှာ အတော်လေးများပြားသော်လည်း ကမ္ဘာဦးခေတ်၏ နဂါးသွဲ့ရေကန်နှင့်ယှဉ်လျှင် ဤကမ္ဘာဦးရေကြည်မှာ ပင်လယ်ထဲက ရေစက်လေးတစ်စက်သာ ဖြစ်သည်။

ကမ္ဘာဦးခေတ်၏ နဂါးသွဲ့ရေကန်သည့် ကြီးမားကျယ်ပြန့်ပြီး ကျွန်းစုများစွာလည်း ရှိ၏။ အချို့ကျွန်းစုများသည် ခြောက်သွေ့နေပြီဖြစ်ပြီး တချို့နေရာများတွင်တော့ တောင်တန်းများကိုပါ မြင်ရလေသည်။

ချင်မူက မျက်မှောင်ကြုတ်လိုက်၏။ နတ်ဧကရာဇ်လန်ရွှမ် ခင်းကျင်းထားသည့် ဝိညာဉ်စွမ်းအင်စု၀င်္ကပါအစီအရင်များမှာ နေရာတိုင်းတွင် ပြည့်နှက်နေသဖြင့် မူလအနေအထားကို တွေ့မြင်နိုင်ရန် ခက်ခဲလေသည်။

‘နဂါးသွဲ့ရေကန်ကို အဆင့်တစ်ဆင့်အဖြစ် အသုံးချလို့ရတယ်ဆိုတော့ တစ်ခုခုတော့ ထူးခြားမှာပဲ… သူက ကောင်းကင်မုခ်၀လေးခုအဆင့်နဲ့ အကျဉ်းထောင်ကိုးထပ်အဆင့်နဲ့ နည်းနည်းဆင်တယ်… ဆိုတော့ ဒီနေရာက ဘယ်မှာလဲ”

သူက နဂါးသွဲ့ရေကန်ထက်မှ ပျံတက်၍ ခြောက်သွေ့နေသော ကျွန်းစုပေါ်သို့ ဆင်းသက်ကာ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်သည်။

တခဏကြာသော် ချင်မူသည် နဂါးသွဲ့ရေကန်ဆီသို့ သံသယမကင်းသော မျက်နှာအမူအရာဖြင့် ပြန်လည်ရောက်ရှိလာ၏။

နဂါးသွဲ့ရေကန်၏ အံ့သြဆန်းကြယ်မှုများကို ရှာမတွေ့ခဲ့ပေ။

သို့သော် ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်တွင် နဂါးသွဲ့ရေကန်အဆင့် ရှိနေသဖြင့် နဂါးသွဲ့ရေကန်တွင် သေချာပေါက် ကောင်းကင်နှင့်မြေကြီး မဟာတာအိုများ ကိန်းဝပ်နေရမည်။ အမိကမ္ဘာမြေသည် နဂါးသွဲ့ရေကန်ကို သုံးကာ ကောင်းကင်နှင့်မြေကြီး၏ သစ်ပင်တစ်ပင် ဖြစ်လာနိုင်ခဲ့သည်။ ၎င်းက ကမ္ဘာဦးရေကြည်ကြောင့်သာ မဟုတ်နိုင်ပေ။

ရုတ်တရက် ချင်မူမှာ ငေးကြောင်သွားပြီး လေလယ်တွင် ရပ်တန့်လိုက်သည်။ သူ၏အင်္ကျီလက်စများက လေထဲတွင် မြောလွင့်နေ၏။

သူ၏အကြည့်က နဂါးသွဲ့စင်မြင့်ပေါ်သို့ ကျရောက်သွားလေသည်။

ကမ္ဘာဦးနဂါးသွဲ့စင်မြင့်၏ ပုံစံသည် ကောင်းကင်နတ်ဘုံမှ နဂါးသွဲ့စင်မြင့်နှင့် တစ်ပုံစံတည်းဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့စင်မြင့်သည်လည်း ကမ္ဘာဦးနဂါးသွဲ့စင်မြင့်၏ အချက်အလက်များအပေါ် မူတည်၍ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော် ကမ္ဘာဦးနဂါးသွဲ့စင်မြင့်မှာ အလိုအလျောက် ဖွဲ့တည်လာခြင်းဖြစ်သည်။ ဤနဂါးသွဲ့စင်မြင့်သည် လှပသော ကျောက်စိမ်းတို့ဖြင့် ဖွဲ့တည်နေသည့်အတွက် ကျောက်စိမ်းစင့်မြင့်ဟုလည်း ခေါ်တတ်၏။ ဤသဘာဝ နဂါးသွဲ့စင်မြင့်တွင် နဂါးသွဲ့ရေကန်နှင့် နဂါးသွဲ့ပင်လယ်ဆီသို့ လှမ်းမျှော်ကြည့်ရှုနိုင်သည့် လှေကားထစ်များ၊ လက်ရန်းများပါဝင်သော ဆင်းသက်ရာစင်မြင့်တစ်ခု ပါရှိလေသည်။

ချင်မူ ရေတွက်ကြည့်လိုက်ရာ နဂါးသွဲ့စင်မြင့်ထက်တွင် လှေကားထစ်ပေါင်း ၈၀၀ ရှိကြောင်း တွေ့လိုက်ရ၏။ လှေကားထစ်တစ်ရာ ပြည့်သွားတိုင်း စင်မြင့်တစ်ခုရှိသည်။ သူ လှေကားထစ်များအတိုင်း တက်သွားပါက ထိုစင်မြင့်များအပေါ် ရောက်နိုင်ပေလိမ့်မည်။

ထူးဆန်းသည်က ပင်လယ်ဘက်သို့ မျက်နှာမူနေသည့် ထိုစင်မြင့်များ၏ ဘေးနံရံများမှာ အလွန်တရာမတ်စောက်နေခြင်းပင်။ နံရံတို့သည် ကျောက်စိမ်းသား ဖြစ်တည်နေပြီး ၎င်းတို့အောက်တွင် ကျွန်းစုများမှ တောင်တန်းများနှင့် ဆက်နွယ်နေသည့် ဆန်းကြယ်သင်္ကေတအမှတ်အသားများ တွေ့ရ၏။ ကျွန်းစုများမှ ထိုတောင်တန်းများမှာလည်း ကျောက်စိမ်းတောင်တန်းများဖြစ်ကြသည်။

တောင်တန်းများက ကျွန်းစုများ၏ အလယ်ဗဟိုတွင် ရှိနေကြပြီး တောင်တန်းရှစ်ခုသည် နဂါးသွဲ့စင်မြင့်ရှစ်ထပ်နှင့် ဆက်သွယ်နေ၏။ တောင်တန်းရှစ်ခုမှာ ပင်လယ်အောက်ခြေတွင်လည်း ဆက်နေကြသည်။

စင်မြင့်များက ပင်လယ်ဘက်သို့ မျက်နှာမူနေကြပြီး အထပ်တစ်ထပ်ချင်းစီသည် အလွန်ကြီးမား၏။ ထိပ်ဆုံးအထပ်ဆိုလျှင် မိုင်ရာပေါင်းများစွာ ရှည်လျားမြင့်မားနေသည်။

ဤသည်က ကမ္ဘာဦးခေတ်၏ ဖန်ဆင်းရှင်များ ပင်လယ်နတ်မင်းအား ပူဇော်ကြသော နေရာတစ်နေရာ ဖြစ်ပေလိမ့်မည်။ ကမ္ဘာဦးဖန်ဆင်းရှင်များ၏ ခန္ဓာကိုယ်များသည် ကြီးမားကြသဖြင့် မျိုးနွယ်စုတစ်စု၏ ဖန်ဆင်းရှင်ထောင်ပေါင်းများစွာ ဝင်ဆန့်နိုင်အောင် တည်ဆောက်ထားဟန်တူ၏။

ချင်မူက နဂါးသွဲ့ပင်လယ်၏ အလယ်ဗဟိုရှိ တောင်တန်းရှစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် နဂါးသွဲ့စင်မြင့်ထံ ပြန်ကြည့်လိုက်၏။

‘နဂါးသွဲ့စင်မြင့်နဲ့ နဂါးသွဲ့ပင်လယ်က တစ်ခုတည်းဖြစ်နေသင့်တာ… ကမ္ဘာဦးခေတ်တုန်းက သဘာဝမဟာတာအိုတစ်ခု ပေါ်လာပြီး ဒီနေရာကို အထွတ်အမြတ်နယ်မြေတစ်ခု ဖြစ်သွားစေခဲ့တာနဲ့ တူတယ်… ဒါကြောင့် ဖန်ဆင်းရှင်တွေက ဒီနေရာကို ကိုးကွယ်ကြတာပဲ … ဘယ်လိုပြောင်းလဲမှုမျိုးက နဂါးသွဲ့ရေကန်နဲ့ နဂါးသွဲ့ပင်လယ်ထဲက မဟာတာအိုကို ပျောက်ကွယ်သွားစေရတာလဲ’

သူက အသေအချာ စစ်ဆေးကြည့်ပြီးနောက် အနည်းငယ် ကြောင်အသွားသည်။

နဂါးသွဲ့တောင်တန်းရှစ်ခုမှာ ပျက်စီးနေကြကြောင်း တွေ့လိုက်ရ၏။

ချင်မူ ရှေ့သို့ ပျံသန်းသွားသည့်အခါ ထိုတောင်တန်းရှစ်ခုသည် တူညီသောနေရာတစ်ခုတည်းတွင် ပျက်စီးနေမှန်း တွေ့လိုက်ရသည်။

တောင်တန်းများမှာ နဂါးများအလား ထင်ရသည်။ ၎င်းတို့၏အမြီးများက နဂါးသွဲ့ပင်လယ်အလယ်တွင် ရှိနေပြီး ခေါင်းများကတော့ နဂါးသွဲ့စင်မြင့်အောက်တွင် ရှိနေကြသည်။ ကျွန်းဆွယ်များက ခြေလက်လေးချောင်းဖြစ်ပြီး ခြေလက်တစ်ဖက်စီတွင် နဂါးလက်သည်းစွယ် ငါးခုစီရှိကြ၏။

သူတို့ပျက်စီးနေကြသည့် နေရာမှာ နဂါးသွေးကြော၏ ခါးတွင် ရှိသည။ ၎င်းကို တစ်စုံတစ်ယောက်က ဖြတ်တောက်ထားသကဲ့သို့ ဖြတ်တောက်ခံထားရသည့် အပိုင်းအစများမှာ ညီတူညီမျှဖြစ်နေကြသည်။

ပျက်စီးနေသောအပိုင်းအစများသာမက နတ်ဧကရာဇ်လန်ရွှမ်၏ လက်အောက်ရှိ နတ်ဘုရားများ ကျောက်စိမ်းတူးဖော်နေသည့် နေရာများလည်း ရှိကြသည်။

ချင်မူမှာ မျက်လုံးများ ပြူးကျယ်သွားပြီး ငိုရခက်၊ ရယ်ရ‌ခက် ဖြစ်သွားတော့သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ လက်အောက်ရှိ နတ်ဘုရားများသည် နဂါးသွဲ့တောင်တန်းများကို မညသို့ထိန်းသိမ်းရမည်လဲမသိဘဲ တောင်တန်းများ ပျက်စီးနေသည်ကို အခွင့်ကောင်းယူ၍ ကျောက်စိမ်းများ တူးဖော်နေကြချေပြီ။

ချင်မူလည်း ခပ်သွက်သွက် ပျံသန်းသွားရာ နဂါးသွဲ့တောင်တန်းများ၏ ပျက်စီးနေသော မျက်နှာပြင်များသည် ပြားကပ်နေကြောင်း တွေ့လိုက်ရ၏။ သို့သော် ထူးဆန်းသည်က နဂါးသွဲ့တောင်တန်းများအား ဖြတ်တောက်ခဲ့သည့် စွမ်းအားသည် အပြင်လောကမှ လာခြင်းမဟုတ်ဘဲ မြေအောက်မှ လာခဲ့ခြင်းပင်။ စွမ်းအားတစ်မျိုးမျိုးက နဂါးသွဲ့တောင်တန်းတွင် ပေါက်ကွဲ၍ ကြေကွဲပျက်စီးစေခဲ့သည့်အလားပင်။

ထိုနေရာတွင် ကျောက်တူးနေကြသည့် နတ်ဘုရားများမှာ သူ့ကို မြင်လျှင် ချက်ချင်း ရပ်တန့်၍ ကြည့်နေကြ၏။

ထိုနတ်ဘုရားများသည် စုတ်ပြတ်နေသော အဝတ်များကို ဝတ်ဆင်ထားကြပြီး ခြေထောက်များကား သံကြိုးများဖြင့် ချည်နှောင်ခံထားကြရသည်။ ကြီးမားသောပြစ်မှု ကျူးလွန်ခဲ့သောကြောင့် ကျောက်တူးသမားများအဖြစ် ရာထူးချခံခဲ့ရသော အကျဉ်းသားများ ဖြစ်ပေလိမ့်မည်။

“ကောင်းကင်နတ်အရှင်မူပဲ”

ကြီးကြပ်နေသည့် နတ်ဘုရားတစ်ပါးက ချင်မူ့ကို ချက်ချင်း သတိထားမိသွားပြီး ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ သူက စိတ်ထဲမှ ခါးသီးစွာ ရေရွတ်လိုက်သည်။ ‘ဒီမိစ္ဆာကောင်က ဒီကို ဘာလာလုပ်ပြန်တာလဲ… သူ လန်ရွှမ်နတ်နန်းဆောင်ကို အရင်တစ်ခါလာခဲ့တုန်းက ကမ္ဘာဦးသစ်ပင်တစ်ပင် ထုတ်ပြီး နတ်နန်းဆောင်ကို စိစိညက်ညက် ကျေအောင် လုပ်သွားခဲ့တာ… နန်းဆောင်ထဲက တပည့်တွေအားလုံး သေလုနီးပါးဖြစ်ခဲ့ရတဲ့အပြင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားကိုတောင် ထွက်ပြေးစေခဲ့တယ်… အခု ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်ကို ဖျက်ဆီးဖို့လာတာများလား’

‘နဂါးသွဲ့ရေကန်က သူ ဖျက်စီးတာကို ခံနိုင်ရည်ရှိပါ့မလား… နေပါဦး ဘာလို့ နတ်ဧကရာဇ်လန်ရွှမ်က ဒီလူကို မသတ်တာလဲ’ သူတို့မှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး မျက်နှာများလည်း သွေးဆုတ်ဖြူလျော့နေကြသည်။ တစ်ယောက်က ချင်မူ့အား သတိပေးရန် ပြင်လိုက်စဉ် ချင်မူအကြည့် ထိုပုဂ္ဂိုလ်ထံသို့ ကျရောက်သွားသည်နှင့် ထိုသူမှာ မြေပေါ် လဲကျသွားပြီး မလှုပ်ရှားရဲတော့ပေ။

ချင်မူက လက်ကို လွှဲရမ်းလိုက်ရာ ကြီးကြပ်နေသည့် နတ်ဘုရားများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှေ့တက်မလာရဲကြချေ။

ချင်မူက မျက်နှာပျက်သွားပြီး လက်ကို တစ်ဖန် လွှဲရမ်းလိုက်၏။

နတ်ဘုရားများက သေတော့မည့်အလား ခက်ခက်ခက်ခဲဖြင့် တစ်လမ်းချင်းလှမ်းလာကြသည်။ သူတို့က ချင်မူ့ထံသို့ လျှောက်လာနေကြလေသည်။

ချင်မူ၏ မျက်နှာအမူအရာက နူးညံ့သိမ်မွေ့နေပြီး ဖော်ရွေသော မျက်နှာအမူအရာကို အားတင်းလုပ်ယူထားသည်။ သူက ပြုံးလျက် ပြောလေသည်။ “ခင်ဗျားတို့ ကျောက်တုံးတွင်းဘယ်လောက်အထိ တူးပြီးကြပြီလဲ… ထုတ်လိုက်ကြပါ…”

ဘုတ်…. ဘုတ်..

နတ်ဘုရားများက ရုတ်တရက် မြေပေါ် ဒူးထောက်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျွန်တော်တို့ သေရမှာမကြောက်ပါဘူး… ဒါပေမဲ့ ကျွန်တော်တို့မှာ စောင့်ရှောက်ရမယ့် မိဘဘိုးဘွားတွေ၊ ကလေးသူငယ်တွေ ရှိနေပါတယ်… ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ… မြန်မြန်… မြန်မြန်… ကောင်းကင်နတ်အရှင်အတွက် ကျောက်စိမ်းတုံးတွေ ထုတ်လိုက်ကြ….ကောင်းကင်နတ်အရှင် ကျောက်စိမ်းတုံးတွေ ယူပြီး မြန်မြန်ထွက်သွားလိုက်ပါတော့… ကျွန်တော်တို့လည်း ဒီမှာလက်စသတ်ပြီးတော့ မြန်မြန်ပြေးပါတော့မယ်”

ချင်မူမှာ အံ့သြသွားပြီး ငိုရခက်၊ ရယ်ရခက်ဖြစ်နေသည်။ “ခင်ဗျားတို့က ဒီကျောက်တုံးတွင်းတွေကို တူးပြီးတော့ တောင်တန်းတွေကို ဆက်သွယ်နေကြတာမလား”

နတ်ဘုရားများမှာ သူ ပြောနေသည်ကို ရှင်းရှင်းလင်းလင်း ကြားကြသည့်ပုံမပေါ်ပေ။ ကြီးကြပ်သူနတ်ဘုရားက ထပ်မံ၍ပင် အော်ပြောလိုက်၏။ “ကျွန်တော်တို့ကို ဓားပြတိုက်သွားတာ ကောင်းကင်နတ်အရှင်မူဆိုတာ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး… ကျွန်တော်တို့ ကျောက်တုံးတွင်းတွေကို လုယူခံလိုက်ရတာသိရင် နတ်ဧကရာဇ်က ကျွန်တော်တို့ကို သတ်ဖြတ်လိမ့်မယ်… ဆိုတော့ ကျွန်တော်တို့လည်း အသက်ရှင်အောင် ထွက်ပြေးမှ ဖြစ်မှာပါ..”

ချင်မူက သူတို့ကြားရန် နောက်တကြိမ် ထပ်ပြောလိုက်သည်။ ကြီးကြပ်သူနတ်ဘုရားက ဝမ်းသာအားရ ပြောတော့သည်။ “ကောင်းကင်နတ်အရှင်က ကျွန်တော်တို့ကို ဓားပြလာတိုက်တာမဟုတ်ဘူးလား… မိုးကောင်းကင် စောင်မတာပဲဗျာ… ကောင်းကင်နတ်အရှင်ကလည်း အကျင့်စာရိတ္တ ပြောင်းသွားပြီးပဲ…. ငါတို့ကို ဓားပြမတိုက်ဘူးတဲ့ဟ”

ချင်မူက မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။ “ကျုပ်ကို ခင်ဗျားတို့ရဲ့ နတ်ဧကရာဇ်က ဖိတ်ခေါ်ထားတာ… စကားမများပဲ မြန်မြန်လုပ်ကြစမ်းပါဗျာ”

ကြီးကြပ်သူများများက အလောတကြီး ပြန်ထွက်သွားပြီး ကျောက်တူးသမားများအား ခိုင်းစေလိုက်သည်။ သူတို့က တူးဖော်ထားသည့် ကျောက်စိမ်းများကို ကျောက်စိမ်းကြောရှစ်ခုဘေးတွင် ဖြန့်ကျက်ထားလိုက်ကြပြီး ချင်မူက ခပ်ဩဩ လေသံဖြင့်ပြော၏။ “ရပ်မနေနဲ့လေ… သွားပြီး ကူလုပ်လိုက်ဦး”

ကြီးကြပ်သူနတ်ဘုရားများက အားနာစွာ ပြုံးလိုက်ကြသည်။ “ကောင်းကင်နတ်အရှင်ကတော့ သိမှာမဟုတ်ဘူးဗျ… ဒါပေမဲ့ ဒီကျောက်တူးသမားတွေက လက်ပေါက်ကပ်တယ်…. အလုပ်လုပ်ဖို့ ကြာပွတ်နဲ့ ရိုက်ပေးမှ… မရိုက်ရင် ရေသာခိုနေကြရော”

ချင်မူက ကြာပွတ်ကို ဆတ်ခနဲ ဆွဲယူ၍ နတ်ဘုရားများအား ရိုက်နှက်လိုက်သည်။ ကျောက်တူးသမားများက ၎င်းကို မြင်လျှင် အားရဝမ်းသာ အော်ဟစ်နေကြ၏။

နတ်ဘုရားများမှာ သွေးများစီးကျသည်အထိ ရိုက်နှက်ခံလိုက်ရပြီး အလျင်အမြန် အလုပ်လုပ်နေကြသည်။

ချင်မူက နဂါးသွဲ့တောင်တန်းများ ပိတ်သွားသည့်အထိ တိတ်တဆိတ် စောင့်နေ၏။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတောင်တန်းမှာ ဆက်သွားလေပြီ။

ဝုန်း…

နောက်ဆုံးကျောက်စိမ်းတုံး ကျသွားသည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုမှာ ရုတ်တရက် တုန်ခါလာ၏။ ရောင်စုံအလင်းတန်းများက ဝုန်းခနဲ အသံနှင့်အတူ ၀င်ရိုးစွန်းဒေသများရှိ အလင်းရောင်များအလား ကျဆင်းလာပြီး တောင်တန်းများအပေါ်၌ နဂါးတစ်ကောင်လား ကူးခတ်သွားလာနေသည်။

ထိုမျှသာမက မဟာတာအိုရောင်စုံအလင်းတန်းတို့သည် တောင်တန်းများ၏အောက်ခြေမှ ထွက်ပေါ်လာပြီး ကောင်းကင်ထက်ရှိ မဟာတာအိုအလင်းရောင်နှင့် ဆက်သွယ်သွား၏။

တာအိုအသံက ခေါင်းလောင်းသံအလား ပဲ့တင်ထပ်နေပြီး ဗျပ်စောင်းသံ၊ ပုလွေသံနှင့် ဗုံသံတို့ကိုလည်း ကြားရနိုင်၏။ မဟာတာအိုတို့က တေးသံများနှင့် ရောယှက်နေတော့သည်။

ကြီးကြပ်သူနတ်ဘုရားများနှင့် ကျောက်တူးသမားများမှာ ထိုမြင်ကွင်းကို မြင်လျှင် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။

နတ်ဘုရားတစ်ပါးက ရေရွတ်လိုက်သည်။ “နေက အနောက်ဘက်ကများ ထွက်လာတာလား… ကောင်းကင်နတ်အရှင်မူက နဂါးသွဲ့ရေကန်ကို ဖျက်ဆီးဖို့လာတာ မဟုတ်ဘဲ ပြန်လည်တည်ဆောက်ဖို့ ရောက်လာတာပဲ… ကောင်းကင်က တကယ်ကြီး ပြောင်းလဲနေတာများလား”

ပင်မသင်္ဘောပေါ်ရှိ နတ်ဧကရာဇ်လန်ရွှမ်နှင့် နတ်ဘုရားများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့က သင်္ဘောပေါ်မှ ပျံတက်၍ အဝေးသို့ လှမ်းကြည့်နေကြ၏။ ရုတ်တရက် ပို၍အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ နဂါးသွဲ့စင်မြင့်အနားရှိ တောင်တန်းရှစ်ခု၏ နဂါးဦးခေါင်းသည် ခရမ်းရောင်အငွေ့များ ထုတ်လွှတ်လိုက်ပြီး ၎င်းအငွေ့များက နဂါးသွဲ့စင်မြင့်ဆီသို့ ဦးတည်ပြေးဝင်သွားကြ၏။

နဂါးသွဲ့စင်မြင့်တစ်ခုလုံးမှာ ရှင်းပြမရနိုင်သော မဟာတာအိုအရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ နဂါးသွဲ့စင်မြင့်ပေါ်ရှိ အမျိုးမျိုးသော သဘာဝအမှတ်အသားသင်္ကေတတို့က တောက်ပလာကြပြီး စင်မြင့်တစ်ခုလုံးကို ထူးဆန်းသော တာအိုသံတို့ဖြင့် ပြည့်နှက်သွားစေ၏။ တာအိုသံမှာ ရှည်လျား၍ နားဝင်ချိုလေသည်။ ၎င်းက စင်မြင့်ဆီမှ သာယာနာပျော်ဖွယ်ကောင်းစွာ ပျံ့လွင့်လာ၏။

ပို၍ပင်ထူးဆန်းသည်က ကမ္ဘာဦးရေကြည်သည် နဂါးသွဲ့စင်မြင့်ဆီမှ တစ်စက်ချင်း စီးကျလာနေသည်။ ၎င်းက နဂါးသွဲ့ပင်လယ်ထဲသို့ တစ်စက်ပြီးတစ်စက် စီးကျနေ၏။

နတ်ဧကရာဇ်လန်ရွှမ်မှာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ သူသည် ဤနေရာ၏ ပိုင်ရှင်ဖြစ်သော်လည်း နဂါးသွဲ့ရေကန်၌ ထိုသို့ပြောင်းလဲမှုများ ရှိလာနိုင်သည်ဟု မသိခဲ့ပေ။

ချင်မူကား ရောက်လာလျှင်ချင်း ဤမျှအံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ချေပြီ”

“နဂါးသွဲ့ရေကန်….ဒါက အစစ်အမှန် နဂါးသွဲ့ရေကန်ပဲ… ငါ့ရဲ့ နဂါးသွဲ့ရေကန်”

သူက တစ်ယောက်တည်း ရေရွတ်နေပြီး နဂါးသွဲ့စင်မြင့်ဆီသို့ လျှောက်သွား၏။ “ဒါက ကမ္ဘာဦးရေကြည်ပဲ.. ငါ ခင်းကျင်းထားတဲ့ အစီအရင်တွေထက်တောင် ကမ္ဘာဦးရေကြည်ကို မြန်မြန်ထုတ်လုပ်ပေးနိုင်တယ်….. ဒီနေရာက ငါ အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံလို့ရမယ့် နေရာတစ်ခုပဲ…”

သူ၏အကြည့်က ချင်မူ့ပေါ်သို့ ကျရောက်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့က သူ၏မျက်လုံးများတွင် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သူ့ရင်ထဲတွင် ချင်မူ့ကို သတ်ဖြတ်လိုချင်စိတ် ပေါ်လာ၏။

သူသည် ဤနေရာကို အချိန်အတော်ကြာ သိမ်းပိုက်ထားခဲ့သော်လည်း နဂါးသွဲ့ရေကန်၏ လျှို့ဝှက်ချက်များကို ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် ချင်မူကတော့ ရောက်လာသည်နှင့် ကမ္ဘာဦးနဂါးသွဲ့ရေကန်ကို ခမ်းနားသော မူလအခြေအနေအထိ ပြန်လည်ဆောင်ကျဥ်းပေးနိုင်ခဲ့သည်။ သူ့မှာ အသတ်အဖြတ်စိတ်ဆန္ဒ၏ တိုက်တွန်းမှုအား ခံစားလာရတော့သည်။

“ကောင်းကင်နတ်အရှင်မူက အန္တရာယ်တစ်ခုပဲ”

သူ ချင်မူ့ဘေးသို့ ရောက်လာသည့်အခါ ချင်မူသည် ကမ္ဘာဦးရေကြည်များကို သွားရောက်မယူသလို မဟာတာအိုကိုလည်း သိမြင်နားလည်ခြင်း မရှိသည်အား တွေ့လိုက်ရသည်။ ထိုအစား သူက မြေအောက်သို့ စိတ်ဝင်တစား ကြည့်နေ၏။

နတ်ဧကရာဇ်လန်ရွှမ်က သူ့ဘေးတွင် ရပ်၍ ငုံ့ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ဘာတွေကြည့်နေတာလဲ”

ချင်မူ၏ မျက်ခုံနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်နေ၏။ သူကမြေအောက်သို့ ကြည့်ရင်း ပြုံးနေသည်။ “ကျွန်တော် နဂါးသွဲ့ရေကန်ရဲ့ အသက်ဓာတ်ကို ဖျက်ဆီးပြီးတော့ ဒီတောင်တန်းရှစ်ခုကို ပျက်စီးစေခဲ့တဲ့အရာကို ကြည့်နေတာပါ”

နတ်ဧကရာဇ်လန်ရွှမ်က မနေနိုင်သဖြင့် မေးလိုက်မိ၏။ “ဒါဆို မြင်ရလား”

“မြင်ရပါတယ်” ချင်မူက ခေါင်းညိတ်သည်။

All Chapters