← Chapters

အသိစိတ်အလျဉ်... မူလချီ.. မူလလမ်းစဉ်... အတူယှဉ်တွဲ ရှေ့ဆက်လိမ့်မည်

Vol. 107 Ch. 1401

အသိစိတ်အလျဉ်... မူလချီ.. မူလလမ်းစဉ်... အတူယှဉ်တွဲ ရှေ့ဆက်လိမ့်မည်

Vol. 107 Ch. 1401

နတ်ဧကရာဇ်လန်ရွှမ်က တခဏ စောင့်ဆိုင်းနေသည့်တိုင် ချင်မူသည် သူ မြင်ခဲ့ရသည့်အရာကို ပြောမပြပေ။ နောက်ဆုံးတွင် နတ်ဧကရာဇ်လန်ရွှမ်မှာ မနေနိုင်သဖြင့် မေးလိုက်မိ၏။ “မင်း ဘာကို မြင်ခဲ့ရတာလဲ”

ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ခင်ဗျားရဲ့ နဂါးသွဲ့ရေကန်ရဲ့ အသက်ဓာတ်ကို ကိုယ်ပိုင်အကျိုးအတွက် စုပ်ယူနေတဲ့ ဧရာမအရာကြီးတစ်ခု မြင်ခဲ့ရတယ်… နဂါးသွေးကြောရှစ်ခုကို အခု ပြင်ဆင်ရင်တောင်မှ အနာဂတ်မှာ ထပ်ပြီး ဖျက်ဆီးခံရလိမ့်မယ်… နဂါးသွဲ့ရေကန်ကို နဂိုအတိုင်း ပြန်ကောင်းမွန်လာစေချင်ရင် အဲဒီအရာကို ဘယ်လိုရှာရမလဲ ကျွန်တော် ပြောပြမယ်… ဒါပေမဲ့ နဂါးသွဲ့ရေကန်က ထုတ်ကုန်တွေရဲ့ ဆယ်ရာခိုင်နှုန်း ကျွန်တော့်ဆီ ပေးရမယ်”

နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်မှာ လှိုင်းထသွားသည်။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ မြေအောက်သို့ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “မင်းကို ဆယ်ရာခိုင်နှုန်း ပေးရမှာတဲ့လား… အဲဒီအရာကြီးကို ရှာပြီးတော့ ရှင်းလင်းပစ်လိုက်ရင် ငါ မင်းကို ဘာမှမပေးတာက မကောင်းဘူးလား… ကောင်းကင်နတ်အရှင်မူ၊ မင်းက လောဘကြီးလွန်းတယ်… မင်း ကောင်းကင်နတ်အရှင်ကုန်းနဲ့ နတ်အရှင်မယန်ဆီက ဂုတ်သွေးစုပ်ခဲ့တဲ့အပြင် အခုငါ့ဘက်ပါ လှည့်လာပြီ… မင်းက ကောင်းကင်နတ်အရှင်ဆယ်ပါးဆီကနေ ဂုတ်သွေးစုပ်ဖို့ စဉ်းစားနေတာလား… ကောင်းကင်နတ်အရှင်ဆယ်ပါးအပေါ် သိပ်အထင်သေးလွန်းတာ မဟုတ်လား”

ချင်မူမှာ အံ့အားသင့်သွားသည်။ သူ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မယန်တို့၏ ကျောက်တုံးတွင်းများဆီမှ ဝေစုခွဲယူရန် အပေးအယူလုပ်ခဲ့သည့် ကိစ္စကို နတ်ဧကရာဇ်လန်ရွှမ် သိရှိထားလေသည်။

ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် နတ်ဧကရာဇ်လန်ရွှမ်သည် သူလျှိုများ စေလွှတ်ထားခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ၎င်းက ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် လျှို့ဝှက်ချက် ဖြစ်မည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တစ်ဦးနှင့်တစ်ဦး မယုံကြည်ကြသဖြင့် အချင်းချင်း သူလျှိုများ ထည့်ထားတတ်ကြသည်။ ၎င်းက သူတို့အားလုံး တစ်ယောက်နှင့်တစ်ယောက် သရုပ်မှန်များ မဖော်ထုတ်ဘဲ ပူးပေါင်းနိုင်ကြသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။

နတ်ဧကရာဇ်လန်ရွှမ်မှာ အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ဖြည်းဖြည်းချင်း မျက်နှာအမူအရာ ခက်ထန်လာသည်။

သူ၏အသိစိတ်အလျဉ်မျက်လုံးသည် နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးသော်လည်း မြေအောက်သို့ ကြည့်လိုက်သည့်အချိန်တွင် ချင်မူ ပြောသည့် ဧရာမအရာကြီးကို မတွေ့ရပေ။ အစအနလေးကိုပင် မတွေ့ချေ။

ဤသည်က အလွန်တရာ ကြောက်စရာကောင်းလှ၏။

သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူက ပျံတက်၍ နဂါးသွဲ့တောင်တန်းရှစ်ခုတွင် ဆက်လက်ရှာဖွေနေသည်။

ချင်မူက စိတ်ထဲမထားဘဲ နဂါးသွဲ့စင်မြင့်ဆီသို့ လျှောက်သွား၏။ နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်မျက်လုံးသည် ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို ထွင်းဖောက်မြင်နိုင်ပေလိမ့်မည်။ မဟာခြုံလွှမ်းကောင်းကင်နတ်ဘုံမှ လွဲ၍ မည်သည့်လျှို့ဝှက်ချက်မှ သူ၏အသိစိတ်အလျဉ်အား ဖုန်းကွယ်နိုင်မည်မဟုတ်ချေ။

သူ၏နတ်မျက်လုံးများကို ဒိဗ္ဗစက္ခုမျက်လုံးဟု ခေါ်နိုင်ပေသည်။

သူ၏အသိစိတ်အလျဉ်သည် အားကောင်းပြင်းထန်၏။ လန်ရွှမ်က ဘိုးဘေးနန်းတော်၏ မြေအောက်အနက်ဆုံး နေရာများသာမက နေရာဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသော ရတနာများကိုပါ မြင်ရနိုင်ပေသည်။ သို့သော် သူ၏မျက်လုံးမှာ ချင်မူ့ဒေါင်လိုက်မျက်လုံးအောက် နိမ့်ကျနေသေးသည်။

ချင်မူ့ဒေါင်လိုက်မျက်လုံးကား ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ အားဖြည့်ပေးခြင်းခံထားရသည့်အပြင် နတ်မျက်လုံး၏ စွမ်းအားအပြင် ထိုက်ကျိကျောက်တုံး၊ ထိုက်စုဥခွံတို့ပါ ပါရှိသဖြင့် တစ်လောကလုံးတွင် နံပါတ်တစ်ဟုပင် ခေါ်နိုင်ပေသည်။

ချင်မူက နတ်မျက်လုံး၏ စွမ်းအားကို ဤအခိုက်အတန့်တွင် မထုတ်လွှတ်နိုင်သော်လည်း ၎င်းကို အသုံးပြု၍ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သေးသည်။

နတ်ဧကရာဇ်လန်ရွှမ်၏ နဖူးထက်ရှိ ချွေးသီးချွေး‌ပေါက်များက ပိုမိုများပြားလာသည်။ သူက နဂါးသွေးကြောရှစ်ခုကို ရှာဖွေနေသော်လည်း ဤဧရာမအရာကြီး မည်သည့်နေရာ၌ ပုန်းနေသည်လဲ ရှာမတွေ့နိုင်သေး‌ပေ။

‘နဂါးသွဲ့ရေကန်အနေနဲ့ အရင်တုန်းကလို ခမ်းနားတင့်တယ်လာဖို့ ပိုအရေးကြီးတယ်…. ငါ အဲဒီအရာကြီးကို မဖြေရှင်းဘူးဆိုရင် နဂါးသွဲ့ရေကန်က ကမ္ဘာဦးရေကြည်ကို စုစည်းထားနိုင်တဲ့ ရေကန်ကြီးတစ်ကန် ဖြစ်လာလိမ့်မယ်.. တခြား ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူကို ကမ္ဘာဦးရေကြည် ဆယ်ရာခိုင်နှုန်းခွဲပေးတာက လက်မခံနိုင်စရာတော့ မရှိပါဘူး”

နတ်ဧကရာဇ်လန်ရွှမ်မှာ ချင်မူ နဂါးသွဲ့ရေကန်ထဲတွင် ပါရှိသည့် မဟာတာအိုကို သိမြင်နားလည်နိုင်ရန် နဂါးသွဲ့စင်မြင့်ပေါ်သို့ တက်သွားကြောင်း တွေ့လိုက်ရသဖြင့် သွားရောက်မနှောင့်ယှက်တော့ပေ။

နဂါးသွဲ့စင်မြင့်သည် အလွန်တရာ မြင့်မြတ်သော နေရာတစ်နေရာပင်။ ကောင်းကင်နှင့်မြေကြီးကို ပူဇော်ပသသော အထွတ်အမြတ်နေရာတစ်နေရာလည်း ဖြစ်၏။ ချင်မူက ကောင်းကင်နှင့် မြေကြီးအား ပူဇော်ဆက်သနေသည့် ရသေ့တစ်ပါးအလား လမ်းလျှောက်နေသလို၊ တစ်ချိန်တည်းမှာပင် လမ်းစဉ်ရှာဖွေနေသည့် လူတစ်ယောက်နှင့်လည်း တူ၏။ သူ၏ခြေလှမ်းများက တည်ငြိမ်နေပြီး သူ၏မျက်နှာအမူအရာသည်လည်း ရိုသေကိုင်းရှိုင်းနေသည်။

နတ်ဧကရာဇ်လန်ရွှမ်ကလည်း စင်မြင့်ပေါ်သို့ တက်လာသည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်သည့်အလျောက် သူ့ဆီမှ စွမ်းအားကြီးမားသော အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ မန္တန်များ၊ လမ်းစဉ်များအားလုံးသည် သူ့အပေါ် သက်ရောက်မှု မရှိချေ။

ချင်မူက နဂါးသွဲ့ရေကန်၏ မဟာတာအိုကို သေချာသိမြင်နားလည်နေ‌သောကြောင့် လန်ရွှမ်မှာ စင်မြင့်ပေါ်မှ ဆင်း၍ တာအိုသံများ နားထောင်နေသည်။ တာအိုသံများကို ကြားရသည့်တိုင် ချင်မူ့လောက် သိမြင်နားလည်နိုင်စွမ်း မရှိပေ။

သူကား သန်မာလွန်းနေသည်။ သူ၏ သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့က မြင့်မားလွန်းသည်သာမက သူ၏စိတ်ဓာတ်ကလည်း ကြံ့ခိုင်လွန်းသည်။ သူ၏သိုင်းအဆင့်မှာလည်း အတော်လေး မြင့်နေသေးသည်။

ချင်မူက နဂါးသွဲ့စင်မြင့်ပထမအထပ်သို့ ဆင်းသက်လိုက်သည့်အခါ ကောင်းကင်မုခ်၀လေးခုနှင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်များနှင့် မတူကြောင်း သတိထားမိလိုက်သည်။ ကောင်းကင်မုခ်၀လေးခုနှင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်က သူ၏တာအိုနှလုံးသားကို သန့်စင်ပေးသည်။ နှစ်ခုလုံးက အန္တရာယ်များလွန်းသဖြင့် မကျော်ဖြတ်နိုင်ပါက သေဆုံးရလိမ့်မည်။

တခြားတစ်ဖက်တွင် နဂါးသွဲ့ရေကန်ကမူ သူ၏တာအိုနှလုံးသားကို အားဖြည့်ပေးသည်။ ၎င်းသည် မည်သည့်စမ်းသပ်ချက်မှ မရှိဘဲ တာအိုနှလုံးသားကို အားဖြည့်ကာ ဖွံ့ဖြိုးလာစေသည်။

တေးသံတစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာပြီး မဟာတာအိုတစ်ပါး သူ့နားထဲတွင် တီးတိုးပြောနေသည့်အလား ထင်ရသည်။ စီးဆင်းနေသည့်ရေအလား၊ မိခင်တစ်ယောက်၏ သီချင်းညည်းသံအလား၊ ကမ္ဘာလောက၏ စစ်မှန်ကောင်းမွန်‌သော အလှတရားအလား ကြားနေရပေသည်။

မဟာတာအိုသည် ကမ္ဘာမြေအလား အရာအားလုံးကို သယ်ဆောင်၍ ပျိုးထောင်ပေးနေပြီ နှလုံးသားနှင့် စိတ်ကို ကျယ်ပြန့်လာနေစေသည်ကိုလည်း ခံစားနေရ၏။

မွန်မြတ်သော အကျင့်သီလသည် ရေကဲ့သို့ဖြစ်ပြီး ရေသည် မည်သည့်အရာကိုမဆို အကျိုးပြုနိုင်သည်။

သူက စင်မြင့်ပေါ်တွင် ရပ်နေပြီး နဂါးသွဲ့ရေကန်အား အဝေးမှာလှမ်းကြည့်နေ၏။ အတိတ်မှ ခမ်းနားသောမြင်ကွင်း မရှိတော့ဘဲ သူ ထိုနေရာတွင် ရပ်၍ ကြည့်နေစဉ် အသက်ဟူသမျှကို အားဖြည့်ပေးသော နဂါးသွဲ့ရေကန်သည် နဂါးအကြေးခွံကဲ့သို့ လှိုင်းထလာသည်ကို တွေ့လိုက်ရသည်။

သူ ပြန်လှည့်ကြည့်လိုက်ရာ အမိကမ္ဘာမြေအဖြစ် အသွင်ပြောင်းလာခဲ့သော ကမ္ဘာဦးသစ်ပင်သည်လည်း ပျောက်ကွယ်သွား၍ ဧရာမတွင်းနက်ကြီးတစ်တွင်းသာ ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရ၏။ သို့သော် ကမ္ဘာဦးခေတ် ဖန်ဆင်းရှင်များ၏ ဘိုးဘေးများကို ကာကွယ်ပေးခဲ့သည့် စိမ်းလန်းစိုပြည်နေသော ကမ္ဘာဦးသစ်ပင်ကို မြင်နေရသယောင် ခံစားရသည်။

အမိကမ္ဘာမြေကား ထူထဲသိပ်သည်းနေပြီး နဂါးသွဲ့ရေကန်ကတော့ ကြည်လင်နေသည်။

အချိန်အတော်ကြာသော် ချင်မူက ရှေ့သို့လျှောက်သွား၏။ နဂါးသွဲ့ရေကန်သည် ကမ္ဘာဦးခေတ်ဖန်ဆင်းရှင်များအတွက် ယဇ်ပူဇော်သော နေရာတစ်နေရာဖြစ်သည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီး၊ စကြ၀ဠာကို ကိုးကွယ်ပူဇော်ခဲ့ကြ၏။ ထိုအချိန်တုန်းက ပုဂ္ဂိုလ်များသည် သူတို့၏စွမ်းအား မည်သည့်နေရာမှ လာသလဲ မသိကြချေ။ နဂါးသွဲ့စင်မြင့်ကို သုံး၍ သူတို့၏တာအိုနှလုံးသားများအား အားဖြည့်နိုင်သည်ကို မသိခဲ့ကြ။

သူတို့၏ နှလုံးသားများမှာ ရိုးရှင်းခဲ့ကြသည်။ ဤနေရာသို့ လာရောက်ပြီးနောက် သူတို့၏စိတ်နှလုံးများ တည်ငြိမ်သွားသည်ကိုသာ ခံစားခဲ့ကြရ၏။ ကောင်းကင်နှင့် မြေကြီးကို ထိတွေ့၍ နဂါးသွဲ့ပင်လယ်နှင့် ဆက်နွယ်နိုင်ကြသည့်အလားပင်။

ဖန်ဆင်းရှင်တို့သည် သူတို့နှင့် သတ္တဝါတို့ကို အားဖြည့်ပေးခဲ့သည့် မြေပြင်နှင့် ပင်လယ်ကြီးအား လေးစားခဲ့ကြသည်။

ထို့ကြောင့် ဘိုးဘေးများကို အောက်မေ့သတိရသည့်အနေဖြင့် ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၊ ‌စကြ၀ဠာကို ယဇ်ပူဇော်ကြသည်။

ထိုအခိုက်အတန့်တွင် ချင်မူသည်လည်း ကမ္ဘာဦးခေတ်တွင် ကောင်းကင်နှင့်မြေကြီးကို ပူဇော်ခဲ့ကြသည့် ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာခဲ့သည့်အလားပင်။ ဤနေရာတွသ် မဟာတာအို အရှိန်အဝါအား ရိုသေကိုင်းရှိုင်းသည့် ပုံစံတစ်မျိုးဖြင့် ခံစားနေရသည်။

သူက လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ အချိန်များက တဖြည်းဖြည်း ရှည်ကြာလာသည်။ နတ်ဧကရာဇ်လန်ရွှမ်က သူ့ကို ကျော်တက်၍ နဂါးသွဲ့စင်မြင့်၏ ရှစ်ထပ်မြောက်သို့ ရောက်ရှိသွားချေပြီ။ သူက ကောင်းကင်နှင့်မြေကြီး၊ ကျွန်းစုများကို ခံစားချက်များအပြည့်ဖြင့် မော့ကြည့်လိုက်သည်။

ချင်မူ ဤနေရာသို့ ရောက်လာသည့်အချိန်တွင် လဝက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

နတ်ဧကရာဇ်လန်ရွှမ်က သူ ရောက်လာသည်ကို အာရုံခံပြီးသဖြင့် လမ်းမြှောက်ကာ ကျွန်းစုအား လက်ညှိုးထိုးလိုက်သည်။ ပင်လယ်၏အခြားတစ်ဖက်ရှိ ကျွန်းစုများနှင့် တောင်တန်းများကို လက်ညှိုးထိုးကာ တဟားဟား ရယ်လျက် ပြော၏။ “တောင်တန်းတွေနဲ့ မြစ်တွေက သိပ်ကိုခမ်းနားတာပဲ… ဘယ်သူကများ ဒီလိုနေရာမျိုးကို မပိုင်ချင်ဘဲနေပါ့မလဲ ကောင်းကင်နတ်အရှင်မူ… ဒါက ငါ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာချင်တဲ့ ရည်မှန်းချက်ထဲက တစ်ခုပဲ… ငါက စကြ၀ဠာတစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာပြီး တောင်တန်းတွေ၊ မြစ်တွေ၊ ကောင်းကင်ဘုံတွေ၊ အနန္တကမ္ဘာလောကတွေ၊ ကုဋေချီတဲ့ ကြယ်တာရာတွေနဲ့ နဂါးငွေ့တန်းတွေက ငါ့ခြေထောက်အောက်မှာ ပြားပြား၀ပ်နေစေရမယ်”

သူ၏ ကြီးကျယ်သော ရည်မှန်းချက်များသည် ရင်ဘတ်ထဲမှ ထွက်ပေါ်လာပြီး သူက မြစ်များနှင့် တောင်တန်းများဘက်သို့ ညွှန်ပြနေသည်။ သူ့မှာ စိတ်အားတက်ကြွနေပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။

“ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ ပါရမီက ထူးကဲတယ်… မင်း ငါ့လက်အောက်မှာ အညံ့ခံရင် အဲဒီပါရမီတွေ ထုတ်ပြနိုင်အောင် အခွင့်အရေးပေးမယ်… ငါက ကောင်းကင်နတ်အရှင်ဟောင်လောက် မကောက်ကျစ်ပါဘူး… မင်းကို သေချာပေါက် တန်ဖိုးထားပါမယ်… အနာဂတ်မှာ ငါ့ရဲ့မြစ်တွေနဲ့ တောင်တန်းတွေကို မင်း ခွဲယူနိုင်လိမ့်မယ်”

ချင်မူက မဖြေပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုအရှိန်အဝါမှာ ပိုပို၍ ထူထဲသိပ်သည်းလာသည်။ ရုတ်တရက် နတ်ဧကရာဇ်လန်ရွှမ်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ သူနောက်လှည့်ကြည့်လိုက်သည့်အခါတွင် သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာသည်။ ချင်မူကား ထူးခြားဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိနေပြီး နဂါးသွဲ့စင်မြင့်၊ ကောင်းကင်နှင့် မြေကြီးမဟာတာအိုဖြင့် ဆက်နွယ်နေလေသည်။

သူကား နဂါးသွဲ့စင်မြင့်တစ်ခုလုံးနှင့် ပေါင်းစည်းထားသည့်အလားပင်။ သူသည် ထိုနေရာ၌ ရပ်နေသော်လည်း နတ်ဧကရာဇ်လန်ရွှမ်၏အမြင်တွင်မူ ချင်ူမကား ဘိုးဘေးနန်းတော်၏ မြေထုအလား ကြီးမားလေးလံ၍ နဂါးသွဲ့ပင်လယ်သဖွယ် ကျယ်ပြန့်နေသလို ခံစားနေရသည်။

သူသည် နတ်ဧကရာဇ်လန်ရွှမ် ယခုလေးတင် မြင်ခဲ့ရသည့် ကောင်းကင်နှင့် မြေကြီးပမာ ကောင်းကင်၊ ပင်လယ်နှင့် မြေထု၏ ကြီးမားကျယ်ပြန့်မှုများကို ပိုင်ဆိုင်ထားလေသည်။

သူသည် နဂါးသွဲ့စင်မြင့်၏ မဟာတာအိုကို တုံ့ပြန်နေပြီး နတ်ဧကရာဇ်လန်ရွှမ်နှင့်အတူ နားလည်သိမြင်ခဲ့စဉ်တုန်းက ပြတ်တောက်သွားခဲ့သော တာအိုစည်းချက်မှာ ယခုတွင် ပြန်လည်ဆက်သွယ်သွား၏။

ဤတစ်ကြိမ်ကား လန်ရွှမ်နှင့်အတူ တာအိုသို့ ဝင်ရောက်မှဖြစ်မည့်အခြေအနေ မဟုတ်တော့ပေ။

နတ်ဧကရာဇ်၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုမျက်နှာအမူအရာက အသတ်အဖြတ်စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားပြီး မနာလိုမှုများက သူ၏မျက်လုံးထဲတွင် နေရာယူလာ၏။ ချင်မူ၏ ဉာဏ်ပညာမှာ သူနှင့်တန်းတူနီးပါး ရှိသည်။ သူတို့နှစ်ယောက် တာအိုကို အတူတကွ သိမြင်နားလည်ခဲ့သည့်အချိန်တုန်းက သူတို့၏ချီစွမ်းအင် ဆက်သွယ်သွားသည်နှင့် တာအိုကို ပြိုင်တူဝင်ရောက်ကာ ထိုက်ချူလမ်းစဉ်နှင့် တာအိုကျင့်စဉ်စနစ် လမ်းစဉ်တို့၏ နက်နဲဆန်းကြယ်မှုများကို နားလည်နိုင်ခဲ့ကြသည်။

ထိုအချိန်တုန်းက လန်ရွှမ်နှင့် ချင်မူတွင် လိုအပ်ချက်များရှိခဲ့သည်။ တာအိုမိတ်ဆွေ မဆိုထားနှင့်၊ မိတ်ဆွေများပင် မဟုတ်ဘဲ ရန်သူများဖြစ်ကြောင်း သတိရသွားခဲ့ကြ၏။

ထို့ကြောင့် တာအို၀င်ရောက်သည့်လမ်းစဉ်ကို ဖြတ်တောက်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် မကူညီကြတော့ပေ။

သို့သော် ယခုတွင် နတ်ဧကရာဇ်လန်ရွှမ်အနေဖြင့် တာအိုသို့ ရောက်ရန် ခက်ခဲနေသော်လည်း ချင်မူကတော့ တာအိုဝင်ရောက်သည့်အဆင့်သို့ ရောက်ရှိသွားလေပြီ။

‘ဘာလို့ သူကပဲ အခွင့်အရေးရပြီး ငါက မရရတာလဲ’

သူ့မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့က ပို၍ပြင်းထန်ထားသော်လည်း သူက အားတင်း၍ ချိုးနှိမ်ထားသည်။ လန်ရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး နဂါးသွဲ့စင်မြင့်ထက်မှ ဆင်းကာ နဂါးသွေးကြောရှစ်ခု ဖြတ်တောက်ခံရသည့်နေရာသို့ ဆင်းသက်လိုက်၏။ ကျောက်တူးသမားများနှင့် ကြီးကြပ်သူများမှာ တစ်လကျော်အထိ အနားယူထားကြလေသည်။

သူတို့အားလုံး နတ်ဧကရာဇ်လန်ရွှမ်ကို မြင်လျှင် ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ နတ်ဧကရာဇ်လန်ရွှမ်က အင်္ကျီလက်စကို ခါရမ်းကာ နှာခေါင်းရှုံ့လိုက်သည်။ “နဂါးသွေးကြောရှစ်ခုကို ဖြတ်လိုက်”

ကြီးကြပ်သူများနှင့် ကျောက်တူးသမားများမှာ သူ ပြောသည်ကို နားမလည်သဖြင့် ငူငူငိုင်ငိုင် ရပ်နေကြ၏။

နဂါးသွေးကြောရှစ်ခုသည် ဆက်နေသောကြောင့် နဂါးသွဲ့ရေကန်၏ အသက်ဓာတ်ကို ပြန်ပြည့်လာစေခဲ့၏။ နဂါးသွဲ့ရေကန်က ကမ္ဘာဦးရေကြည်များကို ထုတ်လုပ်ပေးသည့်အတွက် ဘိုးဘေးနန်းတော်ထဲတွင် အကောင်းမွန်ဆုံး ရတနာမြေများထဲမှ တစ်ခုဖြစ်လေသည်။ အဘယ်ကြောင့် ကောင်းကင်နတ်အရှင်မူက နဂါးသွဲ့ရေကန်ကို မဖျက်စီးဘဲ နတ်ဧကရာဇ်လန်ရွှမ်က သူ၏ရတနာမြေကို ဖျက်ဆီးချင်နေရပါသနည်း။

နတ်ဧကရာဇ်လန်ရွှမ်က ဒေါသူပုန်ထနေသည်။ သူက အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်လျက် ခက်ထန်စွာ အော်ဟစ်၏။ “မင်းတို့အားလုံး နားပင်းနေကြတာလား.. သွား ခိုင်းတာသွားလုပ်ကြ”

ထို့နောက်မှသာ ကြီးကြပ်သူများသည် အသိစိတ်ပြန်ဝင်လာကြ၏။ သူတို့က ကျောက်တူးသမားများအား အကြောင်းအရင်းမရှိဘဲ ကြာပွတ်များဖြင့် ရိုက်နှက်လိုက်ကြရင်း မာရေကြောရေဖြင့် အော်ဟစ်နေကြသည်။ “လုပ်ကြစမ်း... အဲဒီနဂါးသွဲ့ကျောက်တုံးတွေကို ဖြိုပစ်ကြ”

ကျောက်တူးသမားများက အတူဆက်နေသည့် နဂါးသွဲ့ကျောက်တုံးများကို ဖယ်ရှားနေကြသည်။ နတ်ဧကရာဇ်လန်ရွှမ်မှာ နှေးကွေးလွန်းသည်ဟု ခံစားရသဖြင့် ကြီးကြပ်သူများအား ရိုက်နှက်ကာ ခိုင်းစေနေလေသည်။

နောက်ဆုံးတွင် နဂါးသွေးကြောရှစ်ခုမှာ ဖြတ်တောက်ခံလိုက်ရပြီး ဘိုးဘေးနန်းတော်နဂါးသွဲ့ရေကန်၏ မဟာတာအိုအရှိန်အဝါများမှာ ပျောက်ကွယ်သွားသည်။ နဂါးသွေးကြောရှစ်ခုက ခရမ်းရောင်အငွေ့များ ထုတ်လွှတ်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်၏။

နတ်ဧကရာဇ်လန်ရွှမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက နဂါးသွဲ့စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်ရာ ၎င်း၏ မဟာတာအိုအရှိန်အဝါသည်လည်း အလျင်အမြန် ပျောက်ကွယ်နေကြောင်း တွေ့လိုက်ရသည်။

“မင်းက ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်ဆိုတော့ ငါ မင်းကို တိုက်ရိုက်သတ်လို့မရဘူး… ဒါပေမဲ့ မင်းရဲ့ တာအိုကို ဝင်ရောက်မယ့် လမ်းစဉ်ကိုတော့ တားဆီးလို့ရတယ်… မင်း တာအိုကို မဝင်နိုင်တော့ဘူးပေါ့”

သူ၏အကြည့်များက ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ “ငါ မအောင်မြင်နိုင်ရင် အောင်မြင်ဖို့ စိတ်တောင် မကူးနဲ့… ကောင်းကင်နတ်အရှင်မူ၊ ငါက ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့’’

သူ ထိုသို့တွေးနေစဉ် သူ၏သူငယ်အိမ်များက ရုတ်တရက် ကျုံ့၀င်သွားသည်။ နဂါးသွဲ့စင်မြင့်ထက်ရှိ မဟာတာအိုအရှိန်အဝါများက ပျောက်ကွယ်နေသော်လည်း ၎င်းထံမှထွက်ပေါ်နေသည့် တာအိုစည်းချက်များက အားကောင်းသထက် အားကောင်းလာ၏။

နတ်ဧကရာဇ်လန်ရွှမ်မှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ ချင်မူသည် တာအိုဝင်ရောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီး နှောင့်ယှက်၍မရတော့ပေ။

‘သူ့ကို သတ်ပစ်လိုက်… ငါရဲ့ နတ်လက်ချောင်းက ကောင်းကင်နတ်အရှင်တွေကြားထဲမှာ အားအပြင်းဆုံးကောင်းကင်နတ်သိုင်းပဲ.. လက်ချောင်းလေးတစ်ချောင်းတည်းနဲ့ သူ့ကို သတ်ပစ်လို့ရတယ်’

သူသည် လက်ချောင်းဖြင့် ချင်မူ့ကို သတ်ပစ်ချင်နေသော်လည်း ဤနေရာတွင် သတ်ဖြတ်လိုက်ပါက ကျန်ကောင်းကင်နတ်အရှင်များသည် သူ့ကို တိုက်ခိုက်ကြလိမ့်မည်။ တစ်လောကလုံး ငြိမ်းချမ်းရေးရပြီး ရှေးဟောင်းနတ်ဘုရားများကို ဖယ်ရှားပြီးသည့်အချိန်ကသာ သူ့ကို ရှင်းလင်းသတ်ဖြတ်ရန် အခွင့်ကောင်းဖြစ်လေသည်။

သို့သော် သူ့အနေဖြင့် ချင်မူ့ကို ဤအတိုင်း လွှတ်မထားလိုပေ။

တို့အခိုက်အတန့်တွင် နဂါးသွဲ့စင်မြင့်ပေါ်မှ ထွက်ပေါ်လာနေသည့် တာအိုစည်းချက်များက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ လူရိပ်တစ်ခုကို ကောင်းကင်ထက်သို့ မြှောက်တင်ပေးလိုက်သည်။ သူက သံရှည်ဆွဲ၍ ရေရွတ်လိုက်၏။ “ ကောင်းကင်နှင့် မြေမြင်အထက်သို့ ရောက်ရှိမည့် အသိစိတ်အလျဉ်... မူလချီ.. မူလလမ်းစဉ်... အတူယှဉ်တွဲ ရှေ့ဆက်လိမ့်မည်”

All Chapters