မြေနိုးကြီး မဟာဧကရာဇ်
Vol. 107 Ch. 1405
နတ်ဧကရာဇ်လန်ရွှမ်က တာအိုသစ်သီးကို လေပေါ်မြှောက်၍ အကြိမ်ကြိမ် စစ်ဆေးအကဲခတ်နေသည်။ သူ့နှလုံးသားထဲတွင် ပျော်ရွှင်၀မ်းမြောက်မှုတို့ ပြည့်နှက်နေ၏။ သူ ချင်မူ့ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့ပုံစံမှာ အမြင်ကပ်စရာမကောင်းတော့ဘဲ ချစ်စရာကောင်းသည့်ပုံပင် ပေါက်နေသည်။
“ကောင်းကင်နတ်အရှင်မူ၊ ငါ့လက်အောက်မှာ ကောင်းကောင်းအလုပ်လုပ်ပါ”
သူ့မှာ ရယ်နေသည်အား မရပ်တန့်နိုင်ချေ။ “သစ္စာဖောက်ကောင်းကင်နတ်အရှင်တစ်ပါး မင်းဟာ ငါ့ကို ကပ်ဖားယပ်ဖား လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိတဲ့ စောက်ရူးတစ်ကောင်လို ဖြစ်နေမှာ မြင်ချင်မိတယ်”
ချင်မူက သူ့ကို ညင်ညင်သာသာ သတိပေးလိုက်သည်။ “နတ်ဧကရာဇ်၊ ဒီတာအိုသစ်သီးထဲမှာ အရင်စကြ၀ဠာက သိုင်းပညာရှင်ရဲ့ အသိစိတ်အလျဉ် ပါတယ်နော်… ၀င်အပူးမခံရအောင် သတိထားပါ... နတ်ဧကရာဇ်သာ ထာ၀ရဘ၀မဟာတာအိုကို ဒီသစ်သီးထဲကနေ အမှန်တကယ် ထုတ်ယူနိုင်ရင် ကျွန်တော့်အနေနဲ့ ခင်ဗျားလက်အောက်မှာ အရူးတစ်ယောက်အဖြစ် နေဖို့ မခက်ခဲပါဘူး”
လန်ရွှမ်ကလည်း တဟားဟား အော်ရယ်လိုက်၏။ “အဲ့ဒီ အရင်စကြ၀ဠာက သိုင်းပညာရှင်က တာအိုသစ်သီးထဲမှာ အသိစိတ်အလျဉ်တချို့ ထည့်ထားခဲ့ပေမယ့် သူ ငါတို့စကြ၀ဠာရဲ့ အန္တိမဟင်းလင်းပြင်ထဲ ရောက်မလာသရွေ့ ငါ သူ့ကို ကြိုက်သလို ထိန်းချုပ်လို့ရတာ်… ငါ အန္တိမဟင်းလင်းပြင်ကို မရောက်နိုင်ရင် သူက တည်သီးတစ်လုံးသာသာပဲ”
ချင်မူက သူ စိတ်ရွှင်နေမှန်း မြင်လျှင် အခွင့်ကောင်းယူကာ ပြောသည်။ “နတ်ဧကရာဇ်ဗျ ... ကမ္ဘာဦးခေတ်အတိုင်း နဂါးသွဲ့ရေကန် ပြန်လည်တင့်တယ်ခမ်းနားလာအောင် ကျွန်တော် ကူညီပေးပါ့မယ်…. တာအိုသစ်သီးကို ချိုးနှိမ်ပြီး နတ်ဧကရာဇ် နောက်ဆုံးအဆင့်အထိ ရောက်နိုင်ဖို့လည်း ကူညီပေးပါမယ်…. ဒါဆို နတ်ဧကရာဇ်ရဲ့ နဂါးသွဲ့ရေကန်ကို…”
“မရဘူး” နတ်ဧကရာဇ်က တာအိုသစ်သီးကို ကိုင်ထားဆဲဖြစ်ပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ချင်မူက ချက်ချင်း ပြောလိုက်၏။ “ကျွန်တော် ပြောချင်တာက ကျွန်တော်က အကျိုးအများကြီး သယ်ပိုးပေးခဲ့တော့ ကျွန်တော့်လက်အောက်က နတ်ဘုရားတွေ နဂါးသွဲ့ရေကန်ဆီ လာပြီး နားလည်သိမြင်နိုင်ဖို့ အရှင်မင်းကြီး ခွင့်ပြုနိုင်မလားလို့ မေးတာပါခင်ဗျာ…”
“အခကြေးငွေ ပေးရမယ်”
နတ်ဧကရာဇ်လန်ရွှမ်က တည့်တိုးပြောသည်။ “မင်း ငါ့ကို အရှင်မင်းကြီးလို့ ခေါ်ရင်တောင် အသုံးမ၀င်ဘူး…. မင်းက ငါ့ဆီကနေ ကမ္ဘာဦးရေကြည် နှစ်ဆယ်ရာခိုင်နှုန်းရအောင် အကြပ်ကိုင်ခဲ့တာ…. ငါ တွေးမိတိုင်း ရင်ထဲ နာကျင်ခံစားရတယ်…. မင်းရဲ့လူတွေ နဂါးသွဲ့ရေကန်ဆီ လာပြီး သိမြင်နားလည်ချင်ရင် ထိုက်သင့်တဲ့ တန်ကြေးပေးရလိမ့်မယ်”
ချင်မူက ဒေါသတကြီး ခနဲ့လိုက်သည်။ “ခင်ဗျားက ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်တော့ဘူးလား”
နတ်ဧကရာလန်ရွှမ်က ပြုံး၍ ခေါင်းညိတ်ကာ လက်နှစ်ချောင်း ထောင်ပြသည်။ “မင်းရဲ့လူတွေ နဂါးသွဲ့ရေကန်ဆီ လာပြီး သိမြင်နားလည်ချင်ရင် ကမ္ဘာဦးရေကြည် နှစ်ဆယ်ရာခိုင်နှုန်းကို ငါ့ဆီ ပြန်ပေး”
ချင်မူက အံကြိတ်၍ လက်ညှိုးတစ်ချောင်း ထောင်သည်။
နတ်ဧကရာဇ်လန်ရွှမ်က စဉ်းစားပြီးနောက် ပြုံး၏။ “မင်း ငါ့ကို အခုလေးတင် အရှင်မင်းကြီးလို့ ခေါ်လိုက်တာ သိပ်နား၀င်ချိုတယ်… ထားလိုက်ပါတော့.. ငါ မင်းကို ကမ္ဘာဦးရေကြည် ၂၀ ရာခိုင်နှုန်းပေးမယ်”
ချင်မူမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ လန်ရွှမ်သည် သူ့ဆီမှ ကမ္ဘာဦးရေကြည် ဆယ်ရာခိုင်နှုန်းမပြောနှင့်၊ နှစ်ဆယ်ရာခိုင်နှုန်း လိုချင်လျှင်တောင်မှ သူ့အနေဖြင့် ပေးလိုက်မည်ဖြစ်သည်။
ကမ္ဘာဦးရေကြည်သည် ပြန်လည်ထုတ်လုပ်၍ ရနိုင်သော အရာမဟုတ်လော။ နှိုင်းယှဉ်မရနိုင်အောင် အဖိုးတန်သော်လည်း သူ့မျက်လုံးထဲတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပါရမီရှင်များနှင့် မယှဉ်နိုင်ပေ။
ပါရမီရှင်များက အရေးအပါဆုံးဖြစ်သည်။
‘ရှုရှန်းဟွာနဲ့ လန်ယွီတျန်း ကောင်းကင်မုခ်၀လေးခုပုံစံ ရေးဆွဲပြီးပြီလားမသိဘူး… သူတို့ ဒီကိုလာအောင် လုပ်ရမယ်…. ငါလည်း နဂါးသွဲ့ရေကန်ကို သိမြင်နားလည်ပြီး တာအိုနှလုံးသားကို ကျင့်ကြံရမယ့်အပြင် ရေကန်နဲ့ စင်မြင့်ကိုလည်း ပုံတူဆွဲထားရမယ်”
သူက စိတ်ထဲမှ တွေးနေသည်။ ‘ငါ တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပူးပေါင်းတည်ထောင်ပြီးသွားရင် အနာဂတ်မှာ လန်ရွှမ်မျက်နှာကို ကြည့်နေစရာ မလိုတော့ဘူး’
သူတို့နှစ်ယောက်က မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစဆီမှ ထွက်လာကြ၏။ ချင်မူက ချက်ချင်း နှုတ်ဆက်စကားဆိုသည်။ နတ်ဧကရာဇ်လန်ရွှမ်မှာ တာအိုသစ်သီးကို သန့်စင်ရန် အလျင်လိုနေသဖြင့် ချင်မူလည်း မတားတော့ပေ။
‘နတ်ဧကရာဇ်လန်ရွှမ်က တာအိုသစ်သီးကို သန့်စင်ပြီး အရင်စကြ၀ဠာရဲ့ အသိပညာတွေ ရသွားရင် ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်… ဒါပေမဲ့….”
ချင်မူက နဂါးသွဲ့ရေကန်မှ ထွက်ခွာလာပြီး ပြန်လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်က ခပ်ရေးရေး ဖြစ်ထွန်းလာလေသည်။ ‘တာအိုသစ်သီးကို သန့်စင်ဖို့က အဲ့လောက်မလွယ်ဘူး… သူ သန့်စင်တော့ရော ဘာဖြစ်လဲ… သူ့ကိုယ်သူ အားကိုးပြီး တစ်ဆင့်ချင်း ကျင့်ကြံရဦးမှာပဲလေ….သူသာ တာအိုသစ်သီးကို ယူထားပြီး သူ့အပိုင်အဖြစ် ထင်မှတ်နေရင် မဟာဧကရာဇ်နဲ့ ကွာတော့မှာ မဟုတ်ဘူး”
သူ့နှလုံးသားသည် တည်ငြိမ်နေပြီး လုံးလုံးလျားလျား စိတ်အေးလျက် ရှိ၏။
နတ်ဧကရာဇ်လန်ရွှမ်၏ စွမ်းဆောင်ရည်များ တိုးတက်လာခြင်းက ကောင်းမွန်သော အရာဖြစ်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် ကောင်းကင်နတ်အရှင်ဟောင်၊ နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်ရှောင်တို့သည် အနိုင်ရနိုင်ရန် အခွင့်အရေးအများဆုံး ဖြစ်သော်လည်း ယခုတွင် နတ်ဧကရာဇ်လန်ရွှမ်ပါ ထပ်တိုးလာချေပြီ။ နောက်ကျိနေသော ရေပြင်သည် ပို၍ပင် ရှုပ်ထွေးနောက်ကျိလာပေလိမ့်မည်။
‘ကောင်းကင်နယ်စားမင်း သေသွားပြီး ကောင်းကင်နတ်အရှင်ဟုန်က အကျိုးအမြတ်အများကြီး ရသွားရင် ကောင်းကင်နတ်အရှင်ဟုကိုလည်း ထပ်တိုးရလိမ့်မယ်’
ချင်မူက ခေါင်းမော့၍ ဘိုးဘေးနန်းတော်၏ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်နယ်စားမင်းသည် ယခုတွင် ဘိုးဘေးနန်းတော်ဆီသို့ လှမ်းကြည့်နေလိမ့်မည်မဟုတ်လော။
သို့သော် ကောင်းကင်နယ်စားမင်းကား သူ့ကို လာမတွေ့ခဲ့ပေ။
သူက အကြည့်ပြန်ရုတ်လိုက်သည်။ ‘ငါ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ တာအိုနှလုံးသားကို အကျဉ်းထောင်ကိုးထပ်စင်မြင့်ဆီ ပို့ခဲ့ပြီးပြီ… ကောင်းကင်နတ်အရှင်ဟုန် ငါ့ရဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို ချိုးဖျက်ပြီးလို့ အလိုရမ္မက်တွေ ရှိနေသေးရင်တောင်မှ ကောင်းကင်တာအိုနှလုံးသားနဲ့ ပိုပြီးဆက်သွယ်နေလိမ့်မယ် …. ကောင်းကင်တာအိုနှလုံးသားရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း ထိန်းသိမ်းထားနိုင်လိမ့်မယ်…. ကောင်းကင်နယ်စားမင်း သေသွားရင်တောင်မှ ငါတို့က တူညီတဲ့ လမ်းစဉ်မှာပဲ ဖြစ်နေလိမ့်ဦးမယ်…ကောင်းကင်နတ်အရှင်ဟုန်သာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို မချိုးဖျက်နိုင်ခဲ့ရင်တော့…’
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားလေသည်။ ‘အဲဒါဆို ကောင်းကင်နယ်စားမင်း သေသွားတဲ့အခါကျရင် အကျိုးအမြတ် အများဆုံးရမယ့်သူက ကောင်းကင်နတ်အရှင်ဟုန် မဖြစ်နိုင်တော့ဘူး…. အဲ့ဒီအချိန်ကျ သူဟာ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ယှဉ်နိုင်မှာမဟုတ်တော့ဘူး… တစ်ချိန်တည်းမှာပဲ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ နောက်ကျိနေတဲ့ ရေတွေထဲမှာ ကောင်းကင်နတ်အရှင်ဟုန်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်လည်း ပါလာလိမ့်မယ်’
သူ့တွင် ကောင်းကင်နယ်စားမင်းအတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ပေ။
ကောင်းကင်နယ်စားမင်း သေကို သေရလိမ့်မည်။
ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်မည့် အမိန့်ကို ထုတ်ပြန်ခဲ့တည်းက ကောင်းကင်နယ်စားမင်းသည် သေဆုံးရမည့် ကံကြမ္မာပါပြီးသား ဖြစ်ခဲ့၏။
ကောင်းကင်မဟာမိတ်အစည်းအဝေး မတိုင်ခင် အကွက်ရွှေ့ရန် အချိန်ရှိခဲ့သော်လည်း ယခုတွင်တော့ မလိုအပ်တော့ပေ။
ချင်မူမှာ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ကောင်းကင်နတ်အရှင်ဟုန်၏ တာအိုနှလုံးသားကို ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။ ရည်မှန်းချက်ကြီးမားသည့် ကောင်းကင်နတ်အရှင်ဟုန်အနေဖြင့် ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို သိမ်းပိုက်က တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များအတွက် ကောင်းကင်တာအိုအား အသုံးချနိုင်မည်မဟုတ်ပေ။
ကောင်းကင်တာအိုသည် ကိုယ်ကျိုးမငဲ့ပေ။ ကောင်းကင်နတ်အရှင်ဟုန်အနေဖြင့် ကိုယ်ကျိုးအတွက် ကောင်းကင်တာအိုအား ခိုးယူခြင်းသည် ကောင်းကင်တာအိုအပေါ် အကြီးမားဆုံး သစ္စာဖောက်မှုကြီးဖြစ်၏။
‘ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ထိုက်ယီ ပြောခဲ့တယ်… အဲ့ဒါက ဘာအဓိပ္ပာယ်များလဲ” သူက မျက်မှောင်ကြုတ်လျက် တွေးတောနေသည်။
သူ့အရှေ့တွင် စူးရှပြင်းထန်သော အလင်းတန်းတစ်တန်းသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ချင်မူ လျှောက်သွားကြည့်လိုက်ရာ ၎င်းသည် နတ်အရှင်မချန်း၏ ပိုင်နက်မှ ထွက်ပေါ်လာခဲ့ကြောင်း တွေ့လိုက်ရသည်။ နောက်ထပ် ဧရာမစွမ်းအင်အကူးအပြောင်းတံတားကြီးတစ်စင်းသည် ဆောက်လုပ်ခံထားရပြီး ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းမှ တာအိုရသေ့များက အလျင်လိုနေသော မျက်နှာအမူအရာများဖြင့် အခြားတစ်နေရာသို့ ဦးတည်သွားနေကြ၏။
ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော သင်္ဘောများက ဤစွမ်းအင်အကူးအပြောင်းတံတားဆီမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ နတ်အရှင်မချန်းလက်အောက်ရှိ နတ်ဘုရားမိစ္ဆာများနှင့် မျိုးနွယ်စုအသီးသီးမှ ကောင်းကင်နတ်သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့က ဤစွမ်းအင်အကူးအပြောင်းတံတားကို သုံး၍ ဘိုးဘေးနန်းတော်သို့ ရွှေ့ပြောင်းလာနေကြချေပြီ။
သင်္ဘောများက အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ အခြေချရန် သင့်တော်မည့် နေရာအား ရှာဖွေနေကြသည်။
ချင်မူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ဘိုးဘေးနန်းတော်နှင့် ဆက်သွယ်ထားသော စွမ်းအင်အကူးအပြောင်းတံတားများကား သုံးစင်းအထိ ရှိနေသည်။ စွမ်းအင်အကူးအပြောင်းတံတားအားလုံး တည်ဆောက်ပြီးနောက်တွင် ကောင်းကင်နတ်ဘုံတစ်ဘုံလုံးကို ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့နိုင်လိမ့်မည်။
ကောင်းကင်နတ်ဘုံသည် အစက ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်တွင် နေရာယူခဲ့သော်လည်း ကမ္ဘာဦးဘုံမှ ထွက်ခွာကာ ဘိုးဘေးနန်းတော်သို့ ရောက်လာခဲ့ချေပြီ။ ချင်မူ့ရင်ထဲတွင် ခံစားချက်များ ပြည့်ကြပ်လာသည်။
“ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ”
စွမ်းအင်အကူးအပြောင်းတံတားဆီမှ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချင်မူ ရင်ဒိန်းခနဲ ခုန်သွားသည်။ ထိုကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်မှာ ရှည်လျားထွားကြိုင်း၍ တုန်လှုပ်ဖွယ်ကောင်းလှ၏။ သူက နတ်အရှင်မချန်း၏ ပိုင်နက်ကို အဝေးမှ လှမ်းကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
“အဲ့ဒါက အရှင်မယွမ်မုရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမလား…”
ချင်မူ့အကြည့်က ဖြတ်ခနဲ တောက်ပသွားသည်။ ဘိုးဘေးနန်းတော်တွင် မျက်စိကျစရာအကောင်းဆုံး ရတနာမြေများကို ကောင်းကင်နတ်အရှင်များက သိမ်းပိုက်ပြီးဖြစ်ရာ အရှင်မယွမ်မုအတွက် ရတနာများများစားစား မကျန်တော့ပေ။
အရှင်မယွမ်မု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် အခြားကောင်းကင်နတ်အရှင်များထံမှ ပိုင်နက်လု၍ ပြဿနာရှာရန် ရောက်လာခြင်းလော။
‘အရှင်မယွမ်မုက မဟာဧကရာဇ်ရဲ့ ပိုင်နက်ကို မျက်စိကျနေတာလား’
သို့သော် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် နတ်အရှင်မချန်း၏ ပိုင်နက်ထံသို့ ဦးတည်မသွားသဖြင့် ချင်မူ့မျှော်လင့်ချက်များ ပျက်သုဉ်းသွားရသည်။ ထိုအစား သူက ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ထို့နောက် အဆုံးသတ်မြို့ပျက် အမှောင်ထုကြီးက ကောင်းကင်ထက်တွင် ဖွဲ့တည်လာကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဝါးမြိုသွားတော့သည်။
‘ခိုးကြောင်ခိုးဝှက်နဲ့ ဒီယွမ်မုတော့ တစ်ခုခု အကောက်ကြံနေတာပဲ ဖြစ်ရမယ်’
ချင်မူက စိတ်လှုပ်ရှားလာပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်သည်။ သူ ဟင်းလင်းပြင်ထဲသို့ ကြည့်၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လှုပ်ရှားမှုများကို အကဲခတ်နေ၏။
ထိုအခိုက်အတန့်တွင် နတ်အရှင်မချန်း၏ ပိုင်နက်ရှိ ကောင်းကင်ပေါ်သို့ ပျံတက်သွားသော လူရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ၎င်းက ဟင်းလင်းပြင်ထဲသို့ ခိုး၀င်၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနောက် လိုက်သွားလေသည်။
“အဲ့ဒါက မဟာဧကရာဇ် … နတ်အရှင်မချန်းပဲ…”
ချင်မူမှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။ နတ်အရှင်မချန်းသည် မဟာဧကရာဇ်၏ လူ၀င်စားဖြစ်သည့်အလျောက် အရှင်မယွမ်မု၏ လှုပ်ရှားမှုများကို အာရုံခံမိသွားသဖြင့် တိတ်တဆိတ် လိုက်ကြည့်နေခြင်း ဖြစ်မည်။
ချင်မူက ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ဖြစ်သော နတ်အရှင်မချန်း၏ ပိုင်နက်သို့ လှမ်းကြည့်လိုက်၏။ ထိုနေရာရှိ အသတ်အဖြတ်ချီများမှာ အလွန်တရာ သိပ်သည်းလေးလံပြီး စကြ၀ဠာတစ်ခုလုံးတွင် အသတ်အဖြတ်ချီအများဆုံး နေရာဟုပင် ပြောနိုင်ပေသည်။ သူ အဝေးမှကြည့်နေစဉ် အသတ်အဖြတ်သွေးချီနှစ်ဝှေ့က တစ်ခုနှင့်တစ်ခု ရစ်ပတ်လျက် ကောင်းကင်သို့ မြင့်တက်လာကြောင်း တွေ့လိုက်ရ၏။ ၎င်းက တစ်လောကလုံးတွင် အကြီးမားဆုံး လေဆင်နှာမောင်းကြီးများထက်ပင် ပို၍ ကြီးမားနေသည်။
အသတ်အဖြတ်သွေးချီတို့က နှိုင်းယှဉ်မရနိုင်အောင် ထက်ရှနေသည်။ အဝေးမှ လှမ်းကြည့်နေသည့် ချင်မူပင်လျှင် ၎င်းတို့ကို မြင်သည့်အခါ တုန်လှုပ်သွားမိ၏။
“နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ အသတ်အဖြတ်အရှိန်အဝါက ဘယ်လိုလုပ် ပေါ်လာတာတုန်း… ပြီးတော့ ဘာလို့ ဒီလောက်သိပ်သည်းလေးလံနေရတာလဲ”
သူ့မှာ သွားရောက်၍ နတ်ဘုရားစီရင်ရာစင်မြင့်ကို လေ့လာချင်သော်လည်း နတ်အရှင်မချန်း၏ပိုင်နက်အစွန်းတွင်ပင်လျှင် အသတ်အဖြတ်စိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ခြိမ်းခြောက်နေသည်အား ခံစားနေရသည်။ ဤနေရာသို့ လာရောက်ခြင်းဖြင့် သူ့ခန္ဓာကိုယ်ရှိ မဟာတာအိုသင်္ကေတများမှာ တစ်ခုပြီးတစ်ခု ကျိုးပျက်၍ နှစ်ပိုင်းပြတ်သွားသလို ခံစားနေရ၏။
“ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်က အဲဒီ့လောက် မစွမ်းနိုင်ပါဘူး ... စွမ်းနိုင်လို့လား...” ချင်မူမှာ ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထနေမိသည်။
သူ၏မူလဝိညာဉ်မှာလည်း နှိုင်းယှဉ်မရနိုင်အောင် ချွန်ထက်သော စွမ်းအားတစ်ရပ်က ဓားချွန်များကဲ့သို့ တိုက်ခိုက်ကာ အချိန်မရွေး ခုတ်ပိုင်းဖြတ်တော့မည့်အလား ခံစားနေရသည်။
ပို၍ပင်တုန်လှုပ်ဖွယ်ကောင်းသည်က နတ်ဘုရားစီရင်ရာစင်မြင့်ကား တာအိုနှလုံးသားကို ခုတ်ပိုင်းနိုင်၏။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစီရင်ရာစင်မြင့်သည် နတ်ဘုရားတို့အား စီရင်သည့် နယ်မြေ ဖြစ်သည်။ ၎င်းသည် အမိန့်မနာခံသည့် နတ်ဘုရားများ၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာကို ပိုင်းဖြတ်နိုင်သော်လည်း တာအိုနှလုံးသားကိုတော့ မပိုင်းဖြတ်နိုင်ကြချေ။
လော့ဝူရွှမ်က သူ၏ကျွမ်းကျင်သော ဓားမသိုင်းကွက်များနှင့် လမ်းစဉ်ဝင်ရောက်နိုင်ခဲ့ခြင်းတို့ကြောင့် ကောင်းကင်နတ်ဘုံတွင် နံပါတ်တစ် ကောင်းကင်ဓားမအဖြစ် ထင်ရှားကျော်ကြားလေသည်။ သူသည် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို ဓားမတစ်လက်ဖြင့် ဝင်ရောက်ခဲ့ပြီး ဓားမလမ်းစဉ်ကို အားကိုးကာ နောက်ဆုံးတွင် နတ်ဘုရားစီရင်ရာစင်မြင့်ဆီမှ ဘေးကင်းစွာ ထွက်လာနိုင်ခဲ့၏။
သို့သော် လော့ဝူရွှမ်သာ ဘိုးဘေးနန်းတော်၏ ဤနတ်ဘုရားစီရင်ရာစင်မြင့်သို့ ဝင်ရောက်ခဲ့ပါက တာအိုနှလုံးသားစမ်းသပ်မှုကို ထိုမျှလွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟု ချင်မူ သံသယဝင်လာမိသည်။
လော့ဝူရွှမ်၏ တာအိုနှလုံးသားမှာ ခိုင်မာသော်လည်း တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၄ ဘုံအထိ မကျင့်ကြံရသေးပေ။
‘နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ စွမ်းအားက ပေါ့သေးသေး မဟုတ်ဘူးပဲ… ငါ့တာအိုနှလုံးသားကို မခုတ်ပိုင်းနိုင်ပေမယ့် မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုတော့ ခုတ်ပိုင်းပစ်လိုက်နိုင်တယ်’
ချင်မူက အကြည့်ရုတ်လိုက်သော်လည်း သူ၏သူငယ်အိမ်များထဲတွင် သွေးရောင်ဓားရောင်တို့က ကခုန်နေသည်။ ၎င်းတို့ကို ဖျက်ဆီးရန် အချိန်တခဏ ယူလိုက်ရ၏။
‘နတ်ဘုရားစီရင်ရာစင်မြင့်က တစ်လောကလုံးက အသတ်အဖြတ်ချီတွေကို စုစည်းပြီး ဖွဲ့တည်လာတာဖြစ်ရမယ်... စွမ်းအားက ပြင်းထန်လွန်းတယ်… ကမ္ဘာဦးခေတ်မှာ ပြိုင်ဘက်ကင်းသန်မာတဲ့ ဖြစ်တည်မှုတစ်ခုကို သတ်ဖြတ်ခဲ့ပြီးတော့ သွေးတွေအများကြီး စုပ်ယူခဲ့တာနေမှာ’
ချင်မူသည် အစက နဂါးသွဲ့စင်မြင့်အဆင့်ကို ကျင့်ကြံပြီးနောက် နတ်ဘုရားစီရင်ရာစင်မြင့်အား ကျော်ဖြတ်ရန် စီစဉ်ထားခဲ့၏။ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်အထိ ကျင့်ကြံပါက အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်လာပြီး ကျောက်စိမ်းမြို့တော်အဆင့်သို့ ဆက်လက်တက်လှမ်းနိုင်ပေလိမ့်မည်။ ပြောရလျှင် သူကား အကျဉ်းထောင်ကိုးထပ်၏ တာအိုနှလုံးသားအချုပ်အနှောင်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး အကျဉ်းထောင်ကိုးထပ်မှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သူ မဟုတ်ပါလော။
သို့သော် ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို အထင်သေးခဲ့မိချေပြီ။
ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့စင်မြင့်၊ အကျဉ်းထောင်ကိုးထပ်နှင့် တခြားနေရာများသည် အလိုအလျောက် မကြီးထွားနိုင်ကြချေ။ သို့သော် နတ်ဘုရားစီရင်ရာစင်မြင့်ကတော့ အလိုအလျောက် ကြီးထွားအားကောင်းလာနိုင်၏။
ကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်စုအားလုံး၏ ခေါင်းဆောင်များနှင့် ဖန်ဆင်းရှင်များက စစ်သုံ့ပန်းများ၊ သစ္စာဖောက်များကို ဤနေရာသို့ စေလွှတ်၍ ကွပ်မျက်စေခဲ့ကြသည်။ လတ်လတ်ဆတ်ဆတ် သွေးတို့က နတ်ဘုရားစီရင်ရာစင်မြင့်ကို ပိုမိုအင်အားကြီးမားသထက် ကြီးမားလာစေခဲ့ပြီးနောက် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ လေးဆင့်မြောက် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တချို့ကိုပင် ကြက်ကလေး၊ ငှက်ကလေးများပမာ သတ်ဖြတ်စေနိုင်ခဲ့သည်။
ဤနတ်ဘုရားစီရင်ရာစင်မြင့်၏ အန္တရာယ်မှာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ထက် များစွာသာလွန်၏။
“မြေနိုးကြီး မဟာဧကရာဇ်… ငါ့ကို နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ဝင်ရောက်ခွင့်ပေးခဲ့တာ တမင်အကောက်ကြံလိုက်တာပဲ” ချင်မူက ကျယ်လောင်စွာ အော်ဆဲလိုက်သည်။
သူ၏လက်ရှိစွမ်းဆောင်ရည်များဖြင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များကို တိုက်ခိုက်နိုင်သည်။ သို့သော် ကောင်းကင်နတ်သိုင်းများစွာ ရှိနေသည့် အားသာချက်ကို အားကိုးရ၏။ ချင်မူကား လူမသိသူမသိ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့အား ကျွမ်းကျင်လေသည်။ ဥပမာအားဖြင့် ထိုက်ချူလမ်းစဉ်၊ ထိုက်ကျိလမ်းစဉ်၊ ထိုက်ရှီလမ်းစဉ်၊ ထိုက်စုလမ်းစဉ်တို့သာမက ကောင်းကင်နတ်အရှင်လင်၏ မလွယ်ကူသော ကောင်းကင်နတ်သိုင်းများလည်း ပါဝင်သေးသည်။
သူ၏ရုပ်ခန္ဓာနှင့် မှော်စွမ်းအင်မှာမူ ဧကရာဇ်ပလ္လင်အဆင့်သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်သည့်အထိ မသန်မာသည့်အပြင် သူ၏မူလဝိညာဥ်သည်လည်း ဧကရာဇ်ပလ္လင်အဆင့်သိုင်းပညာရှင်များအဆင့်သို့ မရောက်သေးပေ။
မဟာဧကရာဇ်သည် သူ့အား နတ်ဘုရားစီရင်ရာစင်မြင့်သို့ ဝင်ရောက်ခွင့်ပေးခဲ့ခြင်းမှာ နတ်ဘုရားစီရင်ရာစင်မြင့်ကို သုံးပြီး သူ့ကို သတ်ဖြတ်ရန်သာ ဖြစ်ခဲ့၏။
“မြေနိုးကြီး မဟာဧကရာဇ်”
ချင်မူက ထပ်ဆဲလိုက်ပြီး အဆုံးသတ်မြို့ပျက်၏ မွေးဖွားခြင်းချီကို အသက်သွင်းလိုက်သည်။ သိုင်းကွက်၏ တစ်၀က်ကိုသာ အသက်သွင်းလိုက်ပြီး မကြာမီ အဆုံးသတ်မြို့ပျက်အမှောင်ထုက ပေါ်ထွက်လာ၏။ သူက ၎င်းအထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
“ယွမ်မု၊ မဟာဧကရာဇ် ... ခင်ဗျားတို့ ဘာတွေကြံစည်နေသလဲ ကျုပ် သိချင်တယ်”
ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ အချိန်အတော်ကြာရှာဖွေပြီးနောက် နတ်အရှင်မချန်း၏ အစအနကို ရှာတွေ့သွားသည်။ နတ်အရှင်မချန်းကား အရှင်မယွမ်မု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနောက်သို့ လိုက်သွားခဲ့ပြီး အနက်ရောင်သဲကန္တာရတစ်ခုသို့ ရောက်နေ၏။
ချင်မူမှာ ဟိုဟိုသည်သည် ကြည့်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်သွား၏။ “ဒါက ထိုက်ကျိကျောက်တုံးတွင်း ရှိတဲ့ ထိုက်ကျိကြယ်တာရာကွင်းပြင်မလား… အရှင်မယွမ်မုက ဒီမှာဘာလုပ်နေတာလဲ”
ထိုအခိုက်အတန့်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တွေ့လိုက်ရသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် အဆုံးသတ်မြို့ပျက်၏ ကောင်းကင်နတ်သိုင်းထဲတွင် နေ၍ ဟင်းလင်းပြင်ထဲ၌ ပုန်းနေသည်။ ချင်မူမှာ ဇဝေဇဝါဖြစ်သွားမိသည်။ “ယွမ်မုကလည်း တစ်ယောက်ယောက်ကို နောက်ယောင်ခံလိုက်နေတာ ဖြစ်ရမယ်”
ထိုအခိုက်အတန့်တွင် အသက်ရှူမှားလောက်သည်အထိ လှပသော မိန်းမပျိုတစ်ဦး အနက်ရောင်သဲကန္တာရထဲတွင် လမ်းလျှောက်၍ ထိုက်ကျိကျောက်တုံးတွင်းရှိရာသို့ ဦးတည်သွားနေကြောင်း မြင်လိုက်ရသည်။
ကျွယ်ဝူချိန်….
“ကောင်းကင်နတ်ဧကရီပဲ”
ချင်မူမှာလည်း အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းထဲတွင် ပုန်းနေရာမှ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ကျွယ်ဝူချိန်အား နတ်အရှင်မယန်ဆီ ပေးခဲ့သည် မဟုတ်လော။ ထိုစဉ်က ထိုက်ရှီကျောက်တုံးတွင်း၏ ထုတ်ကုန်ရာခိုင်နှုန်းအတွက် ကောင်းကင်နတ်ဧကရီနှင့် ကျွယ်ဝူချိန်တို့၏ ရုပ်ခန္ဓာများကို အလဲအလှယ်လုပ်ခဲ့သည်။
ယခုတွင် ကောင်းကင်နတ်ဧကရီသည် ကျွယ်ဝူချိန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လျက် ထိုက်ကျိကျောက်တုံးတွင်းထဲမှ ရှေးဟောင်းနတ်ဘုရားနှင့် တွေ့ဆုံပေတော့မည်။