← Chapters

ခွေးမလေးသုံးကောင်

Vol. 107 Ch. 1411

ခွေးမလေးသုံးကောင်

Vol. 107 Ch. 1411

“ဘယ်လောက် ပြင်းထန်လိုက်တဲ့ သိုင်းကွက်လဲ...,”

ယွမ်မုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ရင်း ဤမြင်ကွင်းကို အဝေး မှကြည့်ကာ အားရကျေနပ်နေသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ခပ်ဟဟ ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူကလည်း မျောက်တစ်ကောင်ပဲ…. အစ်မတော်ကို အရှက်ခွဲပြီးတော့ ထွက်ပြေးသွားခဲ့တယ်… ကျန်တာ ဘာမှမလုပ်ခဲ့ဘူး”

သူမက ပြုံးလျက် အဆုံးသတ်မြို့ပျက်အမှောင်ထုရှိရာသို့ အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ဆင်းသက်သွားသည်။

“ကောင်းကင်နတ်အရှင်မူက တကယ်ကို အံ့ဩစရာပါလား”

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအနောက်ရှိ နတ်အရှင်မချန်းမှာလည်း မချီးကျူးမိဘဲ မနေနိုင်ချေ။ သူမက စိတ်ထဲမှတွေးနေသည်။ “ဒီကောင်လေးရဲ့ နောက်ဆုံးတိုက်ကွက်နဲ့ နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ကောင်းကင်နတ်သိုင်းနှစ်ခုလုံးက ကမ္ဘာဦးအစ မဟာတာအိုကို သိမြင်နားလည်ထားကြတာ.. သူတို့က အသိစိတ်အလျဉ်တာအိုနဲ့ မွေးရာပါချီကို ပေါင်းစည်းထားကြတာပဲ… ကမ္ဘာဦးမဟာတာအိုက အစွမ်းထက်လွန်းတဲ့အတွက် ကောင်းကင်နတ်ဧကရီတောင်မှ အရေးနိမ့်ခဲ့ရတယ်… ကောင်းကင်နတ်အရှင်မူရဲ့ သိုင်းအခြေခံက လိုက်မမှီနိုင်တာ နှမြောစရာပဲ.. အဲဒီတိုက်ကွက်ကို အသက်သွင်းခဲ့တဲ့သူက ငါသာ ဆိုရင် ကောင်းကင်နတ်ဧကရီ ဖရိုဖရဲ ဖြစ်ပြီး အစအနတောင်မကျန်ဘဲ ပျောက်ကွယ်သွားမှာ…”

သူမက ခေါင်းခါရမ်းလိုက်ရင်း ချင်မူ့ကောင်းကင်နတ်သိုင်းကို အားကျမနာလိုဖြစ်နေမိ၏။ “ငါ ထိုက်ချူလမ်းစဉ်ကို သိမြင်နားလည်ချင်ရင် နည်းလမ်းနှစ်ခု ရှိတယ်… ပထမတစ်ခုက ကောင်းကင်နတ်အရှင်မူရဲ့ ရုပ်ခန္ဓာကို ငှားယူပြီး သူ့ရဲ့မူလဝိညာဉ်ကို ဝါးမြိုလိုက်ဖို့ .... အဲဒါဆို သူ့ရဲ့ မှတ်ဉာဏ်တွေကို မွှေနှောက်ရှာဖွေပြီး အဲဒီတိုက်ကွက်ကို သင်ယူနိုင်လိမ့်မယ်… ဒါပေမဲ့ တိုက်ကွက်တစ်ခုတည်းပဲ သင်နိုင်မှာ… ကျန်တာတွေ သင်ယူဖို့က မဖြစ်နိုင်ဘူး… ဒါအပြင် ကောင်းကင်နတ်အရှင်မူမှာ ငါ့ကို ထိန်းချုပ်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိတယ်… သူက ကောက်ကျစ်တယ်… ဖမ်းမိဖို့က မလွယ်ဘူး”

“နောက်နည်းလမ်းတစ်ခုက တစ်ခါတည်းနဲ့ ပွဲသိမ်းလိုက်တာပဲ… ကောင်းကင်နတ်အရှင်ရှောင်ကို စားပစ်ရမယ်”

သူမက နီရဲနေသော နှုတ်ခမ်းသားများကို လျှာဖြင့် သပ်လိုက်ရာ အသက်ရှူမှားဖွယ်ကောင်းစွာ ဆွဲဆောင်မှုရှိနေလေသည်။ ‘ကောင်းကင်နတ်အရှင်ရှောင်က ထိုက်ချူ ဆိုတော့… သူ့ကို စား မွေးရာပါချီကို သိမ်းယူ၊ င့ါအသိစိတ်အလျဉ်နဲ့ ပေါင်းပြီး ထိုက်ချူလမ်းစဉ်ကို တည်ဆောက်လို့ရတယ်… အဲဒီအချိန်ကျရင် ငါဟာ တစ်လောကလုံးမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်’

ချင်မူက ပရမတ္တလှေကို ထိန်းချုပ်လျက် ဟင်းလင်းပြင်အလွှာများအား ဖြတ်သန်းနေသည်။ သူသည် လှေထိပ်တွင် ခမ်းနားတင့်တယ်သော အရှိန်အဝါအပြည့်ဖြင့် ပျော်ရွှင်ဝမ်းမြောက်စွာ ရပ်နေ၏။ သူ့အား မျောက်တစ်ကောင်ဟု အရှင်မယွမ်မု ခေါ်ဆိုနေသည်ကိုတော့ မသိရှာချေ။

“ဟားဟားဟား… နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်နိုင်ခဲ့ပြီ”

ပရမတ္တလှေက ကျယ်လောင်စွာ မြည်ဟီး၍ ၁၃ လွှာမြောက် ဟင်းလင်းပြင်အား တိုက်ရိုက်ဖောက်ထွက်သွားသည်။ ၎င်းသည် ၁၃ လွှာကို အလွန်လျင်မြန်သောအမြန်ဆုံးဖြင့် ဖြတ်သွားနေ၏။

ချင်မူမှာ ပျော်ရွှင်မှုကို မမြိုသိပ်နိုင်ပေ။ သူက အင်္ကျီလက်စများကို ဖျတ်ခနဲ ခါလိုက်ရာ ပရမတ္တလှေ၏ အမြန်နှုန်းက များစွာတိုးတက်သွားတော့သည်။

သူ၏သိုင်းအဆင့်သည် အကျဉ်းထောင်ကိုးထပ်အဆင့်အထိ ရောက်သွားပြီဖြစ်သည့်အ‌လျောက် သိုင်းအခြေခံနှင့် မှော်စွမ်းအင်တို့မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် ၁၃ လွှာမြောက် ဟင်းလင်းပြင်ထဲတွင် ယခင်ကလို သတိထားနေစရာ မလိုတော့ပေ။

ပရမတ္တလှေကောင်းကင်နတ်သိုင်း ပျောက်ကွယ်သွားလျှင်ပင် သူ့အနေဖြင့် ဟင်းလင်းပြင်၏ ချေမှုန်းခြင်းမခံရဘဲ အချိန်အတော်ကြာ တောင့်ခံနိုင်ဦးလိမ့်မည်။

‘ဒါပေမဲ့ ငါ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ ကောင်းကင်နတ်ဧကရီအပေါ် အနိုင်မယူနိုင်သေးဘူး… အထူးသဖြင့် အဆုံးသတ်မြို့ပျက်ကို ထုတ်လိုက်တဲ့အချိန်မှာပဲ… သူ့အင်္ကျီတွေ ပျောက်သွားအောင်ပဲ လုပ်နိုင်ခဲ့တာ… သူ့ကို တာအိုဒဏ်ရာ ရသွားအောင် မလုပ်နိုင်သေးဘူး… ကောင်းကင်နတ်ဧကရီက င့ါထက် သန်မာနေသေးပြီးတော့ တကယ်ကို အံ့သြစရာပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသေးတယ်”

ချင်မူ့နှုတ်ခမ်းထောင့်များ တွန့်သွားပြီး သူ့လက်များသူ စိတ်လှုပ်ရှားစွာ ငုံ့ကြည့်လိုက်သည်။ “ဒါပေမဲ့ ငါလည်း ဒဏ်ရာမရခဲ့တဲ့အပြင် တိုက်ခိုက်တဲ့နေရာမှာ အရေးသာခဲ့တယ်… တိုက်ခိုက်ရတဲ့ ခံစားချက်က သိပ်ကောင်းတာပဲ… တိုက်ပွဲတစ်ခုပြီးတိုင်း စိတ်ကျေနပ်ရတယ်”

သူ့မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခြင်းအား မထိန်းချုပ်နိုင်ပေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးကို အချိန်အတော်ကြာ မျက်နှာလိုမျက်နှာရလုပ်ခဲ့ရသည့်အပြင် ကောင်းကင်မဟာမိတ်ခေါင်းဆောင်အဖြစ် ကောင်းကင်နတ်အရှင်များ၏ ရုပ်သေးရုပ်လည်း လုပ်ခဲ့ရသည်မဟုတ်လော။

သူ့အနေဖြင့် သူ့ကို ထိုးချရန် ကြံစည်နေသော မြေခွေးအိုကြီးများ ဖြစ်သည့် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဆိုင်ရန် ဦးနှောက်လည်း သုံးခဲ့ရသည်။

သူသာ ပြဿနာများကို လက်သီးသုံး၍ ဖြေရှင်းနိုင်ပြီး ဦးနှောက်သုံးရန် မလိုပါက လက်သီးများကိုသာ လိုလိုလားလား အသုံးပြုမည်ဖြစ်၏။

အနည်းဆုံးတော့ လက်သီးများကို အသုံးပြုနိုင်စွမ်းရှိလေပြီ။ မှန်ပါသည်။ ကောင်းကင်နတ်ဧကရီ၏ စွမ်းဆောင်ရည်များသည် ဤအကန့်အသတ်သာ မဟုတ်ပေ။ အဆုံးသတ်မြို့ပျက်အမှောင်ထု ကျဆင်းလာပြီး ကောင်းကင်နတ်ဧကရီ၏ စွမ်းဆောင်ရည်များ တဟုန်ထိုးမြင့်တက်သွားပါက ချင်မူ့အနေဖြင့် သူမ၏ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်။

ထို့ကြောင့် ချင်မူသည် ကောင်းကင်နတ်ဧကရီအား ထိုးနှက်ပြီးနောက် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူသာ ထွက်မပြေးပါက ကောင်းကင်နတ်ဧကရီထံတွင် ရှုံးနိမ့်သွားလိမ့်မည်။

ဝှစ်

ပရမတ္တလှေက ရုတ်တရက် ပြန်လှည့်လာပြန်၏။ ချင်မူက ဟင်းလင်းပြင်အလွှာအပေါ်မှ ငုံ့ကြည့်လိုက်သည်။ ‘နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားဥကို အားသုံးခွဲပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိ မွေးဖွားလာအောင် လုပ်နေတယ်… ဒီအချိန်က ထိုက်ကျိဥခွံကို ခိုးယူဖို့ အချိန်ကောင်းပဲ…. ငါ့ဆီမှာ ထိုက်ယီ၊ ထိုက်ချူနဲ့ ထိုက်စုဥခွံတွေ ရှိတယ်… မမွေးဖွားလာသေးတဲ့ ထိုက်စုဥခွံကလည်း ငါ့ရဲ့ ကောင်းကင်ရတနာထဲမှာ…”

ဥခွံသည် ဥထဲရှိ ရှေးဟောင်းနတ်ဘုရားလောက် အသုံးမဝင်သော်လည်း ဥခွံ၏ အပြင်မျက်နှာပြင်နှင့် အတွင်းနံရံများသည် မွေးရာပါမဟာတာအို၏ သင်္ကေတများဖြင့် ခတ်နှိပ်ခံထားရ၏။ ထိုမျှသာမက မျက်လုံးတစ်လုံးအဖြစ် အသုံးပြုပါက အလွန်အမင်း စွမ်းအားကြီးပေသည်။

ပို၍အရေးကြီးသည်က ခက်ခဲနက်နဲသည့် ကောင်းကင်နတ်သိုင်းများကို သုံးပါက ရှေးဟောင်းနတ်ဘုရားကိုပင် ဥထဲပြန်ထိုးထည့်နိုင်လိမ့်မည်။

ဤသည်က တစ်ဖက်ရန်သူအပေါ် ခြိမ်းခြောက်နိုင်မည့် နည်းလမ်းဖြစ်၏။

ချင်မူက ငုံ့ကြည့်လိုက်ရာ ကောင်းကင်နတ်ဧကရီသည် မဟာတာအိုသင်္ကေတများဖြင့် အင်္ကျီများဖန်ဆင်းကာ သူမခန္ဓာကိုယ်အား ဖုံကွယ်လျက် ထိုက်ကျိကျောက်တုံးတွင်းဆီ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်နတ်ဧကရီသည် တစ်လောကလုံး၏ မိခင်တစ်ပါးဖြစ်သည့်အလျောက် ဂုဏ်ကျက်သရေရှိကာ တင့်တယ်ကြော့ရှင်း၏။ သူမ အင်္ကျီများ ပြန်ဝတ်လိုက်သည့်အခါ လူတိုင်း၏နှလုံးသားကို တဒိန်းဒိန်း ခုန်သွားစေသည့် ချောမောလှပသည့် မိန်းမပျိုတစ်ဦးအသွင် ပြန်ပြောင်းသွားသည်။

‘ကောင်းကင်နတ်ဧကရီက မဆိုးပါဘူး… ခေါင်းတလားထဲမှာ သေနေတုန်းကတောင် ကြည့်ကောင်းတာ… အင်း ရှင်နေတုန်းကလောက်တော့ ဆွဲဆောင်မှု မရှိဘူးပေါ့လေ’

သူ အကြည့်လွှဲလိုက်စဉ် အရှင်မယွမ်မု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ထိုက်ကျိကျောက်တုံးတွင်းထဲသို့ ပြေဝင်နေကြောင်း တွေ့လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားထိုက်ကျိမှာ ကျောက်တုံးတွင်း၏ စွမ်းအား သုံးကာ သူ့ကို တားဆီးလျှင်တောင်မှ ကောင်းကင်လက်နက်၏ စွမ်းအားကိုတော့ ရပ်တန့်နိုင်စေမည်မဟုတ်ပေ။

အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားကို အသုံးပြုကာ အရာခပ်သိမ်းအား ဖျက်ဆီးခဲ့ဖူးသည်။ သူမသည် သူမလမ်းတွင် ပိတ်နေသော နတ်ဘုရားမိစ္ဆာများကို သတ်ဖြတ်နိုင်ကာ ပြိုင်ဘက်ကင်း၏။

ထိုမျှသာမက အဆုံးသတ်မြို့ပျက်မှာလည်း နီးကပ်လာနေသဖြင့် အရှင်မယွမ်မု၏ ကိုယ်ပိုင်စွမ်းအားမှာလည်း တိုးတက်လာနေသည်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် ကျောက်တုံးတွင်းနှင့် အဆုံးသတ်မြို့ပျက်ကြားရှိ နေရာဟင်းလင်းပြင်ကို ဆွဲယူကာ နတ်အရှင်မယန်၏ စွမ်းအားကို တိုးတက်လာနေစေ၏။ နတ်အရှင်မယန်သည် ကောင်းကင်နတ်ဧကရီဖြစ်သော်လည်း သူမ၏စွမ်းအားတစ်ခုတည်းဖြင့် ဥခွံကို ချိုးဖျက်ရန်မဖြစ်နိုင်ပေ။ သို့သော် အဆုံးသတ်မြို့ပျက်၏ စွမ်းအားနှင့်ဆိုလျှင်တော့…. ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ဆောလျင်စွာ မွေးဖွားလာနိုင်လိမ့်မည်။

ချင်မူ၏ အကြည့်က နေရာပြောင်းသွားပြီး နတ်အရှင်မချန်းပေါ်သို့ ကျရောက်သွားသည်။

နတ်အရှင်ချန်းသည် မဟာဧကရာဇ်ဖြစ်ကာ ဖန်ဆင်းရှင်တို့ခေတ်တွင် ကြီးစိုးအုပ်စိုးခဲ့၏။ ရှေးခေတ်များတုန်းက ရှေးဟောင်းနတ်ဘုရားထိုက်ကျိမှာ ကျောက်တုံးတွင်းအတုများ ဖန်တီး၍ ပုန်းခိုခဲ့ရလေသည်။

‌‌မဟာဧကရာဇ်နှင့် ကျောက်တုံးတွင်းငါးတွင်း၏ ရှေးဟောင်းနတ်ဘုရားများ အကြားတွင် ရန်ငြိုးရန်စများ ရှိ၏။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းပြုလုပ်နိုင်ပါက မဟာဧကရာဇ်သည် ပျော်ရွှင်၀မ်းမြောက်နေမည်ဖြစ်၏။

‘အခုအခြေအနေက နည်းနည်း ထူးဆန်းတယ်’

ချင်မူ့အကြည့်များက တောက်ပသွားပြီး သူ့ခြေထောက်အောက်ရှိ ပရမတ္တလှေ၏ စွမ်းအားမှာ ပျောက်ကွယ်သွားသည်။ လူငယ်လေးသည် လေထဲတွင် ရပ်နေ၏။ “ယွမ်မုက ဖျက်ဆီးခြင်းရှေးဟောင်းနတ်ဘုရား ဆိုတော့ အရာအားလုံးကို ဖျက်ဆီးလိုတဲ့ဆန္ဒ ရှိတယ်… ကောင်းကင်နတ်ဧကရီရဲ့ ရည်ရွယ်ချက်က ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ဖို့မဟုတ်ဘဲ မွေးဖွား‌လာအောင် ကူညီပေးဖို့ဆိုတာ မဟာဧကရာဇ်နဲ့ အရှင်မယွမ်မု သိတဲ့ပုံမပေါ်ဘူး”

“နတ်အရှင်မချန်းကို ရှာတွေ့သွားရင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနဲ့အတူ သူ့ကို တိုက်ခိုက်ကြလိမ့်မယ်… အဲ့နည်းနဲ့ ရှေးဟောင်းနတ်ဘုရားထိုက်ကျိ မွေးဖွား‌လာအောင် ကူညီပေးနိုင်လိမ့်မယ်” ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် ဥထဲတွင် စွမ်းအားများများစားစား မရှိသော်လည်း မွေးဖွားလာပြီးနောက် စွမ်းအားမည်မျှကြီးလာမည်လဲ မည်သူမှ မသိနိုင်ကြချေ။ “သူတို့က ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ ညီမှာလား နှစ်ပါးနဲ့ ညီမှာလား”

“သူတို့က အင်အားအကြီးမားဆုံး ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနဲ့ ဘယ်လောက်ကွာသလဲ…. ‌ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူထက်တောင် သာလွန်နေမှာလား”

ရုတ်တရက် ချင်မူသည် ၃၀ ခု‌မြောက် ဟင်းလင်းပြင်၏ စွမ်းအား သူ့ရုပ်ခန္ဓာကို တိုက်စားလာနေသည်အား ခံစားရသဖြင့် ပရမတ္တလှေ‌ကောင်းကင်နတ်သိုင်းကို ပြန်လည်အသက်သွင်းလိုက်၏။ ‘ငါ ၃၀ ခုမြောက် ဟင်းလင်းပြင်မှာ အချိန်အကြာကြီး ရပ်လို့မရသေးဘူး…. ခိုင်ဧကရာဇ်က ၃၅ ခုမြောက်ဟင်းလင်းပြင်မှာတောင် ဓားတာအိုကို တံဆိပ်ခတ်နှိပ်ခဲ့တာ… သူ ဘယ်လိုများ လုပ်ခဲ့တာလဲ…. ဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ဖို့က တာကိုစနစ် သိုင်းအခြေခံအတွက် လိုအပ်တဲ့အဆင့်တစ်ဆင့်ပဲ…”

သူ့မှာ ငေးကြောင်နေပြန်သည်။ ခိုင်ဧကရာဇ်သည် သူ့ဓားလမ်းစဉ်ကို ၃၅ ခုမြောက် လေဟာနယ်တွင် တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်ဟု ပြောခဲ့ဖူး၏။ ပြောသူက ကြားရန် ပြောခဲ့သော်လည်း နားထောင်သူကတော့ သေချာနားမထောင်ခဲ့ပေ။ ထိုအချိန်တုန်းက ဆိုလိုသည့်အဓိပ္ပာယ်ကို သေချာမစဉ်းစားမိခဲ့။

သို့သော် လန်ရွှမ်နှင့်အတူ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကောင်းကင်ဘုံ အပိုင်းအစကို လေ့လာခဲ့စဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ခတ်နှိပ်နိုင်သော မဟာတာအိုအထူးစွမ်းရည်များကြောင့် လေးစားအံ့ဩခဲ့ရသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အန္တိမဟင်းလင်းပြင်တစ်ဖြစ်လဲ ၃၆ ခုမြောက် ဟင်းလင်းပြင်ဖြစ်သည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တံဆိပ်ခတ်နှိပ်နိုင်လျှင် အခြားကောင်းကင်ဘုံတွင်လည်း တံဆိပ်ခတ်နှိပ်နိုင်ပေလိမ့်မည်။ ထိုမျှသာမက အခြားကောင်းကင်ဘုံများတွင် တံဆိပ်ခတ်နှိပ်ခြင်းက မဟာခြုံလွှမ်းကောင်းကင်ဘုံထက် လွယ်ကူမည်ဖြစ်၏။

ဥပမာအားဖြင့် ချင်မူသည် ၃၀ ခုမြောက် ဟင်းလင်းပြင်အထိ ရောက်နိုင်လေရာ သူ၏မဟာတာအိုကိုလည်း ဤနေရာတွင် တံဆိပ်ခတ်နှိပ်၍ ရနိုင်မည်လော။

သူ၏မဟာတာအိုကို လေဟာနယ်ထဲတွင် တံဆိပ်ခတ်နှိပ်လိုက်ပါက မည့်သို့ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်နည်း။

“မဟာလေဟာနယ်က ဖန်ဆင်းရှင်တွေနဲ့ ဘိုးဘေးတွေဆီက အသိဉာဏ်ပညာတွေ လွှဲပြောင်းရရှိခဲ့တုန်းက ကမ္ဘာခေတ်ဦးဖန်ဆင်းရှင်တွေ သူတို့အသိစိတ်အလျဉ်တွေကို ဟင်းလင်းပြင်ထဲ တံဆိပ်ခတ်နှိပ်တာ မြင်ခဲ့ရတယ်…. အဲ့ဒီဖန်ဆင်းရှင်တွေက အသိစိတ်အလျဉ်ကို ကျင့်ကြံပြီး ဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ကြတာ ... ဝိညာဉ်ရော မူလဝိညာဉ်ရော မကျင့်ကြံကြဘူး…. သေဆုံးပြီးရင် အသိစိတ်အလျဉ်ကို လေဟာနယ်ထဲမှာ ခတ်နှိပ်ကြတယ်…. နောက်တစ်နည်းနဲ့ ထာ၀ရရှင်သန်နိုင်မှုကို ရနိုင်တာပေါ့”

သူက သေချာတွေးတောစဉ်းစားနေသည်။ ‘ခိုင်ဧကရာဇ်က ဟင်းလင်းပြင် ၃၅ လွှာကို ဓားတာအိုနဲ့ တံ‌ဆိပ်ခတ်နှိပ်ခဲ့တာ… ဓားတာအိုကို အသိစိတ်အလျဉ်နဲ့ ပေါင်းစည်းလိုက်ရင် ထာ၀ရရှင်သန်မှုကို ရနိုင်မှာလား… ဒါပေမဲ့ ဒီလိုထာ၀ရအသက်ရှင်ခြင်းမျိုးကလည်း ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ကာကွယ်ဖို့ ခက်ခဲတယ်…”

ထိုမျှသာမက ဖန်ဆင်းရှင်တို့ ရှုံးနိမ့်ခဲ့တုန်းက ရှေးဟောင်းနတ်ဘုရားများနှင့် စွမ်းအားကြီးနတ်ဘုရားတစ်ပိုင်းများသည် ဟင်းလင်းပြင်အလွှာများထဲသို့ ၀င်ရောက်ကာ ဖန်ဆင်းရှင်တို့ ခတ်နှိပ်ထားခဲ့သည့် အသိစိတ်အလျဉ်များအား ဖျက်ဆီးကာ ဖန်ဆင်းရှင်အားလုံး၏ အစအနဟူသမျှ ဖျက်ဆီးခဲ့ကြသည်။

တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံပြီး‌နောက် ကိုယ်ပိုင်တာအိုနှင့် အသိစိတ်အလျဉ်ကို တံဆိပ်ခတ်နှိပ်ခြင်းသည် ပြိုင်ဘက်ကင်းမည်မဟုတ်ပေ။ အဆင့်မြင့်သိုင်းပညာရှင်များ၏ ဖျက်ဆီးခြင်းကိုလည်း ခံရနိုင်၏။

'မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတောင်မှ ဖျက်ဆီးမခံရနိုင်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး… မဟာတာအိုကိုပဲ ဖျက်ဆီးမခံရအောင် လုပ်ပေးနိုင်မှာ… မဟာဧကရာဇ်က သူ့အသိစိတ်အလျဉ်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခတ်နှိပ်၊ အသိစိတ်အလျဉ်အဖြစ် ပြောင်းလဲပြီး သူ့အသိစိတ်အလျဉ်နဲ့ အတွေးတွေကို ဖျက်ဆီးမရနိုင်အောင် လုပ်ခဲ့တာပဲ’

ချင်မူက ၎င်းကို ‌‌တွေးတော‌စဉ်းစားနေ၏။ ‘ဒါဆို ငါ့မူလဝိညာဉ်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခတ်နှိပ်နိုင်ရင် ငါ့မူလဝိညာဉ်နဲ့ ဝိညာဉ်ကလည်း ဖျက်ဆီးမရနိုင်တော့ဘူးလား… ငါ့ရုပ်ခန္ဓာကိုရော မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခတ်နှိပ်လို့ရနိုင်လား..’

သူ အကြံထုတ်နေစဉ် ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်ပင်လျှင် မတည်မငြိမ်ဖြစ်လာ၏။

ဤသည်က အဆုံးသတ်မြို့ပျက် လုံးလုံးလျားလျား ဆင်းသက်လာခြင်းကြောင့် နေရာဟင်းလင်းပြင် လှိုင်းထသွားခြင်းပင်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် သူ၏စွမ်းအားဖြင့် အဆုံးသတ်မြို့ပျက်အမှောင်ထုကို ထိုက်ကျိကျောက်တုံးတွင်အထက် ကောင်းကင်သို့ ဆွဲခေါ်နိုင်ခဲ့လေပြီ။

ချင်မူမှာ စိတ်လှုပ်ရှားသွားပြီး ဒေါင်လိုက်မျက်လုံးကို ချက်ချင်းဖွင့်၍ နတ်အရှင်မယန်ဆီသို့ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် နတ်အရှင်မယန်၏ ခွန်အားမှာ တဟုန်ထိုး ပေါက်ကွဲထွက်လာ၏။ သူမ လက်မြှောက်လိုက်သည့်အခါ အမှောင်ထုထဲတွင် ကြာပွင့်တစ်ပွင့် ပေါ်လာပြီး သူမ၏ဆွဲယူခြင်း ခံလိုက်ရသည်။

ဝုန်း….

ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်က ပေါက်ကွဲထွက်လာကာ ကြာပွင့်နှင့်အတူ ထိုက်ကျိကျောက်တုံးတွင်းအား ရိုက်ချလိုက်သည်။

“အစ်မတော်၊ ကောင်းကင်နတ်အရှင်မူက နင့်တစ်ကိုယ်လုံး မြင်ခဲ့ဖူးပြီနော်..” ‌ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက နတ်အရှင်မယန်၏ အနောက်တွင် ပေါ်လာပြီး သူ့ပါးစပ်မှ အရှင်မယွမ်မု၏ ချိုသာသော ရယ်သံ ထွက်ပေါ်လာ၏။

All Chapters