← Chapters

နှစ်ဖက်လုံးထိခိုက်ခြင်း

Vol. 014 Ch. 1304

နှစ်ဖက်လုံးထိခိုက်ခြင်း

Vol. 014 Ch. 1304

အားလုံး၏ မျက်လုံးများသည် ထိုပြင်းထန်သည့် စွမ်းအားများပေါ်၌ ကျရောက်နေသည်။ အနီးရှိ မရေတွက်နိုင်သည့် လူများမှာ သူတို့၏ မျက်လုံးများကို တိုက်ပွဲဆီသို့ ရွှေ့လိုက်ကြပြီး ကြီးမားသော တုန်လှုပ်မှုကို ခံစားနေကြရသည်။

မက်မွန်ပွဲတော်တွင် ဖြစ်ခဲ့သည်များကြောင့် ရှင်းခိုင်က သူ၏ နှလုံးသားလမ်းစဉ်ကို သက်သေပြရန် ရီဖူရှင်းကို သတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် ရီဖူရှင်းနှင့် ယူချင်းကို ရှုံးနိမ့်ခဲ့သည်။

ထိုအခိုက်တွင် အခြေအနေများက ကွဲပြားသွားလေသည်။

ရီဖူရှင်းသည် ရှင်းခိုင်ကို သတ်မည့်သူ ဖြစ်လာပြီး နဝမအစေခံ၏ စွမ်းအားအသိက ရှင်းခိုင်ကို ကာကွယ် ပေးနေသော်လည်း သူက နောက်ဆုတ်ရန် မရည်ရွယ်ပေ။

လူတိုင်းသည် မကြာသေးခင်က ချန်ယဲ့မြို့ တိုက်ပွဲ၌ ထိုစွမ်းအားကို အသုံးပြုပြီးနောက် ရီဖူရှင်းက မည်မျှ အစွမ်းထက်လာသည်ကို သိရှိကြသည်။ သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်များကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ များပြားလှသည့် ပုဂ္ဂိုလ်များ သူ့လက်ထဲ၌ သေခဲ့ရသည်မှာ အစစ်အမှန် ဖြစ်သည်။ ထိုစွမ်းအားများက အလွန်ပြင်းထန် လွန်းသည့်အတွက် ရှန့်ထိုအရှင် ကျိုယန်ပင်လျှင် သူ့ကို မထိနိုင်ခဲ့ဘဲ ကိုင်ဟွမ်ကဲ့သို့သော လူမျိုးသည်လည်း သူ့ကို မည်သည့်အရာမှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။

လူတိုင်းသည် ရီဖူရှင်းက ထိုသို့သော စွမ်းအားကို မည်မျှများပြားစွာ ထုတ်သုံးနိုင်ပြီး ယခင်တိုက်ပွဲ၌ သူ ပြသခဲ့သည့် စွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်မည်လားဟု သိချင်နေကြပေသည်။

ထို့အပြင် သူတို့သည် ရှင်းခိုင် ကိုယ်ပေါ်၌ နဝမအစေခံ ထားခဲ့သည့် အထူး အမှတ်အသားက မည်မျှ အစွမ်းထက် လိမ့်မည်ကိုလည်း သိချင်နေကြသည်။

နဝမအစေခံသာ လူကိုယ်တိုင် လာရောက်လျှင် ထင်မြင်ချက်များ ပေးနေရန် မလိုအပ်ပေ။ ရီဖူရှင်းက အင်ပါယာခွာ၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလျှင်ပင် ယခင်တိုက်ပွဲ၌ သူ မည်သို့ လုပ်ခဲ့သည်ဖြစ်စေ သူသည် အခြားသူ၏ စွမ်းအားကို ငှားယူ အသုံးပြုထားခြင်း ဖြစ်သည်။ ထိုသည်က နဝမအစေခံ ကဲ့သို့သော ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်မှ တစ်စုံတစ်ယောက်နှင့်  ရင်ဆိုင်ရန် မလုံလောက်ပေ။

သို့သော်လည်း နဝမအစေခံသည် ရှင်းခိုင်၏ အထူးအမှတ်အသားကို အသုံးချ၍သာ တိုက်ပွဲကို အဝေးမှ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် ရီဖူရှင်းကို လွှမ်းမိုးရန် သူ့စွမ်းအား အကုန်လုံးကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

ရတနာလှံတွင် အလွန်ပြင်းထန်သည့် မီးတောက်စွမ်းအားများ ပါဝင်သည်။ ရီဖူရှင်း၏ ခန္ဓာအတွင်းမှ မီးဝိညာဉ်လုံးသည် ယင်း၏ လမ်းစဉ် စွမ်းအားများ အားလုံးကို လက်နက်အတွင်းသို့ ပေါင်းစပ်ထားပေးပုံ ရလေသည်။ ကြောက်မက်ဖွယ် မီးလျှံမုန်တိုင်းသည် သူတို့ ဝန်းကျင်၌ ပေါ်ပေါက်လာကာ လှံရှည်အတွင်းသို့ အရူးအမူး စီးဆင်းနေသည်။ ယင်းသည် မီးလျှံတို့နှင့် ပေါင်းစည်းထားသည့် နတ်ဘုရား ရတနာလှံ အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် လက်နက်သည် ရှင်းခိုင်၏ လည်ပင်းသို့ ဦးတည် ထိုးဖောက်သည်။

ရီဖူရှင်း၏ ကြောက်မက်ဖွယ် မီးလျှံမျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် အလွန်အေးစက်နေပြီး ပူပြင်းသည့် မီးလျှံများအတွင်း လောင်ကျွမ်းနေသည်။

ရှေးဟောင်းတော်ဝင်မြို့၏ နန်းတော်ထက်တွင် ထည်ဝါသည့် ပုံရိပ်တစ်ခု ရပ်နေပေသည်။ သူ၏ အရှိန်အဝါများက ပြင်းထန်လှပြီး အပြင်သို့ စီးထွက်နေကာ သူ့ ဝန်းကျင်ကို လွှမ်းခြုံထားသည်။

ကျယ်ပြောသည့် ရှေးဟောင်း တော်ဝင်မြို့သည်လည်း ထို ပြင်းထန်သည့် စွမ်းအားများဖြင့် လွှမ်းခြုံ ခံထားရပေသည်။ ရှေးဟောင်းတော်ဝင် မြို့စားရုံးတော် အနီးရှိ လူတိုင်းသည် အလွန်ကို တုန်လှုပ်နေကြပေသည်။

သူတို့အားလုံးသည် ဘာဖြစ်နေသည်ကို သိလိုနေကြ၏။

သူတို့သည် ရှေးဟောင်းတော်ဝင် မြို့၏ အဆောက်အအုံ ထိပ်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် နဝမအစေခံက လေထုထဲတွင် ရပ်နေသည်ကို မပီဝိုးတဝါး မြင်လိုက်ကြရသည်။ သူ၏ အကြည့်များက အဝေးကို ရောက်နေကာ သူ့ခန္ဓာမှ စွမ်းအားများက အရူးအမူး စီးဆင်းနေပြီး အဝေးတစ်နေရာ ဆီသို့ ထိုးထွက်သွားလေသည်။

နဝမအစေခံ၏ ဝတ်ရုံက လေတွင် မျောလွင့်နေပြီး သူ၏ ထူးကဲပြင်းထန်သည့် စွမ်းအားများက အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ သူသည် နတ်ဘုရား တစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

ထို့အပြင် နဝမအစေခံသည် လူသတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။

ချန်ယဲ့မြို့၏ ရီဖူရှင်းသည် သူ၏ မျက်စိ ရှေ့မှောက်မှာပင် ရှင်းခိုင်ကို သတ်ဖြတ်ရန် ကြိုးစားနေသည်။

အင်ပါယာကျန်း၏ မျိုးဆက်များကို ကာကွယ် စောင့်ရှောက်ရသူ အနေနှင့် သူ တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းညီအစ်ကို ကြီးပြင်းလာသည်ထိ စောင့်ရှောက်ပေးရန်သာ မဟုတ်ဘဲ သူတို့သည် သူ့ကို ကျော်လွန်ပြီး ဒဏ္ဍာရီအဆင့်ကို ခြေချနိုင်ကာ အတိတ်မှ အင်ပါယာကျန်း၏ ဂုဏ်သရေကို ပြန်လည် ထွန်းတောက်လာသည်ကို မျက်မြင်တွေ့ရရန် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် ရှင်းချိုးနှင့် ရှင်းခိုင်တို့ အသတ်ခံရမည်ကို ကြည့်နေနိုင်စွမ်း မရှိပေ။

သူသည် ကျိန်းသေပင် သူတို့ကို အခြားလူများက သတ်ဖြတ်မည်အား ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူသည် ရှင်းညီအစ်ကို၏ အသက်ကို မည်သူကမှ ခြိမ်းခြောက်ရန် ခွင့်ပြုမည် မဟုတ်ပေ။

တစ်စုံတစ်ယောက်က ထိုသို့ လုပ်ခဲ့လျှင် သူက သေချာပေါက် ထိုလူများကို သတ်ရပေလိမ့်မည်။

ရီဖူရှင်းက အင်ပါယာခွာ၏ စွမ်းအားများကို ထုတ်သုံးပြီး ရှင်းခိုင်ကို သတ်နိုင်လိမ့်မည်ဟု တွေးနေသည်လားဟု နဝမအစေခံက တွေးသည်။

ရီဖူရှင်းသည် စစ်နတ်ဘုရား၏ မုဒြာက မည်သည့် အဓိပ္ပာယ် ရှိသည်ကို သိရှိခြင်းမရှိဟု သူတွေးသည်။

နဝမအစေခံသည် သူ့လက်မောင်းကို မလိုက်ပြီး သူ့လက်ချောင်းကို သူ့ရှေ့သို့ ညွှန်သည်။ သူ့ရှေ့မှ နေရာသည် တုန်ခါနေပြီး ထိုလက်ချောင်းက ထိုနေရာကို ဖောက်ထွက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် အဝေးမှ သွေးနဂါးမြို့ရှိ ရှင်းခိုင်သည် သူ့လက်ကို မကာ သူ့ရှေ့သို့ လက်ချောင်း ညွှန်လိုက်၏။

ထိုအခိုက်တွင် ရှင်းခိုင်၏ ခန္ဓာမှ ပေါ်လာသော ရှင်းခိုင်၏ အရိပ်ဖြစ်ဟန် မတူသည့် ထည်ဝါသော အရိပ်ကို မြင်ရသည်။ ရီဖူရှင်းသည် ထိုအရိပ်ကို ဖြတ်၍ အဝေးတစ်နေရာမှ အခြားသော ပုံရိပ်တစ်ခုကို မြင်ရသည်ဟု ထင်မှတ်ရပေသည်။ ထိုအရိပ်သည် ရှေးဟောင်းတော်ဝင်မြို့ ထိပ်ဖျား၌ ရပ်နေသည့် ထိုဒဏ္ဍာရီပုဂ္ဂိုလ်၏ အရိပ်ဖြစ်လေသည်။

ထိုလက်ညှိုးသည် ရှင်းခိုင်မဟုတ်သည့် ထိုအရိပ်၏ စွမ်းအားများကို သယ်ဆောင်ထားခြင်း ဖြစ်ပေသည်။

ထိုလက်ညှိုးသည် သူတို့ ဝန်းကျင်ရှိ လောက၏ မဟာလမ်းစဉ်နှင့် ပေါင်းစပ်ထားပုံ ပေါ်ကာ ဆုံမှတ်တစ်ခုဆီ စုစည်း၍ ရတနာလှံဆီသို့ တစ်ချက်ညွှန်သည်။

ထိုကဲ့သို့ လက်နက်ကို လက်ညှိုး တစ်ချောင်းတည်းနှင့် ရင်ဆိုင်ခြင်းမှာ သူ၏ ကြီးကျယ်လှသည့် ယုံကြည်ချက် ဖြစ်ပေသည်။

လက်ချောင်းနှင့် လက်နက်ကြားမှ ထိခတ်မှုသည် ကြောက်မက်ဖွယ် အမှောင်လေပွေကို ဖြစ်ပေါ်စေပြီး မဟာလမ်းစဉ်ကို ပြောင်းလဲ သွားစေသည်ဟု ထင်မှတ်ရသည်။ ထိုသည်မှာ ချက်ချင်းပင် သူ့ ဝန်းကျင်ရှိ အရာရာကို ဝါးမျိုတော့သည်။ မီးတောက်စွမ်းအားများသည် လက်ချောင်းထံသို့ ပြေးထွက်သွားကာ အရာအားလုံးကို လောင်ကျွမ်း ပြာချပစ်ရန် ရည်ရွယ်လေသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် သူ၏ လက်က အနည်းငယ် တုန်ယင် သွားသည်ဟု ခံစားလိုက်ရသည်။ ထိုသည်က သူ့လက်ထဲမှ လှံရှည် လွတ်ကျတော့မလိုပင် ဖြစ်သွားရသည်။ ထိုအချိန်တွင် ပြင်းထန် လေးလံသည့် စွမ်းအားများက ဖြတ်သန်းပေါက်ကွဲ ထွက်လာပြီး လက်နက်မှတစ်ဆင့် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကြိုးစားလေသည်။

ညည်းညူသံတစ်ခု ကြားလိုက်ရပြီး ရီဖူရှင်းသည် လွင့်ပျံထွက်သွား၏။ တိုက်ခိုက်မှုများ ထိခတ်မှုအောက်တွင် မွန်းကျပ်ဖွယ် မြည်ဟည်းသံကြီး ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် လေပွေနှင့်အတူ အရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။

မီးတောက်များသည် ရှင်းခိုင်၏ လက်ချောင်းကို ဝါးမျိုနေသည်။ ကြည့်ရသည်မှာ လောင်ကျွမ်း နေသကဲ့သို့ ဖြစ်၏။ မဟာလမ်းစဉ်၏ ကြီးမားသော စွမ်းအားများက လက်ချောင်းဆီမှ ပေါက်ကွဲထွက်လာပြီး ပျက်စီးနေသည့် အစိတ်အပိုင်းများကို ပြန်လည် ပြင်ဆင်သွားသည်။

နှစ်ဦးလုံးသည် သူတို့အပိုင် မဟုတ်သော စွမ်းအားများကို ထုတ်ဖော်နေသည်မှာ ထင်ရှားပြီး သူတို့သည် ထိုကဲ့သို့သော စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း သိပ်မရှိသည့် အတွက် သူတို့၏ တိုက်ခိုက်မှုများတွင် အပြစ် အနာအဆာများ ရှိနေသည်မှာလည်း သိသာလှပေသည်။

ရီဖူရှင်းသည် အခြားသူ၏ စွမ်းအားကို အသုံးပြု၍ သူ့ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို မြှင့်တင်ထားသော်လည်း နဝမအစေခံ၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခံနိုင်စွမ်း မရှိသည်ကို နဝမအစေခံက သူ့အား လှံရှည်မှတစ်ဆင့် နာကျင်စေသည်က သက်သေပင် ဖြစ်သည်။

ရီဖူရှင်းသည် အင်ပါယာခွာ၏ စွမ်းအားကို သုံးစွဲနေသော်လည်း သူသည် အင်ပါယာခွာ မဟုတ်ပေ။ သူသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသည့် ရှန့်ထိုတစ်ပါးဖြစ်သည်။ ထို့အပြင် သူသည် ထိုစွမ်းအားများကို အပြည့်အဝ ထိတွေ့နိုင်ခြင်း မရှိသေးပေ။ သူသည် စွမ်းအားတန်ပြန် သက်ရောက်မှုမှ သူ ခံစားရမည့် ဝေဒနာက သူ့ကို ဝါးမျိုမသွားစေရန် အတတ်နိုင်ဆုံး ထိန်းချုပ် ထားရပေသည်။

ရှင်းခိုင်သည် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်သည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် ရှေးဟောင်းတော်ဝင်မြို့ရှိ နဝမအစေခံသည် သူ့ကို ဟိုးအဝေးမှ ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထို ထူးကဲသာလွန်သည့် အရှိန်အဝါသည် ခိုင်မာစွာ ရှိနေပေသည်။ ထိုသည်က သူ လှုပ်ခါနိုင်စွမ်း မရှိသည့် တစ်စုံတစ်ရာ ကဲ့သို့ အလားသဏ္ဌာန် ရ၏။

ထိုသူသည် ရန်ဟောင်အဆင့် အောက်ရှိ အမြင့်ဆုံးအဆင့်တွင် ရှိနေသူဖြစ်ပြီး ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ မြင့်မားသော အဆင့်ရှိ ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထိုဖြစ်သည်။

သူသည် ရှင်းခိုင်၏ ခန္ဓာကို ငှားရမ်း ထားလျက်ကပင် သူ၏ စစ်မှန်သော စွမ်းအားကို ရိုးရှင်းစွာ ဖော်ထုတ်နိုင်ပေသည်။ ရီဖူရှင်းသည် ထိုလူများ မည်သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်လည်း သိချင်သွားမိသည်။

မည်သည့်နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ ထိုမျှအကွာအဝေးကို ဖြတ်ကာ စွမ်းအား အသုံးပြုသည့်အတွက် တန်ပြန် သက်ရောက်မှုတော့ ခံရမည်မှာ သံသယရှိရန် မလိုပေ။

ထိုအခိုက်တွင် ရီဖူရှင်းသည် ရှင်းခိုင်က လေထုကို စတင် ဆွဲယူသည်ကို မြင်လိုက်၏။ သူတို့ဝန်းကျင်ရှိ မဟာလမ်းစဉ် စွမ်းအားများသည် အရူးအမူး ထကြွ လှုပ်ရှားလာသည်။ သူရှိနေသည့် နေရာက သီးသန့် ခွဲခြား ခံထားလိုက်ရသကဲ့သို့ ဖြစ်သည်။ မဟာလမ်းစဉ်၏ အဆုံးမဲ့ စွမ်းအားများက ရီဖူရှင်းထံသို့ တိုးဝင်လာသည်။ ယင်းသည် မရေတွက်နိုင်သည့် မုဒြာလက်များကို လေထဲတွင် ဖြစ်ပေါ်လာစေပြီး သူတို့ဝန်းကျင်ရှိ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

“ပြန်လည်မွေးဖွားခြင်း တစ်ယောက်ရဲ့ စွမ်းအား” ဝန်းကျင်ရှိ လူတိုင်းသည် နက်ရှိုင်းစွာ အပြင်းအထန် ထိတ်လန့်တုန်လှုပ် သွားကြသည်။ ထိုစွမ်းအားများသည် နဝမအစေခံထံမှ စွမ်းအားများ ဖြစ်သည်။ သူသည် လူကိုယ်တိုင် လာရောက်ခြင်း မရှိလျှင်ပင် သူ၏ စွမ်းအားများကို ဖော်ထုတ် အသုံးပြုနိုင်စွမ်း ရှိသေးပေသည်။

ပွဲကြည့်သူများသည် တိုက်ပွဲကွင်းပြင်သို့ ကြည့်လိုက်ကြပြီး ရီဖူရှင်း၏ ခန္ဓာက မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ဝန်းရံ ခံထားရသည်ကို တွေ့ရှိလိုက်ကြသည်။ သူတို့ အနီးဝန်းကျင်ရှိ လေဟာနယ်သည် ထိုမဟာလမ်းစဉ် စွမ်းအားများဖြင့် ပိုင်းခြား ခံထားရသကဲ့သို့ ထင်မှတ်ရပြီး မည်သူမဆို ခြေချလာခြင်း မရှိစေရန် တားဆီးထားသည်။ ထိုနေရာသည် ချိပ်ပိတ်ခံထားရပြီး အတွင်း၌ ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားနေသည်။

ရီဖူရှင်းသည် ရတနာလှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်သည် လောင်ကျွမ်း နီရဲလာသည်ဟု ထင်မှတ်ရသည်။ သူ့အနီးရှိ နေရာမှာ လောင်ကျွမ်းနေဆဲ ဖြစ်ပြီး မြင့်မားပြီး ထည်ဝါသည့် မီးလျှံ စစ်နတ်ဘုရား တစ်ပါး ပေါ်ပေါက်လာသည်။ သူသည် သူ့ရှေ့မှ ပုံရိပ်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ မီးလျှံများသည် နေရာတစ်ခွင်လုံးကို လောင်ကျွမ်းနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရသည်။

ဘုန်း ...

မဟာလမ်းစဉ်၏ မီးတောက်များက ပေါက်ကွဲထွက်လာပြီး ရီဖူရှင်းသည် တုန်ယင်နေကာ အလွန်နာကျင်နေဟန် ပေါ်သော်လည်း သူ၏ မျက်လုံးများကတော့ ခိုင်မာပြတ်သားမှုတို့ စွန်းထင်းနေသည်။

ရီဖူရှင်း၏ မျက်လုံးများကို မြင်သောအခါ ရှေးဟောင်းတော်ဝင်မြို့မှ နဝမအစေခံ၏ လူသတ် အငွေ့အသက်များက ပို၍ လောင်ကျွမ်း တောက်ပလာသည်။

နဝမအစေခံသည် ရှင်းခိုင် အဘယ်ကြောင့် ရှုံးနိမ့်ခဲ့သည်ကို သဘောပေါက် နားလည်သလို ရှိလာ၏။

သူသည် သူ့လက်ကို ဆန့်ထုတ်ကာ တင်းကျပ်စွာ ဆွဲဆုပ်သည်။ ချက်ချင်းပင် မဟာလမ်းစဉ်၏ လက်ဝါးများက ရီဖူရှင်း အနီးဝန်းကျင်တွင် ပေါ်ပေါက်လာပြီး မိုးသီးမိုးပေါက်များ သဖွယ် အရူးအမူး ကျဆင်းလာသည်။ သူတို့၏ ဝန်းကျင်သည် တုန်ခါနေပြီး ထိုနေရာကို မြုပ်နှံပစ်တော့မလို ရည်ရွယ်နေပုံ ရသည်။

ထို့အပြင် လက်များမှ တိုက်ခိုက်မှုတိုင်းသည် အလွန်ပင် ပြင်းထန်လှသည်။ ၎င်းတို့ အားလုံးသည် လေဟာနယ်ကို ဖြတ်ကာ ရီဖူရှင်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်နေသည်။

သူ့ ခန္ဓာသည် ရှန့်ထိုတစ်ပါး ဖြစ်နေလျှင်ပင် သူသည် တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်သာ ရှိသေးသည့် အတွက် ထိုတိုက်ခိုက်မှုများသည် သူ့ကို နေရာတွင်ပင် သတ်ပစ်နိုင်စွမ်း ရှိပေသည်။

ရီဖူရှင်း၏ ခန္ဓာသည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ အကြားတွင် နေတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ နေမင်း ရောင်စဉ်တန်းများက ထိုးထွက်လာပြီး ထိုနေ့က အင်ပါယာခွာ အပျက်အစီး နယ်မြေတွင် ရီဖူရှင်း မြင်တွေ့ခဲ့သော နေမင်းနှင့် တူလှပေသည်။

နေမင်း၏ ကြောက်မက်ဖွယ် အလင်းများက သူ့ ဝန်းကျင်ရှိ အရာအားလုံးကို လွှမ်းခြုံထားပြီး သူ့အနီးရှိ လက်ဝါး တိုက်ခိုက်မှုများဆီ ပြေးဝင်သွားသည်။

ထိုတိုက်ခိုက်မှုများသည် တုန်ခါလာကာ ရီဖူရှင်းကို သတ်ဖြတ်ရန် ဆက်လက်ရွေ့လျား လာနေသော်လည်း ယင်းတို့သည် မည်သည့်အရာမှ မကျန်သည်ထိ တဖြည်းဖြည်း အရည် ပျော်ကျသွားကာ နေမင်း၏ အလင်းများဖြင့် ဖြတ်သန်း ထိုးနှက်ခြင်းကို ခံကြရသည်။

ရီဖူရှင်းသည် ပြင်းထန်သည့် အလင်းအောက်တွင် သန့်စင်သည့် အဆုံးမဲ့ မီးလျှံများအတွင်း ရှိနေကာ သူသည် နေမင်း၏ စစ်နတ်ဘုရား တစ်ပါးအသွင် တည်ရှိနေ၏။

သူသည် ရှေ့သို့ လှမ်းလိုက်ကာ နေမင်း၏ သန့်စင်သော မီးစွမ်းအားများကို သယ်ဆောင်လာသည်။ လှံရှည်သည် လောင်ကျွမ်း နေသကဲ့သို့ ထင်မှတ်ရ၏။ မီးလျှံအလင်းများသည် တိုက်ခိုက်မှုများအောက်မှ အရာရာကို ဖြတ်သန်း ဖျက်ဆီးသွားကာ ရှင်းခိုင်ထံသို့ တိုးဝင်သွားသည်။

နဝမအစေခံသည် သူ့ထံလာနေသည့် တိုက်ခိုက်မှုကို ကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။ ရွှေရောင် နတ်တံတိုင်းက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး  မဟာလမ်းစဉ်၏ နတ်ဘုရား ချိပ်တံဆိပ်များနှင့် တူညီကာ အော်မြည်လျက် ပစ်မှတ်ဆီသို့ ဦးတည်သွားခဲ့သည်။

လှံရှည်နှင့် ချိတ်တံဆိပ်တို့ ထိပ်တိုက်တွေ့ဆုံ သွားကြသည်။ ထိုစွမ်းအားများ တွေ့ဆုံမှု ရလဒ်သည်  လေဟာနယ်ကို ဆုတ်ဖြဲသွားသကဲ့သို့ ထင်မှတ်ရပြီး ချိပ်တံဆိပ်များသည် မီးတောက်များဖြင့် လွှမ်းခြုံသွားကာ မည်သည်မှ မကျန်သည်အထိ လောင်ကျွမ်း ခံလိုက်ရသည်။ လှံရှည်သည် လျှပ်တစ်ပြက်အတွင်း ချိပ်တံဆိပ်များကို ဖြတ်သန်းသွားသည်။ နဝမအစေခံသည် သူ့လက်မောင်းကို မြှောက်လိုက်ပြီး လက်နက်ပေါ်သို့ တိုက်ခိုက်ကာ ပြန်လည် ဆုတ်ခွာသည်။

ကြောက်မက်ဖွယ် အလင်းရောင်များသည် လှံရှည်ပေါ်သို့ ပေါင်းစပ်သွားပြီး ရှေ့သို့ ဆက်လက် တိုးဝင်သွားကာ ရှင်းခိုင်ဆီသို့ ရိုက်ခတ်သွား၏။ ရီဖူရှင်း၏ မီးလျှံစစ်နတ်ဘုရား သဏ္ဌာန်သည်လည်း နောက်သို့ ဆုတ်ခွာလိုက်ရသည်။ သူ၏ ခန္ဓာက ပြင်းထန်စွာ အော်မြည်နေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးစတို့ စီးကျလာသော်လည်း သု့အနီးရှိ မီးလျှံများကြောင့် လျင်မြန်စွာ ခြောက်သွေ့သွားခဲ့သည်။

“ပြန်ဆုတ်” အသံတစ်ခုကို ကြားလိုက်ရသည်။ နဝမအစေခံက ပြောလိုက်ခြင်း ဖြစ်ပြီး သူသည် ပြန်ဆုတ်ခွာတော့မည့် ပုံရှိပေသည်။ ရှေးဟောင်းတော်ဝင်မြို့မှ တန်ခိုးရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ဆုတ်ခွာ သွားကြသည်။

ကိုင်ဟွမ်သည် လက်ဝါးတိုက်ကွက်ကို ပစ်လွှတ်သည်။ လေဟာနယ် အလင်းများက တောက်ပနေပြီး သူသည်လည်း ရှင်းချိုးနှင့် အခြားလူများကို ခေါ်ကာ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။

ဆန်းထျန်ကျန့်နှင့် ဝူယုံးသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ထွက်ခွာသွားသည့် သူများကို အေးစက်စွာ ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့ထဲမှ မည်သူမှ လိုက်မသွားခဲ့ဘဲ ရီဖူရှင်းထံသို့သာ သွားရောက်လိုက်ကြသည်။

“အိမ်ပြန်ကြရအောင်” ရီဖူရှင်းထံမှ အရှိန်အဝါများက တဖြည်းဖြည်း လျော့ပါးလာသည်။ သူသည် လှည့်ထွက်သွားပြီး သွားမည့်နေရာကို ဦးတည်လိုက်၏။ သူသည် ထိုတိုက်ပွဲ၌ စွမ်းအားအပြည့် အသုံးမပြုခဲ့သော်လည်း သူသည် ခြေကုန်လက်ပမ်းကျနေပြီ ဖြစ်သည်။ သူ့ထံမှ ဒဏ်ရာများသည် စိတ်မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း သူ သေချာသည်မှာ နဝမအစေခံ သည်လည်း ခက်ခဲသည့်အချိန်ကို ရင်ဆိုင်ရပေလိမ့်မည်။ သူသည် တိုက်ပွဲ၌ ရှင်းခိုင်၏ ခန္ဓာကို အငှားသုံးခဲ့တာကြောင့် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်ပွားစေလိမ့်မည်။

ချန်ယဲ့မြို့မှ လူများသည် အခြား ဦးတည်ရာသို့ ဆုတ်ခွာလိုက်ကြသည်။

ထိုနေရာ၌ စောင့်ကြည့်နေကြသည့် မရေတွက်နိုင်သည့် လူများမှာလည်း ထွက်ခွာသွားကြ၏။ သူတို့၏ စိတ်ထဲတွင် သူတို့ မြင်တွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ အတွေးများ ရစ်ဖွဲ့နေဆဲ ဖြစ်သည်။

နဝမအစေခံသာ ပေါ်မလာခဲ့လျှင် ရီဖူရှင်းသည် ရှင်းခိုင်ကို သတ်ဖြတ်နိုင်လိမ့်မည်။

ထို့အပြင် နဝမအစေခံ ပေါ်ပေါက်လာပြီးသည့် နောက်တွင်ပင် ရီဖူရှင်းသည် သူ့ပြိုင်ဘက်ကို သတ်ရန် ဆက်လက်၍ ကြံစည်ခဲ့၏။

သို့သော်လည်း နဝမအစေခံသည် အလွန် အစွမ်းထက်လှသည်။ သူသည် စစ်နတ်ဘုရား၏ မုဒြာကို အသုံးပြု၍ တစ်ဆင့် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း  သူ လူကိုယ်တိုင် ရောက်လာသည်နှင့် ထူးမခြားနားစွာပင် ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်၏ စွမ်းအားများကို ထုတ်ဖော်နိုင်သေးသည်။

နှစ်ဖက်လုံးကြားမှ ပဋိပက္ခသည် ထိုတိုက်ပွဲ ပြီးသည့်နောက်၌ ပို၍ ပြင်းထန်လာပေလိမ့်မည်။

အဆိုးဆုံးမှာ သူတို့ သွေးနဂါးမြို့မှ ထွက်ခွာသွားပြီးနောက် မည်သူ့ကိုမှ ငဲ့ကြည့်စရာ မလိုအပ်တော့ခြင်းပင် ဖြစ်၏။

ကြည့်ရသည်မှာ ရက်စက် ပြင်းထန်သည့် မုန်တိုင်းတစ်ခု အစပျိုးလာပြီ ထင်ရပေသည်။

***

All Chapters