← Chapters

မြေပုံ

Vol. 17 Ch. 209

မြေပုံ

Vol. 17 Ch. 209

ရှေးဟောင်းဂူ၏စွဲဆောင်မှုသည် အမှန်တကယ်ကြီးမားလှသည်။ ကျောက်တံခါးစစ်ဆေးမှုကြောင့် အများအပြားလျော့ကြသွားသော်လည်း ဂူထဲသို့ဝင်ရောက်လာသူများ အများအပြားရှိနေသေးသည်။

ကျိုးဝမ်ရှိသည့် လှိုဏ်ခေါင်းသည်လည်း အလွန်အမင်းရှုပ်ထွေးနေသည်။ နေရာတိုင်းလိုလို လူများပြည့်နေပြီး တခါတရံကျယ်လောင်သောအော်ဟစ်သံနှင့် ဆဲဆိုသံများထွက်ပေါ်လာသည်။ အချို့လူများမှာ ပစ္စည်းကောင်းများ ရှာတွေ့သွားပုံရသည်။

များပြားလှသောလူအုပ်ကြီးသည် ထိုလူများသည် မနာလိုဖြစ်ကြမည်မှာ သိသာပေသည်။ နောက်ဆုံးရလာဒ်မှာ ရတနာများရှာဖွေတွေ့သည်နှင့် ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားကြခြင်းပင်။ လူတိုင်းသည် အုပ်စုများဖွဲ့ကာ နောက်ဆုံးအချိန်ထိ တိုက်ခိုက်ကြတော့သည်။

ဧကရာဇ်ဆေးလုံးတစ်သောင်းကျော်ကိုရရှိပြီးနော် ကျိုးဝမ်သည် အလွန်နှိမ့်ချခဲ့သည်။ လမ်းတလျှောက်တွင် သူ အမှန်တကယ်အာရုံစိုက်ရမည့်အရာမရှိသရွေ့ ကျိုးဝမ်သည် ပြဿနာထဲဝင်ပါမည်မဟုတ်ပေ။

ကံကောင်းထောက်မ၍ ရှောင်ဟေး၏အာရုံခံနိုင်စွမ်းသည် ဤကဲ့သို့ ရုန်းရင်းဆန်ခတ်နေသည့်လှိုဏ်ခေါင်းထဲတွင် အလွန်အသုံးဝင်ပေသည်။ ၎င်းသည် လူများဦးတည်ရာနှင့် ကျောက်တုံးအခန်းထဲရှိ အဖိုးတန်ရတနာများကို အသိပေးနိုင်ခဲ့သည်။ ဤသို့ဖြင့် ကျိုးဝမ်သည် လှိုဏ်ခေါင်းအတွင်းပိုင်းသို့ လျင်မြန်စွာပြေးသွားသဖြင့် အခြားသူများသတိမထားမိကြပေ။

" ရှောင်ဟေး ငါတို့သွေးချီမြေအောက်မြက်ကို မြန်မြန်ရှာတွေ့မှဖြစ်မယ် ငါ့ခန္ဓာကိုယ်ထဲက သွေးပိတ်ဆို့ခြင်းချိပ်က ငါ့ရဲ့သွေးအဆီအနှစ်တွေကို မြန်မြန်စုပ်ယူနေပြီ အဲ့ဒါကိုမြန်မြန်ရှာမတွေ့ဘူးဆိုရင် ကြာလေ ငါ့ခွန်အားကျလေဖြစ်တော့မယ် "

ဥမင်လှိုဏ်ခေါင်းထဲတွင် ကျိုးဝမ်သည် ညာလက်ဖြင့် သူ့နဖူးပေါ်မှသွေးရောင်ချိပ်တံဆိပ်ကို ညင်သာစွာပွတ်သပ်လိုက်၏။ သူ့မျက်လုံးများတွင် အလွန်စိုးရိမ်မှုများပြည့်နှက်နေသည်။

ရှောင်ဟေးသည် ကျိုးဝမ်၏နဖူးပေါ်မှ သွေးပိတ်ဆို့ခြင်းချိပ်ကို တချက်ကြည့်လိုက်ပြီး လေးနက်သွား၏။ ထို့နောက် လေသံပျော့ပျော့ဖြင့်

" ကြည့်ရတာ ဒါက ကိစ္စကြီးပဲ ဒါပေမယ့် ဒီနန်းတော်က အကျယ်ကြီး အတွင်းက ဥမင်တွေကလည်း အချင်းချင်းချိတ်ဆက်ထားတယ် ဒီလိုရှုပ်ထွေးတဲ့နေရာမှာ ဆေးပင်ရှာရခက်မှာငါစိုးရိမ်တယ် "

၎င်းကိုကြားသောအခါ ကျိုးဝမ်၏မျက်နှာတွင် စိတ်ပျက်သောအရိပ်အယောင်ပေါ်လာ၏။ သို့သော်လည်း ထိုအချိန်တွင် သူ့ပခုံးပေါ်ရှိ ရှောင်ဟေးသည် အာမေဍိတ်သံတိုးတိုးလေးထွက်သွား၏။ သူ၏အနက်ရောင်မျက်လုံးအစုံသည် ရုတ်တရက်အရှေ့မှနံရံကိုသာမန်ကာလျှံကာစိုက်ကြည့်လိုက်၏။

" ဘာဖြစ်တာလဲ "

ကျိုးဝမ်သည် သူ့ရှေ့မှနံရံကိုစိုက်ကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ ရှောင်ဟေး၏တုံ့ပြန်မှုသည် အဘယ်ကြောင့် အလွန်ထူးဆန်းနေရသနည်းဟု သူအံ့ဩမိသည်။

" ဒီနံရံက နည်းနည်းထူးဆန်းတယ် ဒါက နဂါးအရှင်ရဲ့ နတ်အာရုံကို တကယ်တားဆီးနိုင်တယ် "

ရှောင်ဟေးသည် ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်စဉ် အနည်းငယ်ခက်ထန်သောအကြည့်ဖြင့် ကြည့်လိုက်၏။

" အိုး မင်းရဲ့နတ်အာရုံတောင် ဒီနံရံကိုမဖောက်နိုင်ဘူးလား "

ထိုစကားကိုကြားသောအခါ ကျိုးဝမ်၏မျက်နှာတွင် အံ့ဩသောအရိပ်အယောင်ပေါ်လာသည်။ ရှောင်ဟေး၏မူလပုံစံမှာ စစ်မှန်သော ရှေးဟောင်းနဂါးဖြစ်သည်။ သူ့နတ်အာရုံ၏ ထောက်လှမ်းနိုင်စွမ်းသည် မိုင်ထောင်ပေါင်းများစွာရှိပေသည်။ ယေဘုယျအားဖြင့် ရှောင်ဟေး၏နတ်အာရုံထောက်လှမ်းမှုအောက်တွင် အရာအားလုံး ထင်ထင်ရှားရှားမြင်ရပေသည်။ သူသည် အရာအားလုံးကို အကြည့်တချက်ဖြင့် မြင်နိုင်သည်။

ကျိုးဝမ်သည် ရှောင်ဟေး၏နတ်အာရုံအလဟသဖြစ်သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

" ကောင်လေး ဒီနံရံရဲ့ပစ္စည်းတွေက တခြားနံရံနဲ့မတူဘူး ပြီးတော့ နတ်အာရုံကိုလည်းပိတ်ဆို့နိုင်တယ် ဂူနန်းရှင်က ဒီနံရံကို တမင်လုပ်ထားတာသိသာတယ် တနည်းအားဖြင့် ဒီနောက်မှာ ထူးခြားတာတစ်ခုခုရှိရမယ် "

ထိုအချိန်တွင် ရှောင်ဟေး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာ၏။ သူ့ရှေ့မှနံရံကိုစူးစူးစိုက်စိုက်ကြည့်ပြီး‌ မျက်စိမှိတ်လိုက်၏။

ရှောင်ဟေး၏စကားကိုကြားသောအခါ ကျိုးဝမ်နှလုံးခုန်သွား၏။ ဂူနန်းရှင်သည် ဤနေရာ၌ ဆန်းကြယ်သောနံရံကိုပြုလုပ်ထားသောကြောင့် ၎င်း၏အနောက်တွင် ကောင်းမွန်သောအရာတခုဝှက်ထားပုံရပေသည်။

ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးနောက် သူ၏ထူးဆန်းသောအသွင်ကို မည်သူမျှသတိမထားမိကြသောကြောင့် ကျိုးဝမ်သည် သတိကြီးစွာထား၍ ထူးဆန်းသောနံရံရှေ့သို့ ချဉ်းကပ်သွား၏။

ဒေါင်၊ ဒေါင်

နံရံကိုအကြိမ်အနည်းငယ်ခေါက်လိုက်ပြီးနောက် သတ္တုပွတ်တိုက်သံကဲ့သို့အသံထွက်လာသောကြောင့် ကျိုးဝမ် မရည်ရွယ်ပဲ စိတ်လှုပ်ရှားသွား၏။

" ထူးခြားတယ် သာမန်နံရံတစ်ခုက ဒီလိုအသံမထွက်ဘူး "

ရှောင်ဟေးသည် ‌မေးစေ့ပွတ်ပြီး ဘာသိဘာသာပြောလိုက်၏။

" ငါဒီနံရံကိုဖျက်ဆီးပြီး အထဲမှာဘာရှိလဲကြည့်ကြည့်မယ် "

ထိုသို့ပြောပြီး ကျိုးဝမ်တွန့်ဆုတ်မနေတော့ပေ။ ခြေတလှမ်းရှေ့တိုးကာ သူ့ခါးနှင့်ခြေထောက်ကိုအားယူလိုက်၏။ နံရံကိုထိုးရန်ပြင်ထားသော သူ့ညာလက်သီးသည် ရွေရောင်တောက်လောင်လာ၏။

ဘန်း

တိုးညှင်းပြီးနက်နဲသောအသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်သီးချက်အောက်တွင် လုံးဝအခြေအနေမပျက်သောနံရံကိုကြည့်ပြီး ကျိုးဝမ်အံ့ဩသွား၏။ ထိုအစား တူညီသောအားတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သက်ရောက်လာ၏။

ဒေါင် ဒေါင် ဒေါင်

ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး ကျိုးဝမ်မျက်မှောင်ကြုတ်လိုက်၏။ လေးနက်သောအသံဖြင့် သူပြောလိုက်၏။

" တော်တော်မာတဲ့နံရံပဲ ငါ့ရဲ့တိုက်ခိုက်မှုက ဘာမှမသက်ရောက်ဘူး "

ကျိုးဝမ်ထံမှ ကျယ်လောင်သောတုန်ခါသံသည် အဝေးမှ ကျင့်ကြံသူများ၏အာရုံကို စွဲဆောင်သွားသည်။ ထို့နောက် ထိုကျင့်ကြံသူများသည် တယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျိုးဝမ်ထံပြေးလာကြသည်။

သို့သော် ကျိုးဝမ်သည် နံရံကိုမှင်သက်စွာစိုက်ကြည့်နေသည်ကိုတွေ့သောအခါ သူတို့မျက်နှာတွင် စိတ်ပျက်သောအရိပ်အယောင်များဖြစ်ပေါ်သွားသည်။ တယောက်ယောက် ရတနာရှာတွေ့သွားသည်ဟု သူတို့ထင်ထားကြောင်း သိသာလှသည်။ သူတို့ရှေ့မှ ငြီးငွေ့ဖွယ်ကောင်းသောမြင်ကွင်းကို သူတို့မမျှော်လင့်ခဲ့ပေ။

အကြိမ်အနည်းငယ်တိတ်တဆိတ်ကျိန်ဆဲပြီးနောက် လူစုခွဲကာ အခြားကျောက်ခန်းများသို့သွားကာ ရတနာများဆက်လက်ရှာဖွေကြတော့သည်။

တဖန်လူစုခွဲသွားကြသော ကျင့်ကြံသူများကိုကြည့်ကာ ကျိုးဝမ်စိတ်သက်သာသွားပြီး တိတ်တဆိတ်သက်ပြင်းချလိုက်၏။ ကံကောင်းထောက်မ၍ ဤနံရံမှာ လုံလောက်အောင် မာကျောနေသည်။ သို့မဟုတ်လျှင် သူနံရံဖြိုလိုက်သည်နှင့် ထိုကျင့်ကြံသူများက ခွေးရူးကဲ့သို့ သူ့ကိုဝိုင်းတိုက်ကြပေလိမ့်မည်။

" ရှောင်ဟေး ဒီနံရံကိုဖြိုဖို့ ငါ မင်းကိုပဲအားကိုးရမယ် ဒီလောက်မာတဲ့နံရံကို ငါမဖြိုနိုင်ဘူး "

ကျိုးဝမ် ပခုံးတွန့်လိုက်ပြီး သူ့ပခုံးပေါ်မှ ရှောင်ဟေးကို ကြည့်လိုက်သည်။

" ဒီနဂါးအရှင်ဆီလွှဲပေးလိုက် ဒီနံရံနောက်မှာဘာရှိလဲ ငါလည်းသိချင်တယ် "

ရှောင်ဟေး ပြောင်ချော်ချော်ရယ်မောလိုက်၏။ ထို့နောက် သူ၏အနက်ရောင်လက်သည်းများဖြင့် နေရာလွတ်ကိုကုတ်ဆွဲလိုက်၏။ အနက်ရောင်အခိုးအငွေ့များပြန့်နှံ့သွားပြီး အရည်ကဲ့သို့ ပျစ်ခဲလာသည်။

သူ၏သေးငယ်သောလက်သည်းကိုဝှေ့ယမ်းလိုက်သောအခါ စေးပျစ်သော အနက်ရောင်အရည်များသည် နံရံတွင်ကပ်သွားကြ၏။ စူးရှသောအသံအနည်းငယ်ထွက်ပြီးနောက် ဖြိုဖျက်၍မရနိုင်သောနံရံသည် စေးပျစ်သောအနက်ရောင်အရည်၏တိုက်စားမှုကြောင့် တဖြည်းဖြည်းအရည်ပျော်ကျလာသည်ကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် လူတစ်ယောက်၏ ဦးခေါင်းအရွယ်အပေါက်ဖြစ်သည်အထိ တိုက်စားသွား၏။

" သွားကြည့်ရအောင် "

နံရံမှ လူဦးခေါင်းအရွယ်အပေါက်ကိုမြင်ပြီးနောက် ကျိုးဝမ်သည် အထဲဝင်ကြည့်ရန်မစောင့်နိုင်တော့ပေ။ နံရံနောက်မှ နေရာသည် သိပ်မကျယ်ကြောင်း သူအလျင်အမြန် သိလိုက်ရသည်။ အများဆုံး လူတယောက်ရပ်နေရုံသာရှိ၏။ ထို့ပြင် အတွင်းတွင် လုံးဝမည်းမှောင်နေ၏။

သို့သော်လည်း စိတ်စွမ်းအင်အကူအညီဖြင့် ကျိုးဝမ်သည် အထဲသို့ ရှင်းရှင်းလင်းလင်းမြင်ရပေသည်။

" ဒါက " ကျိုးဝမ်အံ့ဩပြီး တိုးတိုးလေးအော်လိုက်၏။ ထို့နောက် သူ့မျက်နှာတွင် ထူးဆန်းသောအမူအရာပေါ်လာ၏။

ကျိုးဝမ်စိတ်လှုပ်ရှားသွား၏။ သူ့စိတ်စွမ်းအင်ထိန်းကျောင်းမှုအောက်တွင် အနက်ရောင်အရာနှစ်ခုသည် အပေါက်ထဲမှ ရုတ်တရက် ပျံထွက်လာ၏။

" ဒါက ရှေးဟောင်းဂူနန်းတော်ရဲ့ မြေပုံလား "

အဝါရောင် စာရွက်ကို ကောက်ယူပြီး ကျိုးဝမ်ဖွင့်ကြည့်လိုက်၏။ စာရွက်ပေါ်မှ ရှုပ်ထွေးသောမြေပုံကိုကြည့်ပြီး ကျိုးဝမ်၏မျက်ဝန်းအစုံ တောက်ပသွားသည်။

ထိုအချိန်တွင် ရှောင်ဟေးသည် ကျိုးဝမ်၏ပခုံးပေါ်ပြန်ရောက်နေပြီဖြစ်သည်။ အနက်ရောင်မျက်လုံးများဖြင့် ကျိုးဝမ်လက်ထဲမှမြေပုံကိုကြည့်နေ၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့်

" ဒါက ရှေးဟောင်းဂူနန်းတော်ရဲ့မြေပုံအတိအကျပဲ မြေပုံရဲ့ဝင်ပေါက်ကို ကျောက်တံခါးနဲ့အမှတ်အသားလုပ်ထားတယ် အဲ့ဒါကြောင့် ဒါက ရှေးဟောင်းဂူနန်းတော်ရဲ့ မြေပုံဆိုတာ သေချာတယ် "

" ကောင်လေး မင်းရဲ့ကံကကောင်းတဲ့ပုံပဲ မင်းတကယ်ပဲ ရှေးဟောင်းဂူနန်းတော်ရဲ့မြေပုံကို အမှတ်တမဲ့ရှာတွေ့ခဲ့တယ် ဒီမြေပုံနဲ့ဆိုရင် ဒီရှေးဟောင်းဂူနန်းတော်ထဲမှာ လမ်းလွှဲအနည်းငယ်ပဲ သွားရမယ် "

ကျိုးဝမ်သည် မြေ‌ပုံပေါ်တွင် အမှတ်အသားပြုထားသော ကျောက်တံခါးအပြင် ရှုပ်ထွေးသော နန်းတော်၏လမ်းကြောင်းများကိုလည်း တွေ့လိုက်ရသည်။ ဤမြေပုံသည် ရှေးဟောင်းဂူနန်းတော်၏ မြေပုံအမှန်ဖြစ်ပေသည်။

မြေပုံပေါ်တွင် ဂူနန်းတော်၏ဖွဲ့စည်းပုံအပြည့်အစုံအပြင် လျှို့ဝှက်ထောင်ချောက်အချို့ကိုပါ မြင်ခဲ့ရသည်။

မြေပုံကို ညင်သာစွာပြန်ခေါက်လိုက်ပြီး လက်ဖဝါးအရွယ်သော့ကို ကောက်ကိုင်ကာ ရေရွတ်လိုက်၏။

" ဒါဆိုရင် ဒီသော့က ရှေးဟောင်းဂူနန်းတော်ရဲ့ လျှို့ဝှက်ခန်းသော့များဖြစ်နေမလား "

သော့မျက်နှာပြင်ကို အဖြူရောင်အမှတ်အသားများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် ကျောက်တုံးမှထွင်းထုထားသလိုပင်။ ထို့ပြင် စွမ်းအင်လှိုင်းအချို့သည် ထိုသော့မှ တချက်တချက် မသိမသာ ဖြာထွက်လာတတ်သဖြင့် ပို၍ သဘာဝလွန်ဆန်နေသည်။

" မြေပုံတစ်ခုနဲ့တွဲထားတဲ့သော့က သာမန်မဟုတ်ဘူး ဒီသော့က ရတနာသိုက်တစ်ခုကိုဖွင့်နိုင်တဲ့သော့ဖြစ်နိုင်မလား "

ရှောင်ဟေးသည် နှုတ်ခမ်းကိုအုပ်၍ မချိုမချဉ်ပြုံးလိုက်သည်။

ကျိုးဝမ်သည်လည်း ပုံမှန်အားဖြင့် သူ့လက်ထဲမှသော့မှာ သာမန်မဟုတ်မှန်းသိသောကြောင့် အနည်းငယ်ခေါင်းညိတ်လိုက်၏။ ရှေးဟောင်းဂူနန်းတော်၏အတွင်းပိုင်းတွင် ထိုသော့သည် အလွန်အသုံးဝင်နိုင်ပေလိမ့်မည်။ နောက်ဆုံးတော့လည်း ရှေးဟောင်းဂူနန်းတော်သခင်သည် အသုံးမဝင်သောသော့ကို လျှို့ဝှက်သောနေရာတွင် အကြောင်းပြချက်မရှိ ဝှက်ထားမည်တော့မဟုတ်ပေ။

" ငါတို့မှာမြေပုံရှိပြီဆိုတော့ ရှေးဟောင်းဂူနန်းတော်ရဲ့ဆေးဥယျာဉ်ကို အရင်သွားရအောင် အခုအချိန်မှာ အရေးအကြီးဆုံးက သွေးချီမြေအောက်မြက်ကို ရှာတွေ့ဖို့ပဲ ဒါမှမဟုတ်ရင် သွေးချိပ်တံဆိပ်က ငါ့ခန္ဓာကိုယ်ကိုပိတ်ဆို့နေပြီး ငါအမြဲတမ်း မသက်မသာခံစားနေရမှာ "

ထိုသို့ပြောပြီးနောက် ကျိုးဝမ်သည် သော့နှင့်မြေပုံကိုသိမ်းဆည်းကာ လှည့်၍ ဥမင်အတွင်းပိုင်းသို့ ပြေးသွားတော့သည်။ ယခုလေးတင် မြေပုံပေါ်မှ သူ၏တည်နေရာကိုအကြမ်းဖျဉ်းကြည့်ခဲ့ပြီးဖြစ်သည်။

မြေပုံ၏ဖော်ပြချက်အရ ရှေးဟောင်းဂူနန်းတော်တွင် ဆေးဥယျာဉ်စုစုပေါင်း ၂ခုရှိသည်။ ဆေးဥယျာဉ်များထဲမှတစ်ခုသည် ရှေးဟောင်းဂူနန်းတော်၏ အတွင်းဘက်အကျဆုံးနေရာတွင်တည်ရှိသည်။ ၎င်း၏ဧရိယာသည် မိုင်ထောင်ပေါင်းများစွာကျယ်ဝန်းပြီး ဆေးဖက်ဝင်အပင်များ မရေမတွက်နိုင်အောင်ရှိပေသည်။

အခြားဆေးဥယျာဉ်တစ်ခုသည် စမ်းသပ်စိုက်ပျိုးသည့်ဧရိယာတစ်ခုသာဖြစ်သည်။ ၎င်း၏ဧရိယာသည် မကျယ်ဝန်းလှပဲ မိုင်ရာဂဏန်းခန့်သာရှိသည်။ သို့သော်လည်း ထိုနေရာတွင် ဆေးဖက်ဝင်အပင်ပေါင်းမြောက်များစွာ ရှိပေသည်။ ကျိုးဝမ်လိုအပ်နေသော သွေးချီမြေအောက်မြက်ရှိလောက်ပေသည်။

ယခု ကျိုးဝမ်ဦးတည်နေသောနေရာသည် စမ်းသပ်ဆေးဥယျာဉ်ဖြစ်သည်။ မြေပုံအရ ထိုဆေးဥယျာဉ်သည် သူ၏တည်နေရာနှင့် ပို၍ နီးကပ်သည်။ ထို့ပြင် အန္တရာယ်ပို၍နည်းသည်။

ခြုံပြောရလျှင် ရှေးဟောင်းဂူနန်းတော်ထဲပိုဝင်လေ အတွင်း၌ အန္တရာယ်များသော ထောင်ချောက်ပမာဏပို၍များလေဖြစ်သည်။ အစွမ်းထက်သော ရှေးဟောင်းသားရဲအချို့ ပေါ်လာနိုင်ချေလည်းရှိ၏။

ဝူးရှ် ဝူးရှ်

ကျိုးဝမ်ထွက်သွားပြီးနောက် သိပ်မကြာခင် အရိပ်နှစ်ခုသည် တနေရာတည်းတွင်ပေါ်လာ၏။ သူကား ယင်သန့်စင်ခြင်းဂိုဏ်းချုပ် ရင်းရွှယ်လော့ဖြစ်သည်။

အခြားတစ်ယောက်သည် အဖြူရောင်ဝတ်စုံနှင့် ဆံပင်ဖြူအဖိုးကြီးတစ်ယောက်ဖြစ်သည်။ သူသည် ပညာရှိတစ်ယောက်အသွင်ရှိသော်လည်း တချိန်တည်းတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာကိုထိန်းချုပ်နေရသည့်ပုံပေါ်သည်။

" ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကနေ ဝိဉာဉ်စွမ်းအင်လှိုင်းတွေ မသိမသာထွက်နေတယ် တကယ်လို့ ကျုပ်သာ လျှို့ဝှက်နည်းကိုကြိုမသုံးထားဘူးဆိုရင် ဒီဝိဉာဉ်လှိုင်းတွေကြောင့် သတိထားမိခံရနိုင်တယ် ဂိုဏ်းချုပ်ပြောသလို ဒီကောင်ကတကယ်မရိုးရှင်းဘူးပဲ "

အဘိုးအိုသည် သူ၏မုတ်ဆိတ်ရှည်များကို ညင်သာစွာပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

" ဟမ့် ကျုပ်တို့ သတိလက်လွတ်နေလို့မရဘူး ခဏကပြောပုံအရဆိုရင် ဒီကောင်လေးက ရှေးဟောင်းဂူနန်းတော်ရဲ့မြေပုံရထားပုံပေါ်တယ် သူ့ကံက တကယ်ကောင်းတာပဲ ဒီကောင်လေးကို တိုက်ခိုက်ဖို့အခွင့်အရေးရှာကြရအောင် ပြီးရင် ကျုပ်တို့ သူ့ရထားတဲ့ ပစ္စည်းကောင်းတွေယူကြမယ် "

**********

All Chapters