← Chapters

အန္တိမ ဝိဉာဉ် အပိုင်း (၂၁၀) သားရဲရာချီစစ်ဝိဉာဉ်အစီအရင်

Vol. 17 Ch. 210

အန္တိမ ဝိဉာဉ် အပိုင်း (၂၁၀) သားရဲရာချီစစ်ဝိဉာဉ်အစီအရင်

Vol. 17 Ch. 210

" ရှောင်ဟေး အခုလေးတင် ငါ့နောက်မှာတယောက်ယောက်ကြည့်နေသလို ထူးထူးဆန်းဆန်းခံစားလိုက်ရတယ် "

လမ်းတဝက်တွင် ကျိုးဝမ်သည်ရုတ်တရက်ရပ်ပြီး ထိတ်လန့်တကြားနောက်လှည့်ကြည့်လိုက်၏။

" မင်းရော သတိထားမိတာလား တကယ်တော့ မင်းသော့နဲ့မြေပုံရပြီးကတည်းက ဒီနဂါးအရှင်က အနောက်ကနေတယောက်ယောက်လိုက်နေတာသတိထားမိတယ် ကြည့်ရတာ ဒီလူက လျှို့ဝှက်ကိုယ်ပျောက်နည်းသုံးထားတယ်ထင်တယ် တယောက်ယောက်က ငါတို့နောက်လိုက်‌နေတာသိပေမယ့် နေရာအတိအကျမဖော်ထုတ်နိုင်ခဲ့ဘူး "

ရှောင်ဟေးသည် သူမ၏လက်သည်းများဖြင့် လက်ပိုက်ပြီး လှောင်ရယ်လိုက်၏။

" ဒါဆိုရင် ငါတို့နောက်လိုက်လာတဲ့လူက ငါရထားတဲ့မြေပုံဟာ လှိုဏ်ဂူရဲ့မြေပုံဆိုတာ သိလောက်တယ်မလား ကြည့်ရတာ ငါပေါ့ဆခဲ့မိတာပဲ ရှောင်ဟေး ဒီနောက်ယောင်ခံလိုက်တဲ့သူကို ငါတို့ဘယ်လို မျက်ခြေဖြတ်ကြမလဲ "

ကျိုးဝမ် ခေါင်းကိုက်သွား၏။ သူ့နောက်သို့လိုက်လာသည်ကို မကြောက်သော်လည်း ရှောင်ဟေးပင်ရှာမတွေ့နိုင်သည်အထိဖုံးကွယ်နိုင်သောကြောင့် ပြဿနာတက်နိုင်ပေသည်။

အကယ်၍သာ ‌သူ့အနောက်မှ တယောက်ယောက်က ရုတ်တရက်တိုက်ခိုက်လာလျှင် မခက်ပါလား။

" မျက်ခြေဖြတ်ဖို့လား ဘာလို့ အနောက်ကလူကို မျက်ခြေဖြတ်ရမှာလဲ အခု ဂူမြေပုံက ငါတို့လက်ထဲမှာမို့ လက်ဦးမှုယူဖို့က ငါတို့လက်ထဲမှာပဲ အဲ့လူကို ငါတို့ထောင်ချောက်ထဲမျှားခေါ်လို့ရတယ် တကယ်လို့ ဒီနဂါးသခင်မှတ်ထားတာမမှားဘူးဆိုရင် မြေပုံပေါ်မှာ ထောင်ချောက်တွေအများကြီးရှိတယ် "

ရှောင်ဟေး ကောက်ကျစ်စွာပြုံးလိုက်သည်။

ထိုစကားကို ကျိုးဝမ်ကြားကြားချင်း တုန်လှုပ်သွားသော်လည်း မကြာခင် သူ့မျက်နှာတွင် ဉာဏ်များသောအပြုံးတစ်ခုပေါ်လာ၏။ ထိုနေရာမှ ရှေ့သို့ ခုန်ထက်သွားပြီး မပျောက်ကွယ်ခင် နောက်သို့ မသိမသာ ကြည့်လိုက်သည်။

ကျိုးဝမ်ပျောက်ကွယ်သွားပြီး မကြာခင် ရင်းရွှယ်လော့နှင့် ဆံဖြူအဘိုးကြီးပေါ်လာသည်။ ရင်းရွှယ်လော့သည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

" ခဏတုန်းက ဒီကောင်လေး ရုပ်တရက်ရပ်ပြီး နောက်လှည့်ကြည့်သွားတယ် ငါတို့ကိုတွေ့သွားတာလား "

" စိတ်မပူပါနဲ့ ဂိုဏ်းချုပ် ဒီဖုံးကွယ်နည်းကိုသုံးထားရင် ကမ္ဘာမြေဘုရင်အဆင့်ကျင့်ကြံသူတောင်ရှာတွေ့ဖို့ ခက်ခဲတယ် သူ ငါ့ကို ဘယ်လိုသိနိုင်မှာလဲ "

ဆံဖြူအဖိုးကြီးက ခေါင်းမော့၍ ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်သည်။

" မင်းပြောတာ မှန်ဖို့ငါမျှော်လင့်ပါတယ် ဒါပေမယ့် တခုခုမှားနေတယ်လို့ ခံစားနေရတုန်းပဲ "

ရင်းရွှယ်လော့ မျက်မှောင်ကြုတ်ပြီး စိုးရိမ်စွာပြောလိုက်သည်။

" စိတ်မပူပါနဲ့ ဂိုဏ်းချုပ် ဒီကောင်လေးက အထည်ဒြပ်ယန်အဆင့်ပဲရှိသေးတာပါ သူဘယ်လောက်အရည်အချင်းရှိရှိ ခြေလှမ်းဝက်ကမ္ဘာမြေဘုရင်အဆင့်ဖြစ်တဲ့ ငါတို့နှစ်ယောက်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး ငါတို့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ကမ္ဘာမြေဘုရင်အဆင့်ကျင့်ကြံသူတောင်မှ ငါတို့ကို အလွယ်တကူစမတိုက်ရဲဘူး အထည်ဒြပ်ယန်အဆင့်ကောင်စုတ်က ငါတို့ကိုမခြိမ်းခြောက်နိုင်ပါဘူး "

" ဒီကောင်လေးရဲ့လက်ထဲမှာ လှိုဏ်ဂူရဲ့မြေပုံရှိတယ် သူသွားတဲ့နောက်ကိုလိုက်ရင် ငါတို့အချိန်ကုန်သက်သာတယ် သူတကယ်ကောင်းတဲ့ရတနာရှာတွေ့တာနဲ့ ငါတို့သူ့ကိုရှင်းပြီး ရတနာလုကြမယ် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာမကောင်းဘူးလား "

အဘိုးကြီးသည် သူ၏မုတ်ဆိတ်ရှည်ကြီးကိုသပ်ရင်း ပြုံးပြီးပြောလိုက်၏။

ရင်းရွှယ်လော့သည် ခေါင်းဆတ်လိုက်ပြီး

" ဟုတ်တယ် မင်းပြောတာမှန်တယ် ဒီကောင်လေးနောက်ကိုလိုက်ကြည့်ရအောင် သူငါတို့အတွက် ဘာပစ္စည်းကောင်းတွေရှာတွေ့မလဲ "

ထိုအချိန်တွင် ရင်းရွှယ်လော့၏မျက်လုံးထဲမှ သံသယများပျောက်ကွယ်သွားပြီး အေးစက်ပြီး ရက်စက်သောအကြည့်တို့ဖြင့် အစားထိုးသွားသည်။ ထို့နောက် နှစ်ယောက်သား ပြန်လည်ပျောက်ကွယ်သွားပြီး ကျိုးဝမ်နောက်သို့ ဆက်လိုက်ကြတော့သည်။

မှောင်မဲနေသော ဥမင်လှိုဏ်ခေါင်းထဲတွင် တစ်နာရီကြာပြေးပြီးနောက် ကျိုးဝမ်သည် သူ့ရှေ့မှ လှိုဏ်ခေါင်းထွက်ပေါက်ဝကို တွေ့လိုက်ရသည်။ သူ့ခြေထောက်တို့သည် မြေပြင်ပေါ် ပြင်းထန်စွာနင်းလိုက်ပြီး ထွက်ပေါက်ဆီသို့ လျင်မြန်စွာလှမ်းသွားလိုက်သည်။ အားကောင်းသောအလင်းတန်းသည် သူ့မျက်စိထဲတိုးဝင်လာသည်။

ကျိုးဝမ် မတတ်သာ၍ မျက်စိမှိတ်လိုက်ရ၏။ အလင်းရောင်ထဲတွင် ကျင့်သားရပြီးနောက် ကျိုးဝမ်သည် ရင်ပြင်နှင့်တူသော ကျယ်ပြန့် ခမ်းနားထည်ဝါသော ကျောက်သားခန်းမကျယ်ကြီးတစ်ခုထဲရောက်နေမှန်း သိလိုက်ရသည်။ ကျောက်ခန်းမထဲတွင် ဧရာမကျောက်တိုင်ကြီးများ ရာချီရှိပေသည်။

ကျောက်တိုင်တစ်ခုချင်းစီသည် လူအယောက်ရာချီဝိုင်းပတ်၍ ဖက်ထား၍ရသည်အထိ ထူထဲပြီး ကောင်းကင်သို့ရောက်သည်အထိ မြင့်မားလှသည်။ အဆုံးမဲ့ကောင်းကင်ထက်ရှိ ကျောက်တိုင်ထိပ်ဖျားကိုပင် မမြင်နိုင်ပေ။ ထို့ပြင် ကျောက်တိုင်၏မျက်နှာပြင်တွင် ထူးဆန်းသောသားရဲအမျိုးမျိုး ထွင်းထုသွားသည်။

သားရဲအများစုသည် အလွန်ထူးဆန်းသည်။ အချို့မှာ လူခန္ဓာနှင့် မြင်းခေါင်း၊ အချို့မှာ လူခန္ဓာကိုယ်နှင့် ငါးအမြီး၊ အချို့မှာ ခြင်္သေ့ခန္ဓာကိုယ်နှင့် လူခေါင်းရှိကြသည်။ ထွင်းထုထားသောလက်ရာများမှာ အသေးစိတ်ကျပြီး အသက်ဝင်နေသည်။ ကျောက်တိုင်ကြီးများကြောင့်သာမဟုတ်လျှင် ၎င်းတို့သည် တကယ့်သားရဲများဟု ကျိုးဝမ်ထင်မိပေလိမ့်မည်။

" ကျောက်တိုင်တွေမှာ ထွင်းထုထားတဲ့ သားရဲတွေက အခြေခံအားဖြင့် ရှေးဟောင်းဗီဇပြောင်းသားရဲတွေပဲ သူတို့က အခုလက်ရှိခေတ်သားရဲတွေရဲ့ ဘိုးဘေးတွေ အခုခေတ်သားရဲတွေရဲ့သွေးမျိုးဆက်တွေဟာ ရှေးဟောင်းဗီဇပြောင်းသားရဲတွေဆီက ဆင်းသက်လာတာလို့ ပြောလို့ရတယ် ဒီဗီဇပြောင်းသားရဲတွေက အရမ်းအစွမ်းထက်ပြီး တောင်နဲ့ပင်လယ်ကိုတောင် မှောက်ခုံဖြစ်အောင်လုပ်နိုင်တယ် ရှေးခေတ်က လူသားပညာရှင်တွေတောင် သူတို့ကိုရန်မစရဲဘူး "

ကျောက်တိုင်ပေါ်၌ ထွင်းထုထားသောသားရဲမျိုးစုံ၏ပုံကိုကြည့်ပြီး ရှောင်ဟေး၏အမူအရာမှာ စိတ်ရှုပ်နေပုံပေါ်သည်။ သူမ၏မျက်ဝန်းနက်ထဲတွင် မခန့်မှန်းနိုင်သော ဝမ်းနည်းမှုအရိပ်အငွေ့များ ရှိနေသည်။

ကျိုးဝမ်သည်လည်း ရှောင်ဟေး၏ဝမ်းနည်းမှုကို သတိထားမိလိုက်သည်။ သူစကားမဆက်တော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်၏။

" ဒါက အရှေ့ခန်းမပဲဖြစ်ရမယ် ဒါက နန်းတော်တစ်ခုလုံးရဲ့ ပင်မခန်းမပဲ မြေပုံပေါ်ကအမှတ်အသားတွေကမှန်တယ် အရှေ့ခန်းမတစ်ခုလုံးက ထောင်ချောက်ပဲ "

သို့သော် ကျိုးဝမ်စကားမဆုံးခင် ရှောင်ဟေးဖြတ်ပြောလိုက်၏။

" ဒါဆို အစီအရင်ကြီးတစ်ခုလို့ခေါ်ရင် ပိုမှန်တယ် ဒီနေရာမှာ ဂူနန်းရှင် သားရဲရာချီ စစ်ဝိဉာဉ်အစီအရင်တည်ဆောက်ထားတယ် ဒီ မိုးထိမြင့်တဲ့ကျောက်တိုင်တွေက တကယ်တော့ ရှေးဟောင်းဗီဇပြောင်းသားရဲဝိဉာဉ်တွေကို သန့်စင်ထားတာ တကယ်လို့ ဖြတ်ကျော်ဖို့ အထူးနည်းလမ်းမရှိရင် ဒီအစီအရင်ထဲက သားရဲဝိဉာဉ်တွေဝါးမျိုတာခံရလိမ့်မယ် "

" ဒါပေမယ့် ဒီအစီအရင်ရဲ့တစိတ်တပိုင်းကို တယောက်ယောက်ကခွန်အားသုံးပြီးဖျက်ဆီးထားတယ် သူ့ရဲ့စွမ်းအားက အရင်ကလောက် မကောင်းတော့ဘူး ဒါပေမယ့် အနောက်ကလိုက်လာတဲ့သူတွေကိုဖြေရှင်းဖို့‌တော့လုံလောက်တာထက်တောင် ပိုသေးတယ် "

ရှောင်ဟေးထိုသို့ပြောပြီးနောက် ကျိုးဝမ်သည် ပင်မခန်းမထဲရှိ မိုးထိမြင့်သော ကျောက်တိုင်တော်တော်များများ ‌ပျက်ဆီးနေသည်ကို ရုတ်ချည်း သတိပြုမိလိုက်သည်။ ထိုနေရာတွင် ကျောက်တုံးအကျိုးအပဲ့များစွာနှင့် မြေပြင်ပေါ်မှ ဒါဇင်နှင့်ချီသော တွင်းနက်များလည်းရှိသည်။

" ကြည့်ရတာ လွီယွမ်ဟွာတို့အဖွဲ့ ဒီနေရာကို ဖြတ်သွားတဲ့ပုံရတယ် သူတို့အဖွဲ့က တကယ်စွမ်းအားကြီးတယ် သူတို့အဖွဲ့က အစီအရင်ကိုတောင် အတင်းဖြတ်ကျော်သွားခဲ့နိုင်တာပဲ "

ကျိုးဝမ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ကျိုးဝမ်သည် မိုးထိမြင့်သောကျောက်တိုင်များမှ ဖျပ်ခနဲ ဖျပ်ခနဲ ထွက်ပေါ်လာတတ်သော အစွမ်းထက်သောရောင်ဝါကိုအာရုံခံမိသည်။ အစီအရင်စတင်သည်နှင့် ၎င်း၏စွမ်းအားသည် ကလေးကစားသလိုမဟုတ်သည်မှာ ရှင်းသည်။ သို့သော် လွီယွမ်ဟွာတို့အဖွဲ့သည် ထောပတ်ကို ဓားအပူဖြင့်ဖြတ်သလို ဤနေရာကိုဖြတ်ကျော်နိုင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ ဂိုဏ်းကြီးငါးဂိုဏ်းမှ လူငယ်ထိပ်သီးများသည် လျှော့တွက်၍မရပေ။

" ဒီအစီအရင်ကပျက်ဆီးနေရင်တောင် လက်ရှိမင်းက ခံနိုင်ရည်မရှိမှာငါစိုးရိမ်တယ် ပြီးတော့ လွီယွမ်ဟွာတစ်ယောက်တည်း အစီအရင်ကိုဖျက်ဆီးဖို့မဖြစ်နိုင်ဘူး ဒါက ဂိုဏ်းကြီး၅ဂိုဏ်းအတူပူးပေါင်းခဲ့တာသိသာတယ် အခုဒါကိုမဆွေးနွေးပဲနေရအောင် မြေပုံပေါ်ကလမ်းကြောင်းအတိုင်းလိုက်ပြီး အစီအရင်အပြင်အမြန်ထွက်ရအောင် "

ရှောင်ဟေး မျက်လုံးဝင့်ပြီးပြောလိုက်သည်။

ခေါင်းဆတ်ပြပြီး ကျိုးဝမ်အချိန်ဖြုန်းမနေတော့။ ယင်းအစား မြေပုံပေါ်မှလမ်းကြောင်းအတိုင်း သူ့ကိုဝန်းရံထားသောကျောက်တိုင်များကို ဂရုတစိုက်ဖြတ်ကျော်သွားခဲ့သည်။

သားရဲရုပ်တုများစွာဝန်းရံခံထားရသောကြောင့် ကျိုးဝမ်သည် သားရဲအုပ်ကြားမှ သိုးသူငယ်ကဲ့သို့ ခံစားနေရသည်။ ကျိုးဝမ်၏အသွင်သည် သေးငယ်ပြီး အားနည်းသည့်ပုံပေါ်သည်။ ထို့ပြင် သူ၏ခရီးသည် မလွယ်ကူခဲ့ပေ။

အဆုံးတွင် ရာနှင့်ချီ‌သော ဤမိုးထိမြင့်သည့် ကျောက်တိုင်များသည် ရှေးဟောင်းဗီဇပြောင်းသားရဲများ၏ဝိဉာဉ်ကိုသန့်စင်ထားခြင်းဖြစ်သည်။ ထုံးစံအတိုင်း သူတို့ထံမှ ပြင်းထန်သောဖိအားထွက်ပေါ်နေသည်။ ထို့ကြောင့် ကျိုးဝမ်၏စိတ်ခွန်အားအလွန်သန်မာသော်လည်း ဤလမ်းကိုလျှောက်ပြီးနောက် မတတ်သာပဲ အေးစက်သောချွေးများကျလာတော့သည်။

နောက်ဆုံးကျောက်တိုင်ကို ကျော်ပြီးမှ ကျိုးဝမ် စိတ်လျှော့နိုင်တော့သည်။ ယခုလေးတင် ကျောက်တိုင်များ၏အလယ်တွင်ရှိနေသောအခါက အထီးကျန်မှုနှင့် အကူအညီမဲ့မှုကို အမှန်တကယ် ခံစားခဲ့ရသည်။

အစီအရင်အသက်မဝင်ဘဲနှင့်ပင် သူထိုသို့ခံစားခဲ့ရ၏။ အကယ်၍ သူသာ ရာနှင့်ချီသော သားရဲစစ်ပွဲဝိဉာဉ်အစီအရင်ကို အသက်သွင်းခဲ့မိလျှင် ဤခံစားချက်သည် ပို၍ဆိုးရွားမည်ကို သူကြောက်မိသည်။ သူ့အသက်ကိုပင် ဆုံးရှုံးသွားပေလိမ့်မည်။

" ကဲ ငါတို့နောက်က လျှို့ဝှက်ပြီးလိုက်နေတဲ့သူတွေ ဘယ်လိုကံဆိုးသွားမလဲကြည့်ရအောင် "

ရှောင်ဟေးသည် ကောက်ကျစ်စွာပြုံးလိုက်၏။ သူမ၏မျက်နှာတွင် နှစ်ထောင်းအားရဖြစ်သော အပြုံးဖြင့်ပြည့်နေသည်။

တချိန်တည်းတွင် လမ်းကြောင်းအဝတွင် လူရိပ်နှစ်ခုပေါ်လာသည်။

သူ့ရှေ့တွင်ပေါ်လာသော လူရိပ်နှစ်ရိပ်ကိုကြည့်ပြီး ကျိုးဝမ် ကြက်သေသေသွား၏။ ထို့နောက် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို တည့်တည့်စိုက်ကြည့်လိုက်သည်။

" ရင်းရွှယ်လော့ ဒီအဘိုးကြီးဖြစ်နေမယ်လို့ ငါမထင်ထားဘူး ကြည့်ရတာ ဒီနှစ်ယောက်က ငါတို့နောက်ကတချိန်လုံးလိုက်နေတာပဲ "

ကျိုးဝမ် အေးစက်စက်ပြုံးလိုက်သည်။

ရင်းရွှယ်လော့နှင့် ဆံဖြူအဘိုးကြီးတို့ ဝင်ပေါက်တွင်ပေါ်လာသည်နှင့် ကျောက်တိုင်အစွန်းတဖက်မှ သူတို့ကို လှောင်ပြုံးပြုံးရင်းကြည့်နေသော လူငယ်ကိုတွေ့လိုက်ရသည်။

" ခွေးအိုကြီးရင်း ရန်သူတွေက လမ်းကျဉ်းလေးမှာဆုံကြမယ်လို့မထင်ထားဘူး ကြည့်ရတာ ငါ့နောက်တချိန်လုံးလိုက်နေတာမင်းပဲမလား ခွေးအိုကြီး "

ရုတ်တရက် အခြားတဖက်မှ လှောင်ပြောင်ဆဲဆိုသံတစ်ခု ထွက်ပေါ်လာ၏။ ရင်းရွှယ်လော့သည် ထိုစကားကြားသောအခါ မျက်နှာမည်းသွားပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာ၏။

" ဒီမျိုးမစစ်လေး သူပိုပိုပြီးမာနကြီးလာပုံပဲ အဘိုးကြီးရန် ကြည့်ရတာ မင်းရဲ့လျှို့ဝှက်နည်းစနစ်ကအလုပ်မဖြစ်တဲ့ပုံပဲ ဒီကောင်က ငါတို့ သူ့နောက်လိုက်နေတယ်ဆိုတာ သိပြီးသား " ရင်းရွှယ်လော့ နှာမှုတ်လိုက်ပြီး မုန်းတီးစွာပြောလိုက်၏။

ဆံပင်ဖြူအဘိုးကြီးသည် မတတ်သာပဲ ပခုံးတွန့်လိုက်သည်။ ယခု အမှန်တရားသည် သူ့ရှေ့တွင်ရှိနေသောကြောင့် မချေပနိုင်တော့ပေ။

" ငါတို့ကိုတွေ့သွားပြီဆိုတော့ ငါတို့ ဒီကောင်စုတ်ကို သတ်လိုက်ရုံပဲရှိတော့တယ် "

ဆံပင်ဖြူအဘိုးကြီးသည် ဣန္ဒြေမပျက် တည်ငြိမ်စွာပြောလိုက်သော်လည်း သူ့စကားများက ထူးဆန်းစွာ ကျောချမ်းဖွယ်ကောင်းနေသည်။

" အတူတူလုပ်ရအောင် ဒီကောင်လေးကို အသက်ရှင်လျက်ထားလို့မရဘူး မဟုတ်ရင် ပြဿနာတွေမဆုံးတော့ဘူး "

ရင်းရွှယ်လော့သည် စကားဆုံးသည်နှင့် မြေပြင်ကိုခြေတချက်ဆောင့်ကာ လေးညှို့မှလွှတ်လိုက်သော မျှားတစင်းကဲ့သို့ ကျောက်တိုင်ထံသို့ ခုန်ဝင်သွားသည်။ သူသည် ကျိုးဝမ်ထံသို့ တိုက်ရိုက်ဦးတည်သွားသည်။ ဆံပင်ဖြူအဘိုးကြီးသည် အားနည်းချက်မပြရဲပဲ နောက်မှ ထပ်ကြပ်မကွာလိုက်သွား၏။

" ကောင်စုတ်လေး ဒီနေ့တော့မင်းသေပြီပဲ မင်းသေတာနဲ့ မင်းရဲ့လှိုဏ်ဂူမြေပုံနဲ့ ပိုင်ဆိုင်သမျှငါသိမ်းမယ် ဒီမြေပုံနဲ့ဆိုရင် ရတနာအားလုံးက ငါ့အပိုင်ပဲ အချိန်ကျလာရင် ယင်သန့်စင်ဂိုဏ်းက အရမ်းအားကြီးလာလိမ့်မယ် အဲ့အချိန်ကျရင် မြို့စားအိမ်တော်ရော ကျိုးမိသားစုရော ဂရုစိုက်စရာမလိုတော့ဘူး သူတို့အားလုံးကို ငါကိုယ်တိုင်ဖျက်ဆီးပစ်မယ် "

ရင်းရွှယ်လော့မရောက်သေးခင် သူ၏ကြမ်းတမ်းသောစကားကအရင်ရောက်နေသည်။ ကျယ်လောင်ပြတ်သားသောသူ့အသံသည် ခန်းမကြီးထဲ ပဲ့တင်ထပ်သွား၏။

သို့သော် ရင်းရွှယ်လော့သည် ကျောက်တိုင်ထံသို့ ပြေးသွားသောအခါ တစုံတခုမှားနေသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှလူငယ်သည် သူ့ထံပြေးဝင်လာသောကြောင့်ဖြစ်သည်။ ကြောက်ရွံ့ရမည့်အစား ပီတိပြုံးပြုံးနေ၏။ သူ့အပြုံးတွင် သနားသည့်အရိပ်အယောင်များပါ တွေ့နေရသည်။

" ခွေးအိုကြီးရင်း မင်းကိုခွေးလို့ခေါ်တာ ခွေးမျိုးနွယ်တွေကို စော်ကားရာကျတယ် မင်းရဲ့ဦးဏှောက်က ခွေးထက်ဆိုးတယ် အခု မင်း သားရဲရာချီ စစ်ပွဲဝိဉာဉ်အစီအရင်ကို မြည်းကြည့်ရတော့မယ် ဒီအစီအရင်ကိုကျော်ဖြတ်ပြီးမှ ငါ့ကိုသတ်လည်း နောက်မကျဘူးမလား "

ကျိုးဝမ်၏အသံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ရုတ်တရက် ရင်းရွှယ်လော့၏မျက်နှာ သိသိသာသာပြောင်းလဲသွား၏။

" အိုး မဟုတ်ဘူး ငါတို့လှည့်စားခံရပြီ ဒီကျောက်တိုင်တွေက အစီအရင်တွေ နောက်ဆုတ် "

ထိုသို့ပြောပြီး ရင်းရွှယ်လော့သည် သူ့ခန္ဓာကိုယ်ကိုမူလနေရာသို့ပြန်ရောက်ရန် လှုပ်ရှားလိုခဲ့သည်။ သို့သော် သူကျောက်စာတိုင်ထံသို့ရောက်ရှိသွားပြီး ခြေလှမ်းမှားသွားကာ အစီအရင်ကို အသက်သွင်းလိုက်မိခဲ့သည်။ နောက်ဆုတ်ရန် အလွန်နောက်ကျ‌သွားချေပြီ။

အာဝူးးးးးး

*************

All Chapters