← Chapters

လုယက်ခံရခြင်း

Vol. 17 Ch. 215

လုယက်ခံရခြင်း

Vol. 17 Ch. 215

ရွှေရောင်ဓားလေးစင်းသည် ရွှေရောင်အလင်းတန်းလေးခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့နောက်မှ လူလေးဦးဆီသို့ ပျံသန်းသွားသည်။ ချွန်မြသောဓားချီသည် မရေတွက်နိုင်သော လေဓားသွားများသဖွယ် ပျံသန်းသွားပြီး ဦးတည်ရာမဲ့ ပိုင်းဖြတ်သွားသဖြင့် သူ့နောက်မှ လူလေး‌ယောက်သည် ပျာယာခတ်သွားကြ၏။

ထိုသူတို့ထဲမှ အားနည်းသောကျင့်ကြံသူသုံးဦးသည် ရွှေအလင်းဓားသွားတို့၏ ပြင်းထန်သောတိုက်ခိုက်မှုကြောင့် သွေးတလုတ်ထွေးထုတ်လိုက်ကြရသည်။ သူတို့၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများပြည့်နှက်သွား၏။

သက်လတ်ပိုင်းအရွယ် ထူးခြားသော လူသားဘုရင်နယ်ပယ်ကျင့်ကြံသူသည် အစွမ်းထက်ဆုံးဖြစ်သည်။ သူသည် ရွှေအလင်းဓားကြောင့် ပျာယာခတ်သွားသော်လည်း အခြားကျင့်ကြံသူသုံးဦးကဲ့သို့ အခြေအနေမဆိုးသွားခဲ့ပေ။

ကျိုးဝမ်ဘက်ခြမ်းမှ တိုက်ပွဲသည် မီးပွားလေးသဖွယ် တဒင်္ဂအတွင်း ဖြစ်သွားခဲ့သော်လည်း အခြားကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

အခြားကျင့်ကြံသူများသည် အသက်ဆယ့်ခြောက်နှစ်ခန့်အရွယ်သာရှိသေးသောလူငယ်လေးသည် လူသားဘုရင်နယ်ပယ်ကျင့်ကြံသူလေးဦး၏ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်သည် ပြီးပြည့်စုံသော လူသားဘုရင်နယ်ပယ်ကျင့်ကြံသူဖြစ်နေသည်ကိုပါ မြင်တွေ့လိုက်ကြရသည်။

ဤမြင်ကွင်းသည် သဘာဝကျကျပင် လက်ရှိကျင့်ကြံသူအပေါင်းတို့ကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့သည် ဝိဉာဉ်ရတနာကိုအလစ်သုတ်နေသောလူငယ်ကို ဒီအတိုင်း ရပ်ကြည့်နေမိကြတော့သည်။

" ကျိုးဝမ် သူလည်း ဒီမှာရှိနေတာလား "

ကိုယ်ရံတော်တပ်ဖွဲ့ကြားမှ နဝမမြောက်တပ်မှူးသမီးတော်သည်လည်း ကျိုးဝမ်၏အဖြစ်အပျက်ကို သတိထားမိလိုက်သည်။ ကျိုးဝမ်၏မျက်နှာကိုမြင်လိုက်သောအခါ သူမမနေနိုင်ပဲ အာမေဋိတ်သံပြုလိုက်မိသည်။

နဝမမြောက်တပ်မှူးသမီးတော်၏ အာမေဋိတ်သံကြောင့် အနားတွင်ရပ်နေသောရှုချန်းသည် ခေါင်းလှည့်ကြည့်လိုက်သည်။ ကျိုးဝမ်အစစ်အမှန်ဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ သူ့မျက်လုံးမည်းမှောင်သွား၏။ တချိန်တည်းတွင် သူ့မျက်လုံးထဲ၌ လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်လာသည်။

ဤအချိန်တွင် လူတိုင်း၏မျက်စိရှေ့တွင် ကျိုးဝမ်သည် လက်ဝဲအစွန်ဆုံးမှ အလင်းလုံးရှေ့သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့နောက် သူ့ညာလက်ဆန့်၍ အလင်းလုံးကိုဆုပ်ကိုင်လိုက်သည်။

ဝှမ်း။

ကျိုးဝမ်၏ညာလက်သည် အလင်းလုံးဆီသို့ ကပ်သွားသည် အလင်းလုံးထဲရှိ ဝိဉာဉ်ရတနာထံမှ အလွန်အမင်းအားကောင်းသောခုခံအား ပေါက်ကွဲထွက်လာကာ ကျိုးဝမ်၏ညာလက်ကို တဒင်္ဂအတွင်း တုန်ခါသွားစေသည်။

ကျိုးဝမ်သည် ဝိဉာဉ်ရတနာမှ သူ့ကို အမှန်တကယ် ခုခံလာသောအခါ မအံ့ဩပဲမနေနိုင်တော့ပေ။ ကြည့်ရသည်မှာ ရှောင်ဟေးပြောသည်မှာ မှန်သည့်ပုံပင်။ ဤအလင်းလုံးထဲမှ ဝိဉာဉ်ရတနာသည် အမှန်ပင် ထူးခြားဆန်းကြယ်သည်။ သို့မဟုတ်လျှင် ဤကဲ့သို့ ပြင်းထန်သော တွန်းကန်အားရှိမည်မဟုတ်ပေ။

ဝုန်း။

ကျိုးဝမ်သည် ပထမအကြိမ်ကျရှုံးပြီးနောက် ဆက်လက်ကြိုးစားရန်ပြင်ဆင်လိုက်စဉ် သူ့နောက်မှ အလွန်အမင်းပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ဝင်ရောက်လာတော့သည်။ ကျိုးဝမ်၏အကြပ်ရိုက်သွား၏။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ ပြီးပြည့်စုံသော လူသားဘုရင်နယ်ပယ်ကျင့်ကြံသူသည် ရက်စက်ကြမ်းကြုတ်စွာစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

" ကောင်လေး မင်းကအစွမ်းရှိသားပဲ ငါခဏကတုန်းက သတိလွတ်သွားလို့ခံလိုက်ရတယ် အခု မင်းအရင်လိုကံကောင်းတော့မှမဟုတ်ဘူး မင်းမသေချင်ရင် ငါ့ရှေ့ကထွက်သွားလိုက် "

လူလတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ ရက်စက်ကြမ်းကြုတ်သောအမူအရာကိုမြင်လိုက်ရသောအခါ ကျိုးဝမ်သည် လှောင်ပြုံးပြုံးလိုက်ပြီး

" ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေတာလဲ ခင်ဗျားကကျုပ်ကိုထွက်သွားခိုင်းဖို့ တကယ်အရည်အချင်းရှိတယ်ထင်လို့လား ခင်ဗျားကကြင်နာမှုကိုဘယ်လိုတန်ဖိုးထားရမှန်းမသိမှတော့ ငရဲကိုသွားလိုက်တော့ "

ကျိုးဝမ်သည် စကားဆုံးသည်နှင့် ရှေ့သို့ခြေတလှမ်းတက်လိုက်ရာ သူ့ခန္ဓာကိုယ်မှ အားကောင်းသောရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တဆက်တည်း လူလတ်ပိုင်းကျင့်ကြံသူ၏လက်ကောက်ဝတ်ကို ညာလက်ဖြင့်ဆုပ်ကိုင်လိုက်ရာ သူ၏နီဝမ်နန်းတော်ထဲမှ စိတ်စွမ်းအင်သည် ထိုလူ၏ကိုယ်‌ပေါ်သို့ တောင်ကြီးတစ်ခုကဲ့သို့ဖိကျသွားပြီး ထိုကျင့်ကြံသူမလှုပ်ရှားနိုင်တော့ပေ။

ကျိုးဝမ်၏မျက်လုံးထဲတွင် ရုတ်တရက် သတ်ဖြတ်လိုစိတ်ထွက်ပေါ်လာသည်။ ညာလက်ကိုဆုပ်ကိုင်လိုက်ရာ အရိုးကျိုးသံထွက်ပေါ်လာသည်။ သက်လတ်ပိုင်းအရွယ်လူကြီး၏လက်ကောက်ဝတ်သည် မညီမညာ လိမ်သွား၏။

ဖူး။

လူလတ်ပိုးအရွယ်အမျိုးသားသည် ချက်ချင်းပင် ပါးစပ်မှသွေးများထွက်လာသည်။ ထို့နောက် သူသည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ကြီးမားသောတွင်းနက်ကြီးတစ်ခု ဖြစ်သွားသည်။

သက်လတ်ပိုးအရွယ်လူကြီးက တဒင်္ဂအတွင်းရှုံးနိမ့်မှုသည် ပတ်ဝန်းကျင်ကို အတန်ကြာတိတ်ဆိတ်သွားစေသည်။ ကျင့်ကြံသူများစွာသည် ကျိုးဝမ်နှင့် အောက်မှတွင်းနက်ကြီးကို မယုံနိုင်စွာကြည့်နေကြသည်။

များစွာသော ကျင့်ကြံသူများသည် သတိလစ်နေသော သက်လတ်ပိုင်းအရွယ်လူကြီးကို မှတ်မိကြသည်။ သူသည် ပြီးပြည့်စုံသော လူသားဘုရင်နယ်ပယ်ကျင့်ကြံသူဖြစ်သည်။ သူသည် သူတို့အထဲမှ အသန်မာဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပေသည်။

သို့သော်လည်း ထိုကဲ့သို့သောသူသည် သူတို့ရှေ့မှ လူငယ်၏တချက်တည်းနှင့် သတိလစ်သည်အထိ အရိုက်ခံခဲ့ရသည်။ ချက်ချင်းပင် သူတို့်မျက်လုံးထဲတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားပြီး မနီးမဝေးမှလူငယ်၏အသွင်ကို ကြည့်လိုက်ကြသည်။

" သူ့ရဲ့ကျင့်ကြံမှုက လူသားဘုရင်နယ်ပယ်ကိုရောက်သွားပြီလား သူတကယ်ပဲ ပြီးပြည့်စုံတဲ့လူသားဘုရင်နယ်ပယ်ကျင့်ကြံသူကို တချက်တည်းအနိုင်ယူနိုင်ခဲ့တယ် "

နဝမမြောက်တပ်မှူးမင်းသမီးတော်သည် သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးကို အုပ်၍ မနီးမဝေးမှ လူငယ်ကို မယုံနိုင်စွာကြည့်လိုက်သည်။ တချိန်တည်းတွင် သူမ၏နှလုံးသားသည် ဖရိုဖရဲဖြစ်သွား၏။

ကျိုးဝမ်၏ကျင့်ကြံဆင့်သည် မကြာခင်သေးမီက အထည်ဒြပ်ယန်အဆင့်သာရှိသေးသည်ကို သူမသေချာမှတ်မိသည်။ သူမတို့နောက်ဆုံးတွေ့ခဲ့တာ မည်မျှကြာသေးသနည်း။ ဤလူသည် လူသားဘုရင်နယ်ပယ်ကို တခဏအတွင်းတက်နိုင်ခဲ့သည်။ ထိုအရှိန်သည် အလွန်မြန်နေသည်မဟုတ်ပေလော။

သက်လတ်ပိုင်းအရွယ်အများသားနှင့် ရင်ဆိုင်ပြီးနောက် ကျိုးဝမ်သည် အလင်းလုံးထဲမှ ဝိဉာဉ်ရတနာကို ရယူရန် ထပ်မံကြိုးစားလိုက်သည်။ သို့သော် ကျိုးဝမ်အံ့ဩသည်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့်တိုက်ခိုက်နေစဉ်တွင် အလင်းလုံးထဲမှဝိဉာဉ်ရတနာကို ရယူရန်အခွင့်ကောင်းယူသည့်လူရှိနေခြင်းဖြစ်သည်။ ရုတ်တရက် ခြေတလှမ်းနှင့် လူရိပ်သည် မီတာတစ်ရာခန့်နောက်ပြန်ဆုတ်သွားသည်။

မီတာတစ်ရာခန့်အဝေးမှလူရိပ်ကိုကြည့်ပြီး ကျိုးဝမ်၏မျက်လုံး ချက်ချင်းမည်းမှောင်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဝိဉာဉ်ရတနာကိုလုယူသောသူသည် ဘိုင်ချွတ်အမတ်အိမ်တော်မှ ဒုတိယသားတော် ရှုချန်းမှလွဲ၍ အခြားသူမဟုတ်သောကြောင့်ပင်။

အလင်းလုံးထဲရှိ ဝိဉာဉ်ရတနာသည် ထူးခြားသောသဏ္ဍာန်ရှိ မှင်နက်ရောင်လှံရှည်တစ်ချောင်းဖြစ်သည်။ ‌လှံရှည်မှ တရိပ်ရိပ်ဖြာထွက်နေသောရောင်ဝါလှိုင်းသည် ထိုလှံရှည်မှာသာမန်မဟုတ်ကြောင်းဖော်ပြနေလေသည်။

ရှုချန်းသည် လက်ထဲမှလှံရှည်ကိုဝှေ့ယမ်းကစားလိုက်၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်မှုအပြည့်ဖြင့် သူ့ရှေ့မှကျိုးဝမ်ကိုကြည့်လိုက်သည်။ သူသည် မထူးခြားနားသောလေသံဖြင့်

" ဒီလှံရှည်က ဒီသခင်လေးရည်ရွယ်ထားတဲ့အရာပဲ ကျိုးဝမ် မင်းဒါအတွက်တိုက်ခိုက်ဖို့မလိုပါဘူး မင်းရဲ့နိမ့်ကျတဲ့အဆင့်အတန်းနဲ့ ဒီလိုဝိဉာဉ်ရတနာနဲ့မထိုက်တန်ဘူး "

ရှုချန်းသည် ကျိုးဝမ်ထံမှ လှံရှည်ဝိဉာဉ်ရတနာကိုလုယူပြီးနောက် ကျန်သေးသော ဝိဉာဉ်ရတနာနှစ်ခုမှာ သဘာဝကျစွာ ပိုင်ရှင်များရှိသွားကြပြီဖြစ်သည်။ ၎င်းတို့ထဲမှတစ်ခုသည် အားစိုက်ထုတ်စရာမလိုပဲ နဝမမြောက်တပ်မှူးမင်းသမီးတော်ရရှိသွားသည်။ နောက်ဆုံးတွင် နဝမတပ်မှုးမင်းသမီးတော်၏နံဘေးတွင်စွမ်းအားကောင်းသည့် ကိုယ်ရံတော်များရှိကြပေသည်။ ထို့ပြင် သူမ၏ကိုယ်ပိုင်ခွန်အားမှာလည်း အားမနည်းပေ။ ထုံးစံအတိုင်း သူမသည် ဝိဉာဉ်ရတနာတစ်ခုကိုရယူနိုင်စွမ်းရှိပေသည်။

နောက်ထပ်ဝိဉာဉ်ရတနာတစ်ခုကိုတော့ ယုံရှန်းအမတ်အိမ်တော်မှ ရယူသွားခဲ့သည်။ ဤရလာဒ်ကို မျှော်လင့်ထားခဲ့ကြပြီးဖြစ်သော်လည်း စီရင်စုမှ မှူးမတ်အိမ်တော်သုံးခုမှအဖွဲ့ဝင်များသည် ဝိဉာဉ်ရတနာသုံးခုကို လက်တွေ့ရသွားကြတော့အခါ ကျင့်ကြံသူအများစုသည် မကျေမနပ်ဖြစ်နေကြတော့သည်။

သို့သော် မည်မျှပင် မကျေနပ်နေစေကာမူ မျက်နှာတွင် မကျေနပ်သောအရိပ်အယောင်စိုးစဉ်းမျှ ထုတ်မပြဝံ့ကြချေ။ အဆုံးတွင် စီရင်စုထဲရှိ မှုးမတ်အိမ်တော်သုံးခုမှ တပ်ဖွဲ့များသည် သူတို့ထိပါးနိုင်သောအရာများမဟုတ်ပေ။

သိသိသာသာပင် နဝမမြောက် တပ်မှုးမင်းသမီးတော်သည်လည်း မနီးမဝေးမှ ထိပ်တိုက်တွေ့နေကြသော ကျိုးဝမ်နှင့် ရှုချန်းတို့နှစ်ယောက်ကို မြင်နေရပေသည်။ ကျိုးဝမ်သတိမထားမိသည့်အချိန်တွင် ရှုချန်းသည် ဝိဉာဉ်ရတနာကို ကြားဝင်လုယူသွားသည်ကို ထုံးစံအတိုင်း သူမမြင်ရပေသည်။

နဝမမြောက်တပ်မှုးမင်းသမီးတော်သည် ရှုချန်း၏လုပ်ရပ်ကိုမကြိုက်သော်လည်း သူမဘာမှမပြောပေ။ နောက်ဆုံးတော့ ရှုချန်းသည် ဘိုင်ချွမ်းမှုးမတ်အိမ်တော်မှ ဒုတိယမင်းသားဖြစ်နေသည်မဟုတ်ပါလား။ သူ၏အဆင့်အတန်းသည် အတော်အသင့်မြင့်ပေသည်။ သူမသည် ထိုကိစ္စလေးအတွင် ဘိုင်ချွမ်းမှုးမတ်အိမ်တော်ကိုထိပ်တိုက်တွေ့မည်မဟုတ်ပေ။

ထို့ပြင် ကျိုးဝမ်သည် နောက်ခံမရှိသော တကိုယ်တော်ဖြစ်သည်။ နဝမမြောက်တပ်မှုးမင်းသမီးတော်သည် ကျိုးဝမ်အတွက် ရှုချန်းကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။ သူတို့နှစ်ယောက်မည်ကဲ့သို့အဆုံးသတ်သွားမည်ကို သူမသည် အဝေးမှတိတ်တဆိတ်ကြည့်နေလေသည်။

ဝိဉာဉ်ရတနာသုံးခုလုံးရယူပြီးကြပြီဖြစ်သောကြောင့် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးတိတ်ဆိတ်နေကြသည်။ သူတို့သည် ဝိဉာဉ်ရတနာများကို လက်လွတ်လိုက်ရပြီဖြစ်ကြောင်း သိကြပေသည်။ ထိုအစား သူတို့သည် မနီးမဝေးမှ မျက်နှာချင်းဆိုင်နေကြသော ကျိုးဝမ်နှင့် ရှုချန်းတို့ကို ကြည့်နေကြသည်။ သူတို့၏မျက်နှာတွင် ပွဲကြီးပွဲကောင်းကြည့်ရ‌တော့မည်ဟူသော အပြုံးတို့ဖြင့်ပြည့်နေသည်။

" အဲ့ဒီလူငယ်က တော်တော်ကံမကောင်းတာပဲ သူက ဝိဉာဉ်ရတနာကိုရခါနီးနေပြီ ဒါပေမယ့် သူသတိမထားမိတုန်း ရှုချန်းက ကြားဝင်ပြီးလုယူသွားမယ်လို့ သူမထင်ခဲ့ဘူး သနားစရာပဲ "

" နောက်ဆုံးတော့ ရှုချန်းက ဘိုင်ချွမ်းမှုးမတ်အိမ်တော်က ဒုတိယမင်းသားပဲ သူကတော်ဝင်မျိုးရိုးဖြစ်ပြီး ဩဇာအာဏာလည်းရှိတယ် တကယ်လို့ လူငယ်က ဝိဉာဉ်ရတနာကိုယူလို့ရခဲ့ရင်ရောဘာဖြစ်မှာလဲ ရှုချန်းကတခုခုပြောတာနဲ့ ဒီလူငယ်ကခေါင်းငုံ့ပြီးဝိဉာဉ်ရတနာပေးရမှာပဲ "

" ဒီ‌ကောင်လေးဘယ်လိုဖြေရှင်းမလဲကြည့်ရအောင် သူ့အမူအရာကြည့်ရတာတော့ အခြေအနေမကောင်းတဲ့ပုံပဲ "

" ....... "

ရင်ပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားကာ တခါတရံဆွေးနွေးသံများထွက်ပေါ်လာသည်။

ကျိုးဝမ်သည် သူနှင့်မဝေးလှသောနေရာတွင် ရပ်နေသည့် ရှုချန်းကို အေးစက်စက်စိုက်ကြည့်နေသည်။ သူ့အမူအရာသည် ပို၍ ပို၍ တင်းမာလာသည်။ ကျိုးဝမ်ရှေ့သို့ခြေတလှမ်းတက်ပြီး အော်ဟစ်လိုက်၏။

" ဝိဉာဉ်ရတနာပေးမလား အသေခံမလား "

ကျိုးဝမ်သည် ထိုအခိုက်တွင် အလွန်အမင်းဒေါသထွက်နေ၏။ သူ့လက်ထဲမှ ဝိဉာဉ်ရတနာကို ရှုချန်းသည် အလစ်အငိုက် လုယူသွားခဲ့သည်။ သူလုံးဝသည်းမခံနိုင်တော့ပေ။

ထိုစကားသံထွက်ပေါ်လာပြီးနောက် ရင်ပြင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။ ဖြောင့်မတ်သောနောက်ကျော‌ ‌အေးစက်သော အကြည့်နှင့်လူငယ်ကိုကြည့်ပြီး လူတိုင်း၏မျက်လုံး ပြာဝေသွား၏။ ထိုလူငယ်သည် ဤကဲ့သို့ အကြောက်အလန့်ကင်းသောစကားပြောမည်ဟု သူတို့ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပေ။ သူ ရှုချန်း၏အထောက်အထားကိုမသိ၍ပေလော။

နဝမမြောက်မှုးမတ်မင်းသမီးတော်သည် ရှုချန်း၏အဆင့်အတန်းနှင့်တွေ့ရလျှင်ပင် အရှုံးမပေးဟုမထင်ခဲ့မိချေ။ ထိုအစား သူသည် အလွန် ပို၍ပင်ရှေ့တိုးသွား၏။

ကျိုးဝမ်၏စကားကိုကြားသောအခါ ရှုချန်း၏အမူအရာသည် အလွန်အမင်းတင်းမာလာခဲ့သည်။ နိမ့်ကျသောမြို့ငယ်လေးမှ ကောင်တကောင်သည် သူ့ကိုထိုကဲ့သို့ အမူအရာဖြင့် ပြောရဲမည်ဟု သူမထင်ထားခဲ့ပေ။ ၎င်းသည် သူ့ကိုအလွန်အမင်းဒေါသထွက်စေခဲ့သည်။

" မင်းငါ့ကိုဒီလိုစကားမျိုးဘယ်လိုပြောရဲတာလဲ မင်းတကယ်သတ္တိရှိတယ် ကောင်လေး တန်ဂျားမြို့လေးမှာပြိုင်ဘက်ကင်းတာနဲ့ ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းပြီလို့ထင်နေတာလား ဒီသခင်လေးက မင်းရဲ့သတ္တိနဲ့မာနဘယ်ကလာသလဲသိချင်သေးတယ် "

ရှုချန်းသည် အလွန်ဒေါသထွက်သွားပြီး ရယ်မောလိုက်၏။ သူလက်သီးဆုပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ အလွန်အမင်းအားကောင်းသောအရှိန်အဝါထွက်ပေါ်လာပြီး မရေတွက်နိုင်သော လေမုန်တိုင်းကဲ့သို့ လေဝဲများဝန်းရံသွား၏။

" ခြေလှမ်းဝက်ကမ္ဘာမြေဘုရင်အဆင့်လား "

ရှုချန်းကိုအံ့အားသင့်စွာကြည့်ရင်း ကျိုးဝမ်၏မျက်လုံးများ အနည်းငယ် မှေးသွားသည်။ အသက်နှစ်ဆယ်ခန့်သာရှိသေးသော ရှုချန်းသည် ခြေလှမ်းဝက်ကမ္ဘာမြေဘုရင်အဆင့်သို့ရောက်နေမည်ဟု သူမထင်ထားခဲ့ပေ။ စီရင်စုမြို့တော်မှ မှုးမတ်အိမ်တော်သုံးခုသည် ထိုသို့သောကျွမ်းကျင်သူကို ပြုစုပျိုးထောင်ရန်အခြေခံအုတ်မြစ်ခိုင်မာပုံရပေသည်။

" သူက တကယ် ခြေလှမ်းဝက်ကမ္ဘာမြေဘုရင်နယ်ပယ်ပဲ ဘိုင်ချွမ်းအိမ်တော်ရဲ့ ဒုတိယမင်းသားဆိုတဲ့အတိုင်းပဲ သူ့ရဲ့အသက်အရွယ်မှာ ဒီလိုကျင့်ကြံဆင့်ရှိနေပြီ "

" ဒီခွန်အားနဲ့ဆိုရင် သူက ငါတို့အုပ်စုထဲမှာအသန်မာဆုံးလို့သတ်မှတ်လို့ရနေပြီ သူ့ကိုရန်စတဲ့ကောင်လေးတော့ ဒုက္ခရောက်တော့မယ် "

" ဒီကောင်လေးက အရမ်းအတင့်ရဲလွန်းတယ် သခင်လေးရှုချန်းလုယူပြီးသားကို လက်လျှေယ့လိုက်ရမှာ ဝိဉာဉ်ရတနာလေးအတွက် ဘိုင်ချွမ်းမှုးမတ်အိမ်တော်လိုအင်အားစုကြီးကို အာခံဖို့မတန်ပါဘူး "

ရှုချန်း၏ခန္ဓာကိုယ်မှ အားကောင်းသောရောင်ဝါကို ခံစားလိုက်ရသဖြင့် ရင်ပြင်ပေါ်မှ ကျင့်ကြံသူများသည် ပွက်လောရိုက်သွားကြသည်။ သိသာစွာပင် ရှုချန်းထုတ်ပြသောခွန်အားသည် သူတို့ကိုအံ့အားသင့်သွားစေခဲ့သည်။

သူ့နောက်ကွယ်မှ ကျင့်ကြံသူများ၏ တီးတိုးသံများကိုကြားသောအခါ ရှုချန်း၏မျက်နှာပေါ်မှမောက်မာမှုသည် ပိုတိုးလာခဲ့သည်။ သူ ကျိုးဝမ်ကို ဘေးတိုက်ကြည့်လိုက်ပြီး မောက်မာစွာပြောလိုက်သည်။

" အခု ငါမင်းကိုရွေးချယ်စရာနှစ်ခုပေးမယ် ပထမ အကြိမ်ငါးဆယ်ဦးချကန်တော့ပြီး မင်းရဲ့လက်တွေချိုးလိုက် ပြီးရင် ငါ့ကိုစော်ကားမိတာကို ခွင့်လွှတ်ဖို့စဉ်းစားပေးမယ် ဒုတိယ သေ "

အေးစက်စွာပြုံးပြီး ကျိုးဝမ်အေးစက်စွာ‌ အော်လိုက်၏။

" ဝက်ကောင် လူတိုင်းကမင်းလိုဝက်ဦးဏှောက်နဲ့လို့ထင်နေတာလား ငါပြောပြီးပြီ မင်းဝိဉာဉ်ရတနာမပေးရင် သေရမယ် "

**********

All Chapters