← Chapters

လနတ်ဆိုးလှံ

Vol. 17 Ch. 217

လနတ်ဆိုးလှံ

Vol. 17 Ch. 217

" မျိုးမစစ်ကောင် ဒီကောင်တကယ်လုပ်လိုက်တာလား "

နဝမမြောက်တပ်မှူးမင်းသမီးတော်သည် ပြတ်ပြတ်သားသားလှုပ်ရှားလိုက်သော ကျိုးဝမ်ကိုကြည့်ပြီး ခြေဆောင့်လိုက်သည်။ သူမ၏မျက်နှာတွင် ဒေါသများပြည့်နှက်နေသည်။ ရှုချန်းသည် ဘိုင်ချွမ်းမှူးမတ်အိမ်တော်မှ ဒုတိယသားဖြစ်သည်။ သူဤနေရာတွင်သေဆုံးသွားခဲ့သော် သူမလည်းဝာာဝန်ယူရပေလိမ့်မည်။

ဘုန်း။

ကျိုးဝမ်၏မျက်လုံးများသည် ရူးသွပ်မှုများဖြင့်ပြည့်နေသည်။ သူ၏ညာဘက်မှ ဓားလက်ချောင်းကို အကန့်အသတ်မဲ့ယွမ်စွမ်းအားထုတ်လွှတ်ကာ ရှုချန်း၏နဖူးဆီသို့ ပြင်းထန်စွာထိုးလိုက်သည်။ သို့သော် ရှုချန်း၏နဖူးနှင့်တစ်လက်မအလိုသို့ရောက်သောအခါ ရွှေရောင်အတားအဆီးတစ်ခုပေါ်လာသည်။

ရွှေရောင်အတားအဆီးသည် သံမဏိကဲ့သို့ မာကျောသည်။ သတ္တုချင်းထိခတ်သံကဲ့သို့ စူးရှသောအသံထွက်လာပြီး ကျိုးဝမ်၏ဓားလက်ချောင်း အဝေးသို့ပြန်ကန်သွားသည်။

" အကာအကွယ်ဝိဉာဉ်ရတနာ "

ကျိုးဝမ်သည် ရှုချန်း၏လည်ပင်းမှ ရွှေရောင်ဆွဲကြိုးကိုသတိပြုလိုက်မိပြီး စိုက်ကြည့်လိုက်သည်။ ရွှေရောင်အတားအဆီးသည် ထိုနေရာမှ ထုတ်လွှတ်နေသည်။

" ကျိုးဝမ် ငါနင့်ကိုရပ်ခိုင်းနေတယ်လေ နင်နားကန်းနေလား "

ထိုကြာချိန်ခဏလေးအတွင်း နဝမမြောက်တပ်မှူးမင်းသမီးတော်ပြေးလာ၏။ သူမသည် တောက်ပနေသော ဓားသဏ္ဍာန်ဝိဉာဉ်ရတနာကို ကိုင်စွဲထား၏။ သူမသည် ထိုလက်နက်ကို လေထဲဝှေ့ယမ်းလိုက်ပြီး အစွမ်းထက်သောဓားချီများထုတ်လွှတ်လိုက်သည်။

ကျိုးဝမ်သည် ထိုဓားချီကိုခုခံရန် စိတ်စွမ်းအင်ကိုသုံးလိုက်ရပြီး ယခုအချိန်တွင် ရှုချန်းကိုသတ်ရန်မဖြစ်နိုင်သေးမှန်းသိလိုက်ရသည်။ သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ရှုချန်း၏ခါးမှ ချန်ခွန်အိတ်ကို ဆွဲယူလိုက်သည်။ ခြေလှမ်းအနည်းငယ်အတွင်း သူ ရင်ပြင်ထောင့်သို့ရောက်သွားသည်။ သူ့နောက်သို့ဆက်လိုက်လာသော နဝမမြောက်တပ်မှူးမင်းသမီးတော်ကို သူစိုက်ကြည့်လိုက်၏။

နဝမမြောက်တပ်မှူးမင်းသမီးတော်သည် ရှုချန်းကို ဖမ်းရန်နောက်လိုက်များကိုအမိန့်ပေးလိုက်သည်။ သူမသည် သတိမေ့မြောနေသော ရှုချန်းကိုကြည့်ပြီး တုန်လှုပ်ပြီး ဒေါသထွက်သွား၏။

ကျိုးဝမ်သည်ရှုချန်းကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့သည့်အတွက် သူမအံ့အားသင့်သွားခဲ့သည်။ ရှုချန်းသည် ဘိုင်ချွမ်မှူးမတ်အိမ်တော်မှ လူ့ပေါ်ကြော့ဖြစ်သော်လည်း အတော်လေးအစွမ်းထက်သော ပါရမီရှင်တစ်ယောက်ဖြစ်နေသေးသည်။ သို့သော်လည်း ကျိုးဝမ်ကိုရှူံးနိမ့်ခဲ့သေးသည့်အတွက် သူမအံ့ဩသည်မှာ သဘာဝကျပေသည်။

ကျိုးဝမ်သည် သူမ၏စကားကို လျစ်လျူရှုသောကြောင့် သူမဒေါသထွက်သွားခဲ့သည်။ ရှုချန်း၏ အကာအကွယ်ဝိဉာဉ်ရတနာကြောင့်သာမဟုတ်လျှင် ရှုချန်းသည် သေခြင်းတရားမှရှောင်လွှဲနိုင်မည်မဟုတ်ပေ။

" နဝမမြောက်တပ်မှူးမင်းသမီးတော် မင်းကျုပ်နဲ့တိုက်ချင်လို့လား "

မီတာတစ်ရာခန့်အကွာတွင် ကျိုးဝမ်နှင့် နဝမမြောက်တပ်မှူးမင်းသမီးတော်သည် အဝေးမှမျက်နှာချင်းဆိုင်နေကြသည်။

ရိုးရိုးသားသားဆိုရလျှင် ကျိုးဝမ်သည် နဝမမြောက်တပ်မှူးမင်းသမီးတော်ကို သဘောမကျပေ။ သူမကြောင့်သာမဟုတ်လျှင် ကျိုးဝမ်သည် လွီယွမ်ဟွာ၏ပစ်မှတ်ထားခံရမည်မဟုတ်သလို ကျိုးမိသားစု၏ ဆွဲငင်အားမျှော်စင်မှာလည်း လွီယွမ်ဟွာ၏ယူဆောင်သွားခြင်းခံရမည်မဟုတ်ပေ။

ယ‌နေ့ဖြစ်ခဲ့သောအခြေအနေ၏တရားခံမှာ နဝမမြောက်တပ်မှူးမင်းသမီးတော်ကြောင့်ဟုဆိုလျှင်လည်း မမှားပေ။

ထိုစကားကိုကြားသောအခါ နဝမမြောက်တပ်မှူးမင်းသမီးတော်၏ လှပသောမျက်နှာပျက်သွား၏။ သူမ၏ခွန်အားသည် အလွန်ဆုံးမှ ရှုချန်းနှင့်တူညီရုံသာရှိပြီး ပို၍အားနည်းပေသည်။ သူမသည် အလတ်အလတ်ဝိဉာဉ်ရတနာရခဲ့သော်လည်း ယခုတိုက်ပွဲတွင် ကျိုးဝမ်အစွမ်းကုန်ထုတ်မသုံးခဲ့မှန်း သတိပြုမိခဲ့သည်။ ထို့ကြောင့် သူမသည် ကျိုးဝမ်ကိုအနိုင်တိုက်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

" ဒီကောင်ဘယ်လိုလုပ် ဒီလောက်မြန်မြန်တိုးတက်လာတာလဲ "

နဝမမြောက်တပ်မှူးမင်းသမီးတော်သည် အောက်နှုတ်ခမ်းကိုက်၍ လက်သီးဆုပ်ထားရုံသာတတ်နိုင်သည်။ သူမ၏စိုစွတ်နေသောမျက်လုံးများဖြင့် သူမရှေ့မှလူငယ်ကို ရှုပ်ထွေးနေသောခံစားချက်ဖြင့် စိုက်ကြည့်နေသည်။

တန်ဂျားမြို့သို့ သူမပထမဆုံးရောက်ခဲ့စဉ်က သူမရှေ့မှလူငယ်သည် သူမအတွက် မဖြစ်စလောက်လေးသာဖြစ်သည်ကို သတိရမိသည်။

ထိုအချိန်က နေရာရွေးချယ်မှုပြိုင်ပွဲတွင် လူတိုင်းကိုအံ့အားသင့်စေခဲ့သော်လည်း သူ၏ကျင့်ကြံဆင့်မှာ မမြင့်သေးပေ။ သူ၏အံ့ဩစရာကောင်းသောအရည်အချင်းသည်သာ သူမကို အံ့ဩ၍ စိတ်ဝင်စားစေခဲ့သည်။

သို့သော် ‌အဆုံးတွင် ထိုစဉ်က ကျိုးဝမ်သည် သူမအတွက် ငုံ့ကြည့်ရသောဖြစ်တည်မှုသာဖြစ်သည်။

သို့သော် ယခု အရာအားလုံးပြောင်းလဲသွားချေပြီ။ သူမကိုမော့ကြည့်ရုံသာတတ်နိုင်သည့်လူငယ်လေးသည် ယခု ရှုချန်းကိုတချက်တည်းသတ်ဖြတ်နိုင်သည်အထိစွမ်းအားကြီးလာခဲ့လေပြီ။ သူမ၏အရှေ့မှလူငယ်နှင့်ထိပ်တိုက်တွေ့နေသော်လည်း တိုက်ခိုက်လိုစိတ်စိုးစဉ်းမျှမရှိပေ။

သူမ အဝေးမှလူငယ်ကိုကြည့်ပြီး သူမ၏နီရဲသောနှုတ်ခမ်းကိုကိုက်လိုက်၏။ နောက်ဆုံးတွင် သူမသက်ပြင်းချလိုက်ပြီး

" ရှုချန်းကိုခေါ်ပြီးသွားကြစို့ "

ထို့နောက် နဝမမြောက်တပ်မှူးမင်းသမီးတော်သည် သူမ၏လူများနှင့်အတူ ရင်ပြင်မှထွက်ခွာကာ ဂူနန်းတော်ထွက်ပေါက်သို့ လျှောက်သွားတော့သည်။

အခြားကျင့်ကြံသူများ၏မျက်စိထဲတွင် နဝမမြောက်တပ်မှူးမင်းသမီးတော်၏ အပြုအမူသည် အားနည်းသောလက္ခဏာအဖြစ် ရှုမြင်ကြသည်။ ရင်ပြင်ပေါ်မှကျောက်ဆောင်ကဲ့သို့ရပ်နေသောလူငယ်နှင့် နဝမမြောက်တပ်မှူးမင်းသမီးတော်တို့ကိုကြည့်ပြီး ရင်ပြင်တခုလုံးရုတ်တရက်ဆူညံသွား၏။

" ဒီလူငယ်ကဘယ်သူလဲ ဘိုင်ချွမ်မှူးမတ်အိမ်တော်ရဲ့ ရှုချန်းတောင် သူ့ကိုရှုံးသွားတယ် ချင်မှူးမတ်နန်းတော်ရဲ့ နဝမမြောက်တပ်မှူးမင်းသမီးတော်တောင် သူ့ကိုကြောက်ရတယ် "

" ဒီလူငယ်ရဲ့နောက်ခံက မြို့တော်ရဲ့အမတ်အိမ်တော်၃ခုထက်ပိုအားကောင်းတာလား သူကဒီအရွယ်လေးနဲ့အရမ်းအစွမ်းထက်နေပြီ ဒီလိုပါရမီရှင်က သာမန်အင်အားစုကမဖြစ်နိုင်ဘူး "

" အခုလေးတင် နဝမမြောက်တပ်မှူးမင်းသမီးတော်က သူ့ကို ကျိုးဝမ်လို့ခေါ်လိုက်တယ် ငါဘာလို့အဲ့နာမည်ကိုရင်းနှီးသလိုခံစားနေရတာလဲ "

ကျိုးဝမ်သည် ကြည်ညိုမှုအပြည့်ဖြင့်ကြည့်နေကြသော ရင်ပြင်ပေါ်မှလူများကို ဂရုစိုက်မနေတော့ပေ။ အကြိမ်အနည်းငယ်ခုန်လိုက်ပြီး ရင်ပြင်ပေါ်မှ သံသယအပြည့်နှင့်လူများကိုချန်ထားကာ ပျောက်ကွယ်သွားတော့သည်။ သူတို့အားလုံးသည် ကျိုးဝမ်၏နောက်ခံကိုသိရှိလိုနေကြသည်။

" အခု ငါမှတ်မိပြီ တန်ဂျားမြို့ရဲ့ ကျိုးမိသားစုမှာ ပါရမီရှင်တစ်ယောက်ရှိတယ် သူ့နာမည်က ကျိုးဝမ် ငါကြားဖူးတာ သူ့အသက်က ဆယ့်ခြောက်နှစ်တဲ့ ဒီလူငယ်နဲ့ကိုက်ညီတယ် ဒီလူငယ်က တန်ဂျားမြို့ကများလား "

လူအုပ်ထဲမှ တယောက်သည် ကျယ်လောင်စွာပြောလိုက်သည်။

ထိုစကားပြောပြီးနောက် အဖြစ်အပျက်တခုလုံး တဒင်္ဂတိတ်ဆိတ်သွားသည်။ လူတိုင်းသည် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး အံ့ဩထိတ်လန့်မှုများပိုတိုးလာတော့သည်။

ယခုပင် သူ၏မယုံကြည်နိုင်ဖွယ်အစွမ်းကို ထုတ်ပြခဲ့သောလူငယ်သည် တန်ဂျားမြို့ရှိ အဆင့်နိမ့်မိသားစုမှဖြစ်မည်ဟု မည်သူမျှမထင်ထားခဲ့မိကြပေ။

ကျိုးဝမ်သည် ရင်ပြင်မှထွက်ခွာလာပြီးနောက် တိတ်ဆိတ်သောချောင်တစ်ခုကိုတွေ့လိုက်ရသည်။ လက်ကိုဝှေ့ယမ်းလိုက်ပြီး ရှုချန်းထံမှရရှိခဲ့သော ချန်ခွန်အိတ်ကိုထုတ်ယူလိုက်သည်။ သူသည် ချန်ခွန်အိတ်မှ သွေးအဆီအနှစ် အမှတ်အသားကို အတင်းအကြပ် ဖျက်ပစ်လိုက်သည်။ ကျိုးဝမ်၏စိတ်စွမ်းအင်သည် ဒီရေလှိုင်းကဲ့သို့ ချန်ခွန်အိတ်ထဲဝင်သွားပြီး စတင်ရှာဖွေသည်။

ကျိုးဝမ်၏လက်ထဲ၌ မှင်နက်ရောင်လှံရှည် ရုတ်တရက်ပေါ်လာ၏။ လှံ၏ကိုယ်ထည်မှ အနက်ရောင်အလင်းတဖျပ်ဖျပ်တောက်ပနေသည်။ ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ထိုအလင်းအောက်တွင် လေထုသည် ပုံပျက်သွားခြင်းဖြစ်၏။ ထိုအလင်းစီးကြောင်းတွင် အမည်မသိအားတစ်ခုပါဝင်နေပုံရသည်။

လှံရှည်မှအားကောင်းသောရောင်ဝါကိုခံစားလိုက်ရသဖြင့် ကျိုးဝမ်၏မျက်နှာ ရွှင်လန်းသွားသည်။ သူ့လက်ချောင်းကိုအနည်းငယ်ကိုက်လိုက်ပြီး လှံရှည်ပေါ်သွေးစက်ချလိုက်သည်။ လှံရှည်မှအသံထွက်လာပြီး ကိုယ်ထည်သည်တုန်ခါလာ၏။ လှံရှည်၏ကိုယ်ထည်မှအနက်ရောင်အလင်းတန်းပျောက်ကွယ်သွားပြီး မူလအသွင်ပြန်ပေါ်လာသည်။

" လနတ်ဆိုးနဂါးကျောရိုးလှံ "

ကျိုးဝမ်သည် လှံကိုယ်ထည်မှနဂါးကြေးခွံနှင့်တူသောပုံစံကွက်များကိုပွတ်သပ်ရင်း မိမိဘာသာရေရွတ်လိုက်သည်။ သူ့သွေးစက်ချပြီးနောက် လှံရှည်၏အချက်အလက်များသူ့စိတ်ထဲဝင်လာသည်။

" ဒါက တကယ့်လနတ်ဆိုးနဂါးကျောရိုးကနေလုပ်ထားတဲ့လှံများလား ဒီနဂါးသခင်ရဲ့အာရုံသာမှန်ရင် "

သူ့ပခုံးပေါ်၌ထိုင်နေသောရှောင်ဟေးသည် မျက်လုံးအရောင်လက်သွားပြီး ပြောလိုက်သည်။

" လနတ်ဆိုးနဂါးကျောရိုးလား ရှောင်ဟေး မင်းငါ့ကိုဒီလှံရွေးဖို့အကြံပေးထားမှတော့ ဒီလှံမှာထူးခြားချက်ရှိမှာပဲ အခု ငါ့ကိုအဲ့ဒီအကြောင်းပြောပြသင့်တယ် "

ကျိုးဝမ်ခေါင်းလှည့်၍ ရှောင်ဟေးကိုကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့်ပြောလိုက်သည်။

" ကောင်လေး မင်းရတနာတစ်ခုကောက်ရခဲ့တာမသိဘူးလား ရင်ပြင်ထဲကဝိဥာဥ်ရတနာသုံးခုထဲမှာ အားအနည်းဆုံးဖြစ်ပေမယ့် ဒီဝိဉာဉ်ရတနာက အလားအလာအရှိဆုံးပဲ ဒီလှံကို ရှေးဟောင်းနဂါးမျိုးနွယ်ရဲ့ လနတ်ဆိုးနဂါးကျောရိုးကနေ လုပ်ထားတာ ရှေးဟောင်းအရှင်သခင်တစ်ပါးအနေနဲ့ လနတ်ဆိုးနဂါးရဲ့အရိုးမှာ တောင်တွေဖြိုနိုင်တဲ့အစွမ်းရှိတယ် အဲ့ဒီကနေလုပ်ထားတဲ့ဝိဉာဉ်ရတနာက ပိုအစွမ်းထက်တယ် "

ကျိုးဝမ် ရပ်သပ်ရှုမောဖြစ်သွားသည်။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်နည်းနည်းမှမရှိပေ။ ထို့အစား ပဟေဠိဖြစ်စွာမေးလိုက်သည်။

" မင်းပြောတာကိုကြားပြီးတော့ ဒါကတော်တော်အံ့ဩစရာကောင်းပါတယ် ဒါပေမယ့် မင်းကဒါကိုတမင်ပိုပြောသလိုပဲ ဘာကြောင့်ဒီလှံကအလယ်အလတ်အဆင့်ဝိဉာဉ်ရတနာဖြစ်နေရတာလဲ "

" အဲ့ဒါကို ဒီနဂါးအရှင်ကရှင်းပြချင်တာ မင်းလှံရဲ့ပစ္စည်းကတော့ တကယ့်လနတ်ဆိုးနဂါးကျောရိုးပဲ ဒါပေမယ့် ဒါကို အရွယ်မရောက်သေးတဲ့ လနတ်ဆိုးနဂါးကျောရိုးကနေလုပ်ထားတာ သဘာဝအတိုင်းဆိုရင် သူ့ရဲ့စွမ်းအားက အရွယ်ရောက်ပြီးတဲ့ လနတ်ဆိုးနဂါးကျောရိုးလောက်အားမကောင်းဘူး ဒါပေမယ့် လနတ်ဆိုးနဂါးကျောရိုးမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေရှိတယ် အဲ့ဒါက ရှေးဦးသားရဲတွေရဲ့အဆီအနှစ်ကိုစုပ်ယူပြီး အဆင့်မြင့်တင်နိုင်တာပဲ "

" အဲ့ဒါက ဒီနဂါးအရှင်ပြောနေတဲ့ အလားအလာဆိုတာပဲ မင်းသာဒီလှံကို အနှစ်သာရသွေးတွေဆက်ပြီးထောက်ပံ့ပေးနေမယ်ဆိုရင်နောက်ကျရင် အဆင့်မြင့်ဝိဉာဉ်ရတနာဖြစ်လာလိမ့်မယ် "

ရှောင်ဟေးသည် လှံ၏တန်ဖိုးကိုမသိသကဲ့သို့ သူ့ကိုအပြစ်တင်နေသောကျိုးဝမ်ကို မျက်လုံးပင့်ပြလိုက်သည်။

ကျိုးဝမ်သည် ထိုစကားကိုကြားသောအခါ မျက်နှာနီရဲသွားသည်။ သူ့မျက်လုံးများ တောက်ပသွား၏။ ရှောင်ဟေးပြောခဲ့သောစကားသာမှန်ခဲ့လျှင် ဤလနတ်ဆိုးနဂါးကျောရိုးလှံ၏တန်ဖိုးသည် အလတ်အလတ်ဝိဉာဉ်ရတနာထက်များစွာ သာလွန်သွားလေပြီ။ ၎င်းသည် အဆင့်မြင့်ဝိဉာဉ်ရတနာနှင့် ယှဉ်နိုင်ပေသည်။

" ပြီးတော့ ဒီလနတ်ဆိုးနဂါးကျောရိုးလှံက ဒီအကျိုးအမြတ်နည်းနည်းလေးပဲရှိတာမဟုတ်ဘူး ဒီနဂါးသခင်ရဲ့အာရုံသာမမှားဘူးဆိုရင် သူ့မှာကျင့်ကြံမှုနည်းစနစ်ပါတွဲလျက်ပါတယ် "

ရှောင်ဟေး၏မျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား၏။ သူသည် သူ၏ညာလက်ကိုဝှေ့ယမ်း၍ နဂါးကျောရိုးလှံဆီသို့ အနက်ရောင်အလင်းတန်းပစ်လွှတ်လိုက်သည်။ ထို့နောက် လှံရှည်၏ကိုယ်ထည် ရုတ်တရက်တုန်ခါသွားသည်။ လှံ၏ကိုယ်ထည်မှ ရုတ်တရက် အလွန်ကျယ်လောင်သောအသံ ဟိန်းထွက်လာသည်။

ဝေါင်း။

ကျိုးဝမ်၏နားထဲတွင် ရုတ်တရက် နားကွဲမတတ်ကျယ်လောင်သောနဂါးဟိန်းသံမြည်ဟည်းသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်လည်မှလေထုသည် ရုတ်တရက်ဆူပွက်လာသည်။ မရေတွက်နိုင်သော လေမုန်တိုင်းများတိုက်ခတ်သွားသလိုပင်။

တချိန်တည်းမှာပင် ကျိုးဝမ်၏အထက်၌ ပေထောင်ချီရှည်လျားသော ဧရာမနဂါးအရိပ်ထွက်ပေါ်လာသည်။ ထိုနဂါးအရိပ်၏‌ နောက်ကျောတွင် တောင်ပံတစ်စုံပါရှိသည်။ နဂါးတောင်ပံများသည် လနှင့်ဆင်တူပြီး တောက်ပသောအလင်းရောင်ထုတ်လွှတ်နေသည်။ နဂါးကြီး၏ခန္ဓာကိုယ်သည် အဆုံးမဲ့တောင်တန်းကြီးကဲ့သို့ပင်။

နဂါးအရိပ်၏ ကြီးမားသော မီးအိမ်နှင့်တူသည့်မျက်လုံးအစုံသည် လေထဲမှတဆင့် ကျိုးဝမ်ကိုစိုက်ကြည့်နေသည်။ ထို့နောက် သူ့အကြည့်သည် ကျိုးဝမ်၏ပခုံးပေါ်မှရှောင်ဟေးထံရွေ့သွားသည်။ ရှောင်ဟေးကိုမြင်သောအခါ အရိပ်နဂါး၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားသည်။ နဂါး၏မျက်လုံးများသည် အမှန်တကယ် တောက်ပလာသည်။ ထို့နောက် ကျိုးဝမ်၏ထိတ်လန့်နေသောအကြည့်အောက်တွင် သူသည်ဒူးထောက်၍ ရှောင်ဟေးကိုရိုသေစွာကြည့်လိုက်သည်။ ထို့နောက်သူသည် ထူးဆန်းသောအသံဖြင့် ဟစ်ကြွေးလိုက်သည်။

" ဒုက္ခပဲ ဒီနဂါးအရှင်က အခု ကိုယ့်ကိုယ်ကိုတောင်မကာကွယ်နိုင်သေးဘူး ဒီနဂါးအရှင်ရဲ့ခွန်အားတွေအပြည့်အဝပြန်ရတဲ့အခါကျရင် မင်းအသက်ပြန်ရှင်လာဖို့ကူညီပေးမယ် အခုလောလောဆယ်တော့ လိမ်လိမ်မာမာနဲ့ ဒီကောင်လေးရဲ့လက်နက်ဝိဉာဉ်အဖြစ် နေသင့်တယ် "

ရှောင်ဟေးသည် လက်ဝှေ့ယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

ရှင်းလင်းသည်မှာ အရိပ်နဂါးနှင့်ရှောင်ဟေးတို့သည် ကျိုးဝမ်နားမလည်သည့် ဘာသာဖြင့်ပြောနေကြသည်။

အရိပ်နဂါးသည် အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး လနတ်ဆိုးနဂါးကျောရိုးလှံထဲသို့ ဝင်ရောက်သွားသည်။ တချိန်တည်းတွင် ကျိုးဝမ်၏မျက်ခုံးနှစ်ခုကြားသို့ အနက်ရောင်အလင်းတန်းတစ်ခုသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ဝင်သွားသည်။

ကျိုးဝမ် မှင်သက်သွား၏။ ထို့နောက် ထူးဆန်းသော ရုပ်ပုံများနှင့် မျဉ်းကြောင်းများသူ့စိတ်ထဲပေါ်လာသည်။ ၎င်းတို့သည် ကျင့်ကြံနည်းစနစ်ဖြစ်‌ပုံရသည်။

" ကောင်လေး အဲ့ဒါက လနတ်ဆိုးနဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းပညာဖြစ်တဲ့ လနတ်ဆိုးလျှို့ဝှက်နည်းစနစ်ပဲ ဒီလျှို့ဝှက်နည်းစနစ်က မင်းရဲ့လနတ်ဆိုးနဂါးကျောရိုးလှံနဲ့လိုက်ဖက်ပြီး အရမ်းအစွမ်းထက်တဲ့စွမ်းအားထုတ်နိုင်တယ် တကယ်လို့ လနတ်ဆိုးနဂါးကျောရိုးလှံက အလယ်အလတ်အဆင့်ဝိဉာဉ်ရတနာဖြစ်နေရင်တောင် လနတ်ဆိုးလျှို့ဝှက်ကျင့်စဉ်နဲ့ပေါင်းလိုက်ရင် အဆင့်မြင့်ဝိဉာဉ်ရတနာရဲ့အစွမ်းမျိုးထုတ်သုံးနိုင်မယ် "

ထိုစကားကိုကြားသောအခါ ကျိုးဝမ်အံ့ဩသွား၏။ ထို့နောက် သူ့မျက်နှာပေါ်တွင် ပီတိဖြစ်သောအမူအရာပေါ်လာသည်။ ကြည့်ရသည်မှာ လနတ်ဆိုးနဂါးကျောရိုးလှံရှည်ကိုရွေးချယ်လိုက်သည်မှာ မှန်ကန်သည့်ရွေးချယ်မှုဖြစ်သွားသည့်ပုံရပေသည်။

************

All Chapters