ကောင်းကင်ဘုံကိုးခုလောင်ကျွမ်းခြင်း မိုးကြိုးမီးတောက်
Vol. 17 Ch. 218
" ဒီဥမင်လှိုဏ်းခေါင်းကနေထွက်ပြီးရင် ငါတို့ရှေ့မှာ ဒီရှေးဟောင်းဂူရဲ့အနက်ဆုံးအပိုင်းရှိလိမ့်မယ် ဒါပေမယ့် ဒီမြေပုံက ဒီဥမင်ကိုပဲ မှတ်ထားပြီး နောက်ပိုင်းတွေကဝါးနေတယ် "
မည်းမှောင်နေသည့် ဥမင်လှိုဏ်ခေါင်းထဲတွင် အနက်ရောင်အရိပ်တစ်ခုသည် အနက်ရောင်လျှပ်စီးကြောင်းသဖွယ် ရှေ့သို့ တရှိန်ထိုးသွားနေသည်။ မကြာခင် ထိုလူရိပ်သည် ရပ်တန့်လိုက်ပြီး အဝါရောင်မြေပုံတစ်ခုကိုထုတ်ကြည့်ကာ မိမိဘာသာရေရွတ်လိုက်သည်။
ထိုလူသည် ရင်ပြင်မှထွက်ခွာလာခဲ့သော ကျိုးဝမ်ဖြစ်သည်။ ထိုအချိန်တွင် ကျိုးဝမ်သည် လက်ထဲတွင်မြေပုံကိုင်ထားသော်လည်း မျက်မှောင်တင်းတင်းကြုတ်ထား၏။ အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲမှမြေပုံသည် ဤနေရာတွင် အဆုံးသတ်သွားသောကြောင့်ဖြစ်သည်။
" ကြည့်ရတာ ဂူအနက်ဆုံးအပိုင်းမှာ ဂူနန်းရှင်ကိုယ်တိုင်ထုတ်မပြချင်တဲ့ရတနာတစ်ခုခုဖွက်ထားတဲ့ပုံရတယ် မဟုတ်ရင် မြေပုံထဲမှာ ဥမင်တစ်ခုတည်းဆွဲထားမှာမဟုတ်ဘူး "
ရှောင်ဟေးသည်လည်း မြေပုံ၏ပုံမှန်မဟုတ်သောအခြင်းအရာကိုတွေ့ရသဖြင့် အားလျော့စွာဆိုလိုက်သည်။
" ကောင်လေး ဒီဥမင်အဆုံးက အရမ်းအန္တရာယ်များတယ် မင်းရှေ့ဆက်သွားချင်သေးလား "
ရုတ်တရက် ရှောင်ဟေးခေါင်းလှည့်လိုက်ပြီး လေးနက်သောအမူအရာဖြင့် ကျိုးဝမ်ကိုစိုက်ကြည့်ပြီး မေးလိုက်၏။
" ဒီတကြိမ်မှာ ငါတို့ရခဲ့တဲ့အကျိုးအမြတ်ကများပေမယ့် ရှေးဟောင်းဂူနန်းရှင်ထားခဲ့တဲ့အံ့သြစရာကောင်းတဲ့ရတနာကိုတော့ ငါတွေ့ချင်သေးတယ် ပြီးတော့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကောင်းကင်ကိုဆန့်ကျင်ရမယ် ဒီအတွက်ကြောင့် ငါတို့နောက်ပြန်ဆုတ်လိုက်မယ်ဆိုရင် တသက်လုံးကျင့်ကြံသူမဖြစ်လာတော့မှာငါကြောက်တယ် ဒါကြောင့် ရဲရဲဝံ့ဝံ့ရှေ့တက်ကြမယ် "
သူ၏ကျောကိုမတ်မတ်ရပ်ထားရင်း ကျိုးဝမ်၏မျက်လုံးထဲမှ တောက်ပသောအလင်းများထွက်နေသည်။ သူ့အသွင်သည် မာနနှင့်ယုံကြည်မှုတို့ပြည့်နေသည်။
" ဟေး ဟေး မင်းကသတ္တိရှိသားပဲ ဒါပေမယ့် မင်းအစွမ်းကုန်သတိထားဖို့ ကြိုးစားမှရမယ် ဒီနဂါးအရှင်က ဂူရဲ့အနက်ဆုံးအပိုင်းထဲက အလွန်အမင်းအန္တရာယ်များတဲ့ အာရုံရနေတယ် "
ရှောင်ဟေးသည် သတိနှင့်ပြောလိုက်သည်။
ရှောင်ဟေး၏အမူအရာကိုမြင်သောအခါ ကျိုးဝမ် မနေနိုင်ဘဲ ထိတ်လန့်သွား၏။ ရှောင်ဟေးသည် ထိုကဲ့သို့အမူအရာကို ပထမဆုံးထုတ်ပြဖူးခြင်းဖြစ်သည်။ ထင်ရှားစွာပင် ဂူ၏အနက်ဆုံးအပိုင်းတွင် ရှောင်ဟေးကိုယ်တိုင်ကြောက်ရွံ့ရသည့် အန္တရာယ်ရှိပေသည်။ ထိုသို့တွေးမိသောအခါ ကျိုးဝမ်ပို၍ သတိထားလိုက်သည်။
တစ်နာရီခန့်လမ်းလျှောက်ပြီးနောက် သူ့ရှေ့မှမြင်ကွင်းသည် ရုတ်တရက်ကျယ်ပြန့်သွား၏။ သူ့မျက်စိရှေ့တွင် အလွန်ကျယ်ပြန့်သောနေရာတစ်ခုပေါ်လာသည်။ ဤနေရာတွင် မရေတွက်နိုင်သော သစ်သားတိုင်များရှိသည်။ ထိုသစ်သားတိုင်များသည် ကောင်းကင်သို့တိုင်မြင့်မားပြီး တစ်တိုင်နှင့်တစ်တိုင် တင်းကြပ်စွာ စည်းနှောင်ထားသည်။ ၎င်းတို့ကြားတွင် များစွာသော လမ်းကြောင်းများရှိသည်။ အကွေ့အကောက်များစွာနှင့် လမ်းကြောင်းများသည် ဝင်္ကပါတစ်ခုလိုပင်။
ကျိုးဝမ်သည်လည်း ရုတ်တရက်ပြောင်းလဲသွားသော မြေပြင်ကြောင့် ထိတ်လန့်သွားခဲ့သည်။ သူရှေ့သို့ခြေနှစ်လှမ်းတက်လိုက်သောအခါ မြေပြင်ပေါ်တွင် မှင်နက်ရောင် ခြေလက်အင်္ဂါများကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လူတစ်ယောက်၏လက်မောင်းနှင့်တူသော်လည်း မာကျောပြီးအေးစက်ကာ ဝါးဆစ်နှင့်တူပေသည်။
ထို့ပြင် ကျိုးဝမ်သည် ထူးဆန်းသောစွမ်းအင်များကိုထုတ်လွှတ်သည့် ခြေလက်အင်္ဂါများပေါ်မှ အမည်မသိသင်္ကတများကို တွေ့လိုက်ရသည်။
" ဒါက ရုပ်သေးလား "
ကျိုးဝမ်သည် လမ်းတလျှောက်ပြန့်ကျဲနေသော ကိုယ်လက်အင်္ဂါနှင့်တူသည် အရာများကိုတွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ လူသေမျက်နှာနှင့် ခေါင်းအချို့ကိုပင်တွေ့ခဲ့ရသည်။
" ဒါတွေက တကယ့်ရုပ်သေးအစစ်ပဲ ဒါပေမယ့် ဒီရုပ်သေးတွေက သိပ်မသန်မာဘူး သူတို့က အထည်ဒြပ်ယန်အဆင့်ပဲရှိသေးတယ် ဒီနေရာမှာ တိုက်ပွဲဖြစ်ထားတဲ့ပုံပဲ လွီယွမ်ဟွာတို့အဖွဲ့ဖြတ်သွားတာဖြစ်ရမယ် အမ် ဟေ့ကောင် ဘာလုပ်နေတာလဲ ဘာလို့အဲ့ရုပ်သေးအစိတ်အပိုင်းတွေကောက်နေရတာလဲ "
ရှောင်ဟေးသည် ကျိုးဝမ်ကိုနားမလည်သောအမူအရာနှင့်မေးလိုက်၏။
ထိုအချိန်တွင် ကျိုးဝမ်သည် ညာလက်ကိုဝှေ့ယမ်းလိုက်ပြီး လမ်းပေါ်ပြန့်ကျဲနေသော ရုပ်သေးအပိုင်းအစများကို သူ၏ချန်ခွန်အိတ်ထဲသို့ကောက်သိမ်းနေခဲ့ပေသည်။
" တစ်သောင်းဆင့်ကဲဖြစ်စဉ်ကျမ်းက ရုပ်သေးတွေကိုထိန်းချုပ်တဲ့ လျှို့ဝှက်ဝိဉာဉ်နည်းစနစ်ပဲ ရုပ်သေးပြုလုပ်လို့ရတဲ့နည်းတွေမှတ်သားထားပေမယ့် ငါ့မှာရုပ်သေးလုပ်လို့ရမယ့်ပစ္စည်းတွေမရှိခဲ့ဘူး ဒါကြောင့် ငါဘာရုပ်သေးမှမလုပ်ခဲ့ရဘူး ဒီရုပ်သေးအကြွင်းါကျန်တွေကို ငါပြန်သုံးလို့ရတယ် နောက်ဆုံးတော့ သူတို့ကပြန်သုံးလို့ရတဲ့ပစ္စည်းတွေပဲ "
ကျိုးဝမ်သည် လမ်းကြောင်းပေါ်မှ ရုပ်သေးအပိုင်းအစများကိုအာရုံစိုက်၍ သိမ်းဆည်းနေရင်း နောက်မလှည့်ဘဲ ဖြေလိုက်သည်။
" ကောင်လေး မင်းဒါတွေကိုသုံးဖို့နည်းလမ်းတကယ်စဉ်းစားမိတာပဲ "
ရှောင်ဟေးသည် အစတွင် မယုံနိုင်ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် အသိအမှတ်ပြုသည့်အရိပ်အယောင်ပေါ်လာသည်။ ဤရုပ်သေးခြေလက်အင်္ဂါများသည် အခြားသူများအတွက် အမှိုက်ဖြစ်သော်လည်း တစ်သောင်းဆင့်ကဲဖြစ်စဉ်ကျမ်းရှိသော ကျိုးဝမ်အတွက်တော့ အလွန်တန်ဖိုးရှိသောအရာများဖြစ်ပေသည်။
လမ်းတလျှောက်တွင် ကျိုးဝမ်သည် ရုပ်သေးကိုယ်လက်အင်္ဂါများစွာကို ရှာတွေ့ခဲ့သည်။ သူသည် လူသားဘုရင်နယ်ပယ်နှင့် ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးအချို့၏ အကြွင်းအကျန်များကိုပင် တွေ့ခဲ့ရသည်။ တချိန်တည်းတွင် လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သောအရိပ်အယောင်များကိုတွေ့ရသည်။
ထင်ရှားစွာပင် လွီယွမ်ဟွာ၊ ရှုမူနှင့် ထိပ်တန်းအင်အားစုငါးခုမှ တစ်ဖွဲ့ဖွဲ့သာ ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးများကိုတိုက်ခိုက်နိုင်ပေသည်။ လွီယွမ်ဟွာနှင့်အခြားသူများ၏ခွန်အားကြောင့် သူတိတ်တဆိတ်အံ့ဩသွားသည်။ ချန်ခွန်အိတ်ထဲသို့ ရုပ်သေးခြေလက်အင်္ဂါများသိမ်းဆည်းနေသော သူ့ခြေလက်များသည် နှေးကွေးမနေခဲ့ပေ။
နောက်ဆုံးတွင် ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးများ၏ ပါဝင်ပစ္စည်းများသည် ယခင်ရုပ်သေးများထက်ပို၍ အဖိုးတန်သည်။ ကျိုးဝမ်သည် သဘာကျစွာပင် ၎င်းတို့ကို ချန်ထားမည်မဟုတ်ပေ။
လမ်းတလျှောက်မှ စုဆောင်းရရှိသမျှ ရုပ်သေးခြေလက်အင်္ဂါများသည် ကျိုးဝမ်၏ ချန်ခွန်အိတ်ထဲတွင် နေရာတဝက်ကျော်ယူထားကြသည်။ ကျိုးဝမ်၏ခန့်မှန်းချက်အရ ဤရုပ်သေးကိုယ်လက်အင်္ဂါများဖြင့် ရုပ်သေးအခုတစ်ရာပါသောရုပ်သေးစစ်တပ်ဖွဲ့စည်းနိုင်ပြီဖြစ်၏။ ထို့ပြင် ရုပ်သေးတစ်ရုပ်ချင်းစီသည် လူသားဘုရင်နယ်ပယ်ရှိကြပြီး ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးကိုယ်လက်အင်္ဂါများဖြင့် ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးနှစ်ရုပ်အထက်ပြုလုပ်နိုင်သေးသည်။
၎င်းကိုတွေးမိသောအခါ ကျိုးဝမ်သည် သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။ သူ၏ကျိုးမိသားစုတွင် သူအပါအဝင် ကျိုးရှန်းတင် ပေါင်းမှ လူသားဘုရင်နယ်ပယ်နှစ်ယောက်သာရှိသည်။ သူတို့ထံတွင် ကမ္ဘာမြေဘုရင်နယ်ပယ်တစ်ယောက်မျှမရှိသေးပေ။
ယခုမူကား ဤပစ္စည်းများနှင့် အနန္တဆင့်ကဲပြောင်းလဲခြင်း လျှို့ဝှက်ရုပ်သေးကျမ်းစာကိုအသုံးပြုပြီးရာနှင့်ချီသော လူသားဘုရင်နယ်ပယ်များပြုလုပ်နိုင်ပြီဖြစ်သည်။ သူတို့ထဲတွင် ကမ္ဘာမြေဘုရင်နယ်ပယ်ရုပ်သေးနှစ်ရုပ်ပင် ပါဝင်သေးသည်။ ထိုကဲ့သို့သော ခွန်အားဖြင့်ဆိုလျှင် မူချင်စီရင်စုတစ်ခုလုံးတွင်ပင် ကျိုးမိသားစုသည် ခြေကုပ်ကောင်းကောင်းရနိုင်ပြီဖြစ်သည်။
ဥမင်ထဲတွင် နောက်ထပ်တစ်နာရီကြာထပ်ပြေးနေသော်လည်း အဆုံးသို့မရောက်သေးပေ။
" တခုခုမှားနေပြီ ငါဒီလမ်းကိုအခုလေးတင်ဖြတ်ဖူးပြီးပြီ "
ကျိုးဝမ်သည် ထောင့်တစ်ခုနားမှ သစ်သားတိုင်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။ ထိုနေရာတွင် မထင်မရှားအမှတ်အသားတစ်ခုရှိသည်။ ထိုအမှတ်အသားသည် ကျိုးဝမ် ရုပ်သေးကိုယ်လက်အင်္ဂါများကောက်ရင်း ဆွဲထားခဲ့ခြင်းဖြစ်၏။
" ကြည့်ရတာ ဒီသစ်သားတိုင်တွေကမရိုးရှင်းဘူး အထဲမှာအစီအရင်ဖွဲ့ထားတာဖြစ်ရမယ် "
ရှောင်ဟေးသည် သဲလွန်စရသွားပြီး ဆိုလိုက်သည်။ လေးနက်စွာပြောရင်း သူ့အကြည့်တို့ကိုဖြန့်ကျက်ထားသည်။
" ဒါဆို ငါတို့ဘာလုပ်ကြမလဲ ငါ အစီအရင်အကြောင်းဘာမှသိတာမဟုတ်ဘူး "
ကျိုးဝမ်သည် သူ့ခေါင်းကိုကုတ်ရင်း ပခုံးတွန့်ကာ ခိုကိုးရာမဲ့စွာ ပြောလိုက်သည်။
" ဒီနဂါးအရှင်က အစီအရင်ပညာမှာသိပ်မတော်ပေမယ့် ဒီအစီအရင်လောက်ကမမှုပါဘူး "
ရှောင်ဟေးပြောပြီး သူမ၏မျက်စိမှိတ်လိုက်သည်။ သူမ၏ အစွမ်းထက်သောနတ်အာရုံသည် အရပ်မျက်နှာအသီးသီးသို့ ဒီရေလှိုင်းသဖွယ် ပြန့်နှံ့သွားသည်။
" အရှေ့ကိုခြေလှမ်းသုံးရာလှမ်းပြီး ဘယ်ဘက်လှည့်ပြီး ခြေလှမ်းတစ်ရာလှမ်းလိုက် မင်းအရှေ့ကသစ်သားတိုင်ကိုချိုးလိုက်ရင် အစီအရင်ပျက်သွားလိမ့်မယ် "
ထိုစကားကိုကြားသောအခါ ကျိုးဝမ်သံသယဝင်သွား၏။ ရှောင်ဟေး၏ညွှန်ကြားချက်အတိုင်း အရှေ့သို့ခြေလှမ်းသုံးရာလှမ်းပြီး ဘယ်ဘက်ကွေ့ကာ ခြေလှမ်းတစ်ရာလှမ်းလိုက်၏။ မထင်မရှားသစ်သားတိုင်တစ်ခု၏ရှေ့တွင် သူရပ်လိုက်သည်။ မဆိုင်းမတွပဲ တောက်လောင်နေသောရွှေရောင်အလင်းတန်းဖြင့် ညာလက်သီးကိုဝှေ့ယမ်းကာ သူ့ရှေ့မှသစ်သားတိုင်ကိုထိုးလိုက်သည်။
ဘုန်း။
သူ၏လက်သီးချက်ကြောင့်သစ်သားတိုင်သည် မရေတွက်နိုင်သောသစ်သားစများအဖြစ် ကြေမွသွားသည်။ မမျှော်လင့်ပဲ နောက်ထပ် ဥမင်လှိုဏ်ခေါင်းရှည်ကြီးတစ်ခု ၎င်း၏အနောက်မှ ပေါ်လာသည်။
" ဟမ် ဒါဆိုငါလျှောက်နေတဲ့လမ်းက ပုံရိပ်ယောင်ပေါ့ အစစ်ကဒီမှာဖွက်ထားတာပဲ "
ကျိုးဝမ်သည် မျက်လုံးလှိမ့်လိုက်ပြီး မှင်သက်စွာပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျိုးဝမ်၏ခြေထောက်များနှေးကွေးမနေခဲ့ပေ။ သူ့ခြေထောက်များကိုတွန်းလိုက်ပြီး ဥမင်ထဲသို့ လေးညှို့မှပစ်လိုက်သောမျှားတစင်းကဲ့သို့ ဝင်သွားသည်။ ခဏကြာပြီးနောက် အဝင်ဝမှပျောက်ကွယ်သွားတော့သည်။
ဥမင်လှိုဏ်ခေါင်းထဲတွင် ဆယ်မိနစ်ခန့်ပြေးပြီးနောက် ကျိုးဝမ်သည် ဥမင်အဆုံးမှ အဖြူရောင်အလင်းအကာအကွယ်ကိုတွေ့လိုက်ရသည်။ အလင်းအကာအကွယ်၏အခြားတဖက်သည် ရှေးဟောင်းဂူနန်းတော်၏အဓိကနေရာဖြစ်ကြောင်း သူသိပေသည်။ လွီယွမ်ဟွာနှင့်အခြားသူများမှာ ထိုနေရာတွင်ရှိနေကြပေသည်။
မိမိဘာသာ ခဏကြာအောင်ရေရွတ်ပြီးနောက် ကျိုးဝမ်သည် ခြေလှမ်းလိုက်ပြီး အလင်းအကာအကွယ်ဆီသို့ ပြေးဝင်သွားတော့သည်။
အလင်းအကာအကွယ်ထဲသို့ဝင်သွားပြီးနောက် ကျိုးဝမ်၏မျက်လုံးမှောင်အတိကျသွားသည်။ အခိုက်အတန့်အတွင်း သူ့မျက်စိရှေ့တွင် မရေတွက်နိုင်သော လျှပ်စီးနှင့်မိုးကြိုးများပေါ်လာသည်။ တချိန်တည်းတွင် သူ့နားထဲ၌ မိုးခြိမ်းသံများကြားနေရသည်။
ကျိုးဝမ် ထိတ်လန့်သွား၏။ သူ့ခန္ဓာကိုယ်အားကာကွယ်ရန် သူ၏ယွမ်စွမ်းအားကို ရုတ်ချည်းထုတ်ဖော်အသုံးပြုလိုက်သည်။ ထိုအခါမှ သူ့ရှေ့မှ မြင်ကွင်းကိုသေချာမြင်လာရတော့သည်။
ဤနေရာသည် နန်းတော်ကြီးတစ်ခုဖြစ်သည်။ ကြမ်းပြင်ကိုကြည်လင်တောက်ပသော အဖြူရောင်ကျောက်စိမ်းများဖြင့်ပြုလုပ်ထားသည်။ နန်းတော်ထိပ်တွင် တောက်ပသောရွှေရောင်ပလ္လင်တစ်ခုရှိသည်။ သိသာစွာပင် ဂူနန်းတော်ရှင်အသက်ရှင်စဉ်ကနေခဲ့သောနေရာဖြစ်ပေမည်။
သို့သော် ကျိုးဝမ်အံ့ဩသည်မှာ နန်းတော်ထိပ်မှပလ္လင်ကြောင့်မဟုတ်ပေ။ ယင်းအစား နန်းတော်အလယ်မှလွှင့်မျောနေသော ခြေထောက်သုံးချောင်းရှိ ဧရာမအိုးကြီးကြောင့်ဖြစ်ပေသည်။
ဆေးအိုးကြီး၏မျက်နှာပြင်အား ပန်းကန်လုံးအဝအရွယ်ကြီးမားသောအနက်ရောင်သံကြိုးကြီးများဖြင့် ချည်နှောင်ထားသည်။ ဆေးအိုး၏ထိပ်ဖျားလေးသာနေရာလွတ်ပေသည်။ ဧရာမဆေးအိုးကြီး၏အောက်ခြေတွင် အဆက်မပြတ်တောက်လောင်နေသော ထူးဆန်းသည့်မီးတောက်တစ်ခုရှိပေသည်။
ဤမီးလျှံအား အဘယ်ကြောင့်ထူးဆန်းသည်ဟုခေါ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဧရာမဆေးအိုးကြီး၏ အောက်ခြေမှမီးတောက်သည် ပုံမှန်မီးတောက်ကဲ့သို့ လောင်ကျွမ်းနေခြင်းမဟုတ်ပေ။ ၎င်း၏အရောင်မှာလည်း အပြာဖျော့ဖျော့ဖြစ်သည်။ လောင်ကျွမ်းနေစဉ်တွင် မိုးကြိုးများအဆက်မပြတ်ထွက်နေသည်။ ထူးဆန်းသောအပြာရောင်မီးတောက်မှ မိုးကြိုးလျှပ်စီးများထုတ်နေသလိုပင်။
" သေစမ်း ဒါက ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးမဟုတ်လား "
ဧရာမဆေးအိုးအောက်ခြေမှ မီးတောက်ကိုတွေ့သောအခါ ရှောင်ဟေးခုန်ထွက်လာသည်။ သူမ၏အသံသည် စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ထားရသည့်ပုံပေါ်သည်။
" ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးလား "
ကျိုးဝမ်ထိတ်လန့်သွား၏။ ရုတ်တရက် သတိမထားမိလိုက်ပဲ မေးလိုက်မိသည်။ သူသည် မီးတောက်ထဲတွင် မိုးကြိုးများပါနေသောကြောင့် သာမန်မဟုတ်သည်ကိုတော့ သိပေသည်။ ၎င်း၏အစွမ်းသည် နိဗ္ဗာနနတ်ဆိုးမီးတောက်ထက် အဆများစွာ ပြင်းထန်သည်။ ၎င်း၏အဆင့်သည် နိဗ္ဗာနနတ်ဆိုးမီးတောက်ထက်ပိုမြင့်ကြောင်း ရှင်းနေသည်။
" ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးက ကောင်းကင်ဘုံကိုးခုရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လျှပ်စီးကြောင်းကနေ မွေးဖွားလာတဲ့မီးတောက်ပဲ သူ့ဆီမှာ မူလမိုးကြိုးနဲ့ မူလမီးတောက်ရဲ့ အစွမ်းထက်တဲ့စွမ်းအင်တွေပါတယ် ထူးဆန်းတဲ့မီးတောက်လို့ပြောရင်လည်းမှန်တယ် ဒီမီးတောက်ရဲ့အစွမ်းက ဆန်းကြယ်မိုးကြိုးထက် နည်းနည်းပဲအားနည်းတယ် သူတို့နှစ်ခုစလုံးက မြေတုန်စေတဲ့စွမ်းအားကို ပိုင်ဆိုင်ထားကြတယ် "
" ကောင်လေး ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးက ကမ္ဘာမြေအဆင့်စွမ်းအင်တစ်ခုပဲ ပြီးတော့ သူက ကမ္ဘာမြေအဆင့်ထဲမှာတောင် အကောင်းဆုံးနဲ့အစွမ်းဆုံးထဲပါတယ် ဒါက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ထဲမှာတောင် ထိပ်ဆုံးထဲပါတယ် မင်းသာ ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးကိုသန့်စင်နိုင်မယ်ဆိုရင် မင်းရဲ့ရေခဲနှင့်မီးတော်ဝင်တံဆိပ်က နောက်တစ်ဆင့်မြင့်နိုင်လိမ့်မယ် "
ရှောင်ဟေး၏အသံသည် စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသည်။ သူမ၏မျက်လုံးထဲတွင် သတိအပြည့်ရှိနေသည်။ သူမ၏အရှေ့မှ ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးသည် သာမန်မဟုတ်သောကြောင့်ဖြစ်ပေသည်။
ထို့ပြင် ကောင်းကင်ကိုးခုမိုးကြိုးငရဲမီးသည် ရေခဲမီးတော်ဝင်တံဆိပ်၏စွမ်းအားကိုတိုးမြှင့်နိုင်သည်ဟုကြားသောအခါ ကျိုးဝမ်၏မျက်လုံးထဲတွင် တုန်လှုပ်သွား၏။
ရေခဲမီးတော်ဝင်သင်္ကေတသည် သူ့အား ကောင်းကင်ဖီဆန်သည့်စွမ်းအားကို ပေးနိုင်သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် နိဗ္ဗာနနတ်ဆိုးမီးတောက်နှင့် ကောင်းကင်နယ်ပယ်ရေခဲချီသာရှိပေသည်။ သူထုတ်လွှတ်နိုင်သည့်စွမ်းအားသည် ကမ္ဘာမြေဘုရင်နယ်ပယ်ကျင့်ကြံသူကို ပြင်းထန်သောထိခိုက်မှုမပေးနိုင်ပေ။
**********