← Chapters

အစီအရင်ပိတ်ဆို့ခံရခြင်း

Vol. 17 Ch. 221

အစီအရင်ပိတ်ဆို့ခံရခြင်း

Vol. 17 Ch. 221

သူတို့ပတ်ဝန်းကျင်တခွင် ရုတ်ချည်း ပြောင်းလဲသွား၏။

ခန်းမထဲရှိလူတိုင်းသည် လေဟာနယ်တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရ၏။ ထိုနေရာတွင် အရှေ့၊အနောက်၊တောင်၊မြောက် ခွဲခြား၍မရပေ။

ဒီ၊ ဒီ။

ရုတ်တရက် ငလျင်လှုပ်သောအသံတစ်ခု ထွက်ပေါ်လာသည်။ တောင်ကဲ့သို့ မိုးထိလုမတတ်မြင့်မားသော ရုပ်တုတစ်ဆယ့်ရှစ်ရုပ်သည် စတင်ရွေ့လျားလာပြီး ဗဟိုသို့ဦးတည်စုစည်းလာကြသည်။ သူတို့သည် လက်ထဲတွင်လက်နက်မျိုးစုံကိုင်ထားကြပြီး အစီအရင်အတွင်းမှလူများကို အေးစက်စွာစိုက်ကြည့်နေကြ၏။

" အစီအရင်ပိတ်ဆို့ခြင်း "

လွီယွမ်ဟွာမျက်နှာပျက်သွား၏။

" ကောင်းကင်ကိုးခုလောင်ကျွမ်းဆေးမီးဖိုရဲ့မျက်နှာပြင်က အလင်းအကာအကွယ်က အတုပေါ့ အဲ့ဒါက တကယ်တော့ ခန်းမကြီးရဲ့အစီအရင်ဖြစ်နေတယ် "

" ထင်တဲ့အတိုင်း ဂူနန်းရှင်က မြေဝိဉာဉ်ရတနာကို ဒီခန်းမထဲမှာ ဒီအတိုင်းထားထားတဲ့အတွက် ဒီနေရာကမရိုးရှင်းဘူးလို့ဆိုလိုတာပဲ "

ချင်လျန်၏လှပသောမျက်လုံးများဖြင့် အကဲခတ်ရင်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

" ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ အားထုတ်မှုက အချည်းနှီးဖြစ်သွားပုံရတယ် သူအစတုန်းက ကောင်းကင်ကိုးခုလောင်ကျွမ်းဆေးမီးဖိုကိုရပြီလို့ထင်ပြီး ပျော်ရွှင်နေပေမယ့် သူ့ရဲ့ပျော်ရွှင်မှုက ဝမ်းနည်းမှုအဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ "

ချင်ဟွေ့သည် မလှမ်းမကမ်းရှိတွင်းနက်ကြီးကို ရွှင်မြူးကာစိုက်ကြည့်ရင်း သူ၏ငှက်မွှေးယပ်တောင်ကိုဝှေ့ယမ်းလိုက်သည်။

ဘုန်း။

တွင်းနက်ထဲမှ လူရိပ်တစ်ခုရုတ်တရက် ခုန်ထွက်လာသည်။ သူသည် ရင်ဘတ်ကိုဖိရင်း ခေါင်းအနည်းငယ်ဆိုးလိုက်၏။ သူ့အမူအရာသည် မည်းမှောင်နေ၏။ ထိုသူသည် မကြာသေးခင်က ဂုဏ်ယူဝံ့ကြွားနေခဲ့သော ရှုမူဖြစ်ပေသည်။

ရှုမူ၏မျက်နှာသည် ဖြူလျော်နေပြီး သူ့ရင်ဘတ်သည်ဖားဖိုကဲ့သို့ဖြစ်ကာ အသက်ရှူမြန်နေ၏။ သူယခုလေးတင်ခံခဲ့ရသော တိုက်ချက်သည် အားမနည်းမှန်းသိသာသည်။ သူသည် ချင်ဟွေ့၏လှောင်ပြောင်မှုကို လျစ်လျူရှုလိုက်ပြီး စက်ဝိုင်းအလယ်တွင်စုလိုက်သည်။ သူတို့ကိုတဖြည်းဖြည်းပိတ်ဆို့နေသောရုပ်တုတစ်ဆယ့်ရှစ်ရုပ်ကိုကြည့်ရင်း သူ့မျက်စိထဲအကြောက်တရားဖုံးလွှမ်းနေ၏။

မူလက ချောင်တစ်ခုတွင်နေနေသောကျိုးဝမ်သည်လည်း ရုပ်တုတစ်ဆယ့်ရှစ်ရုပ်၏ ပိတ်ဆို့မှုကြောင့် လွီယွမ်ဟွာတို့အုပ်စုထံရွေ့လာရတော့သည်။

" အားလုံးပဲ ကျုပ်က ကျိုးဝမ်ပါ အခု ကျုပ်တို့အားလုံးအန္တရာယ်အတူကြုံနေရပြီ တစ်ယောက်ထပ်တိုးလေ ခွန်အားတိုးလေဆိုတဲ့ဆိုရိုးအတိုင်းပဲ အားလုံးကျုပ်ကိုပူးပေါင်းခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ် "

ကျိုးဝမ်သည် ဘေးရှောင်၍ ပွဲကြည့်နေ၍မရတော့မှန်း သိလိုက်၏။ အကယ်၍ ဤအစီအရင်အတွင်း၌ သူအသက်ရှင်လိုလျှင် ထိုလူများနှင့်ပူးပေါင်းမှရပေမည်။

တစ်ဆယ့်ရှစ်ရုပ်သောကျောက်ရုပ်တုကြီးများကိုကြည့်လျှင် ဤအစီအရင်သည်မည်မျှတန်ခိုးကြီးသည်ကိုသိနိုင်ပေသည်။

ကျိုးဝမ်၏စကားများသည် လူတိုင်း၏အာရုံကိုစွဲဆောင်သွား၏။ သူတို့သည် အစောပိုင်းက ကျိုးဝမ်၏ရောက်ရှိလာမှုကိုသတိထားမိကြသော်လည်း သူတို့သည် ကျိုးဝမ်၏ကျင့်ကြံဆင့်မှာ လူသားဘုရင်အဆင့်သာရှိသေးသည်ကို သတိပြုမိခဲ့ကြသည်။ ထိုကဲ့သို့သော အင်အားဖြင့် သူတို့ကိုအနှောင့်အယှက်ပေးနိုင်မည်မဟုတ်သောကြောင့် သူတို့သည် ဘာသိဘာသာလျစ်လျူရှုထားခဲ့ကြသည်။

ယခုအချိန်တွင် သူတို့အားလုံးသည် အစီအရင်ထဲတွင် ပိတ်မိနေကြပြီဖြစ်သောကြောင့် တလှေတည်းစီးနေကြရပြီဖြစ်သည်။ အဘယ်သူမျှ အကူအညီရမည့်နောက်ထပ်လက်တစ်စုံကို မငြင်းပယ်မည်မှာ သဘာဝကျပေသည်။

သို့သော်လည်း အခြားသူများလှုပ်ရှားရန်ပြင်နေစဉ်မှာပင် လူစုအလယ်မှ လွီယွမ်ဟွာ၏မျက်လုံးထဲတွင် အေးစက်သောအရိပ်အယောင်ထွက်ပေါ်လာသည်။ သူသည် အေးစက်စက်ရယ်မောလိုက်ပြီး

" မင်းကိုယ်မင်းဘယ်သူထင်လဲ မင်းရဲ့ကျင့်ကြံဆင့်နဲ့ငါ့အဖွဲ့ထဲမှာဝန်ထုပ်ဝန်ပိုးပဲဖြစ်နေလိမ့်မယ် "

လွီယွမ်ဟွာ၏စကားကိုကြားသောအခါ ကျိုးဝမ်၏မျက်နှာမည်းမှောင်သွား၏။ ထိုစကားကြောင့် ရှေ့တိုးလာနေသည့် သူ့ခြေလှမ်းများရပ်တန့်သွားရ၏။ သူသည် မနီးမဝေးမှ လွီယွမ်ဟွာကို အေးစက်စက်စိုက်ကြည့်လိုက်၏။

လွီယွမ်ဟွာ၏စကားကြောင့် လူအုပ်ကြီးသည်လည်း ငြိမ်ကျသွား၏။ လူတိုင်း၏အကြည့်သည် လွီယွမ်ဟွာနှင့် ကျိုးဝမ်ကိုတလှည့်စီကြည့်မိလိုက်ကြသည်။ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စရှိနိုင်ကြောင်း သူတို့သိလိုက်ကြ၏။ သို့မဟုတ်လျှင် လွီယွမ်ဟွာသည် ကျိုးဝမ်ကိုယခုကဲ့သို့ပစ်မှတ်ထားမည်မဟုတ်ပေ။

လွီယွမ်ဟွာ၏နောက်ကွယ်တွင် ချင်အမတ်အိမ်တော်ကဲ့သို့ ကြီးမားသောအင်အားစုတစ်ခုရှိပေသည်။ ထို့ပြင် လွီယွမ်ဟွာထံတွင် လင်းဂျူကဲ့သို့သော ကောင်းကင်ဘုံဘုရင်အထွတ်အထိပ်နယ်ပယ်ကျင့်ကြံသူလည်းရှိ၏။ သူသည် လူအုပ်ထဲ၌ အသန်မာဆုံးလူဟုဆိုနိုင်ပေသည်။ ထို့ကြောင့် လွီယွမ်ဟွာ၏စကားသည် အုပ်စုထဲတွင်အများဆုံးသက်ရောက်မည်မှာသေချာပေသည်။

" မင်းဘာလို့ထွက်မသွားသေးတာလဲ မင်းထွက်သွားချင်စိတ်မရှိခင် ငါမောင်းထုတ်ရမှာလား "

လွီယွမ်ဟွာ၏မျက်စိကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုသောရည်ရွယ်ချက်ထွက်ပေါ်လာ၏။ ကျိုးဝမ်သာထွက်မသွားလျှင် အမှန်တကယ်သတ်ဖြတ်မည်ဟု ဖော်ပြနေသည်။

ကျိုးဝမ်မျက်နှာပျက်သွားပြီး ရင်ထဲတွင် ဒေါသများပြည့်နှက်လာ၏။ သူ့ထံချဉ်းကပ်လာနေသော ဧရာမရုပ်တုတစ်ဆယ့်ရှစ်ရုပ်သည် ကောင်းကင်ဘုံဘုရင်နယ်ပယ်ဖြစ်ကြောင်း သူခံစားမိသည်။ သူ၏ခွန်အားနှင့်ဆိုလျှင် ‌ဧရာမ‌ကျောက်ရုပ်တစ်ဆယ့်ရှစ်ရုပ်လုံးကိုမဆိုနှင့် ဧရာမကျောက်ရုပ်တုတစ်ခုနှင့်ရင်ဆိုင်ရလျှင်ပင် အနိုင်ရရန်အခွင့်အရေးတစ်စက်မျှမ‌ရှိပေ။

ကျိုးဝမ်ပေါက်ကွဲကာနီးတွင် ရှောင်ဟေး၏အသံ သူ့စိတ်ထဲ ရုတ်တရက်ပေါ်လာသည်။

" ကောင်လေး စိတ်ထိန်း မင်းရဲ့လက်ရှိခွန်အားနဲ့ဒီလူတွေကိုရင်မဆိုင်နိုင်သေးဘူး ဒီလူယုတ်မာက မင်းကိုမနေစေချင်မှတော့ ငါတို့ထွက်သွားကြ‌တာပေါ့ ဒီနဂါးအရှင်ဆီမှာ မင်းရဲ့ခန္ဓာကိုယ်ကို အစီအရင်ပစ်မှတ်ကနေယာယီဖုံးကွယ်ပေးတဲ့လျှို့ဝှက်နည်းတစ်ခုရှိတယ် "

ကျိုးဝမ်သည် ထိုစကားကိုကြားသောအခါ သူ့စိတ်ထဲမှဒေါသအနည်းငယ်လျော့သွား၏။ သူသည် မနီးမဝေးမှ လွီယွမ်ဟွာကို လေးလေးနက်နက်စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

" လွီယွမ်ဟွာ ကျုပ် ကျိုးဝမ် မင်းရဲ့ဒီနေ့လုပ်ရပ်ကိုမှတ်ထားမယ် အနာဂါတ်မှာ မင်း အဆတစ်ရာပြန်ပေးဆပ်ရမယ် "

ထိုသို့ပြောပြီးနောက် ကျိုးဝမ်သည် မြေပြင်သို့ခြေဆောင့်နင်းကာ လူအုပ်၏ဗဟိုမှထွက်သွားတော့၏။ ထို့နောက် ဧရာမကျောက်ရုပ်တုများဝန်းရံထားသောနေရာသို့ ဦးတည်ထွက်သွားတော့သည်။

" မာနကြီးတဲ့အရူးက ကလဲ့စားချေချင်တာလား မင်းရဲ့ခွန်အားလေးနဲ့အစီအရင်ထဲမှာအသက်ရှင်ဦးမယ်လို့ထင်နေတာလား "

လွီယွမ်ဟွာသည် ကျိုးဝမ်၏နောက်ကျောကိုကြည့်၍ အေးစက်စွာခပ်တိုးတိုးရယ်မောလိုက်၏။

ရှုမူ၊ ချင်လျန်၊ ကွမ်းမို၊ ချင်ဟွေ့တို့သည် လွီယွမ်ဟွာ၏လုပ်ရပ်ကို နည်းနည်းလေးမှတုံ့ပြန်မှုမရှိပေ။ သူတို့သည် ထိုအတိုင်း အေးစက်စက်ကြည့်နေကြသည်။ သူတို့အမြင်အရ လူသားဘုရင်နယ်ပယ်ကျင့်ကြံသူသည် သူတို့ရှေ့တွင် ခုန်ပေါက်နေသော လူရွှင်တော်ကဲ့သို့ပင်။ သူသည် သူတို့ရှေ့တွင် အကြိမ်အနည်းငယ်မျှသာခုန်ပေါက်နိုင်ပြီး အနည်းငယ်မျှ သက်ရောက်မှုမရှိစေနိုင်ပေ။

" ညီနောင်လွီ ဒီကောင်လေးကိုသိလို့လား "

ထိုအခိုက် ချင်ဟွေ့သည် စူးစမ်းစွာမေးလိုက်၏။

" ငါတို့အကြိမ်အနည်းငယ်တွေ့ဖူးခဲ့တယ် သူကဟာသကောင်ပါ "

လွီယွမ်ဟွာသည် အေးစက်သောအပြုံးနှင့်ပြောလိုက်၏။

" ဒါပေမယ့် ဒီကောင်ရဲ့ဦးနှောက်ကမမှန်ဘူးလား သူတကယ်ပဲ ဧရာမကျောက်ရုပ်တုတွေဆီပြေးသွားတယ် ဒီသခင်လေးရဲ့ခန့်မှန်းချက်သာမှန်ခဲ့ရင် ဒီဧရာမကျောက်ရုပ်တုတစ်ဆယ့်ရှစ်ရုပ်က ကောင်းကင်ဘုံဘုရင်နယ်ပယ်တွေပဲ ဒီကောင်လေးက တခါတည်းသေချင်နေတာပဲ "

ရှုမူသည်လည်း ဤတစ်ကြိမ်တွင်စကားပြောလာ၏။ သူသည် ကျိုးဝမ်၏နောက်ကျောကို ကြည့်ပြီး ဂရုဏာသက်စွာပြောလိုက်သည်။

" အမ် ဒီကျောက်ရုပ်တုတွေက သူ့ကိုဘာလို့မတိုက်ခိုက်ကြတာလဲ "

မူလကအေးစက်စွာကြည့်နေသောချင်လျန်သည် ရုတ်တရက်ထအော်လိုက်၏။ ပါးလွှသောကုလားကာအောက်မှ သူမ၏ချယ်ရီနီနှုတ်ခမ်းများခပ်ဟဟပွင့်နေပြီး တုန်လှုပ်နေသည်ကို မြင်နိုင်ပေသည်။

" မိန်းကလေးချင်လျန် မင်းမှားမြင်တာလား ဘယ်လိုလုပ် ဧရာမကျောက်ရုပ်တုတွေက ဒီကောင်လေးကိုမတိုက်ပဲနေမှာလဲ ဒီကောင်လေးကဂူနန်းရှင်ဖြစ်နေမှသာ....."

ဤနေရာအရောက်တွင် လွီယွမ်ဟွာသည်လည်း အဝေးမှ ကျိုးဝမ်၏အရိပ်ကိုလှမ်းကြည့်လိုက်၏။ ကျိုးဝမ်သည် ဧရာမကျောက်ရုပ်တုများအနီးမှဖြတ်သွားသည်ကိုမြင်လိုက်သောအခါ သူ့မျက်နှာပေါ်မှအပြုံးရပ်တန့်သွားပြီး မျက်ဆံများကျုံ့သွား၏။

ရွှပ်၊ ရွှပ်။

ရှုမူ၊ ကွမ်းမိုနှင့်အခြားသူများသည် ထိုစကားကိုကြားသောအခါ ရှေ့သို့ကြည့်လိုက်ကြသည်။ သူတို့သည် ထိုလူရိပ်အား ဧရာမကျောက်ရုပ်တုကြီးများက မမြင်သလိုဖြတ်ကျော်သွားကြသည်ကိုတွေ့လိုက်ကြရသည်။

ဧရာမကျောက်ရုပ်တုများ၏အနောက်သို့ရောက်ရှိသွားပြီးနောက် သူ၏မျက်နှာအမူအရာသည် လွီယွမ်ဟွာထက်ပင်ပို၍ စိတ်ဝင်စားဖွယ်ကောင်းနေသည်။

အဝေးတွင် ကျိုးဝမ်သည်နောက်လှည့်၍ ဧရာမကျောက်ရုပ်တုကြီးများ၏ဝန်းရံခံထားရသောလူများကိုကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှအပြုံးသည် သူ့ကိုမောင်းထုတ်ရန်ကြိုးစားခဲ့သည့် သူတို့၏အပြုအမူကိုလှောင်ပြောင်ရယ်မောနေသကဲ့သို့ပင်။

ထိုအခိုက်တွင် ကျိုးဝမ်၏ခန္ဓာကိုယ်အား မြူနက်များဖုံးလွှမ်းထား၏။ ထိုမြူနက်များသည် ရှောင်ဟေး၏မူလစွမ်းအင်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ဝိဉာဉ်အစီအရင်မှ အတိုင်းအတာတစ်ခုအထိသူ့ကို ခွာထုတ်ထားနိုင်ပေသည်။ ဤသည်မှာ ကျိုးဝမ်ကို ဧရာမကျောက်ရုပ်တုကြီးများက မတိုက်ခိုက်ရခြင်းအကြောင်းအရင်းပင်ဖြစ်သည်။

ကျိုးဝမ်သည် ‌ဧရာမကျောက်ရုပ်တုကြီးများကိုဖြတ်ကျော်သွားသောအခါ အတော်လေးတည်ငြိမ်ပုံရသော်လည်း အမှန်တော့ သူသည် ရင်တမမဖြစ်နေရသည်။ ကြီးမားသော ကျောက်ရုပ်တုကြီးများက ရပ်တန့်သွားပြီး သူ့ကိုတိုက်ခိုက်လာမည်ကို ကြောက်ရွံ့နေရသည်။ ဧရာမကျောက်ရုပ်တုကြီးများ၏ စွမ်းအားဖြင့်ဆိုလျှင် အကယ်၍သူတို့တိုက်ခိုက်လာပါက သူတို့မသေလျှင်ပင် ဒဏ်ရာအပြင်းအထန်ရပေလိမ့်မည်။

သို့သော် ရှောင်ဟေး၏လျှို့ဝှက်နည်းစနစ်သည် ကြာရှည်မခံပေ။ ဝိဉာဉ်အစီအရင်သည် လေဟာနယ်တစ်ခုလုံးကိုပိတ်ဆို့ထားခြင်းဖြစ်သောကြောင့် ကျိုးဝမ်သည် ဝိဉာဉ်အစီအရင်ထဲမှ မထွက်နိုင်ပေ။ အချိန်ပြည့်သည်နောက် အစီအရင်မပျက်ဆီးပါက ကျိုးဝမ်ပြန်ပေါ်လာပေလိမ့်မည်။

" ဟီးဟီး ဝိဉာဉ်အစီအရင်ဖျက်ဆီးဖို့ကတော့ သူတို့တာဝန်ပဲ "

ကျိုးဝမ်သည် မြေပြင်ပေါ် တပလ္လင်ချိတ်ထိုင်ရင်း သူတို့ဒုက္ခရောက်တော့မည်ကို အားရသည့်သဘောဖြင့်ပြောလိုက်၏။

" သခင်လေးလွီ ရှင်က အဓိကကျတဲ့လူကိုမှ မောင်းထုတ်လိုက်တဲ့ပုံပဲ ကျောက်ရုပ်တုကြီးတွေကသူတို့မတိုက်ခိုက်ကြမှတော့ သူ့မှာ ဝိဉာဉ်အစီအရင်ကိုချိုးဖျက်ရမယ့်နည်းကိုသိနိုင်လောက်တယ် "

ချင်လျန်၏လှပသောမျက်လုံးလေးများမည်းမှောင်သွားပြီး မကျေမနပ်မျက်မှောင်ကြုတ်ကာပြောလိုက်၏။

ချင်လျန်၏စကားထွက်ပေါ်လာသည်နှင့် အုပ်စုထဲမှလူများစွာမကျေမနပ်ဖြစ်သွားကြသည်။ သူတို့အားလုံး၏အကြည့်သည် လွီယွမ်ဟွာထံ စုရုံးလာကြသည်။

" ညီနောင်လွီ ဒီတခါတော့ မင်းငါတို့ကို တကယ်ဒုက္ခရောက်အောင်လုပ်လိုက်တာပဲ ဒီကောင်လေးကငါတို့ကိုကူညီဖို့ရောက်လာပေမယ့် မင်းက စကားနည်းနည်းလေးနဲ့သူ့ကိုမောင်းထုတ်လိုက်တယ် ဒါဘာအဓိပ္ပာယ်လဲ "

ရှုမူ၏စကားသည် တိုက်ရိုက်ဆန်သည်။ ထိုအခိုက်တွင် သူသည် ထုတ်ပြောရန်နှောင့်နှေးမနေပေ။

ချင်ဟွေ့၊ ကွမ်းမို နှင့်အခြားသူများသည် ဘာမှမပြောကြသော်လည်း သူတို့၏ကျဉ်းမြောင်းသောမျက်လုံးများက မကျေမနပ်ဖြစ်မှုကိုဖော်ပြနေကြသည်။ သူတို့၏အမြင်သည် ရှုမူနှင့်ထပ်တူညီကြောင်း သိသာပေသည်။

လူ‌ပေါင်းများစွာ၏အကြည့်အောက်တွင် လွီယွမ်ဟွာ၏မျက်လုံးများသည် ညိုမှိုင်းလာပြီး မျက်နှာပျက်လာ၏။ သူသည် မူလက ဝိဉာဉ်အစီအရင်ကိုအသုံးပြု၍ သူ့ကိုဆန့်ကျင်သည့် ကောင်လေးကို ချေမှုန်းလိုခဲ့သည်။

သို့သော် ကျိုးဝမ်ထံ၌ ကျောက်ရုပ်တုကြီးများ၏ တိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရုံတင်မက ဘာမှမဖြစ်သလိုပြုမူနိုင်လိမ့်မည်ဟု သူမထင်မိခဲ့ပေ။ ၎င်းသည် လွီယွမ်ဟွာအား ထိတ်လန့်ဒေါသထွက်စေရုံသာမက သူ့ကိုအလွန်အမင်းဒေါသထွက်စေခဲ့သည်။

နောက်ဆုံးသည် သူသည် ကျိုးဝမ်ကိုမောင်းထုတ်လိုက်သောသူဖြစ်‌၏။ ယခု လူတိုင်းသည် သူ့ကို လှံဖြင့်ဝိုင်းချိန်ထားသောကြောင့် ( အပြစ်ဖို့နေကြသောကြောင့် ) အနည်းငယ်ရှက်ရွံ့သလိုခံစားနေရသည်။

" ကျူးကျော်သူ သေစမ်း "

ရုတ်ချည်း နားကွဲမတတ်ဆူညံသောအသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ဧရာမကျောက်ရုပ်တုကြီးများ၏ခြေသံသည် ထိုက်စန်းတောင်၏အလေးချိန်ကဲ့သို့ ကမ္ဘာကြီးကိုအဆက်မပြတ်တုန်ခါသွားစေသည်။

ရှု၊ ရှု ၊ ရှု၊ ရှု၊ ရှု၊ ရှု။

တချိန်တည်းတွင် ဝန်းရံထားသော ကျောက်ရုပ်တုကြီးများ၏ ခန္ဓာကိုယ်မှ ရုတ်တရက် အပေါက်များစွာထွက်ပေါ်လာတော့သည်။ ထို့နောက် အပေါက်များမှ ရေခဲမျှားများစွာထွက်ပေါ်လာပြီး လွီယွမ်ဟွာတို့လူစုကိုဖုံးလွှမ်းသွား၏။

" အခု ဒီအကြောင်းတွေပြောရမယ့်အချိန်မဟုတ်သေးဘူး ကျောက်ရုပ်တုကြီးတွေက စတိုက်နေပြီ ဒီကပ်ဘေးကိုကျော်ဖြတ်ဖို့ ကျုပ်တို့အတူကြိုးစားရအောင် မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ် "

မြောက်များလှစွာသော ရေခဲမျှားများကိုကြည့်ပြီး လွီယွမ်ဟွာဟိန်းဟောက်လိုက်၏။သူ့ခန္ဓာကိုယ်မှ အစွမ်းထွက်သောယွမ်စွမ်းအင်ထွက်ပေါ်လာပြီး ထူထဲသောရွှေရောင်အကာအရံတစ်ခုသူ့ရှေ့ပေါ်လာ၏။

အခြားသူများသည်လည်း ယခုအချိန်တွင် ထိုကိစ္စပြောရမည့်အချိန်မဟုတ်မှန်းသိကြ၏။ သူတို့သည် ခုခံမှုအကာအကွယ်ကိုယ်စီဖြင့် တိုက်ခိုက်လာသောရေခဲမျှားများကို ကာကွယ်လိုက်ကြသည်။

ဘန်း။

မရေတွက်နိုင်သော ရေခဲမျှားများသည် ချက်ခြင်းရောက်ရှိလာကြပြီး လွီယွမ်ဟွာရှေ့ရှိ ရွှေရောင်အကာအကွယ်သို့ ပြင်းထန်စွာ ထိမှန်သွားကြ၏။ ရုတ်တရက် မရေတွက်နိုင်သောလှိုင်းများထွက်ပေါ်လာပြီး လွီယွမ်ဟွာသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

**********

All Chapters