← Chapters

ငါတို့အတွက် တရားမျှတမှုကို ဘယ်သူက ရှာဖွေပေးမှာလဲ

Vol. 12 Ch. 142

ငါတို့အတွက် တရားမျှတမှုကို ဘယ်သူက ရှာဖွေပေးမှာလဲ

Vol. 12 Ch. 142

အရုဏ်တက်ချိန်ကျလာပြီး ကမ္ဘာကို ရွှေရောင်များဖြင့် ခြယ်သလိုက်သကဲ့သို့ နံနက်စောစော နေရောင်ခြည်သည် ယွမ်ရှောင်အပေါ်တွင် တောက်ပနေပြီး သူ၏ဆံပင်သည် အမည်းရောင် မီးလျှံကဲ့သို့ လင်းလက်နေသည်။ ဖြူစင်သော အသားအရေရှိသည့် မိန်းကလေးတစ်ဦးသည် ၀တ်စုံကို တောက်ပသော အဖြူရောင် စကတ်တိုနှင့် လဲလှယ်ထားကာ ဒူးကွေးလျက် နတ်သင်္ဘောပေါ်တွင် ထိုင်နေပြီး နှုတ်ခမ်းကို ကိုက်ရင်း အာရုံစိုက်ကြည့်နေသည်။

"ဟူး"

ခဏအကြာတွင် ယွမ်ရှောင်သည် နက်ရှိုင်းစွာ အသက်ရှူထုတ်လိုက်၍ ကျေနပ်သော အပြုံးဖြင့် ပြောလိုက်၏။

"အဆင့်သုံးဆင့်ကို တစ်ချက်တည်း တက်သွားတယ်။ ငါက အစောပိုင်းအဆင့်ကနေ ပြည့်စုံခြင်းအဆင့် နဂါးနယ်ပယ်ကို တိုက်ရိုက် ပျံတက်သွားပြီ"

သူ၏ နဂါးကိုးကောင် ဒန်တန်အတွင်း မှော်စွမ်းအားသည် အကြိမ်ပေါင်းများစွာ များ​လာပြီး စစ်မှန်သော နဂါးများ၏ ဟိန်းသံ ထွက်ပေါ်နေခဲ့သည်။

"ဒါက ယင်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံသာ ရှိသေးတယ်"

ကြယ်ပြာက ကျေနပ်စွာ မှတ်ချက်ပေးလိုက်သည်။

"ဆယ်ပုံတစ်ပုံပဲလား။ ဒါက ဒီလောက် အားကောင်းတာလား"

ယွမ်ရှောင်က အံ့သြတကြီး မျက်ခုံးပင့်လိုက်မိသည်။

"အားကောင်းတာလား။ မင်းက အဲဒါကို စုပ်ယူဖို့ စတင်ရုံပဲ ရှိသေးတယ်။ နောက်ရက်အနည်းငယ်ကြာရင် ပေါက်ကွဲအားကောင်းကောင်းနဲ့ တိုးတက်လာလိမ့်ယ်။ မင်းက အင်မော်တယ်သွေးကြောနယ်ပယ်ကို ဝင်ဖို့ ကောင်းကင်တာအို ဆေးလုံးတွေ မလိုလောက်တော့ဘူး"

ယခု လက်ရှိအဆင့်ကြောင့် သူသည် ကောင်းကင်ဘုံနယ်မြေ၏ ပါရမီရှင်များကြားတွင် အနည်းဆုံး သူ၏ ကိုယ်ပိုင်အဆင့်ကို ထိန်းထားနိုင်ပေလိမ့်မည်။ သူ၏ စိတ်သည် လွန်ခဲ့သောညက မာနကြီးသောဧကရီနှင့် တွေ့ဆုံမှုထံ လွင့်မျောသွားကာ သာယာနာပျော်ဖွယ် ညည်းညူသံများနှင့် မှတ်မိစရာ ညတစ်ညဖြစ်၏။

"မင်းကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် မင်းကိုယ်တိုင် ရှေ့တိုးဖို့ တောင်းဆိုလာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"

ထိုသို့ တွေးပြီး ယွမ်ရှောင်က ထရပ်ပြီး လှည့်လိုက်သောအခါ ချန်ရီသည် အထက်စီးဆန်ပြီး လွှမ်းမိုးမှုရှိနေဆဲဖြစ်သော်လည်း ပါးပြင်များ၌ ရှက်သွေးဖြာနေကာ အတွင်းစိတ်ခံစားချက်များ ထွက်ပေါ်နေသည်။ သူမသည် အသက်ရှူမှားလောက်အောင် လှပပြီး ကျောက်ရန်ရန်၏ အလှနှင့် ကွဲပြားခြားနားသည်။ ၎င်းက ပိုမိုမြင့်မား၍ နတ်ဘုရားဆန်ကာ ယွမ်ရှောင်ကိုယ်တိုင်နှင့် ဆင်တူနေ၏။ ယွမ်ရှောင်၏ အမြင်တွင် သူမသည် အဖြူရောင် ကျားမလေးတစ်ကောင်နှင့် တူနေကာ ချစ်စရာကောင်းသော်လည်း ရက်စက်ပြင်းထန်သည်။ ထို့ကြောင့် သူသည် ခြေလှမ်းအနည်းငယ် ရှေ့သို့ တိုးလိုက်ပြီး သူတို့ကြားရှိ အကွာအဝေးနီးကပ်လာသောအခါအမူအရာကအေးစက်ဆဲဖြစ်သော်လည်း သူမသည် မသိစိတ်ဖြင့် အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။

"ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ"

ယွမ်ရှောင်က သူမ၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း တီးတိုးပြောလိုက်သည်။

"ဘာက စိတ်ဝင်စားဖို့ ကောင်းတာလဲ"

ချန်ရီက အေးစက်စွာ ပြန်ပြောလိုက်သည်။

"ဒီညပြီးတဲ့နောက် ငါ့ရဲ့ ကျင့်ကြံခြင်းက ဘာလို့ ဒီလောက် မြန်မြန် တိုးတက်သွားတာလဲ"

ယွမ်ရှောင်က မသိချင်ယောင်ဆောင်လိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်ခြင်းဖြစ်၏။

"ငါတို့ရဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းနည်းလမ်းက လိုက်လျောညီထွေဖြစ်ပြီး ယင်ယန် မျှတမှုကို ဖန်တီးပေးလို့လေ"

"ဒါဆို မင်းလည်း အကျိုးအမြတ် ရခဲ့လား။ အဆင့်ဘယ်လောက်တက်သွားလဲ"

ချန်ရီသည် ချီစွမ်းအား ဆယ်ပုံတစ်ပုံ ဆုံးရှုံးသွားသောကြောင့် အတွင်းစိတ်ထဲတွင် ကျိန်ဆဲရင်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ဟုတ်တယ်။ ငါလည်း အတော်လေး အကျိုးအမြတ်ရခဲ့တယ်..."

"တကယ်လား။ ဒါဆို မင်း ကောင်းကောင်း အနားယူထားလား"

ယွမ်ရှောင်၏ မျက်လုံးများတွင် သားကောင်ကို လိုက်ရှာနေသော အရိပ်အယောင်တစ်ခု တည်ရှိနေသည်။

"ဘာကို ဆိုလိုတာလဲ"

ချန်ရီက မသိစိတ်ဖြင့် သူမ၏ရင်ဘတ်ကို လက်ဖြင့်ကာ၍ သတိထားနေခဲ့သည်။

"ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတဲ့အတွက်ကြောင့် အင်မော်တယ်စစ်ပွဲ မစခင် ရက်အနည်းငယ်အလိုမှာ နောက်ထပ် အကြိမ်အနည်းငယ် ဆက်လုပ်ကြရအောင်လား။ငါ အခု အဆင်သင့်ဖြစ်နေပြီ။"

"မဖြစ်နိုင်ဘူး"

သူမက ချက်ချင်းခေါင်းယမ်း၍ အော်လိုက်သည်။

"ဘာလို့ မဖြစ်နိုင်တာလဲ။ မင်းက ရှက်တတ်လာတာလား"

ယွမ်ရှောင်က စနောက်လိုက်သဖြင့် သူမသည် ခေါင်းကို ငုံ့ထားပြီး လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။

"ကြည့်ရတာ ငါ မင်းကို အနိုင်ယူလိုက်ပုံရတယ်"

" ဒီအတွက် နင် ပေးဆပ်ရလိမ့်မယ်"

နှစ်ကိုယ်တူကျင့်ကြံခြင်းတွင် ကြားကာလများ မရှိလျှင် ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် မည်မျှပင် စိတ်ပျက်နေပါစေ၊ သူမသည် ယခုအချိန်တွင် ထိုစနောက်မှုများကို သည်းခံရပေလိမ့်မည်။

"မနေ့က မင်းရဲ့တိုက်ခိုက်မှုက ဘာလို့ ဒီလောက် အင်အားကြီးမားတာလဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ စကားလမ်းကြောင်းပြောင်းလိုက်၏။

"အဲဒါက လေမီးကပ်ဘေးနယ်ပယ် အခြေတည်အဆင့်ရဲ့ ပုံမှန် အင်အားပဲ"

သူမက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

" ဓားဧကရာဇ်တစ်ယောက်နဲ့ ချန်မျိုးနွယ်စုရဲ့ မျှော်လင့်ထားတဲ့ သားမက်တစ်ယောက်ဖြစ်တဲ့ ငါက အင်မော်တယ်စစ်ပွဲမှာ ပါဝင်ရင် ကံဆိုးသွားနိုင်တယ် မဟုတ်လား"

"နင် ဝင်ပါစရာ မလိုဘူး။ ငါ့ဘက်ပါအောင် လုပ်ဖို့ပဲ လက်မှတ်ကို ပေးခဲ့တာ"

ချန်ရီက ရိုးရိုးရှင်းရှင်း ဝန်ခံလိုက်သည်။

"ဒါဆို ငါက မင်းရဲ့ ထိန်းချုပ်ခံ ယောက်ျားတစ်ယောက် ဖြစ်နေတာပေါ့"

ယွမ်ရှောင်က ရယ်မောပြီး ပြောလိုက်သည်။

"အဲဒါက အမှန်တရား မဟုတ်ဘူးလား"

"မင်း အဲ့ဒီကိစ္စကို စိတ်ဆိုးနေတုန်းလား"

သူက ကျောက်ရန်ရန်ကို ရည်ညွှန်း၍ မေးလိုက်လိုက်ခြင်းဖြစ်သည်။

"ငါ စိတ်မဆိုးပါဘူး"

"ကောင်းတယ်။ ကံကြမ္မာကြောင့် ငါနဲ့ အစ်မကျောက်နဲ့ တစ်ဖန် ပြန်တွေ့ကြရင် သူမကို မထိခိုက်အောင် မလုပ်ရဘူး"

ယွမ်ရှောင်က လေးနက်စွာ သတိပေး၍ ပြောလိုက်သည်။

"အောက်နယ်မြေတွေကို နောက်တစ်ကြိမ် သွားကြည့်လိုက်လေ။ ပြီးရင် ဘာဖြစ်မလဲဆိုတာ သိချင်လား"

ချန်ရီက အေးစက်စက် အကြည့်ဖြင့် ပြန်လှန်ပြောဆိုလိုက်သည်။ သူက မိန်းမများ၏ သဝန်တိုစိတ်ကို နားမလည်သောကြောင့် ဆွံ့အသွား၏။ အကျိုးအမြတ်ကို ရှေးရှူသော ဤဆက်ဆံရေး၌ စစ်မှန်သော ခံစားချက်များ မပါဝင်သည့်အတွက် သဝန်တိုစရာအကြောင်း မရှိချေ။ ထိုအချိန်တွင် နတ်သင်္ဘောသည် ကောင်းကင်နယ်မြေသို့ ဝင်ရောက်လာပြီး ကောင်းကင်မြင်ကွင်းဖြတ်ကျော်ခြင်းဆိပ်ကမ်း၌ ဆိုက်ကပ်လိုက်သည်။

"ငါ ဓားဂူသုံးခုကို သွားမယ်"

ယွမ်ရှောင်က သင်္ဘောပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။

"ခဏလေး"

ချန်ရီက ရုတ်တရက် အော်ဟစ်၍ တားမြစ်လိုက်၏။

"ဘာလဲ"

"ငါ့ကို အိမ် ပြန်ပို့ပေး"

အောက်ကို ငုံ့ကြည့်လိုက်ပြီး သူမ၏ မျက်နှာတွင် အားနည်းမှုနှင့် ရှက်ရွံ့မှုကရောနှောဖြစ်တည်နေသဖြင့် ခြေထောက်များ အနည်းငယ် ယိမ်းယိုင်နေသောအခါ သူ့ကို တစ်ချက်ပြုံးမိစေခဲ့သည်။

"ကောင်းပြီ၊ မင်းကို ပြန်ပို့ပေးမယ်"

သူက မိန်းကလေးကို ပွေ့ဖက်ပြီး ချန်ကောင်းကင်အိမ်တော်သို့ ကောင်းကင်ဘုံနယ်မြေ၏ စည်ကားသော လမ်းများအထက်မှ ပြန်လာသောကြောင့် မည်သူမဆို သူတို့ကို အလွယ်တကူ မှတ်မိနိုင်သည်။ ကြီးမားသော တိုက်ပွဲတစ်ခု နီးကပ်လာသည်နှင့်အမျှ ချီစွမ်းအင် တိုးပွားလာခဲ့သည့် ကောင်းကင်နယ်မြေတွင် မျက်ကွယ်ရာမှ မျက်လုံးများစွာသည် လူငယ်စုံတွဲကို စောင့်ကြည့် အကဲဖြတ်နေကြသည်။

"ယွမ်ရှောင်"

ချန်ကောင်းကင်အိမ်တော်နှင့် နီးကပ်လာသောအခါ ချန်ရီက စကားစလိုက်ခြင်းပင်။

"ဘာလဲ"

"ဓားဂူသုံးခုက ရိုးရှင်းတဲ့ နေရာတစ်ခု မဟုတ်ဘူး။ အသက်မသေစေနဲ့"

သူမက သတိပေးလိုက်သည်။

"သတိပေးတာအတွက် ကျေးဇူးတင်ပါတယ်"

သူက တုံ့ပြန်လိုက်သည်။

"နောက်တစ်ခု အဲဒီ သာမန် မိန်းကလေး ငါ့အတွက် စိုးရိမ်စရာ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင်မှာနယ်မြေမှာ နင်က ငါ့ရဲ့ တရားဝင် အိမ်ထောင်ဖက်ပဲ။ မဟုတ်တာတွေလုပ်ပြီး ချန်မျိုးနွယ်ကို အရှက်ခွဲရင် အလွယ်တကူ လွှတ်ပေးမယ် မထင်နဲ့"

"မင်းက ငါ့ကို ဘာမှတ်နေတာလဲ"

"ခံစားချက်တွေနဲ့ ထိန်းချုပ်ထားတဲ့ သတ္တဝါတစ်ကောင်"

"မင်း ငါ့ကို တကယ်ကို အထင်လွဲနေတာပဲ"

ချန်ရီက ယွမ်ရှောင်၏ ရင်ခွင်အတွင်းမှ ဆင်းပြီး အိမ်တော် အဝင်ဝသို့ ချဉ်းကပ်သွားရင် နောက်ကို လှည့်ကြည့်ကာ ထက်ရှသော အကြည့်တစ်ချက်နှင့် မှာကြားခဲ့၏။

" ဓားဂူသုံးခုက ပြန်လာတာနဲ့ မင်းကို စာရင်းမှတ်ဖို့အတွက် မဟာကျောင်းတော်ကို ခေါ်သွားမယ်"

"ရဲရှင်းချန်ကို သတ်ထားတဲ့ ငါ့အတွက် ဒါက ခြင်္သေ့ဂူထဲကို လျှောက်သွားတာနဲ့ မတူဘူးလား"

"ငါ ရှိနေရင် ဘာမှ ကြောက်စရာ မလိုဘူး။ ငါက နဂါးအဆင့်မှာ ထိပ်ဆုံးရောက်ဖို့ တွေးထားပြီး မင်းလည်း အတူ လိုက်လာရမယ်"

သူမ၏ယုံကြည်မှုကြောင့် ယွမ်ရှောင်သည် ရယ်မောရင်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။

ချန်ကောင်းကင်အိမ်တော်အပြင်ဘက်တွင် ယွမ်ရှောင်သည် ခရီးအတွက် ပြင်ဆင်နေစဉ် ချန်မျိုးနွယ်အစောင့်တစ်ဦး ချဉ်းကပ်လာပြီး အသိပေးခဲ့သည်။

"သခင်လေး ဓားဂူက တစ်စုံတစ်ယောက် ရောက်နေပြီး အတွင်းခန်းမှာ စောင့်နေပါတယ်"

စိတ်ဝင်စားလာသောကြောင့် ယွမ်ရှောင်သည် ဧည့်ခန်းသို့ ဝင်လိုက်သောအခါ ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ ပထမတစ်ခုမှာ မှုန်ဝါးသော မျက်လုံးများနှင့် အချိန်ကြာမြင့်စွာ ခါးကုန်းနေသည့် ကိုယ်ဟန်အနေအထားနှင့် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ အရေးအကြောင်းများရှိသော အသားအရေသည် အားနည်းသော အရိုးများပေါ်တွင် တွယ်ကပ်နေကာ အဖြူရောင် ဆံပင်များ ပါးနေသော်လည်း စိတ်ဓာတ်မာကျောပုံရ၏။ ဘေးတွင် အနီရောင်ရင့် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေကာ အရပ်ရှည်ပြီး တည်ငြိမ် စူးရှသော မျက်လုံးများပိုင်ဆိုင်ထား၍ သူတို့နှစ်ဦး၏ မျက်လုံးများသည် ယွမ်ရှောင်ကို စိုက်ကြည့်နေသည်။

"ဒါက ဓားဂူကြီးသုံးခုရဲ့ လေးစားထိုက်တဲ့ ဘိုးဘေး၊ အဘိုးဆွန်ပါ"

အစောင့်က မိတ်ဆက်ပေးလိုက်သည်။

"အဘိုးဆွန်ကို တွေ့ရတာ ဂုဏ်ယူပါတယ်"

ယွမ်ရှောင်က အနည်းငယ် ဦးညွှတ်၍ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

"နန်ကုန်းရှု"

လူငယ်က တည်ငြိမ်စွာ ပြောပြီး သူကိုယ်သူ မိတ်ဆက်ခဲ့သည်။ ယွမ်ရှောင်က အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်ပြီး ဤနန်ကုန်းရှုသည် နက်နဲသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ ကောင်းကင်နယ်မြေမှ ထိပ်တန်းအဆင့် ဓားကျင့်ကြံသူတစ်ဦ ဖြစ်သည်မှာ ထင်ရှားပေသည်။

အဘိုးဆွန်က အသက်အရွယ် ကြီးရင့်ပုံရသော်လည်း ယွမ်ရှောင်အနေဖြင့် တစ်ဖက်လူ၏ စစ်မှန်သော ခွန်အားကို မခန့်မှန်းနိုင်ချေ။

"လူလေး ငါနဲ့အတူ အိမ်ကို ပြန်လိုက်ခဲ့"

အဘိုးဆွန်က ရင်းနှီးသော နွေးထွေးသည့် အမူအရာဖြင့် ယွမ်ရှောင်ထံ ချဉ်းကပ်လာပြီး သူ၏ လက်များကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်သည်။

"အိမ်လား"

ယွမ်ရှောင်က တွေးတော၍ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သုံးဦးသားသည် ချန်ကောင်းကင်အိမ်တော်မှ ထွက်ခွာခဲ့လာကာ ခရီးတစ်လျှောက်လုံးတွင် အဘိုးဆွန်၏ မျက်လုံးများသည် ယွမ်ရှောင်ကို ကြည့်တိုင်း တောက်ပနေပြီး ချစ်ခင်ရင်းနှီးစွာ စကားပြောဆိုခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် နန်ကုန်းရှုသည် တိတ်ဆိတ်နေပြီး သူ၏ ကိုယ်ပိုင် အတွေးရေယဥ်ကြော၌ နစ်မျောနေပုံပင်။

ယွမ်ရှောင်၏ အာရုံကို ဖမ်းစားနိုင်သော အရာတစ်ခုမှာ အဘိုးဆွန်၏ လည်ပင်းတွင် ရှိသော ထူးခြားသည့် ပယင်းလည်ဆွဲတစ်ခုဖြစ်သည်။ စုစုပေါင်း ပယင်းပုတီးလုံး ဆယ့်နှစ်လုံးနှင့် ပုတီးလုံးတစ်ခုစီအတွင်းတွင် ဆံပင်တစ်မျှင်နှင့် ဆင်တူသည့် အရာတစ်ခုစီ ရှိနေ၏။

" ဘာလို့ ဓားပျံ မစီးတာလဲ"

ယွမ်ရှောင်က မေးလိုက်သည်။

"လူလေး မင်း မကြားမိသေးဘူးထင်တယ်။ ဒီနေ့က အင်မော်တယ်တိုက်ပွဲ အစဆိုတော့ ကောင်းကင်နယ်မြေမှာ ဓားနဲ့ ပျံသန်းခြင်းကို တားမြစ်ထားတယ်"

အဘိုးဆွန်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။

"ဘာလို့လဲ"

"လာမယ့်ရက်တွေမှာ နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးများတွေ ကောင်းကင်နယ်မြေထဲကို ဝင်ရောက်လာလိမ့်မယ်။ သူတို့က ငါတို့ရဲ့ ဓားအော်ရာနဲ့ ဓားစက်ကွင်းကို မြင်ရင် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ မလိုအပ်ဘဲ ထိပ်တိုက်တွေ့တာကို ရှောင်ရှားဖို့ ငါတို့က လမ်းလျှောက်ရလိမ့်မယ်"

အဘိုးဆွန်က အနည်းငယ် ရှက်ရသွားဟန်ဖြင့် ရှင်းပြခဲ့သည်။

"ဒါဆို အပြင်လူတွေက ကျုပ်တို့ရဲ့ နယ်မြေကို လာပြီး အိမ်ရှင်လို ​ပြုမူနေတာလား"

ယွမ်ရှောင်၏ အသံက အေးစက်သွားသည်။

" ဒီလိုပါပဲ၊ ဓားကျင့်ကြံသူတွေရဲ့ သြဇာအာဏာ မှေးမှိန်သွားတော့ ငါတို့က အင်မော်တယ်ပြည်ထောင်ရဲ့ အမိန့်တွေကို နာခံရမယ်။ စိတ်လျှော့ပါ။ ဒါဆိုရင် မင်း အသက်က နှစ်ပေါင်းများစွာ ရှည်လာလိမ့်မယ်။ ငါ့ကို ကြည့်စမ်း၊ အသက် ကိုးဆယ့်ကိုးနှစ်အထိ နေခဲ့ပြီးပြီ"

အဘိုးဆွန်၏ မျက်နှာက ပြုံးလိုက်သောအခါ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး နွေးထွေး၍ ချဉ်းကပ်ရလွယ်ကာ သိမ်မွေ့သော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ ကောင်းကင်နယ်မြေတွင် မြူခိုးများ သိပ်သည်း၍ လမ်းများသည်ပင် အရုဏ်တက်ချိန်၌ စည်ကားနေပြီး မျက်လုံးများစွာသည် မမြင်ကွယ်ရာမှ ယွမ်ရှောင်ကို အကဲဖြတ်နေကြသည်။

"အဘိုးဆွန်၊ မင်းက သူ့ကို ဓားတာအိုကျောက်တိုင်ဆီ အရိုအသေပေးဖို့ ခေါ်သွားမလို့လား"

သူတို့ ဖြတ်သွားစဉ် တစ်စုံတစ်ယောက်က မေးလိုက်ခြင်းဖြစ်၏။

"ဟုတ်တယ်"

ပျူငှာပုံရသော အဘိုးဆွန်သည် လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်ပြီး မေးခွန်းတိုင်းကို ဖြေကြားပေးခဲ့သည်။

"သတိထားပါ။ ဒီနေ့ နတ်ဆိုးတွေ ရောက်လာတာနဲ့ ကျောက်တိုင်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

"ငါတို့က မြန်မြန် အရိုသေပေးပြီး နေရာလွတ်အတွက် ထွက်သွားမှာပါ"

အဘိုးဆွန်က စိုးရိမ်ပူပန်သော အရိပ်အယောင်ဖြင့် ပြန်ပြောလိုက်သည်။

" ဒါက အရေးကြီးတဲ့ အချိန်ပဲ။ မင်းတို့လို ဓားကျင့်ကြံသူတွေက နိမ့်ကျစွာနေပြီး ပြဿနာတွေကို ရှောင်ရှားသင့်တယ်၊ ဟုတ်ပြီလား"

ဗိုက်ပူပူနှင့် ဖြတ်သွားဖြတ်လာတစ်ယောက်က အကြံပေးဟန်ဖြင့် ကဲ့ရဲ့လိုက်၏။

"စိတ်ချပါ။ ငါ ပြန်ရောက်တာနဲ့ သတိပေးလိုက်မယ်"

ယွမ်ရှောင်သည် ထိုဗိုက်ပူကို လှမ်းကြည့်လိုက်ပြီး တစ်ဖက်လူမှာ နဂါးနယ်ပယ်အဆင့်သာ ရှိပြီး အရေးပါသော လူတစ်ယောက်ဖြစ်ပုံ မရချေ။ အဘိုးဆွန် ယဥ်ကျေးနေသော အကြောင်းအရင်းကို သူက နားမလည်သော်လည်း နန်ကုန်းရှု တိတ်ဆိတ်နေသဖြင့် နှုတ်ဆိတ်သွားခဲ့၏။

သူတို့၏ ခရီးတစ်လျှောက်တွင် ကျင့်ကြံသူ အများအပြားက မတောင်းဆိုဘဲ အကြံပေးနေကြပြီး အဘိုးဆွန်သည် တစ်ဦးစီတိုင်းကို ကျေးဇူးတင်စွာ တုံ့ပြန်ခဲ့သည်။

"အဘိုးဆွန်က စိတ်ကောင်းရှိတာ သေချာတယ်"

ယွမ်ရှောင်က စိတ်ထဲမှ မှတ်ချက်ပေးခဲ့ပြီး ဤအချက်သည် ဓားကျင့်ကြံသူတစ်ဦးအတွက် ပုံမှန် မဟုတ်ပေ။ သူသည် ကောင်းကင်နယ်မြေ၏ စည်ကားသော လမ်းများတွင် ခရီးဆက်နေစဉ် ရုတ်တရက် အရှိန်အဝါတစ်ခု ကျရောက်လာ၏။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ကို ထိုးဖောက်နေသော ဓားကြီးတစ်လက်ကို မြင်လိုက်ရပြီး ထူထဲသိပ်သည်းသော အဖြူရောင် မြူများအကြား ရှိနေသည်။၎င်းတွင် နတ်ဘုရားတိုက်ကြီးကို ကာကွယ်ရင်း သေဆုံးခဲ့သော ရှေးဟောင်း ဓားနယ်မြေမှ ဓားသမား သန်းတစ်ထောင်၏ ဓားဝိညာဉ်များတည်ရှိရာ ဓားချက်များဖြင့် ထွင်းထုထားသည်။

ယွမ်ရှောင်သည် ဓားတာအိုကျောက်တိုင်ကို အာရုံစိုက်လိုက်သည်နှင့် တပြိုင်နက် အကြည့် မခွာနိုင်တော့ဘဲ အရာရာကို မေ့လျော့သွားကာ စိတ်နှလုံးထဲတွင် ရိုသေလေးစားမှုတစ်ခုတည်း တည်ရှိနေ၏။ ပိုမိုနီးကပ်လာသည်နှင့်အမျှ မြူခိုးများ ပျောက်ကွယ်သွားပြီး ရာသီဥတုဒဏ်ခံထားရသော ရှေးဟောင်းကျောက်တိုင်မှာ ပိုမိုရှင်းလင်းစွာ ထွက်ပေါ်လာကာ ဆယ်မိုင်အကွာမှပင် ရှုပ်ထွေးနေသော ဓားချက်များကို မြင်နိုင်သည်။ အချိန်သည် ၎င်းတို့ အများအပြားကို တိုက်စားခဲ့သော်လည်း ခုတ်ပိုင်းခဲ့သော အခိုက်အတန့်၏ ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသစိတ်များမှာ ၎င်းအပေါ်တွင် ထာဝရ တည်ရှိနေပေလိမ့်မည်။

အရာအားလုံးတွင် ဝိညာဉ်တစ်ခုစီ ရှိကာ လူတစ်ဦးချင်းစီမှ ချန်ထားခဲ့သော ခံစားချက်များသည် ခဏတာဖြစ်သည်။ သို့သော် ဤဓားတာအိုကျောက်တိုင်ပေါ်တွင် စုစည်းထားသည့် သန်းပေါင်းတစ်ထောင်သော ဝိညာဉ်များ၏ ဝမ်းနည်းမှုနှင့် မကျေနပ်မှုသည် အမှောင်အရာတစ်ခုအဖြစ် ပြောင်းလဲရန် လုံလောက်သည်။ ၎င်းကို လမ်းမှန် စွမ်းအင်ကသာ စောင့်ကြပ်မပေးထားလျှင် ကျောက်နတ်ဆိုးအဖြစ် ပြောင်းလဲသွားနိုင်ချေပင် ရှိ၏။

ယွမ်ရှောင်သည် ခဏတာ ငေးကြည့်ပြီးနောက် နားထဲတွင် တိုက်ရိုက် စကားသံထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဓားတာအို၏ အနှစ်သာရသည် စိတ်ထဲသို့ တိုးဝင်လာပြီး သူ့ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ နေရာတိုင်းတွင် လူများ၊ ဓားများ၊ နတ်ဆိုးများ၊ အလောင်းများ ပြန့်ကျဲနေပြီး သွေးမြစ်များစီးဆင်းနေကာ ကောင်းကင်ကို ထိုးဖောက်နိုင်လောက်အောင် စူးရှသော အော်သံများ မြည်ဟီးနေသည်။

သန်းပေါင်းတစ်ထောင်သော ဝိညာဉ်များ၏ ညည်းညူသံများသည် အဆုံးမဲ့ တီးတိုးပြောနေသကဲ့သို့ သူ၏ နားထဲတွင် ဝမ်းနည်းပူဆွေးဖွယ် ညည်းသံများအလား ပဲ့တင်ထပ်နေခဲ့သည်။ ယွမ်ရှောင်က ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်သွားကာ အဘိုးဆွန်၏ စကားသံကြောင့် သတိပြန်လည်လာသည်။

"လူလေး၊ ငေးမနေနဲ့တော့"

"ထူးဆန်းတယ်..."

ယွမ်ရှောင်က ရေရွတ်လိုက်ပြီး ဒေါသထွက်နေသော ညည်းညူသံများသည် ဖြည်းဖြည်းချင်း မှေးမှိန်သွားသော်လည်း အထီးကျန်မှုတစ်ခုက နှလုံးသားတွင် တွယ်ကပ်ကျန်ရစ်နေခဲ့သည်။

"မထူးဆန်းပါဘူး။ လူတစ်ယောက်ရဲ့ မကျေနပ်မှုက နှစ်ပေါင်းများစွာ ကြာနိုင်ပေမယ့် လူပေါင်းသန်းတစ်ထောင်ရဲ့ မကျေနပ်မှုကတော့ ထာဝရပဲ။ နောက်မျိုးဆက်တွေ ဒီလို ခံစားရတာ ပုံမှန်ပါပဲ"

စကားပြောလိုက်သူက နန်ကုန်းရှု ဖြစ်သည်။

"ဒီကျောက်တိုင်ရဲ့ နောက်မှာ ဓားဂူသုံးခု ရှိတယ်။မင်းကို ကြိုဆိုဖို့ ငါတို့အားလုံး ဒီနေ့ စုဝေးထားကြတယ်"

"ကျေးဇူးတင်ပါတယ်"

ယွမ်ရှောင်က ပြန်ပြောလိုက်သည်။

ကြီးမားသော ကျောက်တိုင်၏ အရိပ်အတွင်းသို့ လျှောက်ဝင်သွားသောအခါ သူသည် အဆုံးမရှိသော အမှောင်အမိုက်ထဲတွင် ပိတ်မိသွားသကဲ့သို့ ခံစားလိုက်ရ၏။ အောက်ကို ငုံ့ကြည့်လိုက်မိသောအခါ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော မှေးမှိန်နေသည့် မျက်နှာများစွာကို တွေ့လိုက်ရပြီး သူတို့၏ မျက်လုံးများတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

"မင်းကသေဆုံးသွားပေမယ့် အင်မော်တယ်တစ်ပါးရဲ့ ကျေးဇူးကြောင့် ပြန်လည်မွေးဖွားလာတယ်။ ဒါပေမယ့် ငါတို့ကရော၊ ကောင်းကင်ကို ကျိန်ဆဲပြီး မြေကြီးကို မကျေနပ်နေချိန်မှာ ငါတို့အတွက် ဘယ်သူက ရပ်တည်ပေးမှာလဲ"

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် သူ၏​ခြေလှမ်းများ ရပ်တန့်သွားကာ ထိုအရိပ်အောက်ရှိ မျက်နှာများကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်၌ မရေမတွက်နိုင်သော ဓားချက်များမှ သွေးများ စိမ့်ထွက်လာကာ ပင်လယ်ကြီးပမာ စုစည်းသွားပြီး သူ့ကို လွှမ်းခြုံသွားခဲ့သည်။

"ငါတို့အတွက် တရားမျှတမှုကို ဘယ်သူက ရှာဖွေပေးမှာလဲ"

သွေးစွန်းနေသည့် လက်များ ဆန့်ထွက်လာကာ ယွမ်ရှောင်ကို ဆွဲကိုင်လိုက်ပြီး စိတ်ပျက်အားလျော့ဖွယ် ညည်းသံများအကြားတွင် အသက်ရှူရန်ပင် ရုန်းကန်နေရလေသည်။

All Chapters