← Chapters

နတ်ဆိုးအရှိန်အဝါ

Vol. 12 Ch. 143

နတ်ဆိုးအရှိန်အဝါ

Vol. 12 Ch. 143

ဘန်း

"နိုးထစမ်း လူလေး"

အဘိုးဆွန်၏ ရိုက်ချက်က ချက်ချင်းကျရောက်လာပြီး ယွမ်ရှောင်၏ အမြင်အာရုံတွင် ပြည့်နှက်နေသော အဆုံးမဲ့ သွေးပင်လယ်ကို ပျောက်ကွယ်သွားစေသည်။ သူ၏ မျက်လုံးများက သွေးရောင်လွှမ်းနေသဖြင့် ပြင်းထန်စွာ မောဟိုက်ကာ ရှေ့တွင် ရပ်နေသော အဘိုးအိုကို ဗလာသက်သက် မျက်ဝန်းများနှင့် စိုက်ကြည့်နေမိ၏။

"ငေးမနေနဲ့၊ မျက်လုံးမှိတ်ထားလိုက်"

အဘိုးဆွန်၏အကြံအတိုင်း သူက ခပ်ပြင်းပြင်းအသက်ရှူ၍ မျက်လုံးမှိတ်လိုက်ရာ စိတ်ထဲရှိ သွေးနီရောင် မြူခိုးများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

"ဓားတာအိုကျောက်တိုင်က ဝိညာဉ်သန်းပေါင်းတစ်ထောင်​ရဲ့ မကျေနပ်မှုတွေ ထိန်းသိမ်းထားတယ်။ မင်းရဲ့ အဆင့်မြင့် ဓားဝိညာဉ်ကြောင့် ထိခိုက်မှုပြင်းထန်တာက ပုံမှန်ပဲ။ စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းထားရမယ်"

အဘိုးဆွန်က စိုးရိမ်ပူပန်မှုနှင့် သတိပေးလိုက်ပြီး ဉာဏ်ပညာ ပြည့်ဝနေသော အသံသည် သူ၏ နားတွင် ပဲ့တင်ထပ်ခဲ့သည်။

"နားလည်ပါပြီ"

ယွမ်ရှောင်က ခေါင်းညိတ်၍ ရှေ့သို့ ဆက်လက်လျှောက်သွားရင်း ၀တ်ရုံထဲတွင် ဝှက်ထားသော အနက်ရောင် သတ္တဝါလေးနှင့် တီးတိုးဆက်သွယ်လိုက်သည်။

"ကြယ်ပြာ၊ ဒါက ဘာဖြစ်ခဲ့တာလဲ"

"အမှန်ကတော့ လူသား ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လို့ မင်းရဲ့ ဖြစ်တည်မှုက လူသားတွေနဲ့ ဓားကျင့်ကြံသူတွေကို ကိုယ်စားပြုပြီး သူတို့ရဲ့ မကျေနပ်ချက်တွေနဲ့ ဒေါသတွေအားလုံး မင်းရဲ့ နှလုံးသားထဲအထိ သက်ရောက်လာတာပဲ"

ကြယ်ပြာက တစ်ချက်စဥ်းစား၍ မှတ်ချက်ပေးလိုက်သည်။

"ဒါက ကောင်းတာလား၊ ဆိုးတာလား"

ယွမ်ရှောင်က ထပ်မေးလိုက်ခြင်းဖြစ်သည်။

"ငါလည်း မသိဘူး။ နှလုံးသားပေါ်မှာ မူတည်တယ်။ ဒေါသထွက်ချင်ရင်လည်း ဒေါသထွက်လိုက်။ မုန်းချင်ရင်လည်း မုန်းပစ်လိုက်။ နှလုံးသားဆန္ဒအတိုင်း လက်ခံရမယ်"

"ငါက လူသားတစ်ယောက်ပဲ"

"ဒါဆို လူသားတစ်ယောက်လို ကျင့်ကြံကွာ"

"အာ၊ ဓားတာအိုက အရမ်း ရှုပ်ထွေးတာပဲ။ ငါဆိုရင် နတ်ဆိုးနို့ကို အမြန်ဆုံး သောက်ချင်ရုံပဲ"

လနီက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းခါယမ်းကာ မှတ်ချက်ပေးလိုက်သည်။

"ငါက လူသားတစ်ယောက်၊ ငါက ယွမ်ရှောင်ပဲ။ ငါက ဓားနယ်မြေ၊ တိမ်နိုင်ငံမှာ မွေးဖွားခဲ့တာ"

သူသည် ဤအရာကို စိတ်ထဲမှ ထပ်ခါထပ်ခါပြောပြီး ကိုယ့်ကိုကိုယ် တည်ငြိမ်စေရန် ထိန်းသိမ်းခဲ့၏။ ထို့နောက် ဓားတာအိုကျောက်တိုင်ကို တစ်ဖန် လှည့်ကြည့်ရင်း မျက်လုံးများ သွေးရောင်တောက်ပလာကာ လေးနက်စွာ ကတိပေးလိုက်သည်။

"တစ်နေ့ကျရင် ငါက မင်းတို့အားလုံးကို ငြိမ်းချမ်းစွာ အနားယူခွင့်ပေးမယ်"

ဓားတာအိုကျောက်တိုင်ကို ကျော်လွန်ပြီးနောက် ယွမ်ရှောင်သည် လူသူကင်းမဲ့သော စွန့်ပစ်မြေရိုင်းတစ်ခုကို ကျော်ဖြတ်ခဲ့ရပြီး မြူခိုးများ အနက်ရှိုင်းဆုံးနေရာမှ ကြီးကျယ်ခမ်းနားသော တံခါးသုံးခု ထွက်ပေါ်လာ၏။ တံခါးတစ်ခုစီက ကြီးမားသော ကျောက်ဓားသဏ္ဍာန် တည်ဆောက်ထားကာ ထိပ်ဖျားတွင် ထူးခြားသော စာလုံးများ စင်ကြယ်၊ နတ်ဆိုးနှင့် နှလုံးသား ဟူ၍ ထွင်းထုထားသည်။ ဤကား ဓားကျင့်ကြံသူ မျိုးနွယ်သုံးခုဖြစ်ပြီး စင်ကြယ် ဓားဂူ၊ နတ်ဆိုးဓားဂူနှင့် နှလုံးသားဓားဂူ ဟူ၍ အမည်ရပြီး သူ၏ အဒေါ် အသစ် စုလျန်လျန်သည် နှလုံးသားဓားဂူ၏ ဂူသခင်ဖြစ်ပေသည်။ ဤဓားဂူသုံးခုသည် အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့သော်လည်း ယနေ့တွင် ၎င်းတို့၏ တံခါး၌ စိတ်လှုပ်ရှားနေသည့် ဓားသမားများဖြင့် စည်ကားနေသည်။

ရှေ့ကို ကြည့်လိုက်သောအခါ ယွမ်ရှောင်သည် ဓားကျင့်ကြံသူ တစ်သိန်းကို တွေ့လိုက်ရပြီး သူတို့က ဂူများရှေ့တွင် အုပ်စုသုံးခုနှင့် အစီအစဥ်တကျ နေရာယူထားသဖြင့် ကြီးကျယ်ခမ်းနားသော အင်အားပြမှုတစ်ခုပင်။ သူ ချဉ်းကပ်လာသောအခါ မျက်လုံးပေါင်း များစွာသည် ရုတ်တရက် စိုက်ကြည့်နေသောကြောင့် ဓားရှည်တစ်သိန်းအလား ထက်ရှ၍ ဓားစွမ်းအင်မှာ ပြင်းထန်သော ပင်လယ်လှိုင်းလုံးတစ်ခုကဲ့သို့ တိုးဝင်လာခဲ့သည်။

"အစွမ်းထက် ဓားကျင့်ကြံသူတွေ အများကြီး ရှိနေပါလား"

ယွမ်ရှောင်က အနည်းငယ် အံ့အားသင့်နေပြီး ဤနေရာတွင် ခြောက်ကပ်တိတ်ဆိတ်နေမည်ဟု ယူဆထားကာ အရေအတွက် ဤမျှ များမည်ဟု မထင်ထားပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဤလူဦးရေက နှစ်ပေါင်းများစွာ သတိရှိရှိ နေထိုင်ခြင်းနှင့် သိုသိုသိပ်သိပ်ကျင့်ကြံခြင်း၏ ရလဒ်ဖြစ်ပေလိမ့်မည်။ သူတို့သည် အင်အားကြီးမားရုံသာမက ယုံကြည်ချက်လည်း နက်ရှိုင်းကာ ဓားအလင်းရောင်သည် လူတိုင်း၏ မျက်လုံးတွင် လင်းလက်နေသဖြင့် တိတ်ဆိတ်နေသော်လည်း ထိုအကြည့်များက အစွမ်းထက်မှုကို ထင်ဟပ်နေခဲ့သည်။

ရန်လိုသော အကြည့်များ မရှိသော်လည်း သူတို့သည်် ယွမ်ရှောင်ကို စေ့စေ့စပ်စပ် စစ်ဆေးနေကြသည်။ လူအများအပြားသည် ယွမ်ရှောင်၏အစွမ်းကို တိတိကျကျ မသိဘဲ ရဲရှင်းချန်ကို သတ်ခဲ့သည့်အချက်ကိုသာ ကြား ဖူးထားကြ၏။

"လူတိုင်း၊ ငါက ဓားဧကရာဇ်ကို ခေါ်ဆောင်လာခဲ့ပြီ"

အဘိုးဆွန်က တက်ကြွစွာ ရယ်မော၍ ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည်။

"အဘိုးဆွန်ကို ကျေးဇူးတင်ပါတယ်"

လေးစားမှုများဖြင့် ပြည့်နှက်နေသော စကားသံက လူပေါင်း တစ်သိန်းထံမှ တညီတညွတ်တည်း ထွက်လာခဲ့သည်။

အဘိုးဆွန်သည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

"ယွမ်ရှောင်ကို ကြိုဆိုပြီးတာနဲ့တပြိုင်နက် မင်းတို့အားလုံး အမြန်ပြန်သင့်တယ်။ ဒီအချိန်က ငါတို့အတွက် ထိလွယ်ရှလွယ်ဖြစ်နေလို့ အချိန်ကြာကြာ စုဝေးနေဖို့ မသင့်ဘူး"

"အဘိုးဆွန်၊ ခဏလောက် ဘေးကို ဖယ်ပေးပါ"

ထိုအချိန်တွင် ယွမ်ရှောင်နှင့် ရင်းနှီးသော စကားသံ ထွက်ပေါ်လာကာ နှလုံးသားဓားဂူအနီးတွင် ရပ်နေသည့် ပန်းရောင် ၀တ်စုံဝတ် အမျိုးသမီးတစ်ဦးထံ လှည့်ကြည့်လိုက်သည်။ ၎င်းက အဒေါ် စုလျန်လျန်ဖြစ်ကာ ယွမ်ရှောင်ကို ထပ်မံအမိန့်ပေးလိုက်သည်။

"ဓားကျင့်ကြံသူတွေက တည့်တိုးလုပ်ရတာ ပုံမှန်ပဲ။ ယွမ်ရှောင်၊ မင်းရဲ့ ဓားဝိညာဉ်ကို လူတိုင်းသိအောင် ပြလိုက်။ ဒီဓားသမားတစ်သိန်းထဲမှာ ဓားဧကရာဇ် ပေါ်ပေါက်လာတာကို သံသယဝင်သူတွေ ရှိသေးတယ်"

ခေါင်းတစ်ချက်ညိတ်၍ ယွမ်ရှောင်က သူ၏ ဓားဝိညာဉ်ကို ဆင့်ခေါ်လိုက်သောအခါ ၎င်းသည် ကောင်းကင်တွင် ထွက်ပေါ်လာပြီး စောင့်ကြည့်နေသော လူတစ်သိန်းကို တိတ်ဆိတ်သွားစေကာ အချိန်ခဏအတွင်း ထိုအကြည့်များမှာ စစ်ဆေးလိုခြင်းမှ လေးစားခြင်းသို့ ပြောင်းလဲသွားသည်။

"ကြိုဆိုပါတယ် ဓားဧကရာဇ်"

သူတို့က တညီတညွတ်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"မင်းရဲ့ အဒေါ်နှစ်က အပြင်ထွက်သွားတယ်။ ဒီနေ့ အကြီးဆုံးအဒေါ်နဲ့ တွေ့ရလိမ့်မယ်။"

စုလျန်လျန်သည် ယွမ်ရှောင်ထံ လျှောက်လာကာ အသိပေးလိုက်၏။ ချန်အိမ်တော်၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတွင် လူသိရှင်ကြား ဖြစ်တည်လာသော တူဝရီး ဆက်ဆံရေးအတုအကြောင်း လူတိုင်းသိနေကြပြီဖြစ်ရာ ကောင်းကင်နယ်မြေတွင်သတင်းများ ပျံ့နှံ့နေခဲ့သည်။ ဓားဂူသုံးခု၏ အကြီးအကဲများအားလုံးသည် အမျိုးသမီးများဖြစ်ကာ ဓားနယ်မြေ၊ အသူရာဓားဂိုဏ်းနှင့် ဓားပင်လယ်တို့တွင် အင်အားအကြီးဆုံး ဓားကျင့်ကြံသူများမှာ အမျိုးသားများသာဖြစ်သည်။ လူအုပ်ထဲတွင် အမျိုးသမီးများသည် လူဦးရေ၏ တစ်ဝက်ဖြစ်သောကြောင့် ကျား၊ မ ခွဲခြားမှု မရှိကြောင်း ရှင်းရှင်းလင်းလင်းပင် သိနိုင်၏။ အမျိုးသမီးများသည် ကိုယ်ပိုင်အဆင့်ခွန်အားကို ထုတ်ဖော်ကာ မားမားမတ်မတ် ရပ်တည်နေကြသည်။

ထို့နောက် ယွမ်ရှောင်သည် သူ၏ အကြီးဆုံးအဒေါ်နှင့် တွေ့ဆုံခဲ့ကာ သူမက အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသည့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ပထမဆုံးတွေ့လျှင် သူမ၏ ကျက်သရေရှိမှုနှင့် တည်ငြိမ်မှုကို မြင်နိုင်ပြီး အနီးကပ်ကြည့်လိုက်လျှင် မျက်ဝန်းများအတွင်း ကျယ်ပြောလှသော လောကကြီးတစ်ခု ရှိနေသယောင် ထင်မှတ်ရ၏။ သူမသည် ကောင်းကင်နယ်မြေတွင် အကြီးဆုံး ဓားမျိုးနွယ်ကို ဦးဆောင်သူဖြစ်သောကြောင့် နူးညံ့သိမ်မွေ့သော ပန်းတစ်ပွင့် မဟုတ်ပေ။

"စင်ကြယ်ဓားဂူသခင်၊ နန်ကုန်းရှီ"

စူလျန်လျန်က တောက်ပစွာ ပြုံး၍ ယွမ်ရှောင်ကို မိတ်ဆက်ပေးလိုက်သည်။

"အဒေါ်နန်ကို တွေ့ရတာ ဂုဏ်ယူပါတယ်"

"အထင်ကြီးစရာပဲ"

နန်ကုန်းရှီက ညင်ညင်သာသာ ခေါင်းညိတ်၍ ပြောလိုက်ပြီး သူမသည် ယွမ်ရှောင်၏ ဓားဝိညာဉ်ကို ချီးကျူးခြင်းလား၊ သို့မဟုတ် အခြားတစ်ခုခုကို ချီးကျူးခြင်းလားဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်နေ၏။ သူမသည် ချန်မျိုးနွယ်ခေါင်းဆောင် နှင့် အသက်အရွယ်တူပုံရသော်လည်း အသားအရေထက်တွင် အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာများ မရှိပေ။ သူမ၏ အရှိန်အဝါက သန့်ရှင်းစင်ကြယ်ပြီး ခွန်အားနက်ရှိုင်းသည့် အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။

ထိုအချိန်၌ လိမ္မော်ရောင် ၀တ်စုံနှင့် တက်ကြွသော မိန်းကလေးတစ်ဦးသည် နန်ကုန်းရှု၏ ဘေးသို့ တိတ်တဆိတ် ကပ်လာသဖြင့် သူက စကားစလိုက်သည်။

"သူက ကောင်းကင်နယ်မြေမှာ မွေးဖွားလာတာ မဟုတ်ဘဲ ငါတို့ရဲ့ ဘိုးဘွားဘေး ဓားကျင့်ကြံသူတွေရဲ့ နယ်မြေက လာတာ။ ဒါကြောင့် သူ့ကို ခေါ်ထားနိုင်ဖို့ ငါတို့ရဲ့ စိတ်ရင်းမှန် ပြသရမယ်"

"ဒါပေမယ့် သူက အရမ်းမြင့်တက်သွားရင် ဘယ်လိုလုပ်မလဲ"

သူမက နှုတ်ခမ်းဆူလိုက်သည်။

"အဲဒါက သူ့အပေါ်မှာ မူတည်တယ်။ ငါတို့က ကိုယ့်အပိုင်းကို လုပ်ဖို့ပဲ လိုတယ်"

"သေချာတာတစ်ခုကတော့ သူ့မှာ ရှင့်ထက် ပိုကောင်းတာတစ်ခု ရှိတယ်"

"ဘာလဲ"

"သူက ပိုချောတယ်"

သူမက စနောက်၍ ရယ်မောလိုက်သဖြင့် နန်ကုန်းရှုမှာ မတတ်နိုင်ဟူသော မျက်နှာထားဖြင့် သက်ပြင်းချရုံသာ ရှိသည်။ သူတို့ စကားပြောနေစဉ် နန်ကုန်းရှီနှင့် စုလျန်လျန်တို့ ဓားဂူသုံးခုမှ အင်အားကြီး ဓားကျင့်ကြံသူများစွာကို ယွမ်ရှောင်နှင့် မိတ်ဆက်ပေးခဲ့သည်။ ယွမ်ရှောင်သည် တည်ငြိမ်ပြီး မာနကြီးခြင်း ကင်းမဲ့သောကြောင့် သူတို့ကို စိတ်ကျေနပ်စေသည်။ ပါရမီက ချီးကျူးထိုက်သော်လည်း မာန်မာနကင်းမဲ့၍ ထောင်လွှားခြင်းမရှိသော ပါရမီရှင်ကို ရှာတွေ့ရန် အလွန်ခက်ခဲသည်မဟုတ်ပါလော။

"အခုကစပြီး ယွမ်ရှောင်ဟာ ငါတို့ ဓားဂူသုံးခုရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်တယ်"

မိတ်ဆက်ပေးပြီးနောက် နန်ကုန်းရှီသည် လူအုပ်ကြီးရှေ့တွင် ရပ်ပြီး နွေးထွေးစွာ ပြုံး၍ ပြောလိုက်သောအခါ ဓားကျင့်ကြံသူ တစ်သိန်းလုံးက တညီတညွတ်တည်း လက်ခံခဲ့သည်။

"ငါတို့ရဲ့ စည်းမျဉ်းတွေအရ နဂါးငွေ့တန်း အဆင့် ဓားဝိညာဉ်ကြောင့် သူ့ကို ထိပ်တန်း ပါရမီရှင်တစ်ဦးအဖြစ် ဂူသခင်သုံးဦးလုံးက ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ငါတို့က သူ့ကို အဆင့်နှစ်ဆယ် အသူရာစွန်ငါးကောင်ကို ဆုချမယ်"

နန်ကုန်းရှီက ဤသို့ ကြေညာလိုက်သောအခါ ယွမ်ရှောင်၏ သိလိုစိတ်ကို တိုးလာစေခဲ့၏။

"မင်းရဲ့ဓားဝိညာဉ်မှာ ဓားအော်ရာတစ်ရာ ရှိတယ်။ မင်း အရင်က အသူရာစွန်တွေကို စုပ်ယူဖူးတယ် မဟုတ်လား။ ဓားနယ်မြေထဲက အဲဒီစွန်ငှက်တွေက အောက်နယ်မြေအတွက် ငါတို့ရဲ့ လက်ဆောင်ပဲ"

နန်ကုန်းရှီက ရှင်းပြလိုက်သောအခါ သူ့ကို နားလည်သွားစေကာ အလျင်အမြန် ပြောလိုက်သည်။

"ဂူသခင်တွေနဲ့ ဓားကျင့်ကြံသူအားလုံးကို ကျေးဇူးတင်ပါတယ်"

နန်ကုန်းရှီ၏ဆုကြောင့် လူအုပ်ကြီးအကြားတွင် တီးတိုးပြောဆိုသံများ လှိုင်းထန်သွားသည်။

"အဆင့်နှစ်ဆယ် အဇူရာစွန်ငါးကောင်လား"

လိမ္မော်ရောင် ၀တ်စုံဝတ် မိန်းကလေးက မနာလိုဖြစ်နေပြီး နန်ကုန်းရှုဘက်လှည့်ကြည့်ကာ အတင်းတုပ်နေခဲ့သည်။

"ဟေ့၊ အဒေါ်နန်က အရမ်း ရက်ရောနေတာ မဟုတ်ဘူးလား။ ရှင်တောင် အခုအချိန်အထိ အဆင့်နှစ်ဆယ် စွန်လေးကောင်ပဲ စုပ်ယူဖူးသေးတယ်။ နတ်ဆိုးအရိုးတွေ ရဖို့ ဘယ်လောက်တောင် ခက်ခဲလာပြီလဲ။ အဆင့်နှစ်ဆယ် အသူရာစွန်တွေက မရှိသလောက်ရှားပါးနေပြီ"

"ဂူသခင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်တွေကို နာခံရမှာက ငါတို့ တာဝန်ပဲ"

သူက တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး သူမ၏အမြင်တွင် ယွမ်ရှောင်သည် နဂါးဘုရင်နယ်ပယ် ကျင့်ကြံသူ ဖြစ်သောကြောင့် ဓားဝိညာဥ်အဆင့်မြင့်သော်လည်း အဆင့်နှစ်ဆယ် အသူရာဝိညာဥ်ငှက်များကို စုပ်ယူရန် လွယ်ကူမည်မဟုတ်ချေ။

"စုယွမ်။ သူများရဲ့ ကိစ္စတွေမှာ ဝင်ပါတာထက် ကိုယ့်ကိစ္စကို အာရုံစိုက်ကြရအောင်။ ဂူသခင်တွေက ငါတို့ရဲ့ ဓားဂူတွေအတွက် လုံခြုံအောင်လုပ်ဖို့ စိန်ခေါ်မှုတွေကို အသက်စွန့် ရင်ဆိုင်ခဲ့ရတယ်။ ငါတို့ မျိုးဆက်သစ်တွေမှာ တာဝန်နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ယုံကြည်ဖို့ပဲ။ နောက်တစ်ခုက အင်မော်တယ်တိုက်ပွဲမှာ တောက်ပဖို့ပဲ။ အဲဒီအပြင် အခြားအရာတွေက ငါတို့နဲ့ မသက်ဆိုင်ဘူး"

"ငါ နားလည်ပါပြီ။ အဘိုးက ငါတို့ရဲ့အင်အား ကျဆင်းနေတဲ့အတွက် ငါတို့က အချင်းချင်း တိုက်ခိုက်တာတွေ၊ မနာလိုတာတွေ မလုပ်ဘဲ တစ်ယောက်ကို တစ်ယောက် ကူညီပံ့ပိုးသင့်တယ်လို့ အမြဲတမ်း ပြောတယ်"

"ဟုတ်တယ်။ ရှေးဟောင်း ဓားနယ်မြေ ကျဆုံးချိန်ကစပြီး နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရာမှာ ငါတို့က စည်းစည်းလုံးလုံး တိုက်ခိုက်ကြလို့ အသက်ရှင်ခဲ့တယ်။ မင်းနဲ့အတူ ရပ်တည်နေသူတွေကို ယုံကြည်ရမယ်"

နန်ကုန်းရှုက လေးနက်စွာ မှာကြားလိုက်သဖြင့် စုယွမ်မှာ နားလည်ကြောင်းခေါင်းညိတ်ပြခဲ့သည်။

"အဆင့်နှစ်ဆယ် အသူရာစွန်တွေ ရောက်လာပြီ"

စုလျန်လျန်၏ အမိန့်အရ အတောင်ပံ အလျား ပေနှစ်ဆယ်ရှိပြီး အင်အားကြီး ဓားစွမ်းအင် ထုတ်လွှတ်နေသော ငှက်ငါးကောင်သည် အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ယွမ်ရှောင်၏ ရှေ့တွင် ဆင်းသက်လိုက်သည်။

"မင်းအတွက် နေထိုင်ဖို့ နေရာတစ်ခု စီစဉ်ပေးမယ်။ နောက်ပိုင်းမှာ ဒီစွန်တွေကို ရေရှည် စုပ်ယူနိုင်ဖို့ ထားပေးမယ်"

နန်ကုန်းရှီက ယွမ်ရှောင်ကို ပြုံးပြ၍ ပြောလိုက်သည်။

"ရေရှည် စုပ်ယူရမှာလား"

ယွမ်ရှောင်သည် စွန်များကို အာရုံစိုက်ကာ ငေးကြည့်၍ မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။ ဤငှက်ငါးကောင်၏ စွမ်းအင်ပမာဏသည် အသူရာပင်လယ်တစ်ခုလုံးထက် ကျော်လွန်နေသောကြောင့် ဤသို့ အံ့အားသင့်စရာ လက်ဆောင်မျိုးပေးမည်ဟု ထင်မထားပေ။ ဓားအော်ရာ အရေအတွက် တိုးလာသည်နှင့်အမျှ ထပ်မံတိုးမြှင့်ရန် ပို၍ ခက်ခဲလာပြီး နောက်တစ်ကြိမ် အသူရာပင်လယ်တစ်ခုကို ဝါးမျိုလိုက်လျှင်ပင် အရေအတွက် သုံးဆယ်သာ တိုးတက်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ရှောင်က သူ့ကို အကန့်အသတ်မရှိ ယုံကြည်သော ဓားသမားများကို ဦးညွှတ်ကာ ပြောလိုက်သည်။

"ငါ့​ရဲ့ နေရာအနီးမှာ နေပါ။ မင်းရဲ့ဇနီးနဲ့ ရန်ဖြစ်ခဲ့ရင် ဒီကို ပြန်လာဖို့ ကြိုဆိုတယ်နော်"

စုလျန်လျန်သည် ယွမ်ရှောင်ကို စနောက်ရင်း လိုက်လာရန် လက်ဟန်ပြလိုက်သည်။

"ခဏလေး"

ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ဆင့်ခေါ်ပြီး အသူရာစွန်တစ်ကောင်ထံ ချိန်ရွယ်လိုက်၏။

"သူ ဘာလုပ်နေတာလဲ"

ရုတ်တရက်ဆန်လွန်းသော လှုပ်ရှားမှုကြောင့် လူတိုင်း၏စိတ်က ရှုပ်ထွေးသွားသည်။ ဓားဝိညာဉ်သည် စွန်၏ နှုတ်သီးအတွင်း ထိုးဖောက်သွားသောအခါ ကြီးမားသော ငှက်ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ကျယ်လောင်စွာ အော်မြည်ရင်း ပျောက်ကွယ်သွားခဲ့သည်။

"ဟင်"

စုပ်ယူသော ဖြစ်စဥ်က မျက်တောင်တစ်ခတ်သာ ကြာမြင့်ခဲ့သောကြောင့် စုယွမ်ကို မင်သက်သွားစေသကဲ့သို့ ဂူသခင်နှစ်ဦး အပါအဝင် ဓားကျင့်ကြံသူ တစ်သိန်းသည် ​အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။ ထို့နောက် အသက်ရှူချိန်အနည်းငယ်အတွင်းတွင် ယွမ်ရှောင်သည် အဆင့်နှစ်ဆယ် အသူရာစွန်ငါးကောင်လုံးကို စုပ်ယူခဲ့သည်။

"ဓားအော်ရာ အလွှာ တစ်ရာ့ရှစ်ဆယ်"

ယွမ်ရှောင်သည် ဓားဝိညာဉ်ပတ်လည်တွင် လှည့်ပတ်နေသော ဓားအော်ရာများကို ငေးကြည့်ရင်း ကျေနပ်နေသည်။ ပတ်ပတ်လည်တွင် အရာရာတိတ်ဆိတ်သွားကာ ဓားသမားတစ်သိန်းသည် သူ့ကို ကြောင်အမ်းအမ်းနှင့် စိုက်ကြည့်နေသည်။

"မင်းက ဘယ်လို သတ္တဝါမျိုးလဲ"

စုလျန်လျန်က စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ရေရွတ်လိုက်ကာ ကျန်လူများသည် အကြည့်ချင်းဖလှယ်နေကြ၍ အချို့မှာ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစဥ် အချို့မှာ မယုံကြည်နိုင်ဖြစ်နေကြသည်။

"ကောင်းလိုက်တာ"

ဓားသမားများအတွက် ထိပ်တန်းပါရမီရှင် တစ်​ယောက် လိုအပ်နေသောကြောင့်

အဘိုးဆွန်က မျက်လုံးတွင် ဝမ်းသာမျက်ရည်များ ပြည့်လျှံလာကာ ချီးကျူးလိုက်သည်။

"အံ့သြစရာပဲ၊ ငါတို့က ခဏလေးပဲ ဆက်ပြီး သည်းခံနိုင်ရင် တစ်နေ့မှာ အစွမ်းထက်ဓားသမားတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်"

ထိုအချိန်တွင် တိမ်မည်းများက ကောင်းကင်ကို ရုတ်တရက် ဖုံးလွှမ်းသွားက. ကြမ်းကြုတ်ပြင်းထန်သည့် နတ်ဆိုးအော်ရာသည် နေရောင်ကို ဖုံးကွယ်ပစ်ခဲ့သည်။ လူအများ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ဓားတာအိုကျောက်တိုင်အထက်တွင် ခြောက်ခြားဖွယ် နတ်ဆိုးမြူများ ဖုံးလွှမ်းနေသည့် အရိပ်များရောက်ရှိနေပြီး စိတ်ညစ်ညူးဖွယ် ရယ်သံများသည် လေထဲတွင် မသတီစရာကောင်းစွာ ပဲ့တင်ထပ်နေ၏။ ရွှံ့နွံရောင် အရည်များက ကျောက်တိုင်အထက်မှ စတင်စီးဆင်းလာပြီး ဓားချက်များအတွင်း စီးဝင်ကာ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters