လူသားမျိုးနွယ်၏ အမြင့်မြတ်ဆုံးဓားသိုင်း
Vol. 12 Ch. 146
"ခဏလေး"
ယွမ်ရှောင်က ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည့်အချိန်တွင် ပန်းရောင်ပုံရိပ်တစ်ခုက သူ့နောက်ကို လျင်မြန်စွာ လိုက်လာသည်။ လှည့်ကြည့်လိုက်ရာ စုလျန်လျန်က သူ့ဘေးတွင် ရောက်နှင့်နေပြီး ရနံ့တစ်ခု သူ့ဆီသို့ လွင့်ပျံလာသည်။
သူမ၏ မျက်လုံးများက နီရဲနေပြီး သိလိုသော အမူအရာဖြင့် တောက်ပနေကာ တီးတိုးမေးလိုက်သည်။
"တရားဝင်မဟုတ်တော့ပေမယ့် ငါ့ကို မင်းရဲ့အဒေါ်အဖြစ် သတ်မှတ်ထားလား"
"အခွင့်အရေးရရင် ခင်ဗျားက နတ်ဆိုးကို တိုက်ခိုက်မှာလား"
"တိုက်ခိုက်မယ်။ ငါ ငယ်ငယ်ကတော့ အတော်လေး ရဲရင့်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ အရာရာကို မြင်ခဲ့ရတယ်၊ ငါ့အတွက် အရေးပါတဲ့ လူကိုလည်း ဆုံးရှုံးခဲ့ရတယ်..."
"ကျုပ် နားလည်တယ်"
လူဆိုသည်မှာ တစ်ယောက်တည်း ရပ်တည်နေလျှင် မည်သည့်အရာကိုမှ မကြောက်သော်လည်း အခြားသူများကို ဂရုစိုက်လေလေ၊ ပိုပြီး ကန့်သတ်ခံရလေလေ၊ ပိုပြီး တွန့်ဆုတ်လေလေပင်။
"တစ်နေ့မှာ ငါတို့က ဘေးချင်းကပ်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ထားတယ်"
"ကျေးဇူးတင်ပါတယ်"
စုလျန်လျန်၏ မျက်လုံးများက အသစ်တဖန် တောက်ပလာသည်။
"မင်းက ဓားပညာ အတော်လေး ကျွမ်းကျင်တာကို ငါ သတိထားမိတယ်။ မင်းက ကြယ်ပွင့်အဆင့် အခြေခံဓားကျင့်စဉ်ကိုတောင် အတော်လေး ကျွမ်းကျင်စွာ အသုံးပြုနိုင်တယ်"
"အဓိကဆိုလိုရင်းက ဘာလဲ"
ယွမ်ရှောင်က သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာကို အနီးကပ်ကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်၍ ပြန်ပြောလိုက်သည်။
"ဓားတာအိုကျောက်တိုင်ပေါ်မှာ ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ နဂါးငွေ့တန်းအဆင့် ဓားကျင့်စဉ်တစ်ခု ရှိတယ်"
ယွမ်ရှောင်က စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပြီး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ပို၍ကောင်းမွန်သော ဓားကျင့်စဉ်များ လိုအပ်ကာ ၎င်းတို့ကို ဓားဂူကြီးသုံးခုမှသာ ရရှိနိုင်သည်။
"ဒါက ရှေးခေတ် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံးဓားသိုင်းပဲ။ ရှေးခေတ်စစ်ပွဲနောက်ပိုင်းမှာ ဘယ်သူမှ ကျွမ်းကျင်အောင် မလုပ်နိုင်ခဲ့ဘူး"
"တကယ်လား"
စိန်ခေါ်မှု ပိုများလေလေ၊ ယွမ်ရှောင်၏ စိတ်ဝင်စားမှုက ပိုပြီး တက်ကြွလာလေလေပင်။
"ကောလာဟလအရ ဓားဧကရာဇ်တွေသာ ၎င်းရဲ့ အနှစ်သာရကို နားလည်နိုင်တယ်တဲ့။ အခွင့်အရေးရရင် ကြိုးစားကြည့်ပါ။ အဆင်မပြေရင်လည်း ဓားဂူကြီးသုံးခုမှာ အခြားဓားကျင့်စဉ်ပေါင်းစုံရှိလို့ မင်းကြိုက်တာ ရွေးယူနိုင်တယ်"
ဤအချက်က သူမနှင့် အခြား ဓားကျင့်ကြံသူ တစ်သိန်းတို့သည် ယွမ်ရှောင်၏ လုပ်ရပ်များကြောင့် အလွန် အထင်ကြီးလေးစားကြောင်း အရိပ်အမြွက်ပြလိုက်သည်။ ဆက်ဆံရေး ဖြတ်တောက်ခြင်းက ယွမ်ရှောင်သည် သူတို့ကို ကာကွယ်ရန် ကြိုးစားနေခြင်းဖြစ်ကာ အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးတစ်ယောက်က သူတို့အားလုံးကို ကာကွယ်နေသည်ဟု တွေးလိုက်ရုံနှင့် လူအများအပြား၏ မျက်နှာ၌ ရှက်ရွံ့မှုများ ရိပ်သန်းလာသည်။
"ကောင်းပြီ။ ဓားကျင့်စဉ်ကို ဘယ်မှာ ဝှက်ထားတာလဲ"
ယွမ်ရှောင်က ချက်ချင်း မေးလိုက်သည်။
"ဓားချက်အတွင်းမှာ ရှိတယ်၊ မင်းက ကိုယ်တိုင် ခွဲခြားသိရှိဖို့ လိုအပ်တယ်"
စုလျန်လျန်က အပြင်လူများအနေဖြင့် နားလည်နိုင်မည် မဟုတ်ကြောင်း၊ နားလည်ခဲ့လျှင်ပင် ဓားဝိညာဉ် မရှိကြောင်း အလေးပေးပြောခဲ့သည်။
"ဒီဓားသိုင်းကို ဘယ်လိုခေါ်တာလဲ"
သူ၏ မျက်လုံးများက စူးစမ်းလိုစိတ်နှင့် တောက်ပနေသည်။
"ကြယ်သတ်ဓားသိုင်း"
စုလျန်လျန်က ဖြေသည်။
"ဒါက ဓားပုံစံသုံးမျိုးအတွက် ကျင့်စဉ်တွေကို ပေါင်းစပ်ထားပြီး ဓားဝိညာဉ် အဆင့်အတန်းခုနစ်ခု အမည်ပေးထားတဲ့ ဓားခုနစ်လက်အသွင် အထွတ်အထိပ်သိုင်းပညာပဲ။ဒါက ကောင်းကင်နယ်ပယ်မှာ အတောက်ပဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အင်အားကို အထူးပြုတဲ့ နတ်ဆိုးတွေ အလွန်ကြောက်ရွံ့ကြတယ်။ ၎င်းဓားသိုင်းက နတ်ဆိုးတိုက်ကြီး၊ နတ်ဆိုးတွေရဲ့စိတ်ထဲကို ကြောက်ရွံ့မှု သွတ်သွင်းပေးခဲ့ပြီး ငါတို့က ကျင့်စဉ်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်ချင်ပေမယ့် ဝမ်းနည်းစရာကောင်းတာက ယခုအချိန်ထိ ဓားဧကရာဇ်တစ်ယောက် မွေးဖွားမလာသေးဘူး"
စုလျန်လျန်က သူမ၏ ခေါင်းကို အနည်းငယ် ညွှတ်ပြီး ရှင်းပြလိုက်၏။
"ဒါဆို ဒီဓားခုနစ်လက်က... ယုံကြည်ချက်ကို ကိုယ်စားပြုတာလား"
ယွမ်ရှောင်က မေးလိုက်သည်။
"ဟုတ်တယ်။ ငါတို့ အားလုံးရဲ့ မျှော်လင့်ချက်နှင့် ယုံကြည်ချက်ပဲ"
"ကောင်းပြီ၊ စောင့်ကြည့်နေလိုက်ပါ"
ထိုစကားနှင့်အတူ ယွမ်ရှောင်က လှည့်ထွက်ပြီး နတ်ဆိုးသူတော်စင်ငယ်၏ အလောင်းကို ဆွဲကာ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်သွားသည်။ ဓားတာအိုကျောက်တိုင်က သူ ပြန်လာချင်သည့်အချိန်တိုင်း ပြန်လာရန် စောင့်ဆိုင်းနေပေလိမ့်မည်။ သို့သော် သူက ဤအလောင်းကို ပုပ်ပွမသွားခင် ပြုပြင်သန့်စင်ရန် လိုအပ်ပေ၏။
ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အဘိုးဆွန်၊ နန်ကုန်းရှီ၊ စုလျန်လျန်နှင့် အခြားသူများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ငါတို့က သူ့အတွက် ထိုက်တန်လာရမယ်"
အဘိုးဆွန်က သူ၏ လည်ပင်းမှ ပယင်းလည်ဆွဲကို ဆုပ်ကိုင်ရင်း မျက်လုံးများတွင် ဖြတ်သန်းခဲ့သော ဘဝတစ်ခု ထင်ဟပ်ပြနေသည်။
ချန်ကောင်းကင်အိမ်တော်သို့ ယွမ်ရှောင်က သွေးစိမ်းရှင်ရှင် စီးကျနေသော အရာတစ်ခုကို ဆွဲကာ ပြန်ရောက်လာ၍ မကြာခင် အရုဏ်တက်အိမ်တော်သို့ ရောက်ရှိလာသည်။ သူက ဥယျာဉ်များ၊ ကျောက်ဆောင်များနှင့် ရေကန်များကို ဖြတ်လျှောက်ပြီး မင်္ဂလာအခန်းသို့ သွားလိုက်သည်။ အခန်းအတွင်း၌ လျှပ်စီးများ လက်၍ လျှပ်စစ်မြွေထောင်ပေါင်းများစွာ ပြေးလွှားနေသောကြောင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
သူက ရှေ့ကို လျှောက်သွားပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သောအခါ ချန်ရီသည် အဖြူရောင် လျှပ်စီးများနှင့် ဝန်းရံထားသည့် ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့သည်။
"တံခါးခေါက်ဖို့ ဘယ်သူမှ နင့်ကို မသင်ပေးထားဘူးလား"
သူမက မျက်လုံးများကို ဖွင့်၍ လျှပ်စစ်မျက်စောင်းတစ်ချက်ကို ယွမ်ရှောင်ထံ ပစ်လွှတ်လိုက်သည်။
"ငါ့ရဲ့ ကိုယ်ပိုင် အိပ်ခန်းထဲကို ဝင်ဖို့ တံခါးခေါက်စရာ လိုလို့လား"
ချန်ရီက သူ့ကို ခဏတာ အေးစက်စွာ စိုက်ကြည့်ပြီးနောက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူမ အသုံးပြုသော အင်အားက အခန်းအတွင်းမှာ ဖယောင်းတိုင်တစ်တိုင်ကိုပင် မထိခိုက်စေသောကြောင့် အထင်ကြီးလောက်စရာ ထိန်းချုပ်မှုမျိုး ပြသနေသည်။
"ဒါက ဘာလဲ"
သူမက မျက်မှောင်ကြုတ်ပြီး သွေးစွန်းနေသော အထုပ်ကို ကြည့်လိုက်သည်။
"နတ်ဆိုးအလောင်း၊ ဓားစက်ကွင်းကို ဘယ်လို ဖန်တီးရမလဲ မင်း သိလား။ ငါ့အတွက် တစ်ခု ဖန်တီးပေး"
"ငါ မသိဘူး"
ချန်ရီက သူ့ကို စိုက်ကြည့်ကာ သတိပေးလာခဲ့သည်။
"ကောင်းကင်နယ်ပယ်မှာ နတ်ဆိုးတွေကို လိုက်မသတ်နဲ့၊ ငါတို့ မျိုးနွယ်ကို ပြဿနာတွေ ဆွဲခေါ်မလာနဲ့။ ဒီသတ္တဝါတွေက လက်စားချေတတ်တယ်။ လူငယ်မျိုးဆက်တစ်ကောင်ကို သတ်လိုက်ရင် အကြီးအကဲအုပ်စုက လိုက်လာလိမ့်မယ်"
"ကောင်းပြီ၊ နောက်တစ်ကြိမ်မှာ ပိုပြီး သတိထားပါ့မယ်။ ဒါဆိုရင် ဒါကို ဘာလုပ်ကြမလဲ။ ဒီအတိုင်း ထားလို့ မဖြစ်ဘူး"
သွေးစွန်းနေသော အထုပ်ကို ညွှန်ပြပြီး ယွမ်ရှောင်က မေးလိုက်သည်။
ချန်ရီက ခဏတာ တိတ်ဆိတ်နေပြီးနောက် အမည်းရောင် ကျမ်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ သူ့ဆီသို့ ပစ်ပေးလိုက်သည်။
"လေ့လာပြီး ကိုယ်တိုင် ဖန်တီးလိုက်"
"ဝိညာဉ်မီးပညာရပ် ဟုတ်လား"
ယွမ်ရှောင်က အမည်းရောင်စာအုပ်ကို ဖမ်းယူပြီး စာမျက်နှာအနည်းငယ်ကို လှန်ကြည့်လိုက်သည်။
"ဒါက သွေးကျောက်ကနေ ဓားစက်ကွင်းဖန်တီးဖို့ နည်းလမ်းလား။ တာအိုဂါထာတစ်ခု မဟုတ်လား"
"ဟုတ်တယ်"
ချန်ရီက ထိုင်ခုံပေါ်မှာ ပြန်ထိုင်၍ သူမ၏ ကျောကို တည့်မတ်စွာ ထားပြီး တရားထိုင်ရန် မျက်လုံးများကို မှိတ်လိုက်သည်။
"ဓားကျင့်ကြံသူတစ်ယောက်က တာအိုမှော်ကို သင်ယူနိုင်လား"
"ရတယ်။ အဓိကအားဖြင့် ဂါထာတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ချီအင်အားကို ထိန်းချုပ်ပြီး ထုတ်လွှတ်ဖို့ နည်းလမ်းတွေပဲ။ ဓားကျင့်ကြံသူတွေ သင်ယူနိုင်ရုံသာမက နတ်ဆိုးတွေမှာလည်း ဆင်တူတဲ့ နည်းစနစ်တွေ ရှိတယ်။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုက အကန့်အသတ်ရှိတယ်။ မင်းက ဓားလမ်းကြောင်းမှာ တည်ငြိမ်နေပြီ။ လမ်းကြောင်းနှစ်ခု ကျင့်ကြံဖို့ ကြိုးစားတာက အရမ်းခက်ခဲပြီး ကွာခြားတယ်။ နှစ်ခုလုံးကို ကျွမ်းကျင်အောင် လုပ်ချင်ခဲ့တဲ့သူတွေက ဘာကိုမှ မကျွမ်းကျင်ဘဲ အဆုံးသတ်ခဲ့ကြတယ်လို့ သမိုင်းမှာ သိရတယ်"
"ငါ နားလည်ပြီ"
ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်၏။
"ဒီ ဝိညာဉ်မီးပညာကတော့ ခြွင်းချက်တစ်ခုပဲ။ ဒါက တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ မဟုတ်လို့ မင်းရဲ့ တိုက်ခိုက်ပုံကို မပြောင်းလဲစေဘူး။ ဓားကျင့်ကြံသူ အများအပြားက ဒီဂါထာကို တတ်မြောက်ကြတယ်"
ချန်ရီက ထပ်ပြောသည်။
ဝိညာဉ်မီးပညာက စာမျက်နှာ ရှစ်မျက်နှာအထိ ရှိပြီး ခန္ဓာကိုယ်မှတစ်ဆင့် ချီစွမ်းအားကို ပို့လွှတ်ရန် မန္တန်များနှင့် ပုံများကို အသေးစိတ်ဖော်ပြထားသည်။ ယွမ်ရှောင်က လမ်းပတ်လျှောက်နေပြီး လှမ်းလိုက်သော ခြေလှမ်းတိုင်းအတွက် စာမျက်နှာတစ်ခုကို လှန်ကြည့်ခဲ့သည်။ ရှစ်ခုမြောက်ခြေလှမ်းတွင် သူက အမည်းရောင်စာအုပ်ကို ပိတ်ပြီး ချန်ရီရှေ့သို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
ချန်ရီက သူ့ကို စိတ်ပျက်လက်ပျက် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကိုယ့်ဘာသာ လေ့ကျင့်လိုက်လေ။ ဘာလို့ အရာအားလုံးကို ငါ လုပ်ပေးဖို့ အမြဲတမ်း မျှော်လင့်နေတာလဲ။ နင်က ဘာလဲ၊ ကလေးဆိုးကြီးလား"
ယွမ်ရှောင်က ရယ်မောပြီး သွေးစွန်းနေသော အထုပ်ကို ဖွင့်ကာ နဂါး ပုံသဏ္ဌာန်ရှိသော မီးလျှံတစ်ခုကို ဆင့်ခေါ်၍ အလောင်းကို လောင်ကျွမ်းစေခဲ့သည်။ နဂါးမီးလျှံထဲမှာ ပိတ်မိနေသော နတ်ဆိုးသူတော်စင်ငယ်၏ အလောင်းက သန့်စင်ခံရသောအခါ တည်ငြိမ်စွာ ကျုံ့သွားပြီး ပေါက်ကွဲသံများ တောက်လျှောက်မြည်နေ၏။
" အစကတည်းက ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီးသား မဟုတ်လား။ ဘာလို့ ဟန်ဆောင်နေတာလဲ"
"မင်း ကြိုက်သလို တွေးလိုက်"
ယွမ်ရှောင်က ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။
"နင်က အခုမှ သင်ယူလိုက်တာလား"
ထိုအချိန်မှာ နတ်ဆိုးအလောင်းက တဖြည်းဖြည်း ပြန်လည်ပြုပြင်ခံရပြီး ကျုံ့လာကာ နတ်ဆိုးသူတော်စင်ငယ်၏ ဝိညာဉ်အကြွင်းအကျန်က အော်ဟစ်နေသည်။
"မင်းတို့ လူသားတွေက မောက်မာလွန်းတယ်။ မင်းတို့ မျိုးနွယ်တစ်ခုလုံး ပျက်စီးရလိမ့်မယ်၊ စောင့်ကြည့်နေလိုက်... အားးးးး"
အော်ဟစ်သံများကြားတွင် ၎င်းက သွေးကျောက်အဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးများအတွက် အရှက်ရဆုံးနှင့် အဆိုးရွားဆုံးသော ကံကြမ္မာတစ်ခုဖြစ်၏။ ထို့အပြင် ယွမ်ရှောင်က ၎င်း၏ နတ်ဆိုးအရိုးနှင့် ခြင်ဆီကို စုပ်ယူခဲ့သဖြင့် ဓားအော်ရာအရေအတွက်ကို ၁၈၁ခုအထိ တွန်းပို့နိုင်ခဲ့သည်။ ချန်ရီက ကျုံ့လာသော အလောင်းကို စိုက်ကြည့်ရင်း ရုတ်တရက် ထရပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ရွှေရောင်မျက်လုံး မီးမျောက်လား"
"မင်းက တော်တော် ဗဟုသုတ ကြွယ်ဝတာပဲ။ ဟုတ်တယ်၊ချန်ကောင်းကင်အိမ်တော်ကို ငါက မျက်နှာသာ ပေးလိုက်တာပဲ။ ဒါက ရွှေရောင်မျက်လုံး မီးမျောက်၊ နတ်ဆိုးသူတော်စင်ငယ်ပဲ။ ဒီနတ်ဆိုးတွေကို ထိန်းချုပ်ထားဖို့ ငါက ချန်ကောင်းကင်အိမ်တော်ရဲ့ နာမည်ကို ကြေညာလိုက်တော့ သူတို့က ကြောက်လန့်တကြား ထွက်ပြေးသွားကြတယ်"
ယွမ်ရှောင်၏စကားကြောင့် ချန်ရီမှာ တိတ်ဆိတ်နေရာမှ မီးလျှံအတွင်း အော်ဟစ်နေသော နတ်ဆိုးသူတော်စင်ငယ်နှင့် သူ့ကို တစ်လှည့်စီကြည့်ကာ အံကြိတ်လိုက်မိသည်။
"ဘာလို့ မင်းက ဒီလောက် စိတ်မကောင်းဖြစ်နေရတာလဲ"
ယွမ်ရှောင်က အမှန်တကယ် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
"ဒါက နတ်ဆိုးသူတော်စင်ရဲ့ သားပဲ။ ဒါက အန္တရာယ်များတဲ့ အချိန်ဖြစ်ပြီး နင့်လုပ်ရပ်ကြောင့် ချန်မျိုးနွယ်ကို မုန်တိုင်းထန်သွားစေနိုင်တယ်။ ပြီးတော့ ဒါကို ဓားစက်ကွင်းအဖြစ် ပြောင်းလဲဖို့ ရဲရဲတင်းတင်း လုပ်ရဲတာလား။ ကိုးကောင်းကင်အင်မော်တယ်တပ်မတော်နဲ့ နတ်ဆိုးတိုက်ကြီးကြားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာပြီး မရေမတွက်နိုင်လောက်အောင် ထိခိုက်စေလိမ့်မယ်"
ချန်ရီက လေးနက်စွာ သတိပေးလိုက်၏။
"ဒါက ဒီလောက်ဆိုးတာလား"
ယွမ်ရှောင်က မသိဟန်ဆောင်နေချိန်တွင် သွေးကျောက်သည် ဖြစ်ပေါ်လာ၍ နေရောင်ခြည်သို့ မြှောက်ကြည့်လိုက်သောအခါ အလွန်တောက်ပနေပြီး အတွင်း၌ မျောက်တစ်ကောင်၏ ဝိညာဉ်က နာနာကျည်းကျည်း အော်ဟစ်နေသည်။
"ဒါဆိုရင် ဒီအရာက ဒီလောက် ဂယက်ရိုက်စေရင် ဒါကို လွှင့်ပစ်လိုက်ရမှာလား"
ယွမ်ရှောင်က သူမကို စနောက်လိုက်သည်။
သူမက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်းနေခဲ့သည်။
"မင်းက သွေးကျောက်ကို ဖန်တီးပြီးပြီ။ ဒါကို ဓားဝိညာဥ်မှာ တပ်ဆင်လိုက်၊ မဖြုန်းတီးနဲ့"
"နားလည်ပြီ"
ထိုစကားအရ ချန်ရီသည် သူ့ကို ကာကွယ်ပေးမည်ကို ယွမ်ရှောင် သိလိုက်ပြီး ချန်ရီဆိုသော သရုပ်မှန် မကာကွယ်နိုင်လျှင်ပင် နတ်ဘုရားအရုဏ်တက်နတ်ဧကရီက သေချာပေါက် ကာကွယ်ပေးလိမ့်မည်။ထို့ကြောင့် သူက ကောင်းကင်သင်္ချိုင်းဓားဝိညာဉ်ကို ဆင့်ခေါ်ပြီး ၎င်းအပေါ်၌ ရေ၊ မီး၊ လေနှင့် မိုးကြိုး ဓားစက်ကွင်းလေးကွင်း လှည့်ပတ်နေပြီး တစ်ခုစီမှာ နှစ်ပေါင်းကိုးထောင် သမိုင်းကြောင်းရှိကာ နတ်ဆိုးချီများ ပြည့်နှက်နေသည်။ သွေးကျောက်ကို တပ်ဆင်လိုက်သောအခါ ဓားစက်ကွင်းငါးခုသည် ဓားဝိညာဉ်ပတ်လည်မှာ လှည့်ပတ်နေခဲ့သဖြင့် ချန်ရီမှာ မျက်လုံးအဝိုင်းသားနှင့် တောင့်တင်းသွားသည်။
ဓားစက်ကွင်းလေးခုက သုံးရက်သက်တမ်းသာ ရှိသော်လည်း နှစ်နှစ်သောင်းသက်တမ်း သွေးကျောက်နှင့် ယှဥ်လျှင် သာမန်ဆန်လွန်းသဖြင့် သူက ၎င်းတို့ကို ဖယ်ရှားခဲ့သည်။ ဓားနယ်မြေ၌ အင်အားအကြီးဆုံး နတ်ဆိုးကို နှစ်တစ်သောင်းသက်တမ်းရှိ နတ်ဆိုးဧကရာဇ်ဟု ရည်ညွှန်းကြသည်။ သို့သော် အမှန်တကယ် နှစ်ပေါင်းတစ်သောင်း နေထိုင်အသက်ရှင်ခဲ့ခြင်းမဟုတ်ပေ။ ဥပမာအားဖြင့် နှစ်တစ်ထောင်သက်တမ်းရှိ နတ်ဆိုးဧကရာဇ်ဟု ချီးကျူးခံရသော လနတ်သမီးသည် အသက်တစ်ထောင်သို့ ရောက်ရန် အချိန်များစွာလိုနေပြီး အံ့သြဖွယ်ကောင်းလောက်အောင် ငယ်ရွယ်သဖြင့် အင်မော်တယ်စစ်ပွဲတွင် ပါဝင်ခွင့်ရခြင်းဖြစ်သည်။
ကောင်းကင်နယ်မြေနှင့် အင်မော်တယ်ပြည်ထောင်ကဲ့သို့ နေရာများတွင် နတ်ဆိုးများနှင့် အင်မော်တယ်များကို ၎င်းတို့၏ နယ်ပယ်များဖြင့် သတ်မှတ်ကြသည်။ ဥပမာအားဖြင့် နတ်ဆိုးသူတော်စင်ငယ်မှ ပြန်လည်ပြုပြင်ထားသော ဓားစက်ကွင်းကို အောက်နယ်မြေတွင် နှစ်နှစ်သောင်းသက်တမ်းရှိ ဓားစက်ကွင်းဟု ခေါ်ကြမည်ဖြစ်သော်လည်း ကောင်းကင်နယ်မြေတွင် နတ်ဆိုးသွေးကြောဓားကွင်းဟု ခေါ်ဆိုကာ နတ်ဆိုးသွေးကြောနယ်ပယ် နတ်ဆိုးကို သန့်စင်ထားကြောင်း ဖော်ပြသည်။ နှစ်ကိုးထောင်သက်တမ်းရှိ ဓားစက်ကွင်းလေးကွင်းကိုမူ ရုပ်ပိုင်းဘုရင်နယ်ပယ် ဓားစက်ကွင်းများဟု ခေါ်ကြသည်။
အလွန်အစွမ်းထက်လျှင် အင်မော်တယ်ဟု အထင်ကြီးကာ ချီးမြှောက်တတ်သော အောက်နယ်မြေ၏ပုံပြင်များသည် လက်ရှိတွင် တစ်ခုမှ အရေးမပါပေ။ အရေးအကြီးဆုံးမှာ နတ်ဆိုးသူတော်စင်၏သားသည် ယွမ်ရှောင်၏ ဓားပေါ်မှာ ချိတ်ဆွဲခံနေရခြင်းပင်ဖြစ်သည်။
"အခု နင့်ရဲ့ ဓားဝိညာဉ်ထဲမှာ ဓားစက်ကွင်းငါးကွင်းကို ထည့်လိုက်တာလား"
ချန်ရီက နောက်ဆုံးတွင် တိတ်ဆိတ်နေရာမှ စကားစ၍ သူ့ကို စူးစိုက်ကြည့်လိုက်သည်။
"မဟုတ်ဘူး၊ မင်း အမြင်မှားတာ ဖြစ်နိုင်တယ်"
ယွမ်ရှောင်က ခပ်တည်တည်နှင့် ရွှီးခဲ့ပြီး နှစ်ယောက်သား တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
" လုံလောက်အောင် အနားယူပြီးပြီလား"
ယွမ်ရှောင်၏ အကြည့်က သူမ၏ မျက်နှာမှ လျှောကျပြီး အောက်ကို ရွေ့သွားသည်။ ယင်ဟင်းလင်းပြင်၏အစွမ်းကြောင့် တစ်ကြိမ်တည်းဖြင့် အဆင့်ငယ်သုံးဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ဒုတိယအကြိမ်တွင် သူက သူမ၏ ချီစွမ်းအား သုံးပုံတစ်ပုံကို ရရှိမည်ဖြစ်ပြီး တတိယအကြိမ်၌ အရာ အားလုံးကို ရရှိပေလိမ့်မည်။ အရုဏ်တက်နတ်ဧကရီဘက်မှ သူ့ကို အတင်းအကျပ် လုပ်ခဲ့သောကြောင့် ယွမ်ရှောင်၌ ပြန်ဆုတ်ရန် အစီအစဉ် မရှိပါ။နှစ်ကိုယ်တူကျင့်ကြံခြင်း သုံးကြိမ် ပြီးဆုံးသောအခါ သူက ထိပ်ဆုံးသို့ ရောက်သွားနိုင်သော်လည်း သူမအနေဖြင့် ကျင့်ကြံမှု ပြန်စရမည်ဖြစ်သည်။ သို့သော် ယွမ်ရှောင်က သူမ အစား ကောင်းကင်နယ်မြေကို ကာကွယ်ပေးမည်ဖြစ်သောကြောင့် ကြီးမားသော ပြဿနာများ မဖြစ်နိုင်ချေ။
"မရဘူး"
ချန်ရီက လျင်မြန်စွာ လှုပ်ရှား၍ ယွမ်ရှောင်ကို အပြင်သို့ တွန်းထုတ်ပြီး တံခါးကို အသံမြည်အောင် ဘန်းခနဲ ပိတ်ချလိုက်၏။
ထိုအချိန်၌ အလွန်အမင်းညစ်ညမ်းသော မကောင်းဆိုးဝါး အရှိန်အဝါတစ်ခု ကျရောက်လာပြီး ချန်ကောင်းကင်အိမ်တော် တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ နေရောင်ကို ဖုံးကွယ်ထားပြီး အိမ်တော်ကို ဖိနှိပ်ရန် ဆင်းသက်လာသည့် ကြီးမားလှသော နတ်ဆိုးတိမ်တိုက်က မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။ အလင်းရောင်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချန်ကောင်းကင်အိမ်တော်တစ်ခုလုံး အမှောင်ထုအတွင်း နစ်မြုပ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက လေထဲတွင် မြည်ဟီးနေပြီး စူးရှသော စကားသံတစ်ခုကြောင့် ချန်မျိုးနွယ်ဝင်အများအပြားမှာ နာကျင်သဖြင့် နားကို လက်ဖြင့် အုပ်ထားလိုက်ရသည်။
"ယွမ်ရှောင် ထွက်လာစမ်း"
"သူတို့ရောက်လာတာက ငါ ထင်ထားတာထက် ပိုမြန်နေတာပဲ"
ယွမ်ရှောင်က တီးတိုးရေရွတ်ကာ သူ၏ မျက်လုံးများမှာ အေးစက်တင်းမာနေသည်။
"နင့်ကြောင့်ပဲ"
ချန်ရီက တံခါးဖွင့်၍ ထွက်လာကာ သူ့ကို အပြစ်တင်လိုက်သည်။
နတ်ဆိုးများ၏ အမည်းရောင်စွမ်းအင်က လူများအပေါ်တွင် ဝန်းရံနေပြီဖြစ်ကာ ကောင်းကင်၌ ရှိနေခြင်းကြောင့် သောင်းနှင့်ချီသော နတ်ဆိုးများကို မြင်နိုင်၏။ ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်သော မျက်နှာများနှင့် ချွန်ထက်သော သွားများက တောက်ပနေပြီး အများအားဖြင့် ရုန့်ရင်းရိုင်းစိုင်းသော မျောက်များ ပါဝင်သည်။ သူတို့က ဒေါသတကြီး ခုန်ပေါက်ပြီး ခေါင်းများကို ကုတ်ခြစ်ကာ သွားဖြဲပြနေကြသော်လည်း အသိဉာဏ်မဲ့သော အောက်တန်းစား နတ်ဆိုးများ မဟုတ်ချေ။ တစ်ဦးစီတိုင်းက မြောက်ပိုင်းဖုန်းဆိုးမြေ နတ်ဆိုးဧကရာဇ်နှင့် အဆင့်ချင်း တူညီသော ထိပ်တန်း နတ်ဆိုးများဖြစ်သည်။ ပိုအားကောင်းသော နတ်ဆိုးသွေးကြောနယ်ပယ်နှင့် အထက်အဆင့်များလည်း ရှိနေကာ အင်အားကြီးမားသော နတ်ဆိုးအရှိန်အဝါကြောင့် ပတ်ဝန်းကျင်မှာ တုန်ခါနေခဲ့၏။
ထူထပ်သော မြူခိုးအတွင်း ရွှေရောင် မီးလျှံတောက်လောင်နေသော ကြီးမားသည့် မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။ ၎င်း၏ ဖိအားက ပြင်းထန်ပြီး ကြောက်မက်ဖွယ်အရှိန်အဝါ ထွက်ပေါ်နေသဖြင့် နတ်ဆိုးသူတော်စင်ငယ်၏ ဖခင်ဖြစ်ကြောင်း ထင်ရှားနေခဲ့လေသည်။