← Chapters

လူညစ်

Vol. 12 Ch. 150

လူညစ်

Vol. 12 Ch. 150

ဆယ့်ငါးမိနစ် အတွေ့အကြုံအတွက် စိတ်ကျောက်တုံး သန်းတစ်ရာကို အသုံးပြုလိုက်ခြင်းသည် နေရာတိုင်းတွင် အရူးတစ်ယောက်အဖြစ် လက်ညှိုးထိုးခံရပေလိမ့်မည်။ ယွမ်ရှောင်က ရေကန်အစွန်းတွင် ရပ်နေချိန်တွင် မဟာကျောင်းတော်မှ တပည့် ရာပေါင်းများစွာသည် စုဝေးပြီး ထူးဆန်းသော အကြည့်များနှင့် တီးတိုးပြောဆိုနေကြသည်။

"ခုန်ချလိုက်"

လနီက မျက်လုံးများ တောက်လောင်နေပြီး ယွမ်ရှောင်၏ ရင်ဘတ်အတွင်းမှ မစောင့်နိုင်တော့ဘဲ လျှာတလစ်လစ် ထုတ်ကာ တိုက်တွန်းခဲ့သည်။

"မျောက်တစ်ကောင်တောင် မင်းလောက် စိုးရိမ်မှာ မဟုတ်ဘူး"

ယွမ်ရှောင်က မြင့်မြတ်သော တာအိုပင်လယ်၏ ရေထဲသို့ ကျက်သရေရှိစွာ ခုန်ဆင်းလိုက်ပြီး သူ့ရင်ဘတ်အထိ အနက် ရောက်သောအခါ လနီအတွက် ကျေနပ်လောက်စရာပင်။

"နို့သောက်မယ်"

လနီက ဝမ်းသာအားရ အော်ဟစ်ကာ ရေထဲသို့ ငုပ်ဆင်းလိုက်သော်လည်း ချက်ချင်းပင် ၎င်း၏ မျက်နှာသည် ခရမ်းရောင်အဖြစ် ပြောင်းလဲကာ သောက်ခဲ့သော ရေကို ဖူးခနဲ မှုတ်ထုတ်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။

"ဒါက ဘာလဲ။ ရွံစရာကောင်းလိုက်တာ"

လနီ၏ မျက်နှာသည် စိတ်ပျက်မှုကြောင့် ရှုံ့မဲ့သွားသည်။

"ဒါက မဟာကျောင်းတော် ကျောင်းသားမျိုးဆက်ပေါင်းတွေရဲ့ ရေချိုးရေဖြစ်တာ ထင်ရှားတယ်။ ဒါပေမယ့် မင်းက ငါ့ကို မယုံဘူး။ ငါ့ရဲ့ အဖိုးတန် စိတ်ကျောက်တုံးတွေ ကုန်ပါပြီ"

ဤအချက်က ယွမ်ရှောင်အတွက် အံ့သြစရာမဟုတ်ချေ။ လနီက ငိုကျွေးနေပြီး ကြယ်ပြာက ရယ်မောခဲ့သည်။

"ဆင်းရဲသားလေး။ အစာငတ်လွန်းတော့ ရူးသွားပြီး အရာအားလုံးကို အစားအစာအဖြစ် မြင်နေတာပဲ"

"ဒီလူယုတ်မာတွေက လှည့်စားရဲတယ်။ ဒီကျောင်းတော်ထဲက လူတိုင်းကို ငါ စားပစ်မယ်"

လနီက ဒေါသတကြီး အော်သည်။

"ဟုတ်တယ်၊ ငါတို့ လုပ်ရမယ်"

ယွမ်ရှောင်က ၎င်းကို နှစ်သိမ့်ရင်း ကြည်လင်သော ရေ၌ ပေါ်နေသော တောက်ပသည့် ကျောက်စိမ်းပြားတစ်ခုကို အာရုံစိုက်လိုက်သည်။

"ပိုက်ဆံသုံးပြီးပြီဆိုတော့ ဒါက ဘာလဲဆိုတာကို ရှာဖွေကြည့်ရမယ်"

သူက လက်ကို ဆန့်ထုတ်ကာ ကျောက်စိမ်းပြားကို လက်ချောင်းများအကြား ဖမ်းယူ၍ မျက်လုံးများ မှိတ်ထားကာ အာရုံခံခဲ့ပြီး နေလနတ်ဘုရားဓားသိုင်းနှင့် အဆင့်တူဖြစ်ကြောင်း သိလိုက်ရသည်။

"ကြယ်ပွင့်အဆင့် တာအိုမှော်ကျင့်စဉ်တစ်ခုလား"

"မင်း ဘယ်လိုထင်လဲ"

ကြယ်ပြာက မေးသည်။

"မဆိုးဘူး။ နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်"

ကျောက်စိမ်းပြားကို ခဏတာ ကိုင်ကြည့်ပြီးနောက် ယွမ်ရှောင်က ရယ်မောကာ လက်လွှတ်လိုက်သည်။ သူက တာအိုပင်လယ်ထဲအတွင်း လှည့်ပတ်ကူးခတ်​ပြီး ကျောက်စိမ်းပြားများကို စစ်ဆေးရင်း တစ်ခုကို ထိလိုက်တိုင်း သူ၏ လက်ချောင်းများမှ ချီစွမ်းအင်များ ထုတ်လွှတ်ပြီး ကျောက်စိမ်းပြားနှင့် ပေါင်းစပ်သွားသောအခါ နူးညံ့သိမ်မွေ့သော စာလုံးများ ပေါ်ထွက်လာသည်။ သို့သော် ကျောက်စိမ်းပြားတစ်ခုနှင့်တစ်ခု မပြောင်းလဲခင် သူက ခဏလေးသာ ကိုင်ထားခဲ့၏။

တာအိုပင်လယ်၏ အလယ်ဗဟိုတွင် နဂါးအဆင့်တွင် အဆင့်သတ်မှတ်ခံထားရသော လေမီးကပ်ဘေးနယ်ပယ်မှ ထိပ်ဆုံးတပည့်များသည် အများအားဖြင့် ကျောက်စိမ်းပြားတစ်ခုကို ဆုပ်ကိုင်ထားပြီး နက်ရှိုင်းစွာ စဉ်းစားတွေးခေါ်ရင်း နစ်မျောနေခဲ့ကြပြီး ပုံမှန်အားဖြင့် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာပင် ကြာရှည်တတ်သည်။

"သူက ဘာလုပ်နေတာလဲ"

"သူက နမူနာတွေ လိုက်ကြည့်နေတာ မဟုတ်လား။ ကြယ်ပွင့်အဆင့် တာအိုမှော်ကျင့်စဉ်ကိုတောင် ဆယ့်ငါးမိနစ်အတွင်း နားမလည်နိုင်ဘူးထင်တယ်"

မဟာကျောင်းတော်၏ တပည့်များအတွက် ယွမ်ရှောင်၏ လုပ်ဆောင်မှုများသည် အတော်လေး ငြီးငွေ့စရာပင်။

"ဓားဧကရာဇ်က တာအိုပင်လယ်ကို ခဏတာ လည်ပတ်ဖို့အတွက် စိတ်ကျောက်တုံး သန်းတစ်ရာ ဖြုန်းတီးလိုက်တာလား။ တာအိုမှော်ကျင့်စဉ်ကိုတောင် နားလည်ကြည့်ဖို့ မစွန့်စားရဲဘူးလား"

မူရွှေဖန်းက ယွမ်ရှောင်သည် တာအိုပင်လယ်ကို အလဟဿ မွှေနှောက်ရန်သာ ရှိနေသည်ဟု ပို၍ ယုံကြည်လာ၏။ ယွမ်ရှောင်၏ ပေါ့ပေါ့ပါးပါး ကြည့်ရှုမှုနှုန်းက မြန်ဆန်လာပြီး နောက်ပိုင်းတွင် သူသည် ကျောက်စိမ်းပြား အများအပြားကို တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ပြီး မလွှတ်ခင် အနည်းငယ်သာ ထိလိုက်သည်။ သူက တခြားသူများ ကိုင်ဆောင်ထားသော ကျောက်စိမ်းပြားများကိုပင် ရဲရဲတင်းတင်း လုယူဆုပ်ကိုင်ခဲ့သော အကြိမ်အနည်းငယ် ရှိခဲ့ပြီး မဟာကျောင်းတော်၏ ကျင့်ကြံသူများ အများအပြားကို မျက်မှောင်ကြုတ်စေခဲ့သည်။ ထို့နောက် သူက တာအိုပင်လယ်၏ အလယ်ဗဟိုသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီးဤနေရာသည် အဆင့်မြင့်သော တာအိုမှော်ကျင့်စဉ်များ အားလုံး ရှိသည့် နေရာပင်။

မူလင်က မြူခိုးများ ဝန်းရံထားပြီး နဖူးပေါ်တွင် ချွေးစက်များ ရှိနေကာ ရေခဲပြာရောင် ကျောက်စိမ်းပြားတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ထိုအချိန်၌ သတ်မှတ်ထားသော ဆယ့်ငါးမိနစ်၏ တစ်ဝက်သည် ကျော်လွန်သွားပြီဖြစ်သည်။

"ဒီကောင်က တာအိုပင်လယ်ထဲက မှော်ကျင့်စဉ်တိုင်းကို နမူနာယူပြီးပြီ မဟုတ်လား"

"ဓာတ်ကျမ်းတော် တစ်ခုတည်း ကျန်တော့တယ်"

"သူက နမူနာယူခြင်းဆိုတဲ့ စကားလုံးကို အဆင့်သစ်တစ်ခုအထိ ရောက်သွားစေသည်"

မဟာကျောင်းတော် တပည့်များသည် မယုံကြည်နိုင်သော်လည်း သူ့ကို လှောင်ပြောင်ရယ်မောနေကြသည်။

"သူ့အိတ်ကပ်ထဲမှာ စိတ်ကျောက်တုံး ဘီလီယံအနည်းငယ် မရှိဘူးဆိုရင် ဒီလို ပိုက်ဆံဖြုန်းနေမှာ မဟုတ်ဘူး"

သူတို့ ခံစားရသည်မှာ အလွန်ကြီးမားသော မနာလိုစိတ်သာ ဖြစ်သော်လည်း မူရွှေဖန်း ဦးဆောင်သော ကျောင်းသားအုပ်စုတစ်စုက တင်းမာလာကြပြီး အကြောင်းအရင်းမှာ ယွမ်ရှောင်သည် မူလင်ရှေ့တွင် ရပ်တန့်လိုက်သောကြောင့်ပင်။

"မဟုတ်တာတစ်ခုခု လုပ်ရင် တာအိုသူ့ကို ချက်ချင်း ဖယ်ရှားလိုက်ပါ ဆရာမချန်"

မူရွှေဖန်း၏ မျက်လုံးများက ကြိုတင်မခန့်မှန်းနိုင်သော အမူအရာဖြင့် မည်းနက်သွားသည်။

"ဖယ်ရှားရမယ် ဟုတ်လား။ ငါ့ကိုယ်ငါ သတ်​သေခိုင်းနေတာလား"

"မင်းက လေးစားထိုက်တဲ့ တာအိုဆရာမတစ်ယောက်ဖြစ်ပြီး ကျောင်းသားတစ်ယောက်ကိုတောင် ကြောက်နေတာလား"

မူရွှေဖန်း၏ မျက်နှာက ဒေါသကြောင့် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။

"ငါ့အစ်ကိုလည်း မကြောက်တတ်ခဲ့ပေမယ့် အဆုံးမှာ သေခြင်းတရားနဲ့ တွေ့ဆုံခဲ့ရတယ်

။ သခင်လေး၊ ဒီတစ်ခေါက်တော့ မင်းအဖေကို ခေါ်လိုက်တာ အကောင်းဆုံး ဖြစ်နိုင်တယ်"

သူမက မူရွှေဖန်းကို တီးတိုးပြောလိုက်သည်။

"အသုံးမကျဘူး။ မင်းကို ဒီမှာ ဘာအတွက် ထားတာလဲ မေ့နေပြီလား။ မဟာကျောင်းတော်ကနေ နှင်ထုတ်ခံရဖို့ ပြင်ဆင်ထားလိုက်"

မူရွှေဖန်းက အေးစက်သော အသံဖြင့် ခြိမ်းခြောက်လိုက်သောကြောင့် ချန်မြောင်သည် အချဉ်များကို တစ်ချက်တည်း မျိုချလိုက်ရသည့်အလား ရှုံ့မဲ့သွားသည်။ တစ်ချိန်တည်းမှာပင် ယွမ်ရှောင်သည် ဓာတ်ကျမ်းတော်၏ သတ္တု၊ သစ်သား၊ မီးနှင့် မြေကြီး ဓာတ်စင်များကို ဖော်ပြထားသည့် ကျောက်စိမ်းပြားလေးခုကို စူးစမ်းပြီးဖြစ်သည်။ ဤလေးခုကို လေ့လာရာတွင် အသက်ရှုချိန်နှစ်ကြိမ်ခန့် ကြာပြီး ထိုလုပ်ငန်းစဉ်အတွင်း မျက်ခုံးပင် ပင့်လိုက်မိ၏။ မူလင်၏ နူးညံ့သိမ်မွေ့သော လက်များတွင် လုံခြုံစွာ ရှိနေသော မှော်ကျင့်စဉ်တစ်ခုသာ ကျန်တော့သည်။ ဖုံးလွှမ်းနေသော မြူခိုးများကြားတွင် မျက်လုံးများ မှိတ်ထားသော အသက်ရှုမှားလောက်အောင် လှပသည့် အမျိုးသမီးငယ်တစ်ဦး ရပ်နေကာ ခန္ဓာကိုယ်ကို နှင်းကဲ့သို့ အစက်အပြောက်များ ဖုံးလွှမ်းထားပြီး စိုစွတ်မှုကြောင့် ဝတ်စုံက ချပ်ချပ်ကပ်ကပ်ဖြစ်နေပြီး ဆွဲဆောင်အားပြင်းထန်နေခဲ့သည်။

"တော်တော် လှတယ် မလား။ သူမက မှားယွင်းတဲ့ လူတစ်ယောက်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာ နှမြောစရယ"

ကြယ်ပြာက မှတ်ချက်ပြုပေးလိုက်ပြီး ထိုအချိန်တွင် စောင့်ကြည့်နေသော မဟာကျောင်းတော် တပည့်များ၏ နှလုံးများက လည်ချောင်းအတွင်း ခုန်တက်လာပုံရသည်။

"သူက သူမကို အနှောင့်အယှက်ပေးဖို့ သတ္တိရှိနိုင်လား"

"သူသာ တကယ် လုပ်ရင် ဂရုမစိုက်တာထက် ကျော်လွန်သွားပြီ။ ကျင့်ကြံသူတွေက ဂုဏ်သိက္ခာရှိစွာ ပြုမူသင့်တယ်။ ဒီလို ရှက်စရာ လုပ်ရပ်က ငါတို့ရဲ့ နည်းလမ်း မဟုတ်ဘူး"

လူတိုင်း၏ မျက်လုံးများက မူလင်ရီနှသ့် သုံးပေအကွာတွင် ခံစားချက်မဲ့စွာ ရပ်နေသော ယွမ်ရှောင်ကို စိုက်ကြည့်နေကြသည်။ သူတို့ ကြောက်လန့်နေခဲ့သည့်အတိုင်း သူက သူမထံ လက်ကို ဆန့်ထုတ်လိုက်သောကြောင့် မူရွှေဖန်း၏ မျက်လုံးများတွင် ဒေါသမီး တောက်လောင်သွားသည်။

"ရပ်လိုက်စမ်း"

"သူ့ဘာသာ မကျင့်ကြံနိုင်တော့ တခြားသူတွေကို ဟန့်တားဖို့ ကြိုးစားနေတာလား။ ဒီလုပ်ရပ်က တားမြစ်ထားတာပဲ။ ဒီလိုအောက်တန်းစားမျိုးကို မဟာကျောင်းတော်ရဲ့ မြင့်မြတ်တဲ့ မြေပြင်မှာ တည်ရှိခွင့် မပေးသင့်ဘူး"

ယွမ်ရှောင်၏ လက်ချောင်းများက ကျောက်စိမ်းကို ထိလိုက်ပြီး ရေအလင်းတန်းများသည် မူလင်ထံမှ တဆင့် စီးထွက်လာကာ ယွမ်ရှောင်၏ လက်တစ်လျှောက် နဂါးတစ်ကောင်ပမာ ကူးပြောင်းလာခဲ့သည်။

"ဘာဖြစ်တာလဲ"

သူမ၏ မျက်နှာက တစ္ဆေကဲ့သို့ ဖြူဖျော့သွားကာ မျက်လုံးများ ဖွင့်လိုက်သောအခါ ရှေ့တွင် ရပ်နေသည့် အဖြူရောင် ဝတ်စုံနှင့် ချောမောသော လူငယ်ကို တွေ့လိုက်သည်။

"မူလင်၊ ငါ မဟာကျောင်းတော်မှာ စာရင်းသွင်းဖို့ လာခဲ့တယ်။ မင်းကို အကြာကြီး စောင့်နေရအောင် မလုပ်မိဘူးလို့ မျှော်လင့်တယ်"

ယွမ်ရှောင်က တစ်ချက် ပြုံးကာ ပြောလိုက်သောအခါ သူမက သူ့ကို ဝန်းရံနေသော မြူခိုးများကို ကြည့်ပြီး လက်ထဲမှ ကျောက်စိမ်းကို တဖန်ပြန်ကြည့်လိုက်မိသည်။ အင်အားတစ်ခုက ပါးစပ်အတွင်းမှ တွန်းထွက်လာသောကြောင့် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ တာအိုပင်လယ်အတွင်းမှ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ပေါ်လာကာ အသက်ရှူကြပ်၍ အသက်ရှူမဝဖြစ်နေသည်။

"ဒါပဲလား။ မင်းက ဒီလောက်တောင် အရည်အချင်း မရှိဘူးလား"

ယွမ်ရှောင်က လှောင်ပြောင်လိုက်သည်။

"လူယုတ်မာ"

သူမ၏စိတ်တွင် အတိတ်မှ ရန်ငြိုးနှင့် လက်ရှိဒေါသများက ပြည့်လျှံလာပြီး မျက်ရည်များ စီးကျလာသည်။ လေမီးကပ်ဘေးနယ်ပယ် ကျင့်ကြံမှု၏ စွမ်းအားကို အသုံးချကာ သူမက ချက်ချင်းပင် တိုက်ခိုက်လိုက်ပြီး တစ်ခဏအတွင်း သတ်ဖြတ်ရန် ယွမ်ရှောင်ထံ တိုက်ရိုက်ဦးတည်၍ ရေနဂါးတစ်ကောင်ပုံစံ ဖန်တီးခဲ့၏။

"ပျော်စရာကောင်းတယ်"

အေးစက်သော အပြုံးဖြင့် ယွမ်ရှောင်၏ လက်ချောင်းများက ရွေ့လျားသွားကာ ရှေ့တည့်တည့်တွင် အကာအကွယ်တစ်ခုအဖြစ် ရေခဲမြူကို ဆင့်ခေါ်လိုက်သည်။ ထိုအကာအကွယ်ပေါ်တွင် ရေသင်္ကေတသည် လိမ်ယှက်နေသော နဂါးများ ထုတ်ဖော်ကာ မူလင်ရီကို ခြိမ်းခြောက်စွာ စိုက်ကြည့်လိုက်သည်။

ဘုန်း

ရေလှိုင်းများက ပေါက်ကွဲသွားပြီး ရှုပ်ထွေးနေသည့် အခြေအနေမှ ပုံရိပ်တစ်ခုသည် ချန်ရီနံဘေးသို့ ကျက်သရေရှိစွာ ရောက်ရှိလာခဲ့၏။ ဤအရာအားလုံးသည် ခဏလေးအတွင်း ဖြစ်ပျက်ခဲ့ပြီး လူတိုင်းက မူလင်ရီ၏ ဒေါသတကြီး တိုက်ခိုက်မှုကို မြင်ခဲ့ကြသော်လည်း ယွမ်ရှောင်က အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

"ညီမလေး။ သူက မင်းရဲ့ ဉာဏ်အလင်းကို ဖျက်ဆီးလိုက်တာ၊ ဘာလို့ မင်းက အစွမ်းကို ပြန်ထိန်းလိုက်တာလဲ"

မူရွှေဖန်းက မယုံကြည်နိုင်စွာ အော်လိုက်သည်။

"အဲဒါက ရေမြူအကာအကွယ်လား"

ရေထဲမှ ကမ်းစပ်သို့ ရွေ့လျားလာသော မူလင်ရီသည် ယွမ်ရှောင်ကို အေးစက်စွာ စိုက်ကြည့်ရင်း သူမ၏ စိတ်က ရှုပ်ထွေးနေသည်။ ပတ်ဝန်းကျင်ရှိ မဟာကျောင်းတော် တပည့်များက ရေလှိုင်းကြီးကြောင့် အံ့အားသင့်သွားပြီး အသေးစိတ်အချက်အလက်များကို မသိခဲ့ကြသော်လည်း သူမအနေဖြင့် မြင်နိုင်စွမ်းရှိခဲ့သည်။ ယှက်နွယ်နေသော နဂါးများဖြင့် ပြုလုပ်ထားသော ရေဒိုင်းကာသာ မရှိခဲ့လျှင် သူမ၏ ဒေါသတကြီး တိုက်ခိုက်မှုက ယွမ်ရှောင်ကို သတ်ပစ်နိုင်ခဲ့လိမ့်မည်။

"မဖြစ်နိုင်ဘူး။ သူက မဟာကျောင်းတော်ကို အရင်က မရောက်ဖူးဘူး။ ဓာတ်ကျမ်းတော်ကို ဘယ်လို သိနိုင်မှာလဲ။ ဒါ့အပြင် သူ့ရဲ့ မှော်ကျင့်စဉ်က အဖေ ဒါမှမဟုတ် အဘိုးရဲ့ ရေဒိုင်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ အဲ့တာက ကမ္ဘာကို တုန်လှုပ်စေနိုင်လောက်တဲ့ အငွေ့အသက် မရှိဘူး"

အတိတ်မှ ရန်ငြိုးများနှင့် ရန်ငြိုးအသစ်က သူမ၏ နှလုံးသားကို လေးလံစွာ ဖိစီးနေသည်။

"မင်းက အောက်တန်းကျပြီး ငါ့ရဲ့ ဉာဏ်အလင်းကို အနှောင့်အယှက်ပေးရဲတယ်လား။ ဒီလုပ်ရပ်က မဟာကျောင်းတော်၏ စည်းမျဉ်းကို ချိုးဖောက်တာပဲ။ မင်းကို အပြစ်ပေးဖို့အတွက် စည်းကမ်းထိန်းသိမ်းရေး ခန်းမကို ငါ တိုင်ကြားမယ်"

သူမက အေးစက်စွာ သတိပေးလိုက်၏။

"မှန်တယ်"

"ငါတို့က ဒါကို လျှော့ပေးလိုက်ရင် မနာလိုတဲ့ ဘယ်သူမဆို အနာဂတ်မှာ ဒီလိုအောက်တန်းကျတာမျိုး လုပ်နိုင်တယ်"

တပည့်ရာချီ၏ ဒေါသတကြီး အသံများက ပြိုင်တူထွက်ပေါ်လာပြီး ယွမ်ရှောင်ကို လက်ညှိုးထိုးရင်း အော်ဟစ်နေကြသည်။

"အဲဒီ အောက်တန်းစားက မဟာကျောင်းတော်၊ ပညာရှင်တစ်ယောက်ရဲ့ မြင့်မြတ်တဲ့ အပြုအမူကို ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ"

မူရွှေဖန်းက အလွန်အထင်သေးနေဟန်ဖြင့် ကဲ့ရဲ့လိုက်သည်။

"မင်းတို့ အားလုံး ရူးနေကြတာလား။ သူက တရားဝင် စာရင်းမသွင်းရသေးတဲ့အတွက် မဟာကျောင်းတော်ရဲ့ စည်းမျဉ်းတွေနဲ့ မသက်ဆိုင်ဘူး။ သူ့ကို ဘယ်လိုအပြစ်ပေးမှာလဲ"

ယွမ်ရှောင်ဘေးတွင် ရပ်နေသော ချန်ရီက လူအုပ်ကို အေးစက်စွာ စိုက်ကြည့်၍ လှောင်ရယ်လိုက်သဖြင့် မူလင်ရီနှင့် အခြားသူများ ရုတ်တရက် ဆွံ့အကုန်သည်။

"ကောင်းပြီ၊ ဒါဆို သူ စာရင်းသွင်းပြီးရင် အပြစ်ပေးခံရမယ်"

မူရွှေဖန်းက ပြန်ပြောလိုက်သည်။

" သူက စာရင်းသွင်းမှာ မဟုတ်ဘူး"

ချန်ရီက သူမ၏ ခင်ပွန်းကို ကာကွယ်ရန်အတွက် ရှင်းရှင်းလင်းလင်း ရပ်တည်နေသည်။

"ပိုကောင်းတာပေါ့။ ဒီလို နိမ့်ကျတဲ့ လူယုတ်မာက မြင့်မြတ်တဲ့ မဟာကျောင်းတော်နဲ့ မထိုက်တန်ဘူး။ ဒီငါးရံ့တစ်ကောင်ကြောင့် အရာအားလုံး ပျက်စီးလို့ မဖြစ်ဘူး"

"ဟုတ်တယ်"

မူရွှေဖန်း၏စကားကို လူအုပ်က ချက်ချင်း သဘောတူ ထောက်ခံခဲ့ကြသည်။

"ရွှေဖန်း၊ လွှတ်ထားလိုက်။ အဖေက သူ့အတွက် ထောင်ချောက်တစ်ခုကို စီစဉ်ပြီးသား"

မူလင်က သူ့အနားကပ်ကာ တီးတိုးပြောလာခဲ့သည်။သည်။

"အကြီးအကဲတွေမှာ အစီအစဉ်တစ်ခု ရှိတာလား"

"အတိအကျပဲ"

"ကောင်းပြီလေ..."

မူရွှေဖန်း၏ မျက်နှာက မည်းနက်သွားကာ နောက်ထပ် စကားတစ်လုံးမှ မပြောဘဲလှည့်ထွက်သွားခဲ့သည်။

"နင်က မဟာကျောင်းတော်မှာ စာရင်းသွင်းဖို့ စဉ်းစားနေတုန်းလား"

ချန်ရီက ယွမ်ရှောင်ကို မေးလိုက်ခြင်းဖြစ်သည်။

"စာရင်းသွင်းရင် ငါ့အတွက် ဘာအကျိုးအမြတ်တွေ ရှိမှာလဲ"

"မဟာကျောင်းတော်ရဲ့ မှော်ကျင့်စဉ်တွေ၊ လျှို့ဝှက်ချက်နဲ့ ရတနာတွေက မူမျိုးနွယ်ရဲ့ သီးသန့်ပိုင်ဆိုင်မှု မဟုတ်ဘူး။ သူတို့က အင်မော်တယ်ပြည်ထောင်ရဲ့ ပိုင်ဆိုင်မှုပဲ။ မဟာကျောင်းတော်မှာ စာရင်းသွင်းရင် နင့်ရဲ့ ဝေစုကို တရားဝင် တောင်းဆိုနိုင်တယ်"

ချန်ရီက ရှင်းပြလိုက်သောအခါ ယွမ်ရှောင်၏မျက်လုံးများ ဝင်းလက်လာကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် အဲဒီ မောင်နှမနှစ်ယောက်က ရုတ်တရက် နောက်ဆုတ်သွားလို့ လာမယ့် စမ်းသပ်မှုမှာ နင့်ကို ထောင်ချောက်ဆင်ထားလောက်တယ်"

"ထောက်ချောက်လား။ ဒါဆိုရင်လည်း နည်းနည်းလောက် ကစားပေးရသေးတာပေါ့"

ယွမ်ရှောင်က ထီမထင်ဟန်ဖြင့် ရယ်မောကာ တည်ငြိမ်စွာ ရှိနေခဲ့လေသည်။

All Chapters