ဓာတ်ကျမ်းတော်၏ အစွမ်း
Vol. 12 Ch. 151-ခ
"ငါက ဒီနေ့ ဓားကို ဆွဲထုတ်မှာ မဟုတ်ဘူး"
ယွမ်ရှောင်က ရုတ်တရက် ကြေညာလိုက်သည်။
"ဓားမထုတ်ဘူးလား။ ဒါဆို မင်းက ဘယ်လိုတိုက်ခိုက်မှာလဲ"
မူရွှေဖန်းက ကဲ့ရဲ့လိုက်သည်။
"မင်းသိလား၊ ငါကိုယ်တိုင်က တာအိုဆရာကြီးတစ်ယောက်ပဲ"
ယွမ်ရှောင်က ငြိမ်သက်သော ရေကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သောအခါ လူအုပ်ကို မင်သက်သွားစေသည်။
"မယုံဘူးလား"
ယွမ်ရှောင်က စိန်ခေါ်လိုသော အကြည့်နှင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"တိုက်ခိုက်စမ်း"
မူရွှေဖန်းသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ယွမ်ရှောင်က ယဲ့ရှင်းချန် ပြောသည့်ပုံစံကို တမင်တကာ အတုယူနေသကဲ့သို့ ခံစားလိုက်ရသဖြင့် စော်ကားနေခြင်းပင်။ မူရွှေဖန်း၏ အမိန့်အရ အနီရောင်ဆံပင်နှင့် လူငယ်သည် မီးလျှံများ ဖုံးလွှမ်းထားသော သရဲမျက်နှာ မျောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့ဘေးတွင် သွေးမြူများဖြင့် ဖုံးလွှမ်းထားသော သွေးနတ်ဆိုး၊ လူမျက်နှာ နတ်ဆိုးပင့်ကူအမည်းနှင့် မှောင်မိုက်သစ်သားနတ်ဆိုးတို့ ရပ်နေကြသည်။
"မုန်တိုင်း၊ ထွက်ပေါ်လာစမ်း"
ခေါက်ယပ်တောင်ကို လှုပ်ခါလိုက်သောအခါ မူရွှေဖန်းထံမှ ယွမ်ရှောင်ဆီသို့ တဟုန်ထိုး တိုက်ခိုက်သွားသည့် မုန်တိုင်းတစ်ခုကို ဆင့်ခေါ်ခဲ့သည်။ အချိန်ခဏလအတွင်း အန္တရာယ်များသည် ဘက်ပေါင်းစုံမှ ချဉ်းကပ်လာကာ အင်မော်တယ်နှင့် နတ်ဆိုးသွေးကြောနယ်ပယ်ရှိ ထူးချွန်သော ပါရမီရှင်များသည် အနည်းငယ်မျှပင် ထိန်းချုပ်ထားခြင်း မရှိသည်မှာ ရှင်းလင်းနေကာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
"ငါက တာအိုပင်လယ်ထဲမှာ မူလင်ကို နှောင့်ယှက်ဖို့သက်သက် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဖြုန်းတီးခဲ့တယ်လို့ ထင်နေတာလား"
ယွမ်ရှောင်သည် တစ်ချက်ပြုံး၍ သူ၏ မျက်လုံးများတွင် ပြင်းထန်သော အနီရောင်မီးလျှံ တောက်လောင်လာသည်။ နဂါးကိုးကောင် ဒန်တန်အတွင်း နဂါးနယ်ပယ်၏ စွမ်းအားက ပြင်းထန်သော အရှိန်ဖြင့် ထွက်ပေါ်လာသည်။
"ဓာတ်ကျမ်းတော်၊ မီးနတ်ဘုရား၏ အမျက်တော်ဂါထာ"
ချီစွမ်းအင်က ရစ်ပတ်ထားသော မီးမြွေများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးမှ ပြင်းထန်သော မီးဓာတ်ကို လမ်းကြောင်းပြောင်းကာ သူ၏ လက်ချောင်းထိပ်များတွင် စုစည်းလာစေခဲ့သည်။ လူတိုင်း၏ အောက်တွင် မီးတောက်နေသော ငါးထောင့်ကြယ်တစ်ခု ရုတ်တရက် ပေါ်လာကာ ဝုန်းခနဲမြည်သံနှင့်အတူ မရေမတွက်နိုင်သော မီးလျှံများကို ထုတ်လွှတ်လိုက်သည်။
"တံဆိပ်ခတ်လိုက်စမ်း"
ယွမ်ရှောင်က သူ၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ မီးတောက်နေသော ထိုအစီအရင်အထက်တွင် မီးပင်လယ်ကြီးတစ်ခု ပေါင်းစည်းကာ နဂါးပုံရိပ်ရာပေါင်းများစွာ ဟိန်းဟောက်နေသော ကြီးမားသည့် မီးလုံးတစ်ခုကို ဖြစ်ပေါ်လာခဲ့သည်။
"ဘာ"
မဟာကျောင်းတော်၏ တပည့်များက အံ့အားသင့်မှုကြောင့် အသက်ပင်မရှူနိုင် ဖြစ်ကုန်သည်။ ယွမ်ရှောင်၏ အကြည့်က ချဉ်းကပ်လာသော နတ်ဆိုးသားရဲလေးကောင်ကို စိုက်ကြည့်နေပြီး လူသတ်ချင်ပုံရှိသည်။
"လူသားကိုအတုယူတဲ့ မျောက်တွေ၊ရယ်စရာကောင်းလိုက်တာ"
ဟိန်းသံတစ်ချက်နှင့်အတူ သူက မီးနတ်ဘုရား၏ အမျက်တော်ကို ပစ်လွှတ်ပြီး နတ်ဆိုးတစ်ဦးစီကို ပစ်မှတ်ထားရန် လေးခုအဖြစ် ပိုင်းခြားလိုက်သည်။နတ်ဆိုးလေးကောင်သည် မီးလျှံများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားပြီး သူတို့၏ အော်ဟစ်သံများက ပြာအဖြစ် လောင်ကျွမ်းသွားသည့်တိုင်အောင် ကျယ်လောင်နေခဲ့သည်။
"ဒါက ဘယ်လို မှော်ဂါထာအမျိုးအစားလဲ..."
အသတ်ခံလိုက်ရသော်လည်း သူတို့၏စိတ်နှလုံးသည် တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းများဖြင့် ကွဲအက်သွားသည်။ သူတို့သည် မဟာကျောင်းတော်တွက် နှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တစ်ခါမျှ မမြင်ဖူးကြပေ။ ၎င်းက မဟာကျောင်းတော်တွင် ရိုသေလေးစားခံရသော နဂါးငွေ့တန်းအဆင့် တာအိုဂါထာ ဓာတ်ကျမ်းတော်ဖြစ်ပြီး ဓာတ်စင်ငါးခု၏ အထွတ်အထိပ်ပင်။
ဘုန်း
ယွမ်ရှောင်က မီးနတ်ဘုရား၏ အမျက်တော်ဖြင့် နတ်ဆိုးတပည့် လေးဦးကို ဖျက်ဆီးသတ်ပစ်ခဲ့ပြီး ပြင်းထန်လွန်းသောကြောင့် သူကိုယ်တိုင်ပင် ဂါထာ၏ အနှစ်သာရကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။
ဝှစ်
သူ၏ လက်ကို လှုပ်ခါလိုက်သောအခါ မဟာကျောင်းတော် ခန်းမအတွင်း တောက်လောင်နေသည့် ငရဲမီးတောက်များ ခဏအတွင်း စုပ်ယူခံလိုက်ရပြီး ကိုယ်တွင်းသို့ ချီစွမ်းအင်အားလုံး ပြန်ရောက်သွားသည်။ သူ့ရှေ့တည့်တည့်တွင် မူရွှေဖန်းတစ်ဦးတည်းသာ ကျန်ရစ်ပြီး ကြောက်စိတ် ရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းပြီး မျက်လုံးများ ပြူးထွက်၍ ချွေးများ ရွှဲနစ်နေသည်။ တိတ်ဆိတ်မှုက ခန်းမတစ်ခုလုံးကို ဝါးမျိုသွားကာ မဟာကျောင်းတော်၏ အဖွဲ့ဝင်များသည် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။
"ဒါက... ဓာတ်ကျမ်းတော်လား"
"ဖြစ်နိုင်တယ်"
"သူက ဒါကို အရင်က လေ့ကျင့်ခဲ့ဖူးတာလား"
"ဆယ့်ငါးမိနစ်အတွင်း ဒါကို သင်ယူခဲ့တာ မဖြစ်နိုင်ဘူး မဟုတ်လား"
မူလင်ရီ၏ မျက်နှာက ရှုပ်ထွေးနေပြီး တာအိုပင်လယ်တွင် ယွမ်ရှောင် ဆင့်ခေါ်ခဲ့သော ရေမြူအကာအကွယ်ကို ပြန်လည် သတိရသွားကာ အံ့အားသင့်နေခဲ့၏။
သူမ သာမက ချန်ရီပင် အံ့အားသင့်နေပြီး အတွေးများ ရှုပ်ယှက်ခတ်နေကာ အဖြူရောင် လူငယ်၏ နောက်ကျောကို စိုက်ကြည့်ရင်း ထူးဆန်းကြောင်း တီးတိုးပြောလိုက်သည်။
"နင်က အဲဒီ ဆယ့်ငါးမိနစ်အတွင်း တာအိုပင်လယ်ရဲ့ ဂါထာအားလုံးကို သင်ယူခဲ့တယ်လို့ မပြောနဲ့နော်။ အရေအတွက်က ရာပေါင်းများစွာတောင် ရှိတယ်"
ချန်ရီက ယွမ်ရှောင်အနား ကပ်သွားကာ လက်မောင်းကို ဆုပ်ကိုင်၍ အရေးတကြီး မေးလိုက်ခြင်းဖြစ်၏။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါက အဲဒါတွေကို အချိန်အတော်ကြာ သင်ယူခဲ့ဖူးတယ်။ မူတန်းရှီ က ငါ့ရဲ့ တရားမဝင် သားပဲ"
ယွမ်ရှောင်က ရယ်မောရင်း ပြန်ဖြေလာခဲ့သောအခါ ဤအချိန်မျိုး၌ပင် ဟာသလုပ်နေသဖြင့် ချန်ရီမှာ ကြောင်ကြည့်နေမိသည်။
လီရှီရှီက မူတန်းရှီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့ကို ကစားနေတာလား"
"မဖြစ်နိုင်ဘူး"
မူတန်းရှီက အားလုံးထဲတွင် အံ့အားသင့်ဆုံး ဖြစ်သည်။ ယွမ်ရှောင်သည် ဓာတ်ကျမ်းတော်ကို အရင်က ထိတွေ့ခဲ့ခြင်း မရှိသည်ကို သူက လူတိုင်းထက် ပိုသိထားကာ ဆယ့်ဆယ့်ငါးမိနစ်အတွင်း သင်ယူလိုက်ခြင်းကြောင့် မယုံနိုင်ဖြစ်နေသည်။
"ငါ နောက်မှ ရှင်းပြမယ်"
"ရွှေဖန်း၊ ဒီကို တက်လာခဲ့"
မူတန်းရှီက နတ်ဆိုးမကို နှစ်သိမ့်၍ သူ၏ သားကို အလောတကြီး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ အဖေ"
မူရွှေဖန်းသည် သူ၏ စိတ်ဓာတ်ကို ဆုံးရှုံးပြီးဖြစ်ကာ ကြောက်ရွံ့နေကာ နဂါးငွေ့တန်းအဆင့် ဓာတ်ကျမ်းတော်၏ စွမ်းရည်သည် အားနည်းသော စွမ်းအင်ဖြင့် ထုတ်သုံးလျှင်ပင် အင်မော်တယ်သွေးကြောနယ်ပယ်ရှိ တစ်စုံတစ်ဦး တန်ပြန်တိုက်ခိုက်နိုင်သည့် အရာမျိုး မဟုတ်ပေ။
"အနည်းဆုံး ဒီကောင်က ငါတို့ မူမျိုးနွယ်ကို လေးစားတယ်။ သူက နတ်ဆိုးတွေကိုသာ သတ်ရဲခဲ့တယ်၊ ငါ့ကို မဟုတ်ဘူး"
မူရွှေဖန်းက စိတ်အေးသွားကာ လျင်မြန်စွာ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ၏ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့်တပြိုင်နက် မြေအောက်မှ သစ်သားနွယ်ပင် ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ဓားများကဲ့သို့ တစ်ကိုယ်လုံး ထိုးဖောက်၍ ဖမ်းဆီးခံခဲ့ရ၏။ သူ၏ မျက်လုံးများက ပြူးထွက်လာပြီး မျက်လုံးများမှ မြင်နေရသည့် တဖြည်းဖြည်း မည်းမှောင်လာသည့် မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ရင်း အသက်ထွက်သွားခဲ့သည်။
"ဒီလောက်ဆိုရင် ဝင်ခွင့် စမ်းသပ်မှုက ပြီးဆုံးသွားပြီ မဟုတ်လား။ ပြောစမ်းပါဦး မူတန်းရှီ၊ ငါ့ရဲ့ ရိုင်းစိုင်းတဲ့ အစွမ်းက ကြီးကျယ်ပြီး ဖြောင့်မတ်တဲ့ မဟာကျောင်းတော်မှာ နေရာတစ်ခုရဖို့ ထိုက်တန်ရဲ့လား"
မူရွှေဖန်း၏ အနောက်တွင် ယွမ်ရှောင်က သူ၏ လက်များကို ဖုန့်ခါသကဲ့သို့ လှုပ်ယမ်းကာ မူတန်းရှီထံ ထီမထင်ဟန်ဖြင့် ပြုံးပြလိုက်သည်။ ဓာတ်ကျမ်းတော် က မဟာကျောင်းတော်၏ ယုံကြည်ခြင်းနှင့် ၎င်း၏ အခြေခံအုတ်မြစ်အတွက် အခြေခံအကျဆုံး တာအိုဂါထာဖြစ်သည်။ ၎င်းကို အသုံးပြုကာ ယွမ်ရှောင်သည် ပထမဦးစွာ နတ်ဆိုးတိုက်ကြီးမှ ဖလှယ်ရေး တပည့်များကို သတ်ပစ်ခဲ့ပြီးနောက် မူတန်းရှီ၏ သားကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် သူက ၎င်းကို ရိုင်းစိုင်းသည်ဟု တံဆိပ်ကပ်ကာ မေးခွန်းထုတ်လိုက်သောကြောင့် စကားလုံးတိုင်းမှာ မူတန်းရှီ၏ရင်ဘတ်ကို ဓားနှင့် ထိုးနှက်ခြင်းဖြင့် တူညီသည်။ မဟာကျောင်းတော်၏ တပည့် လူသားတစ်ဦးနှင့် နတ်ဆိုးလေးကောင်ကို သတ်ပစ်ပြီးနောက် ဆက်လက်ရန်စရန်အတွက် သူက သွေးကြောင်မနေခဲ့ချေ။
"သူက ရဲရင့်ပေမယ့် အခု သေချာပေါက် သေတော့မှာပဲ"
မဟာကျောင်းတော်၏ တပည့်အများအပြားက ယွမ်ရှောင်ကို အမြင်သစ်တစ်ခုဖြင့် စတင်ရှုမြင်လာကြပြီး တုန်လှုပ်ခြင်းနှင့် အံ့အားသင့်ခြင်းအပြင် တင်းမာသော အခြေအနေကြောင့် တုန်လှုပ်နေကြ၏။ အကြောင်းမှာ မူမျိုးနွယ်နှင့် ရဲတော်ဝင် မိသားစုက ထိန်းချုပ်ထားသော ပညာရှင်အဖွဲ့ဟု ခေါ်သော ဤလူစုသည် သဘောကောင်းသည့် အဖွဲ့အစည်း မဟုတ်သောကြောင့်ပင်။ လှပကျော့ရှင်းသော ဝတ်ရုံများအောက်တွင် အသက်အန္တရာယ်ပေးနိုင်သော လက်နက်မျိုးစုံ ပုန်းအောင်းတည်ရှိနေသည်။
အချိန်ခဏအတွင်း မှော်ရတနာ အများအပြားက တိုက်ခိုက်သတ်ဖြတ်ရန်အတွက် ယွမ်ရှောင်ကို ဝန်းရံထွက်ပေါ်လာပြီး လေ၊ မီး၊ မြေကြီး၊ ရေ၊ လျှပ်စီး၊ နှင်းနှင့် ရေခဲဓာတ်စင်များကြောင့် ပရိသတ်များကို မျက်စိကျိန်းစေကာ အပေါ်၊ အောက်နှင့် ပတ်ပတ်လည်၌လည်း ဂါထာစာလုံးဒါဇင်များစွာက တဝီဝီ လည်ပတ်နေခဲ့သည်။
"မဟာကျောင်းတော်ရဲ့ ဝင်ခွင့် စာမေးပွဲကို လူသတ်ဖို့အတွက် ဆင်ခြေအဖြစ် အသုံးပြုလိုက်ရင် အသတ်မခံရဘူးလို့ ထင်တာလား"
"ပါရမီရှင်ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့ကို အရင်သတ်ကြစမ်း။ နောက်မှ စကားပြော"
"သူက မူတန်းရှီရဲ့ သားကို သတ်ခဲ့တယ်"
ယဲ့ရှင်းချန် တိုက်ပွဲတွင် ရှုံးနိမ့်ပြီး အသတ်ခံခဲ့ရသောအချိန်တွင် မူတန်းရှီက ကယ်တင်ရန် အားနည်းခဲ့သည်။ လက်ရှိတွငိ သူ၏ ချစ်လှစွာသော သား မျက်စိအောက်တွင် အခသတ်ခံရသောအခါ သူက နှလုံးသားထိခိုက်နာကျင်၍ အသံကုန် အော်ဟစ်ခဲ့သည်။ သူ၏ မျက်လုံးများတွင် ဒေါသစိတ်များ ထွက်လာပြီး လက်ညှိုးထိုးလိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခုကို ယွမ်ရှောင်၏ နဖူးတည့်တည့်သို့ ပစ်လွှတ်လိုက်သည်။
"သေစမ်း"
"ဟမ် မင်းတို့တွေက ဖြောင့်မတ်ဟန်ဆောင်ပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းထားမယ်လို့ ငါ ထင်ခဲ့တယ်"
ယွမ်ရှောင်က ဤအဖြစ်ကို မထင်ထားသော်လည်း တစ်ချက်ပြုံးကာ ရေရွတ်လိုက်သည်။ အလွန်အကျွံ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း သူက မျက်တောင်ပင် မခတ်ခဲ့ပေ။ သူ၏ နံဘေးတွင် အရုဏ်တက်နတ်ဧကရီ ရပ်နေသောကြောင့် သူမကို တိုက်ခိုက်လိုက်ခြင်းနှင့် မခြားချေ။
မရေမတွက်နိုင်သော ဂါထာစာလုံးများနှင့် မှော်ရတနာများသည် ပစ်မှတ်ကို ခွဲခြားနိုင်ခြင်း မရှိသောကြောင့် မရေမတွက်နိုင်သော မဟာကျောင်းတော်၏ တပည့်များက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် ထိုအချိန်လေးတွင် အဖြူရောင် လျှပ်စီးနဂါးများက ယွမ်ရှောင်နှင့် ချန်ရီကို ဝန်းရံကာ လျှပ်စီးစက်လုံးတစ်ခုအသွင် ယှက်နွယ်ကာ နှစ်ဦးယောက်လုံးအား အချိန်မီ ကာကွယ်ပေးခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
လျှပ်စီးစက်လုံးနှင့်အတွေ့တွင် တိုက်ကွက်များ ပေါက်ကွဲသွားခြင်း သို့မဟုတ် လမ်းကြောင်းလွှဲခြင်း ခံလိုက်ရပြီး တာအိုဆရာ အနည်းငယ်သည် သွေးများကို ဝေါ့ခနဲ အန်ထုတ်လိုက်ရသည်။ မူတန်းရှီ၏ အဖြူရောင် အလင်းတန်းသည် အကာအကွယ် စက်လုံးကို ချိုးဖျက်နိုင်ခဲ့သော်လည်း အန္တရာယ်ပေးနိုင်စွမ်း မရှိတော့ပေ။ ပေါက်ကွဲမှု၏ တန်ပြန်အားကြောင့် ယွမ်ရှောင်ရော ချန်ရီပါ နောက်ဆုတ်သွားရပြီး သူမက သူ့ကို လဲကျမသွားစေရန် ထိန်းထားပေးခဲ့၏။
"နင် အဆင်ပြေရဲ့လား"
"အဆင်ပြေတယ်"
ယွမ်ရှောင်က ချောင်းတဟွတ်ဟွတ်ဆိုးနေသော်လည်း သူ၏ ဂုဏ်သိက္ခာအတွက် သူမ၏ လက်ကို ဖယ်ရှားလိုက်သည်။
လူအုပ်က မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး မူတန်းရှီအပါအဝင် တာအိုဆရာ များသည် ယွမ်ရှောင်ကို လုပ်ကြံရန် ကြိုးစားခဲ့ကြသော်လည်း သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုကို လူတစ်ဦး၏ တာအိုဂါထာက များစွာအားစိုက်ထုတ်ခြင်း မရှိဘဲ ပယ်ဖျက်လိုက်သည်။
ဤစွမ်းအား၏ ပိုင်ရှင်ကို သိလိုသောကြောင့် မျက်လုံးအားလုံးက ခန်းမဝင်ပေါက်ဆီသို့ တိုင်ပင်ထားစရာမလိုဘဲ ပြိုင်တူလှည့်ကြည့်လိုက်မိကြလေသည်။