← Chapters

ကယ်တင်ရှင်

Vol. 12 Ch. 152

ကယ်တင်ရှင်

Vol. 12 Ch. 152

ခန်းမထဲသို့ ပုံရိပ်သုံးခု လှမ်းဝင်လာပြီး သူတို့၏ ဖိနပ်သံက အာဏာစက်ကြောင်း ပြင်းထန်စွာ ထွက်ပေါ်နေသည်။ ဦးဆောင်လာသူမှာ ကျားဖြူ သံချပ်ကာ ဝတ်ဆင်ထား၍ လွှမ်းမိုးကြီးစိုးသော အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ကောင်းကင်ကိုးခု အင်မော်တယ် စစ်တပ်၏ စစ်သူကြီး ချန်ရှောင်ပင် ဖြစ်သည်။ သူ၏ ဘယ်ဘက်တွင် ပညာရှိအရှိန်အဝါကို ထုတ်လွှတ်နေသော ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး ရှိကာ ဝိညာဉ်ရတနာ နန်းတော်၏ ဂုဏ်ပြုဧည့်သည်နှင့် မဟာတာအို အိမ်တော်မှ ဆရာ ကျောက်ရွှမ်ကျန်း ဖြစ်သည်။

ချန်ရှောင်၏ ညာဘက်တွင် နက်ပြာရောင် အရာရှိ ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိပြီး ဆံပင်ရှည်ကို သပ်ရပ်စွာ စည်းနှောင်ထားသည်။ သူမ၏ အေးစက်ပြီး ထက်ရှသော မျက်လုံးများသည် ထိုလူနှစ်ဦးအောက် မနိမ့်ကျအေ။ ယွမ်ရှောင်သည် မင်္ဂလာပွဲတွင် သူမကို သိကျွမ်းခဲ့ရပြီး အင်မော်တယ်ဌာန ခြောက်ခုမှ ဝန်ကြီးတစ်ဦးဖြစ်သော ချီလန် ဖြစ်၏။ ထိုကဲ့သို့ ရာထူးတွင် အမျိုးသမီး တစ်ဦးတည်းသာ ရှိပြီး ထူးခြားသော ပါရမီကြောင့် ကျော်ကြားကာ စစ်ဝန်ကြီး ဖြစ်သောကြောင့် သူမသည် အင်မော်တယ်ပြည်ထောင် စစ်တပ်၏ အရင်းအမြစ် စုဆောင်းမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားအရာများကို ကြီးကြပ်သည်။ သူမသည် စစ်သူကြီး၏ နောက်ကွယ်မှ မရှိမဖြစ် အမျိုးသမီး ဖြစ်ကာ အချစ်ရေးသဘောအရ မဟုတ်သော်လည်း ချန်မျိုးနွယ်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။

ဤလူသုံးဦး၏ အဆင့်အတန်းအရ တစ်ဦးချင်းစီသည် မူတန်းရှီနှင့် တာအိုဆရာများကဲ့သို့ လေးစားမှုနှင့် ထိုက်တန်သောကြောင့် ကျောင်းသားများက လျင်မြန်စွာ ဦးညွှတ်ကာ ကြိုဆိုလိုက်ကြ၏။

"စစ်သူကြီး၊ ဆရာကျောက်နဲ့ ဝန်ကြီးချီတို့ကို ကြိုဆိုပါတယ်"

မူတန်းရှီနှင့် သူ၏ အဖွဲ့သည် ဓလေ့ထုံးတမ်းများအရ ဤဧည့်သည်များကို ကြိုဆိုရန် မတ်တပ်ထရပ်ရမည်ဖြစ်သော်လည်း ဆီနှင့်ရေပမာ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ထိုင်နေမြဲထိုင်နေဆဲပင်။ ယွမ်ရှောင်နှင့် ချန်ရီကို ဝန်းရံထားသော လျှပ်စီးအကာအကွယ်သည် ချန်ရီ၏လုပ်ရပ်မဟုတ်ဘဲ စစ်သူကြီး၏ လုပ်ဆောင်ချက် ဖြစ်သောကြောင့် မူတန်းရှီနှင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ထင်ရှားနေသည်။

အထင်ကြီးလောက်စရာ တည်ရှိမှုဖြစ်သော စစ်သူကြီးသည် သူ၏ သမီးနှင့် သမက်အနားသို့ ရောက်လာသောအခါ လေးလံသော သံဖိနပ်များကြောင့် မဟာကျောင်းတော်၏ ကြမ်းခင်းအုတ်များကို ကြေမွသွားစေကာ အမြင့်ဆုံး ထိုင်ခုံများအထိ တုန်ခါမှုများ ဖြစ်ပေါ်စေခဲ့သည်။ မြေပြင်ကွဲအက်သွားသည်နှင့်အမျှ ကြမ်းပြင်မှတဆင့် ရောက်လာသော အားလှိုင်းသည် ထိုင်ခုံများကို အမှုန့်ဖြစ်သွားစေသောကြောင့် မူတန်းရှီနှင့်အပေါင်းအပါများ ဆက်လက်ထိုင်နေရန် မဖြစ်နိုင်တေယ့ချေ။

ဘုန်း

မူတန်းရှီနှင့် လီရှီရှီတို့၏ ဂုဏ်သိက္ခာရှိသော ထိုင်ခုံနှစ်ခုစလုံးသည် အမှုန့်အဖြစ် ကွဲအက်သွားသဖြင့် သူတို့က ခုန်ထွက်လိုက်ရပြီး တစ်ဖက်လူကို ရန်လိုစွာ အေးစက်စက် စိုက်ကြည့်နေခဲ့ကြသည်။

"စစ်သူကြီးချန်က ဘယ်လိုဝင်လာရမယ်ဆိုတာကို ကောင်းကောင်းသိတာပဲ။ မြင့်မြတ်တဲ့ မဟာကျောင်းတော်ထဲကို ကျူးကျော် ဝင်ရောက်ပြီး ငါတို့ရဲ့ ဘိုးဘေးတွေကို မလေးမစားလုပ်ရင်း မင်းရဲ့ စွမ်းအားကို ကြွားလုံးထုတ်တာက အရှက်ရစရာမဟုတ်ဘူးလား"

လီရှီရှီက လူသားတစ်ယောက်ဟန်ပန်ဖြင့် မဟာကျောင်းတော်ဘက်မှ စွပ်စွဲအပြစ်တင်လိုက်သောအခါ တစ်ဖက်လူ၏ တံတွေးခွက်နှင့် ရင်ဆိုင်လိုက်ရသည်။

"ထွီ မျောက်မ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ဒီမဟာကျောင်းတော်မှာ နတ်ဘုရားတွေထက် နတ်ဆိုးတွေ ပိုများပြီး စစ်မှန်တဲ့ ပညာရှင်တွေထက် ဟန်ဆောင်သူတွေ ပိုများပုံရတယ်"

ချန်ရှောင်၏စကားက လက်ရှိအခြေအနေကို မီးမောင်းထိုးပြလိုက်သောကြောင့် မူတန်းရှီကို ဆွေ့ဆွေ့ခုန်သွားစေ၏။

"ချန်ရှောင်၊ အင်မော်တယ်ပြည်ထောင်ရဲ့ စစ်သူကြီးအနေနဲ့ မင်းက အကျိုးအကြောင်းမသင့် ဝင်ရောက်လာပြီး ဖျက်ဆီးခဲ့တယ်။ မင်းရဲ့ လုပ်ရပ်တွေကို ဧကရီဆီ ငါ တင်ပြမယ်"

"လုပ်လိုက်စမ်း ငကြောက်။ မင်းက အမြဲတမ်း ညည်းညူနေတာပဲ။ ဒီလောက် ဖြောင့်မတ်ချင်ရင် အခု ဆင်းလာပြီး ငါနဲ့ မျက်နှာချင်းဆိုင် ဘာကြောင့် မတွေ့တာလဲ"

စစ်သူကြီးချန်က ကဲ့ရဲ့လိုက်သည်။

"ဒါက သန့်ရှင်းစင်ကြယ်တဲ့ နေရာတစ်ခုဖြစ်ပြီး ငါတို့လို ပညာရှိတွေ နေထိုင်တဲ့ နေရာဖြစ်တယ်။ မင်းလို လူရိုင်းတစ်ယောက်ရဲ့ အဆင့်အထိ ငါတို့က ကိုယ့်ကိုကိုယ် မချနိုင်ဘူး"

မူတန်းရှီက မျက်နှာပြောင်ပြောင်နှင့် နှုတ်လှန်ထိုးခဲ့ပြန်သည်။

"တကယ်ကြီးလားကွာ။ မင်းရဲ့သား သေဆုံးထားတာတောင် ရယ်စရာစကားတွေ အခုထိ ပြောနေတုန်းလား"

စစ်သူကြီးချန်က တဖြောင်းဖြောင်း လက်ခုပ်တီး၍ စိတ်တိုင်းကျ ရယ်မောပြီးနောက် သူ၏ အမူအရာမှာ ရေခဲပမာအေးစက်သွားသည်။

"ဒါဆို မင်းတို့ရဲ့ ကျောင်းတော်မှာရှိတဲ့ ပညာရှင်တွေနဲ့ ဟန်ဆောင်သူတွေက အင်မော်တယ်ပြည်ထောင်အတွက် သွေးခင်းလမ်းမှာ အသက်တွေကို စွန့်စားတဲ့ ငါတို့ရဲ့ စစ်သည်တွေကို အထင်သေးနေတာလား"

" မင်းက မဟာကျောင်းတော်ရဲ့ ဝင်ခွင့် စာမေးပွဲအတွင်းမှာ လူတွေကို ပွင့်ပွင့်လင်းလင်း သတ်ခဲ့တယ်။ မင်းက အင်မော်တယ်ပြည်ထောင်ရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်"

မူတန်းရှီက ချန်ရှောင်ကို လျစ်လျူရှုပြီး ယွမ်ရှောင်ဘက်လှည့်ကာ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

"ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး မဟုတ်လား။ ဘာလဲ မင်းတို့အတွက် နတ်ဆိုးတစ်ကောင်ကို လူတစ်ယောက်အဖြစ် ရေတွက်တာလား"

ယွမ်ရှောင်က အမှန်တကယ် စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကုတ်လိုက်၏။

"သေဆုံးသူတွေထဲမှာ လူသားတစ်ယောက် တကယ်ရှိတယ်"

ချန်ရီက အတည်ပြုလိုက်သည်။

"ဟုတ်လား၊ ဒါဆိုရင် ငါ မှားယွင်း ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမယ့် ငါ့ကို အပြစ်မတင်နဲ့။ မင်းက နတ်ဆိုးတွေနဲ့ ပတ်သက်နေရင် သူတို့ရဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေနဲ့ ပြည့်နှက်နေမှာ သေချာတယ်။ အဝေးကနေဆိုတော့ ငါက တခြား နတ်ဆိုးတစ်ကောင်လို့ ထင်ခဲ့တာ"

သူက ခပ်တည်တည်အမူအရာဖြင့် ပခုံးတွန့်ပြလိုက်ပြီး မူရွှေဖန်းကိုသတ်ခဲ့သော်လည်း အပြစ်မဲ့ဟန်ဆောင်နေသော ဤလူငယ်ကြောင့် မူမျိုးနွယ်နှင့် ရဲတော်ဝင် မိသားစုဝင်များက ဒေါသထွက်လွန်းသဖြင့် မျက်နှာများ မည်းမှောင်ကုန်သည်။

"မူတန်းရှီ"

စစ်သူကြီးချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"မင်းက ငါ့ရဲ့ သမက်ကို သတ်ဖို့ ကြိုးစားပြီး မင်းရဲ့ သမက်လောင်း သေဆုံးမှုကို လက်စားချေဖို့ ရိုးရှင်းတဲ့ ဝင်ခွင့် စာမေးပွဲအတွင်းမှာ ပြည့်စုံခြင်းအဆင့် နတ်ဆိုးသွေးကြောနယ်ပယ် နတ်ဆိုးငါးကောင်ကို စေလွှတ်ခဲ့တယ်။ မင်းရဲ့ လှည့်ကွက်ကို လူတိုင်းက မြင်နိုင်တယ်။ ဝါးနိုင်တာထက် ပိုကိုက်မိရင် အကျိုးဆက်ကို လက်ခံရလိမ့်မယ်။ ဒါက ကံကြမ္မာပဲ၊ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ထိုစကားကြောင့် မူတန်းရှီ၏ မျက်နှာက ရှုံ့မဲ့သွားကာ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် သွေးရောင်တောက်နေသည်။ မူလင်အတွက် သူမ၏ မောင်လေးသည် အပေါက်များပြည့်နေသော သက်မဲ့ ခန္ဓာကိုယ်တစ်ခုအဖြစ် လဲလျောင်းနေသောကြောင့် ဝမ်းနည်းစရာပင်။

" အင်မော်တယ် စစ်ပွဲအတွင်းမှာ ငါတို့ ချန်မျိုးနွယ်ရဲ့ နောက်ကျောတွေကို စောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြောတော့မလို့လား။မင်းတို့ အားလုံးကို တရားဝင် အသိပေးဖို့ ဒီနေ့ ငါ လာခဲ့တာပဲ။ အခုကစပြီး ငါတို့ ချန်မျိုးနွယ်ဟာ မဟာကျောင်းတော် အကယ်ဒမီနှင့် အင်မော်တယ်စစ်ပွဲက တရားဝင် နုတ်ထွက်တယ်"

အကြည့်ချင်းဖလှယ်နေကြသည့် မူတန်းရှီနှင့် လီရှီရှီကို ချန်ရှောင်က ဟားတိုက်လှောင်ရယ်ရင်း ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

"ချန်ရှောင် မဟာကျောင်းတော်မှာ လေ့ကျင့်တာက အင်မော်တယ်ပြည်ထောင်ရဲ့ ရိုးရာဓလေ့ပဲ။ မင်းက အရုဏ်တက်နတ်ဧကရီကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေတာလား။ မင်းရဲ့ ချန်မျိုးနွယ်က ပုန်ကန်ဖို့ စီစဉ်နေပြီလား"

မူတန်းရှီက ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

"မင်းအမေကို ပုန်ကန်လိုက်။ ဒီမဟာကျောင်းတော်က မင်းတို့ မူမျိုးနွယ်နဲ့ ရဲတော်ဝင် မိသားစုအတွက် ပုဂ္ဂလိက ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာခဲ့တယ်။ မင်းတို့က ရိုးရာဓလေ့ကို အကြောင်းပြပြီး အရင်းအမြစ်နဲ့ စည်းစိမ်ဥစ္စာအားလုံးကို အိတ်ကပ်ထဲ ထည့်ထားတယ်။ မင်းတို့ကိုယ်တိုင် ဝါးမျိုလို့ဝမှ အခြားမျိုးနွယ်တွေကို အနည်းငယ်သာ ပေးတယ်။ မင်းတို့ရဲ့ ကိုယ်ပိုင် မျိုးဆက်သစ်တွေ အစွမ်းထက်လာဖို့သာ ပျိုးထောင်ပေးပြီး အပြင်လူတွေအတွက် ဘာမှ မထားခဲ့ဘူး။ မင်းတို့က ဒါကို မြင့်မြတ်တဲ့ နေရာလို့ ခေါ်ဝံ့သေးတာလား"

ချန်ရှောင်က မူရွှေဖန်း၏ အလောင်းကို လက်ညှိုးထိုးကာ ရယ်မောရင်း တစ်ဖက်လူ၏ ဟန်ဆောင်မျက်နှာဖုံးကို စကားဖြင့် ခွာချပစ်လိုက်သည်။

"မင်းတို့ ပျိုးထောင်ပေးထားပြီး ပျက်စီးနေတဲ့ ဝက်သာသာကောင်က ငါ့ရဲ့ သမက်အဖြစ် ရွေးချယ်ထားတဲ့ လူငယ်နဲ့တောင် မယှဉ်နိုင်ဘူး။ ငါ့ကို ပြောစမ်း၊ မဟာကျောင်းတော်က ဘာတန်ဖိုးရှိလဲ။ အသက်ဆယ်နှစ်ကစပြီး ချန်မျိုးနွယ်ဝင်တွေက ငါ့ရဲ့ ကောင်းကင်ကိုးခု အင်မော်တယ် စစ်တပ်မှာ လေ့ကျင့်ပြီး အောက်နယ်မြေတွေမှာ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ကြလိမ့်မယ်။ မင်းတို့ရဲ့ စောက်ရေးမပါတဲ့ နိုင်ငံရေးတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ ကဗျာဆွေးနွေးပွဲတွေထက် ငါတို့က ပိုပြီး ဂုဏ်သိက္ခာရှိတယ်"

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မူတန်းရှီ၏ မျက်နှာသည် မည်းနက်သွားကာ အလွန် နက်မှောင်သောကြောင့် တစ်စုံတစ်ယောက်က သူ့ကို မင်ထဲတွင် နှစ်မြှုပ်ထားသည်ဟုပင် ထင်ပေလိမ့်မည်။ ဤအမှန်တရားကို လူအများသိထားသော်လည်း လူမြင်ကွင်းတွင် မည်သူမှ မပြောဝံ့ကြပေ။ မဟာကျောင်းတော်ရှိ တပည့် အများအပြားသည် မူမျိုးနွယ်နှင့် ရဲတော်ဝင် မိသားစုမှ မဟုတ်ကြဘဲ မိသားစုများ၏ ကံကြမ္မာများနှင့် မျှော်လင့်ချက်များအတွက် တစ်နေ့တွင် ထင်ရှားပေါ်လွင်ရန် မျှော်လင့်ကာ ပညာလေ့လာခွင့်အတွက် များစွာ ပေးချေခဲ့ကြသည်။ သို့သော် သူတို့၏ အကောင်းဆုံး ကြိုးပမ်းမှုအားထုတ်မှုနှင့် ထိုက်တန်သော အခွင့်အလမ်းများက သူတို့အတွက် မြင့်မြတ်လှပါသည်ဆိုသော ဤကျောင်းတော်၌ ရှားပါးပုံရသည်။

တစ်ဖက်တွင် မူမျိုးနွယ်၊ ရဲတော်ဝင် မျိုးနွယ်နှင့် ဟန်မျိုးနွယ်မှ တပည့်များသည်ရွယ်တူများအကြားတွင် အခွင့်ထူးရနေသောကြောင့် ကွာဟချက်ကြီးတစ်ခုဖြစ်ပေါ်လာကာ အမြင့်သို့ အလွယ်တကူ ပျံတက်နိုင်ကြ၏။ အတိတ်တွင် သာမန်တပည့်တစ်ယောက်အနေဖြင့် မနာလိုရုံသာ တတ်နိုင်ပြီး သူတို့၏ အောင်မြင်မှုကိုအင်အားကြီးသော မျိုးနွယ် အရင်းအမြစ်များကြောင့် ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။ သို့သော် လက်ရှိတွင် စစ်သူကြီး၏ စကားလုံးများအရ အင်မော်တယ်ပြည်ထောင်၏ ဘဏ္ဍာတိုက်မှ လူငယ် ကျင့်ကြံသူများအတွက် ရည်ရွယ်ထားသော ရတနာများကို ရွေးချယ်ထားသော လူအနည်းငယ်ကသာ လက်ဝါးကြီးအုပ်ထားပုံပေါ်သည့်အပြင် နတ်ဆိုး ဖလှယ်ရေး ကျောင်းသားများပင် အခွင့်ထူးခံဘဝများဖြင့် နေထိုင်နေကြရ၏။

ကျောင်းသားတိုင်း၏ မျက်နှာတွင် ရှုပ်ထွေးခြင်းနှင့် စိတ်ပျက်ခြင်းများဖြစ်တည်လာကာ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တီးတိုးစကားသံများ လေထဲတွင် ပြည့်နှက်နေသည်။

" စစ်သူကြီးချန်၊ မင်းက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်နဲ့ မဟာကျောင်းတော်ကို နာမည်ဖျက်ဖို့ အသည်းအသန် ကြိုးစားနေတာလား။ အင်မော်တယ် စစ်ပွဲ နီးကပ်လာလို့ မင်းက ကိုယ်ပိုင် အကျိုးအမြတ်အတွက် အင်မော်တယ်ပြည်ထောင်ရဲ့ စည်းလုံးမှုကို အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာ ထင်ရှားတယ်။ ဒီရာဇဝတ်မှုတွေကို မဟာကျောင်းတော်က အထက်ကို တင်ပြရလိမ့်မယ်။ မင်းရဲ့ ချန်ကောင်းကင်အိမ်တော်ကို ပြန်သွားပြီး အရုဏ်တက်ဧကရီရဲ့ အမိန့်တော်ကို စောင့်နေစမ်း"

အရှက်မဲ့လှသော မူတန်းရှီက မျက်နှာ​ပြောင်တိုက်၍ ဂျပိုးကို လိပ်ဖြစ်အောင် စွပ်စွဲအပြစ်တင်ခဲ့သည်။

"ဧကရီက အမိန့်တစ်ခုကို မထုတ်ပြန်ရင် ဘာဆက်ဖြစ်မှာလဲ"

စစ်သူကြီးက အေးစက်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ချန်မျိုးနွယ်က ကောင်းကင်နယ်မြေရဲ့ အဓိက မျိုးနွယ်တစ်ခုဖြစ်ပြီး မင်းတို့က ဘိုးဘေးဘုရားကျောင်းရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတယ်။ သူတို့လည်း မင်းကို တရားစီရင်ပိုင်ခွင့်ရှိတယ်။ မင်းက သက်သေမရှိဘဲ မဟာကျောင်းတော်ရဲ့ ဂုဏ်သတင်းကို အညစ်အကြေးစွန်းထင်းစေခဲ့တယ်။ တရားခွင်တစ်ခုအတွက် မင်းကိုယ်မင်း ပြင်ဆင်ထား"

"ဘိုးဘေးဘုရားကျောင်းလား။ သူတို့ကလည်း ရဲမျိုးရိုးအမည် မဟုတ်ဘူးလား။ သူတို့ရဲ့ အနာဂတ် ကြယ်ပွင့် ရဲရှင်းချန်ကို ငါ့သမက်က ချန်ကောင်းကင်အိမ်တော်မှာ သတ်ခဲ့ပြီး ခေါင်းတလားထဲမှာ ထည့်ပိတ်ခဲ့တယ်။ သူတို့က တရားမျှတတယ်ပေါ့ ဟား ဟား ဟား"

ချန်ရှောင်၏ ရယ်သံနက်ကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားခဲ့လေသည်။

All Chapters