← Chapters

#မုဖူရှန်း လမ်းမှာပဲရှိသေး..#

Vol. 55 Ch. 771

#မုဖူရှန်း လမ်းမှာပဲရှိသေး..#

Vol. 55 Ch. 771

နေ၀င်သွားပြီး တောက်ပသည့်လမင်းကြီးက မြှင့်တက်လာခဲ့သည်။

လရောင်အောက်တွင် ကောင်ကင်ပိုင်နက်က ပို၍ပင် ဖိနှိပ်နေပုံရသည်။

သို့စေကာမူ ဒီဖိနှိပ်မှုက အစွမ်းထက်သည့် အော်ရာအနည်းငယ်ကြောင့် ဆုတ်ဖြဲခံရသည်။

လမ်းမပေါ်၌ လေးနက်နေသည့် အမူအရာများနှင့် လျှောက်သွားနေကြသောသူများမှာ အသိအကျွမ်းများကို မြင်လျှင်ပင် တိတ်ဆိတ်နေကြ၏။ သူတို့က တစ်ဦးကိုတစ်ဦး ခေါင်းညိတ်သာပြရင်း ထွက်သွားကြသည်။

သူတို့အားလုံး ကောင်းကင်ပေါ်သို့ အံ့ဩသင့်တကြီး မော့ကြည့်လိုက်ကြသည်။

ဘာဖြစ်နေတာလဲ!

မြေအင်မော်တယ်နယ်ပယ်များစွာက တကယ်ပဲ ဒီလိုထူးခြားတဲ့အချိန်အခါမှာ တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့တာလား!

ငရဲဂိုဏ်းပြန်လာခြင်းနှင့် ချီရှာဒေါင်ပြန်လည်မွေးဖွားခြင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ဆိတ်ငြိမ်သည့် ကာလတစ်ခုအတွင်း ကျရောက်သွားစေသည်။

ဒါကိုတွေ့ကြုံခံစားခဲ့သောသူများက အရင်က ငရဲဂိုဏ်း၏ လွှမ်းမိုးမှုအပေါ် အကြောက်တရားကို ပြန်လည်မှတ်မိလာကြ၏။

အတွေ့အကြုံမရှိသည့်သူများပင်လျှင် ကြားဖူးရုံမျှနှင့် ငရဲဂိုဏ်း၏ အပြုအမူများနှင့် ၎င်းတို့ပြသခဲ့သည့် အံ့ဖွယ်ခွန်အားကို ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။

သူတို့ကအတော်‌လေးရက်စက်ပြီး သွေးဆာသည်။

ကိုယ်ပိုင်နယ်မြေအတွက် သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကျင့်ကြံသူများစွာကို သုတ်သင်သတ်ဖြတ်ပစ်ခဲ့သည်။

အားလုံးက ဂိုဏ်းအသီးသီးမှ အရည်အချင်းရှိသည့် အံ့ဖွယ်ပါရမီရှင်များဖြစ်ကြသည်။

ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိပ်တန်းဂိုဏ်းများစွာ၏ ဝန်းရံမှုကို ဆွဲဆောင်သွားခဲ့သည်။

အဆုံးသတ်တွင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူဆယ်ဦးကျော်၏ ဝိုင်းရံမှုအောက်တွင်ပင် ချီရှာဒေါင် ဝိဉာဉ်အစက်အပျောက်လေးတစ်ခှနှင့် လွတ်မြောက်ရန်အတွက် စီမံနိုင်ခဲ့သည်။

ယခုလိုကျော်ကြားသည့် တိုက်ပွဲမှတ်တမ်းအပေါ် သူတို့ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေမည်နည်း။

တစ်ချို့ဂိုဏ်းများက မပါ၀င်ရန်အတွက် ရွေးချယ်ကြသည်။

သူတို့က တောင်ပေါ်တွင်ထိုင်ပြီး ကျားများ၏ တိုက်ပွဲကို ကြည့်ရှုကြမည်သာ။

သို့စေကာမူ အရင်ကဖြစ်ပျက်ခဲ့တာက ထပ်မံဖြစ်ပျက်လာပြီး သူတို့ကိုပါ သက်ရောက်လာမှာကို သူတို့စိုးရိမ်ကြသည်။

ဒါကပုံမှန်သာဖြစ်ပြီး စွမ်းအားရှိသောသူများ၏ အကျင့်ဆိုးများပင်။

ဒီလိုအခြေအနေအောက်မှာတောင် ကောင်းကင်ပိုင်နက်ရဲ့ လမ်းမပေါ်မှာ တစ်ယောက်ယောက်က သေခြင်းရှင်ခြင်းတိုက်ပွဲကို စတင်ခဲ့တာလား!

ဒါဘယ်လိုသတ္တိမျိုးလဲ!

သူတို့ဂိုဏ်းများစွာအကြားက စစ်ပွဲကို လှုံ့ဆော်မိသွားမှာကို မစိုးရိမ်ဘူးလား!

မြင့်မြတ်အဆောင်ဂိုဏ်းက ထွက်ခွာလာပြီဖြစ်သည့် မုဖူရှန်းပင်လျှင် ဒီအော်ရာကြောင့် အနည်းငယ် နောက်ဆုတ်လိုက်မိသည်။

ဒီအော်ရာ.....!

ဘာလို့အရမ်းရင်းနှီးသလို ခံစားနေရတာလဲ!

ဟေး၊ ဟေး၊ ဟေး!

မုဖူရှန်းခါးသီးစွာပြုံးသည်။

"ဒီလိုတော့ မဖြစ်နိုင်ပါဘူးလေ၊ ဟုတ်တယ်မလား"

ထို့နောက် မုဖူရှန်း ကိုယ်ထဲက စွမ်းအားအားလုံးကိုသာမက ဝိဉာဉ်စွမ်းအားကိုပါ အသက်သွင်းလိုက်သည်။ သူ့အသိနှင့် အာရုံကို အဆုံးထိမြှင့်တင်ပြီး ထိုနေရာသို့ ပြေးသွား၏။

ထိုအခိုက်အတန့်၌ ဟုန်ရင်လက်ထဲတွင် လှံကိုကိုင်ထားပြီး သူမ၏ရွှေအဆင်းနှင့် မီးတောက်နီ၀တ်ရုံက လေမတိုက်ဘဲ လွင့်မြောနေသည်။

သူမ၏ရှည်လျားသည့် ဆံပင်နက်များက အင်ပါယာချီနှင့် နိယာမစွမ်းအားဖြင့် တလူလူလွင့်နေသည်။

အမျိုးသမီးစစ်နတ်ဘုရားမတစ်ပါးပမာ သူမ ယွမ်ရှောင်ကျိနှင့် ဟဲဟွမ်ဂိုဏ်းက ကျန်အကြီးအကဲသုံးဦးထံ ပြေး၀င်သွားခဲ့သည်။

ရှီရှန်း အင်ပါယာမင်ရွှမ်ပုဆိန်ကို ကိုင်ပြီး ဟုန်ရင်နောက်ကနေ ကူညီရန် ပြေးလိုက်သွားချင်သော်လည်း နင်းချန်ရှင်းက သူ့ကို တားလိုက်သည်။

နင်းချန်ရှင်း ခေါင်းခါယမ်းရင်း တည်ငြိမ်စွာပြောသည်။

"အရမ်းအလျင်မလိုနဲ့၊ ဒုတိယစီနီယာအစ်မက ငါတို့ကို တိုက်ခိုက်ဖို့ မတောင်းဆိုထားဘူး၊ သူမက သေချာပေါက် ဒီကိစ္စကို တစ်ယောက်တည်း ဖြေရှင်းချင်နေမှာပဲ"

"သူ့ကျင့်ကြံခြင်းက အတော်လေးမြန်မြန် ဆန်ဆန်တိုးလာခဲ့တော့ သူ့နှလုံးသားက တင့်တိမ်ရောင့်ရဲတဲ့အထိ လိုက်လျောညီထွေအောင် တိုက်ခိုက်ဖို့လိုတယ်"

ရှီရှန်းခေါင်းညိတ်ရင်း အင်ပါယာမင်ရွှမ်ပုဆိန်ကို သိမ်းဆည်းထားလိုက်သည်။

နင်းချန်ရှင်း၏စကားလုံးများကို ကြားသော မု၀မ်အာကလည်း လက်ဖဝါးထဲက ဆေးလုံးကို အလျင်အမြန် ရုပ်သိမ်းလိုက်၏။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်အလယ်၌ ဟုန်ရင် သူတို့ထံ တစ်ဦးတည်းပြေး၀င်လာတာကို တည်ငြိမ်စွာကြည့်ရင်း ယွမ်ရှောင်ကျိ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"မင်းခွန်အားက ထူးချွန်တယ်ဆိုပေမယ့် ငါတို့မှာ အဲဒီကျင့်ကြံသူတွေရဲ့ ကိုယ်ကျင့်တရားဆိုတာတွေကို သည်းခံဖို့အတွက် ရည်ရွယ်ချက်မရှိသလို မင်းနဲ့လည်း တစ်ယောက်ချင်းတိုက်ခိုက်ဖို့ ဆန္ဒမရှိဘူး"

"ဒါပေမယ့် ငါတို့လိုမြေအင်မော်တယ်အထွတ်အထိပ်အဆင့်လေးယောက်ကို တစ်ယောက်တည်းရင်ဆိုင်တာက မင်းနည်းနည်းမောက်မာလွန်းမနေဘူးလား"

ရှေ့သို့ပြေး၀င်လာသည့် ဟုန်ရင်မှာ ဒါကိုကြားသောအခါ သူမနှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွားပြီး ခပ်ရေးရေးပြုံးသည်။

"မောက်မာတာလား၊ ငါတော့ဒီလိုမထင်ဘူး"

ဟုန်ရင်စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လှံကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်၏။

ထိုအခိုက်အတန့်၌ နိယာမစွမ်းအားဖြစ်စေ၊ ပြန်လည်မွေးဖွားခြင်းဆန္ဒဖြစ်စေ၊ အင်ပါယာချီဖြစ်စေ အားလုံးက လှံကို လှည့်ပတ်နေကြသည်။

နေမင်းကို ဖောက်ခွင်းသည့် နတ်လှံတံ!

ဒီလှံက အမှောင်ညထဲက သက်တန့်တစ်စင်းနှင့်တူပြီး လေဟာနယ်နှင့် ညတာကို ထိုးခွင်း ဖြတ်သန်းလာသည်။

ဒါက ယှဉ်၍မရလောက်အောင် ထက်ရှပြီး အင်ပါယာတစ်ပါး၏ လွှမ်းမိုးမှုနှင့်တူသည်။ ထို့နောက် ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်ကို ထိုးဖောက်သွားသည်။

သို့စေကာမူ လှံကရောက်မလာဘဲ မိုးနှင့်မြေနိယာမစွမ်းအားကို စုစည်းနိုင်ပုံပေါ်သည့် လှံအော်ရာက ပစ်၀င်လာသည်။

ဒါကိုမြင်သောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။

ပန်းရောင်အလင်းဝိဉာဉ်ချီက ဧရာမလက်ဖဝါးချက်အဖြစ် သိပ်သည်းသွားပြီး ဟုန်ရင်ထံသို့ ဖိနှိပ်လာခဲ့သည်။

တစ်ခဏအကြာတွင် ကောင်းကင်ပိုင်နက်က လမ်းတစ်ခုလုံးက နောက်ဆက်တွဲလှိုင်း၏ သက်ရောက်ခြင်းကို ခံရသည်။

ပတ်ပတ်လည်က ဆိုင်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများက အပိုင်းပိုင်းအစစကြေမွသွားကြပြီး ‌ဘက်ပေါင်းစုံသို့ ပျံ့သွားကြသည်။

အောက်ကနေ ကြည့်နေကြသည့် ကျင့်ကြံသူများ၌ ထိတ်လန့်နေသည့် အမူအရာများ ရှိနေကြသည်။

အနည်းငယ် အားနည်းသည့်သူများကမူ လွင့်စင်သွားကြပြီး အပြင်းအထန်ဒဏ်ရာရသွားကြ၏။ တစ်ချို့ကမူ ဒီနေရာကနေ ကြိုတင်ထွက်ခွာရင်း ကီလိုမီတာငါးထောင်အဝေးကနေ ဒီမြင်ကွင်းကို ကြည့်ရှုနေကြ၏။

မြေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများသာလျှင် သူတို့အနေအထားကို ထိန်းသိမ်းထားနိုင်ကြပြီး နောက်ဆက်တွဲလှိုင်းကို ခုခံရန်အတွက် ဝိဉာဉ်ချီကို အသုံးပြုလိုက်ကြသည်။ သူတို့ဒီမြင်ကွင်းကို လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

"ဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲလေးယောက်က မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်က လက်ရွေးစင်ကျင့်ကြံသူတွေပဲ၊ သူတို့ရဲ့တိုက်ပွဲခွန်အားက အတော်လေး အားကောင်းတယ်"

တစ်ယောက်ကလေးနက်စွာ ပြောသည်။

"ဒီအမျိုးသမီးက အစွမ်းထက်ပြီး မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ခွန်အားရှိပေမယ့် မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ ကိုက်ညီတဲ့ စွမ်းအားတစ်ခုကို သူအတင်း ထုတ်လွှတ်ခဲ့တယ်"

"ဒါပေမယ့် တစ်ဘက်ကလူလေးယောက်လေ၊ သူကြေကွဲဖွယ်ရာအရှုံးနဲ့ ရင်ဆိုင်ရမယ်ထင်တယ်....."

ထိုလူ၏ ဆန်းစစ်မှုကို နားထောင်ပြီးနောက် သူ့ဘေးက အဖိုးအိုက သဘောတူသည့် အသွင်ခေါင်းညိတ်သည်။

"ဒီမိန်းကလေးက ဘယ်ဂိုဏ်းကလဲဆိုတာ ငါလည်းမသိဘူး"

"ဂိုဏ်းကအားနည်းတယ်ဆိုရင်တော့ အဆင်ပြေမှာပါ၊ ဒါပေမယ့် ဟဲဟွမ်ဂိုဏ်းလို ဒုတိယတမ်းစားဂိုဏ်းဖြစ်တာပဲဖြစ်ဖြစ်၊ အဲထက်ပိုမြင့်နေတာပဲဖြစ်ဖြစ် ဖြစ်နေခဲ့မယ်ဆိုရင် ဂိုဏ်းစစ်ပွဲတစ်ခု သေချာပေါက် ရှိလာလောက်တယ်"

ဟုန်ရင်၏ခွန်အားအရ ပထမတန်းစားအင်အားစုများတွင်ဖြစ်စေ၊ ထိပ်တန်းဂိုဏ်းများတွင်ဖြစ်စေ အတော်လေးပါရမီရှိသည့်သူများ ဖြစ်ကြသည်။

ဒီလိုလူတစ်ယောက်ကို တစ်ခြားအင်အာစုတစ်ခုက သတ်ပစ်ပါက ဘယ်လိုလုပ် အလွယ်ကူ လွှတ်ပေးနိုင်မည်နည်း။

သို့သော် ဒီနောက်ဖြစ်ပျက်လာမည့် အရာများက သူတို့နှင့် ဘာမှမသင်ဆိုင်ပါ။

ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က လက်ဖဝါးချက်များကို တစ်ချိန်တည်းတွင် ထုတ်လွှတ်သည်။

ထိုထဲကနေ ထွက်လာသည့်အော်ရာက သူတို့က အတော်လေးအစွမ်းထက်သူများဖြစ်ကြောင်း ပြသနေသည်။

ဒါက ရန်သူ၏စိတ်ကို နှောင့်ယှက်ရန်လည်းဖြစ်သည်။

အကယ်၍ စိတ်အခြေအနေကသာ မငြိမ်မသက်ဖြစ်နေပါက ဒီအော်ရာကြောင့် တိုက်ရိုက် သက်ရောက်ခံရမည်ဖြစ်ကာ အားအပြည့်ခွန်အားကို ထုတ်လွှတ်နိုင်မည်မဟုတ်တော့။

သို့သော် ဒီနေရာ၌ ဟုန်ရင်က ဧကရီမတစ်ပါးအဖြစ် ခြွင်းချက်ဖြစ်နေသေးသည်။

အကယ်၍ဒါက တိမ်ဖီးနစ်အင်ပါယာ အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးကို မအုပ်ချုပ်ခင်ကဆိုပါက သက်ရောက်မှုအနည်းငယ် ရှိ‌နေဦးမည်။

သို့သော် အခုကရော!

တိမ်ဖီးနစ်အင်ပါယာကို အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးကို အုပ်ချုပ်ရန်အတွက် ဦးဆောင်နေသည့် ဟုန်ရင်၏ အင်ပါယာချီက ထပ်ဆင့်ထပ်ဆင့် တိုးလာခဲ့သည်။

အင်ပါယာချီ၏ ကာကွယ်မှု‌အောက်တွင် စိတ်အခြေအနေကို နှောင့်ယှက်ရန်အတွက် ကောင်းကင်အင်မော်တယ်တစ်ဦးပင် ကျင့်ကြံခြင်းနည်းစနစ်ကို သုံးလျှင်ပင် ဟုန်ရင်ပေါ်၌ အသုံးမ၀င် ဖြစ်သွားရမည်သာ။

အင်ပါယာဆန္ဒနှင့် အင်ပါယာနှလုံးသား!

အကယ်၍ စိတ်အခြေအနေက အလွယ်တကူ နှောင့်ယှက်ခံရပါက ဘယ်လိုလုပ် အင်ပါယာဖြစ်လာနိုင်တော့မည်နည်း။

ဟုန်ရင်၏မျက်လုံးများက လုံး၀တုန်ယင်နေခြင်းမရှိပေ။

သူမလက်ထဲက လှံကလည်း နှေးမသွားဘဲ ယင်းအစား ရှေ့တိုးနေသည့်အဟုန်က တိုးမြှင့်လာခဲ့သည်။

သူမ၏အော်ရာက ညတာယံကောင်းကင်ကို ထိုးဖောက်ပစ်ချင်သည့်အလား ကောင်းကင်ပေါ် ထိုးတက်သွားပုံရပြီး လက်ဖဝါးချက်ကို တိုက်ရိုက်ပင် ထိုးဖောက်သွား၏။

ဘန်း.......!

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် အသံတစ်သံ ထွက်လာခဲ့သည်။

ကီလိုမီတာသောင်းကျော်အဝေးတွင်ပင် နောက်ဆက်တွဲလှိုင်းကြောင့် ဒီနေရာကို ဗဟိုပြုရင်း သက်ရောက်ခံရသည်။

ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်၏ အမူအရာများပင်လျှင် အနည်းငယ် မည်းမှောင်သွားကြ၏။

သူတို့လေးယောက်ထံမှ ပေါင်းစပ်ထားသည့် လက်ဖဝါးချက်က တစ်ဘက်လူကို အမှန်တကယ်ပင် တိုက်ရိုက် မဖိနိုင်သည်လား။

(မှတ်ချက်၊ မူရင်းစာရေးဆရာက အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့် ပြီးရင် အထွတ်အထိပ်အဆင့်နှစ်ခါစီ သုံးထားပါတယ်၊ တကယ်တမ်းက နောက်ဆုံးအဆင့်နဲ့ အထွတ်အထိပ်အဆင့်ပါ၊ ဟုန်ရင် အခုရောက်နေတာက နောက်ဆုံးအဆင့်ပါ၊ ဟိုလေးယောက်က အထွတ်အထိပ်အဆင့်ပါ)

အပိုင်း(772) coming။

All Chapters