← Chapters

#ဂိုဏ်းစစ်ပွဲလား၊ နင်တို့က မထိုက်တန်ဘူး#

Vol. 55 Ch. 772

#ဂိုဏ်းစစ်ပွဲလား၊ နင်တို့က မထိုက်တန်ဘူး#

Vol. 55 Ch. 772

ကောင်းကင်ပိုင်နက် အမှောင်ယံ၌ ပုံမှန်နေ့များတွင် လပြည့်၀န်းနှင့် မရေမတွက်နိုင်လောက်သော မိသားစုများ၏ အလင်းများအပြင် ပူပြင်းလှသည့်နေမင်းကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်း၀င်းနေသည့် မီးတောက်နီရောင်အမျှင်တန်းတစ်ခုက ကောင်းကင်၌ ပေါ်လာခဲ့သည်။

ဒီမီးတောက်နီရောင်အမျှင်တန်း အစက်အပျောက်လေးက ညတာယံကို ဖြတ်တောက်ပစ်ချင်သည့် ပြင်းထန်သည့် အော်ရာကို ဖော်ဆောင်နေသော နတ်လှံတစ်ချောင်းနှင့်တူသည်။

ဒါကကောင်းကင်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည့်အလား။

ဒီမီးတောက်နီရောင်အောက်က ကျင့်ကြံသူတိုင်းက လေးနက်သည့်အမူအရာများဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။

ဒီအော်ရာက.....!

ဒါကိုထုတ်လွှတ်ခဲ့တာက တကယ်ပဲ ဘယ်သူများလဲ!

အင်ပါယာချီ၊ ပြန်လည်မွေးဖွားခြင်းဆန္ဒ!

ဒါ့အပြင် ဒီကမ္ဘာထဲ၌ ငုပ်လျှိုးနေပုံပေါ်သည့် နိယာမစွမ်းအားလည်းရှိသည်။ ဒါက နေရာတိုင်းတွင်ရှိနေပြီး လူအနည်းစုကသာ ဒါကိုနားလည်နိုင်ကြသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင်ပင် ဒီလိုလူမျိုးမရှိပါ။

အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ တော်၀င်မိသားစုများလည်းရှိသည်။

သို့စေကာမူ အစွမ်းထက်ဂိုဏ်းများ၏ ဖိအားအောက်တွင် ဒီတော်၀င်မိသားစုများက ဘယ်လောက်ပင်ကြိုးစားပါစေ သူတို့က ဒုတိယတန်းစား အင်အားစုများသာဖြစ်သည်။

သို့စေကာမူ သူတို့ ပြန်လည်မွေးဖွားခြင်းဆန္ဒကို ကျွမ်းကျင်သည့် အင်ပါယာတစ်ပါးရှိသော တော်၀င်မိသားစုဆိုတာကို တစ်ခါမှ မကြားဖူးကြပါ။

ထိုအခိုက်အတန့်၌ နင်းချန်ရှင်းပြုံးလိုက်သည်။

"ဒုတိယစီနီယာအစ်မရဲ့ ကြယ်နယ်မြေအားက အတော်လေးအစွမ်းထက်တာပဲ၊ သူသာ ဒါကိုအပြည့်အ၀ ကျွမ်းကျင်တတ်မြောက်သွားရင် ဘယ်နယ်ပယ်ထိ ရောက်နိုင်မလဲဆိုတာ ငါတကယ်သိချင်မိတယ်"

ဟုန်ရင်၏ ကြယ်နယ်မြေအားကို လုချန်ရှန်းချိပ်ပိတ်ထားသည်။

သူမယခုအသုံးပြုနေသည့် ကြယ်နယ်မြေစွမ်းအင်က အနည်းငယ်မျှသာဖြစ်သည်။

သို့စေသည့်တိုင် ဒါက အတော်လေး အစွမ်းထက်နေလေပြီ။

ဟုန်ရင်သာ ကြယ်နယ်မြေစွမ်းအားအားလုံးကို အပြည့်အ၀သန့်စင်နိုင်ပါက ဘယ်လောက်ပင် အစွမ်းထက်လေမည်နည်း။

ဒါကပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။

ဟုန်ရင်နှင့်ဆန့်ကျင်ဘက်တွင်ရှိသည့် ယွမ်ရှောင်ကျိနှင့်ကျန်သုံးယောက်က လက်ဖဝါးချက်၏ အလယ်ဗဟိုကို ကြည့်လိုက်၏။

ဟုန်ရင်လှံထိုးဖောက်သွားသည့်နေရာ၌ ထင်ရှားသည့် အက်ကြောင်းများ စတင်ပေါ်လာခဲ့သည်။

သူတို့ထိတ်လန့်သွားကြ၏။

သူမ၏နယ်ပယ်က သူတို့လေးယောက်ထက် နိမ့်ကျသည်။

ဒါ့အပြင် သူတို့လေးယောက် တစ်ချိန်တည်းတွင် တိုက်ခိုက်သည့် အခြေအနေအောက်တွင် သူမကသူတို့ကိုပင် ရင်ဆိုင်နိုင်သည်လား!

ဒီလူကတကယ်ပဲဘယ်သူလဲ!

ယခုလိုလူမျိုးက အစွမ်းထက်ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် သူ့နောက်ကွယ်၌ အစွမ်းထက်ဆရာတစ်ယောက် မရှိဘူးဆိုပါက သူတို့ယုံမည်မဟုတ်။

ဒါကိုတွေးမိသောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က နှလုံးသားထဲကနေ ကျိန်ဆဲလိုက်မိကြသည်။

ယခုလို‌တင်းမာနေသည့်အချိန်ကာလတွင်ပင် ဒီပါရမီရှိသည့်ကောင်စုတ်လေး ရှီဟုန်ရီက ဒီလိုခက်ခဲသည့် ရန်သူများကို ရန်စစော်ကားခဲ့ရလေသနည်း။

ဒါ့အပြင် ဂိုဏ်းချုပ်က သူ့၏တိုက်ရိုက်တပည့် ရှီဟုန်ရီကို အလွန်အမင်း ကာကွယ်ပေးထားသည်။

သူက ရှီဟုန်ရီ၏ မကောင်းမှုများစွာကိုပင် ရှင်းလင်းပေးခဲ့သည်။

သို့စေသည့်တိုင် ဒီကောင်စုတ်က သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိသေး။

ထိုအချိန်က ယွမ်ရှောင်ကျိ ဒါကို မထင်မရှားပြောဆိုခဲ့သေးသည်။

သူတို့သာ ရှီဟုန်ရီကို ဒီလိုလုပ်ခွင့်ပေးနေပါက သူက အနှေးနှင့်အမြန် ဟဲဟွမ်ဂိုဏ်းအတွက် ကြီးမားသည့်ပြဿာနာများကို ယူဆောင်လာပေလိမ့်မည်။

ဒါက ကပ်ဘေးတစ်ခုဟုပြောဆိုပါကလည်း ချဲ့ကားပြောဆိုရာမကျပေ။

သို့စေကာမူ ဒါကဖြစ်ပျက်သွားခဲ့ပြီဖြစ်ကာ ပြန်ပြောင်း၍မရတော့ပါ။

ယွမ်ရှောင်ကျိ နှလုံးသားထဲတွင်သာ သက်ပြင်းချရင်း သူ့ကိုယ်သူရဲရင့်စေလိုက်သည်။

"အားလုံးပဲ၊ အစွမ်းကုန်တိုက်ခိုက်ကြ"

ကျန်သောဥပဒေစိုးမိုးရေးအကြီးအကဲသုံးဦးတွင်လည်း အလားတူအကြံရှိသဖြင့် သူတို့လက်အစုံကို အနည်းငယ်ဆုတ်လိုက်ကြ၏။

ချက်ချင်းဆိုသလို သူတို့၏ တံတောင်ဆစ်များက ဖြောင့်တန်းသွားသည်။

အက်ကြောင်းများနှင့် ပြည့်နှက်နေပြီဖြစ်သည့် လက်ဖဝါးချက်က ထိုအခိုက်အတန့်၌ အမှန်တကယ်ပင် စွမ်းအားတစ်ခုနှင့် ထိုးထွက်လာခဲ့သည်။

ဟုန်ရင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

လေထဲက ဒီဧရာမလက်ဖဝါးချက်ကြောင့် သူမကိုယ်က မီတာများစွာအထိ အတင်းဖိနှိပ်ခံရသည်။

ယွမ်ရှောင်ကျိ လက်ချောင်းနှင့် ထပ်မံညွှန်ပြသည်။

ပန်းရောင်ဝိဉာဉ်ချီကနေ သိပ်သည်းထားသည့်အော်ရာက ထက်ရှသည့်ဓားတစ်လက်အဖြစ် ပြောင်းသွားပြီး ဟုန်ရင်၏ မျက်ခုံးကြားသို့ ထိုးဖောက်သွား၏။

မျက်လုံးထောင့်စွန်းကနေ ဒါကိုစိုက်ကြည့်ရင်း ဟုန်ရင်ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်သည်။

သူမလက်ထဲကလှံက တံမြည်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူမဒန်တျန်ထဲက ဝိဉာဉ်ချီက ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။

ထိုအချိန်တွင် လက်ဖဝါးချက်က လုံး၀ ပေါက်ကွဲသွား၏။

တစ်ချိန်တည်းမှာပင် နောက်ဆက်တွဲလှိုင်းကြောင့် ဟုန်ရင်၏ကိုယ်က မိုင်တစ်ရာခန့်နောက်သို့ အတင်းဆုတ်သွားရသည်။

ယွမ်ရှောင်ကျိ၏ ပန်းရောင်အလင်းဓားကလည်း လွဲချော်သွားရသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မူလက ဟုန်ရင် ယွမ်ရှောင်ကျိတို့လေးဦးထံ၌ ဖိနှိပ်ခံရပြီး အနိုင်ရရန် အခွင့်အရေးမရှိတော့ဟု ထင်ခဲ့ကြသည့် မြေအင်မော်တယ်ကျင့်ကြံသူနှစ်ဦးကလည်း ထိတ်လန့်နေသည့် အမုအရာများကို ပြသလိုက်ကြ၏။

"ဘယ်သူကများ ဒီလိုခွန်အားနဲ့ တိုက်ပွဲအတွေ့အကြုံမျိုးကို ပျိုးထောင်ပေးခဲ့တာလဲ"

"ဒါကိုမပြောနဲ့ဦး၊ သူက မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်သာ ရှိသေးပြီးတော့ မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူလေးဦးကို ကိုယ်တိုင်တိုက်ခိုက်ခဲ့တယ်၊ သူက အသာစီးမရထားရင်တောင် အပြင်းအထန်ဒဏ်ရာရတာမျိုး မရှိဘူး"

"အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးမှာ ထိပ်တန်းဂိုဏ်းဘယ်နှစ်ဂိုဏ်းကများ ဒီလိုအောင်မြင်မှုကို ရဖူးလို့လဲ"

"သူက ထိပ်တန်းလျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်များလား"

"ဒါမဖြစ်နိုင်ဘူး၊ ဒီလူက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့တည်နေရာနဲ့ ငရဲဂိုဏ်းကိုတောင် မသိဘူးလို့ မင်းမပြောခဲ့ဘူးလား"

အဖိုးအိုခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ သူတို့က အဲဒီလျှို့ဝှက်ဂိုဏ်းတွေကနေ ဖြစ်ဖို့ဆိုတာ တကယ်ပဲ မသေချာတော့ဘူး"

သတင်းအချက်အလက်စီးကြောင်းနယ်ပယ်၌ မည်သည့်ဂိုဏ်းမှ လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်း၏ ပြိုင်ဘက်မဟုတ်ပေ။

ထိုလျှို့ဝှက်ဂိုဏ်းများက ပုန်းလျှိုးနေကြသည်ဟု ဆိုကြသော်လည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေအကြောင်း အရာအားလုံးကို သိကြသည်။

ဒီကနေတစ်ဆင့် ဟုန်ရင်က လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းက မဟုတ်တာကိုမြင်နိုင်သည်။

ထိုအခိုက်အတန့်၌ ယွမ်ရှောင်ကျိ ကျိုးပဲ့နေသည့်မြေပေါ်၌ မတ်တပ်ရပ်နေသည့် ဟုန်ရင်ကို ကြည့်လိုက်သည်။ သူမကလက်ထဲတွင် လှံကိုကိုင်ထားပြီး သူမအော်ရာက အနည်းငယ် ပရမ်းပတာဖြစ်နေသည်။

သူလေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။

"တကယ်လို့ ငါတို့အချိန်အတိုင်းအတာတစ်ခုအထိ အတိုက်အခိုက်ရပ်စဲမယ်ဆိုရင် ဒါကအကြံကောင်းတစ်ခု ဖြစ်မလားဆိုတာ ငါသိချင်မိတယ်"

ဒီစကားလုံးများက ရှိနေသောသူတိုင်းကို တုန်လှုပ်သွားစေသည်။

ဟဲဟွမ်ဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမက ကိစ္စရပ်များနှင့်ပတ်သက်၍ အတော်လေး ရက်စက်စွာ ကိုင်တွယ်ကြသည်။

သူတို့ ဟဲဟွမ်ဂိုဏ်း၏မျက်နှာကို ကိုယ်စားပြုနေသဖြင့် အပြင်ပကမ္ဘာတွင် သေချာပေါက် ခေါင်းငုံ့ကြမည်မဟုတ်။

သို့သော် ယခုတော့ရော......!

ဥပဒေစိုးမိုးရေးအကြီးအကဲလေးဦးက ဟဲဟွမ်ဂိုဏ်း ဥပဒေစိုးမိုးရေးခန်းမ၏ ခေါင်းဆောင်များပင်။

သို့စေကာမူ သူတို့က ဒီအမျိုးသမီးရှေ့တွင် သူတို့၏မာနကြီးသောခေါင်းများကို ငုံ့ခဲ့ကြသည်။

ဒါကငြိမ်းချမ်းရေး ကမ်းလှမ်းမှုတစ်ခုဖြစ်ပြီး အရှုံးကို ၀န်ခံခြင်းလည်းဖြစ်သည်။

ဒါကိုကြားသောအခါ ဟုန်ရင်ခပ်ရေးရေးပြုံးသည်။

"ငါတို့သာတိုက်ခိုက်တာကိုရပ်ပြီး စစ်မြေငြိမ်းမယ်ဆိုရင် ဒီကိစ္စကို ထပ်မလိုက်တော့ဘူးလား"

ယွမ်ရှောင်ကျိခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"ဒီအချိန်မှာ ဂရဲဂိုဏ်းပြန်လာခြင်းနဲ့ ချီရှာဒေါင်ပြန်လည်မွေးဖွားမှုအရဆိုရင် တိုက်ခိုက်မှုဆက်ဆင်နွှဲဖို့ဆိုတာက တကယ်မသင့်တော်ပါဘူး"

"ဘယ်လိုပဲဆိုဆို၊ ဒါကဂိုဏ်းနှစ်ဂိုဏ်းကြားက ဂိုဏ်းစစ်ပွဲတစ်ခုကိုဖြစ်လာစေလိမ့်မယ်၊ ဒါကဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ"

ဟုန်ရင်နောက်ဆုံးတော့ နားလည်သွားသဖြင့် ပြုံးလိုက်လေသည်။

"တစ်နည်းအားဖြင့် နင်ကငါ့နောက်က အင်အားစုကို ကြောက်တယ်ပေါ့"

ယွမ်ရှောင်ကျိ၏အမူအရာက ကြည့်ရဆိုးသွားသော်လည်း သူမတုံ့ပြန်ခဲ့ပေ။

သူ့အတွက်ငြင်းဆန်ရန်အတွက် နေရာမရှိတာ သိသာထင်ရှားနေသည်။

ဒါက အတိအကျ သူတို့တွေးနေသည့်အရာပင်။

"နင့်လူက ငါ့ညီမကိုအရင်စနောက်ကျီစယ်ပြီးနောက်မှ ကာဒရွန်အဖြစ် အသုံးပြုဖို့ ကြိုးစားခဲ့တယ်"

ဟုန်ရင်၏မျက်လုံးများက အေးစက်မှုဖြင့် ပြည့်နှက်နေပြီး အေးစက်စွာမေးသည်။

"အခု နင်တို့ကငါတို့ကိုမနိုင်တော့ ငါတို့ကိုသတ်ဖို့အတွက် နောက်ကလူအိုကြီးတွေကို ခေါ်ကြတယ်"

"အခုလည်း ငါ့နောက်ကအင်အားစုက နင်တို့ရန်စဖို့ မတတ်နိုင်လောက်ဘူးလို့ တွေးမိကြတော့ ငြိမ်းချမ်းရေးယူချင်တာလား"

ဒါကိုကြားသောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်၏ အမူအရာများက ပို၍ပင် မည်းမှောင်သွားကြ၏။

ဟုန်ရင် နှာခေါင်းရှုံ့သည်။

"နင်တို့က ကောင်းတဲ့အရာတွေ အကုန်ယူသွားပြီလေ၊ ဒါကိုဘယ်လိုလုပ်မလဲ"

နင်းချန်ရှင်းကလည်း ပြုံးသည်။

"စီနီယာအစ်မက သူ့ကလေးတွေကို အရမ်းကာကွယ်ပေးတာပဲ....."

ယွမ်ရှောင်ကျိ ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။

"ဒီတော့မင်းဆိုလိုတာက ဂိုဏ်းစစ်ပွဲတစ်ခု ဖြစ်စေမယ်ဆိုရင်တောင် ဆက်လက်တိုက်ခိုက်မယ်ပေါ့"

ဟုန်ရင်ခေါင်းခါယမ်းသည်။

"ဂိုဏ်းစစ်ပွဲတစ်ခုလား၊ နင်တို့က ငါ့ဆရာရဲ့ တိုက်ခိုက်မှုနဲ့ မထိုက်တန်ဘူး"

"ငြိမ်ချမ်းရေးလုပ်ဖို့အတွက်ကတော့ ဒါက မဖြစ်နိုင်ဘူး"

ထိုနေရာမှာပင် မုဖူရှန်းရောက်လာခဲ့သည်။

ဟုန်ရင်ပြောတာကို သူကြားလိုက်ရသဖြင့် မုဖူရှန်းသေချင်စိတ်ပင် ပေါက်သွားသည်။

အပိုင်း(773) coming။

All Chapters