#ဓားသွေးကျောက်#
Vol. 55 Ch. 773
ဘာတွေဖြစ်နေတာလဲ!
အစ်မကြီးရေ၊ အစ်မကြီးတို့ ရောက်လာတာနဲ့ အခုလိုဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းနှင့် စတင်တိုက်ခိုက်ပြီး ဆူပူအုံကြွမှုကြီးကို ဖြစ်စေတာကို မပြောသေးဘူး!
ဘာလို့အခု ဂိုဏ်းစစ်ပွဲမှာတောင် ပါ၀င်နေရတာလဲ!
ဆရာသာဒါကိုကြားရင် သေချာပေါက်သွေးအန်လိမ့်မယ်!
ပြီးတော့ ကျွန်တော်လည်း ဆရာရိုက်တာကို သေချာပေါက်ခံရလိမ့်မယ်!
ငါမင်းကိုဘာလုပ်ရမလဲဆိုတာ ပြောခဲ့ပြီးပြီလေ၊ ငါတောင်အိပ်ရာမ၀င်ရသေးဘူး၊ ဒီလိုဆူပူအုံကြွမှုကြီးကို မင်းဖြစ်စေခဲ့တာလား!
ဒါကိုကြားသောအခါ မုဖူရှန်းနှလုံးသားထဲကနေ ငိုယိုနေမိသည်။
"ငါတို့ရန်သူကအားနည်းတာမဟုတ်ဘူး၊ ဒါပေမယ့်စီနီယာအစ်မနဲ့ တစ်ခြားသူတွေက ပြဿာနာဖန်တီးရာမှာ တော်လွန်းနေတာ"
မုဖူရှန်းသက်ပြင်းချရုံသာ တတ်နိုင်သည်။
သို့စေကာမူ သူချက်ချင်းမပေါ်လာဘဲ ယင်းအစား မိုင်ထောင်ချီအဝေး၌ ပုန်းနေလိုက်သည်။
သူတို့ကစတင်တိုက်ခိုက်နေကြပြီဖြစ်လေရာ အစ်မကြီးနဲ့တစ်ခြားသူများ၏ စရိုက်အရ ဒီကိစ္စကို သေချာပေါက် အလွတ်ပေးမည်မဟုတ်။
ဒါ့အပြင် သူတို့စကားပြောတာကနေ မုဖူရှန်း ဒီပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
ညီမလေး၀မ်အာကို ဟဲဟွမ်ဂိုဏ်းက ရှီဟုန်ရီက ရန်စစော်ကားခဲ့တာလား!
ဒီလိုဆိုပါက မုဖူရှန်းဆိုလျှင်ပင် မည်သည့်သနားကရုဏာကိုမှ ပြသမည်မဟုတ်။
သို့စေကာမူ သူအရာများကို ကိုင်တွယ်စည့်နည်းလမ်းက သူ့အစ်ကိုအစ်မများနှင့် ကွဲပြားလောက်သည်။
အစ်ကိုကြီးနှင့် အစ်မကြီးတို့က သူတို့တတ်နိုင်သရွေ့ တိုက်ရိုက်တိုက်ခိုက်ကြသော်လည်း မုဖူရှန်းကမူ တစ်ဘက်လူ အနိမ့်ဆုံးအဆင့်တစ်ခုကို မကျလာသေးခင် သို့မဟုတ် မုဖူရှန်းကြိုတင်ချထားသည့် ထောင်ချောက်ထဲ မကျခင်အထိ အမှောင်ထဲတွင်ပုန်းရင်း သူ့ကိုယ်သူပြသမည်မဟုတ်ပေ။ ထို့နောက်တွင်သာ သူအမြန်ဆုံးနှုန်းထားကိုသုံးပြီး တစ်ဘက်လူကို မည်သည့်ခြေရာမှမကျန်ဘဲ လုံး၀သတ်ပစ်မည်။
ဖြစ်စဉ်က ကွဲပြားသော်လည်း ရလဒ်က အတူတူသာ။ ဒါက မုဖူရှန်း၏လုပ်နည်းပင်။
ထို့ကြောင့် မုဖူရှန်းအမှောင်ထဲကနေ စောင့်ကြည့်နေစဉ်မှာပင် ယွမ်ရှောင်ကျိနှင့် ကျန်သောသူများနောက်သို့ ခိုးကြောင်ခိုးဝှက်သွားလိုက်သည်။
သူမြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ထုတ်ယူရင်း တစ်ဘက်လူ၏ လွတ်မြောက်လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် အဆောင်တစ်ခုကို တိတ်တဆိတ် ချနေသည်။
ထိုအခိုက်အတန့်၌ ဟုန်ရင်၏စကားလုံးများကို ကြားသောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သောသူများတင်မဟုတ်ဘဲ ဘေးကနေ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားကြ၏။
တစ်ဘက်က ဟဲဟွမ်ဂိုဏ်းဖြစ်သည်။
ဒါကို ပထမတန်းစားဂိုဏ်းများ၊ ထိပ်တန်းဂိုဏ်းများနှင့် ယှဉ်၍မရနိုင်သော်လည်း ဂိုဏ်းဘယ်လောက်များများကများ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဒုတိယတန်းစားဂိုဏ်းများ ဖြစ်လာနိုင်သနည်း။
ဟဲဟွမ်ဂိုဏ်းတွင် စောင့်ကြပ်နေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးလည်းရှိသေးသည်။
ဒီလိုအရာမျိုးကို ပြောရဲတယ်ဆိုကတည်းက ဟုန်ရင်နောက်ကွယ်ကဂိုဏ်းက အနည်းဆုံး ဒုတိယတန်းစား သို့မဟုတ် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း ဖြစ်နိုင်လောက်သည်။
ယွမ်ရှောင်ကျိ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် သူ့အမူအရာက အတော်လေးကြည့်ရဆိုးသွားသည်။
"ငါတို့ဂိုဏ်းစစ်ပွဲကို စတင်ရမယ်ဆိုရင်တောင်မှလား"
"မင်းနောက်ကဂိုဏ်းက ငါတို့ဟဲဟွမ်ဂိုဏ်းထက် အားကောင်းတယ်ဆိုရင်တောင် တစ်ဂိုဏ်းလုံးနဲ့တိုက်ခိုက်ပြီး ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ကို ဖျက်ဆီးရမယ်ဆိုရင်တောင် မင်းတို့က ပထမတန်းစားဖြစ်လျှင်လည်း ငါတို့ မင်းတို့ရဲ့အသားတုံးတစ်တုံးကိုတော့ ပိုင်းဖြတ်နိုင်ပါသေးတယ်"
ယွမ်ရှောင်ကျိက တကယ်ပင်လောင်းကြေးထပ်နေခြင်းပင်။
တစ်ဘက်လူက ဟဲဟွမ်ဂိုဏ်းထက် အားကောင်းလျှင်ပင် ငရဲဂိုဏ်း၌ ချီရှာဒေါင် ပြန်လည်မွေးဖွားလာပြီဖြစ်သည်။
တစ်ဘက်လူ၏ဂိုဏ်းက ယခုလိုအချိန်တွင် သေချာပေါက် ဂိုဏ်းစစ်ပွဲကို စတင်ရန်အတွက် ဆန္ဒရှိမည်မဟုတ်။
ဒါက တပည့်တစ်ဦး၊ နှစ်ဦးက ဆုံးဖြတ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။
ဒီလိုကိစ္စလေးအတွက်ကြောင့်လား!
ဒီလိုအခြေအနေအောက်မှာ ဒီကျင့်ကြံသူတွေရဲ့နောက်က ဂိုဏ်းက ဂိုဏ်းစစ်ပွဲကို စတင်ဖို့အတွက် ဘာမဆို ပေးဆပ်မှာလား!
မည်သို့ပင်ဆိုစေကာမူ ဒါကအသေးအဖွဲ့ ကိစ္စလေးမဟုတ်ပါ။
သို့စေကာမူ ဟုန်ရင်ခပ်ရေးရေးပြုံးရင်း ခေါင်းခါယမ်းသည်။
"အသားတုံးကိုဆွဲထုတ်မယ်၊ နင်က ရေတွင်းအောက်ခြေက ဖားတစ်ကောင်စာသာပါပဲ"
ထို့နောက် ဟုန်ရင်ဘာမှထပ်မပြောတော့။
သူမတစ်ဘက်လူနှင့် ငြင်းခုံရန် ဆန္ဒမရှိတော့ပေ။
ယခုလေးတင်တိုက်ပွဲ၌ ကြယ်နယ်မြေစွမ်းအားအပေါ် သူမ၏ထိန်းချုပ်နိုင်စွမ်းက ပိုပို၍ ကျွမ်းကျင်လာနေတာကို သူမ ခံစားနေရသည်။
ဒီတိုက်ပွဲအပြီးတွင် သူမ၏ခွန်အားက သေချာပေါက် ပိုမြင့်မားလာပေလိမ့်မည်။
ယွမ်ရှောင်ကျိ၏ ကြည့်ရဆိုးနေသည့် အမူအရာအောက်တွင် ဟုတ်ရင်လက်ထဲတွင် လှံကိုကိုင်ရင်း စွမ်းအားသုံးခုကို အတူတကွရောစပ်လိုက်သည်။
ထိုအခိုက်အတန့်၌ ပြန်လည်မွေးဖွားခြင်းလှံက ကွန်တိန်နာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြယ်နယ်မြေစွမ်းအား၊ ပြန်လည်မွေးဖွားခြင်းဆန္ဒနှင့် အင်ပါယာချီ ဒီမတူညီသည့် စွမ်းအားသုံးခုက နဂါးနှင့် ဖီးနစ်များအဖြစ် ပြောင်းလဲကာ မြည်ဟီးလိုက်ကြ၏။
ကြောက်ခမန်းလိလိ လှံအော်ရာနှင့်အတူ သူမ ယွမ်ရှောင်ကျိထံ ဝှေ့ယမ်းသည်။
မြေသားရုပ်တုတွင်ပင်လျှင် ဒေါသတစ်ချို့ရှိသည်။
တစ်ဘက်လူက ဘာကသူ့အတွက် ကောင်းသလဲဆိုတာကို မသိဘဲ အတော်လေးစိတ်အားထက်သန်နေသည်။
သူတို့ဟဲဟွမ်ဂိုဏ်းကပင် ပဏာမခြေလှမ်းလှမ်းကာ ခေါင်းငုံ့ခဲ့သော်လည်း အသုံးမ၀င်ခဲ့။ ဒါက ယွမ်ရှောင်ကျိကို ဒေါသထွက်သွားစေပြီး သူ့နှလုံးသားထဲက မီးတောက်က ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေသည်။
ယွမ်ရှောင်ကျိ လက်နှစ်ဖက်ကို ပူးလိုက်စဉ် ပန်းရောင်ဝိဉာဉ်ချီက ဒေါသတကြီးဟိန်းသံနှင့်အတူ အရူးအမူး စတင်သိပ်သည်းသည်။
ဟုန်ရင်ရှေ့သို့ပြေး၀င်လာသည့် အခိုက်အတန့်၌ ပန်းရောင်ဝိဉာဉ်ချီက ဧရာမမျှော်စင်တစ်ခုအဖြစ် သိပ်သည်းသွားသည်။
သူလက်အစုံနှင့် ရှေ့သို့တွန်းကာ ဟုန်ရင်ရှိရာသို့ လှည့်ပတ်စေသည်။
ဒါကိုမြင်သောအခါ ဟုန်ရင်တွင်လည်း နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။
ဧကရီတစ်ပါးဖြစ်သည့်အပေါ် သူမက တိုက်ပွဲတွင် ဘယ်လိုလုပ် နောက်ဆုတ်နိုင်မည်နည်း။
နောက်ဆုတ်လိုက်တိုင်း ဒါက အင်ပါယာချီနှင့် အင်ပါယာနှလုံးသားကို အားနည်းစေမည်သာ။
အကယ်၍ ရှေ့ဆက်ပါကမူ ဒါက အင်ပါယာချီနှင့် အင်ပါယာနှလုံးသားကို ထုဆစ်ရာ၌ အလွန်အမင်း အကျိုးရှိပေလိမ့်မည်။
ကလန်.......!
ကျယ်လောင်သည့်အသံတစ်သံ ထွက်လာခဲ့သည်။
ဟုန်ရင်လက်ထဲက ပြန်လည်မွေးဖွားခြင်းက ရုတ်တရက် ယွမ်ရှောင်ကျိ၏ ပန်းရောင်ဝိဉာဉ်ချီကနေ သိပ်သည်းထားသော ဧရာမမျှော်စင်နှင့် တိုက်မိသည်။
နှစ်ခုစလုံးတိုက်မိသည့်အခိုက်အတန့်၌ မူလမှောင်မိုက်နေသည့် ပတ်၀န်းကျင်က ဆန္ဒနယ်ပယ်များပါသည့် နှစ်ဘက်စလုံးက ဝိဉာဉ်ချီများ တိုက်ခိုက်မိသော အခြေအနေအောက်တွင် ပြင်းထန်သည့် အဖြူရောင်အလင်းကို အမှန်တကယ် ထုတ်လွှတ်ကာ မှောင်မိုက်သည့်ညအား ရုတ်တရက် ဆုတ်ဖြဲပစ်သည်။
သို့စေကာမူ သူတို့တိုက်ချက်ဖလှယ်ခဲ့သည့် အခိုက်အတန့်၌ ယွမ်ရှောင်ကျိ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
တစ်ဘက်လူ၏ခွန်အားနှင့် သူ့ခွန်အားအပေါ် ထိန်းချုပ်နိုင်စွမ်းက အရင်ကထက် ပိုမိုအားကောင်းလာတာကို သူရှင်းလင်းစွာ ခံစားနိုင်ပါသည်။
ဒါကယွမ်ရှောင်ကျိကို အတော်လေး ဒေါသထွက်သွားစေသည်။
တစ်ခြားဘက်က သူထုတ်လွှတ်သည့်စွမ်းအားကို အပြည့်အ၀ ဖမ်းမဆုပ်ခဲ့ပေ။
ယခုလေးတင်တိုက်ချက်က သူမအတွက် လေ့ကျင့်ဖို့ အသုံးပြုသည့်အလားပင်။
သူငါ့ကို ဓားသွေးကျောက်လို ဆက်ဆံနေတာလား!
ဒါက အတော်လေးရှက်စရာကောင်းသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဟုန်ရင်၏ ပါရမီနှင့် ခွန်အားကို သူအတော်လေး ထိတ်လန့်နေမိသည်။
မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်တွင် ဒီစွမ်းအားကို သူမ အပြည့်အ၀ ဖမ်းမဆုပ်မိသေးခင် မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူလေးဦး၏ တိုက်ချက်များကိုလည်း ခုခံခဲ့သည်။
အကယ်၍ တစ်ဘက်လူက သူတို့နှင့် နယ်ပယ်တူဆိုပါက ရလဒ်ကဘာများဖြစ်မည်နည်း။
အဖြေကသိသာထင်ရှားသည်။
မြေအင်မော်တယ်နယ်ပယ်တွင် နယ်ပယ်သေးသေးလေးတစ်ခုကပင် ကြီးမားသည့် တိုးပွားမှုကို ဖြစ်စေနိုင်သည်။
ယွမ်ရှောင်ကျိ၏အမူအရာက လေးနက်နေပြီး မျက်မှောင်ကြုတ်ကာပြောသည်။
"မြန်မြန်လာကူညီ၊ တချိန်တည်းမှာ တိုက်ခိုက်ကြမယ်၊ ဒါပေမယ့် သူ့ကို မသတ်မိဖို့ ဂရုစိုက်ရမယ်"
ကျန်သော ဥပဒေစိုးမိုးရေး အကြီးအကဲသုံးဦးကလည်း ဒါကိုမြင်သဖြင့် အားလုံးခေါင်းညိတ်ကြသည်။
တစ်ဘက်လူက ဒီကိစ္စကို မပြေလည်ချင်မှတော့ တစ်ဘက်လူကို ဖျောင်းဖျတားမြစ်ရန်အတွက် ခွန်အားကိုသာ သုံးရပေတော့မည်။
သတ်ဖြတ်ရန်အတွက်ကျတော့ရော!
ဟုန်ရင်နောက်ကွယ်က အင်အားစုက တမူထူးခြားတာကို ယွမ်ရှောင်ကျိနှင့် ကျန်သောသူများက အတည်ပြုခဲ့ပြီဖြစ်သဖြင့် သူတို့က သတ်ဖြတ်ခြင်းဆန္ဒများကို မထုတ်ဖော်ရဲကြပေ။
အကယ်၍ သူတို့သာတစ်ဘက်လူကို ဒဏ်ရာရစေပါက ထိုသူကသာ အရေးပါသောတပည့်တစ်ယောက်ဖြစ်နေလျှင်ပင် ဒဏ်ရာရမည်ဆိုလျှင် ဒီလိုကိစ္စရပ်သေးသေးလေးအတွက် ဂိုဏ်းစစ်ပွဲဖြစ်မည်မဟုတ်။
သို့စေကာမူ သေသွားမည်ဆိုပါက ဒါက ပြောရန် ခက်ခဲပေလိမ့်မည်။
အကြီးအကဲလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဟုန်ရင်ထပ်မံအတင်းနောက်ဆုတ်လိုက်ရသည်။
တစ်ဘက်၏တိုက်ချက်ကလည်း တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဟုန်ရင်တွင် ရပ်ရန်အတွက် ရည်ရွယ်ချက်မရှိပါ။
နောက်သို့တွန်းခံရသည့်တိုင် သူမပြန်လည်မွေးဖွားခြင်းလှံကို ကိုင်မြှောက်ရင်း ထိုလေးယောက်ထံ ထပ်မံပြေး၀င်သွား၏။
သူတို့ပို၍တိုက်ခိုက်လာလေလေ၊ ပို၍ ထိတ်လန့်လာလေလေဖြစ်သည်။
မုဖူရှန်းဒီမြင်ကွင်းကိုကြည့်ရင်း ညည်းတွားလိုက်မိသည်။
"တကယ်လို့အစ်မကြီးသာအစ်ကိုကြီးကို အပြစ်လွှဲချမယ်ဆိုရင် အစ်ကိုကြီးရဲ့ လက်ရှိခွန်အားအရဆိုရင် မလိုချင်ဘူးဆိုရင်တောင် ခုခံနိုင်မှာမဟုတ်လောက်ဘူး...."
အပိုင်း(774) coming။