#လေကိုစီးမလား၊ ချောက်ထဲကျမလား#
Vol. 55 Ch. 774
မုဖူရှန်းမှန်ပေသည်။
ယဲ့ချိုးပိုင်၏လက်ရှိခွန်အားအရ မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ကို တက်လှမ်းနေပြီဖြစ်သည့် ဟုန်ရင်ကို ရင်ဆိုင်ပါက သူတို့တကယ်တိုက်ခိုက်လျှင်ပင် သူ့တွင် နိုင်ရန်အတွက် အခွင့်အရေးရှိမည်မဟုတ်။
မုဖူရှန်း ရုတ်တရက် သူ့အစ်ကိုကြီးအတွက် ရုတ်တရက် စိတ်မကောင်းဖြစ်သွားရသည်။
မူလကတည်းက သူ့အစ်ကိုကြီးက အစ်မကြီး၏ အပြစ်ဖြေသည့်ပစ်မှတ်ပင်။
ယခုတော့ အားလုံးအဆင်ပြေသွားလေပြီ။
သူ့ကိုအပြစ်တင်ခဲ့လျှင်ပင် အစ်ကိုကြီးတွင် ခုခံရန်အတွက် နေရာရှိမည်မဟုတ်။
မုဖူရှန်း၏နှလုံးသားက အစ်ကိုကြီးအတွက် စက္ကန့်အနည်းငယ်မျှ နာကျင်သွားရသည်။
ထို့နောက်သူခေါင်းခါယမ်းကာ သက်ပြင်းချသည့်အသွင် ဟန်ဆောင်ရင်း အဆောင်များကို စတင်ချမှတ်သည်။
နှစ်နာရီအတွင်းမှာပင် ဒါဇင်နှင့်ချီသောအဆောင်များကို ရေးထွင်းပြီးဖြစ်ကာ လိုင်းတစ်ကြောင်းအဖြစ် ဆက်သွယ်ရင်း ကွန်ရက်တစ်ခုပမာ ဖန်တီးသည်။
ယခု သူယွမ်ရှောင်ကျိနှင့် ကျန်သောသူများ ထွက်ခွာကာ ဒီဝိုင်းရံမှုထဲ ခြေချလာမည့်အချိန်ကို စောင့်ရပေမည်။
အစ်မကြီးက သူတို့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ထိုအချိန်တွင် သူတို့ကို ဒီနေရာ၌ လုံး၀ထိန်းသိမ်းထားနိုင်ရန်အတွက် ဒီအဆောင်များကိုသာ အားကိုးနိုင်သည်။
နှစ်ဘက်အကြားကတိုက်ပွဲက နှစ်နာရီကြာသွားလေပြီ။
ဒီနှစ်နာရီအတွင်း ဒါက ကောင်းကင်ပိုင်နက်၏ ဂိုဏ်းများစွာ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိက အထူးကာလတစ်ခုပင် မဟုတ်ပေလော။
ဂိုဏ်းတိုင်းက စိတ်ဖိစီးနေကြ၏။
သတင်းအချက်အလက်ခန်းမက အပြင်ပက အခြေအနေကို စောင့်ကြည့်ရန်အတွက် တာ၀န်ယူထားရသည်။
လှုပ်ရှားမှုတစ်ခုခုရှိလာပါက သူတို့ဂိုဏ်းကို ချက်ချင်း သတင်းပို့လိမ့်မည်။
ထို့ကြောင့် ဟဲဟွမ်ဂိုဏ်း၏ အကြီးအကဲလေးဦးက မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူမိန်းကလေးတစ်ယောက်ကို တိုက်ခိုက်နေသည့်သတင်းက ကောင်းကင်ပိုက်နက်အတွင်းရှိ ဂိုဏ်းများစွာသို့ ပျံ့သွားခဲ့သည်။
မြင့်မြတ်အဆောင်ဂိုဏ်းပင်လျှင် ခြွင်းချက်မဟုတ်။
တစ်ခဏအကြာတွင် ကောင်ကင်ပိုင်နက်က အဓိကဂိုဏ်းအားလုံးက ထိုတိုက်ပွဲတည်နေရာသို့ လူများစေလွှတ်လိုက်ကြသည်။
သူတို့က အခြေအနေဘယ်လိုလဲဆိုတာကို မြင်ချင်ကြသည်။
ထိုအခိုက်အတန့်၌ မြင့်မြတ်အဆောင်ဂိုဏ်းတွင် ဂိုဏ်းချုပ်ဒီသတင်းကို ကြားသောအခါ မေးလိုက်မိသည်။
"အဲဒီအမျိုးသမီးကဘယ်သူလဲ"
"ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတောင် သူက မြေအင်မော်တယ်နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သလို မြေအင်မော်တယ် အထွတ်အထိပ်အဆင့် လေးယောက်ကိုလည်း တစ်ယောက်တည်းတိုက်ခိုက်ခဲ့တယ်"
ဒါ့အပြင် တစ်ဘက်လူက ဟဲဟွမ်ဂိုဏ်းဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲလေးဦးဖြစ်သည်။
မြေအင်မော်တယ်နယ်ပယ်၌ သူတို့၏ခွန်အားက အတော်လေးထူးခြားသည်။
ဟုန်ရင် ငယ်ရွယ်တာကို သူသိရသည့်အကြောင်းရင်းက လူတစ်ယောက်က အဆင့်တစ်ခုကို ရောက်လာတာလျှင် အနည်းဆုံးတော့ အမြင်အာရုံကောင်းလာပေလိမ့်မည်သာ။
ဒါကတစ်ဘက်လူ၌ အထူးလျှို့ဝှက်ကျင့်စဉ်၊ သို့မဟုတ်၊ ရတနာများကြောင့် မဟုတ်သလို သူ့နယ်ပယ်က အရမ်းမြင့်နေသောကြောင့်လည်း မဟုတ်ပေ။
သဘာ၀ရတနာများ သို့မဟုတ် ကျင့်ကြံခြင်းကျင့်စဉ်တစ်ချို့ကနေ ရုပ်ခန္ဓာနှင့် အရိုးများကိုလည်း ပြောင်းပစ်နိုင်သည်။ ထို့ကြောင့် တစ်ဘက်လူ၏ ခန့်မှန်းခြေအသက်ကို သူအလွယ်တကူ ပြောနိုင်ခြင်းပင်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲ ခေါင်းခါယမ်းဟည်။
"ဒီမိန်းကလေးရဲ့အော်ရာနဲ့ ကျင့်ကြံခြင်းကျင့်စဉ်ကို ကျွန်တော်တခါမှ မကြားဖူးဘူး"
"သူက လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်း၊ ဒါမှမဟုတ် လျှို့ဝှက်စွမ်းအားရှင်တစ်ယောက်က သင်ကြားပေးထားတဲ့ တပည့်တစ်ယောက်ယောက်များ ဖြစ်နိုင်လား"
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က ရယ်မောရင်း ခေါင်းခါယမ်းသည်။
"ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒီခေတ်က စိတ်၀င်စားစရာပဲ၊ ပါရမီရှင်တွေ အများကြီးရှိတယ်"
မဟာအကြီးအကဲကလည်း ခေါင်းညိတ်သည်။
"စုမိသားစုကစုမုယောင်၊ ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန်၊ ဓားတာအိုကို ဂီတနဲ့၀င်လာခဲ့တဲ့ လဲ့ကျန်းချီတဲ့ ကျန်သူတွေ"
"ပြီးတော့ အဲဒီပိုထိတ်လန့်စရာကောင်းတဲ့ ယဲ့ချိုးပိုင် ရှောင်ဟိုင်နဲ့ မုဖူရှန်းတို့လည်း ရှိသေးတယ်...."
ဂိုဏ်းချုပ်သက်ပြင်းချသည်။
"ပါရမီရှင်တွေအများကြီးရှိတယ်၊ ဒါက အခွင့်အလမ်းတွေနဲ့ အန္တရာယ်တွေ အတူတကွတည်ရှိနေတဲ့ ခေတ်တစ်ခေတ်ပဲ၊ သူတို့နဂါးနဲ့ ဖီးနစ်တွေအဖြစ် ပြောင်းလဲပြီး လေဟုန်စီးသွားကြမလား ဒါမှမဟုတ် မကောင်းဆိုးဝါးတစ္ဆေတွေအဖြစ် ပြောင်းလဲပြီး မြေအောက်အသူရာချောက်ထဲ ကျသွားမလားဆိုတာ ဘယ်သူမှမသိဘူးလေ"
ဒါကိုကြားသောအခါ မဟာအကြီးအကဲက လက်နှစ်ဖက်ဆုပ်သည်။
"ကျွန်တော်တို့မြင့်မြတ်အဆောင်ဂိုဏ်းက သေချာပေါက် နဂါးနဲ့ဖီးနစ်ဖြစ်နေမှာပါ"
မုဖူရှန်းပုံရိပ်က ဂိုဏ်းချုပ်စိတ်ထဲတွင် ပေါ်ပေါက်လာသဖြင့် ပြုံးလိုက်မိသည်။
"ငါလည်းအဲလိုပဲ မျှော်လင့်ပါတယ်"
ကောင်းကင်ပိုင်နက်လမ်းပေါ်၌ လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် အစကနေ ဟုန်ရင် အကြိမ်ပေါင်းများစွာ တွန်းလှန်ခံခဲ့ရသည်။
ဒီနေရာ၌ သူမနောက်ထပ် တွန်းလှန်ခံရခြင်းမရှိတော့ပါ။
ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က ပူးပေါင်းပြီး သူတို့၏စွမ်းရည်များကို အသုံးပြုသောအခါတွင်ပင် သူတို့ ဟုန်ရင်၏တိုက်ခိုက်မှုကို မတားဆီးနိုင်ကြပါ။
တိုက်ချက်တိုင်း၌ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က ခြေလှမ်းအနည်းငယ်စီ နောက်ဆုတ်နေရသည်။
ထိုအချိန်တွင် ဟုန်ရင်က တည်ငြိမ်သည့်အမူအရာ၊ ထူးမခြားနားသည့် အကြည့်ဖြင့် လေထဲတွင်ရပ်နေပြီး လက်တစ်ဖက်နှင့် ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားသလို ကျန်တစ်ဖက်နှင့် စည်းတံဆိပ်တစ်ခု ဖန်တီးသည်။ ပြန်လည်မွေးဖွားခြင်းဆန္ဒ၊ ကြယ်နယ်မြေစွမ်းအားနှင့် အင်ပါယာချီက စည်းတံဆိပ်ဖန်တီးဟည့် လက်ထဲတွင် အရူးအမူး သိပ်သည်းလာသည်။
ဒါကိုမြင်သောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်ပို၍ပင် ထိတ်လန့်သွားကြ၏။
ဒီတိုက်ချက်က အရင်ကထက် ပိုအားကောင်းတာ သေချာသည်။
သူချက်ချင်းအော်ဟစ်သည်။
"အစွမ်းကုန်တိုက်ခိုက်ကြ"
ထို့နောက်လေးယောက်စလုံးက ကြောက်စရာကောင်းသည့် ဝိဉာဉ်ချီနှင့် တစ်ချိန်တည်းတွင်ပေါက်ကွဲသွားပြီး ရှေ့၌ စတင်စုစည်းသည်။
တစ်ဖြည်းဖြည်းနှင့် ၎င်းက ရုပ်အသွင်ပေါ်လာပုံရသော ပန်းရောင်မက်မွန်ပွင့်တစ်ခု ဖြစ်တည်လာသည်။
အောက်က နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့က ယွမ်ရှောင်ကျိနှင့် ကျန်သောသူများကို မကြည့်ဘဲ တစ်ချိန်လုံး ဟုန်ရင်ကိုသာ ကြည့်နေကြသည်။
ရှီရှန်းရေရွတ်သည်။
"အစ်မကြီးက ကြယ်နယ်မြေစွမ်းအားကို အပြည့်အ၀နားလည်သင့်နေပြီမလား"
နင်းချန်ရှင်းပြုံးကာခေါင်းညိတ်သည်။
"ဒီလိုပဲဖြစ်ရမယ်၊ နောက်ထပ်တိုက်ခိုက်မှုက ဟိုလေးယောက် ခံနိုင်ရည်ရှိမယ့် အရာတစ်ခု မဟုတ်မှာကို ငါစိုးရိမ်မိတယ်"
မု၀မ်အာ၏ မျက်လုံးများက လေးစားမှုများနှင့် ပြည့်နှက်နေသည်။
"အစ်မဟုန်ရင်က အရမ်းမိုက်တာပဲ"
တခြားတစ်ဘက်တွင် ဟုန်ရင်လက်တစ်ဖက်နှင့် စည်းတံဆိပ်ကို ဖန်တီးသည်။ ကြယ်နယ်မြေစွမ်းအား၊ ပြန်လည်မွေးဖွားခြင်းဆန္ဒနှင့် အင်ပါယာချီတို့ အပြည့်အ၀ သိပ်သည်းသွားသည့် အချိန်တွင် သူနလက်ချောင်းလေးနှင့် ပြန်လည်မွေးဖွားခြင်းလှံကို လွှဲယမ်းလိုက်၏။
လှံထိပ်တွင် မတူညီသည့်လှိုင်းသုံးကြောင်းရှိနေပြီး တဖြည်းဖြည်းနှင့် ပြန်လည်မွေးဖွားခြင်းလှံတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ၎င်း၏စွမ်းအားက ရုတ်ချည်း ထိုးတက်သွားခဲ့သည်။
ထို့နောက် လေပြင်းတစ်ချက်ပမာ လေဟာနယ်တစ်ခုလုံးအား တိုက်ခတ်သွား၏။
လေပြင်းတိုက်ခတ်မှုအောက်တွင် မရေမတွက်နိုင်လောက်သည့် ထက်ရှသော လှံအော်ရာများက သိပ်သည်းလာသဖြင့် ပတ်ပတ်လည်က လေဟာနယ်ကို အရွယ်အစားမျိုးစုံအဖြစ် ဆုတ်ဖြဲပစ်သည်။
ထိုအခိုက်အတန့်၌ ဟုန်ရင်ရှေ့တစ်လှမ်း တိုးလိုက်စဉ် သူမလက်ထဲက ပြန်လည်မွေးဖွားခြင်းလှံနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွား၏။
ထို့နောက် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ မှောင်မိုက်သည့် လေဟာနယ်အား ထိုးခွင်းရင်း ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်ထံ တည့်တည့် ထိုးဖောက်သွားသည်။
ဒါကိုမြင်သောအခါ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်မှာ တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြသည်။
လက်ရှစ်ဖက်က တစ်ချိန်တည်းတွင် ပစ်လွှတ်လိုက်ကြ၏။
သူတို့ရှေ့၌ စုစည်းထားသည့် ပန်းရောင်မက်မွန်ပွင့်များက တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းကာထွက်သွားပြီး ဟုန်ရင်ထံ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် ထိုမက်မွန်ပွင့်များ ပွင့်လာသောအခါ ပန်းနုရောင်အော်ရာအမျှင်စများကို ထုတ်လွှတ်နေသည်။
ထိုပန်းနုရောင်အော်ရာ၌ အားကောင်းသည့် ကာမအားတိုးဆေးတစ်ခုရှိသည်။
မြေအင်မော်တယ်နယ်ပယ်က သာမန်လူများပင်လျှင် ဒါကိုအနံ့ခံမိရင်း စုပ်ယူမိပါက ဒါက သူတို့ခန္ဓာ၌ မငြိမ်မသက်မှုများကို အစပျိုးပေးမည်ဖြစ်သလို စိတ်အခြေအနေ၏ ရူးသွပ်သောတုန်ယင်မှုကိုပါ အစပျိုးပေးလိမ့်မည်။
သို့စေကာမူ ဒီအရာများက ဟုန်ရင်အပေါ် ဘာသက်ရောက်မှုမှ ရှိပုံမပေါ်ပါ။
ရှေ့သို့ပြေး၀င်လာနေစဉ် ပန်းနုရောင်အော်ရာက ဟုန်ရင်ကိုယ်ကို ထိမိသည့် အခိုက်အတန့်၌ အင်ပါယာချီက အညှာတာကင်းမဲ့စွာပင် ဝါးမြိုသွားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ရင်၏လှံကလည်း လေးလံသည့်ပန်းပွင့်များကို ထိုးဖောက်ကာ မက်မွန်ပွင့်၏ ပင်မကိုယ်ထည်ကို တိုက်ရိုက် ထိုးဖောက်ပစ်သည်။
ဂျူန်း.......ဂျူန်း......!
တစ်ခဏအကြာတွင် မက်မွန်ပွင့်များပေါ်ရှိ အကြွင်းအကျန်များက ဘက်ပေါင်းစုံသို့ ပျံသန်းသွားကြပြီး ဆက်လက်ပျောက်ကွယ်နေသည်။
ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်ကလည်း နောက်ဆက်တွဲတုံ့ပြန်မှုကြောင့် တွန်းခံရပြီး မီတာရာပေါင်းများစွာ ဆုတ်လိုက်ရသည်။
သူတို့၏မျက်နှာများက ဖြူရော်သွားကြ၏။
သို့စေကာမူ ဟုန်ရင်မရပ်သေးဘဲ ထပ်မံထိုးနှက်လိုက်ပြန်သည်။
မက်မွန်ပန်းပွင့်များက ပန်းနုရောင်အော်ရာအဖြစ် ပြောင်းသွားပြီး လေဟာနယ်ထဲတွင် လုံး၀ပျောက်ကွယ်သွားရသည်။
ထို့နောက် သူမရှေ့တစ်လှမ်းတိုးရင်း ယွမ်ရှောင်ကျိနှင့်ကျန်သုံးယောက်အား လိုက်ဖမ်းသည်။
ဒါကိုမြင်သောအခါ ယွမ်ရှောင်ကျိအံကြိတ်သည်။ သူ့အော်ရာက အတော်လေး ဖရိုဖရဲဖြစ်နေသည်။ သူအပြင်းအထန် ဒဏ်ရာရသွားသည်မှာ သိသာထင်ရှားနေသည်။
သူ့အမူအရာက ပုံမှန်မဟုတ်စွာပင် ကြည့်ရဆိုးနေပြီး နောက်လှည့်ကာ ပြောလိုက်၏။
"သွားကြစို့"
ထို့နောက် လေးယောက်စလုံးက ဟဲဟွမ်ဂိုဏ်းရှိရာဘက်သို့ ပျံသန်းသွားကြသည်။
ဒါကိုမြင်သောအခါ ဟုန်ရင်ရပ်ရုံသာ တတ်နိုင်တော့သည်။
တစ်ဘက်လူက သူမ၏ပြိုင်ဘက် မဟုတ်သော်လည်း ဟုန်ရင်တစ်ဦးတည်းက မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်လေးဦးကို ထွက်ပြေးခြင်းကနေ မတားဆီးနိုင်ပေ။
သို့သော်ငြားလည်း အဆင်ပြေပါသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ဒဏ်ရာအပြင်းအထန်ရသွားကြသည် မဟုတ်ပေလော။
ကံဆိုးစွာပင် သူတို့ထွက်ပြေးရာလမ်းကြောင်းမှာကား......!
အပိုင်း(775) coming။