#တိုက်ခိုက်မှု#
Vol. 55 Ch. 775
ဟုန်ရင်၏ခွန်အားက ရှိနေသည့်လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ယခုလိုငယ်ရွယ်သည့် အသက်အရွယ်၌ မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ကို တက်လှမ်းခြင်းဖြစ်စေ၊ မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ဖြင့် ဟဲဟွမ်ဂိုဏ်း၏ မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ဥပဒေစိုးမိုးရေး အကြီးအကဲလေးဦးကိုပင် တိုက်ခိုက်ခဲ့သည်။
ပို၍ကြောက်စရာကောင်းတာက ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ပြီးနောက်တွင် ဟုန်ရင်က အစက သူမခွန်အားကို အပြည့်အ၀ မဖမ်းဆုပ်နိုင်သေးဘူးဆိုတာ ရှင်းနေသည်။
သူမ၏စွမ်းအားကို ထိန်းချုပ်ရန်အတွက် ဥပဒေစိုးမိုးရေးအကြီးအကဲလေးဦး၏ တိုက်ချက်များကို သူမအားကိုးနေခဲ့ခြင်းပင်။
ဒါက သိုင်းပညာပြိုင်ပွဲမဟုတ်။ ဒါက တကယ့်သေရေးရှင်ရေးတိုက်ပွဲဖြစ်သည်။
သို့စေကာမူ ဟုန်ရင် သူမ၏လက်ရှိခွန်အားကို နှစ်နာရီအတွင်း ကျွမ်းကျင်သွားသည်သာမက ပိုပိုအားကောင်းလာခဲ့ပြီး နောက်ဆုံးတွင် အကြီးအကဲလေးဦးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။
ဒါက အဓိကဂိုဏ်းများ၏တပည့်ဖြစ်စေ သို့မဟုတ် အကြီးအကဲအဆင့်ပုံရိပ်များဖြစ်စေ၊ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်စေ၊ သို့မဟုတ် ဂိုဏ်းကြီးများက လွှတ်ထားသည့် သူလျှိုများဖြစ်စေ စောင့်ကြည့်နေသောသူတိုင်းကို တုန်လှုပ်သွားစေသည်။
တစ်ချို့လူများကမူ မျက်လုံးထဲ၌ သူတို့၏အံ့ဩသင့်မှုများကို ပြသနေသည်။
ဂိုဏ်းအသီးသီးက သူလျှိုများတင်မကဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများ၊ တပည့်များနှင့် အကြီးအကဲများပင် နှလုံးသားထဲတွင် စတင်မှန်းဆနေကြသည်။
ဟုန်ရင်ဘယ်ဂိုဏ်းကလာတာလဲ၊ ပြီးတော့ ဒီလိုမွန်းစတားဖြစ်လာအောင် သူ့ကို ဘယ်သူသင်ကြားပေးခဲ့တာလဲ!
သို့စေကာမူ အရင်သက်ကြီးရွယ်အိုမျိုးဆက်များမှ အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူများပင်လျှင် ဟုန်ရင်ပြသသည့် အင်ပါယာချီ၊ ပြန်လည်မွေးဖွားခြင်းဆန္ဒနှင့် ကြယ်နယ်မြေစွမ်းအားကို မြင်ရသောအခါ သူတို့နှလုံးသားထဲက ဂိုဏ်းများ၏ ကျွမ်းကျင်သူများနှင့်ပင် သူတို့ ယှဉ်နိုင်စွမ်းမရှိကြပါ။
ထို့ကြောင့် ရှင်းလင်းချက်တစ်ခုတည်းသာရှိသည်။
သူမက ပုန်းလျှိုနေသည့် စွမ်းအားရှင်တစ်ယောက် သင်ကြားပေးထားသည့် တပည့်တစ်ယောက်ပေတည်း။
ယခုသူ့တပည့်က လေ့ကျင့်ရာ၌ တိုးတက်မှုရှိလာခဲ့သဖြင့် သူမကိုကမ္ဘာပတ်ရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ရပေမည်။
ထိုအခိုက်အတန့်၌ ဟဲဟွမ်ဂိုဏ်းရှိရာဘက်သို့ ပြေးနေကြသည့် ဥပဒေစိုးမိုးရေး အကြီးအကဲလေးဦး၏ အမူအရာများက အတော်လေး ကြည့်ရဆိုးနေကြသည်။
အကြီးအကဲတစ်ယောက်က ယွမ်ရှောင်ကျိကိုကြည့်ရင်း မည်းမှောင်သည့်အမူအရာဖြင့်မေးသည်။
"ယွမ်ရှောင်ကျိ၊ ငါတို့ဒါကို ဘယ်လိုလုပ်ကြမလဲ"
နောက်အကြီးအကဲတစ်ယောက်က ကြားဖြတ်ပြောသည်။
"ဒီကလေးရဲ့နောက်မှာ ငါတို့ဟဲဟွမ်ဂိုဏ်းတောင် ရန်စစော်ကားဖို့မတတ်နိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိရမယ်၊ တကယ်လို့ ငါတို့သာ တကယ့်ဂိုဏ်းစစ်ပွဲကို စတင်မယ်ဆိုရင် ငါစိုးရိမိတာက ဟဲဟွမ်ဂိုဏ်း....."
တခြားအကြီးအကဲတစ်ယောက်က ဒေါသတကြီးအော်ဟစ်သည်။
"ဒီလိုအချိန်မှာ သူတို့ဂိုဏ်းစစ်ပွဲကို စရဲရင် လာကြပါစေ၊ ငါတို့ဟဲဟွမ်ဂိုဏ်းက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ပေမယ့် သူတို့ကိုယ်ထဲက အသားတုံးတစ်တုံးကိုတော့ ဆုတ်ဖြဲနိုင်သေးတယ်"
"ဂိုဏ်းစစ်ပွဲဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး" ယွမ်ရှောင်ကျိခေါင်းခါယမ်းရင်း လေးနက်စွာပြောသည်။
"ဒါကတခြားနေ့သာဆိုရင် ဒီကလေးနောက်ကွယ်က အင်အားစုက ငါတို့အတွက် အရာတွေကို သေချာပေါက် ခက်ခဲစေလိမ့်မယ်၊ ဒါပေမယ့် လောလောဆယ်တော့ တပည့်တွေနဲ့ တခြားအင်အားစုတွေကြားက ပဋိပက္ခကြောင့်နဲ့ တိုက်ပွဲကြီးဖြစ်မှာမဟုတ်ဘူး၊ ဘယ်လိုပဲဆိုဆို သူတို့က ငါတို့အသက်ကိုလည်း မထိခိုက်စေခဲ့ဘူးလေ"
"ဒီလိုဆိုရင် ငါတို့ဒီကိစ္စကို ဂိုဏ်းချုပ်ကို ဘယ်လိုတင်ကြပြမလဲ၊ ငါတို့ဒါကို တကယ်ပဲသည်းခံရမှာလား"
"ငါတို့မသည်းခံဘူးဆိုရင်ရော ဘာလုပ်နိုင်လို့လဲ...." ယွမ်ရှောင်ကျိ ထိုစကားပြောသည့် အကြီးအကဲကို စူးစိုက်ကြည့်ရင်း ဒေါသတကြီးပြောသည်။
"ငါတို့အခုလုပ်ရမှာက ဂိုဏ်းချုပ်ကို နားချဖို့ပဲ၊ အသေးစားအမြတ်အစွန်းလေးတွေအတွက် ကြီးကြီးမားမားမရှုံးစေနဲ့"
"ရှီဟုန်ရီ၊ အဲဒီသောက်ရူးငတုံးကောင်ကို ဒီဒေါသကို မျိုသိပ်ခွင့်ပေးလိုက်၊ ဒါကို သင်ခန်းစာတစ်ခုအဖြစ် ယူပါစေ"
သူရှီဟုန်ရီအကြောင်း ပြောစဉ် ယွမ်ရှောင်ကျိ အတော်လေးဒေါသထွက်နေသည်။
ဒီကလေးက ဂိုဏ်းချုပ်၏မေတ္တာကို အားကိုးရင်း အမြဲလိုလိုဥပဒေမဲ့ပြီး အပြင်ပတွင် မကောင်းမှုများစွာလုပ်ခဲ့သည်။
သူက အသက်ရှင်နေသည့် မကောင်းဆိုးဝါးဘုရင်တစ်ဦးပမာ။
သူတို့ပင်လျှင် ရှီဟုန်ရီ၏ တင်ပါးကိစ္စကို အကြိမ်ပေါင်းများစွာ ရှင်းပေးခဲ့ရသည်။
"ကောင်းပြီ၊ မြန်မြန်သွားပြီး ဂိုဏ်းချုပ်ကို ဒီကိစ္စကို ဖိနှိပ်အောင် လုပ်ကြတာပေါ့၊ ဒီတစ်ကြိမ် ငါတို့ဟဲဟွမ်ဂိုဏ်းက အရှုံးကို ၀န်ခံရုံပဲ တတ်နိုင်တယ်"
"အနာဂတ်မှာ လက်စားချေမှုရှိ၊ မရှိဆိုတာအတွက်တော့ အချိန်ကျလာတဲ့အခါကျရင် ရှီဟုန်ရီကိုပဲ လက်လွှဲပေးကြတာပေါ့၊ ဒါမှမဟုတ် ငါတို့လေးယောက် ဟဲဟွမ်ဂိုဏ်းကနေလည်း ထွက်သွားနိုင်တာပဲလေ...."
ယွမ်ရှောင်ကျိ၏ စကားလုံးများကို ကြားသောအခါ ကျန်သုံးယောက်၏ အမူအရာများက လေးလံနေကြ၏။
ဟဲဟွမ်ဂိုဏ်းမှ ထွက်ခွာခြင်းက ဟဲဟွမ်ဂိုဏ်း အန္တရာယ်အတွင်း ရှိနေစဉ် ထွက်ပြေးခြင်းမဟုတ်ဘဲ ဂိုဏ်းကို ကာကွယ်ရန်အတွက်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏ အာဃာတရန်ငြိုးရှိတာက ရှီဟုန်ရီသာ။
သူမကိုတိုက်ခိုက်ခဲ့သည့် သူတို့လေးယောက်အတွက်မူ သူတို့အပြစ်ကို ခံယူနေသရွေ့ တစ်ဘက်လူက ဟဲဟွမ်ဂိုဏ်းကို အရမ်းကြီးအန္တရာယ်ပေးမည်မဟုတ်။
သူတို့သာ ဥပဒေစိုးမိုးရေးခန်းမ အဖွဲ့၀င်ဖြစ်ချင်ပါက ဟဲဟွမ်ဂိုဏ်းကို ရာနှုန်းပြည့် သစ္စာရှိရန် အာမခံပေးရမည်။
ဥပဒေစိုးမိုးရေးခန်းမက ဂိုဏ်းချုပ်ကလွဲ၍ လူတိုင်းကို စီမံခန့်ခွဲနိုင်သည်။
ဟဲဟွမ်ဂိုဏ်း၏ စွမ်းအားက ကြောက်စရာကောင်းသည်ဟု ဆို၍ရသည်။
သူတို့လေးယောက် ပြင်းထန်သည့်ဒဏ်ရာများကို ဖိနှိပ်ရင်း ဟဲဟွမ်ဂိုဏ်းရှိရာသို့ ပျံသန်းသွားနေစဉ် ရုတ်တရက် ယွမ်ရှောင်ကျိ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ပတ်၀န်းကျင်က ဝိဉာဉ်ချီက အဓိကရုဏ်းစတင်ဖြစ်လာတာကို သူခံစားမိသည်။
သို့စေကာမူ ဝိဉာဉ်ချီအဓိကရုဏ်းကို သူရှာတွေ့သောအခါ အရမ်းနောက်ကျသွားပါပြီ။
ဒါက ယွမ်ရှောင်ကျိနှင့်ကျန်သုံးယောက်တို့၏ အသိက အားနည်းခြင်းမဟုတ်ဘဲ မုဖူရှန်း အဆောင်များအပေါ် လူတစ်ဦး၏ အော်ရာကို ဖုံးကွယ်နိုင်သည့် အဆောင်တစ်ခုကိုလည်း သုံးခဲ့သောကြောင့်ပင်။
သူ မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူလေးဦး၏ ရှာတွေ့မှုကို အပြည့်အ၀ မရှောင်ရှားနိုင်သော်လည်း ဒီလေးယောက်က အပြင်းအထန်ဒဏ်ရာရထားပြီး ဂိုဏ်းကိုသာ အမြန်ပြေးသွားချင်ခဲ့ကြသည်။
သူတို့ဘယ်လိုလုပ် အာရုံခံနိုင်မည်နည်း။
ယွမ်ရှောင်ကျိနှင့်ကျန်သုံးယောက်က အထိတ်တလန့်ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။
ရာနှင့်ချီသည့်အဆောင်များက သူတို့ကို ဘက်ပေါင်းစုံကနေ ၀န်းရံထားသည်။
သူတို့ဘယ်နေရာကိုပင် ပြေးပါစေ အဆောင်စွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ခံရမည်သာ။
ယွမ်ရှောင်ကျိ ဒေါသတကြီးအသံဖြင့်ပြောသည်။
"အဲဒါဘယ်စီနီယာလဲ၊ နားလည်မှုလွဲတာတစ်ခုခုရှိရင် ဘာလို့ငါတို့ ဟဲဟွမ်ဂိုဏ်းက ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတွေနဲ့ လာရောက်မဆွေးနွေးရတာလဲ"
သူ့အသံက ညတာယံ၌ပဲဘတင်ထပ်သွားသည်။ သူတို့ကိုပြန်ဖြေတာဟူ၍ အပြင်ဘက်က အဆောင်သာရှိသည်။
ထိုအဆောင်တွင် များစွာသော မိုးကြိုးသံကြိုးများက မိုးကြိုးစွမ်းအားဖြင့် ရစ်ပတ်နေပြီး ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်ကို ၀န်းရံထားသည်။
ယွမ်ရှောင်ကျိနှင့်ကျန်သုံးယောက်၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။
ရုတ်တရက်ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသဖြင့် သူတို့ထိတ်လန့်သွားကြသည်။
သူတို့ကိုယ်ထဲတွင် ပြင်းထန်သည့်ဒဏ်ရာများလည်း ရှိနေလေရာ သူတို့ဒီမိုးကြိုးသံကွင်းများ၏ အရှုပ်အထွေးကို ခုခံရန်အတွက် ကိုယ်ထဲက ဝိဉာဉ်ချီကို အတင်းလှည့်ပတ်ခိုင်းရုံသာ တတ်နိုင်သည်။
သို့စေကာမူ ခုခံရန်အတွက် သူတို့ကျင့်ကြံခြင်းကျင့်စဉ်ကို သုံးသောအခါ ဒီမိုးကြိုးသံကွင်းများနှင့် အဆောင်များကလည်း မြေအင်မော်တယ်နယ်ပယ်ကို ရောက်နေတာကို တွေ့ရသဖြင့် သူတို့ထိတ်လန့်သွားကြ၏။
အကယ်၍ သူတို့သာဒဏ်ရာမရထားပါက လေးယောက်သား အင်အားစုများပူးပေါင်းပြီး အစွမ်းကုန်ခုခံပါက လွတ်မြောက်နိုင်လောက်သည်။
သို့စေကာမူ ဟုန်ရင်က သူတို့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။
သံကွင်းများနှင့်အဆောင်များက အတော်လေးများသည်။ အကျိုးဆက်အနေနှင့် သူတို့အလွန်အမင်း ဖိသိပ်ခံနေရသည်။
အမွေးတိုင်တစ်တိုင်စာအချိန်အတွင်း လေးယောက်စလုံး မိုးကြိုးသံကွင်းများထဲတွင် တစ်ဦးပြီးတစ်ဦး ပိတ်မိသွားကြ၏။
သူတို့ချိုးဖျက်ချင်သော်လည်း အထဲက မိုးကြိုးစွမ်းအားက သူတို့ကိုယ်များကို ဆက်လက်ကျူးကျော်နေရာ ရလဒ်အဖြစ် သူတို့ဒဏ်ရာများကိုပင် မဖိနှိပ်နိုင်တော့ပါ။
ယွမ်ရှောင်ကျိ၏မျက်နှာက ဖြူဖျော့သွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။
သူတို့တွင် တုံ့ပြန်ရန်အတွက် အခွင့်အရေးပင်မရှိဘဲ သူတို့အောက်က အဆောင်များက အစီအရင်တစ်ခုပမာ အဆက်မပြတ် ဆက်သွယ်နေသည်။
မိုးကြိုးများက မြေဆူးချွန်များပမာ လင်း၀င်းနေပြီး သံကွင်းများနှင့်အတူ ယွမ်ရှောင်ကျိတို့လေးယောက် အုပ်စုကို တိုက်ခိုက်နေသည်။
ဒီလိုမကြာခဏတိုက်ခိုက်မှုများကြား၌ သူတို့အထွတ်အထိပ်အဆင့်တွင် ရှိလျှင်ပင် ဦးရေပြားများကပင် တရွရွဖြစ်သည့်ပမာ ခံစားရပေလိမ့်မည်။ သို့သော် သူတို့က အပြင်းအထန် ဒဏ်ရာရနေလေပြီ။
ယွမ်ရှောင်ကျိ အကန့်အသတ်ရှိသည့် မိုးကြိုးတိုက်ခိုက်မှုများကို ခုခံရင်း ကိုယ်ထဲက နာကျင်မှုကို သည်းခံကာ အံကြိတ်ပြီး အော်ဟစ်သည်။
"စီနီယာ၊ ခင်ဗျားက မြင့်မြတ်အဆောင်ဂိုဏ်းကလား၊ ကျုပ်တို့ဟဲဟွမ်ဂိုဏ်းနဲ့ မြင့်မြတ်အဆောင်ဂိုဏ်းက ကျုပ်တို့ရဲ့ ကိုယ်ပိုင်အလုပ်တွေကို အမြဲလိုလို ဂရုစိုက်ခဲ့ကြတယ်၊ ဘာလို့ ခင်ဗျား ကျုပ်တို့ကို တိုက်ခိုက်ရတာလဲ"
ကောင်းကင်ပိုင်နက်တွင် မြင့်မြတ်အဆောင်ဂိုဏ်းက အဆောင်သခင်တစ်ဦးသာလျှင် မြေအင်မော်တယ်အဆင့်အဆောင်များစွာကို ရေးထွင်းနိုင်ပေသည်။
အမှောင်ထဲမှ အော်ရာကိုဖုံးကွယ်ပြီး အသံပြောင်းထားသည့် အသံတစ်သံထွက်လာသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းလား၊ မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းတို့က ရန်စမသင့်တဲ့ သူတစ်ယောက်ကို ရန်စစော်ကားမိခဲ့လို့ပဲ...."
သူ့အသံကသူလိမ်နေပုံမပေါက်ပါ။
အပိုင်း(776) coming။