#အဆောင်သုတ်သင်ခြင်း#
Vol. 55 Ch. 776
အမှောင်ယံည၌ မူလက ကောင်းကင်တွင် လပြည့်၀န်းက ချိတ်ဆွဲနေပြီး အေးစက်သည့် အဖြူရောင်အလင်းက ဒီမြေအပေါ်သို့ တောက်ပစွာ ထွန်းလင်းနေသော်လည်း ယခုတွင်မူ မိုးကြိုးက အဆက်မပြတ် လင်း၀င်းရင်း မိုးနှင့်မြေကို ပြင်းထန်သည့် ခရမ်းရောင်အဆင်းနှင့် တောက်ပစေသည်။
တစ်ခြားသူများ ရှာတွေ့ခြင်းကို မခံရစေရန်၊ ဒါက အဓိဂိုဏ်းများ၏ မျက်လုံးများကို မဆွဲဆောင်မိစေရန်နှင့် ပြပွဲကြည့်ရတာကို ထိုသဘောကျသည့် ထိုကျင့်ကြံသူများ မတွေ့စေရန်အတွက် အော်ရာနှင့် လှုပ်ရှားမှုများကို သီးသန့်ဖယ်ရှားပစ်ရန်အတွက် မရေမတွက်နိုင်လောက်သည့် အဆောင်များကို အထူးဖန်တီးထားခဲ့သည်။
ပြင်ဆင်မှုများပြီးဆုံးသွားသောအခါ မုဖူရှန်းပင်လျှင် ကျေနပ်စွာ ခေါင်းညိတ်သည်။
သူကြွားဝါလိုက်သည်။
ငါသောက်ရမ်းဉာဏ်ကောင်းတယ်မလား!
သို့စေကာမူ ဒါက ဟဲဟွမ်ဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမ အကြီးအကဲလေးဦးအတွက်မူ ကပ်ဘေးတစ်ခုဖြစ်သည်။
သူတို့က ဟဲဟွမ်ဂိုဏ်း၏ အရေးပေါ်အချက်ပြုမှုကို သုံးခဲ့သည့်တိုင် ဘာမှမလုပ်နိုင်တာကို တွေ့သွားကြသဖြင့် ထိတ်လန့်သွားကြ၏။
ဒီမိုးကြိုးသံကွင်းများက သူတို့၏လှုပ်ရှားမှုကို ကန့်သတ်နိုင်သည်သာမက သူတို့ကိုယ်ထဲ ကျုးကျော်နေသည့် မိုးကြိုးစွမ်းအားက ကိုယ်ထဲက ဝိဉာဉ်ချီလှည့်ပတ်မှုကိုပင် ဖိနှိပ်စေနိုင်သည်။
သူတို့အကူအညီတောင်းရန်အတွက် မည်သည့် ကျင့်ကြံခြင်းကျင့်စဉ်ကိုမဆို သုံးပင်မသုံးနိုင်ပေ။
ဒီအကြီးအကဲတွေကို သတ်ပြီးနောက် နောက်ထပ်မဟာအကြီးအကဲ၊ ဂိုဏ်းချုပ် ဒါမှမဟုတ် အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးဦး ပေါ်လာမှာကို မုဖူရှန်းမလိုလားပါ။
သင်္ချိုင်းများ၊ ခေါင်းတလားများကနေ တွားတွားလာခဲ့ကြသည့် ဂိုဏ်းချုပ်တစ်ချို့ပင် ရှိဖူးသည်။
ဟဲဟွမ်ဂိုဏ်းတွင်လည်း ဒီလိုနည်းစနစ်မျိုးရှိသလားဆိုတာ သူမသိပါ။
ဒါကကြိုတင်ကာကွယ်မှုတစ်ခုသာဖြစ်သည်။ တစ်ဘက်လူတွင် ဒီလိုလူတစ်ယောက်ရှိလာပါက သူဖွင့်ဟခံလိုက်ရပေလိမ့်မည်။
ဒီလိုဖြစ်၍မရပေ။
အရာများကိုလုပ်ဆောင်စဉ် အကျိုးဆက်များကိုလည်း စဉ်းစားရန်လိုအပ်သည်။
အကျိုးဆက်များတွင်လည်း နောက်ဆက်တွဲအကျိုးဆက်များဆိုတာ ရှိသည်။
သူ့ကိုယ်သူဒီဖြစ်နိုင်ချေရှိသည့် အရာများကနေ သီးသန့်ဖယ်ထားခြင်းဖြင့်သာ သူ့ဘေးကင်းမှုကို အတတ်နိုင်ဆုံးအာမခံနိုင်မည်သာ။
ဒါမှမဟုတ် ပြဿာနာကို ရှောင်ရှားရန်လည်းဖြစ်သည်။
အတိုင်းအတာတစ်ခုအထိ မုဖူရှန်း၏ သတိထားတတ်သည့်သဘာ၀က လုချန်ရှန်းနှင့် နီးသထက်ပို၍နီးကပ်လာခဲ့သည်။
ထိုအခိုက်အတန့်၌ ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်က လေဟာနယ်ထဲမှ တုံ့ပြန်သံကို ကြားသောအခါ သူတို့အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားကြ၏။
ရန်မစသင့်တဲ့သူကို ရန်စမိတာလား!
မေးစရာပင်မလိုတော့။ အဲဒါက ယခုလေးတင် သူတို့တိုက်ခိုက်ခဲ့သည့် မိန်းကလေးဖြစ်ရပေမည်။
ထိုအိုမင်းရင့်ရော်ပုံရသည့် အသံကို ကြားသောအခါ ယွမ်ရှောင်ကျိ ထိတ်လန့်နေသည့် အမူအရာဖြင့်ပြောသည်။
"စီနီယာ၊ ကျုပ်တို့ဟဲဟွမ်ဂိုဏ်းက အဲဒီလူတွေကို ပြဿာနာရှာဖို့အတွက် မရည်ရွယ်တော့ပါဘူး"
"ပြီးတော့ ဒီကိစ္စမှာ သူတို့ကျေနပ်လောက်တဲ့အထိ လျော်ကြေးလည်းပေးပါမယ်"
သို့စေကာမူ ယွမ်ရှောင်ကျိ၏စကားလုံးများက ပင်လယ်ထဲနစ်မြှုပ်သွားသည့် ကျောက်တုံးတစ်တုံးပမာ။ တုံ့ပြန်သံမရှိခဲ့။
ကျန်ရှိနေတာဆို၍ စတင်ပြင်းထန်စွာ ပေါက်ကွဲတော့မည့် လေထဲက အဆောင်များပင်။
လေထဲက အဆောင်နှစ်ခုကို အာရုံခံမိသဖြင့် မြေအင်မော်တယ် အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူလေးဦးမှာ သူတို့နှလုံးများပင် ခုန်ပေါက်နေသည့်ပမာ ခံစားနေရသည်။
လေထဲတွင် အဆောင်နှစ်ခုတည်းသာ ရှိပြီး အဆောင်အရေအတွက်က အသေးဆုံးဖြစ်သော်လည်း ဒီအဆောင်နှစ်ဆောင်ကပင် ကျန်သောအဆောင်များ ယှဉ်နိုင်စွမ်းမရှိသည့် အန္တရာယ်ကို ခံစားရစေသည်။
မိုးကြိုးအဆောင်နှစ်ခု ပတ်ပတ်လည်က လေဟာနယ်၌ စတင်စီးဆင်းသွားသောအခါ လပြည့်၀န်းက ရုတ်တရက် တိမ်မည်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
အဖြူရောင်အလင်းကလည်း ပျောက်ကွယ်သွားပြီဖြစ်ကာ ခရမ်းမိုးကြိုးသာလျှင် ကျန်တော့သည်။
တိမ်မည်းများထဲကနေ မိုးကြိုးများက စတင်ပေါက်ကွဲလာကြသည်။
ဒါက ၎င်းတို့အောက်က အဆောင်များမှ ထုတ်လွှတ်သည့် မိုးကြိုးစွမ်းအားလောက် မပြင်းထန်သော်လည်း တိမ်မည်းများထဲက ခရမ်းမိုးကြိုးက သူတို့ကိုပို၍ပင် ကြောက်ရွှံ့စေသည်။
ဒီလိုအကြောက်တရားမျိုးက မြေအင်မော်တယ်နယ်ပယ် အဆောင်တစ်ခုက ယူလာပေးနိုင်သည့် အရာမဟုတ်ပါ။
ဒါဘယ်အဆင့်ကအဆောင်လဲ!
အဖြေကသိသာနေလေပြီ။
ကောင်းကင်အင်မော်တယ်အဆင့်အဆောင်!
ယွမ်ရှောင်ကျိ အထိတ်တလန့်အော်ဟစ်သည်။
"ကောင်းကင်အင်မော်တယ်အဆင့်အဆောင်၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးမှာ အဆောင်မျှော်စင်သခင်နဲ့ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ အဆင့်မြင့်မဟာအကြီးအကဲတွေကပဲ ဒီလိုအဆောင်မျိုးကို ရေးထွင်းနိုင်တယ်၊ ခင်ဗျားကတကယ်ပဲ ဘယ်သူလဲ"
"စီနီယာက မြင့်မြတ်အဆောင်ဂိုဏ်းက မဟုတ်ဘူးလို့ပြောခဲ့တယ်၊ ဒါဆို စီနီယာက အဆောင်မျှော်စင်သခင်များလား"
အဆောင်မျှော်စင်သခင်!
စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ပေးခဲ့သည့် အဖိုးအိုက မုဖူရှန်းစိတ်ထဲတွင် ပေါ်လာသဖြင့် သူပြုံးလိုက်မိသည်။
ဒီအဖိုးကြီးက ကျားကိုစားရန် ၀က်တစ်ကောင်အဖြစ် ဟန်ဆောင်ရာ၌ ဒီလောက်တော်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူက ကောင်းကင်အင်မော်တယ်အဆင့် အဆောင်များကို ရေးထွင်းနိုင်တာ ရှင်းနေသော်လည်း တံခါးစောင့်ဖြစ်လာရန်အတွက် မြင့်မြတ်အဆောင်ဂိုဏ်းအောက်က ဂိုဏ်းတစ်ဂိုဏ်းကို သွားခဲ့သည်လား။
ဒီအတွက် အဖြေမရှိ။
ယွမ်ရှောင်ကျိ အသေအချာပြောသည်။
"စီနီယာ၊ ဟဲဟွမ်ဂိုဏ်းမှာ အဆောင်မျှော်စင်နဲ့ ဘာရန်ငြိုးအာဃာတမှ မရှိပါဘူး၊ အဲဒီလူတွေက အဆောင်မျှော်စင်ရဲ့ တပည့်တွေ ဖြစ်လိမ့်မယ်လို့ ကျုပ်တကယ်မထင်ထားခဲ့တာပါ"
ယွမ်ရှောင်ကျိက မုဖူရှန်းကို အဆောင်မျှော်စင်သခင်အဖြစ် ဆက်ဆံနေသည်မှာ ရှင်းနေသည်။ တစ်ချိန်တည်းမှာပင် သူက ဟုန်ရင်နှင့်တစ်ခြားသူများကို အဆောင်မျှော်စင်သခင်၏ တပည့်များဟုလည်း မှတ်ယူခဲ့သည်။
မုဖူရှန်းပြန်လည် ချေပမနေတော့ဘဲ တိတ်တဆိတ်သာ တောင်းပန်နိုင်တော့သည်။
အဖိုးကြီးရေ၊ ဒီတစ်ခါတော့ ကျုပ်အတွက် အပြစ်တင်ခံလိုက်ပါနော်၊ အချိန်ကျလာတဲ့အခါကျရင် ကျွန်တော်သေချာပေါက် ခင်ဗျားကို လျော်ကြေးပေးပါမယ်!
ယွမ်ရှောင်ကျိ တစ်ခုခုပြောရန်ပြင်နေစဉ်မှာပင် တိမ်မည်းထဲက မိုးကြိုးက ရုတ်တရက် ထိုးတက်လာခဲ့သည်။
ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခုကို အသက်သွင်းမှုအောက်တွင် မိုးကြိုးများက အဆက်မပြတ် သိပ်သည်းနေသည်။
ယွမ်ရှောင်ကျိတို့လေးယောက်အုပ်စုအထက်က တိမ်မည်းထဲတွင် မိုးကြိုးများက စုစည်းလာသည်။
တစ်ခဏအကြာတွင် ပတ်၀န်းကျင်က လေဟာနယ်ပင် စတင်အက်ကွဲလာသည်။
မိုးကြိုးစွမ်းအားက ပတ်၀န်းကျင်လေဟာနယ်ကို အဆက်မပြတ်စုတ်ဖြဲနေသဖြင့် အက်ကြောင်းများက ပတ်၀န်းကျင်၌ အဆက်အပြတ် ကျယ်ပြန့်နေသည်။
မိုးကြိုးက ဆက်တိုက်လင်း၀င်းနေစဉ် ရုတ်တရက် မိုးကြိုးသံထွက်လာသည်။
တိမ်မည်းများအထဲ မိုးကြိုးများစုစည်းနေသည့်နေရာ၌ လေပြင်းတစ်ချက် တိုက်ခတ်သွား၏။
မိုးကြိုးကနေ ရုပ်ခန္ဒာရှိပုံရသည့် အဖျက်မိုးကြိုးနဂါးတစ်ကောင် လှိမ့်ထွက်လာသည်။
ဂါး........!
မိုးကြိုးနဂါးက အဖျက်မိုးကြိုးစွမ်းအားကို သယ်ဆောင်လာသည်။
ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်၏ မျှော်လင့်ချက်ကင်းမဲ့နေသည့် အကြည့်များအောက်တွင် ဒါကသူတို့ကို တိုက်ရိုက် မျိုချပစ်သည်။
ဂျုန်း.......!
ထိုအခိုက်အတန့်မှာပင် မိုးကြိုးနဂါးဆင်းသက်လာသည်နှင့် မိုးကြိုးအဖျက်စွမ်းအားက လေဟာနယ်ကို ဆုတ်ဖြဲထိုးဖောက်ရန် လုံလောက်နေလေပြီ။
ဒါက ထိုအော်ရာကိုဖုံးကွယ်ထားနိုင်သည့် အဆောင်များ ခံနိုင်ရည်ရှိသည့် အရာမဟုတ်ပေ။
တစ်ခဏအကြာ၌ သူ့အော်ရာကို ဖုံးကွယ်ထားသည့် အဆောင်စည်းတံဆိပ်က ပျက်စီးသွားခဲ့သည်။
ဒီနေရာကအခြေအနေ အပါအ၀င် တောက်ပသည့်မိုးကြိုးနှင့် အဖျက်မိုးကြိုးအော်ရာက ကောင်းကင်ပိုင်နက်အများစုတွင် ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ပိုင်နက်က အင်အားစုတိုင်းနီးပါးက အခင်းဖြစ်ပျက်ရာဘက်သို့ အထိတ်တလန့် ကြည့်လိုက်ကြ၏။
တကယ်တမ်းတွင် ဂိုဏ်းကြီးများ၏ သူလျှိုများကလည်း မိုးကြိုးတည်နေရာဘက်ကို တတ်နိုင်သမျှ မြန်မြန်ပြေးနေကြလေပြီ။
ထိုအချိန်တွင် ဟုန်ရင်၊ နင်းချရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ကလည်း ဒီမြင်ကွင်းကို သတိထားမိကြသည်။
နင်းချန်ရှင်းမျက်မှောင်ကြုတ်လိုက်၏။
"ဒါက....ဟိုအကြီးအကဲလေးယောက် ထွက်ပြေးသွားတဲ့နေရာဘက်မှာ ဖြစ်ပုံရတယ်၊ "
ဟုန်ရင်အနည်းငယ်ခေါင်းညိတ်ရင်း ချက်ချင်းဆုံးဖြတ်ချက်ချသည်။
"သွားကြည့်ကြရအောင်"
နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ ခေါင်းညိတ်ကြပြီး လေးယောက်သား ပြေးလွှားသွားကြ၏။
သို့သော် သူတို့ရောက်လာသောအခါ မိုးကြိုးစွမ်းအားက လေဟာနယ်အက်ကြောင်းများနှင့် လေထဲတွင် ကျန်သေးသော်လည်း တိမ်မည်းများက ပျောက်ကွယ်သွားပြီဖြစ်ကာ အဖြူရောင်လရောင်ကလည်း ကမ္ဘာကြီးထဲကို ပြန်လာခဲ့လေပြီ။
ထိုအဆောင်များက ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။
မိုးကြိုးစွမ်းအားအကြွင်းအကျန်များအပြင် ဒီနေရာ၌ အဆောင်စွမ်းအားတစ်ခုလည်းရှိသည်။ တစ်ခြားဘာမှတော့မရှိပါ။
"ဒါက....ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တစ်ခုက ထုတ်လွှတ်တဲ့ မိုးကြိုးစွမ်းအားလား"
တစ်ယောက်ယောက် အထိတ်တလန့်ပြောသည်။
"ကောင်းကင်အင်မော်တယ်အဆင့်အဆောင်လား၊ မြင့်မြတ်အဆောင်ဂိုဏ်းက လူတွေလား"
"မဟုတ်လောက်ဘူး၊ မြင့်မြတ်အဆောင်ဂိုဏ်းမှာ ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တွေကို ရေးထွင်းနိုင်တဲ့သူတွေက မိုးကြိုးဒြပ်စင်အဆောင်တွေမှာ မတော်ကြဘူး"
"ဒါဆိုဘယ်သူလဲ"
"ဘာလို့ ဒီမှာအဆောင်ချထားရတာလဲ"
ဘယ်သူမှမသိ။
ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ကသာ ရုတ်တရက် ပြုံးလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် အသံလွှင်လာသည့်အသံက သူတို့နားထဲ ရောက်လာသောကြောင့်ပင်။
အပိုင်း(777) coming။