#ဆရာ၊ ကျွန်တော်ဒီအလုပ်ကို ထပ်မလုပ်နိုင်တော့ဘူး#
Vol. 55 Ch. 777
ထာ၀ရသက်တမ်းကမ္ဘာတွင် ရာသီလေးခုက နွေဦးကဲ့သို့ဖြစ်ပြီး မိုးမခကိုင်းများကလည်း လှုပ်ယမ်းနေကြ၏။
နေ၀င်လာပြီဖြစ်သဖြင့် ကုန်းမြေတစ်ခုလုံးကို ရွှေရောင်၀တ်ရုံဖြင့် လွှမ်းခြုံထားသည်။
သို့စေကာမူ ဒီငြိမ်းချမ်းတိတ်ဆိတ်သည့် ၀န်းကျင်၌ လုချန်ရှန်းတွင် လုံး၀ကွဲပြားသည့် စိတ်နေသဘောထားတစ်ခု ရှိနေခဲ့သည်။
လုချန်ရှန်းသစ်သားကုလားထိုင်တွင် ထိုင်နေပြီး သူ့ဘေးတွင် ဧရာမအရိုးတောင်ပံမြွေကျားက ခွေးကလေးတစ်ကောင်ပမာ လဲနေသည်။
အရိုးတောင်ပံမြွေကျားက အိပ်ပျော်နေခြင်းလည်းမရှိသလို ဇာတ်ကွက်များလည်း ဖန်တီးမနေဘဲ ယင်းအစား ၎င်း၏မျက်လုံးများမှ အဆုံးမဲ့မကျေနပ်မှုကို ပြသနေသည်။
လုချန်ရှန်းနှင့် မုဖူရှန်းတို့အကြား စကားပြောဆိုစဉ် လုချန်ရှန်းက ၎င်း၏ အမွေးများကို လက်တစ်ဖက်နှင့် ဆွဲနှုတ်နေလေသည်။
ထိုအတောအတွင်း ထာ၀ရသက်တမ်းကမ္ဘာတွင် ဝိဉာဉ်ချီက အတော်လေးကြွယ်၀သဖြင့် တာအိုနိယာမစွမ်းအားကို နားလည်ပြီး မိုးမခပင်ဘေးတွင် အဆင့်ချိုးဖျက်ရန်အတွက် ပို၍ပင် အကျိုးရှိသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းဆေးလုံးများကို ဖန်တီးစဉ်က အရိုးတောင်ပံမြွေကျားကိုလည်း ကြိုတင်ပေးခဲ့သည်။
ကံကောင်းစွာပင် ဒီဆေးလုံးများတွင် တစ်ခါတစ်ရံ ထူးဆန်းသည့် သက်ရောက်မှုများရှိသော်လည်း အများစုတွင် ကျင့်ကြံခြင်းစွမ်းအား၌ ကြီးမားသည့် တိုးတက်မှုတစ်ခုစီရှိသည်။
အကြောင်းရင်းအမျိုးမျိုးကြောင့် လက်ရှိအရိုးတောင်ပံမြွေကျား၏ကိုယ်က လုံး၀အသွင်ပြောင်းသွားပြီဖြစ်ကာ ၎င်း၏ သွေးကြောပင်လျှင် ဆင့်ကဲပြောင်းလဲလာခဲ့သည်။
ပိုအရေးကြီးတာက ၎င်းက နတ်ဘုရားနယ်ပယ်အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းပင်။
၎င်းက နတ်အင်ပါယာနယ်ပယ်ကို တက်လှမ်းရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။
နတ်ဘုရင်နယ်ပယ်က နတ်အင်ပါယာနယ်ပယ်မတိုင်ခင်က နယ်ပယ်တစ်ခုဖြစ်သည်။ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်ပင် ဒါက အစွမ်းထက်အင်အားစုတစ်ခုပင်။ ထို့ကြောင့် ၎င်းက လုချန်ရှန်း၏ ကစားစရာဖြစ်လာခဲ့သည်။
သူလုံး၀မလှုပ်ရှားရဲပေ။ လုချန်ရှန်းလက်ကို ဆန့်လိုက်စဉ် လက်ထဲတွင် အမွှေးအမျှင်တစ်စု ပေါ်လာသည်။
ဟွမ်ချင်းဒီမြင်ကွင်းကိုမြင်သောအခါ အားကိုးရာမဲ့စွာ ခေါင်းခါယမ်းရင်း ရေရွတ်သည်။
"ဒီလိုသာဆက်ဆွဲနေမယ်ဆိုရင် သူ့အမွေးတွေအားလုံး ပျောက်သွားရလိမ့်မယ်...."
ရုတ်တရက် လုချန်ရှန်းအော်ဟစ်သည်။
"ဘာ၊ သူတို့ပြဿာနာထပ်ရှာထားကြပြန်ပြီလား၊ အချိန်ကိုခန့်မှန်းကြည့်ရရင် အဲဒီကောင်စုတ်လေးတွေ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ရောက်တာသေးမလား"
လုချန်ရှန်းအော်ဟစ်ရင်း အားအနည်းငယ် ပိုစိုက်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို အရိုးတောင်ပံမြွေကျားက အော်ဟစ်သည်။ ဒီဆွဲနှုတ်မှုက သူ့အရေပြားကိုပင် ဆွဲပစ်လုနီးပါးပင်။
ကျောက်စိမ်းဆွဲသီး၏ တခြားတစ်ဘက်တွင် မုဖူရှန်း တုန်ယင်သွားပြီး တုန်ယင်နေသည့်အသံဖြင့်ပြောသည်။
"ဆ....ဆရာ၊ ကျွန်....ကျွန်တော်လည်း အ...အခုမှ သိ....သိတာပါ"
"အခုမှသိတာ၊ ဟုတ်လား"
လုချန်ရှန်းအံကြိတ်ရင်း သူ့ခွန်အားနှင့် အမြန်နှုန်းကို ထပ်မံတိုးမြှင့်ပစ်သည်။
အရိုးတောင်ပံမြွေကျားက ပို၍ပို၍ပင် တုန်ယင်လာသည်။
"မင်းအခုမှသိတာလို့မပြောနဲ့၊ မုဖူရှန်း၊ အိုး မုဖူရှန်း၊ ဒီလေးလံတဲ့ ၀န်ထုပ်ကြီးကို ပေးရတဲ့အထိ ငါမင်းကို ဘယ်လောက်တောင် ယုံကြည်ခဲ့လဲ"
ဒါကိုကြားသောအခါ မုဖူရှန်းအားကိုးရာမဲ့သလို ခံစားရသည်။
ကျေးဇူးပါ၊ ကျွန်တော်ဒီယုံကြည်မှုကို မလိုပါဘူး!
ကျွန်တော် မီးကို အစ်ကိုကြီးနဲ့ အစ်မကြီး ပြဿာနာဖြစ်စေနိုင်တဲ့ အမြန်နှုန်းလောက် ပိုမြန်မြန် မငြိမ်းသတ်နိုင်ဘူး!
"ဘာဆင်ခြေမှမပေးနဲ့၊ မင်းသာနည်းနည်းပိုမြန်ခဲ့ရင် ပိုအဆင်ပြေသွားမှာမလား"
"နောက်တစ်ကြိမ်ဆိုတာ ရှိလာခဲ့ရင် ငါရှောင်ဟိုင်ကိုချက်ပြုတ်ခိုင်းပြီး မင်းကိုအားလုံးစားခိုင်းမယ်"
ထို့နောက် လုချန်ရှန်း ကျောက်စိမ်းဆွဲသီးကို ဒေါသတကြီး ပစ်လွှတ်လိုက်သည်။
ထို့နောက် သူ့လက်ဖဝါးကို ညှစ်ရင်း ခေါင်းလှည့်ကြည့်လိုက်စဉ် ထိတ်လန့်သွားရသည်။
"အမ်၊ ခွေးကလေးရေ၊ မင်းကိုယ်ထဲကအမွေးတွေ ဘယ်ရောက်သွားတာလဲ"
"အခုက အမွေးကျွတ်တဲ့ကာလလား၊ မှော်သားရဲတွေမှာတောင် အမွေးကျွတ်တဲ့ ကာလရှိတာလား၊ ဒါပေမယ့် ဒီလောက်တော့ မကျွတ်သင့်ဘူးမလား"
ဒါကိုကြားသောအခါ အရိုးတောင်ပံမြွေကျားက လုချန်ရှန်းကို ဒေါသတကြီးကြည့်ရင်း အတောင်ပံများကို ယပ်ခတ်ကာ နောက်လှည့်မကြည့်ဘဲ ပျံသန်းသွားလေတော့သည်။
သို့စေကာမူ နောက်ခံအမြင်က မြင်ရသည့်အတိုင်းပင် မကျေနပ်စရာကောင်းလွန်းသည်။
လုချန်ရှန်း ဟွမ်ချင်းကိုကြည့်ကာ မေးသည်။
"သူဘာဖြစ်သွားတာလဲ၊ တစ်ယောက်ယောက် သူ့ကို အနိုင်ကျင့်လိုက်လို့လား"
ဟွမ်ချင်းမျက်လုံးလိမ့်ရင်း ဆက်လက်ကျင့်ကြံနေသည်။
တခြားတစ်ဘက်တွင် မုဖူရှန်းပျောက်ကွယ်သွားသည့် ကျောက်စိမ်းဆွဲသီးကို တွေဝေစွာကြည့်ရင်း သူ့မျက်နှာက ကြောက်စိတ်ဖြင့် ပြည့်နှက်နေသည်။
ဒါက သူကြောက်စရာကောင်းသည့် အရာတစ်ခုခုကို ကြားလိုက်ရသည့်အသွင်။
ဘေးက မု၀မ်အာက မုဖူရှန်းပခုံးကို ပုတ်သည်။
"ဂျူနီယာမောင်လေး၊ နင်ကတော့ အရေးယူခံရတော့မယ်"
ထို့နောက်သူမရယ်မောလိုက်သည်။
ဘေးကနေ ရှီရှန်းသတိပေးသည်။
"မင်းသူ့ကို စီနီယာအစ်ကိုလို့ခေါ်ရမယ်"
မု၀မ်အာ ချက်ချင်းရယ်နေတာကို ရပ်လိုက်သည်။
မုဖူရှန်းထိတ်လန့်တုန်ယင်နေမိသည်။
သူ ဟုန်ရင်နှင့်ကျန်သောသူများအား လှည့်ကြည့်ရင်း တွေဝေစွာပြောသည်။
"တကယ်လို့ အနာဂတ်မှာ တစ်ခုခုဖြစ်လာခဲ့ရင် ဒါစီနီယာအစ်မနဲ့စီနီယာအစ်ကိုတို့ကြောင့် ဆိုတာ ဆရာ့ကို ပြောပေးလို့ရမလား"
အစ်ကိုရှောင်ဟိုင်ချက်ပြုတ်တာလား!
ဒါကလူသားတစ်ယောက်စားနိုင်တဲ့ အရာလား!
ငါသေချာပေါက် ဆေးနည်းနည်းကိုပါ လိုအပ်လာရလိမ့်မယ်!
ဒါက တောင်ကိုသန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးခံရတဲ့ အစ်ကိုကြီးထက် ပိုပြီးတောင် ပြင်းထန်သေးတယ်!
ဟုန်ရင်ပြုံးသည်။
"အနာဂတ်မှာ နင်ဒါကိုမပြောသရွေ့ ကိစ္စမရှိဘူးလေ"
"ကြည့်၊ ဆရာ့ကိုပြောဖို့အတွက် နင်ပဏာမခြေလှမ်းလှမ်းတာက ဒုက္ခရှာနေတာနဲ့ အတူတူပဲလေ"
ဟုန်ရင်၏စကားလုံးများကို ကြားသောအခါ မုဖူရှန်း ပို၍ပင်ကြောက်လာပုံရသည်။
ဘာ!
အနာဂတ်မှာလား!
ချက်ချင်းဆိုသလို မုဖူရှန်း သူ့ဆရာကို ထပ်မံဆက်သွယ်ရန် ဆုံးဖြတ်လိုက်၏။ ဆရာ၊ ကျွန်တော် ဒီအလုပ်ကို မလုပ်နိုင်တော့ဘူး၊ ဒီတာ၀န်ကို တခြားတစ်ယောက်ကို ပေးလိုက်ပါ!
ဟုန်ရင် သိချင်စိတ်ဖြင့်မေးသည်။
"ဒါပေမယ့် ဂျူနီယာမောင်လေးမု၊ သူတို့နောက်မှာ အဆောင်တွေကို နင်ဘယ်အချိန်ကတည်းက ချထားတာလဲ"
မုဖူရှန်းအကူအညီမဲ့စွာပြောသည်။
"အစ်မကြီးတို့တိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်တော်ဒီကိုရောက်လာခဲ့တာ၊ သူတို့ ထွက်ပြေးကောင်း ထွက်ပြေးနိုင်တာကို ကျွန်တော်တွေးမိတာမို့ အဆောင်တွေကို ချထားခဲ့တာ"
"အစ်မကြီးရဲ့စရိုက်အရဆိုရင် ဟဲဟွမ်ဂိုဏ်းနဲ့ သေချာပေါက် အလွယ်တကူ ပြန်လည် သင့်မြတ်ဖို့ဆိုတာက သေချာပေါက် မဖြစ်နိုင်ဘူးလေ၊ အဲဒီအစား တစ်ဘက်လူရဲ့ ခွန်အားကို လျှော့ချပစ်တာက ပိုကောင်းတာပေါ့"
ဟုန်ရင်ပြုံးသည်။
"ငါတို့ဘာလို့ ဟဲဟွမ်ဂိုဏ်းနဲ့ အာဃာတဖန်တီးရသလဲဆိုတဲ့ အကြောင်းကို နင်လည်းကြားခဲ့မှာပါ၊ နင်ကရော ဂျူနီယာညီမလေးအတွက် မရပ်တည်ပေးချင်ဘူးလား"
ဟုန်ရင်ကဘယ်သူနည်း။
သူမက လူများစွာကို အုပ်ချုပ်သည့် ဧကရီမဖြစ်သည်။
တစ်ခြားသူများ ဘာတွေးနေသလဲဆိုတာကို သူမဘယ်လိုလုပ် မခန့်မှန်းမိဘဲ နေမည်နည်း။
မုဖူရှန်း၏အမူအရာက အေးခဲသွားပြီးနောက် ခေါင်းကုတ်လိုက်သည်။
"အစ်မကြီး၊ ဆရာ့ကိုမပြောပါနဲ့"
အကယ်၍ လုချန်ရှန်းကသာ မုဖူရှန်း ဟုန်ရင်နှင့်ကျန်သောသူများကို တွေးပင်မတွေးဘဲ သူကိုယ်တိုင်ပါ ပါ၀င်ခဲ့တာကို သိမည်ဆိုပါက ရှောင်ဟိုင်ချက်ပြုတ်ထားသည့် အစားအစာပို စားရုံမျှနှင့်တင် ပြီးစီးမည်မဟုတ်။
အနာဂတ်တွင် ရှောင်ဟိုင်မုဖူရှန်းကို သူဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ယူထားသည့် ချက်ပြုတ်နည်းအားလုံးကို ပေးရလောက်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါ့ကိုအရင်ပြောပါဦး၊ အခုအခြေအနေက ဘယ်လိုမျိုးလဲ"
ဟုန်ရင်မေးလိုက်သည်။
"နင်ရယ်၊ အစ်ကိုကြီးရယ်၊ ရှောင်ဟိုင်ရယ်နဲ့ ငရဲဂိုဏ်းတို့ရဲ့ ဆက်ဆံရေးကဘာလဲ"
မုဖူရှန်း သူမကိုအားလုံးပြောပြလိုက်သည်။
နားထောင်ပြီးနောက် ဟုန်ရင်၏မျက်နှာက အေးစက်သွား၏။
"ဒီတော့ ချီရှာဒေါင်က ရှောင်ဟိုင်ခန္ဓာကို မျက်စိကျနေတာပေါ့"
မုဖူရှန်းခေါင်းညိတ်သည်။
"ရှောင်ဟိုင်နဲ့အစ်ကိုကြီး အခုဘယ်မှာလဲ"
မုဖူရှန်းပြောသည်။
"အစ်ကိုကြီးက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှာ ရှိပြီးတော့ အစ်ကိုရှောင်ဟိုင်က အင်မော်တယ်မျောက်ဝံကျေးရွာမှာရှိပါတယ်၊ ဒါပေမယ့် အစ်မကြီးတို့ ရောက်လာတာကို သူတို့ကို အသိပေးဖို့အတွက် ကျောက်စိမ်းဆွဲသီးကို သုံးပြီးပါပြီ"
"အစ်မကြီး၊ ကျွန်တော်နဲ့အတူ မြင့်မြတ်အဆောင်ဂိုဏ်းကို အရင်လိုက်ခဲ့ပါ၊ အစ်ကိုကြီးနဲ့ အစ်ကိုရှောင်ဟိုင်တို့က သူတို့ကိစ္စတွေပြီးရင် လာကြလိမ့်မယ်"
တခြားတစ်ဘက်တွင် ဟဲဟွမ်ဂိုဏ်း၌ ကဲမိန် ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်တို့၏ ဝိဉာဉ်တုံကင်များ ကွဲကြေသွားတာကို သိရပြီးနောက် ကောင်းကင်အင်မော်တယ်နယ်ပယ် အော်ရာက ချက်ချင်းပေါက်ကွဲကာ ထွက်ပေါ်လာခဲ့သည်။
ဘေးကလူများက လွင့်စင်သွားကြပြီး သွေးအန်လိုက်ကြရသည်။
ဒီသတင်းကိုကြားပြီးနောက် ရှီဟုန်ရီချက်ချင်းပြေးသွားပြီး အထိတ်တလန့်မေးသည်။
"ဆရာ၊ အကြီးအကဲယွမ်နဲ့ ကျန်တဲ့သူတွေ အသတ်ခံလိုက်ရပြီလား"
ကဲမိန်၏ညို့ယူဖမ်းစားနေသည့် မျက်နှာက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။
"သတင်းတွေအရဆိုရင် သူတို့ကို အဆောင်နဲ့သတ်ပစ်ခဲ့တာ၊ ယွမ်ရှောင်ကျိတို့ကို ကောင်းကင်အင်မော်တယ်အဆင့် အဆောင်ကပဲ သတ်နိုင်လိမ့်မယ်....."
ဒါကိုဘယ်သူလုပ်နိုင်တာလဲ!
ကဲမိန် ခေါင်းမော့ရင်း မြင့်မြတ်အဆောင်ဂိုဏ်းရှိရာဘက်သို့ ကြည့်ပြီးနောက် သူမ၏ မျက်နှာက အဆုံးမဲ့အေးစက်မှုနှင့် ပြည့်နှက်နေသည်။
အပိုင်း(778) coming။