← Chapters

#မုန်တိုင်း#

Vol. 55 Ch. 779

#မုန်တိုင်း#

Vol. 55 Ch. 779

မျောက်ဝံနတ်ဆိုးပိုင်နက်၊ အင်မော်တယ်မျောက်ဝံကျေးရွာ!

ထိုအခိုက်အတန့်၌ အင်မော်တယ်မျောက်ဝံကျေးရွာအပြင်၌ ကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်၊ ရှောင်ဟိုင်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လူတိုင်းက ဒီနေရာတွင် စုစည်းနေကြသည်။

လေ့ကျင့်ရာကနေ ထွက်လာသည့် ကျေးရွာသားများဖြစ်စေ၊ သီးသန့်ကျင့်ကြံနေသူများဖြစ်စေ သူတို့အားလုံး စုစည်းနေကြ၏။

ကျေးရွာခေါင်းဆောင် ယွမ်ချောင်ကို ကြည့်ရင်းမေးလိုက်သည်။

"အားလုံးအဆင်သင့်ဖြစ်ပြီလား"

ယွမ်ချောင်ခေါင်းညိတ်သည်။ သို့သော် သူတွန့်ဆုတ်နေပုံရသည်။

"ကျေးရွာခေါင်းဆောင် ထပ်မစောင့်ချင်တော့တာ သေချာလို့လား"

"ကျွန်တော်တို့ အခုဘိုးဘေးသွေးကန်ကို ဖွင့်လိုက်မယ်ဆိုရင် တစ်ခြားသူတွေ ဒါကို အပြည့်အ၀အသက်မသွင်းနိုင်လောက်တော့ဘူး...."

သို့စေကာမူ ကျေးရွာခေါင်းဆောင် လေးနက်သည့် အမူအရာဖြင့် ခေါင်းခါယမ်းရင်း လေးနက်စွာပြောသည်။

"ငါတို့မှာ အချိန်မရှိတော့ဘူး၊ နတ်ဆိုးအရှင် သေမင်းဝိဉာဉ်မြို့က ဝိဉာဉ်အပိုင်းအစနဲ့ ပေါင်းစပ်ပြီးနောက်မှာ သူ့အော်ရာက အရမ်းအားကောင်းလာပြီး ကြီးမားတဲ့ ပရမ်းပတာကို ဖြစ်စေခဲ့တယ်"

"သူထပ်ပြီးမဖုံးကွယ်ထားနိုင်တော့မှာကို ငါကြောက်တယ်၊ သူတို့ကသူ့ကိုရှာဖို့အတွက် အချိန်မရွေး ရောက်လာနိုင်တယ်"

"မျောက်ဝံနတ်ဆိုးသွေးကြောကို အပြည့်အ၀ လှုံ့ဆော်ဖို့အတွက် မလုံလောက်တဲ့ နယ်ပယ်တစ်ချို့ရှိပေမယ့် ငါတို့အနာဂတ်ကို စောင့်ရုံပဲတတ်နိုင်တယ်..."

ဒါကိုကြားသောအခါ ယွမ်ချောင် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

ဘေးက ရှောင်ဟိုင်၏ အမူအရာက အေးခဲသွား၏။

"ကျုပ်အတွက်နဲ့ ဒီလောက်ထိ ရေးကြီးခွင်ကျယ်လုပ်စရာ မလိုပါဘူး၊ မူလအစီအစဉ်တွေအတိုင်း လုပ်လည်းရတာပဲလေ"

"မဟုတ်ဘူး" ကျေးရွာ‌ခေါင်းဆောင် ခေါင်းခါယမ်းရင်း လေးနက်စွာပြောသည်။

"နတ်ဆိုးအရှင်၊ မျောက်ဝံနတ်ဆိုးတွေရဲ့ ကံကြမ္မာက နတ်ဆိုးအရှင်တစ်ဦးတည်းနဲ့ လုံး၀ဆက်စပ်ချည်နှောင်ထားပြီဆိုတာကို နတ်ဆိုးအရှင်လည်း နားလည်မယ်လို့ မျှော်လင့်ပါတယ်"

"တကယ်လို့ နတ်ဆိုးအရှင်သာ နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်သွားပြီး တာ၀န်ယူနိုင်ရင် ငါတို့ရဲ့ မျောက်ဝံနတ်ဆိုးမျိုးနွယ်ကလည်း အမြင့်ဆုံးအဆင့်ကို ပြန်ရောက်နိုင်ပါလိမ့်မယ်"

"ဒါပေမယ့် နတ်ဆိုးအရှင်ကျရှုံးသွားရင်တော့ ငါတို့မျောက်ဝံနတ်ဆိုးမျိုးနွယ်စုကလည်း ဆက်ပြီးတည်ရှိနေစရာ မလိုတော့ပါဘူး၊ ငါတို့လည်း အဲဒီသူပုန်တွေရဲ့ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်"

ဒါက ပထမဆုံးအကြိမ် ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်အား ယခုလိုတရား၀င် ငြင်းပယ်ခြင်းပေတည်း။

ဒါကိုကြားသောအခါ ရှောင်ဟိုင်လေးနက်စွာသာ ခေါင်းညိတ်တော့သည်။

"ကျုပ် နတ်ဆိုးဘုရင်နယ်မြေကို ပြန်ထိန်းချုပ်နိုင်တဲ့အခါကျရင် သေချာပေါက် လူတိုင်းအတွက် ပြန်ပြင်ဆင်ပေးမှာပါ"

ဒါကိုကြားပြီးနောက် ကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်နှင့် မျောက်ဝံနတ်ဆိုးကလန်မှ တစ်ခြားတပည့်များက ပြုံးရင်း ခေါင်းညိတ်ကြသည်။

"နတ်ဆိုးအရှင်ရဲ့ စကားလုံးတွေအရဆိုရင် ငါတို့ မျောက်ဝံနတ်ဆိုးတွေ ကျေနပ်ပါပြီ"

"ကောင်းပြီ၊ လူတိုင်းပဲ၊ ဘိုးဘေးသွေးကန်ကို ၀င်ကြပါ"

ထို့နောက် လူတိုင်းခေါင်းညိတ်သည်။

ကျေးရွာခေါင်းဆောင်က ပထမဆုံး ၀င်သွားသည်။

ရှောင်ဟိုင် လူတိုင်း၏ကျောကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။

မရေမတွက်နိုင်လောက်သောသူများက သူအပေါ် တန်ဖိုးတစ်ခု ပေးဆပ်ထားကြသည်။

သူကိုယ်တိုင်အတွက် မဟုတ်လျှင်ပင် သူတို့အတွက် သူ့မှတ်ဉာဏ်ထဲက လူအတွက် သူနတ်ဆိုးဘုရင်နယ်မြေကို ပြန်လည်ရယူရမည်။

သူ အရင်က နတ်ဆိုးဘုရင်နယ်မြေကို ဖိနှိပ်ခြင်းတွင် ဝိုင်းရံရန်အတွက် ပါ၀င်ခဲ့ကြသည့် အင်အားစုများနှင့် လူအားလုံးကို ရှင်းလင်းသုတ်သင်ပစ်ချင်သည်။

ဒါကိုတွေးမိသောအခါ ရှောင်ဟိုင် ကျင့်ကြံခြင်းနေရာဆီသို့ လျှောက်သွားသည်။

ငါ့ခွန်အားက မလုံလောက်သေးဘူး!

တခြားတစ်ဘက်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ ယဲ့ချိုးပိုင် မုဖူရှန်း၏ ကျောက်စိမ်းဆွဲသီးကနေ အသံလွှင့်မှုတစ်ခု ရရှိခဲ့သည်။

"အစ်ကိုကြီး၊ အစ်မကြီး၊ စီနီယာအစ်ကိုနင်း၊ စီနီယာအစ်ကိုရှီရှန်းနဲ့ ဂျုနီယာညီမလေး ၀မ်အာတို့ ဒီကို ရောက်နေကြပြီ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကောင်းပြီ၊ ငါ့မှာလုပ်စရာတစ်ချို့ ကျန်သေးတယ်၊ ပြီးသွားတဲ့အခါကျရင် ငါလာခဲ့မယ်"

ကျောက်စိမ်းဆွဲသီး၏အလင်းက ငြိမ်းသွားသည်။

ယဲ့ချိုးပိုင် ဟောင်ကျန်းဟန်နှင့် ကျန်သော ဓားကာကွယ်ရေးအကြီးအကဲသုံးဦးကို ကြည့်လိုက်၏။

ဟောင်ကျန်းဟန်လေးနက်စွာ ပြောသည်။

"အခုငရဲဂိုဏ်းက မင်းနဲ့မင်းညီတွေအပေါ် မျက်စိကျနေတယ်၊ ချိုးပိုင်၊ မင်းရဲ့ကျင့်ကြံခြင်းကို မင်းအရှိန်မြှင့်ဖို့လိုတယ်"

ဓားကာကွယ်ရေးအကြီးအကဲတစ်ဦးက ခေါင်းညိတ်သည်။

"ချီရှာဒေါင်နဲ့ ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကြားက ရန်ငြိုးက ငြိမ်းအေးလို့ မရတော့ဘူး၊ အဲဒီအချိန်ကျရင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက မင်းရဲ့ ကျောထောက်နောက်ခံ ဖြစ်လာလိမ့်မယ်"

"ဒါပေမယ့် သံကိုထွင်းထုဖို့ဆိုရင် အားကောင်းသန်မာဖို့လိုတယ်၊ ယဲ့ချိုးပိုင်၊ မင်းက အင်‌မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို တက်လှမ်းသွားခဲ့တယ် ဆိုရင်တောင် ဒါကလုံလောက်တယ်ဆိုတာနဲ့ အလှမ်းဝေးနေသေးတယ်"

ယဲ့ချိုးပိုင် ခေါင်းညိတ်ကာ လေးနက်စွာပြောသည်။

"ကျွန်တော်နားလည်ပါတယ်"

ကျန်သည့်ဓားကာကွယ်ရေးအကြီးအကဲများကလည်း ယဲ့ချိုးပိုင်၏ပခုံးကို ပုတ်ကြသည်။

ဘိုးဘေးမြေကိုသွားလိုက်၊ ဘိုးဘေးကျောက်ရုပ်တုကနေ မင်းတခြားတစ်ခုခုကို နားလည်နိုင်လောက်တယ်"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ဘိုးဘေးမြေနန်းတော်သို့ လျှောက်သွားသည်။

ယဲ့ချိုးပိုင် ဘိုးဘေးမြေထဲ၀င်သွားပြီးနောက် ဟောင်ကျန်းဟန်လှည့်ကာ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အမြင့်ဆုံးတောင်ထိပ်တွင် ရပ်လိုက်၏။

ပျက်စီးနေသည့်ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ကြည့်ရင်း သူ့မျက်လုံးများမှ ကြောက်ခမန်းလိလိ သတ်ဖြတ်ခြင်းဆန္ဒများ ထွက်လာသည်။

သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေပြီး သူလက်သီးကျစ်ကျစ်ဆုပ်သည်။

"ချီရှာဒေါင်၊ မင်းထွက်လာပြီးပြီးချင်း တကယ်ပဲဒါကို လုပါရဲတာလား၊ မင်းက မင်းစိတ်ကိုလုံး၀ ပြောင်းလဲမှာမဟုတ်ဘူးဘဲ"

လက်ရှိကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ဘိုးဘေးမြေနှင့် မဖျက်ဆီးရသေးသည့် လျှို့ဝှက်ဓားမျှော်စင်ကလွဲ၍ ကျန်သောအရာအားလုံးက ချီရှာဒေါင်၏ ဖျက်ဆီးခြင်းကို ခံရသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ တပည့်အားလုံးပင်လျှင် ခြောက်သွေ့သည့် အလောင်းများအဖြစ် ပြောင်းလဲကာ တစ်ချို့ဆိုလျှင် မပြည့်စုံတော့။

အုတ်ကျိုးများ၊ ပြိုကျနေသည့်ဂူများနှင့် ခြံ၀င်းများ၌ မပြည့်စုံသည့် အလောင်းများကို နေရာတိုင်းတွင် တွေ့နိုင်ပါသည်။

သွေးများက မြေကြီးကို အနီရောင် ဆိုးထားသည်။

ရက်အနည်းငယ်ကြာသွားပြီဖြစ်သဖြင့် သွေးများက အနီရင့်ရောင်ဆိုးထားပြီးသား ဖြစ်နေလေပြီ။

သွေးအနံ့အသက်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတစ်ခုလုံးအတွင်း ပြည့်နှက်နေလေသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ငါ့လက်ထဲမှာ ဒီလိုဖျက်ဆီးခံလိုက်ရတာလား..." ဟောင်ကျန်းဟန်လက်သီးကျစ်ကျစ်ဆုပ်သည်။ ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒက ဓားဆန္ဒကို လုံး၀လွှမ်းခြုံသွား၏။

ဒီမြင်ကွင်းကိုမြင်သောအခါ ဓားကာကွယ်ရေးအကြီးအကဲတစ်ဦး မျက်မှောင်ကြုတ်ရင်း သူ့လက်ကို ဟောင်ကျန်းဟန်ပခုံးပေါ် တင်လိုက်သည်။

"ဟောင်ကျန်းဟန်၊ စိတ်လျှော့"

"ဓားသမားတစ်ယောက်အနေနဲ့ အမုန်းတရားကို မင်းရဲ့ဓားတာအိုကို ဆေးကြောခွင့်မပေးလိုက်နဲ့"

"ဒီလိုသာဖြစ်လာရင် မင်းနယ်ပယ်၊ ဓားနှလုံးသားနဲ့ ဓားနိယာမတောင်မှ ပြန်ပြောင်းမရနိုင်တဲ့ အလှည့်အပြောင်းတစ်ခုကို ကြုံကြိုက်ရလိမ့်မယ်"

ဟောင်ကျန်းဟန်အံကြိတ်သည်။

"ဒါပေမယ့်အကြီးအကဲ၊ ကျွန်တော်ဘယ်လို စိတ်လျှော့နိုင်မလဲ"

"ချီရှာဒေါင် ကျွန်တော့်ဂိုဏ်းကို ဖျက်ဆီးပြီး ဂိုဏ်းထဲက တပည့်နဲ့အကြီးအကဲအားလုံးကို သုတ်သင်သတ်ဖြတ်ပစ်ခဲ့တယ်"

"ကျွန်တော်သူ့ကို ဘယ်လိုလုပ် မမုန်းတီးဘဲ နေနိုင်မှာလဲ"

ဓားကာကွယ်ရေးအကြီးအကဲတစ်ဦးက ညင်သာစွာသက်ပြင်းချသည်။

"အခုမင်းလုပ်ရမှာက စိတ်ကိုလျှော့ပြီး ယဲ့ချိုးပိုင်ကို ကာကွယ်ဖို့အတွက် မင်းရဲ့ဓားနှလုံးသားကို ပြန်အားကောင်းလာအောင် လုပ်ဖို့ပဲ"

"ဒီကလေးရဲ့ပါရမီက အကန့်အသတ်မဲ့တယ်၊ သူကြီးထွားလာနိုင်သရွေ့ အသေးအနုတ်ငရဲဂိုဏ်းနဲ့ ချီရှာဒေါင်က သူ့ကို ဘာများလုပ်နိုင်မှာလဲ"

"မှန်တယ်" ဓားကာကွယ်ရေးအကြီးအကဲတစ်ဦး ခေါင်းညိတ်သည်။

"ယဲ့ချိုးပိုင်က ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ"

"သူ့အော်ရာ၊ ဒါမှမဟုတ် သူ့ဓားတာအိုက ဘိုးဘေးနဲ့တူနေတယ်လို့ မင်းမထင်ဘူးလား"

"ဒါက သူဘိုးဘေးရဲ့အဆင့်ကို ရောက်နိုင်တယ်လို့ ဆိုလိုနေတာပဲလေ"

ဒီစကားလုံးများကိုကြားသောအခါ ဟောင်ကျန်းဟန်အနည်းငယ် တည်ငြိမ်သွား၏။ သူ့ဓားဆန္ဒက စတင်ပျောက်ကွယ်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒကလည်း စတင် လျော့ပါးလာသည်။

"ယဲ့ချိုးပိုင် အင်မော်တယ်ဓားကိုနားလည်ပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်သရွေ့ ချီရှာဒေါင်လို အသေးအနုတ်အရာတစ်ခုက ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

ဟောင်ကျန်းဟန်ခေါင်းညိတ်သည်။

မှန်ပေသည်။ ယဲ့ချိုးပိုင်၏ပါရမီက ထိပ်တန်းအဆင့်ဖြစ်သည်။

သွေးပြောင်းလဲခြင်းနယ်ပယ်တွင်ပင် သူကနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည်။

ယခုအင်မော်တယ်တပိုင်းနယ်ပယ်ကို ရောက်လာသောအခါတွင်လည်း အလားတူပင်ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်ပြီး ချီရှာဒေါင်နှင့် အဆင့်တူတွင် ရပ်နိုင်ပါက တစ်ဘက်လူက ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်တော့မည်နည်း။

ဟောင်ကျန်းဟန်သက်ပြင်းချသည်။

"ဒါကအချိန်အတော်လေးကြာနိုင်တာ တစ်ခုတည်းပါပဲ၊ ဒီအချိန်အတောအတွင်းမှာ ကျွန်တော်တို့ ငရဲဂိုဏ်းနဲ့ ချီရှာဒေါင်တို့ရဲ့ သက်ရောက်မှုကို ခံနိုင်ပါ့မလားဆိုတာ တကယ်သိချင်မိတယ်"

"တခြားနည်းလမ်းမရှိတော့ဘူး၊ မြင့်မြတ်အဆောင်ဂိုဏ်းနဲ့ အဲဒီလျှို့ဝှက်ဂိုဏ်းတွေက အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဲဒီဂိုဏ်းတွေကို စုစည်းနိုင်မလားဆိုတာကိုပဲ ကြည့်ကြတာပေါ့....."

"ဒါပေမယ့် ကြည့်ရတာတော့...." ဟောင်ကျန်းဟန် တုံ့ဆိုင်းနေပြီးနောက် ခါးသီးစွာပြုံးသည်။

"ဒါနည်းနည်းတော့ခက်လိမ့်မယ်"

ထိုအင်အားစုများက ချက်ချင်းမပါ၀င် မပတ်သက်ချင်ဘဲ စောင့်ကြည့်နေကြဆဲပင်။

ချီရှာဒေါင် ခွန်အားကိုသာ ပြန်ရသွားပါက ဘယ်လိုကပ်ဘေးမျိုး ဖြစ်စေမလဲဆိုတာ သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။

အပိုင်း(780) coming။

All Chapters