← Chapters

#ရက်၃၀၊ ဒီရေနက်စီးဆင်းလာခြင်း#

Vol. 55 Ch. 780

#ရက်၃၀၊ ဒီရေနက်စီးဆင်းလာခြင်း#

Vol. 55 Ch. 780

ရက်သုံးဆယ်က တစ်ခဏအတွင်း ကုန်ဆုံးသွား၏။

သာမန်လူများအတွက် ရက်၃၀က ရှည်လျားခြင်းလည်းမရှိသလို တိုတောင်းခြင်းလည်းမရှိပါ။

သို့စေကာမူ ကျင့်ကြံသူများအတွက်မူ ဒါကမျက်လုံးပိတ်ဖွင့်သည့် ကာလတစ်ခုမျှသာ။

သူတို့ထိုင်ကာ အနည်းငယ်ကျင့်ကြံသည်။ သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်ကို ဖတ်ရှုရန်အတွက် နယ်ပယ်ကို အချောသတ်သည်။

ရက်သုံးဆယ်ကုန်သွားသည်။

ဒါကမလုံလောက်သေးပါ။

ကျင့်ကြံသူများအတွင်း ဒီတိုတောင်းသည့် ရက်၃၀အတွင်း မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

မူလက ငရဲဂိုဏ်းနှင့်ချီရှာဒေါင်က ဒီအချိန်အတောအတွင်း နှိမ့်ချနေပြီး အချိန်ကို စောင့်နေလိမ့်မည်ဟု ဂိုဏ်းကြီးအသီးသီးက တွေးထင်နေကြသည်။

သူတို့က အရေးယူမဆောင်ရွက်သေးခင် ခွန်အားလုံး၀ပြန်ပြည့်လာမည့် အချိန်ကို စောင့်ကြလိမ့်မည်။

ဒါကလည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအများစု လောလောဆယ် စောင့်ကြည့်ရန် ရွေးချယ်ရသည့် အကြောင်းရင်းပင်။

သို့စေကာမူ မိစ္ဆာကွပ်မျက်ညီလာခံ၌ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ပျက်စီးပြီးနောက် ခုနှစ်ရက်ကြာသွားခဲ့သည်။

မူလဆိတ်ငြိမ်နေသည့်ငရဲဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ဒေသမျိုးစုံ၌ ထင်ရှားသည့် စစ်ဆင်ရေးများကို စတင်လုပ်ဆောင်လာသည်။

တကယ်တမ်းတွင် သူတို့က မိစ္ဆာကွပ်မျက်ညီလာခံတွင် ပါ၀င်ပြီး ငရဲဂိုဏ်းကို ဝိုင်းရံခဲ့သည့် အားနည်းသော ဒုတိယတန်းစားအင်အားစုများကို ရက်စက်စွာပင် ဖျက်ဆီးပစ်ခဲ့သည်။

ဂိုဏ်းတစ်ခုလုံးထဲက ဘယ်သူမှ မလွတ်မြောက်ခဲ့ပေ။

တပည့်များ၊ အကြီးအကဲများ၊ ဂိုဏ်းချုပ်များနှင့် အဆင့်မြင့်မဟာအကြီးအကဲများပင်လျှင် ဝိဉာဉ်ခြောက်သွေ့သည်အထိ စုပ်ယူခံရပြီး ခြောက်သွေ့နေသော အလောင်းများသာ ကျန်ရှိခဲ့သည်။

ဒါက ဂိုဏ်းများစွာကို စိတ်မသက်မသာဖြစ်စေသည်။

တစ်ချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်း၊ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် တခြားဂိုဏ်းများ၏ စည်းရုံးမှုအောက်တွင် မိစ္ဆာကွပ်မျက်မဟာမိတ်တွင် ပါ၀င်ချင်ကြသည့် ထိုအင်အားစုများက ပြေလျော့သွားကြသည်။

ဒီအခိုက်အတန့်က သူတို့မိစ္ဆာကွပ်မျက်မဟာမိတ်တွင် ပါ၀င်ရန်အတွက် ဆုံးဖြတ်ချက်ချသည့်အချိန်ပင်။

ဒီအင်အားစုအားလုံးက ငရဲဂိုဏ်းကို ဝိုင်းရံဖိနှိပ်ခြင်း၌ ပါ၀င်ကြသည်။

ချီရှာဒေါင်၏ နောက်ထပ်လက်စားချေမည့် ပစ်မှတ်က သူတို့အပေါ် ကျရောက်လာမှာကို သူတို့ကြောက်ကြသည်။

ဒီထဲတွင် ရွှမ်ယွမ်အင်ပါယာဂိုဏ်းနှင့် အက္ခရာလေးလုံးဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းများလည်း ပါ၀င်သည်။

အရင်ကတိုက်ပွဲတွင် မပါ၀င်ခဲ့ကြသည့် ဂိုဏ်းများကမူ သူတို့က မပါ၀င်ချင်ကြသေးသဖြင့် စောင့်ကြည့်နေကြ၏။

တစ်ခဏအကြာ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှ လူတိုင်းက ထိတ်လန့်နေခဲ့ကြသည်။

ဒုတိယအရာက အဆုံးမဲ့ပင်လယ်ဒေသတွင် ဖြစ်ပျက်ခဲ့သည့်အရာပင်။

လွန်ခဲ့သောငါးရက်က ဧရာမအာကာသမုန်တိုင်းတစ်ခုက ရုတ်တရက် အဆုံးမဲ့ပင်လယ်ဒေသကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။

မုန်တိုင်းဖြတ်သန်းသွားစဉ် ဂိုဏ်းများစွာက ကျွမ်းကျင်သူများကို စုံစမ်းစစ်ဆေးရန်အတွက် အဆုံးမဲ့ပင်လယ်ဒေသသို့ စေလွှတ်ခဲ့သည်။

သူတို့ဘာဖြစ်ပျက်ခဲ့တာလဲဆိုတာကို သိချင်ကြသည်။

ဒီအာကာသမုန်တိုင်းက ဘယ်နေရာကနေ ရောက်လာတာလဲ!

အဖြေကို ဘယ်သူမှမသိပါ။

သို့စေကာမူ အဆုံးမဲ့ပင်လယ်ဒေသက မှော်သားရဲများက ဒီအာကာသမုန်တိုင်းကြောင့် အနက်ရှိုင်းဆုံးအပိုင်းအထိ ဆုတ်သွားကြသည်။

ရလဒ်အဖြစ် ပထမပိုင်းနှင့် အလယ်ပိုင်းနေရာများတွင် လှည့်ပတ်သွားလာနေကြသည့် မှော်သားရဲများ သိပ်မကျန်ရှိတော့ပေ။

အာကာသမုန်တိုင်း ပျောက်ကွယ်သွားပြီးနောက် ဂိုဏ်းအသီးသီး၏ သူလျှိုများနှင့် လျှို့ဝှက်ကျင့်ကြံသူများက စစ်ဆေးရန်အတွက် အဆုံးမဲ့ပင်လယ်ဒေသသို့ သွားခဲ့ကြသည်။

ပထမပိုင်းနှင့်အလယ်ပိုင်းနေရာများမှ အန္တရာယ်က အနည်းဆုံးဖြစ်နေပြီဆိုတာကို တွေ့ရသည့်အပေါ် သူတို့အတော်လေး အံ့ဩသင့်သွားကြရသည်။

ထို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အမွေအနှစ်များနှင့် ရှားပါးသဘာ၀ရတနာမျိုးစုံကို ပင်လယ်အောက်ခြေရှိ အဆုံးမဲ့ပင်လယ်ဒေသ၏ ကျွန်းများ၌ ရှာတွေ့ခဲ့ကြသည်။

ဒါကဂိုဏ်းကြီးများစွာကို ငရဲဂိုဏ်းအကြောင်း ယာယီမေ့လျော့သွားစေသည်။

ဒီနေရာတွင် သူတို့က အဆုံးမဲ့ပင်လယ်ဒေသကို စူးစမ်းရန်အတွက် အကြီးအကဲများကို ဦးဆောင်စေပြီး တပည့်များကို စေလွှတ်ခဲ့သည်။

အဆုံးမဲ့ပင်လယ်‌ဒေသကို အဓိကဂိုဏ်းများက အမြဲလိုလိုတပ်မက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဒါက စတင်ရမည့် ဧရာမရတနာသိုက်ကြီးတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင်။

သို့စေကာမူ အန္တရာယ်များလွန်းသည့် အတွက်ကြောင့် အဓိကအင်အားစုများစွာက ဒီရတနာတောင်များကို ကြည့်ရုံသာကြည့်နိုင်ပြီး ဘာမှမလုပ်နိုင်ကြပေ။

ပထမပိုင်း၏အကျပ်အတည်းကို ရှောင်ရှားနိုင်ခဲ့သဖြင့် ဒါက ဂိုဏ်းအသီးသီး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အက္ခရာလေးလုံးဂိုဏ်း၊ ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၊ စုကလန်နှင့် ဝိဉာဥ်အင်မော်တယ်နန်းတော်တို့က သူတို့၏တပည့်များကို စေလွှတ်ခဲ့ကြ၏။

ထိုပုန်းလျှိုးနေသည့် ကျွမ်းကျင်သူများနှင့် မွန်းစတားအိုများကလည်း တစ်ဦးပြီးတစ်ဦးပေါ်လာကြပြီး ရတနာများရှာဖွေရန်အတွက် အဆုံးမဲ့ပင်လယ်ဒေသကို ဦးတည်ကြသည်။

သူတို့က အတားအဆီးသံကြိုးကို ချိုးဖျက်ပြီး လက်ကျန်သက်တမ်းကို ရှည်လျားစေရန်အတွက် နည်းလမ်းတစ်ခု ရှာချင်ကြသည်။

ထိုအချိန်တွင် မျောက်ဝံနတ်ဆိုးပိုင်နက်၊ အင်မော်တယ်မျောက်ဝံကျေးရွာတွင် ကျေးရွာတည်ရှိသည့်တောင်ကို လုံး၀ချိပ်ပိတ်ထားသည်။

မဟာအစီအရင်ကြီးထဲတွင် သွေးရောင်လင်း၀င်းနေပြီး သွေးစွမ်းအင်က ပေါက်ကွဲကာ ကြမ်းတမ်းသည့်စွမ်းအားက အင်မော်တယ်မျောက်ဝံကျေးရွာ တစ်ခုလုံးအတွင်း လွှမ်းမိုးထားသည်။

ယခုရှောင်ဟိုင် ကျင့်ကြံခြင်းမြေကနေ ထွက်လာပြီဖြစ်ကာ သာမန်မြေအင်မော်တယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က သူ့ပြိုင်ဘက် မဟုတ်တော့ပါ။

သေမင်းဝိဉာဉ်မြို့ရှိ ဝိဉာဉ်အပိုင်းအစများကို စုပ်ယူခြင်းက သူ့သွေးကြောပါရမီကို ပြန်လည်နိုးထလာစေခဲ့သည်။

တစ်လကြာ ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်ရင်း ကျင့်ကြံပြီးနောက် သူ့ခန္ဓာက အပြင်းအထန် ဒဏ်ရာရခဲ့သဖြင့် ကုသကာ သူ့ခွန်အားကို တိုးလာစေခဲ့သည်။

ဒီသံသရာကဆက်ဖြစ်နေသဖြင့် ရှောင်ဟိုင်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို အလွန်အမင်း မြန်ဆန်စေသည်။

ဘိုးဘေးမြေအပြင်ဘက်တွင် အင်မော်တယ်မျောက်ဝံရွာသားများကလည်း သူတို့သွေးကြောနိုးထမှုကို အပြည့်အ၀ ပြီးမြောက်ခဲ့ကြသည်။

နယ်ပယ်နိမ့်ကျပြီး သွေးကြောသိပ်သည်းမှုမလုံလောက်သည့် တစ်ချို့ရွာသားများက လုံး၀နိုးထသည့် အခြေအနေကို မရောက်ခဲ့ကြသော်လည်း သူတို့ခွန်အားက တိုးတက်လာဆဲပင်။

ကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်နှင့် ကျန်သောသူများ၏ကိုယ်ထဲက ခွန်အားကိုမူ ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ယွမ်ချောင်၏ရုပ်ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်ခဲ့သည်။

ကျေးရွာခေါင်းဆောင်ကရော!

သူကထိုနေရာ၌ရပ်နေပြီး မလှုပ်ရှားခဲ့ပေ။

သူအသက်ရှုသွင်းပြီး ထုတ်လိုက်သောအခါ သူ့ကြွက်သားများက အနည်းငယ်တုန်ယင်သွားသော်လည်း ဒါက ၀န်းကျင်က လေဟာနယ်ကို တုန်ခါသွားစေသည်။

ဒါကိုမြင်သောအခါ ရှောင်ဟိုင်ပြောသည်။

"ကျေးရွာခေါင်းဆောင်၊ ကျုပ်ထွက်သွားသင့်နေပြီ"

အရင်က ဟုန်ရင်သူ့ကို ကျောက်စိမ်းဆွဲသီးကနေ အဆုံးမဲ့ပင်လယ်ဒေသမှာ ဘာဖြစ်ပျက်နေသလဲဆိုတာကို ပြောပြခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့က မြင့်မြတ်အဆောင်ဂိုဏ်းတွင် စုစည်းရန်အတွက် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့အဆုံးမဲ့ပင်လယ်ဒေသကို အတူတကွ ဦးတည်ကြမည်ဖြစ်သည်။

ကျေးရွာခေါင်းဆောင်က အခြေအနေကို နားလည်သဖြင့် ခေါင်းညိတ်သည်။

"နတ်ဆိုးအရှင်ရဲ့ ဘေးကင်းမှုက အခုအတော်လေး အရေးကြီးတယ်၊ ငါတို့ အဆုံးမဲ့ပင်လယ်ဒေသကို အရင်သွားပြီး နတ်ဆိုးအရှင်ရောက်လာတာကို စောင့်နေမယ်"

ထို့နောက် သူယွမ်ချောင်ကိုကြည့်သည်။

"ယွမ်ချောင်၊ ထုံးစံအတိုင်းပဲ နတ်ဆိုးအရှင်နောက်က လိုက်သွားလိုက်"

ယွမ်ချောင်ခေါင်းညိတ်သည်။

ထိုနေရာမှ ရှောင်ဟိုင်နှင့် ယွမ်ချောင်တို့ မြင့်မြတ်အဆောင်ဂိုဏ်းကို ဦးတည်လိုက်ကြ၏။

ကောင်းကင်ဘုံဓားတောင်ထိပ်၏ နေရာဟောင်း၌ ကောင်းကင်ဘုံ‌ဓားတောင်ထိပါ ဘိုးဘေးကျောက်ရုပ်တုရှေ့တွင် ဓားဆန္ဒက နန်းတော်ထဲတွင် အဆက်မပြတ် ထိုးထွက်နေသည်။

ဒါက မာန်ဖီနေသည့် သားရဲတစ်ကောင်အလား နန်းတော်နံရံများကို အဆက်မပြတ် သောင်းကျန်းနေပြီး အလွန်အမင်းပင် ဒေါသထွက်နေပုံရသည်။

ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်ရုတ်တရက် မျက်လုံးဖွင့်ရင်း ဘိုးဘေးရုပ်တု၏ မျက်လုံးများကို စိုက်ကြည့်သည်။

ထိုအချိန်တွင် ဘိုးဘေးရုပ်တု၏ မျက်လုံးများက အကြည့်တစ်ချက်နှင့်အတူ ပွင့်လန်းလာပုံရပြီး ယဲ့ချိုးပိုင်အပေါ် ကျရောက်လာသည်။

ထို့ထဲတွင် ခေးအောစ့်အနှစ်သာရကဲ့သို့ ဓားချီအမျှင်စတစ်ခုက ဒီအကြည့်နှင့်အတူ လိုက်ပါရင်း ယဲ့ချိုးပိုင်၏ မျက်လုံးများအပေါ် ဆင်းသက်သည်။

ဂျုန်း......!

ဒီအသံကအပြင်ပကနေ ရောက်လာခြင်းမဟုတ်ဘဲ ယင်းအစား ယဲ့ချိုးပိုင်၏ ကိုယ်ထဲတွင် ပေါက်ကွဲသွားခြင်းဖြစ်သည်။

ထိုဓားချီအမျှင်စက ယဲ့ချိုးပိုင်၏ ခြေလက်အင်္ဂါများနှင့် အရိုးများထဲတွင် အဆက်မပြတ် စီးဆင်းနေကြ၏။

ခန္ဓာကိုယ်၏ အဆစ်တိုင်းနှင့် အရေးကြီးသည့် သွေးကြောတိုင်းကနေ ပေါက်ကွဲမှုများက အဆက်မပြတ် မြည်ဟီးနေသည်။

များမကြာမီ ယဲ့ချိုးပိုင်ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။

အော်ဟစ်သံက ဓားတစ်စင်းနှင့်တူပြီး နန်းတော်၏အမိုးခုံးကို တိုက်ရိုက်ပင် ချိုးဖျက်သွား၏။ ဆန်းကြယ်သည့် အော်ရာတစ်ခုနှင့်အတူ အင်မော်တယ်ဓား ဓားဆန္ဒက ကောင်းကင်ပေါ်ထိုးတက်သွားသည်။ အပြင်ပတွင် စောင့်ဆိုင်းနေကြသည့် ဓားကာကွယ်ရေးအကြီးအကဲသုံးဦးက ထိတ်လန့်သွားကြပြီးနောက် အတော်လေး အံ့ဩသင့်သွားကြသည်။

"အင်မော်တယ်ဓားနယ်ပယ်"

"သူအင်မော်တယ်ဓားနယ်ပယ်ကို ရက်သုံးဆယ်အတွင်း ချိုးဖျက်ခဲ့တာလား၊ ဒီကလေးက တကယ်ပဲ ဘိုးဘေးရဲ့ အဆင့်အတန်းကို ရောက်လာလိမ့်မယ်"

"ဒါ့အပြင် ဒီအင်မော်တယ်ဓား ဓားဆန္ဒရဲ့အော်ရာက ဘိုးဘေးရဲ့အော်ရာနဲ့ အတော်လေးတူပုံပေါ်တယ်"

အပိုင်း(781) coming။

All Chapters