#အစ်ကိုကြီး၊ ဘယ်ကိစ္စကို ရည်ညွှန်းနေတာလဲ#
Vol. 55 Ch. 781
ဓားကာကွယ်ရေးအကြီးအကဲသုံးဦးက ငယ်ရွယ်စဉ်က ကောင်းကင်ဘုံဓားတောင်ထိပ်ဘိုးဘေး၏ ဓားစောင့်ရှောက်သူများဖြစ်ကြသည်။
ယခုဘိုးဘေးက ပျောက်ကွယ်သွားပြီဖြစ်လေရာ ဓားစောင့်ရှောက်သူသုံးဦးက ဘိုးဘေးချန်ထားခဲ့သည့် ဓားကို ယနေ့ထိတိုင် စောင့်ကြပ်လာကြခြင်းပင်။
ထို့ကြောင့် ဓားကာကွယ်ရေးအကြီးအကဲသုံးဦးက သူတို့ဆရာအော်ရာနှင့် ဓားတာအိုကို ကောင်းကောင်းသိကြသည်။
ထို့ကြောင့် ယဲ့ချိုးပိုင် အင်မော်တယ်ဓားနယ်ပယ်ကို တက်လှမ်းသွားသည့် အခိုက်အတန့်၌ ၎င်းထဲတွင် ပါ၀င်သည့် ဓားတာအိုအော်ရာက သူတို့သုံးယောက်ကို အင်မတန်ရင်းနှီးသည့် ခံစားချက်တစ်ခုကို ခံစားရစေသည်။
ဒီလိုအော်ရာမျိုးကို သူတို့ဆရာ၏ ဓားဆန္ဒတွင်သာ သူတို့တွေ့ခဲ့ကြသည်။
ယဲ့ချိုးပိုင်က ဆရာရဲ့ရာထူးကို အပြည့်အ၀ အမွေရခဲ့တာများလား!
ဒီလိုဆိုပါက ယဲ့ချိုးပိုင်တွင် ဘာတစ်ခုမှ ဖြစ်ပျက်၍မရပေ။
သူက ဆရာ၏တစ်ဦးတည်းသော ဆက်ခံသူပင်။
ဒါကိုတွေးမိသောအခါ ဓားကာကွယ်ရေးအကြီးအကဲသုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။
သူတို့သုံးယောက်က တူညီသည့်အရာတစ်ခုကို တွေးတောနေသည်မှာ သိသာထင်ရှားနေသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင် လက်မောင်းများကို ဝှေ့ယမ်းရင်း ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် သူဓားကာကွယ်ရေးအကြီးအကဲသုံးဦးထံ လျှောက်သွားပြီး အပြုံးဖြင့်မေးသည်။
"စီနီယာတို့၊ မကြာသေးခင်က တစ်ခုခုများ ဖြစ်ပျက်ခဲ့တာလား"
"ဘာလို့စီနီယာဟောင်ကို မတွေ့ရတာလဲ"
ဓားကာကွယ်ရေးအကြီးအကဲတစ်ဦးပြောသည်။
"ဂိုဏ်းချုပ်က အဆုံးမဲ့ပင်လယ်ဒေသကို ဦးတည်သွားပြီ"
အဆုံးမဲ့ပင်လယ်ဒေသ!
ယဲ့ချိုးပိုင်အနည်းငယ်ထိတ်လန့်သွား၏။
ဒါက ကောင်းကင်အင်မော်တယ် အထွတ်အထိပ်ကျင့်ကြံသူတွေတောင် ပြန်မလာနိုင်ကြတဲ့ နေရာတစ်ခုမလား!
ဟောင်ကျန်းဟန် အဲကိုဘာသွားလုပ်တာလဲ!
"ဒါကဒီလိုမျိုး....."
ဓားကာကွယ်ရေးအကြီးအကဲ၏ ရှင်းပြမှုအောက်တွင် ယဲ့ချိုးပိုင်ယေဘုယျ အခြေအနေကို နားလည်သွားခဲ့သည်။
တံခါးပိတ်ကျင့်ကြံနေခဲ့တာ ရက်၃၀သာ ရှိသေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ကမ္ဘာတုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတစ်ခုကို ကြုံကြိုက်ခဲ့ရသည်။
ထို့နောက်ချက်ချင်းပင် သူဟုန်ရင်ဆီက သတင်းစကားကိုရသဖြင့် မြင့်မြတ်အဆောင်ဂိုဏ်းကို ထွက်ခွာတော့သည်။
ဓားကာကွယ်ရေးအကြီးအကဲသုံးယောက်က ယဲ့ချိုးပိုင်ကို အမှောင်ထဲကနေ တိတ်တဆိတ်ကာကွယ်ပေးကြ၏။
သူတို့အတွက် ယဲ့ချိုးပိုင်၏အသက်က ဘာမှဖြစ်ပျက်သွား၍မရပေ။
ယခုတွင်မူ အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းတိုင်းက ဗလာကျင်းနေပုံရသည်။ နယ်မြေအမျိုးမျိုးတွင်ပင် လမ်းမများ၌ ခြေကျင်သွားလာသူများ နည်းပါးသည်။
အဆုံးမဲ့ပင်လယ်ဒေသ၏ သွေးဆောင်မှုက အတော်လေးကြီးမားသည်။
ပုံမှန်အားဖြင့်ဆိုပါက အဆုံးမဲ့ပင်လယ်ဒေသတွင် ရတနာများရှိတာကို သူတို့သိလျှင်ပင် သွားကြည့်ရန်အတွက် သတ္တိရှိမည်မဟုတ်။
ယခုတွင်မူ အဆုံးမဲ့ပင်လယ်ဒေသ၏ နတ်ဆိုးသားရဲများက အာကာသမုန်တိုင်းကြောင့် ပင်လယ်နက်ပိုင်းသို့ ဆုတ်ခွာသွားခဲ့ကြသည်။
အကျပ်အတည်းအများစုကို ဖြေရှင်းပြီးသွားပြီဟု ဆို၍ရသည်။
ထို့ကြောင့်လည်း ကျင့်ကြံသူများက အဆုံးမဲ့ပင်လယ်ဒေသသို့ တစ်ဦးပြီးတစ်ဦး ပြေးလွှားနေကြခြင်းပင်။
ကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့် ထိုကျင့်ကြံသူများကမူ သူတို့ကံတရားနှင့် ဆိုင်သည့် အခွင့်အလမ်းတစ်ခုခုများ ရနိုင်မလားဆိုတာ စွန့်စားကြည့်ချင်ကြသည်။
နယ်ပယ်မြင့်မားသည့်သူများကမူ သူတို့နယ်ပယ်များကို တိုးမြှင်ချင်ကြသည်။
ရှေးမွန်းစတားအိုများနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကမူ အတားအဆီးကို ချိုးဖျက်ရန်အတွက် နည်းလမ်းတစ်ခု ရှာချင်ကြသည်။
ယဲ့ချိုးပိုင် မြင့်မြတ်အဆောင်ဂိုဏ်းကို ရောက်လာသောအခါ မြင့်မြတ်အဆောင်ဂိုဏ်းက အတော်လေးဗလာကျင်းနေပုံရသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံး၏ တစ်၀က်နီးပါးက အဆုံးမဲ့ပင်လယ်ဒေသကို သွားခဲ့ကြသည်။
လူအနည်းငယ်ကသာ ငရဲဂိုဏ်း၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကနေ ကာကွယ်ရန်အတွက် ကျန်ရစ်ခဲ့သည်။
ယဲ့ချိုးပိုင်ခြံ၀င်းထဲ ရောက်လာသောအခါ ရင်းနှီးနေသည့်ပုံရိပ်တစ်ချို့ကို တွေ့ရသဖြင့် ရယ်မောလိုက်မိသည်။
ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ရှောင်ဟိုင်တို့က ဒီနေရာ၌ စုစည်းနေကြ၏။
ထိုငါးယောက်၏အကြည့်အောက်တွင် ယဲ့ချိုးပိုင်ပြုံးရင်း ရှေ့သို့လျှောက်သွားသည်။
"နောက်ဆုံးမှာတော့ ငါတို့ဘေးချင်းယှဉ်ပြီး ထပ်မံတိုက်ခိုက်ကြတော့မှာပေါ့"
ဟုန်ရင်ပြုံးသည်။
"ဒါပေမယ့် ကျွန်မတို့ အစ်ကိုကြီးကို ဘာမဟုတ်တဲ့အရာအတွက် အပြစ်လွှဲချလို့ မရဘူးလေ"
မူလက သူ့ညီငယ်ညီမငယ်များကို တွေ့ရသဖြင့် ယဲ့ချိုးပိုင်၏စိတ်နေသဘောထားက အလွန်အမင်းသာယာနေသည်။
သို့စေကာမူ ဟုန်ရင်၏စကားလုံးများက ရေခဲကန်တစ်ခုမှ ရေဖြင့် ယဲ့ချိုးပိုင်၏ စိတ်အားထက်သန်မှုကို ပက်ဖြန်းလိုက်သည့်အလား သူ့ခန္ဓာက တုန်ယင်သွားခဲ့သည်။
ငါတို့သူတစ်ပါးကို အပြစ်တင်ဖို့အကြောင်းပဲ မပြောလို့မရဘူးလား!
ယဲ့ချိုးပိုင် ဟုန်ရင်ကို ခါးသီးစွာကြည့်သည်။
ဟုန်ရင်၏ထူးဆန်းသော အပြုံးကိုမြင်ရသောအခါ ယဲ့ချိုးပိုင်၏ မျက်နှာက ရုတ်ချည်းဖြူရော်သွားသည်။
သူက ကျွမ်းကျင်သူတစ်ယောက်ကြောင့် အပြင်းအထန်ဒဏ်ရာရပြီး သေလုမျောပါး အခြေအနေ၌ ရောက်သွားသည့်အလားပင်။
"ဖြစ်နိုင်တာက....ညီမလေး....မင်း...မင်းဆရာကို ထပ်ပြီးတစ်ခုခုပြောထားပြန်ပြီလား"
ယဲ့ချိုးပိုင်၏ ထိတ်လန့်နေသည့် အမူအရာကို မြင်ရသောအခါ နင်းချန်ရှင်း၊ ရှီရှန်း၊ မု၀မ်အာနှင့် ရှောင်ဟိုင်တို့ပင်လျှင် ရယ်မောလိုက်မိကြသည်။
ဟုန်ရင်ခြေနှစ်ဖက်ကို ဆုပ်လျက် လက်တစ်ဖက်ကို ဒူးပေါ်တင်ပြီး လှပစွာ ကွေးနေသည့် မေးရိုးကို ထောက်ကူကာ လက်ချောင်းများနှင့် ပါးပြင်ကို ထောက်ထားရင်း ယဲ့ချိုးပိုင်အား ပြုံးပြသည်။
"အစ်ကိုကြီး၊ ဘယ်ကိစ္စကို ရည်ညွှန်းပြောချင်တာလဲ"
ဘယ်ကိစ္စတဲ့လား!
ယဲ့ချိုးပိုင်တစ်ယောက် မိုးကြိုးဖြင့် ထိမှန်ခံလိုက်ရသည့်အလား ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိပြီး ဟုန်ရင်အား အထိတ်တလန့်ကြည့်သည်။
"ဘာကိစ္စတဲ့လား၊ မင်းငါ့အပေါ် ဘယ်နှစ်ကြိမ်များတောင် အပြစ်လွှဲခဲ့ပြီးပြီလဲ"
"ဆရာ ငါ့ကို ရှောင်ဟိုင်ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးဖို့ ပြောလာရင် ဘယ်လိုလုပ်ရမလဲ"
ရှောင်ဟိုင် "...."
သူစော်ကားခံနေရသည်။
ဘာလို့ငါချက်ပြုတ်တာကို စားရတာ ဒါမှမဟုတ် ငါ့ကိုဘယ်လိုချက်ပြုတ်ရမလဲ ဆိုတာကို သင်ပေးတာက စံအိမ်တော်မှာ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်လာရတာလဲ!
ဒါကနည်းနည်းမည်းတူးသွားပေမယ့် အရမ်းမဆိုးဘူးလေ၊ မီးဖိုချောင်ကို အများကြီး ဖောက်ခွဲမိရုံပဲမလား!
ဒါပေမယ့် ဒါကသက်ရောက်မှုမရှိသေးဘူးဆိုတော့ စားလို့ရသေးတာပဲလေ!
သူတို့တစ်ခဏမျှ စနောက်ကြပြီးနောက် ယဲ့ချိုးပိုင်မေးသည်။
"မုဖူရှန်းဘယ်မှာလဲ"
ဟုန်ရင်ပြန်ဖြေသည်။
"သူဘာတွေအကြံအဖန် လုပ်နေသလဲဆိုတာ ညီမမသိပေမယ့် ဂျူနီယာမောင်လေးမုရဲ့ စရိုက်အရဆိုရင် ဒါက ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်လောက်ဘူး"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
သူကအဆုံးမဲ့ပင်လယ်ဒေသကို သွားရန်အတွက် ဆုံးဖြတ်ထားပြီးဖြစ်လေရာ မှော်သားရဲများ၏ အန္တရာယ်ကို ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း တခြားအန္တရာယ်များ ရှိမလား၊ မရှိဘူးလားဆိုတာ ဘယ်သူသိမည်နည်း။
မည်သို့ပင်ဆိုစေကာမူ ဒါက မလေ့လာရသေးသည့် နေရာတစ်ခုပါ။
တစ်ချိန်တည်းမှာပင် သူတို့ကတစ်ခြားဂိုဏ်းများ၏ ပြိုင်ဆိုင်မှုများကိုလည်း ရင်ဆိုင်ရမည်သာ။
ဒါ့အပြင် ငရဲဂိုဏ်း၏တည်နေရာက အဆုံးမဲ့ပင်လယ်ဒေသ၏ ရှေ့တွင်ဖြစ်နေသည်။
သူတို့တွေ့ဆုံရန်ဟူသည် အချိန်အတိုင်းအတာတစ်ခုမျှသာ။
မုဖူရှန်း ဒါကိုလည်း တွေးမိခဲ့သည်။
သူသွားဖို့ဆုံးဖြတ်ထားပြီဖြစ်လေရာ သူ့၏ သတိကြီးသည့်စရိုက်အရ အရာအားလုံးကို စိတ်ချရအောင် လုပ်မည်ဖြစ်သလို ထွက်ပေါက်တစ်ခုကိုလည်း ဖန်တီးမည်သာ။
လျှို့ဝှက်အဆောင်မျှော်စင်ထဲတွင် အထဲကအဆောင်များက သာမန်အဆောင်များနှင့် ကွဲပြားသည်။
လျှို့ဝှက်အဆောင်မျှော်စင်ထဲကို ၀င်လာနိုင်သည့်အဆောင်များက မြင့်မြတ်အဆောင်ဂိုဏ်း၏ ထိပ်တန်းတည်ရှိမှုများဖြစ်သည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ တစ်ညီတစ်ညွတ်တည်း သဘောတူညီမှု မပါရှိဘဲ ၀င်၍မရပေ။
မုဖူရှန်း၀င်သွားသည်မှာ ရက်သုံးဆယ်ပင် ရှိနေလေပြီ။
မုဖူရှန်းပတ်လည်၌ အဆောင်လေးခုသာရှိသည်။
သို့စေကာမူ မုဖူရှန်း မည်သည့်လွင့်မြောနေသည့် အဆောင်ရှေ့တွင်မှ မရပ်ဘဲ ယင်းအစား အဆောင်လေးခု၏ အလယ်ဗဟိုတွင်ဖြစ်သည်။
ဒီအဆောင်လေးခုက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း မုဖူရှန်း မလုံလောက်သေးသလို ခံစားရသည်။
အရင်က ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အဆောင်နှင့်ပင် သူချီရှာဒေါင်ကို မသတ်နိုင်ခဲ့ပေ။
ထို့ကြောင့် ချီရှာဒေါင်သူတို့ကို ကြည့်လာသောအခါ အဆောင်လေးခုကို သင်ယူခဲ့ခြင်းက အသုံးမ၀င်ပေ။
ဒီကိစ္စတွင် ချီရှာဒေါင် သူတို့ကို ပစ်မှတ်ထားလာသောအခါ သို့မဟုတ် တခြားအမည်မသိသော အန္တရာယ်များ ရှိလာသောအခါ အန္တရာယ်ကနေ အောင်မြင်စွာ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတာ မုဖူရှန်းစဉ်းစားနေသည်။
အဖြေကရိုးရှင်းသည်။
သူကကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် အဆောင်လေးခု၏ အနှစ်သာရကို ထုတ်ယူပြီး အမှိုက်များကို ဖယ်ရှားပစ်ရပေမည်။
ထို့နောက် သူ့ကိုယ်တိုင်အဆောင်တာအိုနည်းစနစ်နှင့် ပေါင်းစပ်ရမည်။
သူ ချီရှာဒေါင်ကို ခုခံရန်အတွက် လုံလောက်သည့် အဆောင်တစ်ခုကို ရေးခဲ့သည်။
အပိုင်း(782) coming။