#အလယ်အလတ်အဆင့်ကြယ်နယ်မြေကို စံအိမ်တော်အကြောင်း သိခွင့်ပေးမှာလား#
Vol. 55 Ch. 782
အပြင်ပကမ္ဘာတွင် နောက်ထပ်ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။
မြင့်မြတ်အဆောင်ဂိုဏ်း၌ မုဖူရှန်းနေထိုင်သည့် ခြံ၀င်းထဲတွင် ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်နေသလို လှံအော်ရာကလည်း ပေါက်ကွဲနေသည်။
အော်ရာက အလွန်အမင်းကြောက်စရာကောင်းလွန်းသည်။
ဒါက ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့၏ တိုက်ခိုက်မှုပေတည်း။
ဘေးက ရှီရှန်းငြီးငွေ့စွာပြောသည်။
"အစ်ကိုကြီးရှုံးတော့မယ်"
ရှောင်ဟိုင်၊ နင်းချန်ရှင်းနှင့် မု၀မ်အာတို့က သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဟုန်ရင်အော်ဟစ်ကာ လက်ထဲက လှံကို ခါရမ်းပစ်သည်။
ယဲ့ချိုးပိုင် ဟုန်ရင်၏လှံကြောင့် ချက်ချင်း အတင်းနောက်ဆုတ်လိုက်ရသည်။
သူတို့နှစ်ယောက်ကြားက တိုက်ပွဲက တစ်ခြားဘက်၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေခြင်းမရှိပါ။
ယဲ့ချိုးပိုင် အ၀တ်အစားများကို ပွတ်သပ်ရင်း အရေးအကြောင်းများကို ရှင်းလင်းကာ ဟုန်ရင်အားကြည့်ပြီး ပြုံးသည်။
"ညီမလေး၊ မင်းခွန်အားတိုးတက်နှုန်းက တကယ်ပဲ မျက်စိပွင့်ပါပေတယ်"
သူတို့တွေ့ဆုံသောအခါ ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့၏ ကျင့်ကြံခြင်းအဆင့်များက အရမ်းကြီးမကွာဝေးသဖြင့် သူတို့တိုက်ခိုက်ခဲ့ကြသည်။
ဟုန်ရင်ကမူ မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ကိုပင် ရောက်နေလေပြီ။
ဒါ့အပြင် နှစ်ယောက်စလုံးက နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် ရက်စက်သောသူများပင်။
ဟုန်ရင်၏ လက်ရှိခွန်အားကို ရင်ဆိုင်ရသောအခါ ယဲ့ချိုးပိုင်တွင် အမှန်တကယ်ပင် ပြန်တိုက်ခိုက်ရန် နေရာမရှိပါ။
သူအင်မော်တယ်ဓား ဓားဆန္ဒကို နားလည်ခဲ့သော်လည်း ကြယ်နယ်မြေနိယာမစွမ်းအားက ပို၍အားကောင်းမည်သာဖြစ်ပြီး အားနည်းမည်မဟုတ်။
ဒါ့အပြင် သူမက နိယာမစွမ်းအားကို အပြည့်အ၀ မစုပ်ယူရသေးပေ။
ဟုန်ရင်စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ဆံပင်ကိုလှုပ်ယမ်းကာ လှံကို သိမ်းဆည်းပြီးနောက် ပြုံးသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးက ဓားတာအိုမှာ အရမ်းပါရမီရှိတာပဲ၊ အင်မော်တယ်ဓားနယ်ပယ်ကိုတောင် ရောက်သွားပြီ"
"ဒါပေမယ့် အစ်ကိုကြီးရဲ့ဓားဆန္ဒက တစ်ခြားသူတွေနဲ့ ကွဲပြားတယ်လို့ ညီမခံစားနေရတယ်၊ အင်မော်တယ်ဓား ဓားဆန္ဒအော်ရာကလွဲပြီး တခြားအော်ရာရှိသေးတာလား"
ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကိုကောက်ကိုင်ရင်း ခေါင်းခါယမ်းသည်။
"ငါလည်းအဲဒါဘာလဲဆိုတာ မသိဘူး၊ ဒါပေမယ့် အဲဒါက ငါ့ခန္ဓာနဲ့ ဆက်စပ်နေပုံပဲ"
"ဒီအော်ရာက ငါ့ဓားတာအို ဒါမှမဟုတ် ငါ့ခန္ဓာနဲ့ အတော်လေးကိုက်ညီတယ်"
ဒီအော်ရာက ယဲ့ချိုးပိုင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ဘိုးဘေးရုပ်တုရှေ့၌ အင်မော်တယ်ဓားနယ်ပယ်ကို ချိုးဖျက်ခဲ့စဉ်က ရခဲ့သည့် အရာတစ်ခုလည်းဖြစ်သည်။
ဒါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ဘိုးဘေးနှင့် ဆက်စပ်နေလောက်သည်။
တခြားတစ်ဘက်တွင် မု၀မ်အာ ကျောက်ခုံတစ်ခုံပေါ်၌ ထိုင်နေပြီး သူမကိုယ်တစ်၀က်က ကျောက်စားပွဲပေါ်၌ လဲလျောင်းနေသည်။
"မု....." ထိုနေရာတွင် မု၀မ်အာ ရှီရှန်းအား တမင်တကာပင် ပြင်းထန်စွာစိုက်ကြည့်ရင်း ပြောသည်။
"ဂျူနီယာမောင်လေးမုပြန်လာဖို့ ဘယ်လောက်တောင်ကြာဦးမလဲ၊ အရမ်းကို ပျင်းဖို့ကောင်းနေပြီ" မု၀မ်အာ အပြင်ပကမ္ဘာတွင် အချိန်အကြာကြီး စွန့်စားသွားလာနေခဲ့သော်လည်း သူမ၏မောင်နှမများနှင့် အတူ ဒါက ပထမဆုံးစွန့်စားသွားလာခြင်းပင်။
ဒါက မု၀မ်အာကို အတော်လေးမျှော်လင့်ချက်ကြီးမားစေသည်။
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ငါလည်းမသိဘူး၊ စောင့်ကြည့်ကြရအောင်"
နင်းချန်ရှင်းရယ်မောသည်။
"အဆင်ပြေပါတယ်၊ အမွေအနှစ်ဖြစ်စေ ကောင်းကင်ဘုံပစ္စည်းတွေနဲ့ လောကီရတနာတွေဖြစ်စေ၊ ငါတို့ဟာဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒါတွေကို စောင့်ကြည့်ဖို့ မလိုပါဘူး၊ "
"ဒါ့အပြင် သူ့အတွက် အမွေအနှစ်ရတနာတစ်ခုကို ဒီလောက်တိုတောင်းတဲ့ ကာလအတွင်းမှာ မြန်မြန်ဆန်ဆန်ရယူနိုင်ဖို့ ဆိုတာက မဖြစ်နိုင်ဘူးလေ"
နင်းချန်ရှင်းစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မြောက်ဘက်တွင် ဧရာမလျှပ်စီးတိုင်တစ်တိုင်က ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
တစ်ခဏအကြာတွင် မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးက ကမ္ဘာတုန်လှုပ်ဖွယ်ရာ အဖျက်မိုးကြိုးဆန္ဒဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ဒီယှဉ်၍မရနိုင်သည့် နှစ်သန်းချီသက်တမ်းရှိသော ရှေးဟောင်းသစ်ပင်တစ်ပင်ကဲ့သို့ ထူထဲသော လျှပ်စီးတိုင်က မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင် ခပ်ရေးရေးပြုံးသည်။
"ကြည့်ရတာ ဂျူနီယာညီလေးမုက ထိတ်လန့်ဖွယ်ရာ အရာတစ်ခုကို ထပ်ပြီး ဖန်တီးခဲ့ပြန်ပုံပဲ....."
တခြားတစ်ဘက်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲများ ကျင့်ကြံသည့်နေရာ၌ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက အဆုံးမဲ့ပင်လယ်ဒေသကို ချက်ချင်းမသွားဘဲ ယင်းအစား မြင့်မြတ်အဆောင်ဂိုဏ်းတွင်နေပြီး မုဖူရှန်းထွက်လာတာကို စောင့်ဆိုင်းနေကြသည်။
သူတို့ဒီလျှပ်စီးတိုင်ကို မြင်သောအခါ သူတို့၏အမူအရာများက ပုံမှန်မဟုတ်စွာပင် ထိတ်လန့်သွားကြ၏။
"ဒါက.....မုဖူရှန်းရေထွင်းခဲ့တဲ့အဆောင်လား"
"ဒီအော်ရာက အဲဒီကောင်းကင်အင်မော်တယ်အဆင့်အထွတ်အထိပ် အဆောင်လေးခုရဲ့ အော်ရာတွေပါ၀င်နေပုံပဲ"
"ဒါ့အပြင် ဒီအဆောင်ရဲ့စွမ်းအားက အဲဒီအဆောင်လေးခုထက် ပိုအားကောင်းလောက်တယ်....."
"ဒါက မုဖူရှန်းက အင်မော်တယ်အဆောင်သခင်တစ်ဦးရဲ့ အတားအဆီးတွေကို ချိုးဖျက်လိုက်ပြီလို့ ဆိုလိုနေတာမလား"
ထိတ်လန့်သွားပြီးနောက် မုတ်ဆိတ်ဖြူအကြီးအကဲက အလျင်အမြန် တည်ငြိမ်သွားပြီးနောက် ခေါင်းခါယမ်းသည်။ ဒါက နတ်အဆောင်အဆင့်ကို မရောက်သေးပါ။ ဘိုးဘေးချန်ထားခဲ့သည့် ရှေးဟောင်းမှတ်တမ်းများအရ နတ်အဆောင်တစ်ခုသာ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ပေါ်ပေါက်လာပါက ပတ်ပတ်လည် ကီလိုမီတာ ၅၀၀၀၀အတွင်းက ဝိဉာဉ်ချီအားလုံးကို ချက်ချင်းစုပ်ယူပေလိမ့်မည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဝိဉာဉ်ချီက အရမ်းသိပ်သည်းသည့်တိုင် နတ်အဆောင်တစ်ခုကို ခုခံနိုင်မည့် လိုအပ်ချက်က အရမ်းပြင်းထန်လွန်းသည်။
စတုရန်မျက်နှာနှင့် အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးက ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"ဒီကလေးက....ငါတို့လူအိုကြီးသုံးယောက်ထက်တောင် သာလွန်သွားပြီ"
အနီရောင်ဆံပင်နှင့် နောက်ထပ်အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးက ကျယ်လောင်စွာ ရယ်မောသည်။
"ဒါက ငါတို့မြင့်မြတ်အဆောင်ဂိုဏ်းအတွက် ပျော်စရာပဲမလား"
မည်သည့်အတွက်ကြောင့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်း၏ခွန်အားအပေါ် ဒီလောက်ထိ ပူပန်နေရလေသနည်း။
မုဖူရှန်း သူတို့တပည့်ဖြစ်လာရန် ငြင်းခဲ့သည့်တိုင် သူတို့က အရင်းအမြစ်အားလုံးကို ပေးခဲ့သည်။ ဒါ့အပြင် သူတို့က မုဖူရှန်းကို တစ်ခြားတိုက်ရိုက်တပည့်များထက်ပင် ပို၍ကာကွယ်ခဲ့ကြသည်။
ဒီအရာအားလုံးက မုဖူရှန်းက ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ သိသည့် လူတစ်ယောက်ဆိုတာကို သူတို့သိသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ဒါက မုဖူရှန်း၏ ပါရမီက အတော်လေးကြောက်စရာကောင်းလွန်းသည့် အတွက်ကြောင့်လည်းဖြစ်သည်။
ထို့ကြောင့် မုဖူရှန်းအောင်မြင်စွာ ကြီးပြင်းလာနိုင်သရွေ့ မြင့်မြတ်အဆောင်ဂိုဏ်းကို မပိုင်ဆိုင်ဖူးသည့် အမြင့်တစ်ခုကို ခေါ်ဆောင်သွားပေလိမ့်မည်။
သူတို့တွေးနေသည့်အပေါ် သူတို့၌ မြင့်မားသည့်မျှော်လင့်ချက်များရှိသည်။
အဆောင်မျှော်စင်မှ ကောင်းကင်သို့ ထိုလျှပ်စီးတိုင်ထိုးတက်သွားပြီးနောက် အမွေးတိုင်တစ်တိုင်စာခန့်အကြာ၌ လျှပ်စီးတိုင်က ပျောက်ကွယ်သွားခဲ့သည်။
မုဖူရှန်း ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများနှင့် တွေ့ဆုံသည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ကောင်စုတ်လေး၊ မင်းဘာထပ်လုပ်လိုက်ပြန်ပြီလဲ"
မုဖူရှန်းရယ်မောကာ ရိုးရှင်းသည့်အဆောင်တစ်ခုကို ထုတ်ယူပြီးပြောသည်။
"အဲဒီအချိန်ကျရင် ကျွန်တော်တို့သာ ချီရှာဒေါင်အထွတ်အထိပ်အဆင့်က ကျွမ်းကျင်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရင် ခုခံနိုင်စွမ်းရှိလာလိမ့်မယ်"
အပြင်ပတွင် သူ့ခွန်အားတစ်ချို့ကို သူဝှက်ထားပြီး အနည်းငယ်ပို၍ ဝှက်ထားတတ်သော်လည်း စံအိမ်တော်က တပည့်များနှင့် သူ့ဆရာကို ရင်ဆိုင်ရသောအခါ သူတို့မေးလာသရွေ့ မုဖူရှန်းဘာတစ်ခုမှ ဖုံးကွယ်ထားမည်မဟုတ်။
ဒါကသူတို့အကြားက အကြွင်းမဲ့ယုံကြည်မှုပင်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒီလိုဆိုမှတော့ အဆုံးမဲ့ပင်လယ်ဒေသကို လေ့ကျင့်ခန်းလုပ်ဖို့ သွားကြရအောင်"
ယဲ့ချိုးပိုင်လက်ပိုက်ရင်း လက်သီးဆုပ်လိုက်၏။ ထို့နောက် ကြွက်သားများကို ဆန့်တန်းရင်း အပြုံးဖြင့်ပြောသည်။
"ငါတို့စံအိမ်တော်က အတူတကွမစွန့်စားခဲ့တာတောင် အတော်ကြာနေပြီ"
ရှောင်ဟိုင်ပြုံးသည်။
"ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေကို ကျွန်တော်တို့စံအိမ်တော်ရဲ့နာမည်ကို သိခွင့်ပေးလိုက်ကြရအောင်"
ဒါကိုကြားသောအခါ လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။
မုဖူရှန်းကလည်း ထိတ်လန့်သွားပြီး အလျင်အမြန်လက်ဝှေ့ယမ်းသည်။
"မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ စီနီယာအစ်ကို၊ အစ်ကိုသာဒီလိုလုပ်မယ်ဆိုရင် ကျွန်တော် အစ်ကိုချက်ပြုတ်တာကို စားရတော့မယ်"
ရှောင်ဟိုင် "....."
သူစိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်ရင်းမေးသည်။
"ငါချက်ပြုတ်တာက တကယ်ပဲ အဲလောက်ဆိုးတာလား"
ရှောင်ဟိုင်၏ အကြည့်ဖြတ်သန်းသွားစဉ် ယဲ့ချိုးပိုင်၊ နင်းချီရှင်း၊ ဟုန်ရင်၊ ရှီရှန်း၊ မု၀မ်အာနှင့် မုဖူရှန်းတို့အားလုံး တစ်ဘက်လှည့်သွားကြသည်။
တစ်ခဏအကြာ လေထုက အနည်းငယ်မသက်မသာဖြစ်နေသည်။
ထိုအခိုက်အတန့်၌ အဆုံးမဲ့ပင်လယ်ဒေသတွင် ပထမဆုံး၀င်သွားခဲ့သောသူများက သတင်းများကို ယူဆောင်လာကြသည်။
တစ်ချို့လူများက လျှို့ဝှက်ရတနာများကို ရခဲ့ကြပြီး တစ်ချို့ကမူ အမွေအနှစ်အနည်းငယ်ကို ရခဲ့ကြသည်။
ဒါကအမြတ်အစွန်းအနည်းငယ်မျှသာ ဖြစ်သော်လည်း အတိတ်က ရှားပါးသည့် လျှို့ဝှက်ရတနာများနှင့် အစွမ်းထက်အမွေအနှစ်များရှိခဲ့သည်။
နောက်ထပ်သတင်းတစ်ခုလည်းရှိသည်။
သူတို့ထဲတွင် ငရဲဂိုဏ်းသားများနှင့် ချီရှာဒေါင်ကိုယ်တိုင် ပါ၀င်နေခြင်းပင်။
အပိုင်း(783) coming။