← Chapters

#သမားရိုးကျမဟုတ်#

Vol. 55 Ch. 784

#သမားရိုးကျမဟုတ်#

Vol. 55 Ch. 784

သက်ရှိဝိဉာဉ်မြအမြစ်က အဂ္ဂိရတ်ဆရာတိုင်း အိပ်မက်မက်ကြသည့် အဂ္ဂိရတ်ပါ၀င်ပစ္စည်းတစ်ခုပင်။

သက်ရှိဝိဉာဉ်မြအမြစ်၏ အနေအထားကမူ အားကောင်းသည့် ကုသစွမ်းရည်ရှိသော ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးများအကြား၌ မလှုပ်ခတ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သက်ရှိဝိဉာဉ်မြအမြစ်ကို လိုအပ်သည့်ဆေးလုံးများကိုသာ အင်မော်တယ်အဆင့်ဆေးလုံးများ၌ အားအကောင်းဆုံး ကုသစွမ်းရည်ရှိသည့် ဆေးလုံးများဟု ခေါ်ဆိုနိုင်သည်။

မုဖူရှန်းစိတ်ရှုပ်ထွေးစွာမေးသည်။

"ဂျူနီယာညီမလေး၀မ်အာ၊ ဆရာ့ရဲ့ အားဖြည့်ဆေးတွေရှိတာက မလုံလောက်သေးလို့လား၊ ဘာလို့ ဒီသက်ရှိဝိဉာဉ်မြအမြစ်ကို လိုနေရသေးတာလဲ"

မု၀မ်အာ လေးနက်သည့်အမူအရာဖြင့် သူ့ကို အမှန်ပြင်ပေးသည်။

"နင့်ငါ့ကိုစီနီယာအစ်မလို့ခေါ်ရမယ်"

"ငါဆရာ့ရဲ့ကုသဆေးလုံးတွေကို မသန့်စင်နိုင်သေးသလို အဲဒီဆေးလုံးတွေနဲ့ ယှဉ်နိုင်တဲ့ ဘယ်လိုအားဖြည့်ဆေးလုံးမျိုးကိုမှ မမြင်ဖူးဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သက်ရှိဝိဉာဉ်မြအမြစ်ကို ဆေးလုံးတွေကို ပြန်အားဖြည့်ဖို့အတွက်ပဲ သုံးတယ်လို့ နင်ထင်တာလား"

ယဲ့ချိုးပိုင်ကလည်း သက်ရှိဝိဉာဉ်မြအမြစ်အကြောင်းကို ကြားဖူးသည်။ ဒါကိုကြားသောအခါ သူခေါင်းညိတ်သည်။

"ဒီလိုမဟုတ်လို့လား"

ရှီရှန်း၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ရှောင်ဟိုင်တို့ပင်လျှင် မု၀မ်အာကို သိချင်စိတ်ဖြင့် စိတ်၀င်တစား ကြည့်ကြသည်။

မု၀မ်အာ၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က စံအိမ်တော်ကတပည့်သားများအကြား အတော်လေးအားနည်းကောင်း အားနည်းနိုင်ပါသည်။ သို့စေကာမူ ဆေးလုံးသန့်စင်ခြင်းတစ်ခုတည်းတွင်သာမက အဂ္ဂိရတ်ပညာအပေါ် နားလည်မှု၌ သူမကို ဘယ်သူမှ မယှဉ်နိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ မု၀မ်အာက သူတို့ဆရာ၏ ကိုယ်ပိုင်တပည့် ဖြစ်နေသည် မဟုတ်ပေလော။

မု၀မ်အာ အဆုံးမဲ့ပင်လယ်ဒေသ၏ တည်ငြိမ်နေသည့် ပင်လယ်မျက်နှာပြင်ပေါ် တက်လှမ်းရင်း ဦးတည်ထားသည့်ကျွန်းဆီသို့ လျှောက်သွားကာ ပြုံးပြီးရှင်းပြသည်။

"ဝိဉာဉ်ချီကို ကုသအားဖြည့်နိုင်တဲ့ ဆေးလုံးတွေက ယှဉ်၍မရန်ုင်နဲ့ သန့်စင်တဲ့ဝိဉာဉ်ချီ၊ ကြွယ်၀တဲ့ သစ်သားဆန္ဒနယ်ပယ်နဲ့ ဆေးလုံးသောက်သုံးသူရဲ့ ကိုယ်ထဲကို အဆုံးမဲ့ဆန္ဒကိုတောင် ထည့်သွင်းရတယ်"

"ဒါကအရမ်းရိုးရှင်းပုံရပေမယ့် အားဖြည့်ဆေးလုံးတွေရဲ့ အနှစ်သာရက ဝိဉာဉ်ချီက လုံလောက်စွာထူထဲပြီး သိပ်သည်းတယ်၊ သစ်သားဆန္ဒနယ်ပယ် ဒါမှမဟုတ် အဆုံးမဲ့ရှင်ခြင်းဆန္ဒအဆင့်ကလည်း လုံလောက်အောင် မြင့်မားခြင်းပဲ၊ ဒီလိုဆိုရင် ဒီအားဖြည့်ဆေးလုံးရဲ့ အဆင့်ကလည်း မြင့်လာလိမ့်မယ်"

"တကယ်တော့ ဒီဝိဉာဉ်ချီနဲ့ အဆုံးမဲ့ရှင်ခြင်းဆန္ဒကို ဆေးလုံးသောက်သုံးသူရဲ့ ကိုယ်ထဲကို သွန်ထည့်ပေးပြီးတဲ့အခါကျရင် ဝိဉာဉ်ချီကို မရီဒျန်ထဲမှာ လှည့်ပတ်စေတဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး ခြေလက်အင်္ဂါတွေနဲ့ အရိုးတွေကို ဖြတ်သန်းစေရမယ်၊ နောက်ဆုံးမှာ ဒန်တျန်ထဲမှာ ၀င်သွားစေပြီး ကုသခြင်းနဲ့ အားဖြည့်ခြင်းရဲ့ သက်ရောက်မှုကို ရရှိလိမ့်မယ်"

မုဖူရှန်း မေ့စေ့ကိုပွတ်သပ်သည်။

"ဒါပေမယ့် ဒါက ဒီသက်ရှိဝိဉာဉ်မြအမြစ်နဲ့ ဘာဆိုင်လို့လဲ"

မု၀မ်အာပခုံးတွန့်ရင်း အပြစ်ကင်းစင်သည့် မျက်နှာဖြင့်ပြောသည်။

"သက်ရှိဝိဉာဉ်မြအမြစ်မှာ ထူးခြားတဲ့ ကုသခြင်းသက်ရောက်မှုတစ်ခုသာ ရှိတယ်ဆိုပေမယ့် အကြောင်းရင်းက အတော်လေးသန့်စင်တဲ့ သစ်သားဂုဏ်သတ္တိဆန္ဒနယ်ပာ်ကို ပိုင်ဆိုင်တာအပြင် ထူထဲပြီး အတော်လေး ဖိသိပ်ထားတဲ့ ဝိဉာဉ်ချီလည်း ရှိနေလို့ပဲ၊ ဒါက တစ်ခြားကောင်းကင်အင်မော်တယ် အဆင့်ကုသဆေးလုံးတွေ မယှဉ်နိုင်တဲ့ ပစ္စည်းတစ်ခုပဲ၊ ဒီတော့ သက်ရှိဝိဉာဉ်မြအမြစ်က သန့်စင်ထားတဲ့ ‌ကုသဆေးလုံးကိုသုံးပြီး ကြွယ်၀တဲ့ဝိဉာဉ်ချီကို သောက်သုံးသူရဲ့ ပါးစပ်ထဲစီးဆင်းစေပြီး မရီဒျန်ထဲမှာ ကျင့်ကြံခြင်းနည်းစနစ်ရဲ့ ဝိဉာဉ်ချီနဲ့ ဆန့်ကျင်ဘက်ကို စီးဆင်းစေဖို့အတွက် နည်းလမ်းတစ်ချို့ကို သုံးမယ်ဆိုရင် ဘာဖြစ်လာမလဲ"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှောင်ဟိုင်၊ မုဖူရှန်း၊ ဂရုမစိုက်သည့်အသွင် ပေါ်မေသည့် နင်းချန်ရှင်း၊ ငြီးငွေ့နေသည့် ရှီရှန်းတို့အားလုံး တုံ့ပြန်လာကြပြီး သူတို့အမူအရာများက အတော်လေးစိတ်၀င်စားသည့်ပုံ ပေါ်လာကြသည်။

ဟုန်ရင် အားကိုးရာမဲ့နေသည့်အပြုံးဖြင့် ခေါင်းခါယမ်းသည်။

"ဝိဉာဉ်ချီက ပြောင်းပြန်လှန်သွားပြီး အတော်လေးထူထဲတဲ့ ဝိဉာဉ်ချီ ပါ၀င်တဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ သက်ရှိဝိဉာဉ်မြအမြစ်ကနေ သန့်စင်ထားတဲ့ ဆေးလုံးသာဆိုရင်တောင် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တစ်ယောက်တောင် တဒင်္ဂအတွင်းမှာ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်၊ သူတိုက်ပွဲထဲမှာ ဒါမှမဟုတ် ဒဏ်ရာရထားမယ်ဆိုရင် ကိုယ်ထဲက ကြမ်းတမ်းတဲ့ ဝိဉာဉ်ချီကို အချိန်မီ ဖိနှိပ်နိုင်မှာမဟုတ်ဘဲ ပေါက်ကွဲပြီး သေရလိမ့်မယ်....."

ယဲ့ချိုးပိုင်ပြုံးလိုက်မိသည်။

"ဘယ်လောက်တောင်ရက်စက်လိုက်သလဲ၊ ဒါပေမယ့် ဒါကိုမင်းကိုယ်တိုင် ရှာတွေ့ခဲ့တာလား"

မု၀မ်အာခေါင်းညိတ်သည်။ သူမ၏မျက်နှာလေးက ခံစားချက်ဖြင့် ပြည့်နှက်နေသည်။

"မြန်မြန် ငါ့ကိုချီးမွမ်းပါဦး" သူမနှာခေါင်းရှုံ့သည်။

"သေချာတာပေါ့၊ အပြင်မှာ လျှောက်လည်နေတုန်း ငါဘာမှမလုပ်ဘဲ ဘယ်လိုလုပ် နေမလဲ"

မုဖူရှန်းကလည်း သူမကို လက်မထောင်ပြသည်။

"ဆရာ့ရဲ့အဂ္ဂိရတ်စွမ်းရည်ကို အမွေရထားတဲ့ သူဆိုတဲ့အတိုင်းပါပဲ"

မု၀မ်အာ၏ အဂ္ဂိရတ်စွမ်းရည်များက လုချန်ရှန်းနှင့် အမြဲလိုလိုဆင်တူသည်။

လုချန်ရှန်းကပျင်းရိပြီး သူဆေးလုံး ဘယ်လိုဖော်စပ်ရမှန်းသိတာကို တစ်ခြားသူများကို မသိစေချင်သဖြင့် ဆေးညွှန်း ဒါမှမဟုတ် ပါ၀င်ပစ္စည်းများရှာရန်အတွက် ထွက်သွားလေ့မရှိပေ။

ထိုပါ၀င်ပစ္စည်းအားလုံးကို အစတွင် ဟင်းသီးဟင်းရွက်ဥယျာဉ်၌ဖြစ်စေ သူ့လိုအပ်ချက်နှင့်အညီ စိုက်ပျိုထားသည်။

ဘာလဲ!

သက်တမ်းကမလုံလောက်သေးလို့လား!

အဲဒါကဘယ်လို သက်ရောက်မှုတွေရှိသလဲဆိုတာ မသိတာလား!

မိုးမခပင် အဲမှာရှိနေတာပဲမလား!

၎င်း၏အတွေ့အကြုံနှင့် အဆုံးမဲ့ဆန္ဒအရ ၎င်းဘေးတွင် မြက်ပင်လေးတစ်ပင်ကိုပင် ထည့်ထားသရွေ့ အချိန်တစ်ချို့ကြာလာပြီးနောက် ဉာဏ်ရည်ဖွံ့ဖြိုးလာပေလိမ့်မည်။

ထို့ကြောင့် ဒါက လုချန်ရှန်း၏ အဂ္ဂိရတ်ပညာလမ်းကြောင်းကို ဆုံးဖြတ်ပေးသည်။ သူ့ကိုယ်ပိုင်ဆေးလုံးများကို သူဖန်တီးသန့်စင်နိုင်သည်။

မု၀မ်အာကရော!

သူမကရိုးသား၊ ဆော့ကစားတတ်ပြီး အထိန်းအချုပ်မဲ့သည့်ပုံပေါ်သည်။

သို့စေကာမူ သူမက အဂ္ဂိရတ်ပညာကို အတော်လေးသဘောကျသဖြင့် ဆေးလုံးသန့်စင်ရာ၌ အမြဲလိုလို ထူးဆန်းသည့် အတွေးများရှိသည်။

ဒါ့အပြင် ငယ်ရွယ်စဉ်က မည်သူကများ မပုန်ကန်ဆန္ဒမပြဘဲနေသနည်း။

သူမက ပုန်ကန်စဉ်အခါကပင် ပျက်စီးနေခဲ့သည်။ ထို့ကြောင့် သူမ၏မိသားစုက မု၀မ်အာကို ဆေးလုံးဘယ်လိုသန့်စင်ရမလဲဆိုတာ သင်ကြားရန်အတွက် ဆရာတစ်ယောက် ငှားရမ်းသောအခါ သူမ၏ အဂ္ဂိရတ်ဆရာကို ဆန့်ကျင်ရတာ သူမသဘောကျသည်။

ထို့ကြောင့်ပင် သူမ၏လက်ရှိအဂ္ဂိရတ်ဆိုင်ရာအလေ့အကျင့်များကို ဖွံ့ဖြိုးစေခဲ့ပြီး အထူးတလည်လုပ်မနေဘဲ သူမကြိုက်တာ မှန်သမျှ လုပ်တတ်သည်။

အတွေ့အကြုံများက မတူသော်လည်း ရလဒ်ကတော့ အတူတူပင်။

သက်ရှိဝိဉာဉ်မြအမြစ်၏ တည်နေရာက အဆုံးမဲ့ပင်လယ်ဒေသရှေ့တွင်ရှိပြီး စံအိမ်တော်ကလူများနှင့် အရမ်းကြီးမဝေးပါ။

ရက်တစ်၀က်အတွင်း သူတို့တည်ငြိမ်နေသည့် ပင်လယ်ဒေသကို ဖြတ်ကျော်လာခဲ့သည်။

အစွန်ပိုင်းများတွင် ကျပန်းရှာဖွေနေကြသည့် မရေမတွက်နိုင်လောက်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ အဆင့်နိမ့်အင်အားစုများက တပည့်များနှင့် အကြီးအကဲများလည်းရှိသည်။

ဒါကပုံမှန်သာ။ လုံလောက်သောခွန်အားမရှိပါက ခြိမ်းခြောက်မှုမရှိလျှင်ပင် သူတို့ရှေ့ဆက်နိုင်ကြမည်မဟုတ်။

သူတို့အဆင့်မြင့်ပြိုင်ဘက်ပိုများသည့် အဆုံးမဲ့ပင်လယ်ဒေသထဲသို့ ပိုနက်ရှိုင်းစွာသွားနိုင်သည်။

သို့သော် သူတို့ထိုနေရာသို့သွားပါက တစ်ခုခုကို ခိုးယူလုယက်ရန် မဆိုထားနဲ့၊ ဘယ်သူမှ သူတို့နှင့်မတိုက်ခိုက်လျှင်ပင် သူတို့၏ခွန်အားနှင့် ပါရမီအရ အမွေအနှစ်များ၏ အသိအမှတ်ပြုမှုကို ရမည်မဟုတ်ပေ။

သို့စေကာမူ သက်ရှိဝိဉာဉ်မြအမြစ်လို ရတနာတစ်ခုက မည်သည့်အတွက်ကြောင့် အဆုံးမဲ့ပင်လယ်ဒေသ၏ အစတွင် ပေါ်လာရလေသနည်း။

ဒါကိုသိရန်အတွက်နည်းလမ်းမရှိပါ။

စံအိမ်တော်က လူတိုင်းက ကျွန်းပေါ်သို့ တက်လှမ်းလိုက်ကြ၏။

ကျွမ်းကအရမ်းမကြီးသော်လည်း ဒီကျွန်း၏ မြေမျက်နှာသွင်ပြင် အနေအထားက အတော်လေးထူးဆန်းသည်။

ပတ်၀န်းကျင်မြေပြင်အနေအထားက အတော်လေးနိမ့်သည်။

သို့စေကာမူ သူတို့အစွန်ပိုင်းကနေ ပို၍နက်နက်သွားလေလေ၊ မြေပြင်က ပိုမြင့်လာလေလေဖြစ်သည်။

ဒါကစက်၀န်းပြတ်တစ်ခုပမာ ဖြစ်နေပြီး အလယ်ဗဟိုက လုံးဝိုင်းသည့် စင်မြင့်လေးတစ်ခုရှိသည်။

စင်မြင့်ပေါ်၌ အားကောင်းသည့်အသက်ဓာတ်နှင့် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည့် မြက်မြစ်လေးတစ်ခုရှိသည်။

ဒါက သက်ရှိဝိဉာဉ်မြအမြစ် ဖြစ်နိုင်သည်။

သို့စေကာမူ စံအိမ်တော်တစ်ခုတည်းသာ တည်ရှိနေခြင်းမဟုတ်။

မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများကလည်း ဒီကျွန်းပေါ်၌ စုစည်းနေကြသည်။

ကြည့်ရမည်ဆိုပါက သူတို့အားလုံးတွင် ထူးခြားသည့် အဂ္ဂိရတ်ဆရာများ၏ အော်ရာကိုယ်စီရှိသည်။

သက်ရှိဝိဉာဉ်မြအမြစ်အတွက် တိုက်ခိုက်ရန် လာကြသောသူများအားလုံးက အဂ္ဂိရတ်ဆရာများ ဖြစ်ပုံရသည်။

ယဲ့ချိုးပိုင်အနည်းငယ် ပဟေဠိဖြစ်သွားရသည်။

"ဘာလို့သူတို့အားလုံး ဒီမှာပဲရပ်နေပြီး ဒီသက်ရှိဝိဉာဉ်မြအမြစ်အတွက် မတိုက်ခိုက်ကြသေးတာလဲ"

ဟုန်ရင်ပခုံးတွန့်ကာ ယဲ့ချိုးပိုင်အားဖြတ်သွားပြီး လှည့်ပင်မကြည့်ဘဲ ပြောသည်။

"မေးလိုက်ရုံပဲလေ"

စံအိမ်တော်က လူတိုင်းက ကျွန်းပေါ်ကို တက်တော့မည့်အချိန်တွင် လင်းယုန်နှုတ်သီးနှင့် ချွတ်ထက်သည့် နှာခေါင်းရှိသည့် အဖိုးအိုနှစ်ဦးက အနီးကပ်လိုက်လာသည်။ သူတို့၏အကြည့်များက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအပေါ် အဆက်မပြတ် ကျရောက်နေသည်။

အပိုင်း(785) coming။

All Chapters