ပိုင်ဆိုင်မှုသုံးရပ်ရဲ့ အတိုင်းအတာကလည်း အရေးကြီးတယ်
Vol. 107 Ch. 1592
“ ငါက ဒီကို သီချင်းလာဆိုတာလေ… ဘာလို့ သူ့အကြောင်း သိရမှာလဲ…”
ထန်ရှောင်ရှောင်း ဘာသိဘာသာ ပြောလိုက်၏။
“ ငတုံး …”
မန်နေဂျာမှာ စိတ်ပျက်နေသည့် လေသံဖြင့် “ ငါသာ နင့်ကို အရင်နှစ်တွေတုန်းက ဂရုမစိုက်ပေးခဲ့ရင် နင် သေအောင် အလုပ်ကြိုးစားရင်တောင် ဒီနေ့လို နေရာမျိုး ရောက်လာမယ်ထင်လား …”
“ အဲ့လို မပြောပါနဲ့ … သူတို့ ဥက္ကဌက ငါနဲ့ ဘာဆိုင်တာမှတ်လို့ …” ထန်ရှောင်ရှောင်း ပြောလိုက်ပြီး “ နင် ငါ့ကို သူနဲ့ ထမင်းအတူ စားစေချင်နေတာတော့ မဟုတ်ဘူးမလား … ငါ နင့်ကို ကြိုပြီး ပြောထားမယ်… ငါ သဘောမတူဘူး…” ထန်ရှောင်ရှောင်း ပြောလိုက်ပြီး “ ပြီးတော့ တစ်ခါတည်း ပြောထားလိုက်မယ်.. ဒီခုချိန်မှာ အောင်မြင်နေတဲ့ လူတိုင်းက အပေါ်ယံမှာသာ သူတော်ကောင်းတွေလိုလို ဘာလိုလိုနဲ့ အတွင်းမှာကျတော့ တကယ့် မကောင်းဆိုးဝါးတွေ… အမျိုးသမီးတွေအပေါ်ဆို အခွင့်အရေး ယူဖို့လောက် သိတဲ့လူတွေ … ငါ မတွေ့ဘူး …”
“ လူတွေ နင့်ကို ပူပင်ကြောင့်ကြမဲ့တယ်လို့ ပြောကြတာ မဆန်းတော့ပါဘူး … နင်က ဒီကိစ္စလေးတောင် မသိဘူးကိုး …” မန်နေဂျာက ပြောလိုက်ပြီး “ ငါ ရင်ဘက်ပေါ် လက်တင်ပြီး အပြည့်အဝ အာမခံနိုင်တယ်.. လင်းယွင်အုပ်စုရဲ့ ဥက္ကဌက အတော်လေးကို ငယ်တာ အသက်သုံးဆယ်တောင် မပြည့်သေးဘူး … ပြီးတော့ ချောလည်းချော၊ ခန့်လည်းခန့် ၊ နင်သာ သူနဲ့ ထမင်းအတူ စားမယ်ဆို သေချာပေါက် အကျိုးအမြတ်ရှိမှာ…”
“ တကယ်ကြီးလား … သူက လူချောပေါ့ … နင် အတည်ပြောနေတာလား …”
သူမ မန်နေဂျာ၏ စကားလုံးများအား ထန်ရှောင်းရှောင်း မယုံကြည်သည်မှာ သိသာလှ၏။
“ ငါက ဘာလို့ ညာရမှာလဲ…. သူ့ကုမ္ပဏီက ဝန်ထမ်းတွေကိုယ်တိုင် ပြောတာနော်… သူက အရမ်း အရမ်းကို ချောတာ … ဖျော်ဖြေရေး နယ်ပယ်ထဲက အမျိုးသား ကြယ်ပွင့် သရုပ်ဆောင်တွေထက်တောင် ပိုကြည့်ကောင်းတယ်ပြောကြတယ်.. လူတိုင်းနီးပါး ပြောနေကြတယ်ဆိုတော့ အမှန်ပဲ ဖြစ်မှာပါ…”
“ အဲ့လိုဆိုရင်တော့ သူနဲ့ ထမင်းတစ်နပ်လောက်တော့ အတူစားဦးမှ ထင်တယ်…”
“ အိပ်မက်မက်နေလေ…” မန်နေဂျာမှ အထင်သေးစွာဖြင့် ပြောလိုက်ပြီ “ ငါကြားတာတော့ ဒီနေ့ အမျိုးသမီး ဆယ်လီတွေ တော်တော်များများ လာကြတယ်တဲ့နော်.. သူတို့အားလုံးက ဥက္ကဌလင်းနဲ့ နီးစပ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာ သူသာ သဘောတူသရွေ့ သူတို့ဘက်က ဘာပဲ လုပ်ပေးရ လုပ်ပေးရ .. နင့်ကိုယ်နင် ဘာများမှတ်နေလို့ … နင် ထမင်းအတူစားချင်ရင်တောင် ဟိုက ဆန္ဒရှိရဲ့လား အရင်မေးလိုက်ဦး နော်…”
“ ငါက အေ-အဆင့် အဆိုတော်လေ…” ထန်ရှောင်ရှောင်း ပြောလိုက်၏။
“ ဒါပေမယ့် ဟိုကလည်း ယွမ်ဘီလီယမ် ရာချီ ချမ်းသာတဲ့ သူဌေးကြီးလေ… သူက ဘာလို့ နင့်ကိုစောင့်မှာလဲတဲ့…” မန်နေဂျာက ပြောလိုက်ပြီး “ ဟိုက အရင်းရှင် အသိုင်းအဝိုင်းရဲ့ ထိပ်မှာ ရပ်တည်နေတဲ့ လူတစ်ယောက် … သူ့စကားတစ်ခွန်းတည်းနဲ့ ငါတို့ ကုမ္ပဏီရဲ့ စီအီးအိုတောင် သူ့ကို ဒူးထောက်ဝပ်တွားရဦးမယ်… နင်သာ သူ့လို အဆင့်ရှိတဲ့ လူနဲ့ မိတ်ဆွေဖြစ်လာနိုင်ရင် ဖျော်ဖြေရေး နယ်ပယ်ထဲက နင့်ရဲ့ လမ်းလေးက ပန်းခင်းပြီးသားပဲ …”
“ ထားလိုက်ပါဟာ… ငါသူများရဲ့ အိပ်ရာကို နွေးအာင် မလုပ်ပေးချင်ဘူး …”
“ နင့် မာနကို ခဝါမချနိုင်လို့ ဟုတ်တယ်မလား ..”
ထန်ရှောင်ရှောင်း ခေါင်းညိမ့်၍ သဘောတူလိုက်သည်။
သူမလည်း ထိုကဲ့သို့ ငယ်ရွယ်ပြီး ချမ်းသာသည့် သူဌေးတစ်ဦးနှင့် ရင်းနှီးချင်ပါသည်။ သို့သော် သူမသည်ကား ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ အတော်လေး ဂရုစိုက်သည့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။ မာနအား ခဝါချ၍ ထိုသို့သော အမှုမျိုးကို သူ မပြုလိုပေ။
ထိုသူနှင့် အတူ အိပ်စက်ရန်မှာတော့ ပိုလို့ပင် မဖြစ်နိုင်သေးချေ။
“ ဒီအကြောင်း တွေးပူမနေနဲ့ .. ငါနင့်ကို ကူပြီး သူနဲ့ ဆက်သွယ်လို့ရအောင် ဖန်တီးပေးမယ်… တခြား ဧည့်သည်တွေနဲ့ ယှဉ်ရင် နင့်ရဲ့ အားသာချက်က အကြီးကြီးပဲ … နင်သာ ဒီအခွင့်အရေးကို ရလာရင် အပီအပြင်သာ ဆုပ်ကိုင်ပေတော့…”
“ ဟုတ်ပါပြီ… နင်ပြောတာ နားထောင်ပါ့မယ် ဟုတ်ပြီလား ..”
“ နင် ဘာလုပ်ရမလဲ သိရင် ပြီးတာပဲ … ကောင်းကောင်းပြင်ဆင်ထား … ခဏနေဆို ဖျော်ဖြေရတော့မှာ … အကောင်းဆုံး ဖျော်ဖြေပြပြီး ဥက္ကဌလင်း သဘောကျသွားအောင် လုပ်ပစ်လိုက် … နောင်ကျ အခွင့်အရေးတွေ အများကြီးကို ယူလာပေးလိမ့်မယ်….”
“ အင်းပါ … ငါ နားလည်ပြီ…”
အချိန်တို့ နီးကပ်လာသည်နှင့်အမျှ ကုမ္ပဏီနှစ်ခု၏ နှစ်ပတ်လည် တွေ့ဆုံပွဲသည်လည်း စတင်လာခဲ့တော့သည်။
လင်းယွင်အုပ်စုရှိ လူများသာမက ချောင်ရန်အုပ်စုတွင် သူ ရှိစဉ်အခါက သူ့အပေါ် ဂရုစိုက်ပေးခဲ့ကြသည့် ဝန်ထမ်းဟောင်းများနှင့်လည်း လင်းရီ ဆုံတွေ့ခဲ့လေသည်။
သို့သော် ယခု သူတို့၏ အထောက်အထားများမှာ မတူညီကြတော့ချေ။ ဝမ်ရင်းမှတပါး သူ့အရှေ့တွင် ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ်နှင့် စကားပြောနိုင်သည့် လူတို့ သိပ်မရှိတော့ချေ။ ကိုးရို့ကားယားနိုင်စွာ အင်မတန် ယဉ်ကျေးနေခဲ့ကြ၏။
လင်းရီရှေ့တွင် ရပ်နေရင်း ဝမ်ရင်း သူမ၏ နာရီကို ကြည့်လိုက်သည်။ “ ဥက္ကဌကျီတောင် ရောက်လာတော့မယ်… ငါသွားပြီနော်…”
“ သွား …” လင်းရီ သူမ၏ တင်ပါးကို ခပ်သာသာပုတ်၍ ဝမ်ရင်း ထွက်ခွာသွားသည်အား ငေးကြည့်နေလိုက်သည်။
မကြာမီ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ အတူရောက်လို့လာသည်။
သို့သော်... သူမတို့နှစ်ဦး အပြင် အပျော်လိုက်ပါလာသည့် လက်ပါးစေ ကောင်းကျုံးယွမ်ကလည်း ပါလာခဲ့သေးသည်။
ကျီချင်းရန်မှာမူ မနေ့က ရွေးချယ်ထားသည့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ ဝတ်ဆင်ထားသည်တွင် ထိုဝတ်စုံမှာ စက်ချုပ်သမားကိုယ်တိုင် သူမအတွက် အထူးသီးသန့် ချုပ်ထားပေးလားဟု ထင်မှတ်ရသည်အထိပင်။ နေရာလက်မတိုင်းက ကွက်တိဖြစ်နေခဲ့ပြီး ပန်းချီကားချပ်ထဲက အမျိုးသမီးလေး တစ်ဦးနှယ် လှပလွန်းလှ၏။
ရှေးယခင် အချိန်တုန်းကတည်းကပင် အနီနှင့် အပြာသည် အမြဲတမ်း ဒွန်တွဲလျက် တည်ရှိပြီး ဟော်ယွမ်ယွမ်မှာမူကား အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ ကျီချင်းရန် နံဘေးတွင် ရပ်နေသည်ဆိုသော်လည်းပဲ ကျီချင်းရန်၏ လောင်းရိပ်အောက်သို့ ဖုံးလွှမ်းမခံရပါဘဲ ကိုယ့်ပုံစံနှင့်ကိုယ် တောက်ပနေသည်။
တစ်ဖက်ရှိ ကောင်းကျုံးယွမ်မှာတော့ သာမန် အဝတ်အစားတို့ဖြင့် လိုက်ပါလာခဲ့၏။
၎င်း၏ ပုံစံကိုကြည့်ရင်း ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ယောက် ဖြစ်မည်ကို မည်သူမျှ တွေးမိကြလိမ့်မည် မဟုတ်ချေ။
“ လင်းကော ….”
လင်းရီကိုမြင်တော့ ကောင်းကျုံးယွမ်နှင့် ကျန်နှစ်ယောက်တို့ ခပ်သွက်သွက် လျှောက်လာခဲ့ကြ၏။
ကျီချင်းရန် သူမ၏ ဂါဝန် အနားစကို ပင့်မ,၍ လင်းရီအား ပြလိုက်လေသည်။
“ ဘယ်လိုလဲ… ကြည့်ကောင်းလား …”
“ ကြည့်လို့ သိပ်လှတယ်…”
အကယ်၍ ကောင်းကျုံးယွမ်သာ မရှိနေဘူးဆိုပါက လင်းရီသည် ဟော်ယွမ်ယွမ်ကို နင်းခြေ၍ ကျီချင်းရန်အား ချီးမွမ်းလိုက်ပေမည်။ သို့သော် ယနေ့တွင်တော့ သူမအား လွှတ်ထားပေးဖို့ ဆုံးဖြတ်လိုက်၏။
“ ရှင်တို့နှစ်ယောက် … နင်တို့ရဲ့ ဒီနေ့ အဝတ်အစားတွေနဲ့ ဝေးဝေးသွားစမ်း … ငါတို့နဲ့ လိုက်လည်းမလိုက်ဘူး … တစ်နေရာရှာပြီး သွားထိုင်နေကြ…” ဟော်ယွမ်ယွမ် ပြောလိုက်၏။
လင်းရီ သူမကို အလွှတ်ပေးထားသော်လည်း သူမက ပြန်လည်ပြီး မျက်နှာသာပေးခြင်း မရှိပါချေ။
“ ငါတို့ရဲ့ ဝတ်စုံတွေက အဆင်ပြေပြီးသားပါဟ … မင်းနဲ့ မရီးကသာ ထူးခြားနေတာ … ဒီနေ့က ကုမ္ပဏီရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲနေ့ဆိုတော့ လူတို့နဲ့ ရောရမှာလေ..” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ပျင်းရင် ပျင်းတယ် မပြောဘူး … ငါ အဝတ်လဲခိုင်းတော့လည်း နင် မလဲဘူးလေ… “ ဟော်ယွမ်ယွမ် ပြောရင်းဖြင့် သူမ၏ နာရီအား ကြည့်လိုက်ပြီး “ အချိန်ကျတော့မယ်… သွားစို့လေ အစ်မကျီ… ငါတို့ သွားထိုင်ကြမယ်…”
လေးယောက်သား ပွဲကျင်းပသည့် နေရာသို့ လမ်းလျှောက်လာခဲ့၏။ ကုမ္ပဏီနှစ်ခုမှ ဝန်ထမ်းများက သူတို့၏ သူဌေး ဝင်လာသည်ကိုမြင်တော့ အကုန်လုံးက မတ်တပ်ရပ်လိုက်ကြသည်။ ကျီချင်းရန်လည်း လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်လိုက်လေသည်။
ချောင်ရန်အုပ်စုရှိ လူများကတော့ အေးဆေးသာမန်ပင်။ သို့သော် လင်းယွင်အုပ်စုရှိ လူများကတော့ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြ၏။
“ အဲ့ဒီ အလှလေးက ဥက္ကဌလင်းရဲ့ ကောင်မလေးလား …”
“ သူက သိပ်လှလွန်းမနေဘူးလား … သူ့ရဲ့ ဒီလို စိတ်နေစရိုက်နဲ့ သူမက မိကောင်းဖခင် သားသမီးဆိုတာ ငါပြောနိုင်တယ်…”
“ ကုမ္ပဏီက ငါတို့အလှလေးတွေ သူဌေးကို မြှူဆွယ် ဖျားယောင်းဖို့ ကျဆုံးခဲ့တာ မဆန်းတော့ပါဘူး … အိမ်တွင်းပန်းလေးက ဒီလောက်လှနေမှတော့ ပန်းရိုင်းလေးတွေကို လိုက်ပြီး စိတ်ဝင်စားနေမှသာ ထူးဆန်းနေလိမ့်မယ်…”
“ အွန်း … သူ့ရဲ့ ရုပ်ရည်ရော အရှိန်အဝါရောက ငါတို့ မယှဉ်နိုင်တဲ့ အရာတွေချည်းပဲ …”
လူတိုင်း၏ အကြည့်အောက်တွင် လေးယောက်သား ရှေ့ဆုံးတန်းရှိ သူတို့၏ ခုံများထံသို့ ရောက်ရှိလာသည်။
“ မင်းတို့ နှစ်ယောက် ရှေ့မှာ ထိုင်ကြ .. ငါ အနောက်သွားနေလိုက်မယ်…” လင်းရီ ပြောလိုက်၏။
“ နင် အိပ်ငိုက်နေမှာကို သူများတွေ တွေ့သွားမှာ ဆိုးလို့လား …” ကျီချင်းရန် ညှင်သာစွာ မေးလိုက်လေသည်။
“ ကိုယ့်ကောင်မလေးက ကိုယ့်ကို အသိဆုံးပဲ …”
လင်းရီသည် ယနေ့တွင် ဧည့်ပရိတ်သတ် တစ်ဦးသာ ဖြစ်လိုသဖြင့် မည်သည့် မိန့်ခွန်း၊ မည်သည့် တင်ဆက်မှုကိုမျှ ပြုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျီချင်းရန်ကလည်း သူ့အား ရှေ့ဆုံးခုံတွင် အတင်း နေခိုင်းမနေတော့ချေ။
မည်သို့ပင်ဖြစ်စေ ဟော်ယွမ်ယွမ်က သူမအား အဖော်ပြုပေးနေသဖြင့် သူ့ကိုလည်း လိုအပ်မနေပါချေ။
လင်းရီနှင့် ကောင်းကျုံးယွမ်တို့ နောက်သို့ဆင်း၍ လူအမြင်ကွယ်သည့် နေရာကောင်းတစ်ခု၌ မဆိုင်းမတွ ဝင်ထိုင်လိုက်ကြသည်။
ညနေခင်း ခြောက်နာရီ ထိုးနေပြီး တွေ့ဆုံပွဲသည်လည်း တရားဝင် စတင်ချေပြီ။
တစ်ချိန်တည်းတွင် ပွဲကျင်းပရာ ခန်းမထဲရှိ မီးများအားလုံး မှေးမှိန်သွားပြီး ပွဲစတင်တော့မည်ကို ညွှန်ပြနေလျက် ရှိသည်။
ထိုအခိုက်အတန့်တွင် စင်ပေါ်ရှိ မီးတို့သာ ဖွင့်လျက် အနေအထား ရှိ၏။ တင်ဆက်သူ လေးယောက်၊ အမျိုးသားနှစ်ယောက်က ဝတ်စုံပြည့်နှင့် ဖြစ်ပြီး အမျိုးသမီး နှစ်ယောက်မှာမူကား စကတ်အတိုနှင့် လှလှပပ ဝတ်ဆင်ထားကြလေသည်။ သူတို့လေးယောက်လုံး စင်ပေါ်သို့ အတူတူ တက်လာခဲ့ကြ၏။
လင်းရီ စင်ပေါ်ရှိ လူများအား တစ်ချက်လှမ်းကြည့်လိုက်၏။ နှစ်ယောက်က လင်းယွင်အုပ်စုက ဖြစ်ပြီး ကျန်နှစ်ယောက်က ချောင်ရန်အုပ်စုမှပင်။ စီစဉ်ထားမှုက မဆိုးပေ။
ကျယ်လောင်သည့် လက်ခုပ်သံတို့ တစ်ကဏ္ဍ ပြီးဆုံးပြီးနောက် တွေ့ဆုံပွဲသည်လည်း စတင်ချေပြီ။
“ အဖွင့်ကိုတော့ ‘နိုး နိုး နိုး ‘ ဆိုတဲ့ အကလေးနဲ့ လူကြီးမင်းတို့အားလုံးကို ဖျော်ဖြေပေးပါရစေ …”
အောက်တွင် ထိုင်နေရင်း ငိုက်မြည်းလုဖြစ်နေသည့် လင်းရီနှင့် ကောင်းကျုံးယွမ်တို့နှစ်ဦးမှာ အစီအစဉ်စဝင်တော့ အိပ်ချင်စိတ်တွေ ပျောက်ရှကုန်ကြ၏။
“ လင်းကော … မင်းတို့ ကုမ္ပဏီနှစ်ခုက ဝန်ထမ်းမိန်းကလေးတွေက တစ်ခုခုတော့ တစ်ခုခုပဲ … ဒီရဲ့ စကတ်တိုတိုလေးတွေ၊ ဒီလို ခြေတံ သွယ်သွယ်လေးတွေ၊ ကြည့်လိုက်တာနဲ့ မျက်စိကို အေးပြီး ကြည်သွားတာပဲ …”
“ ချောင်ရန် အုပ်စုတော့ ငါမသိဘူး.. ဒါပေမယ့် လင်းယွင်အုပ်စုမှာတော့ အမျိုးသမီး ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှု သုံးရပ် အတိုင်းအတာတွေက အတော်လေး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်…”
“ ဒါက လင်းကောရဲ့ ပုံစံနဲ့ တကယ့်ကို ကိုက်ညီနေတာပဲ …”
ဖက်ခ်….