← Chapters

လုပေချိန်ထံသို့ အလည်လာခြင်း

Vol. 107 Ch. 1595

လုပေချိန်ထံသို့ အလည်လာခြင်း

Vol. 107 Ch. 1595

“ ငါဘာလုပ်မိလို့ …” ထန်ရှောင်းရှောင်း ကြက်သေသေသွားခဲ့လေသည်။

“ ကြည့်စမ်း … နင် အခုထိ ဟန်ဆောင်ကောင်းတုန်းပဲဆိုတာ ယုံတောင် မယုံနိုင်ဘူး …”

“ ငါက ဘာတွေ ဟန်ဆောင်နေလို့လဲ … တကယ်ပဲ စိတ်ရှုပ်နေပါတယ်ဆို….” ထန်ရှောင်းရှောင်း စောဒက တက်မိလိုက်သည်။

“ ငါက သူ့ကို သီချင်းတစ်ပုဒ်အတူဆိုဖို့ ပြောမိတာ ခုတော့ သူက ငါ့ထက်တောင် ပိုကောင်းအောင် ဆိုသွားသေးတယ်.. ကိုယ့်ရှူးကိုယ် ပြန်ပတ်တာပဲ … စိတ်တိုလိုက်တာ …”

“ အဲ့တာ မကောင်းဘူးလား .. နင်သာ သူ့ထက် ပိုသာအောင် ဆိုခဲ့မယ်ဆိုရင်တောင် ကိစ္စတွေက ဒီခုလိုမျိုး ကောင်းလာမှာတောင် မဟုတ်ဘူး …”

“ နင် ဘာတွေ ပြောနေတာလဲ… ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ကို မဖိနှိပ်ထားနိုင်တာက ရှက်စရာပဲ မဟုတ်ဘူးလား…” ထန်ရှောင်းရှောင်း ပြောလိုက်၏။ “ ပြီးတော့ ခုလေးတင် လူတော်တော်များများက ငါတို့နှစ်ယောက်ကြားထဲက ကွာခြားမှုတွေ ပြောနေကြတာကို ငါ ကြားခဲ့တယ်.. တကယ်လို့များ တစ်ယောက်ယောက်ကသာ လိုင်းပေါ်တက်လိုက်ရင်တော့ ငါ့ကို နာမည်ဖျက်လို့ ကောင်းသွားပြီ…”

“ မပူနဲ့ … နင့် နာမည် ပျက်မှာ မဟုတ်ဘူး .. ဒီလို အသေးအမွှား ကိစ္စလေးက နင့်ကို မပျက်စီးစေပါဘူးဟယ်…” မန်နေဂျာက ပြောလိုက်ပြီ “ အဓိကက နင် စင်ပေါ် ခေါ်လိုက်တဲ့လူက ဥက္ကဌလင်း ဖြစ်နေတာ … အခု သူ့မျက်နှာနဲ့ ငါတို့ အဆင်ပြေသွားပြီ… နင် လုပ်ခဲ့တာ ကောင်းတယ်…”

“ ဟင် …..”

ထန်ရှောင်းရှောင်း ကြက်သေသေသွားခဲ့ပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုတောင် အတွေးဝင်မိသွားခဲ့တော့သည်။

“ နင် ဘာပြောလိုက်တယ်.. သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ဟုတ်လား …”

“ ဒါပေါ့ .. အဲ့တာ အမှန်ပဲလေ…” မန်နေဂျာက ပြောလိုက်ပြီး “ အဲ့တာကို နင်က သိရဲ့သားနဲ့ ငါ့ရှေ့မှာ မသိချင်ယောင် ဆောင်နေတယ်ပေါ့ ဟုတ်လား … နင် သူ့ကို သီချင်းအတူဆိုဖို့ စင်ပေါ် ခေါ်လိုက်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး … နင်က လူရှေ့မှာသာ အေးတိအေးစက် မိန်းကလေး လုပ်နေပေမယ့် အတွင်းမှာကျ တိတ်တိတ်လေး စွဲလမ်းနေတဲ့ ကောင်မလေးပဲ …”

ထန်ရှောင်းရှောင်း အချိန်အတော်ကြာသည်ထိတိုင်အောင် ကြက်သေသေနေမိခဲ့သည်။

“ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ …. “

“ ငါ နင့်ကို ညာမယ် ထင်နေလို့လား … နင် အံ့ဩသွားတယ်မလား … သူက ချောတယ်ဟုတ်…” မန်နေဂျာမှ တခစ်ခစ် ရယ်မောလိုက်ပြီး “ နင့်ကို မပြောနဲ့ဦး … ငါ့လို အမျိုးသမီးအိုကြီးတောင်မှ နည်းနည်းလေး ဆွဲဆောင်ခံလိုက်ရသေးတယ်…”

“ ဒါပေမယ့် သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီးလေ… ဘာလို့ အနောက်မှာ သွားထိုင်နေတာလဲ … ယုတ္တိကျကျ ပြောကြေးဆို ရှေ့မှာ ထိုင်နေသင့်တာ မဟုတ်ဘူးလား …”

“ မဟုတ်ရင် လူတွေက သူ့ကို သိုသိုသိပ်သိပ် နေပါတယ်ဆိုပြီး ဘယ်ပြောပါ့မလဲ … အနောက်မှာ ထိုင်တယ်ဆိုတာ သူ့မျက်နှာကို မပြချင်လို့ … ဒါပေမယ့် နင်က ဉာဏ်ကောင်းသွားတယ်.. နောက်မှာ ထိုင်နေတဲ့ လူကို စင်ပေါ်တောင် ဆွဲတင်လိုက်သေး … မဆိုးဘူး မဆိုးဘူး .. တကယ်မဆိုးဘူး …”

ထန်ရှောင်းရှောင်း၏ ဟန်အမူအရာမှာ လဲပြိုသွားခဲ့ပြီး သေချင်စိတ် ပေါက်သွားခဲ့တော့၏။

အပြင်ဘက်တွင်တော့ နှစ်ပတ်လည် တွေ့ဆုံပွဲ အခမ်းအနားသည် အဆုံးသတ်သို့ နီးကပ်လာနေသည်။

ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေရန်အတွက် လင်းရီသည် ပွဲအဆုံးသတ်တွင် ယွမ် ၂ သန်းဖိုးကို အနီရောင် စာအိတ် လုပ်ပေးခဲ့သည်။ ယနေ့ ပွဲအခမ်းအနားအတွက် ပြီးပြည့်ဆုံသည့် အဆုံးသတ်ဟု မှတ်ယူ၍ ရလေသည်။

နောက်ရက်အနည်းငယ်တွင်တော့ ၎င်းက နှစ်သစ်ကူး အားလပ်ရက် ဖြစ်၏။ လူကြီးများအဖို့တော့ အင်မတန် အလုပ်ရှုပ်သည့် နေ့ရက်များပင်။ နှစ်သစ်ကူးအတွက် လိုအပ်သည်များအား ပြင်ရ ဆင်ကြရ၏။

ကျီချင်းရန်သည်လည်း ပစ္စည်းအများအပြားကို ဝယ်ယူခဲ့လေသည်။ လင်းရီအတွက် အဝတ်အစားအသစ်များကို ဝယ်ပေးရုံသာမက သူ့မိဘများအတွက်လည်း ဝယ်လာခဲ့သည်။

ဒူဘိုင်းတွင် ရှိနေသည့် ချင်ရင်ယွဲ့အတွက်ပင် မေ့လျော့နေခြင်း မရှိခဲ့ချေ။ ကျီချင်းရန်ကား တွေးပေးတတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

“ ဒီနှစ် နင် ရန်ချိန်မှာ ဘယ်နှရက် နေမှာ …”

နှစ်သစ်ကူးပွဲတော်နေ့ရက် မတိုင်မီ ၂ ရက်အလိုတွင် ကျီချင်းရန် မေးလာခဲ့၏။

“ လေးရက်မြောက်နေ့ကျရင် ပြန်လာခဲ့မယ်…”

လင်းရီ ခေတ္တမျှ တွေးပြီးနောက် ပြောလိုက်၏။ “ အိမ်မှာ သွားလည်ရမယ့် ဆွေမျိုးနည်းနည်း ရှိတယ်… ပြီးတော့ ကိုယ့်ကို ဂရုစိုက်ပေးတဲ့ စီနီယာ ခေါင်းဆောင်တွေဆီလည်း သွားလည်ရဦးမှာ… ဒီဥစ္စာတွေ အမြန်ပြီးတာနဲ့ မင်းဆီ ပြန်လာမယ်လေ…”

“ ငါက မလောပါဘူး … ဒီတိုင်း မေးရုံတင် မေးကြည့်တာ…”

ကျီချင်းရန် စိတ်ထဲက မပါစွာဖြင့် ပြောလိုက်၏။

လင်းရီက သုံးလေးရက်အတွင်း ပြန်လာမည်ဆိုသော်လည်း ဤသို့သော နှစ်ယောက်အတူ နေထိုင်သည့် လူနေမှု ဘဝနှင့် နေသားကျနေသည့် ကျီချင်းရန်မှာ သူနှင့် မခွဲနိုင် မခွာရက် ဖြစ်နေခဲ့ဆဲပင်။ နေ့ရက်တိုင်းကို သူနှင့်သာ အတူကုန်ဆုံးလိုပေသည်။

“ မင်းက မလောဘူးဆိုရင်တောင် ကိုယ်ကတော့ လောတယ်…” လင်းရီ သူမ၏ ပါးလေးများအား ဖျစ်ညှစ်ရင်း ပြောလိုက်၏။

“ မြန်မြန်ပြန်လာခဲ့မှရမှာ… မင်းမရှိရင် ည အိပ်မပျော်လို့…”

“ ကျစ် … လူကဖြင့် ငယ်လည်း မငယ်တော့ပဲနဲ့ကို ဒီလိုစကားတွေ ပြောနေတုန်းပေါ့ … နင့်မှာ အရှက်တရားဆိုတာ မရှိဘူးလား …”

“ မင်းလည်း အတူတူပဲ မဟုတ်လား …”

“ ငါက အမျိုးသမီးလေ… ငါလုပ်လို့ရတယ်… ဒါပေမယ့် နင်ကတော့ မရဘူး ….”

လင်းရီ ပြုံးလိုက်ပြီး ကျီချင်းရန်၏ ဆံနွယ်များအား ပွတ်သပ်ပေးလိုက်သည်။

“ ရက်နည်းနည်းနေရင် ပြန်လာမယ်… အိမ်မှာပဲ စောင့်နေ…”

“ အွန်း …”

၎င်းနောက် လင်းရီသည် ကျီချင်းရန်၏ အိမ်သို့ မောင်းနှင်လာခဲ့၏။ ထို့နောက် သူ့ကိုယ်သူ လေဆိပ်သို့ မောင်းနှင်လာရင်း လေယာဉ်ပေါ်သို့ တက်လိုက်၏။

သို့သော် လေယာဉ်ပေါ်၌ ဝန်ထမ်းများအပြင် လျန်ရူရွှယ်ကလည်း ရောက်ရှိလို့ နေခဲ့သည်။

ယခင်နှစ်ကကဲ့သို့ သာမန်အခြေအနေအောက်တွင် ဆိုပါက လျန်ရူရွှယ်သည် ထွက်ခွာခွင့် ရှိလိမ့်မည် မဟုတ်ချေ။ နှစ်သစ်ကူး ဖြစ်နေလျှင်ပင် သူမ၏ တာဝန်ကြောင့် ကျိုးဟိုင်၌သာ ရှိနေသင့်၏။

သို့သော် အထက်လူကြီးများမှ သူမ မိသားစု၏ နောက်ခံကို သိရှိထားကြကာ သူမအား ဤနေရာ၌ နေရန် အမိန့်မပေးဝံ့ကြချေ။ ထို့ကြောင့် သူမအား အိမ်ပြန်ခွင့် ပြုထားရ၏။

ထို့ကြောင့် ယနေ့တွင် လင်းရီနှင့်အတူ ရန်ကျင်းသို့ ပြန်မည် ဖြစ်၏။

“ နင့် ကိစ္စတွေ ပြီးခဲ့ပြီလား …” လျန်ရူရွှယ် မေးလိုက်ပြီး “ ငါနဲ့ အတူ ရန်ကျင်း လိုက်ချင်တာ သေချာလား …”

“ ဒါပေါ့ … ဒီလောက်လေးတော့ ငါလည်း တတ်နိုင်ပါတယ်…”

“ ဖီး … အဲ့မှာ ကြွားနေလိုက် …”

လင်းရီ ပြုံးလိုက်ပြီး ဘာမျှ မဆိုချေ။ ထိုင်ခုံပေါ်တွင် ထိုင်ပြီး အနားယူရန် မျက်လုံးမှိတ်လိုက်၏။

“ စကားမစပ် အထက်ကြီးပိုင်းတွေက တုံးစန်းကောင်တီအတွက် အထောက်အထူ ဖြစ်စေမယ့် မူဝါဒ အသစ် ချမှတ်ပေးတော့မယ့်ပုံပဲ ..” လမ်းတွင် လျန်ရူရွယ်က ပြောလာခဲ့၏။

“ နှစ်သစ်ကူးအပြီး သိပ်မကြာခင် အတည်ပြုလာလောက်တယ်… နည်းပညာမြင့် စက်မှုဇုန်တွေအတွက် လက်တွေ့ပြောင်းလဲခြင်း အစီအစဉ်တွေ … နင် အကျိုးအမြတ်တွေကို လက်ခံနိုင်ခြင်း ရှိမရှိဆိုတာတော့ သူတို့ရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်နေတယ်…”

“ ဒါဆို … တုံးစန်းကောင်တီကလည်း မျှော်လင့်ထားလို့ ရမယ်ပေါ့ …”

“ သေချာပေါက်ပဲပေါ့ … အစီအစဉ်က ကောင်တီရဲ့ မြို့တွေ ကောင်းကောင်းမွန်မွန် တိုးတက်ဖွံ့ဖြိုးဖို့အတွက်လည်း ပါတယ်.. ဒါပေမယ့် ဘယ်အတိုင်းအတာထိလည်း ဆိုတာကတော့ မသေချာသေးဘူး … အဲ့တာက အထက်က လူတွေရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်…”

“ ငါလိုအပ်တာလည်း အဲ့လောက်ပါပဲ..”

တုံးစန်းကောင်တီရှိ အခြေအနေတို့က အစကတည်းကပင် ကောင်းမွန်နေပြီး ဖြစ်သည်။ မူဝါဒ အသစ်ဖြင့် ဆိုပါက သူ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး မစ်ရှင်ကို ပြီးမြောက်ရန် သိပ်မလိုလောက်တော့ချေ။

လင်းရီ တွက်ချက်မှုတစ်ချို့ လုပ်ကြည့်လိုက်တော့ တောင်သူ အလုပ်အကိုင်အတွက် သူ အချိန်တစ်နှစ်မျှ ယူခဲ့ရသည်။ ဤသည်ကို အရှည်ကြာဆုံး အဖြစ် သတ်မှတ်၍ ရနိုင်သည်။

သို့သော် သူ့ဘက်က အတွေ့အကြုံ အများဆုံး ရသည့် အလုပ်အကိုင် တစ်ခုဆိုလည်း မမှားပေ။

နှစ်နာရီ ကြာပြီးနောက် လေယာဉ်မှာ ရန်ကျင်းလေဆိပ်သို့ ဆင်းသက်လာခဲ့သည်။

နှစ်ယောက်သား အပြင်တွင်ပဲ ထမင်း စားလိုက်ကြပြီး ထို့နောက် လင်းရီမှ လျန်ရူရွှယ်အား အိမ်သို့ လိုက်ပို့ပေးသည်။ သူနှင့်အတူ ဝယ်လာခဲ့သည့် လက်ဆောင်များလည်း ပါဝင်သည်။

သို့သော် အိမ်ထဲကိုတော့ လင်းရီ မဝင်တော့ပေ။ တံခါးဝ၌သာ ချပေးရင်း ထွက်လာခဲ့လိုက်၏။

စီးပွားရေးကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ သူနှင့် ရှန်းရှုရီမှာ အတော်လေး ရင်းနှီးသည်ဟု ပြော၍ ရသည်။ သို့သော် လျန်ရူရွှယ်နှင့် ပတ်သက်သည့် ဆက်ဆံရေးတွင်တော့ သူမနှင့် အကွာအဝေး တစ်ချို့ ထိန်းသိမ်းထားရန် လိုအပ်နေဆဲပင်။

အနည်းဆုံးတော့ ယခုအချိန်က တွေ့ဆုံဖို့ အချိန်ကောင်း မဟုတ်သေးချေ။

ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ လေဆိပ်သို့ ချက်ချင်း မသွားခဲ့ပေ။

ထိုအစား လုပေချိန်ထံသို့ ဖုန်းခေါ်၍ သူ ရန်ကျင်းသို့ ရောက်နေပြီဖြစ်ကြောင်း အသိပေးလိုက်၏။

ရန်ကျင်းသို့ မလာမီတွင် သူတို့နှစ်ယောက်က ဖုန်းဖြင့် ဆက်သွယ်မှု ပြုထားပြီး ညနေခင်းတွင် တွေ့ဆုံရန် စီစဉ်ထား၏။

ဖုန်းခေါ်ဆိုပြီးနောက် လင်းရီသည် ပစ္စည်းတစ်ချို့ ဝယ်ယူ၍ လုပေချိန်၏ အိမ်သို့ ထွက်လာခဲ့လိုက်သည်။

“ ဝင်လာခဲ့ ဝင်လာခဲ့ …”

လင်းရီကို တံခါး အပြင်ဘက်တွင် မြင်တာ့ လုပေချိန်၏ ဇနီး ၊ စုန့်ယွီကျိန်းမှ နွေးထွေးသည့် လေသံဖြင့် အထဲသို့ ဝင်ဖို့ ပြော၏။

စုန့်ယွီကျိန်း၏ စိတ်အားထက်သန်မှုက လင်းရီကို မရေမရာ ဖြစ်အောင် ပြုနေတော့သည်။

သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်အခါကလည်း လင်းရီ ယခုနည်းတူ စိတ်အတွင်း၌ ခံစားခဲ့ရ၏။ သူမက သူ့အား အချိန်အတော်ကြာအောင် ရင်းနှီးလာသည့် မိတ်ဆွေသူငယ်ချင်း တစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်။

“ အိုက်ယိုး ကြည့်စမ်း … လူလေးကလည်း … လာမယ်ဆိုလည်း လာလေ… ဘာလို့ ဒီဥစ္စာတွေ ဝယ်ခဲ့နေသေးလဲ … သား နောက်တစ်ခါ ဒီလိုလုပ်နေရင် အဘွား နင့်ကို ပေးမဝင်ဘဲ နေလိုက်တော့မှာနော်…”

“ ဒါတွေက ဘယ်လောက်မှ ရှိတာလည်း မဟုတ်တာဗျာ… “ လင်းရီ ကိုးရို့ကားယား ရယ်မောလိုက်၏။

ထိုအခိုက်အတန့်တွင် လုပေချိန်က တံခါးဝသို့ ရောက်လို့လာသည်။

“ အဲ့မှာ ဘာရပ်လုပ်နေတာ … အမြန်ဝင်လာခဲ့ … ဟင်းတွေ ရပြီ… မင်းလာမှာကို စောင့်နေတာ…”

“ အကြီးအကဲလို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးကို စောင့်ရအောင် လုပ်မိတဲ့အတွက် စိတ်မရှိပါနဲ့ဗျ…”

“ ကောင်စုတ်လေး … မင်း ဟာသတွေ လျှောက်ပြောမနေနဲ့ … မြန်မြန်သာလာခဲ့…”

လုပေချိန်သည် လင်းရီအား ထမင်းစား စားပွဲသို့ ခေါ်လာခဲ့သည်။ ဟင်းက စုစုပေါင်း ရှစ်မျိုး ရှိပြီး မည်သည့် တခမ်းတနား နိုင်မှုကိုမျှ မြင်တွေ့မနေရချေ။ ဤဟင်းပွဲများကိုတော့ စုန့်ယွီကျိန်းက ချက်ပြုတ် ပြင်ဆင်ထားသည့်ဟန်ပင်။ အကုန်လုံးက အိမ်ချက် ဟင်းလျာများဖြစ်ပြီး စားသောက်ဆိုင်ကကဲ့သို့ ဖန်စီ ဆန်နေခြင်းမျိုး မရှိချေ။

လုပေချိန် တံဆိပ်မကပ်ထားသည့် အရက်တစ်လုံးကို ယူလိုက်ပြီး လင်းရီ၏ ဖန်ခွက်ထဲသို့ ငှဲ့ပေးလိုက်၏။

“ မင်းငါ့ကို တွေ့ဖို့ ဖုန်းခေါ်လိုက်တာ ဘာလဲ… ပြဿနာ တစ်ခုခု တက်နေလို့လား …”

All Chapters