နောက်ထပ် ပြဿနာ တစ်ခု
Vol. 107 Ch. 1598
လုပေချိန်၏ နေရာက ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် သူ၏ ဂျက်ကတ်အထူကို တင်းကြပ်စွာ ပတ်၍ ကျီချင်းရန်ထံ ဖုန်းခေါ်ပြီး အခြေအနေအား ရှင်းပြလိုက်သည်။
သို့သော် သူမလေးမှာ ပါးစပ်ပင် မစေ့နိုင်သည်အထိ ထိတ်လန့်နေလျက် ရှိ၏။
ပိုင်တုပေါ်တွင် လုပေချိန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်တို့အား သူမ လျင်လျင်မြန်မြန်ပဲ ရှာတွေ့သွားခဲ့လေသည်။ လင်းရီသည် ထိုသို့သော ပုဂ္ဂိုလ်ကြီး တစ်ယောက်နှင့် ရင်းနှီးနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ထို့နောက် လင်းရီသည် ပန်ဂု ဟိုတယ်သို့ သွား၍ တစ်ညတည်းလိုက်ပြီး လျန်ရူရွှယ်နှင့် စကားပြောကာ အိပ်ရာဝင်လိုက်သည်။
မူလတုန်းက နှစ်ယောက်သည် ကော်ပိုရေးရှင်း အောက်ထပ်တွင် မနက်ရှစ်နာရီ၌ တွေ့ဆုံရန် ချိန်းဆိုထားခဲ့လေသည်။
လင်းရီ ထိုနေရာသို့ ရောက်တော့ လျန်ရူရွှယ်မှာ အိပ်ပျော်နေဆဲ ဖြစ်ကာ မနေ့က သူတို့ ပြောခဲ့သည့် အရာများအားလုံး မေ့လျော့နေခဲ့တော့သည်။ နှစ်ယောက်သား တွေ့ဆုံဖြစ်သည့် အချိန်၌ မနက် ၁၀ နာရီပင် ထိုးနေချေပြီ။
ခေတ္တမျှ လည်ပတ်ပြီးနောက် လင်းရီသည် လျန်ရူရွှယ်အတွက် ပစ္စည်းတစ်ချို့ ဝယ်ပေးကာ လေယာဉ်ဖြင့် ရန်ချိန်သို့ ပြန်လာခဲ့၏။
အိမ်သို့ ပြန်ရောက်လာပြီးနောက်တွင် နှစ်သစ်ကူးကိစ္စဖြင့် အလုပ်များတော့၏။
ယခု ကော်နင်ယွဲ့ကလည်း အိမ်ထောင်ပြုသွားသဖြင့် လင်းရီနှင့် ဝူဖေးယွဲ့တို့က ဝမ်ချွေ့ပင်း၏ ပစ်မှတ်များ ဖြစ်တည်လာခဲ့တော့သည်။
နောက်နှစ်တွင် မင်္ဂလာမဆောင်သေးဘူးဆိုပါက အမေနှင့်သား ဆက်ဆံရေးကို ဖြတ်တောက်ပစ်မည်ဟုပင် ကြိမ်းဝါးထား၏။
ညီကိုနှစ်ယောက်မှာလည်း မယ်တော်ကြီး၏ ရာဇသံကို မငြင်းဆန်ဝံ့ကာ သဘောတူရုံသာ တတ်နိုင်တော့သည်။
ဝူဖေးယွဲ့ကတော့ အဆင်ပြေသည်။ အကယ်၍ သူ့အား တိုက်တွန်းခြင်း မရှိလျှင်ပင် ယခုနှစ်ထဲတွင် မင်္ဂလာဆောင်ဖို့ စဉ်းစားထား၏။
အခြားတစ်ဖက်ရှိ လင်းရီမှာတော့ ကျဉ်းတည်းကျပ်တည်း အနေအထားသို့ ကျရောက်နေလျက် ရှိတော့သည်။ ကျီချင်းရန်နှင့် လျန်ရူရွှယ်ကြား ကိစ္စရပ်များအား ဖြေရှင်းရခြင်း မရှိသေးသဖြင့် မင်္ဂလာဆောင်မည့် ကိစ္စကို စဉ်းစားလို့ မဖြစ်သေးချည်။
လူကြီးများအဖို့ နှစ်သစ်ကူးက စိတ်လှုပ်ရှားဖို့ ကောင်းမနေချေ။ ကုန်ကုန်ပြောရသော် ပါဆယ်သေတ္တာ ဖောက်ရသည်လောက်ပင် စိတ်လှုပ်ရှားဖို့ မကောင်းလှချေ။
ဤသည်က အထူးသဖြင့် ကျီချင်းရန်တို့လို မိန်းကလေးများအတွက်ဆို ပိုမှန်သည်။ နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့သည်က မိမိလည်း အသက်တစ်နှစ် ပိုရလာပြီဟူ၍ပင်။ သူမ၏ ကျန်းမာရေး ၊ မျက်နှာအသားအရေကို ပြုပြင်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းအားထုတ်မှုတို့ အများအပြား လုပ်ဆောင်ရပေတော့မည်။
နေ့လည်စာ စားပြီးနောက် လင်းရီသည် ဆင်ခြေတစ်ခုရှာ၍ ကျိုးဟိုင်သို့ လေယာဉ်ဖြင့် တိတ်တိတ်လေး ပြန်လာပြီး နှစ်သစ်ကူးကို လီချူးဟန်နှင့် အချိန်ဖြုန်း၏။
ထို့နောက် ညဆယ်နာရီ ဝန်းကျင်လောက်တွင် ရန်ချိန်သို့ ကမန်းကတမ်း ပြန်ပြေးလာခဲ့သည်။
တိုင်မင်က ကွက်တိပင်။
နှစ်သစ်ကူး၏ ပထမမြောက်နေ့တွင် ကော်နင်ယွဲ့သည် သူ့ယောက္ခမ အိမ်မှ ပြန်လာခဲ့ပြီး ဂေဟာသည်လည်း တစ်ဖန်စည်ကား သက်ဝင်လာသည်။
အပျော်ရွှင်ဆုံးကတော့ ကျောက်ချွမ်ဖူပင်။ သူ၏ ခွက်ကို ဆက်တိုက်ပင့်မြှောက်နေပြီး ပျော်ရွှင်စွာ တစ်ခွက်ပြီးတစ်ခွက် ချနေတော့၏။
နောက်တစ်နေ့သည်ကား နှစ်သစ်ကူးပွဲတော်၏ အရးကြီးဆုံး ကဏ္ဍအစိတ်အပိုင်း တစ်ရပ်ပင်။
ယဉ်ယဉ်ကျေးကျေး အဆင့်အတန်း ရှိစွာ သုံးနှုန်းမည်ဆိုပါက ဆွေမျိုးသားချင်းတို့ထံ လိုက်လံလှည့်လည် ဂါရဝပြုခြင်း ဖြစ်၏။ အကယ်၍ လက်တွေ့ဆန်စွာ သုံးနှုန်းမည်ဆိုပါက လိုက်ကြွားခြင်းပင်။
ဝမ်ချွေ့ပင်းလက်ထဲရှိ အရေးပါဆုံး ကတ်တစ်ကတ်ဖြစ်သည့် လင်းရီသည်လည်း သဘာဝအလျောက် မလိုက်လို့ မဖြစ်ပေ။
ရက်အနည်းငယ်ခန့် ဆွေမျိုးသားချင်းတို့ထံ လိုက်လံဂါရဝပြုပြီးနောက် ဝမ်ချွေ့ပင်း၏ မိသားစုတွင်း ထင်ပေါ်ကျော်ကြားမှုမှာ ခိုင်မာသွားခဲ့တော့သည်။
သူမ၏ နှလုံးသားတစ်ခုလုံး ချိုမြိန်နေတော့၏။
ရန်ချိန်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် လင်းရီသည် ရန်ကျင်းသို့ ပြန်လာပြီး လျန်ရူရွှယ်နှင့် နှစ်ရက်ခန့် အချိန်ဖြုန်းကာ ကျိုးဟိုင်သို့ ပြန်လာခဲ့သည်။
သူပြန်ရောက်သည်တွင် မိသားစု စုဝေးပွဲက ရှစ်ရက်မြောက်နေ့အထိ ဆက်နေပြီး မိသားစုများအားလုံး၏ ညစာစားပွဲများအား အဆုံးသတ်သွားစေခဲ့သည်။
ထို့နောက်တွင်မှ သူတို့၏ နေ့စဉ်ဘဝသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တော့၏။
လင်းရီသည် မည်သူ့ကိုမျှ မျက်နှာလို မျက်နှာရ လုပ်ရန် မလိုအပ်သည်အထိ အထင်ကြီးဖို့ ကောင်းနေ၍ပင်။ မဟုတ်ဘူးဆိုပါက သူသည် ဆွေမျိုးများ၏ အိမ်သို့ တစ်အိမ်ဝင် တစ်အိမ်ထွက် လက်ဆောင်များ လိုက်ပေးနေရင်း သာမန် အလုပ်လုပ်ရသည့် နေ့ရက်များထက်ပင် ပိုပြီး ပင်ပန်းစရာကောင်းသည့် နေ့တစ်နေ့ ဖြစ်သွားနိုင်သည်။
လင်းရီနှင့် ကျီချင်းရန်တို့၏ နေ့စဉ်ဘဝကတော့ သာမန်အတိုင်း အေးအေးချမ်းချမ်း ရှိနေလျက်ပင်။
ဤအတောအတွင်း လင်းရီသည် အပြင်သို့ မထွက်သွားဘဲ အိမ်ကပ်နေ၍ ကျီချင်းရန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
သို့သော် လင်းရီ၏ အကျင့်စရိုက်ကို သူမ ကောင်းကောင်းကြီး သိနေ၏။ ကိုယ်တော်က မည်သည့်အချိန်၌ ရုတ်ချည်းပျောက်ကွယ်သွား၍ ပြဿနာ သွားရှာမလဲဆိုတာကို မည်သူမျှ မသိချေ။
လင်းယွင်အုပ်စု၏ ဥက္ကဌရုံးခန်းထဲတွင် လင်းရီသည် သူ့ဖုန်းပေါ်ရှိ အချိန်ကို ကြည့်ရင်း နေ့စွဲများအား ရေတွက်နေခဲ့၏။
တုံးစန်းကောင်တီရှီ အခြေအနေတို့က တော်တော်လေးကို ကောင်းမွန်နေလေပြီ။ ယုတ္တိကျကျ ပြောမည်ဆိုပါက လာမည့် နှစ်ဝက်တွင် မစ်ရှင်ပြီးမြောက်ဖို့ အချိန်တန်ပြီဖြစ်၏။
လင်းရီ စားပွဲကို လက်ညိုးဖြင့် တတက်တက် ခေါက်နေလျက် ရှိသည်။ ဖေဖော်ဝါရီ လကုန်ဖြစ်သဖြင့် ကျောင်းသားများလည်း ကျောင်းတော်ကြီးထံသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြလောက်လေပြီ။ တုံးစန်းကောင်တီ၏ ကျောင်းကိစ္စပြဿနာကို ဖြေရှင်းဖို့ အခါကောင်းပင်။
ထို့နောက် လင်းရီ ကျောက်ချီထံသို့ ဖုန်းခေါ်၍ သူ့အား အကြောင်းအရာ အသေးစိတ်ကို ပြောပြလိုက်သည်။
အဆုံးတွင် ဤသတင်းအား ကြေညာရန် အလို့ငှာ နေ့လည်ခင်း၌ ကျောင်းညီလာခံ တစ်ခု ကျင်းပဖို့ ဆုံးဖြတ်လိုက်၏။
“ ဥက္ကဌလင်း … တစ်ခုခုတော့ ဖြစ်ပြီ…”
အသိပေးခြင်း အလျဉ်းမရှိပါဘဲ လင်းရီ၏ ရုံးခန်းတံခါးသည် တွန်းပွင့်လာခဲ့ပြီး ကျောက်ချီ အထဲသို့ သုတ်သီးသုတ်ပျာ ပြေးဝင်လာသည်။
“ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ ကုန်တင် သင်္ဘာတွေ ပနားမား တူးမြောင်းမှာ ပိတ်မိနေပြန်ပြီ…”
“ ငါတို့ ကုန်တွေကို နှစ်အုပ်စု ခွဲတင်ဖို့ ပြောထားတယ် မဟုတ်ဘူးလား … ခုက ဘာဖြစ်ပြန်တာလဲတဲ့ ..”
“ စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း shipwright ကပြောတာ သင်္ဘောရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ပြဿာနာ ရှိနေလို့ ကျုပ်တို့တွေ ခရီးရှေ့ဆက်လို့ မရဘူး ပြောတယ်.. သူပြောတာ အရင်ဆုံး စုံစမ်းစစ်ဆေးပြီးမှ သင်္ဘောကို ပြန်ပြင်မယ်တဲ့ …”
“ ပြန်ပြင်မယ်… ဒီကိစ္စတွေကို ကုန်တွေ အားလုံးတင်ပြီးမှ လာပြောနေတယ် ဟုတ်လား … သူတို့ အစောပိုင်း အချိန်တွေတုန်းက ဘာတွေလုပ်နေတာ …”
“ ကျုပ်လည်း အဲ့လိုပြောလိုက်တယ်… ဒါပေမယ့် သူတို့ကလည်း အဲ့လို ပြန်ဖြေတာပဲ .. သူတို့ရဲ့ သဘောထားက လုံးဝကို မကောင်းဘူး ..”
“ ငါ-ိုးလိုမှပဲ …”
လင်းရီ ကျိန်ဆဲလိုက်ပြီး “ ဒီခု ဖြစ်တဲ့ ကိစ္စအတွက် သူတို့ဘက်က လျော်ကြေးပေးမယ်မလား …”
“ ကျုပ် ဆက်သွယ်ပြီးသွားပြီ… သင်္ဘောကုမ္ပဏီက ကျုပ်တို့ကို လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်…”
“ သူတို့က ဆန္ဒရှိတယ်ပေါ့ …”
“ အင်း … ပြီးတော့ ပြောသေးတာ စာချုပ်အတိုင်း လျော်ပေးသွားပါမယ်တဲ့ …”
စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက် လင်းရီ ပြောလိုက်သည်။
“ သူတို့နဲ့ အရင်ဆုံးသွားပြောပြီး ပြဿနာက ဘာလဲဆိုတာ တစ်ချက်ကြည့်လိုက် …”
“ နားလည်ပါပြီ ဥက္ကဌလင်း …”
ချီရှန်းကျောက် ထွက်ခွာသွားပြီးသည့်နောက် လင်းရီသည် သူ၏ အေးတိအေးစက် အမူအရာဖြင့် တိတ်ဆိတ်သွားခဲ့တော့၏။
ဤကိစ္စတွင် သူ ညှီနံ့တစ်ခုခုကို အနံ့ရနေသည်။
ယခင်က ပနားမားတူးမြောင်းသည် ခြောက်သွေ့ရာသီဟူသော အကြောင်းပြချက်ဖြင့် ရွက်လွင့်ခွင့်ကို ပိတ်ပင်ထားခဲ့၏။ ယခုမူကား သူတို့ဘက်က ဖြေရှင်းနည်းလမ်းတစ်ခုဖြင့် ထွက်လာသည်တွင် shipwright က သင်္ဘာတွင် ပြဿနာ တက်နေပြီး ပြန်ပြင်ရမည်ဟု ဆိုနေပြန်သည်။
အပေါ်ယံတွင် တစ်ဖက်သူ၏ အကြောင်းပြချက်တို့က ဆီလျော်ဟန် ရပြီး မည်သည့်မှားယွင်းနေမှုကိုမျှ တွေးတောမိလိမ့်မည် မဟုတ်ချေ။
သို့သော် လက်တွေ့တွင်တော့ လင်းရီသည် ဤအချင်းအရာတို့အား တိုက်ဆိုင်သည်ဟု မစဉ်းစားခဲ့ချေ။
ဤအရာများအားလုံးကို နောက်ကွယ်ကနေမှ တဆင့် တစ်စုံတစ်ယောက်က ထိန်းချုပ်နေသည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုအချိန်တွင် ရှာတွေ့ဖို့ မလွယ်ကူသည့် အခြားအကြောင်းပြချက် တစ်ခုလည်း ရှိသေး၏။
သူ့အား ပထမတစ်ကြိမ်တွင် ပိတ်ပင်တားမြစ်ခဲ့သူတို့က ပနားမား အစိုးရ၏ အာဏာပိုင်များ ဖြစ်သည်ဟု သတ်မှတ်၍ ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ပုဂ္ဂလိက သင်္ဘာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ဖြစ်လို့နေသည်.
သင်္ဘောတင်ဆောင်ထားသည့် ပမာဏကြောင့် ကြန့်ကြာမှု လျော်ကြေးစရိတ်သည် ဧရာမ ပမာဏကြီးဖြစ်သည်။ လင်းယွင်အုပ်စုက ငွေကို ကြိုက်သလောက် ဆုံးရှုံး၍ ရနိုင်သည်။ သို့သော် အခြား ကုမ္ပဏီများအဖို့ကတော့ ထိုမျှ ဆုံးရှုံးသွားခဲ့မည်ဆိုပါက ရေကြီးပြီဖြစ်၏။
ဤအချက်က အတော်လေး ထူးဆန်းလွန်းနေသည်။
ပုံမှန်အားဖြင့် သင်္ဘော သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့မှာ ထိုသို့ ဖြစ်ပွားခွင့်ကို လုံးဝ လုံးဝ ခွင့်မပြုချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ငွေချစ်ကြ၏။ အဘယ်ကြောင့် ဆုံးရှုံးသွားမည်ကို အလိုရှိမည်နည်း။
ထို့ပြင် ရွက်လွင့်စဉ်တွင် ပြဿနာတက်၍ သင်္ဘောတစ်ခုခု ဖြစ်သွားမည်ကိုလည်း အလိုရှိလိမ့်မည် မဟုတ်ချေ။
သို့သော် ယခု ထို မဖြစ်နိုင်သည့် ကိစ္စရပ်တို့က လင်းရီထံတွင် လာဖြစ်နေသည်။ သူ မသိသေးသည့် အခြား ညှီနံ့ထွက်သည့် ကိစ္စရပ်တို့ ကျိန်းသေပေါက်ကို ရှိရမည်။
တက် တက် တက် တက် ….
လင်းရီ စားပွဲကို တတက်တက် ခေါက်ရင်း လင်းယွင်အုပ်စုသည် ပစ်မှတ်ထားခံနေရပြီဟု ခံစားနေရတော့သည်။
သို့သော် ဤသည်က ဒေါ်လာ တစ်ဘီလီယမ်ကျော်တန်သည့် အရောင်းအဝယ် တစ်ခုမျှပင်။ ပမာဏက သေးမွှားသည် မဟုတ်သော်လည်း ကြီးမားနေသည်မျိုးလည်း မဟုတ်ချေ။ နည်းနည်းလေး အမွှန်းတင်လွန်း၏။
ချီရှန်းကျောက်ကို အရင်ကြည့်ရန် စေလွှတ်လိုက်သည်က တစ်ခုတည်းသော ရွေးချယ်စရာပင်။ နောက်ထပ် ဖြစ်ပျက်လာမည့် အကြောင်းကိစ္စများ အတွက်ကတော့ စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်က သူ့အား လျော်ကြေးပေးရန် ဆန္ဒရှိနေပြီး သူကလည်း အလျင်လိုဖို့ မလိုချေ။
နောက်ထပ် နှစ်ရက်ကြာသည်ထိတိုင်အောင် လင်းရီသည် တုံးစန်းကောင်တီ၏ ပညာရေး လုပ်ငန်းများတွင် အာရုံစိုက် လုပ်ကိုင်နေလျက် ရှိသည်။
လျန်ရူရွှယ် ထောက်ပံ့ပေးထားသည့် ရာထူးနေရာ ၁၀၆ ခုက တုံးစန်းကောင်တီ၏ ပညာရေး ကဏ္ဍအတွက် သိသာထင်ရှားသည့် မူဝါဒ အကျိုးပြုမှုပင်။
ပြီးသည့်နောက်တွင်လည်း သူမဘက်က လုရန်မင်နှင့် ဆက်သွယ်၍ သူ့အား ဖြေရှင်းနည်းလမ်းတစ်ခု စဉ်းစားစေပြီး လင်းရီ၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေသည်။
နှစ်ရက်ကြာပြီးသည့်နောက် ကျီချင်းရန်ကို ချောင်ရန် အုပ်စုသို့ လိုက်ပို့ပေးသည့်နောက်တွင် လင်းရီသည် ကျိုးဟိုင် ပင်းချန် တက္ကသိုလ်သို့ ထွက်လာခဲ့၏။
သူ ကျောင်းကို ရောက်တော့ ရှောင်ထျန်က သူ့အား တံခါးပေါက်ဝတွင် အသင့်စောင့်ဆိုင်းလို့နေသည်။
ရှောင်ထျန်က အနက်ရောင် one-piece wide-legged pants နှင့် အပေါ်တွင် ရှပ်အသေးလေး တစ်ထည်ကို ဝတ်ဆင်ထားကာ သူမ၏ ဂုဏ်ယူဖွယ်ရာကြီးများအား ဖုံးအုပ်ထား၏။ ယခု သူမ၏ အရွယ်အစားက B cup ဟုသာ ခံစားရတော့ကာ လင်းရီ၏ ၎င်းအရာအပေါ် အာရုံစူးစိုက်မှုအား ချက်ချင်းဆိုသလို တစ်ဝက်လျော့ကျသွားစေခဲ့တော့သည်။
( အမျိုးသမီး ဖက်ရှင်တွေကို ကျနော် သိပ်မသုံးတတ်ဘူးဗျ။ အပေါ်က စတိုင်ကို ကျနော့်ပုံစံနဲ့ ဖော်ပြရရင်တော့ ဘောင်းဘီအပွ ဒါမှမဟုတ် ခေါင်းလောင်းဘောင်းဘီလို့ပဲ ခေါ်ဖြစ်လိမ့်မယ်။ )ʕ•ᴥ•ʔ
“ သွာစို့ … ကျောင်းသားတွေ အားလုံး ရောက်နေကြပြီ.. နင့်ကိုပဲ စောင့်နေကြတာ …” ရှောင်ထျန် ပြောလိုက်သည်။
“ ဟုတ်ပြီလေ ... သွားစို့ …”