လက်ပူးလက်ကြပ်
Vol. 107 Ch. 1601
“ ငါနဲ့ စကားမပြောချင်ဘူးပေါ့ ဟုတ်လား … ငါနင့်ကို သတ်မယ်…”
ကျီချင်းရန်က အားလပ်နေသည်မှာ သိသာလှ၏။ အကယ်၍ နှစ်သစ်ကူး မတိုင်ခင် ဆိုပါက သူနှင့် ယခုလို ရန်ဖြစ်ဖို့ရန်ပင် အချိန်ရှိနေလိမ့်မည် မဟုတ်ချေ။
“ နင့်ဘက်က ကားသံတွေ ကြားနေရတယ်… နင် မောင်းနေတာလား …” သူမ မေးလိုက်၏။
“ ကိစ္စလေး တစ်ခုပေါ်လာလို့ တုံးစန်းကောင်တီကို သွားနေတာ … ဒီညတော့ ပြန်လာနိုင်မှာ မဟုတ်ဘူး … အဲ့တာ ဖုန်းဆက်ပြီး သတင်းပို့တာ … အိမ်မှာ တစ်ယောက်တည်း မနေရဲဘူးဆိုရင် ယောက္ခမအိမ်မှာ ခဏသွားနေလိုက်…”
“ မနက်ဖြန် ပြန်လာမယ်မလား …”
“ ပြောလို့ မရသေးဘူး … ဒါပေမယ့် အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးစားမယ်…”
“ ဖြည်းဖြည်းလည်း မောင်းဦးနော်.. နင် ငါ့ဖို့ ဘာမှ စိတ်ပူစရာ မလိုဘူး …” ကျီချင်းရန် ပြောလိုက်ပြီး “ စကားမစပ် နင် တုံးစန်းကောင်တီကို သွားမယ်ဆိုတော့ ယွီဟန်ကို ဖြတ်သွားရမယ် မလား …”
“ အရင်ဆုံး ယွီဟန်ကို သွားမှာ … အဲ့မှာ လုပ်စရာ ရှိတယ်… အဲ့က ကိစ္စပြီးမှ တုံးစန်းကောင်တီကို သွားရမှာ…”
“ အတော်ပဲ … ငါ ကျားယွီကို ကြိုခိုင်းပြီး နင့်ကို ထမင်းလိုက်ကျွေးခိုင်းလိုက်မယ်…” ကျီချင်းရန် ပြောလိုက်၏။
“ မလိုပါဘူးကွာ… သူ့ကို ဒုက္ခပေးစရာ မလိုဘူး …”
“ တကယ်တမ်းကျ သူကိုက နင်နဲ့ တွေ့ချင်နေတာ … နင်နဲ့ ထမင်းအတူစားပြီး နင့်ဆီကနေ သင်ယူချင်နေတယ်တဲ့လေ… ငါ့ကို နားပူနေတာ နေ့တိုင်းပဲ … ဒီခု နင်လည်း လမ်းသင့်တာနဲ့ အတော်ပဲ … ငါ စီစဉ်လိုက်တော့မယ်နော်…”
‘ အာ….’
သူက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ခယ်မလေးကို ကျေနပ်အောင် လုပ်ပေးရမှာလား …
ဘယ်လောက်တောင် စိတ်သဘောထား ပွင့်လင်းလိုက်တဲ့ အစ်မကြီးလဲ …
“ ကောင်းပြီလေ… ငါလည်း ဘာပဲဖြစ်ဖြစ် ညစာက စားရမှာပဲကို ဘယ်သူနဲ့ စားစား အဆင်ပြေတယ်…”
ကနေဦးတုန်းက လင်းရီသည် ဤတစ်ကြိမ် ယွီဟန်မြို့သို့ လာလည်သည်၌ သူ၏ အခန်းဖော် ဝူကောနှင့် အတူသောက်ဖို့ စီစဉ်ထားခဲ့၏။ သို့သော် ကြည့်ရသည်မှာတော့ နောက်တစ်ခေါက် လာဖြစ်သည်အထိ စောင့်ဆိုင်းရတော့မည့်ဟန်ပင်။
“ နင် ဘယ်တော့ရောက်မှာ.. ငါ သူ့ကို ကြိုစောင့်ခိုင်းထားလိုက်မယ်…”
“ နောက် နှစ်နာရီဆို ယွီဟန်ကို ရောက်ပြီ… ဒါပေမယ့် လုပ်စရာကိစ္စ ရှိသေးတော့ သူ့ကို မြို့ကောင်စီ ဝန်းရှေ့မှာ နှစ်နာရီခွဲလောက်နေရင် စောင့်နေဖို့ ပြောလိုက် …”
“ အာ … ဒီတော့ နင်က အလုပ်ကိစ္စနဲ့ အဲ့ဒီ နေရာကို သွားမှာပေါ့ … လူကြီးမင်းလင်းက အစွမ်းအစ သိပ်ရှိတာပဲ …”
“ ဒါတွေ အားလုံးက ဥက္ကဌကျီရဲ့ လမ်းညွှန်ပြသပေးမှုတွေကြောင့်ပါပဲ…”
“ မဆိုးဘူး မဆိုးဘူး … ပါးစပ်က ပိုပိုပြီး ချိုလာနေရောပဲ…”
“ နှုတ်ခမ်းနီတွေ ဒီလောက်များမှတော့ မချိုဘဲ ဘယ်နေပါ့ …”
“ လစ် လစ် လစ် … အရှက်လည်း မရှိဘူး …” ကျီချင်းရန် ရှက်ကိုးရှက်ကန်း ဖြစ်စွာ ပြောလိုက်ပီဲး “ အာရုံစိုက်ပြီးလည်း မောင်းဦး … ငါ ကျားယွီကို ဖုန်းဆက်ပြီး နင့်ကို လာကြိုဖို့ ပြောလိုက်မယ်..”
“ အိုကေ …”
ပြောစရာရှိသည်များကို ပြောကြားပြီးနောက် ကျီချင်းရန် ဖုန်းချသွားခဲ့၏။ လင်းရီလည်း ကားကို အရှိန်မြင့်တင်ကာ ယွီဟန်မြို့သို့ ဆက်လက် ဦးတည်လိုက်လေသည်။
နှစ်နာရီ မထိုးခင်မှာပဲ လင်းရီသည် သွားလိုသည့် နေရာသို့ ရောက်ရှိလာပြီး လုရန်မင်နှင့် တွေ့၏။
“ အတွင်းရေးမှူးလု … ကျွန်တော် ဒီကိစ္စ ခင်များကို ဒုက္ခပေးရတော့မယ်…” လင်းရီ သူ၏ လက်ကို ဆန့်တန်း၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ အိုက်ယား မင်းပြောနေတဲ့ ပုံစံကို ကြည့်စမ်း … ငါက မင်းကို ကူညီနေတာပဲ မဟုတ်ဘူးလေ… ငါတို့ တုံးစန်းကောင်တီအတွက်လည်း ကောင်းအောင် လုပ်ပေးနေတာကို …” လုရန်မင်လည်း ယဉ်ကျေးစွာ ပြန်ပြောလာခဲ့၏။ “ ပြီးတော့ ပြည်နယ် အမိန့်စာတမ်းက ထွက်လာနေပြီ… ကမ်းလှမ်းလာတဲ့ မူဝါဒတွေက တကယ်ကို ကောင်းတာ … မင်းသာ မရှိရင် တုံစန်းကောင်တီက ဒီနေ့လို အတိုင်းအတာထိ ဘယ်တော့မှာ ရောက်နိုင်မှာ မဟုတ်ဘူး … ကျေးဇူးတင်ရမယ်ဆိုရင် ငါကပဲ မင်းကို ကျေးဇူးတင်သင့်တာ…”
“ ကျွန်တော်လည်း ဘာမှ မလုပ်ရပါဘူးဗျာ.. ပိုက်ဆံ နည်းနည်း ရှာထားနိုင်တော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီ ကိုယ်တတ်နိုင်သလောက် ပြန်ကူညီပေးသင့်တာပဲလေ…”
နှစ်ဦးလုံးက လျန်မိသားစုမှ လူများ ဖြစ်ကြသဖြင့် ရှည်ရှည်ဝေးဝေးတွေ ပြုမနေကြချေ။ အတူတူ မတ်တပ်ရပ်၍ အချင်းချင်း ချီးမွမ်းထောပနာ ပြုနေကြလေသည်။ ထို့နောက် လုရန်မင်က အဓိက အချက်ကို တန်းသွားလိုက်၏။
“ ဥက္ကဌလင်း … ငါတို့ဘက်က ဒီတစ်သုတ်အတွက် ထူးချွန်ကျွမ်းကျင်တဲ့ ဆရာတွေကို သေချာလေး ရွေးချယ်ထားတယ်… ပြီးတော့ သူတို့ဘက်က စာချုပ်ကို လက်မှတ်ထိုးဖို့ အဆင်သင့်ပဲ … “
“ အတွင်းရေးမှူးလုက တကယ့်ကို တစ်ခုခုပါပဲ… ဒါပြီးရင်တော့ ခင်များကို ထမင်းလိုက်ကျွေးဦးမှ… ကျွန်တော့်ကို ကျေးဇူးတင်ဖို့ အခွင့်အရေး ပေးရမယ်နော်…”
“ ဥက္ကဌလင်းက ယဉ်ကျေးလွန်းနေပါပြီ.. အားလုံးက တစ်မိသားစုတည်းတွေပဲလေ… ယဉ်ကျေးနေစရာ မလိုပါဘူး …” လုရန်မင် ပြောလိုက်ပြီး “ ငါ့ဘက်က သူတို့ကို အသိပေးထားပြီးပြီ… မနက်ဖြန်ကျရင် စုဝေးပြီး မွန်းလွဲပိုင်းကျ ချက်ချင်း တစ်ခါတည်းထွက်ကြမှာ … နာရီဝက်လောက်ဆို ရောက်ပြီ.. ကောင်တီနဲ့ ဆက်စပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ ဥက္ကဌလင်းကိုပဲ ဒုက္ခပေးရတော့မယ်…”
“ ပြဿနာမရှိဘူး .. ကျွန်တော့်တာဝန်ထားလိုက် ..”
“ ကောင်းပြီလေ.. ဒါဆိုလည်း ဒီလောက်ပဲပေါ့ .. တကယ်လို့ တခြားကိစ္စ တစ်ခုခု ရှိလာရင် ဖုန်းထဲကနေ အချိန်မရွေး ပြောလို့ရတယ်…”
“ အိုကေ…”
ရိုးရှင်းသည့် စကားလုံးတစ်ချို့ ပြောဆိုပြီးနောက် နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်၏။
“ အစ်ကိုရီ …”
သူ အဆောက်အဦးထဲက ထွက်လာပြီးသည့်နောက် ရုတ်တရက် ဆိုသလို အသံတစ်သံကို ကြားလိုက်ရလေသည်။
လှည့်ကြည့်လိုက်တော့ အံ့အားသင့်ဖို့ ကောင်းလောက်အောင် ရှောင်ပင်းမှာ သူ့ဆီကို ပြေးလို့လာနေသည်။
ဒီကောင်မလေး ဘာလို့ ဒီရောက်နေတာပါလိမ့်…
ရှောင်ပင်းက အင်တာနက် ဆယ်လီတစ်ဦးကဲ့သို့ ဝတ်စားထား၏။ သူမ၏ ဆံပင်တို့က အစွန်းတွင် အနည်းငယ် ကောက်နေသည်။
အနက်ရောင် ဘော်ဒီကွန်း ဝတ်စုံနှင့် အသားရောင် စတော်ကင်ကို ဝတ်ဆင်ထားကာ ကြိုးသိုင်း ဒေါက်မြင့်ဖိနပ် များအား စီးနင်းထားလေသည်။
သူမ လွယ်ထားသည့် Hermes အိတ်နှင့် လက်စွပ်ကြောင့်သာ မဟုတ်ဘူးဆိုပါက အင်တာနက် ဆယ်လီတစ်ယောက်နှင့်ပင် အထင်မှားခံရနိုင်လောက်သည်။
လင်းရီ ကြောင်အမ်းနေစဉ်မှာပဲ ရှောင်ပင်းသည် သူ့အပေါ်သို့ ခုန်တက်လာ၍ သူ၏ လည်ပင်းအား သိုင်းဖက်လိုက်သည်။
သူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နေရသည်ကို ကောင်မလေးက လုံးဝ မကြောက်ရွံ့ချေ။
“ တော်တော့ တော်တော့ .. မင်း အမြန်ဆင်းစမ်း … ကိုယ်ရောက်နေတဲ့ နေရာကိုလည်း ကိုယ်ပြန်ကြည့်ဦး … မင်း ဒီလိုတွေ လုပ်နေတာ သူများတွေ မမြင်စေနဲ့ …”
ရှောင်ပင်း လင်းရီ၏ ကိုယ်ပေါ်ကနေ ဆင်း၍ အပြုံးလေးဖြင့် “ ရှင်က ယွီဟန်ကို မရောက်လာတာတောင် ကြာပြီလေ… ရှင့်ကို လွမ်းနေတာ ကြာပြီဆိုတော့ ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရတော့ဘူး…”
“ ငါ ဒီမှာ ရှိနေမှန်း မင်း ဘယ်လိုလုပ်ပြီး သိတာ …”
“ မနေ့က ကျွန်မရဲ့ နားရက်မို့ ဒီကို ပရောဂျက် ကိစ္စ ဆွေးနွေးဖို့ ရောက်လာရင်း အတွင်းရေးမှူးလုက ရှင် ဒီရက်ပိုင်း လာဖြစ်မယ် ပြောတယ်လေ… ဒါကြောင့်မို့ အစ်ကိုရီ ရောက်လာတာနဲ့ ကျွန်မဆီ အကြောင်းကြားပေးဖို့ ပြောခဲ့တာ … ဒါကြောင့်မို့ အခု ဒီရောက်နေတာပဲ…”
“ နေ … နေစမ်းပါဦး …” လင်းရီ ရှောင်ပင်းအား ကြားဖြတ်ပြောလိုက်ပြီး “ နားရက်ယူတယ်ဆိုတာက ဘာကို ပြောချင်နေတာ .. ကော်ပိုရေးရှင်းက မင်းတို့ မိသားစုပိုင်တာ မဟုတ်ဘူးလား .. အဲ့လို နားရက် ယူတယ်ဆိုတာတွေ ရှိလို့လားဟ…”
“ ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ စီးပွားရေး မဟုတ်ဘူး ..” ရှောင်ပင်း ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့က ခုတလော မစ်ရှင်တွေ ထုတ်မပေးလာတာ တော်တော်လေးကို ကြာနေပြီ… ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ဖို့ တစ်နေရာ ရှာတွေ့ထားတယ်… အပတ်တိုင်း တစ်ရက်နားပြီး စစ်တပ်ထဲမှာ ကိုယ့်ဘာကိုယ် လေ့ကျင့်နေတာ … သူများက ဒီ တစ်လျှောက်လုံး အပျင်းတစ်မနေပါဘူးနော်…”
“ မင်း စောနက ငါ့ကို ဖက်လိုက်ကတည်းက ခံစားမိပါတယ်… ခုတလော တော်တော် တိုးတက်လာတာပဲ …”
ရှောင်ပင်း အနည်းငယ် ဘဝင်လေဟပ်သွားခဲ့၏။ “ ကျွန်မက အခုလောလောဆယ် E အဆင့်မှာပဲ ရှိနေတယ်ဆိုရင်တောင် D အဆင့်ကို ခံစားမိနေပြီ… နောက် နှစ်ဝက်လောက်နေရင် D အဆင့်ထဲ ဝင်နိုင်တော့မှာ …”
လက်ရှိ အဆင့်အရ သူတို့နှစ်ဦး အဆင့်အတူတူ၌ ရှိနေလျှင်ပင် နှစ်ဦးကြား၌ ကွာဟမှုက တိုင်းတာ၍ ရနိုင်ဦးမည် မဟုတ်ပေ။
လင်းရီကို မဆိုထားသေးနှင့်။ ချိုးယွီလော့၊ နင်ချဲ့တို့နှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် သိသိသာသာ ကွာဟနေလိမ့်ဦးမည်။
သူမအား သုံးကွက်အတွင်း အမှောက်သိပ်လိုက်၍ ရလေသည်။
“ ဒါပေမယ့် ငါ သိတော့ သိချင်မိသား … ယွီဟန်မှာ အဲ့လို နေရာမျိုးရှိလို့လား … ငါ ကျိုးဟိုင်မှာ နေတာ ကြာပါပြီ.. တစ်ခုမှ အဲ့လို နေရာမျိုး မကြားမိဘူး …”
“ ဘာလို့ဆို ရှင်က လိုမှမလိုဘဲကိုး … ဒီရဲ့ လုံခြုံရေး ကုမ္ပဏီ ရုံးချုပ်က ယွီဟန်မှာ … ကျွန်မတို့လို အထူးလာလျှောက်တဲ့လူတွေက သီးသန့် ချန်နယ်တွေကို ဖြတ်သန်းရပြီး ဝင်ခွင့်ရဖို့လည်း ကျူရှင်ကြေးတွေက တသီကြီး ပေးရသေးတာ … မဟုတ်ရင် အခွင့်အရေး ရှိမှာတောင် မဟုတ်ဘူး …”
လင်းရီ စဉ်းစဉ်းစားစားနှင့် ခေါင်းညိမ့်လိုက်သည်။ ဤ အဖွဲ့အစည်း၏ ခေါင်းဆောင်က အတော်လေး စီးပွားရေး သမားစိတ်ဓာတ်ရှိသည်ဟု လင်းရီ ခံစားလိုက်ရ၏။
“ သွားစို့ … ကျွန်မ ရေကူးကန် ပါတီ လုပ်ထားပေးတယ်… အသေးဆုံး ဆိုဒ်ကတောင် C cup နော်… ရှင့်ရဲ့ လိုအပ်ချက်တွေနဲ့ လုံးဝ ကိုက်ညီထားပြီးသား …” ရှောင်ပင်း လင်းရီ၏ လက်မောင်းကို ဆွဲ၍ ပြောလိုက်သည်။
“ မင်းမှာ လေ့ကျင့်ရေး မစ်ရှင် ရှိသေးတယ်မဟုတ်ဘူးလား .. ထွက်လာတာ ဒီလောက်ကြာနေပြီကို မင်း လစ်လို့ရတာ ဖြစ်ပါတယ်နော်…”
“ ဟွန့် … ကျွန်မတို့ ရှောင်မိသားစုက ယွီဟန်မှာ နံပါတ်တစ်ပဲ … ကျွန်မက မလုပ်ချင်ဘူးဆို ဘယ်သူ ထိန်းချုပ်ရဲလဲ … ကျွန်မ မရှိရင် သူတို့က သေသွားမှာလည်း မဟုတ်ဘဲနဲ့ …” ရှောင်ပင်း ပြောလိုက်၏။ “ ပြီးတော့ ဒါတွေကို အစ်ကိုရီ ဂရုစိုက်နေစရာ မလိုဘူး … အစ်ကိုရီ လုပ်ဖို့လိုတာ ကျွန်မနောက် လိုက်လာပြီး အချိန်ကောင်လေး ပိုင်ဆိုင်ဖို့ပဲ …”
“ မကောင်းဘူးထင်တယ်နော်… မင်း လေသံကြီးက ငါ့ကို တဏှာရူးပုံစံပေါက်အောင် လုပ်နေတယ်…”
“ လူကသာ မလိုချင်ဘူးပြောနေတာ ခန္ဓာကိုယ်ကတော့ ရိုးသားနေလိုက်တာများ ..”
ရှောင်းပင်း လင်းရီ၏ လက်မောင်းကို ဆွဲ၍ ကားထဲသို့ ခေါ်ရန် ဟန်ပြင်နေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို အသံတစ်သံက ထွက်ပေါ်လို့လာပြီး လင်းရီနှင့် ရှောင်ပင်းကို ကြက်သေသေသွားစေခဲ့၏။
“ ခဲအို….”