← Chapters

လေဟာနယ်

Vol. 7 Ch. 106

လေဟာနယ်

Vol. 7 Ch. 106

အချိန်ကြာလာသည်နှင့်အမျှ ပထမကြယ်ဂူကို ဖြတ်ပြီး ဒုတိယကြယ်ဂူသို့ ရောက်လာသော ဆင့်ကဲပြောင်းလဲသူများက ပို၍ များလာကြသည်။

သူတို့ထဲတွင် လင်းယွမ်နှင့် တွေ့ဆုံခဲ့သော ကွေ့စီတနှင့် အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့လည်း ပါဝင်လေသည်။

" မင်းတို့မသွားရင် ငါအရင်သွားမယ်။ " ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်က လျှောက်လာပြီး လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။ သူက ပထမဆုံး ဝင်ရောက်ရဲသောကြောင့် ယုံကြည်မှုအချို့တော့ ရှိပေလိမ့်မည်။

သူ၏ မျက်လုံးများက အနီရောင်အလင်းတစ်ခု လင်းလက်သွားပြီးနောက် သူက ကြယ်ပျံတစ်စင်းကဲ့သို့ လမ်းကြောင်းထဲကို ဝင်ရောက်သွားသည်။

ဝုန်းဝုန်းဝုန်း.....

လေထုကို စုတ်ဖြဲလိုက်သော ကြောက်စရာကောင်းသည့် အသံများက ပဲ့တင်ထပ်လာသည်။

" အနည်းဆုံး အသံထက် ၁၄ဆ မြန်တယ်။ " လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။ သူက လမ်းကြောင်းထဲမှ အခြားပြောင်းလဲမှုများကို စောင့်ကြည့်နေသည်။

လင်းယွမ်၏ အရှိန်က အားစိုက်ထုတ်လျှင် ထိုလူထက် ပိုမြန်လေသည်။ သူက လမ်းကြောင်းထဲတွင် အခြားအတားအဆီးများ ရှိမည်စိုးရိမ်သောကြောင့်သာ မလှုပ်ရှားခြင်း ဖြစ်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စွမ်းအား​ပေါက်ကွဲခြင်းကို လေ့လာပြီး သွေးလောင်ကျွမ်းခြင်းနည်းစနစ်ကို နားလည်သွားပါပြီ။ ]

" ဟမ် " သွေးလောင်ကျွမ်းခြင်းနည်းစနစ်၏ အချက်အလက်များက လင်းယွမ်၏ စိတ်ထဲသို့ စီးဆင်းလာသည်။

ထိုနည်းစနစ်က ခန္ဓာကိုယ်ထဲမှ သွေးအဆီအနှစ်ကို လောင်ကျွမ်းပြီး အရှိန်ကို မြှင့်တင်ပေးနိုင်သော အထူးနည်းစနစ်တစ်ခု ဖြစ်၏။

" မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

လင်းယွမ်က လုံဟုကမ္ဘာတွင် လှည့်လည်သွားလာစဉ်က သွေးလောင်ကျွမ်းခြင်းနည်းစနစ်နှင့် ဆင်တူသော နတ်ဆိုးတာအိုကို နားလည်ခဲ့သည်။ ၎င်းက သွေးအဆီအနှစ်ကို အသုံးပြုခြင်းဖြစ်သော်လည်း အန္တရာယ်က သွေးလောင်ကျွမ်းခြင်းနည်းစနစ်ထက် ပိုများလေသည်။

ကိုးစက္ကန့်မြောက်တွင် ပိန်ပိန်ပါးပါးနှင့် လူက လမ်းကြောင်းအဆုံးကို ရောက်သွားပြီး ဒုတိယကြယ်ဂူမှ ပျောက်ကွယ်သွားသည်။

" အခြားအတားအဆီးတွေ မရှိဘူးပေါ့။ " ဆင့်ကဲပြောင်းလဲသူများက ရုတ်တရက် နားလည်သွားကြသည်။

ထို့နောက် ဆင့်ကဲပြောင်းလဲသူ အများစုက လမ်းကြောင်းကို ဖြတ်သန်းသွားကြသည်။ ထွားကြိုင်းသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လျင်မြန်စွာ မလှုပ်ရှားနိုင်သောကြောင့် လေဆာရောင်ခြည်များကို ခုခံပြီး ဖြတ်သန်းသွား၏။

စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လေဆာရောင်ခြည်များကို ခန္ဓာကိုယ်နှင့် တားဆီးနိုင်လေသည်။ သို့သော် အချိန်ခနသာ ဖြစ်၏။ ထွားကြိုင်းသော ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်က လေဆာရောင်ခြည်များအောက်တွင် ပျက်ဆီးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်ကြသော ဆင့်ကဲပြောင်းလဲသူများက ဒုတိယကြယ်ဂူ စမ်းသပ်မှုမှာ အရှိန်ဖြစ်ကြောင်း သေချာသွားခဲ့သည်။

လူတစ်ယောက်၏ အရှိန်က လုံလောက်အောင်မမြန်ပါက ခုခံအားမည်မျှအားကောင်းပါစေ လေဆာရောင်ခြည်များကို ခုခံနိုင်မည်မဟုတ်ပေ။

" များလွန်းတယ်။ " လမ်းကြောင်းကို ဖြတ်ကျော်ရန် ဆင့်ကဲပြောင်းလဲသူများစွာက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားကြသောကြောင့် လင်းယွမ်အတွက် အခက်အခဲ ဖြစ်နေသည်။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအောက်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့် လျို့ဝှက်နည်းစနစ်များစွာ၏ အသိအမြင်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာကြသည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာရှိ ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကဲ့သို့ နားလည်နိုင်စွမ်းမရှိကြသော်လည်း သူတို့ လေ့ကျင့်ကြသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သူတို့သက်ဆိုင်ရာဂြိုလ်၏ အဓိကလမ်းစဉ်များ ဖြစ်ကြသည်။

ထိုအချိန်တွင် ငွေရောင်ဆံပင်နှင့် အမျိုးသမီးက လမ်းကြောင်းရှေ့တွင် ပေါ်လာသည်။ ထိုဖြစ်ရပ်က ဆင့်ကဲပြောင်းလဲသူအားလုံးကို ထိတ်လန့်သွားစေသည်။

လမ်းကြောင်းပေါ်သို့ သွားရန် ပြင်နေကြသော လူများက ရပ်တန့်သွားကြပြီး သူတို့က ငွေရောင်ဆံပင်နှင့်အမျိုးသမီးရှေ့မှ မသွားရဲကြပေ။ ချီခွန်ကြယ်သခင်ကိုယ်တိုင် အသိအမှတ်ပြုထားသည့် အနီရောင်သင်္ကေတပိုင်ရှင် ဖြစ်လေသည်။

အနီရောင်သင်္ကေတဖြင့် သူမက ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုကို မအောင်မြင်လျှင်တောင် ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ရန် အာမခံချက်ရှိပြီးသားဖြစ်၏။

" သူမပဲ။ " လင်းယွမ်က ငွေရောင်ဆံပင်နှင့်အမျိုးသမီးကို ကြည့်ပြီး မျှော်လင့်ချက်တစ်ခု ပေါ်လာသည်။

လမ်းကြောင်းကို ဖြတ်ရန် ထိုအမျိုးသမီးက မည်သည့်နည်းလမ်းအား အသုံးပြုမည်ကို သူသိချင်လေသည်။

ဝှစ်....

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး မီတာတစ်ရာအဝေးတွင် ပြန်ပေါ်လာသည်။

နောက်ထပ်ချက်ခြင်း သူမက ပျောက်ကွယ်သွားပြီး နောက်ထပ်မီတာတစ်ရာအဝေးတွင် ပြန်ပေါ်လာပြန်သည်။ ငါးစက္ကန့်ထဲနှင့် ငွေရောင်ဆံပင်နှင့်အမျိုးသမီးက မီတာလေးသောင်းရှည်သော လမ်းကြောင်းကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။

ဆင့်ကဲပြောင်းလဲသူအားလုံးက မှင်သက်သွားကြပြီး မျက်လုံးပြူးနေကြသည်။

ငါးစက္ကန့်အတွင်း မီတာလေးသောင်းကို ဖြတ်ကျော်သွားခြင်းက အသံ၏ အမြန်နှုန်းထက် အဆများစွာ ကျော်လွန်နေပြီဖြစ်သည်။ ပို၍ အံ့ဩစရာကောင်းသည်မှ အစမှအဆုံး ငွေရောင်ဆံပင်နှင့်အမျိုးသမီးက မည်သည့်စွမ်းအားလှိုင်းမှ မထုတ်ဖော်ခဲ့ပေ။

" အဲ့ဒါ လေဟာနယ်ပဲ။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်ဖြတ်သန်းခြင်းကို လေ့လာပြီး လေဟာနယ် အသိအမြင်များကို နားလည်သွားပါပြီ။ ]

နတ်လက်နက်ကမ္ဘာရှိ ဟင်းလင်းပြင်အက်ကြောင်းထဲမှ လေဟာနယ်စွမ်းအားဖြင့် နှုင်းယှဉ်လျှင် လင်းယွမ်ကအတွက် ငွေရောင်ဆံပင်နှင့်အမျိုးသမီး၏ လေဟာနယ်ဖြတ်သန်းခြင်းအား နားလည်ရန် ပိုလွယ်ကူလေသည်။

" လေဟာနယ် " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်ပြီး လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်ကာလအတွင်း လက်တွေ့ကမ္ဘာသို့ ပြန်လာခွင့်ပြုလေသည်။ အမှန်တွင် လက်တွေ့ကမ္ဘာတွင် ကုန်ဆုံးသွားသောအချိန်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာနှင့် တူညီလေသည်။ လက်တွေ့ကမ္ဘာတွင် တစ်လက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာတွင်လည်း တစ်လကုန်ဆုံးသွားပေလိမ့်မည်။

" လေဟာနယ်..." လင်းယွမ်၏ မျက်လုံးများတွင် ငွေရောင်မှိန်ဖျော့ဖျော့ အလင်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ငွေရောင် ရောစပ်ထားသော ထိုက်ကျိသင်္ကေတပုံရိပ်ကြီးက ထွက်ပေါ်လာသည်။ ယင်နှင့်ယန်ကို အခြေခံထားသော ထိုက်ကျိတာအိုက ကောင်းကင်နှင့်မြေကြီးကြားရှိ အရာအားလုံးကို လွှမ်းခြုံနိုင်လေသည်။

နတ်လက်နက်ကမ္ဘာတွင် လင်းယွမ်က နတ်လက်နက်များကို လေ့လာပြီး နိယာမများကို ဆုပ်ကိုင်နိုင်ခဲ့သော်လည်း ယင်ယန် ထိုက်ကျိတာအိုနှင့် မဆန့်ကျင်ပေ။ ၎င်းမှာ အရာအားလုံးနှင့် လိုက်လျောညီထွေဖြစ်နိုင်သော ထိုက်ကျိတာအို၏ သဘာဝဖြစ်သည်။

ယခု ငွေရောင်ဆံပင်နှင့်အမျိုးသမီး ပြသသော လေဟာနယ်ဖြတ်သန်းခြင်းကို လေ့လာပြီး လေဟာနယ်ကို အဆင့်တစ်ခု နားလည်ကာ သဘာဝအတိုင်း ထိုက်ကျိတာအို၏ အသွင်းပြောင်းလဲခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

" စတုတ္ထအလွှာ အဆင့် ၁၀။ " ခနကြာသောအခါ လင်းယွမ်က ရပ်တန့်လိုက်ပြီး သူ၏ အော်ရာက အနည်းငယ် တိုးတက်လာသည်။

စတုတ္ထအလွှာ အဆင့် ၉ မှ အဆင့် ၁၀သို့ တက်ခြင်းက အဆင့်ကြီးတစ်ခုမဟုတ်သော်လည်း အရေးပါသော အဆင့်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

လင်းယွမ်က အဆင့်တက်ရန် အချိန်အနည်းငယ် ကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခု မျှော်လင့်ထားသည်ထက် စောသွားခဲ့သည်။ လင်းယွမ်၏ အဆင့်တက်ခြင်းက အခြားသူများနှင့် မတူပေ။

အခြားဆင့်ကဲပြောင်းလဲသူများက သတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နောက်ကို လိုက်ပြီး အဆင့်တက်ခြင်း ဖြစ်သည်။ လင်းယွမ်အတွက် နောက်တစ်ဆင့်ဟူ၍ မရှိဘဲ သူကိုယ်တိုင်ဖန်တီးရသော လမ်းကြောင်းများ ဖြစ်လေသည်။

" အဲ့ဒီလေဟာနယ်နိယာမက ထိုက်ကျိတာအိုပြည့်စုံဖို့ တော်တော်အသုံးဝင်တယ်ထင်တယ်။ " လင်းယွမ်က တွေးတောလိုက်သည်။

တတိယအလွှာ သို့မဟုတ် စတုတ္ထအလွှာသို့ ရောက်သောအခါ ကောင်းကင်နှင့်မြေကြီးကြားရှိ နိယာများကို ခံစားမိမည်ဖြစ်သည်။ သို့သော် ၎င်းတို့ကို အာရုံခံခြင်းနှင့် နားလည်ခြင်းတို့မှာ တစ်ခြားစီဖြစ်သည်။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်အတော်ကြာအောင် အာရုံခံခဲ့သော်လည်း အလွန်နှေးကွေးခဲ့သည်။ ယခု ငွေရောင်ဆံပင်နှင့်အမျိုးသမီးကို မတွေ့ရလျှင် သူက စတုတ္ထအလွှာ အဆင့်ကိုးတွင် အချိန်တစ်ခုထိ နေရပေလိမ့်မည်။

" နိယာမတွေကို နားလည်ဖို့ အကောင်းဆုံးနည်းလမ်းက အဲ့ဒီနိယာမတွေရဲဘ ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်တွေကို လေ့လာတာပဲ။ " လင်းယွမ်က သူဟာသူ တွေးလိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ရှုပ်ထွေးမှုများကို စီစစ်ပြီး နားလည်နိုင်သော နိယာမများကို ပေါင်းထည့်ထာသည်။ လေဟာနယ်နှင့် ပက်သက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်ရှားပါပြီး လင်းယွမ်အတွက် စျေးကြီးလွန်းလှသည်။

လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို လာရခြင်း၏ ရည်ရွယ်ချက်မှာ ချီခွန်မျိုးနွယ်ကို ဝင်ရန်နှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကို လေ့လာရန်ဖြစ်သည်။

ချီခွန်မျိုးနွယ်က ချီခွန်ကြယ်နယ်မြေတွင် အသန်မာဆုံး အင်အားစုတစ်ခုဖြစ်ပြီး ပါရမီရှင်များအတွက် ပြင်ပကမ္ဘာတွင် မရှိသော ကျင့်ကြံခြင်း စနစ်တစ်ခု ပိုင်ဆိုင်ပေလိမ့်မည်။ လင်းယွမ်သာ ဝင်ရောက်နိုင်လျှင် ကြီးမားသော အကျိုးအမြတ် ရပေလိမ့်မည်။

လင်းယွမ်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အင်အားစုတစ်ခုသို့ ဝင်ပြီး မြင့်မားသော အဆင့်သို့ အလွယ်တကူ ရောက်နိုင်ပေသည်။ သို့သော် အချိန်ဘယ်လောက်ကြာနိုင်လို့လဲ။

အထူးသဖြင့် သူ၏ ခွန်အားတိုးတက်လာသည်နှင့်အမျှ လိုအပ်သော အရင်းအမြစ်များ ပိုများလာပေလိမ့်မည်။ အဓိကအင်အားစုတစ်ခု မရှိဘဲ လင်းယွမ်က သူတစ်ယောက်တည်းရှာရန် ​မဖြစ်နိုင်ပေ။

ခနကြာသောအခါ လင်းယွမ်က VRကမ္ဘာနှင့် ပြန်ဆက်သွယ်လိုက်ပြီး ဒုတိယကြယ်ဂူတွင် ပေါ်လာသည်။ အချိန်ခနအတွင်း စတုတ္ထအလွှာ အဆင့်ကိုးမှ အဆင့်တစ်ဆယ်သို့ တက်ရောက်သွားခဲ့သည်။

လင်းယွမ် ပြန်ရောက်လာချိန်တွင် အခြားဆင့်ကဲပြောင်းလဲသူများက ငွေရောင်ဆံပင်နှင့် အမျိုးသမီးအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။

လင်းယွမ်က အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က နဖူးတွင် မျဉ်းကြောင်းတစ်ခုနှင့် သုံးမီတာနီးပါးရှည်သော လူကြီးတို့ဖြစ်သည်။ သူတို့က လက်ရှိတွင် အသန်မာဆုံးသုံးယောက်ဖြစ်သည်။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက သူ့ကို လေဟာနယ်အား နားလည်ရန် ကူညီပေးသွားခဲ့သည်။ အခြားနှစ်ယောက်ဆီမှ သူက အကျိုးအမြတ်ရနိုင်မလား။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

းပေ။

All Chapters