စတုတ္ထကြယ်ဂူ
Vol. 7 Ch. 107
ဆင့်ကဲပြောင်းလဲသူများက လမ်းကြောင်းထဲသို့ ဆက်တိုက်ဝင်ရောက်သွားကြသည်။ သို့သော် လင်းယွမ်က မဝင်သေးဘဲ ဆက်လက်စောင့်ကြည့်နေသည်။ အခွင့်အရေးက ရှားပါးပြီး ယခု ဆင့်ကဲပြောင်းလဲသူများက သူတို့၏ စွမ်းအားကုန်ထုတ်သုံးနေသော အချိန်ဖြစ်လေသည်။
ထိုအချိန်တွင် သုံးမီတာနီးပါးရှည်သော လူကြီးက လမ်းကြောင်းထဲသို့ ဝင်ရောက်သွား၏။ သူ၏ ခြေလက်များက တောင့်တင်းပြီး ကြီးမားသော ပုဆိန်ကြီးကို နောက်ကျောတွင် လွယ်ထားသည်မှာ လူပုံသဏ္ဍန် သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ဝုန်း ဝုန်း ဝုန်း....
လူထွားကြီးက ခြေတစ်ချက် ဆောင့်လိုက်သည်နှင့် ကြောက်စရာကောင်းသော စွမ်းအားပေါက်ကွဲမှုက လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။
" ကြောက်စရာကောင်းတယ်။ "
" ဒီလိုပြင်းထန်တဲ့ ခွန်အား သူက တကယ် လူသားမျိုးနွယ်ကရော ဟုတ်လား။ "
" သူက သားရဲမျိုးနွယ်ကများလား။ "
အခြားဆင့်ကဲပြောင်းလဲသူများက ထိတ်လန့်သွားကြသည်။
လူထွားကြီး ထုတ်ဖော်လိုက်သော စွမ်းအားလှိုင်းကပင် သာမန် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ဒဏ်ရာရသွားစေနိုင်လေသည်။
" စွမ်းအား။ " လင်းယွမ်၏ အကြည့်များက ပို၍ပြင်းထန်လာသည်။ လူထွားကြီးထံမှ အဆုံးမရှိသော စွမ်းအားများ ထွက်ပေါ်လာသည်ကို သူခံစားမိလေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စွမ်းအားနိယာမရဲ့ အသိအမြင်တွေကို နားလည်သွားပါပြီ။ ]
" စွမ်းအားနိယာမ " လင်းယွမ်က စဉ်းစားလိုက်သည်။
လေဟာနယ်နိယာမနှင့် ယှဉ်လျှင် စွမ်းအားနိယာမက သာမန်ဟု ထင်ရသော်လည်း လူထွားကြီး၏ ၎င်းကို နက်ရှိုင်းစွာ နားလည်ထားမှုက သူ့ကို အနီရောင်သင်္ကေတပိုင်ရှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်စေခဲ့သည်။
" ငါ အဲ့ဒီဆင့်ကဲပြောင်းလဲသူတွေကို အနီးကပ် လေ့လာချင်လိုက်တာ..."
အခြားသူများအတွက် အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများက မော်ကြည့်ရသော ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော် လင်းယွမ်အတွက် အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများက ရတနာသိုက်များပင် ဖြစ်သည်။
" အနာဂတ်မှာ အခွင့်အလမ်းတွေ ပိုရလာနိုင်တယ်။ ငါ ချီခွန်မျိုးနွယ်ထဲမှာ သူတို့နဲ့ တွေ့ရမှာကို ဘာစိတ်ပူစရာလိုလဲ။ " လင်းယွမ်က တွေးလိုက်သည်။
မကြာမီ နဖူးတွင် အနီရောင်မျဉ်းကြောင်းနှင့် လူကလည်း လမ်းကြောင်းကို ဖြတ်သန်းသွားခဲ့သည်။
" လေ လား။ " လင်းယွမ်က အတွေးနက်နေသည်။ သူက ထိုလူထံမှ လေ၏ အတက်အကျများကို ခံစားလိုက်ရသည်။ သူ၏ အမြန်နှုန်းက ငွေရောင်ဆံပင် အမျိုးသမီးနှင့် ယှဉ်လျှင် ဒုတိယဖြစ်လေသည်။
အချိန်အနည်းငယ် ကြာပြီးသောအခါ လင်းယွမ်က လုံလောက်သွားပြီဖြစ်သည်။ ပထမကြယ်ဂူမှ အခြားဆင့်ကဲပြောင်းလဲသူများက ရောက်လာကြသော်လည်း သူတို့က လင်းယွမ်အတွက် အကူအညီသိပ်မဖြစ်ပေ။ ထို့ကြောင့် လင်းယွမ်က အချိန်မဖြုန်းတော့ဘဲ ထွက်သွားရန် ပြင်လိုက်သည်။
နောက်ထပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ပေါ်လာသည်။ ထိုဆင့်ကဲပြောင်းလဲသူက လူငယ်တစ်ယောက် ဖြစ်၏။ သူက လင်းယွမ်ကို ရင်းနှီးသော ခံစားချက်တစ်ခု ပေးလေသည်။
" ဖန်ချင်းလား။ " လင်းယွမ်က တစ်ဖက်လူကို ချက်ခြင်း မှတ်မိသွားသည်။ အကြောင်းမှာ သူက တိုက်ခိုက်ဖူးသောကြောင့် ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကောင်းကောင်းနားလည်ပြီးနောက် ဖန်ချင်း၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ခံစားမိနေပြီဖြစ်သည်။
ထို့ကြောင့် ဖန်ချင်းက သူ၏ အသွင်အပြင်ကို ပြောင်းလဲထားလျှင်တောင် လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလေသည်။
" နောက်ဆုံးတော့ ဖြတ်ကျော်နိုင်ခဲ့ပြီ။ " ဖန်ချင်းက ဒုတိယကြယ်ဂူသို့ ရောက်ပြီးနောက် စိတ်သက်သာရာရသွား၏။
ပထမကြယ်ဂူမှ မြေဆွဲအားစမ်းသပ်မှုက သူ့အတွက် ခက်ခဲပြီး ရှေးဟောင်းနတ်ဘုရား၏ လျို့ဝှက်နည်းစနစ်ကို အသုံးပြုမှ နောက်ဆုံးအပိုင်းကို ကျော်ဖြတ်နိုင်ရုံမျှသာ ဖြစ်သည်။
" ဒီကြယ်ဂူက အမြန်နှုန်းကို စမ်းသပ်တာလား။ " ဖန်ချင်းက အခြားဆင့်ကဲပြောင်းလဲသူများ လင်းကြောင်းအား ဖြတ်သန်းသွားသည်ကို ကြည့်ပြီးနောက် စမ်းသပ်မှုကို နားလည်သွားသည်။
" ဆယ်စက္ကန့်အတွင်း မီတာလေးသောင်းကို ဖြတ်ကျော်ရမှာလား။ " ဖန်ချင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများက အသံထက် ဆယ်ဆမြန်ရန် မခက်ခဲသော်လည်း ဖန်ချင်းက ယခုမှ တတိယအလွှာသာ ရှိသေးသည်။
" မရဘူး။ ငါ ဆရာကို မေးကြည့်ရမယ်။ " ဖန်ချင်းက VRကမ္ဘာထဲမှ ထွက်သွားသည်။
ဖန်ချင်းပျောက်ကွယ်သွားသည်ကို မြင်သောအခါ လင်းယွမ်က ဖန်ချင်း အကူအညီသွားတောင်းသည်ကို သိလိုက်သည်။
" ပြဿနာတော့ သိပ်မရှိပါဘူး။ " ဖန်ချင်းက ဒုတိယကြယ်ဂူအား ဖြတ်သန်းနိုင်မည်ကို လင်းယွမ် ယုံကြည်လေသည်။
ပထမကြယ်ဂူနှင့် ယှဉ်လျှင် ဒုတိယကြယ်ဂူ၏ စမ်းသပ်မှုက ပို၍ ရိုးရှင်းပေသည်။ မြေဆွဲအားကို လျှော့ချရန် အခြားနည်းလမ်းများ သို့မဟုတ် လျို့ဝှက်နည်းစနစ်များကို အသုံးပြုရန် လိုအပ်လေသည်။
ဒုတိယကြယ်ဂူ၏ စမ်းသပ်မှုက စက္ကန့်အတွင်း မီတာလေးသောင်အကွာသို့ ရောက်ရန် ဖြစ်သည်။ ၎င်းက တားမြစ်နည်းစနစ်အချို့အား အသုံးပြုခွင့်ကိုလည်း ပေးထားသည်။ ယခု အားလုံးက VRကမ္ဘာတွင်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက သရုပ်ဖော်ထားခြင်းဖြစ်သောကြောင့် ကြီးမားသော တန်ကြေးကို ပေးဆပ်ရလျှင်တောင် သူတို့က လျင်မြန်စွာ ပြန်ကောင်းလာနိုင်လေသည်။
ဖန်ချင်းက သူ၏ စွမ်းရည်နှင့် ကိုက်ညီသော လျို့ဝှက်နည်းစနစ်တစ်ခုကို ရွေးချယ်ရန်သာ လိုအပ်လေသည်။
လင်းယွမ်က ရှေ့သို့ လှမ်းသွားလိုက်သည်။
" ရွှေသခင်ပဲ။ "
" ရွှေသခင် အရင်သွားပါ။ "
လမ်းကြောင်းထိပ်တွင် ရှိနေသော ဆင့်ကဲပြောင်းလဲသူများက ရိုသေစွာ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းငြိမ့်ပြီး ခြေတစ်လှမ်းနှင့် လမ်းကြောင်းထဲသို့ ဝင်လိုက်သည်။
ဝုန်း....
လင်းယွမ်က မီတာတစ်ထောင်ကျော်ကို ချင်းခြင်း ဖြတ်ကျော်သွားသည်။ မီတာလေးသောင်းရှည်သော လမ်းကြောင်းကို ဖြတ်ကျော်ရန် လင်းယွမ်အတွက် ခုနှစ်စက္ကန့်သာ ကြာလိုက်သည်။
လင်းယွမ်က လမ်းအဆုံးကို ရောက်မှသာ ကြောက်စရာကောင်းသော အသံများက နောက်မှ ထွက်ပေါ်လာသည်။
လမ်းကြောင်းရှေ့မှ ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်ကျော်က တံတွေးများ မျိုချလိုက်ကြသည်။
" သူ သူက အရမ်းမြန်တာပဲ။ "
" သူက အခြားသူတွေထက် ပိုမြန်တာပဲ။ "
" သူက ဒီလောက်ကြောက်စရာကောင်းတာကို ဘာလို့ခုမှ ဒုတိယကြယ်ဂူ စမ်းသပ်မှုကို စိန်ခေါ်ရတာလဲ။ "
ဆင့်ကဲပြောင်းလဲသူဆယ်ယောက်ကျော်တွင် အချို့က ဒုတိယကြယ်ဂူကို ဖြတ်သန်းရန် ယုံကြည်မှုရှိကြသော်လည်း လင်းယွမ်ကဲ့သို့ ပေါ့ပေါ့ပါးပါးတော့ မသွားနိုင်ကြပေ။ သူတို့က သက်ဆိုင်ရာဂြိုလ်များတွင် ပါရမီရှင်များ ဖြစ်ကြသော်လည်း ယခုချိန်တွင် အနည်းငယ်တော့ စိတ်ပျက်သွားကြသည်။
တတိယကြယ်ဂူ။
လင်းယွမ်က ပေါ်လာသည်နှင့် မြေဆွဲအားက ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူက လေပေါ်သို့ မြောက်တက်လုနီးပါး ဖြစ်သွား၏။
" ဟမ် " လင်းယွမ်က အတွေးတစ်ချက်နှင့်အတူ ဆင်းသက်လိုက်သည်။
" ပြင်ပအာကာသ " လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
၎င်းက ပြင်ပအာကာသကို ပုံဖော်ထားခြင်းဖြစ်သည်။ အလင်းတန်းအမျိုးမျိုးမှ လွဲ၍ ဘာမှမရှိပေ။
" ဒါဆို တတိယကြယ်ဂူရဲ့ စမ်းသပ်မှုက တုန့်ပြန်မှုပေါ့။ " လင်းယွမ်က ဘေးမှ ကျောက်တုံးမျက်နှာပြင်ပေါ်မှ စမ်းသပ်မှုအချက်အလက်များကို ကြည့်လိုက်သည်။
" မိုင်တစ်သောင်းလှည့်ပတ်နေတဲ့ ဂြိုလ်ခါးပတ်ကို ဘေးကင်းစွာ ဖြတ်သန်းပါ။ "
ဂြိုလ်ခါးပတ်ထဲတွင် မရေတွက်နိုင်သော ဥက္ကာခဲများ လှည့်ပတ်နေသည်။ ဥက္ကာခဲတစ်ခု ထိလိုက်သည်နှင့် ထုတ်ပယ်ခံရမည်ဖြစ်သည်။
လင်းယွမ်က အဝေးမှ ကျယ်ပြောသော ဂြိုလ်ခါးပတ်ကို ကြည့်လိုက်သည်။ ထိုစမ်းသပ်မှုက မခက်ခဲပေ။ အဓိကမှာ ပြင်ပအာကာသနှင့် လိုက်လျောညီထွေဖြစ်ရန် ဖြစ်သည်။ ပြင်ပအာကာသတွင် မြေဆွဲအားက သုညဖြစ်၏။
တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အချိန်အများစုကို ဂြိုလ်ပေါ်တွင်သာ ကုန်ဆုံးခဲ့ကြသည်။ ရုတ်တရက် မြေဆွဲအားသုညနေရာသို့ ရောက်လာချိန်တွင် သူတို့၏ ခွန်အားက သေချာပေါက် သက်ရောက်မှုရှိပေလိမ့်မည်။
ဥက္ကာခဲပေါင်းများစွာ လှည့်ပတ်နေသော ဂြိုလ်ခါးပတ်ထဲသို့ ဝင်လျှင် တုန့်ပြန်မှုအနည်းငယ် နှေးသည်နှင့် ဖယ်ရှားခံရပေလိမ့်မည်။ ထိုကြယ်ဂူ၏ ထုတ်ပယ်ခြင်းစည်းမျဉ်းမှာ ဥက္ကာခဲများကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ထိမိသည်နှင့် ထုတ်ပယ်ခံရမည်ဖြစ်သည်။
" ဒါပေမယ့် ငါ့အတွက်တော့ ရိုးရှင်းလွန်းတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
ထိုက်ကျိနယ်ပယ်ကို ကျွမ်းကျင်သော လင်းယွမ်အတွက် ဤစမ်းသပ်မှုက သာမန်အတိုင်း လမ်းလျှောက်သွားရုံသာ ရှိသည်။
သူ၏ နယ်ပယ်အတွင်း လင်းယွမ်က နတ်ဘုရားတစ်ပါးဖြစ်ပြီး မြေဆွဲအားဖန်တီးခြင်းက အတွေးတစ်ချက်သာ လို၏။ ထို့အပြင် ထိုက်ကျိနယ်ပယ်၏ ကျွမ်းကျင်မှုဖြင့် လင်းယွမ်က မရေတွက်နိုင်သော ဥက္ကာခဲများ၏ လမ်းကြောင်းကို ကြိုသိနိုင်ပြီး ရှောင်ရန် သို့မဟုတ် အခြားလမ်းကြောင်းကို ရွေးချယ်ရန် ဆုံးဖြတ်နိုင်သည်။
အမှန်တွင် တတိယကြယ်ဂူ၏ စမ်းသပ်မှုက နယ်ပယ်တစ်ခုကို ထိန်းချုပ်နိုင်လျှင် ကျော်ဖြတ်ရန် လွယ်ကူလေသည်။ သို့သော် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက နယ်ပယ်တစ်ခုကို ရရှိရန် အလားအလာရှိသော်လည်း အများစုမှာ ရရှိခြင်းမရှိကြပေ။
နေ့တစ်ဝက်ကြာပြီးနောက် လင်းယွမ်က တတိယကြယ်ဂူကို ဖြတ်သန်းပြီး စတုတ္ထကြယ်ဂူသို့ ရောက်လာခဲ့သည်။
" အဲ့ဒီ ဥက္ကာခဲတွေရဲ့ နောက်ဆုံးလှိုင်းက ကျွတ်ကျွတ်..." မြင်ကွင်းတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
အဆုံးမရှိပုံရသော ဥက္ကာခဲများက လိမ့်ဝင်လာကြသည်။ လင်းယွမ်က ထိုက်ကျိနယ်ပယ်ကိုသာ မကျွမ်းကျင်ထားပါက ရွှေရောင်သင်္ကေတပိုင်ရှင်ပင် ထုတ်ပယ်ခံရနိုင်လေသည်။ သို့သော် ဥက္ကာခဲများက ဦးတည်ရာမရှိ လွင့်မျောနေကြသောကြောင့် ထိုအခြေအနေမျိုးကို ကံဆိုးမှသာ ကြုံတွေ့ပေလိမ့်မည်။
" စတုတ္ထကြယ်ဂူ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ " ဒီနေရာက...."
မီတာအနည်းငယ်မြင့်သော ရုပ်တုများက တန်းစီရပ်နေကြပြီး သူတို့၏ အောက်တွင် ဆင့်ကဲပြောင်းလဲသူများက ထိုင်၍ မျက်မှောင်ကြုတ်နေကြပြီး အတွေးနက်နေကြသည်။
ထိုဆင့်ကဲပြောင်းလဲသူများကြားတွင် အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူသုံးယောက်လည်း ပါဝင်လေသည်။ လင်းယွမ်၏ ရှေ့မှ အောင်မြင်သွားသော ဆင့်ကဲပြောင်းလဲသူတိုင်းက ဤကြယ်ဂူတွင် ပိတ်မိနေကြသည်။
" ဒီကြယ်ဂူရဲ့ စမ်းသပ်မှုက......" လင်းယွမ်က ကျောက်တုံးမျက်နှာပြင်ကို ကြည့်လိုက်သည်။
" ဒီကြယ်ဂူရဲ့ စမ်းသပ်မှုက နားလည်နိုင်စွမ်းပဲဟ။ "
" ဆင့်ကဲပြောင်းလဲသူတွေက ရုပ်တုတစ်ခုကို ရွေးချယ်နိုင်တယ်။ ရုပ်တုထဲမှာ ပါဝင်တဲ့ လျို့ဝှက်နည်းစနစ်ကို နားလည်နိုင်ရင် စမ်းသပ်မှုအောင်မြင်မယ်။ "
" နားလည်နိုင်စွမ်းကို စမ်းသပ်တာလား။ " လင်းယွမ်၏ အကြည့်က ရုပ်တုတိုင်းကို ဖြတ်သန်းသွားသည်။
သူက ရုပ်တုတိုင်းတွင် တူညီသော လျို့ဝှက်နည်းစနစ်တစ်ခု ပါဝင်သည်ကို တွေ့လိုက်ရသည်။
" ခက်ခဲမှုက တော်တော်မြင့်ပုံပဲ။ " လင်းယွမ်က အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် သူတို့က ရုပ်တုတစ်ခုစီ၏ ရှေ့တွင်ထိုင်ပြီး အတွေးနက်နေကြသည်။ အထူးသဖြင့် လူထွားကြီးက သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီးမှ ပြန်လည်ဖြေလျှော့လိုက်သည်။ ၎င်းကိုသာ မမြင်ပါက လူထွားကြီးမှာ ရုပ်တုကို ထရိုက်ခွဲတော့မည်ဟု ထင်ရပေလိမ့်မည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
တွက်လျှင် ကလေးတစ်ယောက်ပင် မဟုတ်သေ