← Chapters

စမ်းသပ်မှုအောင်မြင်ခြင်း

Vol. 7 Ch. 108

စမ်းသပ်မှုအောင်မြင်ခြင်း

Vol. 7 Ch. 108

ချီခွန်ကြယ်သခင်၏ တပည့် ၁၂ယောက်က စတုတ္ထကြယ်ဂူကို ကြည့်နေကြသည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုများက လူတစ်ဦးချင်းစီပေါ်တွင် ခက်ခဲမှုက ကွဲပြားသွားသော်လည်း စတုတ္ထနှင့် သတ္တမကြယ်ဂူများကတော့ တူညီလေသည်။

" စတုတ္ထကြယ်ဂူကို ဘယ်သူအရင်ဖြတ်ကျော်နိုင်မလဲဆိုတာ ငါသိချင်မိတယ်။ "

" အဲ့ဒါက ရင်လင်းဖြစ်သင့်တယ်။ သူမက စတုတ္ထကြယ်ဂူထဲ ပထမဆုံး ဝင်ခဲတာဆိုတော့ သူမရဲ့ အချိန်က အကြာဆုံးပဲ။ သူမရဲ့ နားလည်နိုင်စွမ်းကလည်း မဆိုးပါဘူး။ "

" အမှန်ပဲ။ ရင်လင်းက အနီရောင်သင်္ကေတ သုံးယောက်ထဲမှာ စမ်းသပ်မှုကို ပထမဆုံး ဖြတ်ကျော်နိုင်လောက်တယ်။ "

" ငါက ဘယ်သူပထမဆုံးလဲဆိုတာ သေချာမသိပေမယ့် နောက်ဆုံးကတော့ လူထွားကြီးဆိုတာ သေချာတယ်။ "

လူထွားကြီးက စွမ်းအားနိယာမလမ်းစဉ်ကို လျှောက်လှမ်းသောကြောင့် ခွန်အားနှင့် ပက်သက်သော ကိစ္စများတွင် ကျွမ်းကျင်လေသည်။ သို့သော် ဆင်ခြင်သုံးသပ်ရန် အချိန်များကတော့ သူ့အတွက် ခေါင်းကိုက်စရာပင် ဖြစ်သည်။

ထို့ကြောင့် စတုတ္ထကြယ်ဂူ၏ စမ်းသပ်မှုကို အောင်မြင်ရန် အနီရောင်သင်္ကေတ သုံးယောက်ထဲတွင် လူထွားကြီးက နောက်ဆုံးဖြစ်မည်ဟု သူတို့ ၁၂ယောက်လုံးက ယုံကြည်ကြခြင်းဖြစ်သည်။

" တကယ်တော့ မျက်လုံးသုံးလုံး မျိုးနွယ်ဝင်က ပထမဆုံး အောင်မြင်ဖို့ အခွင့်အရေးရှိမယ်လို့ ငါထင်တယ်။ သူတို့ရဲ့ တတိယမျက်လုံးက သာမန်လူတွေမမြင်နိုင်တာကို မြင်နိုင်ကြတယ်။ "

သူတို့အားလုံးက အနီရောင်သင်္ကေတ ဆင့်ကဲပြာင်းလဲသူ သုံးယောက်ကိုသာ အာရုံစိုက်ထားကြသည်။ ရွှေရောင်သင်္ကေတများ ရှိလျှင်တောင် သူတို့က စမ်းသပ်မှုကို အောင်မြင်ရန် လဝက် သို့မဟုတ် တစ်လနီးပါး ကြာပေလိမ့်မည်။

" ဒီရုပ်တုဖြစ်ရမယ်။ " လင်းယွမ်က ထောင့်တစ်ထောင့်သို့ လျှောက်သွားပြီး ရုပ်တုတစ်ခုကို ရွေးချယ်လိုက်သည်။

တရားမျှတမှုရှိစေရန်အတွက် ရုပ်တုတိုင်းတွင် တူညီသော လျို့ဝှက်နည်းစနစ်ကို ထည့်သွင်းထားသည်။

" ရှင်ကိုး..." အနီးမှ ရုပ်တုတစ်ခု၏ ရှေ့တွင် အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးထိုင်နေသည်။ သူမက ပထမကြယ်ဂူစမ်းသပ်မှုတွင် လင်းယွမ်နှင့်တွေ့ခဲ့သော ရွှေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူဖြစ်၏။

" ရုပ်တုအောက်ခြေမှာ ထိုင်ပြီး ဆင်ခြင်ဖို့ အဲ့ဒါကို ကြည်နေရုံပဲ။ " လင်းယွမ်ကို မြင်သောအခါ သူမက သတိပေးလိုက်သည်။

သူမက လင်းယွမ်အပေါ် အမြင်ကောင်းရှိလေသည်။ အနက်ရောင်လမ်းပေါ်တွင် လင်းယွမ်က သူမကို တိုက်ခိုက်ခဲ့ခြင်းလည်း မရှိသိလို ခက်ခဲအောင်လည်း မလုပ်ခဲ့ပေ။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး သူရွေးချယ်ထားသော ရုပ်တုရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက် သူက ရုပ်တုကို ကြည့်လိုက်သည်။

ခနကြာသောအခါ လင်းယွမ်က သူ၏ ရှေ့မှ ရုပ်တုမှာ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ မီတာအနည်းငယ်သာ မြင့်သော ရုပ်တုက ကောင်ကင်နှင့်မြေပြင်ကို ထောက်ပံ့ထားသော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိရုပ်တုကို လေ့လာပြီး တောင်လျို့ဝှက်နည်းစနစ်ကို နားလည်သွားပါပြီ။ ]

လင်းယွမ်၏ အတွေးများ ပြန်ရောက်လာသကဲ့သို့ ဆန်းကြယ်သော အလင်းတန်းများက သူ၏ စိတ်ထဲသို့ စီးဆင်းလာပြီး နည်းစနစ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုနည်းစနစ်က သူ၏ အနှစ်သာရ၊ စိတ်ဝိညာဉ်နှင့် အသက်တို့ကို ကမ္ဘာပေါ်တွင် မတုန်လှုပ်နိုင်သော တောင်ကြီးတစ်လုံးအဖြစ် ရပ်တည်စေခြင်းဖြစ်သည်။

" ဒီနည်းစနစ်က အခြေခံကို ခိုင်ခံစေတဲ့ နည်းစနစ်တစ်ခုလား။ " လင်းယွမ်က လျင်မြန်စွာ စဉ်းစားလိုက်သည်။

စကြာဝဠာလူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ကျယ်ပြောသော ပင်လယ်ကြီးကဲ့သို့ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုတွင် ၎င်းတို့၏ ထူးခြားသော ကျင့်ကြံခြင်းလိုအပ်ချက်များ ရှိသော်လည်း ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်ရှိသည်နှင့် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံရန် ပိုလွယ်ကူသွားသည်။

တောင်လျို့ဝှက်နည်းစနစ်က လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားသည်။ လင်းယွမ်၏ သွေးများက လင်းလက်သွားသကဲ့သို့ သူ၏ စိတ်ဝိညာဉ်က စုစည်းသွားပြီး တောင်လေးတစ်လုံးကဲ့သို့ ဖြစ်လာသည်။

သူ၏ ရှေ့မှ ရုပ်တုက လင်းယွမ်၏ ပြောင်းလဲမှုများကို အာရုံခံမိပုံရပြီး ရုပ်တုက စတင်တောက်ပလသည်။ အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး လင်းယွမ်က ချက်ခြင်း ပျောက်ကွယ်သွားသည်။

လင်းယွမ် ပျောက်ကွယ်သွားသည်နှင့် အခြားဆင့်ကဲပြောင်းလဲသူများက အံ့ဩသော မျက်လုံးများနှင့် သူရှိခဲ့သော နေရာသို့ကြည့်နေကြသည်။ ငွေရောင်ဆံပင်နှင့် ရင်လင်းပင် နက်ရှိုင်းစွာ ဆင်ခြင်နေရင်းမှ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ၏ ဆန်းကြယ်သောနေရာတွင် လူ၁၂ယောက်လုံးက စကားပြောခြင်း ရပ်တန့်သွားကြပြီး ပဉ္စမကြယ်ဂူကို ဝင်သွားသော လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

" မြန်လှချည်လား။ " တပည့် ၁၂ယောက်က အံ့ဩသွားကြ၏။

တောင်လျို့ဝှက်နည်းစနစ်က ချီခွန်မျိုးနွယ်၏ အခြေခံနည်းစနစ်တစ်ခု ဖြစ်သော်လည်း ဖမ်းဆုပ်မိရန် မလွယ်ကူပေ။ အထူးသဖြင့် တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် ဖြစ်၏။

သို့သော် လင်းယွမ်က အချိန် နာရီဝက်သာ ကြာလေသည်။ အတိအကျဆိုလျှင် ၂၃ မိနစ်ဖြစ်၏။

သူတို့ဆယ့်နှစ်ယောက်က အနည်းဆုံး ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူများ ဖြစ်ကြသောကြောင့် သူတို့၏ စိတ်အသိက စွမ်းအားကောင်းလေသည်။ သူတို့က အနည်းငယ် အာရုံစိုက်ရုံဖြင့် လင်းယွမ် ပဉ္စမကြယ်ဂူသို့ ရောက်ပြီး စတင်ဆင်ခြင်သည့်အချိန်ကို အတည်ပြုနိုင်ကြသဘ်။

" အဲ့ဒီရွှေရောင်သင်္ကေတပိုင်ရှင်က ဒီလိုအားကောင်းတဲ့ နားလည်နိုင်စွမ်းကို ပိုင်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး။ "

" အမှန်ပဲ။ သူက အရင်ကြယ်ဂူသုံးခုမှာ သာမန်စွမ်းရည်ကို ပြသခဲ့ပေမယ့် စတုတ္ထကြယ်ဂူမှာတော့ အနီရောင်သင်္ကေတ သုံးယောက်ကို နောက်ချန်ထားခဲ့တယ်။ "

" ခါဝူ အခု ဘယ်လိုခံစားရလဲ။ နောင်တရချင်နေပြီလား။ " အောက်မှ တပည့်ကိုးယောက်ထဲမှ တစ်ယောက်က စလိုက်သည်။

ခါဝူက မျက်မှောင်ကြုတ်သွားသည်။ ဒုတိယကြယ်ဂူမှစ၍ သူက လင်းယွမ်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။ လင်းယွမ်၏ ယင်ယန်နိယာမများက သူ၏ အလင်းနိယာမနှင့် ဆင်တူနေသည်။ ဆရာတူအကိုတစ်ယောက်ကပင် သူ့ကို တပည့်အဖြစ် ရွေးချယ်ရန် အကြံပြုခဲ့သည်။

သို့သော် ထိုအချိန်တွင် ခါဝူက တပည့်ရွေးချယ်ခြင်းမှာ သေးငယ်သော ကိစ္စတစ်ခုမဟုတ်သောကြောင့် သူက လင်းယွမ်၏ လုပ်ဆောင်မှုများကို ဆက်လက်လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ယခု သူက လင်းယွမ်၏ စွမ်းရည်ကို မြင်လိုက်ရပြီဖြစ်သည်။

သို့သော်.....

" စိတ်မကောင်းစရာပဲ။ " ခါဝူက သက်ပြင်းချလိုက်သည်။

တောင်လျို့ဝှက်နည်းစနစ်ကို ၂၃ မိနစ်ဖြင့် နားလည်နိုင်ခြင်းမှာ သူ၏ နားလည်နိုင်စွမ်းက ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲမှ ဆင့်ကဲပြောင်းလဲသူအားလုံးထဲတွင် အသန်မာဆုံးဖြစ်သည်ကို ပြသနေသည်။ သူက အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူသုံးယောက်ကိုပင် ဖိနှိပ်နိုင်ခဲ့သည်။

သို့သော် သူက ၎င်းကို သိသောကြောင့် အခြားအကိုများလည်း သိပေလိမ့်မည်။ အကယ်၍ ဒုတိယကြယ်ဂူတွင် ခါဝူက လင်းယွမ်ကို တပည့်အဖြစ် ရွေးချယ်ခဲ့လျှင် လင်းယွမ်၏ စွမ်းဆောင်ရည်က သာမန်ရွှေသင်္ကေတများနှင့် အတူတူသာ ဖြစ်သောကြောင့် အခြားအကိုများက ငြင်းပယ်မည်မဟုတ်ပေ။

ယခုတော့ ခါဝူက အထက်မှ လူသုံးယောက်ကို ကြည့်လိုက်သည်။ ထိုသုံးယောက်ကလည်း စိတ်ဝင်စားမှုများ ရှိနေသည်ကို သူခံစားမိလေသည်။

အထက်မှ သုံးယောက်က လင်းယွမ်ကို လေ့လာနေကြသည်။ အောက်မှကိုးယောက်နှင့်ယှဉ်လျှင် ထိုသုံးယောက်က ပို၍ တည်ငြိမ်နေသည်။

ဆဋ္ဌမအလွှာကို ကျော်လွန်နေသော သူတို့သုံးယောက်အတွင် ခန္ဓာကိုယ်၊ ခွန်အား စသည်တို့နှင့်ယှဉ်လျှင် နားလည်နိုင်စွမ်းကို တိုးတာရန် ပိုခက်ခဲလေသည်။

ဥပမာ လေနိယာမကို နားလည်နိုင်စွမ်းရှိသော ဆင့်ကဲပြောင်းလဲသူအချို့က အခြားနိယာမများတွင် သူတို့၏ နားလည်နိုင်စွမ်းက သာမန်သာ ဖြစ်သည်။

" ရွှေရောင်သင်္ကေတပိုင်ရှင် လင်းယွမ်၊ လီမင်ကြယ်စနစ်ထဲမှာ အလယ်အဆင့်ဂြိုလ်တစ်လုံးဖြစ်တဲ့ ကန်လန်ကြယ်၊ သာမန်မိသားစုက မွေးဖွားခဲ့တယ်၊ အသက် ၂၀။ " လူသုံးယောက်က လင်းယွမ်၏ အချက်အလက်များကို စစ်ဆေးခဲ့ကြသည်။

သူတို့ကြည့်ရှုနိုင်သော အရာများမှာ သာမန်သာဖြစ်ပြီး ပို၍ နက်ရှိုင်းသော အချက်အလက်များအတွက် ခွင့်ပြုချက်အဆင့်က မလုံလောက်ပေ။

" ခွင့်ပြုချက်အဆင့် မလုံလောက်ဘူးလား။ "

" သူက နတ်ဘုရားသုံးပါးရဲ့ အာရုံအောက်မှာ ရှိနေတာလား။ "

" သူ့ရဲ့ နောက်ခံနဲ့ နတ်ဘုရားတွေရဲ့ အာရုံစိုက်မှုနဲ့ဆို သူက အသွင်ပြောင်းထားတဲ့ မျိုးနွယ်ခြားမဟုတ်တာ​တော့ သေချာတယ်။ "

သူတို့သုံးယောက်က မအံ့ဩပေ။ စကြာဝဠာလူသားမဟာမိတ်တွင် နတ်ဘုရားသုံးပါးက နိုင်ငံသားတိုင်းအား အကဲဖြတ်သည်ကို သူတို့ သိထားကြသည်။ နိုင်ငံသားတစ်ယောက်က ထူးခြားခဲ့လျှင် နတ်ဘုရားသုံးပါး၏ အာရုံစိုက်ခြင်းခံရပေလိမ့်မည်။

သူတို့က တိုက်ရိုက်မဟုတ်လျှင်တောင် သူတို့၏ အချက်အလက်များကို လျို့ဝှက်ထားနိုင်ကြသည်။ အချက်အလက်များကို လျို့ဝှက်မထားလျှင် မကောင်းသော ရည်ရွယ်ချက်ရှိသူများအတွက် အသာချက်တစ်ခု ဖြစ်သွားနိုင်လေသည်။

သို့သော် နတ်ဘုရားသုံးပါက ပင်ကိုစွမ်းရည်များကို အကဲဖြတ်ရာတွင် အသုံးပြုသော စံနှုန်းများက နိမ့်ကျမည်မဟုတ်ပေ။ ထို့အပြင် အချက်အလက်များကို ပိတ်ပင်ခြင်းက အမြဲတမ်းမဟုတ်ပေ။ ဥပမာ နတ်ဘုရားသုံးပါးက ထိုလူ၏ ပင်ကိုစွမ်းရည်များကို ထူးခြားသည်မယူဆတော့လျှင် ပိတ်ပင်မှုကိုလည်း ရုတ်သိမ်းသွားမည်ဖြစ်သည်။

ဖြစ်နိုင်ချေအရ နတ်ဘုရားသုံးပါးမှ အချက်အလက်များ ပိတ်ပင်ထားသော နိုင်ငံသား တစ်ဦး နှစ်ဦးကတော့ ဂြိုလ်တိုင်းတွင် ရှိနိုင်လေသည်။ ၎င်းက မျိုးနွယ်ခြားများ၏ လုပ်ကြံမှုများကို အဓိကတားဆီးရန် အချက်အလက်များကို ပိတ်ပင်ထားခြင်းဖြစ်သည်။

" သာမန်အချက်အလက်တွေအရ အဲ့ဒီလင်းယွမ်က စွန့်စားမှုအချို့တော့ ရှိရမယ်။ သာမန်မိသားစုတစ်ခုက တတိယနဲ့ စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတွေရဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး။ "

" ဘာပဲဖြစ်ဖြစ် သူက တောင်လျို့ဝှက်နည်းစနစ်ကို ၂၃ မိနစ်နဲ့ နားလည်ခဲ့တာကြောင့် သူ့ရဲ့ နားလည်နိုင်စွမ်းက အရမ်းအားကောင်တာကို ဖော်ပြနေတယ်။ အခု သတ္တမကြယ်ဂူမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရမှာပဲ။ " သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ပြောလိုက်ကြသည်။

" အမှန်ပဲ။ စတုတ္ထကြယ်ဂူက နားလည်နိုင်စွမ်းကို စမ်းသပ်တယ်။ ဒါပေမယ့် သတ္တမကြယ်ဂူရဲ့ စမ်းသပ်မှုကသာ ငါတို့ ချီခွန်မျိုးနွယ်အတွက် သင့်တော်လား ဆုံးဖြတ်ပေးလိမ့်မယ်။ "

သူတို့သုံးယောက်က လင်းယွမ်ကို ကြည့်လိုက်ကြသည်။ လင်းယွမ်၏ နားလည်နိုင်စွမ်းက ချီခွန်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်များနှင့် မသင့်တော်လျှင်တောင် အခြားသူများက သူ့ကို ခေါ်ယူချင်လျှင် ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။

တောင်လျို့ဝှက်နည်းစနစ်ကို ၂၃ မိနစ်ဖြင့် နားလည်နိုင်ခြင်းမှာ လင်းယွမ်၏ နားလည်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းလှသည်။ သူက ချီခွန်မျိုးနွယ်၏လျို့ဝှက်နည်းစနစ်များနှင့် မသင့်တော်လျှင် အခြားအင်အားစုများ၏ နည်းစနစ်များကို သူ့အတွက် ယူပေးကြပေလိမ့်မည်။ ထိုကဲ့သို့ ပါရမီရှင်ကို လက်မလွှတ်သင့်ပေ။

စတုတ္ထကြယ်ဂူ။

ရုပ်တုများကို ​ဆင်ခြင်နေကြသော ဆင့်ကဲပြောင်းလဲသူများက ရုတ်တရက် ပေါက်ကွဲသွားကြ၏။ လင်းယွမ် ပျောက်ကွယ်သွားသောအချိန်တွင် ရုပ်တုကလည်း အလင်းတန်းတစ်ခု ထွက်ပေါ်လာလာခဲ့သည်။ သူက နာရီဝက်မပြည့်မီ စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters