← Chapters

စိတ်ဝိညာဉ်ကို စမ်းသပ်ခြင်း...

Vol. 7 Ch. 109

စိတ်ဝိညာဉ်ကို စမ်းသပ်ခြင်း...

Vol. 7 Ch. 109

နာရီဝက်မပြည့်မီ စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။ ဆင့်ကဲပြောင်းလဲသူအများစုက စိတ်ပျက်မှုကို ခံစားလိုက်ကြရသည်။

" ဆရာက ငါ့ရဲ့အရည်အချင်းတွေက သူမမြင်ဖူးသမျှထဲမှာ အသန်မာဆုံးလို့ ပြောခဲ့ပြီး ငါက ပိုစွမ်းအားကောင်းတဲ့ အင်းအားစုတစ်ခုထဲ ဝင်ဖို့ပဲလိုတယ်။ " အဝေးမှ ငွေရောင်ဆံပင်နှင့် ရင်လင်းက တွေးလိုက်သည်။

" အင်အားစုတစ်ခုကို ဝင်တာက အဆင့်မြင့်နေရာရမယ့်အပြင် အခြားပါရမီရှင်တွေနဲ့လည်း တွေ့ဆုံနိုင်တယ်။ ကိုယ့်ရဲ့ အရည်အချင်းကြောင့် မောက်မာမနေဘဲ ရှေ့ဆက်သွားရမယ်။ "

သူမဆရာ၏ စကားများက မှန်နေသည်ကို နားလည်လိုက်သည်။ လင်းယွမ်က သူမထက်အရင် စတုတ္ထကြယ်ဂူစမ်းသပ်မှုကို ဖြတ်ကျော်သွားသောအခါ ရင်လင်းကလည်း စိတ်အားထက်သန်လာခဲ့သည်။

" ငါလည်း နီးစပ်လာပြီ။ နည်းနည်းပဲလိုတော့တယ်။ " ရင်လင်းက သူမ၏ ရှေ့မှ ရုပ်တုကိုကြည့်ပြီး ဉာဏ်အလင်းထဲတွင် နစ်မြှုပ်သွားခဲ့သည်။

" ငါ တကယ် ဒီရုပ်တုကို ပုဆိန်နဲ့ ရိုက်ခွဲချင်နေပြီ။ " လူထွားကြီးက စိုးရိမ်နေမိသည်။

အစတွင် သူက အနည်ငယ် မသက်မသာဖြစ်ခဲ့သော်လည်း တစ်စုံတစ်ယောက်က စမ်းသပ်မှုအောင်မြင်သွားသည်ကို မြင်လျှင် ပို၍ စိုးရိမ်လာခဲ့သည်။ အထူးသဖြင့် စမ်းသပ်မှုအောင်မြင်သူက အခြားအနီရောင်သင်္ကေတပိုင်ရှင် နှစ်ယောက်မဟုတ်ဘဲ သူအလေးမထားခဲ့သော ရွှေရောင်သင်္ကေတပိုင်ရှင်ဖြစ်နေသောကြောင့် ဖြစ်၏။

" ငါ့ရဲ့ တတိယမျက်လုံးက နားလည်နိုင်စွမ်းကို ကျွမ်းကျင်ပေမယ့် အချိန်ပိုယူကလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " တတိယမျက်လုံးနှင့်လူက ရေရွတ်လိုက်သည်။

" ဒါပေမယ့် ငါလည်း နီးစပ်လာပြီ။ " ထိုလူက ရုပ်တုကို ကြည့်လိုက်သည်နှင့် သူ၏ နဖူးပေါ်မှ သွေးစင်းကြောင်းက ဖြည်းညင်းစွာ ပွင့်လာသည်။

လင်းယွမ်က ပဉ္စမကြယ်ဂူတွင် ပေါ်လာသည်။ " ငါက ပဉ္စမကြယ်ဂူကို တိုက်ရိုက်ပို့ခံလိုက်ရတာပဲ။ "

လင်းယွမ်က အနည်းငယ် စိတ်ပျက်သွား၏။ အစတွင် သူက တောင်လျို့ဝှက်နည်းစနစ်ကို နားလည်ပြီးသောအခါ ထွက်မသွားသေးဘဲ အခြားရုပ်တုများကို လေ့လာရန် စဉ်းစားခဲ့သည်။ ရုပ်တုများအားလုံးတွင် တူညီသော နည်းစနစ်သာ ပါဝင်သည်ဟု ပြောလေသည်။ သို့သော် မဟုတ်လျှင်ရော။

" တောင်လျို့ဝှက်နည်းစနစ်က တကယ်ထူးခြားတာပဲ။ " ခနစဉ်းစားပြီးနောက် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ခံစားလိုက်သည်။

တောင်လျို့ဝှက်နည်းစနစ်ကို လှည့်ပတ်လိုက်သောအခါ သူ၏ သွေးနှင့်ချီများက ခိုင်မာလာပြီး မရွေ့လျားနိုင်သော တောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ လင်းယွမ်က သူ၏ ရုပ်ခန္ဓာက တဖြည်းဖြည်း တိုးတက်လာသည်ကိုလည်း ခံစားရသည်။

ခနကြာသောအခါ လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ " ပဉ္စမကြယ်ဂူ "

ဖန်ချင်းပေးသော အချက်အလက်များအရ ပထမကြယ်ဂူသုံးခုက ရုပ်ခန္ဓာကို စမ်းသပ်ခြင်းဖြစ်၏။ ပထမကြယ်ဂူ မြေဆွဲအား၊ ဒုတိယကြယ်ဂူ အမြန်နှုန်း၊ တတိယကြယ်ဂူ တုန့်ပြန်မှု အားလုံးက ရုပ်ခန္ဓာကို ရည်ညွှန်းလေသည်။

စတုတ္ထကြယ်ဂူက နားလည်နိုင်စွမ်းကို စမ်းသပ်ခဲ့သည်။ ထို့နောက် ပဉ္စမကြယ်ဂူနှင့် ဆဋ္ဌမကြယ်ဂူက စိတ်ဝိညာဉ်ကို စမ်းသပ်ခြင်းဖြစ်ပေလိမ့်မည်။

" စမ်းသပ်မှု တောင်တက်လမ်းအတိုင်း တောင်ထိပ်ကို ရောက်အောင်တက်ပါ။ ဒီစမ်းသပ်မှုတွင် အသက်အန္တရာယ်မရှိပါ။ "

" တောင်ထိပ်ကို တက်ရမယ်။ " လင်းယွမ်က အဝေးမှ တောင်ထိပ်ကို မော့ကြည့်လိုက်သည်။

တောင်က မီတာတစ်ရာမြင့်ပြီး အောက်ခြေတွင် ကျဉ်းမြောင်းသော တောက်တက်လမ်းတစ်ခု၏ ဝင်ပေါက်ရှိနေသည်။

လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။ ပြောစရာမလိုဘဲ တောင်ထိပ်သို့တက်ခြင်းက မရိုးရှင်းပေ။

" အသက်အန္တရာယ်မရှိဘူး။ " လင်းယွမ်က ကျောက်တုံးမျက်နှာပြင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုများမှ ထုတ်ပယ်ရာတွင် စည်းမျဉ်းနှစ်ခုရှိလေသည်။ ကြယ်ဂူတွင် တစ်လကြာသည်အထိ မအောင်မြင်လျှင် ထုတ်ပယ်ခံရမည်ဖြစ်သည်။ ဒုတိယက သေဆုံးလျှင်ဖြစ်သည်။

" ပထမဆုံး တောင်ထိပ်ကို တက်ကြည့်ရမယ်။ " လင်းယွမ်က တောင်ခြေသို့ သွားလိုက်ပြီး တောင်တက်လမ်းပေါ်သို့ ခြေချလိုက်သည်။

ဝုန်း....

မမြင်ရသော အားတစ်ခုက ဆင်းသက်လာသည်။

သူ၏ နဖူးရှိ နီဝမ်နန်းတော်ထဲမှ အဖြူအနက် ထိုက်ကျိသင်္ကေတက ရုတ်တရက် စတင်တုန်ခါလာသည်။ ရုတ်တရက် ဆင်းသက်လာသော ထိုစွမ်းအားက လင်းယွမ်၏ အကာအကွယ်များအားလုံးကို လျစ်လျူရှုပြီး စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခြင်းဖြစ်သည်။

ဝုန်းဝုန်း....

အဖြူအနက်ထိုက်ကျိသင်္ကေတက ဖြည်းညင်းစွာ စတင်လည်ပတ်လာသည်။ မကြာမီ မမြင်နိုင်သော စွမ်းအားကို ဖယ်ရှားသွားသည်။

" ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုလား။ " လင်းယွမ်က ပဉ္စမကြယ်ဂူ၏ စမ်းသပ်မှုကို နားလည်သွားသည်။

၎င်းက စိတ်ဝိညာဉ်ခုခံမှုဖြစ်သည်။ ခြေလှမ်းတိုင်းတွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို ခံရပေလိမ့်မည်။ ၎င်းကို ဆန့်ကျင်နိုင်မှ နောက်တစ်လှမ်း တက်နိုင်ပေလိမ့်မည်။ မခုခံနိုင်လျှင် ခနသတိမေ့ပြီး တောင်တက်လမ်းမှ ပြုတ်ကျသွားပေလိမ့်မည်။

လင်းယွမ်က ဤစမ်းသပ်မှုက အသက်အန္တရာယ်မရှိသည့်အကြောင်းရင်းကို နားလည်သွားသည်။ တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများက မီတာတစ်ရာမြင့်သော တောင်ထိပ်မှ ပြုတ်ကျလျှင်ပင် ထိခိုက်ခြင်းရှိမည်မဟုတ်ပေ။

တောက်တက်ချိန်တွင် စိတ်ဝိညာဉ်ကာကွယ်ရေးလက်နက်များကလည်း အသုံးမဝင်ပေ။ လင်းယွမ်၏ ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းလည်း အတူတူပင်ဖြစ်သည်။

လင်းယွမ်က လေးနက်နေသကဲ့သို့ နောက်ထပ် စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆင်းသက်လာသည်။

ဝုန်း ဝုန်း ဝုန်း...

မျက်ခုံးအလယ်ရှိ နီဝမ်နန်းတော်ထဲတွင် ထိုက်ကျိသင်္ကေတက ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ မကြာမီ ၎င်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဖြိုခွဲနိုင်ခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံပြီး သင်၏ စိတ်ဝိညာဉ်ကာကွယ်မှုကို ပြည့်စုံစေခဲ့ပါတယ်။ ]

သူ၏ မျက်ခုံးနှစ်ခုအလယ်မှ နီဝမ်နန်းတော်ထဲတွင် ထိုက်ကျိသင်္ကေတက ပို၍ တည်ငြိမ်လာသည်ကို လင်းယွမ်က ခံစားလိုက်ရသည်။

" အဲ့လိုအကျိုးကျေးဇူးလည်း ရှိသေးတာလား။ " အပြုံးတစ်ခုက လင်းယွမ်၏ မျက်နှာတွင် ပေါ်လာသည်။

လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက သိုင်းပညာများ၊ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၊ လျို့ဝှက်နည်းစနစ်များနှင့် နိယာမများကို နားလည်နိုင်သည့်အပြင် လင်းယွမ်ကိုလည်း အ​ခြေအနေနှင့် လိုက်ဖက်အောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။

ဥပမာ လုံဟုကမ္ဘာတွင် လင်းယွမ်က မွေးကာစအရွယ်တွင် ရှိစဉ်က အအေးဓာတ်နှင့် ဆာလောင်ခြင်းကြောင့် သေလုနီးပါး အခြေအနေတွင် သူက အအေးဓာတ်နှင့် ဆာလောင်ခြင်းကို ခံနိုင်ရည်ရှိသော နည်းလမ်းတစ်ခုကို နားလည်ခဲ့သည်။

ယခု လင်းယွမ်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို သူ၏ နီဝမ်နန်းတော်ထဲမှ ထိုက်ကျိသင်္ကေတဖြင့် ခုခံခဲ့သည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော နည်းလမ်းတစ်ခုကို နားလည်ခဲ့သည်။ သို့သော် ထိုပြောင်းလဲနိုင်စွမ်းကလည်း အကန့်အသတ်ရှိလေသည်။

လင်းယွမ်က နတ်လက်နက်ကမ္ဘာမှ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် သူက မည်သည့်နားလည်မှုမှ ဖမ်းဆုပ်ချိန်မရဘဲ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

" ကောင်းတယ်။ " လင်းယွမ်က စိတ်ထဲမှ ဝမ်းသာသွား၏။ သူက စိတ်ဝိညာဉ်၏ အရေးပါပုံကို နားလည်လေသည်။ စိတ်ဝိညာဉ်ကာကွယ်မှု သန်မာလေ သူက ပိုလုံခြုံလေဖြစ်သည်။

ဝုန်း....

နောက်ထပ် စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆင်းသက်လာသည်။

ယခုတစ်ကြိမ်တွင် သူ၏ ထိုက်ကျိသင်္ကေတက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ချေဖျက်ရန် အနည်းငယ် လှည့်ပတ်ရုံသာ လိုလေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံပြီး သင်၏ စိတ်ဝိညာဉ်ကာကွယ်မှုကို ပြည့်စုံစေခဲ့ပါတယ်။ ]

အဖြူအနက် ထိုက်ကျိသင်္ကေတက ပို၍ တည်ငြိမ်လာသည်။ ၎င်းကို ခံစားမိသောအခါ လင်းယွမ်က ပထမခြေလှမ်းတွင် ရပ်နေရန် ဆုံးဖြတ်လိုက်သည်။

စိတ်ဝိညာဉ်တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ကျရောက်လာချိန်တွင် အဖြူအနက် ထိုက်ကျိသင်္ကေတကလည်း ဖြည်းညင်းစွာ အသွင်ပြောင်းလဲလာသည်။

ဆယ်မိနစ်ကြာပြီးသောအခါ ပထမခြေလှမ်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ထိုက်ကျိသင်္ကေတကို လှုပ်ခါနိုင်စွမ်းမရှိတော့ပေ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ၎င်း၏ အနီးသို့ ရောက်သည်နှင့် အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လင်းယွမ်က ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။ ဒုတိယခြေလှမ်းမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပထမခြေလှမ်းထက် ပို၍ သန်မာသော်လည်း လင်းယွမ်ကိုတော့ ထိခိုက်နိုင်စွမ်းမရှိပေ။

လင်းယွမ်က ခြောက်လှမ်းမြောက်သို့ ရောက်ချိန်တွင် ပဉ္စမကြယ်ဂူထဲတွင် လူတစ်ယောက် ပေါ်လာသည်။

သူမက အနီရောင်သင်္ကေတပိုင်ရှင် ငွေရောင်ဆံပင်နှင့် ရင်လင်းပင် ဖြစ်၏။

" ပဉ္စမကြယ်ဂူ " ရင်လင်းက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး စမ်းသပ်မှုကို နားလည်သွားသည်။

" အချိန်တွေကြာတာတောင် သူက ခြေလှမ်းနည်းနည်းပဲရောက်သေးတယ်။ စမ်းသပ်မှုက တကယ်ခက်ခဲမယ့်ပုံပဲ။ " ရင်လင်းက ယခု လင်းယွမ်ကို အနီရောင်သင်္ကေတပိုင်ရှင် ပြိုင်ဘက်တစ်ယောက်ကဲ့သို့ သတ်မှတ်ထားသည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် ပါဝင်သော လူတိုင်းက ကြယ်ဂူခုနှစ်လုံးကို ကျော်ဖြတ်နိုင်လျှင် ချီခွန်မျိုးနွယ်သို့ ဝင်ရောက်နိုင်လေသည်။ အရေအတွက် ကန့်သတ်ချက်မရှိပေ။

စတုတ္ထကြယ်ဂူတွင် လင်းယွမ်၏ စွမ်းဆောင်မှုကို မြင်သောအခါ ရင်လင်းက လင်းယွမ်နှင့် ယှဉ်ပြိုင်လိုစိတ် ဖြစ်ပေါ်ခဲ့သည်။

" ငါလည်း ကောင်းကောင်းကြိုးစားရမယ်။ " ရင်လင်းက တောင်ခြေသို့သွားပြီး တောင်တက်လမ်းပေါ်သို့ ခြေချလိုက်သည်။

" ဟမ် မခက်ပါဘူး။ " စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ရင်လင်း၏ စိတ်ဝိညာဉ်က တားဆီးသွားခဲ့သည်။

နှစ်လှမ်း၊ သုံးလှမ်း။ ရင်လင်းက တောင်ထိပ်သို့ ဆက်တက်သွားသည်။ သူမက ခနအတွင်း ခြေလှမ်းလေးဆယ်သို့ ရောက်သွား၏။ ထိုတောင်က မီတာတစ်ရာမြင့်ပြီး ခြေလှမ်းသုံးရာခန့်ရှိသည်။

ထိုအချိန်တွင် ဆင်းသက်လာသော စိတ်ဝိညာဉ်တိုက်ခိုက်မှုက ရင်လင်းအတွက် သတိထားပြီး ခုခံရန် လုံလောက်လေသည်။

သူမက အောက်သို့ လှမ်းကြည့်လိုက်သောအခါ လင်းယွမ်က ခုနှစ်လှမ်းမြောက် လှမ်းလိုက်သည်ကို မြင်လိုက်ရသည်။

" ဒီကောင် " ရင်လင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာပေါ်လာသည်။

ပထမ ခြေလှမ်းနှစ်ဆယ်က တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် ပြဿနာမရှိသည်ကို သူမ သိခဲ့ရသည်။ ပုံမှန်အားဖြင့် သူတို့က ခံနိုင်ရည်ရှိကြလေသည်။

လင်းယွမ်က ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ယောက် ဖြစ်သည်။ စည်းမျဉ်းများကို နားလည်ပြီးနောက် သူက ပထမခြေလှမ်းနှစ်ဆယ်ကို လျှောက်ရန် ပြဿနာမရှိပေ။

" ထူးဆန်းတာတစ်ခုခုရှိနေတာလား။ " ရင်လင်းက တွေးလိုက်၏။

လင်းယွမ်က အရူးတစ်ယောက်မဟုတ်သည်ကိုတော့ သူမသိလေသည်။ သူက ခြေလှမ်းတိုင်းကို လေးနက်စွာ လှမ်းနေခဲ့သည်။

ဝုန်း ဝုန်း ဝုန်း....

စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ဆက်တိုက် ဆင်းသက်လာသည်။

ရင်လင်းက ထိုအဆင့်မှ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံနိုင်ပြီး ၎င်းက အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်ဟု သူမ ထင်လေသည်။

" ဘယ်လိုထူးဆန်းမှုမျိုးလဲ။ " ရင်လင်း၏ မျက်နှာက နီရဲသွားပြီး သူမ၏ လုပ်ရပ်က အရူးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ခွန်အားကို အသုံးမပြုဘဲ အချိန်ကြာရပ်တန့်နေခြင်းက မည်သည့်အကျိုးမှ မရှိသည်မှာ သေချာလေသည်။ ၎င်းကို သဘောပေါက်ပြီးနောက် ရင်လင်းက တောင်ထိပ်သို့ ဆက်တက်သွားသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters