စိတ်မျှော်စင်....
Vol. 7 Ch. 110
" စိတ်ဝိညာဉ်ကာကွယ်မှုက နှစ်ဆယ်ရာခိုင်နှုန်း တိုးတက်လာပြီ။ နီဝမ်နန်းတော်ထဲက ထိုက်ကျိသင်္ကေတကလည်း ဆယ့်ငါးရာခိုင်နှုန်း ခိုင်ခံ့သွားပြီ။ " ခုလှမ်းမြောက်သို့ ရောက်ချိန်တွင် လင်းယွမ်က စမ်းသပ်မှုကို အတော်ပင် သဘောကျနေသည်။ ၎င်းက တစ်ယောက်တည်း လေ့ကျင့်ခြင်းထက် ပိုကောင်းလေသည်။
" ငါက ချီခွန်မျိုးနွယ်ကို ဝင်နိုင်သည်ဖြစ်စေ မဝင်နိုင်သည်ဖြစ်စေ လက်ရှိအခြေအနေကို ကောင်းကောင်းအသုံးချရမယ်။ " ခုနှစ်လှမ်းမြောက် စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့အတွက် ခြိမ်းခြောက်မှုမရှိသောအခါ လင်းယွမ်က ရှစ်လှမ်းမြောက်ကို လှမ်းလိုက်သည်။ သူက တစ်လမကုန်ခင်အထိ ပဉ္စမဂူတွင် နေနိုင်လေသည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ၏ ဆန်းကြယ်သော နေရာတွင်။
လင်းယွမ်၏ လုပ်ရပ်များက လူဆယ်နှစ်ယောက်ကို စိတ်ဝင်စားသွားစေသည်။
" လင်းယွမ်က တကယ် ဘာလုပ်နေတာလဲ။ "
" သူက နောက်ဆုံးစမ်းသပ်မှုကို မြန်မြန်မဖြတ်ဘဲ ဘာလို့ ပဉ္စမကြယ်ဂူမှာပဲ အချိန်ဖြုန်းနေတာလဲ။ "
" သူ့ရဲ့စိတ်ဝိညာဉ်က အားနည်းလို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေအောက်မှာ ရုန်းကန်နေရတာလား။ " အောက်မှ လူကိုးယောက်က အချင်းချင်း ဆွေးနွေးနေကြသည်။
ချီခွန်ကြယ်သခင် ဖန်တီးထားသော ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို တပည့်ဆယ်နှစ်ယောက်ပင် မနှောက်ယှက်နိုင်ပေ။ စမ်းသပ်မှုတစ်ခုစီတွင် ကိုယ်ပိုင်စွမ်းရည်အပေါ်မူတည်ပြီး စမ်းသပ်ခြင်းဖြစ်သည်။
လင်းယွမ်၏ လုပ်ရပ်က ရည်ရွယ်ချက်ရှိခြင်းမဟုတ်လျှင် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုံခံနိုင်စွမ်းမရှိခြင်းကို ဆိုလိုလေသည်။
ပဉ္စမကြယ်ဂူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက လူတစ်ယောက်ချင်းစီ၏ အခြေခံခွန်အားအပေါ်တွင် မူတည်လေသည်။ ဥပမာ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က တတိယအလွှာ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုသာ ခုခံရပြီး အများဆုံး တတိယအလွှာ အထွတ်အထိပ်သာ ရှိသည်။
လင်းယွမ်က စတုတ္ထအလွှာ အဆင့်တစ်ဆယ်ဖြစ်သောကြောင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကလည်ယ စတုတ္ထအလွှာတွင်သာ ရှိမည်ဖြစ်ပြီး စိတ်ဝိညာဉ်ကာကွယ်မှုတွင် မကျွမ်းကျင်ပါက ထိုကဲ့သို့ ရုန်းကန်နေရသည်မှာ အံ့ဩစရာမရှိပေ။
" စိတ်ဝိညာဉ်ကာကွယ်မှုမှာ မကျွမ်းကျင်ဘူးလား။ " လူကိုးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" အဲ့ဒါက အဓိကမဟုတ်ဘူး။ " အထက်မှသုံးယောက်က ဂရုမစိုက်ပေ။
စိတ်ဝိညာဉ်ကာကွယ်မှုကို နောက်ပိုင်းတွင် မြှင့်တင်နိုင်လေသည်။ လင်းယွမ်က ထိုအရာတွင် အားနည်းပါက သူ့ကို စိတ်ဝိညာဉ်ကာကွယ်ရေးရတနာအချို့ ပေးလိုက်ရုံသာရှိသည်။
" ဒီအရှိန်နဲ့ဆို သူက တစ်လအတွင်း ပဉ္စမကြယ်ဂူကို ဖြတ်ကျော်နိုင်ပါမလား။ " ဘယ်ဘက်မှ လူက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။
သူက ချီခွန်ကြယ်သခင်၏ တတိယတပည့် ကုဇီဖြစ်ပြီး ဆဋ္ဌမအလွှာကို ကျော်လွန်နေသူလည်း ဖြစ်သည်။ သူတို့သုံးယောက်ထဲတွင် ကုဇီက လင်းယွမ်ကို အကောင်းမြင်ဆုံးဖြစ်သည်။
" ဖြည်းဖြည်းပေါ့။ " ကုဇီက တွေးလိုက်သည်။
လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို မကျော်ဖြတ်နိုင်လျှင်တောင် သူက လင်းယွမ်ကို ချီခွန်မျိုးနွယ်သို့ ခေါ်လာနိုင်စွမ်းရှိလေသည်။ သို့သော် ထိုသို့ဖြစ်လျှင် လင်းယွမ်၏ အဆင့်က စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သော အခြားသူများထက် နိမ့်သွားပေလိမ့်မည်။
ချီခွန်ကြယ်သခင် ဖန်တီးထားသော ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုက အမြဲတမ်း မဖွင်ပေ။ ထို့ကြောင့် စမ်းသပ်မှုတစ်ခါ ဖွင်လျှင် တန်ဖိုးများစွာ ကုန်ကျပေလိမ့်မည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုများက အလွန်တိကျလေသည်။ မတူညီသော စမ်းသပ်မှုခုနှစ်ခုက လူတိုင်း၏ အလားအလာကို အခြေခံအားဖြင့် အကဲဖြတ်နိုင်လေသည်။
တောင်တက်လမ်းတွင် လင်းယွမ်က ခြေတစ်လှမ်းတို့ပြီး ရပ်လိုက်သည်။
" ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက လွယ်လွယ်နဲ့ ကြုံတွေ့ရတဲ့ အရာတွေမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုများက စိတ်စွမ်းအားကို အသုံးပြုရသော အထူးနည်းလမ်းတစ်ခု ဖြစ်လေသည်။ စွမ်းအားများ စုဆောင်းရန်လည်း မလွယ်ကူပေ။
စိတ်ဝိညာဉ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူများက စိတ်ဝိညာဉ်တိုက်ခိုက်မှု ဆယ်ကြိမ် သို့မဟုတ် နှစ်ဆယ် အသုံးပြုပြီးလျှင် သူတို့က အချိန်တစ်ခုအထိ အနားယူရပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က သူ့ကို ဆက်တိုက်ကူညီပေးနိုင်သော စိတ်ဝိညာဉ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ရှာရန် ခက်ခဲလှသည်။
" ဒါပေမယ့် တိုးတက်မှုက နှေးလွန်းတယ်။ " လင်းယွမ်က သူ၏ စိတ်ဝိညာဉ်တိုးတက်မှုက ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။
" အဓိကက ငါ့အတွက် စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက အားနည်းလာလို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူက ခြိမ်းခြောက်မှု ခံစားလာရမှသာ သူ၏ စိတ်ဝိညာဉ်ပြည့်စုံလာစေရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို လှုံ့ဆောင်နိုင်မည်ဖြစ်သည်။
ယခု လင်းယွမ်က ခြိမ်းခြောက်မှုကို မခံစားရတော့ပေ။ ၎င်းက ပထမကြယ်ဂူ မြေဆွဲအားစမ်းသပ်မှုကဲ့သို့ ဖြစ်သည်။ လင်းယွမ်က မည်သည့်နည်းလမ်းမှ အသုံးမပြုဘဲ သူ၏ ရုပ်ခန္ဓာဖြင့် အနက်ရောင်လမ်းကို လွယ်ကူစွာ ဖြတ်လျှောက်နိုင်လေသည်။ ထို့ကြောင့် အစမှအဆုံး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက သူ၏ ရုပ်ခန္ဓာကို အဆင့်မြှင့်ရန် ပေါ်မလာခဲ့ပေ။
" အချိန်ရှိပါသေးတယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။
သူက ခြေလှမ်းနှစ်ဆယ်မြောက်တွင် ရပ်လိုက်သည်။ ယခု သူက တောင်တက်လမ်း၏ ဆယ်ပုံတစ်ပုံနီးပါး ရောက်လာပြီဖြစ်သည်။
လင်းယွမ်က တောင်ထိပ်သို့ လှမ်းကြည့်လိုက်သောအခါ ရင်လင်းက တောင်ထိပ်နှင့် အနည်းငယ်သာ လိုတော့သည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ၏ အသွင်အပြင်က ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ နောက်ဆုံးခြေလှမ်းအနည်းငယ်က သူမအတွက် ခက်ခဲနေသည်မှာ ထင်ရှားလေသည်။
" ငါ သေချာဂရုမစိုက်ခဲ့တာ နှမြောစရာပဲ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံတာက အများကြီးတော့ မြင်ရမှာမဟုတ်ဘူး။ "
လေဟာနယ်နိယာမက ရှားပါးသောကြောင့် လင်းယွမ်က သူမဆီမှ အသိအမြင်များကို စုဆောင်းနိုင်ရန် မျှော်လင့်ခဲ့သည်။ သို့သော် အသိအမြင်များ ရရှိနိုင်ရန် သူမက လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် လိုအပ်လေသည်။
ရင်လင်း လေဟာနယ်ဖြတ်သန်းခြင်းကို အသုံးသောအချိန်ကလိုပင် လင်းယွမ်က ၎င်းနှင့် ပက်သက်သော အသိအမြင်များကို ရရှိခဲ့သည်။ လင်းယွမ်က လူတစ်ယောက်၏ လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် အသိအမြင်များ ရရှိနိုင်လေသည်။
" မိတ်ဆွေ ဘာကြည့်နေတာလဲ။ " လင်းယွမ်က စဉ်းစားနေစဉ် ဘေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
သူမက ရွှေရောင်သင်္ကေတပိုင်ရှစ်တစ်ယောက် ဖြစ်ပြီး သူမ၏ ဂြိုလ်ပေါ်တွင် ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်၏။ သို့သော် ယခုအချိန်တွင် သူမက အသက်ရှုမဝဖြစ်နေသည်။ အချိန်တိုအတွင်း ခြေလှမ်းနှစ်ဆယ် တက်လာခြင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှု နှစ်ဆယ်ကို ဆက်တိုက်ခုခံခဲ့ခြင်းဖြစ်သည်။
" ဘာမှမဟုတ်ပါဘူး။ ငါက အဲ့ဒီအနီရောင်သင်္ကေတပိုင်ရှင် စမ်းသပ်မှုကို ကျော်ဖြတ်မှာကို ကြည့်နေတာ။ " လင်းယွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။
" ရင်လင်း...ငါ သူမကိုသိတယ်။ သူမဆရာက ကျော်ကြားတဲ့ ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့် တစ်ယောက်ပဲ။ ဒီတစ်ကြိမ် သူမ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို ပါဝင်တာက အဲ့ဒီသုံးယောက်ရဲ့ တပည့်ဖြစ်ချင်လို့ပဲ။ " သူမက ပြုံးပြီးပြောလိုက်သည်။
လူတစ်ယောက်က ခြေလှမ်းတစ်လှမ်းတွင် ရပ်တန့်နေပါက ထိုခြေလှမ်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ဆက်တိုက်ကျရောက်နေမည်ဖြစ်သည်။ သို့သော် ပြင်းထန်မှုက တသမတ်တည်းဖြစ်သောကြောင့် ပထမတိုက်ခိုက်မှုကို ခုခံနိုင်သည်နှင့် နောင်ပိုင်းတွင် ပြဿနာမရှိတော့ပေ။
" အဲ့ဒီသုံးယောက် " လင်းယွမ်က ထိုစကားကို နားလည်လိုက်သည်။
သူတို့က ချီခွန်ကြယ်သခင်၏ အသန်မာဆုံး တပည့်သုံးယောက်ဖြစ်ပြီး ဆဋ္ဌမအလွှာကို ကျော်လွန်နေကြပြီဖြစ်သည်။
" ချီခွန်ကြယ်သခင်က တပည့်တွေ သင်ကြားရာမှာ အတော်လေး ကျွမ်းကျင်ပုံပဲ။ " လင်းယွမ်က မှတ်ချက်ချလိုက်သည်။
ဆဋ္ဌမအလွှာကို ကျော်လွန်သွားသူများက ပြင်ပအကူအညီများ အသုံးမဝင်တော့ဘဲ သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရန်လိုအပ်လေသည်။ ချီခွန်ကြယ်သခင်က ထိုကဲ့သို့ စွမ်းရည်ရှိသော တပည့်သုံးယောက်ကို လမ်းညွှန်နိုင်ခဲ့သောကြောင့် ထိုနယ်ပယ်တွင် သူက အလွန်ကျွမ်းကျင်ပုံရ၏။
" အမှန်ပဲ။ ကြယ်သခင်ရဲ့ ခွန်အားကလည်း တကယ်ကြောက်စရာကောင်းတယ်။ အင်ဆက်မျိုးနွယ်နဲ့ စစ်ပွဲမှာ ကြယ်သခင်က သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြီး အင်းဆက်မျိုးနွယ် အသိုက်တစ်ခုကို တစ်ချက်တည်း မျိုချပစ်ခဲ့တယ်။ " ရွှေရောင်သင်္ကေတပိုင်ရှင်က လေးစားစွာ ပြောလိုက်သည်။
" အင်းဆက်မျိုးနွယ် အသိုက်တစ်ခု " လင်းယွမ်၏ အမူအရာက လေးနက်သွား၏။
အင်းဆက်မျိုးနွယ်အသိုက်တိုင်းတွင် အင်းဆက်ဘုရင်မတစ်ယောက်ရှိလေသည်။ ထို့အပြင် ကိုယ်ပိုင်အသိုက်တည်ဆောက်နိုင်သော ဘုရင်မက လူသားမျိုးနွယ်၏ သတ်မှတ်ချက်အရ ဆဋ္ဌမအလွှာကို ကျော်လွန်နေပြီဖြစ်သည်။
အင်းဆက်မျိုးနွယ်အသိုက်တစ်ခုတွင် အင်းဆက်မျိုးနွယ်စစ်သည်များစွာ ထွက်ပေါ်လာနိုင်လေသည်။ ပထမအလွှာ၊ ဒုတိယအလွှာ၊ တတိယအလွှာ၊ စတုတ္ထအလွှာ၊ ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာများကိုပင် မွေးထုတ်ပေးနိုင်လေသည်။
အခြားမျိုးနွယ်များအတွက် ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာသို့ ရောက်ရန် နှစ်ပေါင်းများစွာ လိုအပ်သော်လည်း အင်းဆက်မျိုးနွယ်အတွက် လုံလောက်သော စွမ်းအားရှိနေသရွေ့ ဘုရင်မများက အကန့်အသတ်မရှိ ဖန်တီးနိုင်လေသည်။
ဆဋ္ဌမအလွှာ အင်းဆက်မျိုးနွယ်စစ်သည်က အဆင့်တူ လူသားမျိုးနွယ်ကို တိုက်ခိုက်ရေးစွမ်းအားဖြင့် တိုက်ရိုက်ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် အရေအတွက်က တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း စသည်ဖြင့် ပြောင်းလဲသွားလျှင်တော့ အခြေအနေက မတူတော့ပေ။
ထိုသို့ ကြောက်စရာကောင်းသောကြောင့် အင်းဆက်မျိုးနွယ်က ကြယ်စကြာဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေခြင်းဖြစ်သည်။
အင်းဆက်မျိုးနွယ်နှင့် လူသားမျိုးနွယ်၏ စစ်ပွဲတွင် လူသားမျိုးနွယ်က ကံကောင်းထောက်မစွာဖြင့် တိုက်ခိုက်ရေးစွမ်းအား သာလွန်ခဲ့သောကြောင့် လက်ရှိအခြေအနေသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ချီခွန်ကြယ်သခင်က စစ်မြေပြင်တွင် အင်းဆက်မျိုးနွယ်အသိုက်တစ်ခုကို ဝါးမျိုလိုက်ခြင်းက မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ၏ အသက်ကို ကယ်တင်ခြင်းနှင့် ညီမျှသောကြောင့် ကြီးမားသော အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။
အင်းဆက်မျိုးနွယ်၏ အရင်းအမြစ်တစ်ခုအနေဖြင့် အသိုက်များကို အမြင့်ဆုံးထိ ကာကွယ်ထားသောကြောင့် လွယ်ကူသော ပစ်မှတ်တော့မဟုတ်ပေ။
ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲသူများပင် အင်းဆက်စစ်သည်များ၏ ဖုံးလွှမ်းမှုအောက်၌ အသိုက်ကို ရှာမတွေ့မိ ပျောက်ကွယ်သွားကြသည်။ အသိုက်များက အကာအကွယ်မရှိလျှင်တောင် အလိုအလျောက်ရှင်သန်နိုင်ကြသည်။
ရွှေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူက လင်းယွမ်နှင့် ခနစကားပြောပြီး VR ကမ္ဘာမှ ထွက်ခွာသွားသည်။
လင်းယွမ်က ထိုနေရာတွင် ခနဆက်နေပြီးနောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သူကလည်း VR ကမ္ဘာမှ ထွက်ခွာသွား၏။
" နည်းနည်းတော့ ပင်ပန်းတာပဲ။ " လင်းယွမ်က သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
စတုတ္ထအလွှာကို ရောက်ပြီးနောက် ရုပ်ခန္ဓာက ပင်ပန်းမှုမရှိသလောက်ပင် ဖြစ်လာသည်။ ချီနှင့်သွေးများက လှည့်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ ထိုက်ယင်နှင့် ထိုက်ယန် စွမ်းအားတို့ကို ရှုရှိုက်ရုံဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်လေသည်။
သို့သော် ခန္ဓာကိုယ်က မပင်ပန်းသော်လည်း စိတ်ကတော့ မတူပေ။ အထူးသဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ဆက်တိုက်ခံယူပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စိတ်ဝိညာဉ်ကာကွယ်မှုကို ပြည့်စုံစေသောအခါ ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရလေသည်။
" အိပ်ဦးမှပါ။ " လင်းယွမ်က မျက်လုံးများမှိတ်လိုက်သည်။ သူမအိပ်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ယခုအိပ်စက်ရန် အကောင်းဆူံးအချိန် ဖြစ်လေသည်။
တစ်ရက်ကြာပြီးသောအခါ လင်းယွမ်က မျက်လုံးများ ပွင့်လာသည်။ သူက ပင်းပန်းမှုများ ပျောက်ကွယ်သွားပြီး လန်းဆန်းမှုကို ခံစားလိုက်ရသည်။
[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများစွာကို ခံယူပြီး စိတ်ဝိညာဉ်ကာကွယ်ရေး လျို့ဝှက်နည်းစနစ် စိတ်မျှော်စင်ကို နားလည်သွားပါပြီ။ ]
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း