ဆဋ္ဌမကြယ်ဂူ ပုံရိပ်ယောင်စမ်းသပ်မှု...
Vol. 7 Ch. 111
လင်းယွမ်၏ မျက်ခုံးနှစ်ခုအလယ်မှ နီဝမ်နန်းတော်အတွင်းတွင် စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး အဖြူအနက် ထိုက်ကျိသင်္ကေတကို တုန်ခါသွားစေခဲ့သည်။ ထို့နောက် အရောင်ငါးရောင်ရှိသော မျှော်စင်တစ်ခုက နီဝမ်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
" စိတ်ဝိညာဉ်ကာကွယ်ခြင်း လျို့ဝှက်နည်းစနစ် " လင်းယွမ်က ပျော်ရွှင်သွား၏။
နီဝမ်နန်းတော်၏ အပြင်ဘက်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် တည်ဆောက်ထားသော မျှော်စင်၏ ကာကွယ်မှုက ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းထက်ပင် ကျော်လွန်သည်ကို ခံစားလိုက်ရသည်။
ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းက စိတ်ဝိညာဉ်ကာကွယ်ရေးလက်နက်တစ်ခု ဖြစ်၏။ ယခု လင်းယွမ်က ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းကို အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် စိတ်ဝိညာဉ်ကို ကာကွယ်နိုင်ပြီဖြစ်သည်။
" အခုကစပြီး ငါက ကမ္ဘာတွေကူးပြောင်းရင်တောင် စိတ်ဝိညာဉ်ကာကွယ်မှုအတွက် စိတ်ပူစရာမလိုတော့ဘူး။ " လင်းယွမ်က ကျေနပ်နေသည်။
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ရုပ်ခန္ဓာမပါဘဲ စိတ်အသိဖြင့် ဆင်းသက်ချိန်တွင် ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းကို ယူသွား၍ မရပေ။ ယခု စိတ်ဝိညာဉ်ကာကွယ်ခြင်း လျို့ဝှက်နည်းစနစ်ဖြင့် သူက ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းမရှိလျှင်တောင် သူ၏ စိတ်ဝိညာဉ်ကာကွယ်မှုအတွက် ယုံကြည်မှုရှိသွားပြီဖြစ်သည်။
" ဆက်လုပ်ရမယ် ဆက်လုပ်ရမယ်။ " လင်းယွမ်က စိတ်အားထက်သန်မှု အပြည့်နှင့် ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ပဉ္စမကြယ်ဂူ။
တောင်တက်လမ်း၏ အလယ်တွင် လင်းယွမ်က ရုတ်တရက် ပေါ်လာသည်။
" ဟမ် " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
သူပေါ်လာသည်နှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆင်းသက်လာသော်လည်း နီဝမ်နန်းတော်သို့ မရောက်မီ စိတ်မျှော်စင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
" စိတ်မျှော်စင် " လင်းယွမ်က အံ့ဩသွားမိသည်။
ထိုအဆင့်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက လင်းယွမ် စိတ်ဝိညာဉ်၏ ပြင်ပအကာအကွယ်ကို လှုပ်ခါနိုင်လေသည်။ သို့သော် ယခု စိတ်ဝိညာဉ်ကာကွယ်ခြင်း လျို့ဝှက်နည်းစနစ်ဖြင့် ရင်ဆိုင်ကချိန်တွင် သူကိုယ်တိုင်ပင် အားစိုက်စရာ မလိုခဲ့ပေ။
လင်းယွမ်၏ အတွေးနှင့်အတူ စိတ်မျှော်စင်က စတင်ပျောက်ကွယ်လာသည်ယာ ၎င်းက စိတ်ဝိညာဉ်ကာကွယ်ခြင်း လျို့ဝှက်နည်းစနစ်ဖြစ်သောကြောင့် ထိန်းချုပ်နိုင်လေသည်။ ပဉ္စမကြယ်ဂူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများမှ အကျိုးအမြတ်များ ရရှိရန် လင်းယွမ်က စိတ်မျှော်စင်ကို ရုတ်သိမ်းထားလိုက်သည်။
လင်းယွမ်က ရှေ့ဆက်သွားလိုက်သကဲ့သို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ဆက်တိုက်ဆင်းသက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က ခံနိုင်ရည်ရှိလာသည်။ နောက်ဆုံးတွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုများက သူ့ကို ခြိမ်းခြောက်နိုင်စွမ် မရှိတော့ပေ။
" အချိန်ကျပြီ။ " လင်းယွမ်က နောက်ဆုံးခြေလှမ်းသို့ ရောက်ပြီးနောက် တွေးလိုက်သည်။ သူက ပဉ္စမကြယ်ဂူတွင် လဝက်နီးပါး နေခဲ့လေသည်။
သူက ဆက်နေနိုင်သေးသော်လည်း အကျိုးအမြတ်များ မရရှိသောကြောင့် ထိုနေရာတွင် အချိန်ဖြုန်းနေရန် အကြောင်းရင်းမရှိပေ။
" ဆင့်ကဲပြောင်းလဲသူနည်းနည်း ရှိသေးတာပဲ။ " လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။
တောင်တက်လမ်း၏ အလယ်နှင့် အောက်ခြေတွင် ဆင့်ကဲပြောင်းလဲသူများ ရှိနေကြသည်။ ထိုဆင်ကဲပြောင်းလဲသူအများစုမှာ ငွေရောင်သင်္ကေတများနှင့် စတုတ္ထဂူကို ကျော်ဖြတ်ပြီး ပဉ္စမကြယ်ဂူသို့ ရောက်သောအခါ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ရုန်းကန်ခုခံနေရသည်။
" သွားမယ်။ " လင်းယွမ်၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး တောင်ထိပ်ပေါ်သို့ တိုက်ရိုက်ရောက်သွားသည်။
အလင်းရောင်အချို့ လင်းလက်သွားပြီး လင်းယွမ်က တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။
ဆန်းကြယ်သောနေရာတွင် လင်းယွမ်က ပဉ္စမကြယ်ဂူအား ဖြတ်သန်းသွားသည်ကို မြင်သောအခါ လူဆယ့်နှစ်ယောက်လုံးက သက်ပြင်းချလိုက်ကြသည်။
" နောက်ဆုံးတော့ သူပြီးသွားပြီ။ "
" ဆဋ္ဌမကြယ်ငူရဲ့ စမ်းသပ်မှုက သိပ်မဆိုးပါဘူး။ ပဉ္စမကြယ်ဂူကို ကျော်ဖြတ်နိုင်တာနဲ့ ဆဋ္ဌမကြယ်ဂူကို အောင်မြင်ဖို့ အချိန်တစ်ခုပဲ လိုတယ်။ " ကုဇီက လင်းယွမ်ကို မျှော်လင့်ချက်အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ သတ္တမကြယ်ဂူကို လင်းယွမ် ဘယ်လိုဖြတ်ကျော်မလဲဆိုတာ သူသိချင်နေသည်။
" ဆန့်ကျင်ဘက်အရပ်သို့ ရောက်လျှင် စမ်းသပ်မှု အောင်မြင်မည်။ အသက်အန္တရာယ်မရှိပါ။ " လင်ယွမ်က စမ်းသပ်မှုအကြောင်းကို ဖတ်လိုက်သည်။
" ဆန့်ကျင်ဘက်အရပ် " လင်းယွမ်က မော့ကြည့်လိုက်သည်။
ထိုဆန့်ကျင်ဘက်အရပ်ဆိုသည်မှာ ခြေဆယ်လှမ်းသာဝေး၏။ သို့သော် ထိုခြေဆယ်လှမ်းအတွင်း ဆင့်ကဲပြောင်းလဲသူများက ရပ်တန့်နေကြသည်။
" ဒီကြယ်ဂူက စိတ်ဝိညာဉ်စမ်းသပ်မှုပဲ။ ဒါက ရိုးရှင်းတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတော့မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ခြေဆယ်လှမ်းအတွင်း ရပ်နေသော ဆင့်ကဲပြောင်းလဲသူများက အမူအရာအမျိုးမျိုးနှင့် ရှိနေကြပြီး အချို့က တည်ငြိမ်နေသကဲ့သို့ အချို့က တိုက်ခိုက်မှုအောက် ကျရောက်နေသကဲ့သို့ ဖြစ်ကြသည်။
ခနလေ့လာပြီးသောအခါ လင်းယွမ်က ပြဿနာမရှိသည်ကို အတည်ပြုပြီး ဆန့်ကျင်ဘက်အရပ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ချက်ခြင်း သူ၏ ပတ်ဝန်းကျင်မှ မြင်ကွင်းများက ပြောင်းလဲသွားသည်။ လင်းယွမ်က ခမ်းနားသော အဆောက်အဦးတစ်ခု၏ အပေါ်ဆုံးထပ်တွင် ထိုင်နေပြီး ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ မြင်နေရသည်။
စစ်သင်္ဘောများနှင့် အာကာသယာဉ်များက တစ်စင်းပြီးတစ်စင်း ဆင်းသက်နေကြပြီး ဂြိုလ်၏ အပြင်ဘက်တွင် နေနှင့်လကဲ့သို့ ကြီးမားသော အာကာသခံတပ်ကြီးတစ်ခု ရှိနေသည်။
" အခု ငါ့ရဲ့ အဆင့်အတန်းက ချီခွန်ကြယ်နယ်မြေရဲ့ အချမ်းသာဆုံး ကုန်သည်တစ်ယောက်လား။ ငါက ကြယ်စနစ်တစ်ခုလုံးကို ဝယ်နိုင်တဲ့အထိ ချမ်းသာတာလား။ ငါက အခြားကြယ်နယ်မြေတွေ မျိုးနွယ်ခြားတွေနဲ့တောင် စီးပွားရေလုပ်တာလား။ " လင်းယွမ်၏ စိတ်ထဲသို့ မှတ်ဉာဏ်များ စီးဆင်လာပြီး သူ၏ လက်ရှိအခြေအနေကို လျင်မြန်စွာ နားလည်သွားသည်။
" သခင် အရင်လက ဝယ်ခဲ့တဲ့ အဆင့်ခြောက် အရင်းအမြစ်ဂြိုလ်က အခု စီမံနိုင်ပါပြီ။ အဲ့ဒီအဆင့်ခြောက်အရင်းအမြစ်ဂြိုလ်က ရှားပါးသတ္တုတွေ ကြွယ်ဝပြီး နှစ်စဉ် စကြာဝဠာငွေ ၂၃၀၀၀၀ရှိပါတယ်။ "
" သခင် မနှစ်က ဗဟိုဘဏ်အပ်ငွေထဲက အတိိုးက စကြာဝဠာငွေ ၁၂၀ ရရှိပါတယ်။ သခင် ရင်းနှီးမြှုပ်နှံထားတဲ့ စကြာဝဠာဂလက်စီကုမ္ပဏီက ဒီနှစ် ရှယ်ယာငွေ ၈၃ စကြာဝဠာငွေ ရရှိပါတယ်။ "
" သခင် "
Ai စက်ရုပ်များက ဝင်ငွေအမျိုးမျိုးကို တင်ပြနေကြသည်။ အသုံးပြုသော ငွေကြေးစနစ်က လူမှုရေးငွေ မဟုတ်တော့ဘဲ အဆင့်မြင့် စကြာဝဠာငွေ ဖြစ်သည်။ စကြာဝဠာငွေကို လူမျိုးစု နယ်ပယ်အသီးသီးတွင် အသုံးပြုကြသည်။
" အရမ်းချမ်းသာတာပဲ။ " လင်းယွမ်က သူ၏ ဘဏ်အကောင့်ကို စစ်ဆေးကြည့်လိုက်သောအခါ ဂဏန်းအရှည်ကြီးကို တွေ့လိုက်ရသည်။
" အားလုံးက ပုံရိပ်ယောင်တွေ ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ၏ ပတ်ဝန်းကျင်မှ မြင်ကွင်းများက စတင်ပြိုကွဲလာသည်။သူက ဆဋ္ဌမကြယ်ဂူထဲသို့ ပြန်ရောက်လာသည်။
" ဒါဆို ခြေလှမ်းတိုင်းက ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲ ကျရောက်သွားတာပေါ့။ " လင်းယွမ်က ပထမခြေလှမ်းကို ပြီးမြောက်သွားပြီး သေချာစဉ်းစားနေသည်။
" ပုံရိပ်ယောင်ကမ္ဘာက မခက်ပါဘူး။ ပြင်ဆင်ထားရင် သိပ်မခြိမ်းခြောက်နိုင်ဘူး။ ဒါပေမယ့် ဆွဲဆောင်နိုင်လွန်းတယ်။ အဲ့ဒါက ပုံရိပ်ယောင်မှန်းသိနေတာတောင် အတွေ့အကြုံရဖို့ နည်းနည်းကြာအောင် နေချင်တုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အကယ်၍ လူတစ်ယောက်က ထိုကဲ့သို့ အတွေးများရှိလျှင် အန္တရာယ်ရှိနိုင်လေသည်။ အကြောင်းမှာ ပုံရိပ်ယောင်နယ်တွင် ကုန်ဆုံးသွားသော အချိန်များက ပြင်ပကမ္ဘာတွင်လည်း အတူတူသာ ဖြစ်လေသည်။
ပုံရိပ်ယောင်ကမ္ဘာ စမ်းသပ်မှုက အသက်အန္တရာယ်ကိုတော့ မခြိမ်းခြောက်နိုင်ပေ။ သို့သော် လူတစ်ယောက်က ကြယ်ဂူထဲတွင် တစ်လကျော်အောင် နေပါက စမ်းသပ်မှု ကျရှုံးသွားမည်ဖြစ်သည်။
" ဆက်သွားမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။
သူ၏ ပတ်ဝန်းကျင်က တဖန်ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင် လင်းယွမ်က ခမ်းနားထည်ဝါသော နန်းတော်တစ်ခုထဲတွင် ပေါ်လာသည်။သူ၏ ပတ်လည်တွင် အလှလေးများ ဝန်းရံနေသည်။
ထိုမိန်းကလေးများက ရင်သပ်ရှုမောဖွယ် လှပကြပြီး လှုပ်ရှားမှုတိုင်းက စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်လေသည်။
" ပထမခြေလှမ်းက ချမ်းသာမှု၊ ဒုတိယခြေလှမ်းက မိန်းမ...." လင်းယွမ်က တွေးလိုက်သည်။ သူက ပုံရိပ်ယောင်မှန်း သိနေလျှင်တောင် အထိအတွေ့များ၊ လေထဲမှ မွှေးရနံ့များက တကယ့် အစစ်အမှန်ကဲ့သို့ ဖြစ်နေသည်။
" အရှင်မင်းကြီး..." အပြာရောင်မျက်လုံးများနှင့် မိန်းမလှလေးက လင်းယွမ်၏ ရင်ဘတ်တလျှောက် သူမ၏ လက်ချောင်းများကို ရွေ့လျားနေပြီး သူ၏ နားအနီးသို့ ကပ်၍ တီးတိုးပြောလိုက်သည်။
" အရှင်မင်းကြီး..." နောက်ထပ် မိန်းမလှလေးတစ်ယောက်က လင်းယွမ်၏ ရင်ခွင်ထဲသို့ ဝင်ရောက်လာသည်။
" အရှင်မင်းကြီး...."
" အရှင်မင်းကြီး..."
မိန်းမလေးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး လူသားမဟာမိတ်တွင် ဖြစ်လျှင် သူမတို့က ပရိတ်သတ် သန်းချီရှိသော ကြယ်ပွင့်များ ဖြစ်လာပေလိမ့်မည်။
" အရေးကြီးတဲ့အရာကို အာရုံစိုက်ရမယ်။ " လင်းယွမ်က သူ၏ ရင်ခွင်ထဲမှ မိန်းမလှကို ဖယ်ပြီး အတွေးတစ်ချက်နှင့်အတူ ဆဋ္ဌမကြယ်ဂူသို့ ပြန်ရောက်သွားသည်။
" ဟမ် တစ်မိနစ်ကျော်သွားပြီလား။ " လင်းယွမ်က အချိန်ကို ကြည့်လိုက်သည်။ " တော်တော်ဆိုးတာပဲ။ "
မိန်းမလှများ၏ ပုံရိပ်ယောင်ကမ္ဘာထဲတွင် လူတစ်ယောက်က စက္ကန့်အနည်းမျှ နစ်မြောသွားလျှင်တောင် ပြင်ကမ္ဘာတွင် အချိန်က ဆယ်ဆကျော် တိုးလာလေသည်။
ပထမခြေလှမ်း၏ ပုံရိပ်ယောင်ကမ္ဘာနှင့် ယှဉ်လျှင် ဒုတိယခြေလှမ်း၏ ပုံရိပ်ယောင်ကမ္ဘာက လက်တွေ့ကမ္ဘာနှင့် တူညီလုနီးပါး ခံစားချက်ကို ပေးစွမ်းလေသည်။
ထိုနောက် လင်းယွမ်က ခြေလှမ်းအချို့ အောင်မြင်သွားခဲ့သည်။ သူကြုံတွေ့ခဲ့ရသော ပုံရိပ်ယောင်များက စွမ်းအား၊ အဆင့်အတန်း ခွန်အား စသည်ဖြင့် အမျိုးမျိုး ပါဝင်လေသည်။ ဆဋ္ဌမကြယ်ဂူ၏ စမ်းသပ်မှုက လူတိုင်း၏ ဆန္ဒနှင့် စိတ်ခံစားမှုများကို ပစ်မှတ်ထားပြီး အလွန်လက်တွေ့ဆန်လေသည်။
သို့သော် လင်းယွမ်အတွက် ၎င်းတို့က ရိုးရှင်းလှသည်။ သူက ထိုနယ်ပယ်တွင် စွမ်းရည်ရှိသောကြောင့်မဟုတ်ဘဲ အားလုံးကို တွေ့ကြုံဖူးသောကြောင့် ဖြစ်သည်။
အသက်တစ်ရာအောက် အခြားဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် ဆင်းသက်မှုသုံးကြိမ်ပြုလုပ်ခဲ့သော လင်းယွမ်က အသက်သုံးရာနီးပါးရှိပြီဟု ပြောလို့ရလေသည်။ ချမ်းသာမှု၊ အလှတရား၊ အဆင့်အတန်း အားလုံးကို ကြုံတွေ့ခဲ့ရသည်။
ချီခွန်ကြယ်သခင်၏ တပည့်ဆယ်နှစ်ယောက်က ဆဋ္ဌမကြယ်ဂူကို အလွန်လျင်မြန်စွာ ဖြတ်သန်းနေသော လင်းယွမ်ကို သတိထားမိသွားကြသည်။
" သူက ဘယ်လိုလုပ် အရမ်းမြန်နေတာလဲ။ "
" အဲ့ဒီပုံရိပ်ယောင်တွေက သူ့အပေါ် သက်ရောက်မှုမရှိဘူးလား။ "
" ဒါမဖြစ်နိုင်ဘူး။ အသက်နှစ်ဆယ်ကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလိုစိတ်အခြေအနေမျိုး ရှိနေတာလဲ။ "
အောက်မှပုံရိပ်ကိုးခုက အချင်းချင်း ကြည့်လိုက်ကြသည်။ ဆဋ္ဌမကြယ်ဂူ၏ စမ်းသပ်မှုက ဖြတ်ကျော်ရန် မခက်ခဲသော်လည်း လင်းယွမ်ကဲ့သို့ ပုံရိပ်ယောင်များက သက်ရောက်မှုမရှိလုနီးပါးကတော့ ရှားပါးလေသည်။
အသက်တစ်ရာပင်မပြည့်ဘဲ တတိယအလွှာ၊ စတုတ္ထအလွှာသို့ ရောက်နေကြသောကြောင့် ထိုလူငယ်များက အချိန်အများစုကို လေ့ကျင့်ရာတွင်သာ နစ်မြှုပ်ထားကြမည်ဖြစ်သည်။ သူတို့က ထိုစမ်းသပ်မှုမျိုးကို ကြုံတွေ့နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
အထင်မှပုံရိပ်သုံးခုက လင်းယွမ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ခက်ခဲတဲ့ လမ်းစဉ်တစ်ခုပဲ။ လူတစ်ယောက်က အနှောက်အယှက်အချို့ကြောင့် လမ်းတစ်ဝက်မှာ ရပ်သွားရင် သူတို့ရဲ့ ပါရမီအရည်အချင်းတွေအားလုံးက အလကားဖြစ်သွားလိမ့်မယ်။ " ကုဇီက စိတ်ထဲမှ တွေးလိုက်ပြီး လင်းယွမ်အပေါ် အကောင်းမြင်စိတ်များ တိုးလာသည်။
လင်းယွမ်၏ အသက်အရွယ်ဖြင့် ဆဋ္ဌမကြယ်ဂူကို လျင်မြန်စွာ ဖြတ်ကျော်န်ုင်ရန် အလွန်ခိုင်မာသော စိတ်နှလုံးကို လိုအပ်လေသည်။ ထိုမှသာ ပြင်ပလွှမ်းမိုးမှုများကို ခံနိုင်ရည်ရှိမည်ဖြစ်သဘ်။
" ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အထင်ကြီးစရာပဲ။ "
" အမှန်ပဲ။ ငါတို့အသက်အရွယ်မှာတောင် စိတ်ဆန္ဒတွေကို ဖိနှိပ်နေရတုန်းပဲ။ "
" အဲ့ဒီလင်းယွမ်က အသက်နှစ်ဆယ်နော်။ " အခြားနှစ်ယောက်က လေးစားစွာ ပြောလိုက်သည်။
ယခုအချိန်ထိ ဆဋ္ဌမကြယ်ဂူကို ဖြတ်သန်းရာတွင် အမြန်ဆုံးလူမှာ ရင်လင်းဖြစ်သည်။ သို့သော် ရင်လင်းပင် ထိုခြေလှမ်းဆယ်လှမ်းကို ကျော်ဖြတ်နိုင်ရန် တစ်နာရီကျော် ကြာခဲ့လေသည်။
လင်းယွမ်ကတော့ သူ၏ လက်ရှိအရှိန်နှင့် နောက်ထပ် လေးငါးမိနစ်အတွင်း ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ရင်လင်း၏ အရမ်းမြန်နေသည့် အကြောင်းရင်းမှာ ငယ်ငယ်ကတည်းက ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူတစ်ယောက်၏ လမ်းညွှန်သင်ကြားပေးခြင်းကို ခံရသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူတစ်ယောက်၏ အကာအကွယ်ဖြင့် ရင်လင်းက ငယ်စဉ်ကတည်းကပင် မရေတွက်နိုင်သော အတွေ့အကြုံများ ရှိခဲ့သည်။ ထိုအခြေအနေတွင် သူမက ဆဋ္ဌမကြယ်ဂူ၏ ခြေဆယ်လှမ်းကို ဖြတ်ကျော်ရန် ပိုမိုလွယ်ကူသွားသည်။
ထို့ကြောင့် ဆဋ္ဌမအလွှာထက် ကျော်လွန်သော လူသုံးယောက်၏ မျက်လုံးများထဲတွင် လင်းယွမ်က ရင်လင်းထက် ပို၍ ထူးခြားလေသည်။ ပုံမှန်အချက်အလက်များအရ လင်းယွမ်က ကန်လန်ကြယ်ရှိ သာမန်မိသားစုတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဉာဏ်ပညာနတ်ဘုရား၏ အာရုံအောက်တွင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က မည်သည့်အတွေ့အကြုံများကို ရနိုင်မည်နည်း။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း