ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆မျိုး....
Vol. 7 Ch. 112
ဆဋ္ဌမကြယ်ဂူ။
လင်းယွမ်က ခြေဆယ်လှမ်းမြောက်သို့ လှမ်းလိုက်ပြီး စမ်းသပ်မှုအောင်မြင်သွားခဲ့သည်။
" အချစ် " နောက်ဆုံးခြေလှမ်းမှ ပုံရိပ်ယောင်က လင်းယွမ်၏ စိတ်ထဲတွင် လင်းလက်သွား၏။
ထိုခြေလှမ်း၏ စမ်းသပ်မှုက အချစ် ဖြစ်၏။ ထိုအချစ်က ချစ်သူရည်းစားကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ပိုမိုကျယ်ပြန့်သော ချစ်ခြင်းမေတ္တာကို ရည်ညွှန်းခြင်း ဖြစ်သည်။ မိဘ၊ ညီကိုမောင်နှမနှင့် မိတ်ဆွေ စသည်တို့ဖြစ်၏။
" အချစ်၊ အမုန်း ဘယ်လိုခံစားချက်တွေပဲ ဖြစ်ဖြစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အားဖြည့်ပေးတဲ့အရာတွေပဲ။ အဲ့ဒါတွေကို စိတ်အားတက်ဖို့ ခံစားနိုင်ပေမယ့် နစ်မြှုပ်သွားရင်တော့ ကိုယ်ကိုကိုယ် ထိခိုက်စေနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပိုင်ဆိုင်ပြီး မရေတွက်နိုင်သော ကမ္ဘာများကို ဖြတ်၍ မရေတွက်နိုင်သော ဘဝများကို ကြုံတွေ့ရမည်ဖြစ်သည်။ သူက ဘဝတစ်ခုချင်းစီ၏ စိတ်ခံစားချက်များကို ကျေနပ်နေလျှင် အနှေးအမြန် သူက ရူးသွပ်ပြီး စိတ်နှလုံးနတ်ဆိုးကြောင့် သေဆုံးရပေလိမ့်မည်။
" သူတို့လား။ " လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သည်။
ဆင့်ကဲပြောင်းလဲသူဆယ်ယောက်ကျော်က မလှုပ်မယှက်ရပ်နေကြပြီး သူတို့က ပုံရိပ်ယောင်ကမ္ဘာထဲတွင် မနိုးထချင်ကြခြင်း သို့မဟုတ် ထင်ယောင်ထင်မှား အတွေးများကို ဖယ်ရှားနေပုံရလေသည်။
" သတ္တမကြယ်ဂူ။ " လင်းယွမ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးနောက် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
လင်းယွမ်က သတ္တမကြယ်ဂူတွင် ပေါ်လာသည်။
" ဒါက ဘာလဲ။ " သူက မျက်လုံးပြူးသွား၏။
ယခင်ကြယ်ဂူခြောက်ဂူနှင့် ယှဉ်လျှင် သတ္တမကြယ်ဂူက အလွန်အံ့ဩစရာကောင်းလှသည်။ ကြယ်စကြာဝဠာထဲတွင် ကြီးမားသော တောင်ကြီးတစ်လုံး ရှိနေ၏။
လင်းယွမ်က တောင်ထိပ်ပေါ်တွင် ရှိနေပြီး သူ၏ ရှုထောင့်မှကြည့်လျှင် တောင်ကြီး၏ အတိုင်းအတာကို အပြည့်အဝမမြင်ရဘဲ ကြီးကျယ်ခမ်းနားမှုကိုသာ ခံစားနေရသည်။
" စကြာဝဠာထဲက တောင်တစ်လုံး။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွား၏။ထိုတောင်က ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဟု သူက ခံစားနေရသည်။
" ကျောက်ရုပ်တုတွေ " လင်းယွမ်က တောင်ထိပ်ပေါ်တွင် ကျောက်ရုပ်တုများရှိနေသည်ကို တွေ့လိုက်ရသည်။
စတုတ္ထကြယ်ဂူမှရုပ်တုများနှင့်ယှဉ်လျှင် ဤနေရာမှ ရုပ်တုများက အသွင်သဏ္ဍန်အမျိုးမျိုး ကွဲပြားနေကြသည်။
" ဒီကြယ်ဂူရဲ့ စမ်းသပ်မှုက... " လင်းယွမ်၏ အကြည့်က ဘေးမှ ကျောက်မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။
" ကြယ်ဂူထဲမှာ ရုပ်တုပေါင်း ၁၃၆ ခုရှိပြီး တစ်ခုစီတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်မျိုး ပါဝင်သည်။ ရုပ်တုများကို လေ့လာပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်လျှင် ရုပ်တုကို ထိ၍ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သည်။ ကိုယ်နှင့်သင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်တာ အကောင်းဆုံးပါ။ "
" ရုပ်တု ၁၃၆ ခု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆ မျိုး။ " လင်းယွမ်က အနည်ငယ် ထိတ်လန့်သွား၏။
ထိုခနတွင် လင်းယွမ်က တောင်ထိပ်ပေါ်မှ ကျောက်ရုပ်တု တစ်ရာမှာ အရွယ်အစားအမျိုးမျိုး ဖြစ်နေကြသည်ကို သတိထားမိသွားသည်။ အကြီးဆုံးရုပ်တုက ဆယ်မီတာ ရှည်ပြီး အသေးဆုံးက ဆယ်ခြောက်မီတာရှိ၏။ အခြားရုပ်တုများကတော့ နှစ်မီတာ သုံးမီတာသာ ရှိသည်။
လင်းယွမ်က အနီးဆုံး ရုပ်တုဆီ သွားလိုက်သည်။ ၎င်းက တောင်ပံများကို ဖြန့်ပြီး ကောင်းကင်သို့ ပျံတက်မည့်ဟန်ရှိသော ကောင်းကင်ဖန်တစ်ကောင် ဖြစ်ပြီး ၎င်း၏ အရွယ်အစားက သုံးမီတာနီးပါး ရှိလေသည်။
" ပြည့်စုံတယ် တကယ်အစစ်အတိုင်းပဲ။ " လင်းယွမ်က ခနလေ့လာပြီးနောက် ထိုအထဲတွင် နစ်မြှုပ်သွားသည်။ ရုပ်တုက အသက်ဝင်လာပြီး အမွေးတိုင်းက တုန်ခါနေသကဲ့သို့ ခံစားလိုက်ရသည်။
" လေ ကောင်းကင်နဲ့မြေကြီးရဲ့ လေ..."
ထိုကောင်းကင်ဖန်က ကောင်းကင်နှင့်မြေကြီးကြားရှိ လေနှင့် ပေါင်းစပ်ထားပုံရပြီး တောင်ပံတစ်ချက်ခတ်လိုက်ရုံနှင့် မိုင်ရားပေါင်းများစွာကို ချက်ခြင်းဖြတ်ကျော်နိုင်သည်ဟု လင်းယွမ်က ခံစားလိုက်ရသည်။ လေနှင့်အတူ မိုင်တစ်သောင်းသို့ ပျံသန်းခြင်း။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်ဖန်ရုပ်တုကို လေ့လာပြီး ကောင်းကင်လေဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]
" နောက်ဆုံးတော့ သတ္တမကြယ်ဂူကို ရောက်သွားပြီပေါ့။ " ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်က လင်းယွမ်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်ကြသည်။
စတုတ္ထနှင့် ဆဋ္ဌမကြယ်ဂူတို့မှ လင်းယွမ်၏ စွမ်းဆောင်ရည်များကြောင့် သူတို့ဆယ့်နှစ်ယောက်၏ အမြင်တွင် လင်းယွမ်က အနီရောင်သင်္ကေတ သုံးယောက်နှင့်ယှဉ်လျှင် ဒုတိယဖြစ်နေပြီဖြစ်သည်။ အချို့နေရာများတွင် အနီရောင်သင်္ကေတပိုင်ရှင်များထက်ပင် ကျော်လွန်ခဲ့သည်။
အထက်မှ ပုံရိပ်သုံးခုက လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။ အထူးသဖြင့် ကုဇီကတော့ လင်းယွမ်ကို မျှော်လင့်ချက်များနှင့် ကြည့်နေသည်။
" စတုတ္ထကြယ်ဂူက နားလည်နိုင်စွမ်းကို စမ်းသပ်တာဆိုပေမယ့် သတ္တမကြယ်ဂူက ပိုပြီးတိကျတယ်။ " ထိုသုံးယောက်က ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်ကြလေသည်။
သတ္တမကြယ်ဂူထဲမှ ရုပ်တု ၁၃၆ ခုက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆ မျိုးကို ကိုယ်စားပြုပြီး ကွဲပြားသော လမ်းစဉ် ၁၃၆ မျိူးဖြစ်၏။ ရုပ်တုများအတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လမ်းညွှန်မှုမရှိဘဲ အချို့ကို နားလည်နိုင်လျှင် သူတို့က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အလွန်သင့်တော်သည်ကို ဆိုလိုလေသည်။ မသင့်တော်လျှင် နားလည်ရန်ခက်ခဲလေသည်။
သတ္တမကြယ်ဂူ၏ စမ်းသပ်မှုက ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်နှင့် အလားအလာများကို ထုတ်ဖော်ပြီး သူတို့ရှေ့ဆက်ရမည့်လမ်းကို ရှာတွေ့နိုင်လေသည်။
" အဲ့ဒီရုပ်တုတွေထဲက တစ်ခုဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ " ကုဇီက တွေးလိုက်သည်။
သူက သူ၏ ဦးတည်ချက်နှင့် ဆင်တူသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ပါဝင်သည့် ရုပ်တုများကို ကြည့်လိုက်သည်။ လင်းယွမ်၏ လက်ရှိလမ်းစဉ်က ယင်နှင့်ယန် အစွန်းရောက်စွမ်းအားများ ဖွဲ့စည်းပါဝင်နေသော်လည်း သူက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ လျှောက်လှမ်းနိုင်သည်ဟု မဆိုလိုပေ။ လင်းယွမ်က သူမတွေ့ဖူးသော ပိုသင့်တော်သည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ရှိနေနိုင်လေသည်။
ကုဇီက လင်းယွမ်အတွက် သင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တွေ့လျှင် သူက ၎င်းကို ပြောင်းလဲပေးနိုင်စွမ်းရှိလေသည်။
လူသားမျိုးနွယ်တွင် လူတစ်ဦးက ဆဋ္ဌမအလွှာသို့ မရောက်သရွေ့ ပေးဆပ်မှုအချို့ လုပ်ပြီး မတူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲနိုင်လေသည်။ ဥပမာ လျှပ်စီးမုန်တိုင်းကြယ်နယ်မြေမှ လိုလန်ဟီကဲ့သို့ ခန္ဓာကိုယ်အမျိုးမျိုးကို ပြောင်းလဲပြီး ကွဲပြားသော လမ်းစဉ်ဒါဇင်ကျော်ကို ပြောင်းလဲခဲ့လေသည်။
ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်က လင်းယွမ်ကို အနီးကပ် အာရုံစိုက်နေကြသည်။ အဆုံးတွင် လင်းယွမ်က သူတို့ထဲမှ တစ်ယောက်ကို ဆရာအဖြစ်ရွေးချယ်နိုင်သော်လည်း လင်းယွမ်က မည်သည့်ရုပ်တုအား နားလည်မည်ကို လူတိုင်း သိချင်ကြလေသည်။
ကျောက်ရုပ်တု ၁၃၆ခုတွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ပါဝင်ပြီး ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများတွင် ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ပါဝင်နေသည်။
ထိုကျောက်ရုပ်တုများက နားလည်ရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ဆဋ္ဌမအလွှာကို ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက နက်နဲဆန်းကြယ်လှပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် မည်မျှကျော်လွန်သည်ကို မသိနိုင်ပေ။ သူတို့က တတိယအလွှာနှင့် စတုတ္ထအလွှာများကို နားလည်နိုင်လျှင်တောင့ နောက်ထပ်အဆင့်တက်ရန် ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကိုယ်နှင့်သင်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခိုင်းခြင်း ဖြစ်သည်။
" ဟမ် သူက ကောင်းကင်လေ ကျောက်ရုပ်တုကို ဘာလို့ရွေးချယ်တာလဲ။ "
" လင်းယွမ်က လေနိယာမနဲ့ ပက်သက်ပြီး နားလည်ထားလို့လား။ "
" ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာပဲ။ အဲ့ဒီ ရုပ်တု၁၃ခုလောက် အံ့ဩစရာမကောင်းပေမယ့် လက်ခံနိုင်စရာပါပဲ။ "
လင်းယွမ်က ကောင်းကင်ဖန်ရုပ်တုရှေ့တွင် ရပ်သွားသည်ကို မြင်သောအခါ လူဆယ့်နှစ်ယောက်က အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
" သူကြည့်ချင်တာလည်း ဖြစ်နိုင်တာပဲ။ "
" မှန်တယ်။ သင့်တော်တဲ့ ကျောက်ရုပ်တုကို ချက်ခြင်း ရှာတွေ့သွားတဲ့လူမှ မရှိတာ။ "
" အဲ့ဒီအနီရောင်သင်္ကေတပိုင်ရှင် သုံးယောက်တောင် သူတို့ ရွေးချယ်မယ့် ကျောက်ရုပ်တုကို ရှာတွေ့ဖို့ အချိန်ယူခဲ့ရတယ်မဟုတ်လား။ "
" ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " ကုဇီက အနည်းငယ် အံ့ဩသွား၏။ သူက လေနိယာမကို မကျွမ်းကျင်ပေ။ ထို့ကြောင့် လင်းယွမ်သာ ထိုရုပ်တုကို ရွေးချယ်ခဲ့လျှင်....
ကုဇီက သူ၏ အကိုနှစ်ကို ကြည့်လိုက်သည်။ အကိုနှစ်၏ လမ်းစဉ်တွင် လေနိယာမ ပါဝင်သည်ကို သူသတိရလိုက်သည်။
" ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပက်သက်သော အချက်အလက်များက လင်းလက်နေသည်။
" ဒါက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်ပြီးတော့ စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထက် ပိုနက်နဲတယ်။ " လင်းယွမ်က ဝမ်းသာသွား၏။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များတွင် အဆင့်များ ရှိလေသည်။
၎င်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ၏ အဆင့်ပေါ်တွင် မူတည်လေသည်။ ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲတွင် လေနိယာမ၏ အနှစ်သာရကို ဖော်ပြခြင်းမှာ ပို၍ ပြည့်စုံလေသည်။
" ကောင်းကင်နဲ့ မြေကြီးရဲ့ လေ " လင်းယွမ်က အသက်ပြင်းပြင်း ရှုလိုက်သည်။
လေက နေရာတိုင်းတွင် ရှိပြီး နူးညံ့သည်ဟု ထင်ရသော်လည်း ပြင်းထန်ခြင်းလည်း ရှိနေသည်။ ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လေနိယာမကို ဖော်ပြထားသော်လည်း ပြည့်စုံသော လေနိယာမ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ထိုသို့ ဆိုလျှင်တောင် လင်းယွမ်အတွက် အကျိုးရှိလေသည်။
" ကောင်းကင်နဲ့မြေကြီးရဲ့လေ အဲ့ဒါကလည်း ထိုက်ကျိပဲ။ " လင်းယွမ်က ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အနှစ်သာရများကို လျင်မြန်စွာ ဆုပ်ယူပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံစေလိုက်သည်။
ထိုက်ကျိက အရာအားလုံးကို မွေးဖွားပြီး အရာအားလုံးကို လွှမ်းခြုံနိုင်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိများကို လေ့လာဖန်တီးခြင်း